← Chapters

အခန်း (၂၉၇-၂၉၈)

Vol. 26 Ch. 297-298

အခန်း (၂၉၇-၂၉၈)

Vol. 26 Ch. 297-298

အပိုင်း (၂၉၇)

နန်ကုန်းကျို အံ့အားသင့်သွားပြီး မေးလိုက်သည်။ “ခင်ဗျား ရူးနေတာလား။”

အောက်ယွီ တကယ် ရူးနေပြီဟု သူ ထင်မှတ်သွား၏။ ‘ကျုပ်က ဟေးပင်းထိုင် စစ်သူကြီးချုပ်ရဲ့ မွေးစားသား လေ။ ခင်ဗျားက လျှို့ဝှက်သတင်းနဲ့ အပေးအယူ လုပ်မယ်ဆိုတော့ ကျုပ်က ဘယ်အမတ်ကြီးကိုများ သတ်ခိုင်းမလဲလို့ ထင်နေတာ။ ဒီ အကျဉ်းထောင်မှူးလေးကို သတ်ခိုင်းတာတဲ့လား။ ဒီလောက် သေးငယ်တဲ့ ကောင်လေးကိုလေ။’

ယွင်ကျုံးဟဲ့က အေးစက်စက် ရယ်မောကာ ပြောလိုက်သည်။ “ကျုပ်က ဝေ့ချီတွမ်ကို သတ်ခိုင်းချင်တာပါ။ သူက ကျုပ်မိသားစုကို ဒုက္ခပေးတယ်။ ကျုပ်ကို ထောင်ချတယ်။ ဒီရန်ငြိုးက လုံးဝ ခွင့်လွှတ်လို့ မရဘူး။ ဒါပေမဲ့ ခင်ဗျား သူ့ကို သတ်နိုင်လို့လား။ သတ်ရဲလို့လား။”

“မရဲပါဘူး။”

နန်ကုန်းကျိုက ပြန်ဖြေ၏။ “ကျုပ်တို့က ဧကရာဇ်မင်းမြတ်ရဲ့ ခွေးတွေပါ။ ဝေ့ချီတွမ်က တတိယ အဆင့် ရှိတဲ့ မြို့ဝန်ကြီးလေ။ ကျုပ် ဘယ်လိုလုပ် သွားသတ်ရဲမှာလဲ။ ဒါပေမဲ့ ကျုပ်ကို ဒီ အကျဉ်းထောင်မှူးလေး သတ်ခိုင်းတာတော့…”

ယွင်ကျုံးဟဲ့က ကြားဖြတ်ကာ ပြောလိုက်သည်။ “ဒီလို သေးငယ်တဲ့ ကောင်လေးကပဲ စောစောက ကျုပ်ကို သေးတွေ အတင်း တိုက်ဖို့ လုပ်နေတာ။ ကျုပ်ဘဝရဲ့ အကြီးမားဆုံး အရှက်ကွဲမှုကို ပေးဖို့ လုပ်နေတာ။”

နန်ကုန်းကျိုက ပြန်ဖြေ၏။ “ကောင်းပြီ… ကျုပ် သဘောတူတယ်။”

ထိုစကားကို ကြားချိန်မှာတော့ အကျဉ်းထောင်မှူး ဝမ်ဝူ ချက်ချင်း ဒူးထောက်ချလိုက်ပြီး တုန်ယင်စွာ တောင်းပန်လေတော့သည်။ “သခင်လေးကိုး… အသက်ချမ်းသာပေးပါ။ အသက် ချမ်းသာပေးပါ။ အောက်ယွီရဲ့ စကားကို လုံးဝ မယုံပါနဲ့။ သူက အကျဉ်းသားပါ။ သူ လုံးဝ ပြီးဆုံးသွားပါပြီ။ သူ့မိသားစု တစ်ခုလုံး သေရတော့မှာပါ။ သူက သခင်လေးကို အပေးအယူ လုပ်နိုင်တဲ့ ဘာပစ္စည်းမှ မရှိတော့ပါဘူး။”

နန်ကုန်းကျိုက မေးလိုက်၏။ “ကျုပ် ဘယ်လို လုပ်ပေးရမလဲ။”

ယွင်ကျုံးဟဲ့က ညွှန်ပြလိုက်သည်။ “ဟိုမှာ အညစ်အကြေးပုံး ရှိတယ်။ အပြည့်နီးပါး ဖြစ်နေပြီ။ ခင်ဗျား သူ့ကို အဲဒီ အညစ်အကြေးပုံးထဲ ခေါင်းနှစ်ပေးထားလိုက်။”

နန်ကုန်းကျိုက မျက်မှောင်ကြုတ်ကာ ပြောလိုက်၏။ “ခင်ဗျားက တကယ်ကို ရွံစရာကောင်းတာပဲ။”

ထို့နောက် သူက ပိုးပဝါ တစ်ထည် ထုတ်ကာ လက်ကို ပတ်လိုက်ပြီး အခြား လက်တစ်ဖက်ဖြင့် နှာခေါင်းကို ပိတ်ကာ အကျဉ်းထောင်မှူး ဝမ်ဝူ၏ လည်ပင်းကို ဖမ်းဆွဲပြီး အညစ်အကြေးပုံးထဲသို့ အတင်း ခေါင်းနှစ်ထားလိုက်လေသည်။

ဤကိုယ်ကျင့်တရားကင်းမဲ့သော အကျဉ်းထောင်မှူး ဝမ်ဝူသည် အပြင်းအထန် ရုန်းကန်သော်လည်း သူ၏ မျက်နှာတစ်ခုလုံး အညစ်အကြေးပုံးထဲသို့ နစ်မြုပ်သွားကာ အသက်ရှူ မဝတော့ပေ။

ယွင်ကျုံးဟဲ့သည် အကျဉ်းထောင်မှူး ဝမ်ဝူ၏ ခါးမှ တုတ်တုတ်ကြီး တစ်ချောင်းကို ဆွဲထုတ်လိုက်ပြီး ဝမ်ဝူ၏ ပေါင်ကြားသို့ ပြင်းပြင်းထန်ထန် ရိုက်ချလိုက်၏။

“အား…”

အညစ်အကြေးပုံးထဲ ခေါင်းနစ်နေသော်လည်း ဝမ်ဝူ သည် အလွန် ကြောက်မက်ဖွယ် ကောင်းသော အော်ဟစ်သံကြီးကို ထုတ်လွှင့်လိုက်သည်။

ထို့နောက် ယွင်ကျုံးဟဲ့က သူ၏ ခါးရိုးကို ပြင်းပြင်းထန်ထန် ရိုက်ချလိုက်ပြန်၏။

“ခွပ်…” ဝမ်ဝူ၏ ခါးအောက်ပိုင်း တစ်ခုလုံး လုံးဝ အကြောသေသွားလေသည်။

နောက်ဆုံးတွင် ယွင်ကျုံးဟဲ့သည် အကျဉ်းထောင်မှူး ဝမ်ဝူ၏ နောက်စေ့ကို ပြင်းပြင်းထန်ထန် ရိုက်ချလိုက်၏။

“ဒီလူ… သေသွားပြီ။”

နန်ကုန်းကျိုက သက်ပြင်းချကာ ပိုးပဝါဖြင့် သူ၏ လက်များကို အဆက်မပြတ် သုတ်ကာ ပြောလိုက်သည်။ “အောက်ယွီ… ခင်ဗျားအတွက် ဒီလူကို သတ်ပေးပြီးပြီ။ အခု ခင်ဗျား ပြောလို့ ရပြီ မဟုတ်လား။ အင်ပါယာရဲ့ ကံကြမ္မာနဲ့ သက်ဆိုင်တဲ့ ဘာလျှို့ဝှက် သတင်းများ ရှိနေလို့လဲ။”

နန်ကုန်းကျိုက တည်ငြိမ်စွာ ဆက်ပြောလိုက်၏။ “တကယ်လို့ ခင်ဗျား ကျုပ်ကို လိမ်ခဲ့ရင်၊ ဒါမှမဟုတ် ဒီသတင်းက အရေးမပါဘူးဆိုရင်… ကျုပ်က ဒီ နတ်ရေစင်တွေကို ခင်ဗျား ပါးစပ်ထဲ ပြန်တိုက်ဖို့ ဝန်လေးနေမှာ မဟုတ်ဘူးနော်။”

အခန်းငယ်လေးထဲရှိ မြို့ဝန် ဝေ့ချီတွမ် ကလည်း အလျင်အမြန် နားစွင့်လိုက်၏။ ‘အောက်ယွီ… ခင်ဗျား ဘာတွေ လုပ်ချင်သေးလဲ ဆိုတာ ကျုပ် တကယ် ကြည့်ချင်သေးတယ်။ အမတ်ချုပ်ကြီးလင်တို့ အဖွဲ့က စတင် လှုပ်ရှားနေပြီ။ သုံးရက် အတွင်းမှာ အောက်ရှင်း၊ အောက်ယွီနဲ့ နုလန်ဟောက် အိမ်တော် တစ်ခုလုံး မျိုးဖြုတ် သတ်ဖြတ်ခံရတော့မယ်။

ခင်ဗျား ဘယ်လောက်ပဲ ခုန်ပေါက်နေပါစေ အလကားပဲ။ ခင်ဗျား မိသားစု တစ်ခုလုံး အသတ်ခံရမယ့် ကံကြမ္မာကနေ လွတ်မြောက်နိုင်မှာ မဟုတ်ဘူး။’

........

“ထွက်သွားစမ်း…” နန်ကုန်းကျိုက အမိန့်ပေးလိုက်သည်။

ချက်ချင်းပဲ ထိုနေရာတွင် ရှိနေသော အခြား အကျဉ်းစောင့်များ အားလုံး အကျဉ်းထောင်မှူး ဝမ်ဝူ၏ အလောင်းကို အညစ်အကြေးပုံးထဲတွင် ထားရစ်ခဲ့ကာ အလျင်အမြန် ထွက်ပြေးသွားကြလေ၏။

ယွင်ကျုံးဟဲ့၏ အသံက အလိုအလျောက် တိုးဝင်သွားပြီး ပြောလိုက်သည်။ “ကျိန့်ဟိုင်ဝမ်က ပုန်ကန်တော့မယ်။”

ထိုစကားကို ကြားချိန်မှာတော့ နန်ကုန်းကျိုက အေးစက်စွာ ပြောလိုက်၏။ “ခင်ဗျား သေချင်နေတာလား။ ဒီလို အချိန်မျိုးမှာ ဒီလို စကားမျိုး ပြောတာ သေချာပေါက် သေရလိမ့်မယ်။”

ယွင်ကျုံးဟဲ့က ခေါင်းခါလိုက်သည်။ “ကျုပ်မှာ သက်သေ ရှိတယ်။ ကျိန့်ဟိုင်ဝမ် အိမ်တော်က လူတစ်ယောက်က ကျုပ် အဖေဆီကို လျှို့ဝှက် စာတစ်စောင် ပို့လာခဲ့တယ်။”

နန်ကုန်းကျိုက မေးလိုက်၏။ “တကယ် ထူးဆန်းတာပဲ။ ကျိန့်ဟိုင်ဝမ် အိမ်တော်က လူတွေက ဘာလို့ ခင်ဗျား အဖေဆီကို စာပို့ရတာလဲ။ ကျုပ်တို့ အင်ပါယာရဲ့ ဟေးပင်းထိုင်လို တခြား နေရာတွေကို ဘာလို့ မပို့ရတာလဲ။”

ယွင်ကျုံးဟဲ့က ဖြေလိုက်သည်။ “ဘာလို့လဲဆိုတော့ အဖေက တောင်ပိုင်း တပ်တော် ဌာနချုပ် အကြီးအကဲနဲ့ တောင်ပိုင်း လူရိုင်းများနယ်မြေရဲ့ အုပ်ချုပ်ရေးမှူးချုပ်အဖြစ် အချိန်အကြာကြီး တာဝန်ယူခဲ့လို့ပဲ။ တောင်ပိုင်း လူရိုင်း အများစုရဲ့ စိတ်ထဲမှာတော့ အဖေက အင်ပါယာရဲ့ကိုယ်စားလှယ်ပဲ။”

“စာကော..” နန်ကုန်းကျိုက မေးလိုက်၏။

ယွင်ကျုံးဟဲ့က အင်္ကျီ အတွင်းပိုင်းမှ လျှို့ဝှက်စာကို ထုတ်ပေးလိုက်သည်။

နန်ကုန်းကျိုက ယူကြည့်ပြီးနောက် မျက်နှာ ပြောင်းလဲသွား၏။

ဤသည်မှာ တကယ်ပင် လျှို့ဝှက်စာ တစ်စောင် ဖြစ်သော်လည်း စာပေါ်တွင် ခပ်သော့သော့ ရေးသားထားသော စာလုံး အချို့ ပါဝင်နေသည်။ “ကျင်းကျိုးတွင် စစ်ပုန်ကန်မှု ဖြစ်လိမ့်မယ်။ မြန်မြန်… မြန်မြန်… မြန်မြန်…”

ဤသည်မှာ ယွင်ကျုံးဟဲ့က နန်ကုန်းကျိုကို အသိပေးလိုသော အဓိက သတင်းဖြစ်၏။ ကျိန့်ဟိုင်ဝမ် ပုန်ကန်မည် ဆိုသည်မှာ နံရံ တစ်ဖက်ရှိ လူများကို လှည့်စားရန်သာ ဖြစ်၏။

နန်ကုန်းကျို အနေဖြင့် ယွင်ကျုံးဟဲ့က ဤသတင်းကို မည်သို့ သိရှိခဲ့သနည်းဟု မေးမြန်းလိုသော်လည်း ယခုအချိန်တွင် မေးရန် အချိန်မရှိတော့ပေ။

ကျင်းကျိုး စစ်ပုန်ကန်မှု - အကယ်၍ ဤသတင်းသာမှန်ကန်ပါက တကယ်ကို အရေးကြီး သတင်း ဖြစ်သည်။

ကျင်းကျိုး ဆိုသည်မှာ မည်သည့် နေရာနည်း။ တာ့ကျိုးအင်ပါယာ မြောက်ပိုင်းရှိ အကြီးဆုံး မြို့ကြီးဖြစ်ပြီး ပိုင်ရှင်မဲ့နယ်မြေနှင့် အလွန် နီးကပ်စွာ တည်ရှိသည်။ ယခင်က မြောက်ပိုင်း တပ်တော် ဌာနချုပ် တည်ရှိခဲ့ရာ နေရာဖြစ်သလို မြောက်ပိုင်းတပ်တော်၏ ဌာနချုပ်ဟောင်းလည်း ဖြစ်၏။

ထို့အပြင် ယွင်ကျုံးဟဲ့က ရှန်ကျင်းကျုံးယွမ်ည ပန်းချီကား အတုကို ရောင်းချကာ ငွေတစ်သန်းကျော် ရရှိခဲ့သော ကြီးမားသော မြို့ကြီးလည်း ဖြစ်သည်။

တောင်ပိုင်းကျိုးအင်ပါယာ၏ စစ်ရှုံးမှုကြောင့် ပိုင်ရှင်မဲ့နယ်မြေကို ဆုံးရှုံးလိုက်ရပြီးနောက် ကျင်းကျိုးသည် တာယင်အင်ပါယာကို ကာကွယ်ရန် တောင်ပိုင်းကျိုးအင်ပါယာ၏ ပထမဆုံးသော မြို့ကြီး ဖြစ်လာခဲ့၏။

ကျင်းကျိုး၏ စစ်ရေး မဟာဗျူဟာ အရေးပါမှုကို မည်သည့် စကားလုံးနှင့်မှ ဖော်ပြ၍ မရနိုင်လောက်အောင် ကြီးမားလှသည်။

နောက်ပိုင်းတွင် တောင်ပိုင်းကျိုးအင်ပါယာ၏ စစ်ရေးအင်အား အားလုံးက ကျင်းကျိုးသို့ ရွှေ့ပြောင်းလာမည် ဖြစ်ပြီး ကျင်းကျိုးတွင် ခိုင်မာသော ကာကွယ်ရေး အင်အားတစ်ခု တည်ဆောက်မှာ ဖြစ်၏။

အနာဂတ် နှစ်အနည်းငယ်အတွင်း တောင်ပိုင်းကျိုးအင်ပါယာသည် ကျင်းကျိုး ကာကွယ်ရေး စနစ်တွင် စစ်သည် သုံးသိန်း သို့မဟုတ် ထို့ထက်ပို၍ ချထားမှာဖြစ်သည်။

အကယ်၍ ကျင်းကျိုးတွင်သာ စစ်ပုန်ကန်မှု ဖြစ်ပေါ်ပါက အကျိုးဆက်များမှာ အလွန် ကြောက်မက်ဖွယ် ကောင်းလှ၏။

နန်ကုန်းကျိုက လျှို့ဝှက်စာကို သိမ်းဆည်းလိုက်ပြီး ပြောသည်။ “အောက်ယွီ… ဒီတစ်ခါတော့ ဘယ်သူမှ ခင်ဗျားတို့ မိသားစုကို ကယ်နိုင်မှာ မဟုတ်တော့ဘူး။ ကျုပ် လုပ်ပေးနိုင်တာ တစ်ခုတည်းပဲ ရှိတယ်။ အဲဒါကတော့ ထောင်ထဲမှာ ခင်ဗျားကို တခြားသူတွေ မနှိပ်စက်အောင် ကာကွယ်ပေးထားဖို့ပဲ။ ခင်ဗျားလို ခွန်အား မရှိတဲ့ သူက ဒီထောင်ထဲမှာ သုံးရက်တောင် ခံမှာ မဟုတ်ဘူး။ အသက်ရှင်နေရင်တောင် သေတာထက် ပိုဆိုးနေလိမ့်မယ်။”

“လာကြစမ်း…” နန်ကုန်းကျို၏ အမိန့်ပေးသံနှင့်အတူ ဟေးပင်းထိုင်မှ သိုင်းပညာရှင် ဆယ်ဦး ဝင်ရောက်လာ၏။

“ဒီနေ့ကစပြီး ခင်ဗျားတို့က ဒီအကျဉ်းခန်းရဲ့ အကျဉ်းစောင့်တွေပဲ။ အောက်ယွီကို သေချာ စောင့်ကြည့်ထား။ သူ့ကို ထွက်ပြေးခွင့် မပေးသလို ကိုယ့်ကိုယ်ကိုယ် သတ်သေခွင့် လည်း မပေးနဲ့။ သူ စားရ၊ သောက်ရမယ့် အရာ အားလုံးကို ခင်ဗျားတို့ကိုယ်တိုင် စစ်ဆေးရမယ်။ နားလည်လား။” နန်ကုန်းကျိုက ပြောလိုက်သည်။

“ကောင်းပါပြီ။” ဟေးပင်းထိုင် သိုင်းပညာရှင် ဆယ်ဦးက အသံကျယ်ကျယ်ဖြင့် ဖြေကြားကာ ယွင်ကျုံးဟဲ့၏ အကျဉ်းခန်း အရှေ့တွင် စောင့်ကြပ်နေကြလေ၏။

အခန်းငယ်လေးထဲရှိ မြို့ဝန် ဝေ့ချီတွမ်၏ မျက်လုံးများက အေးစက်သွားသည်။ ‘ဒီ နန်ကုန်းကျိုက တကယ် ဝင်ပါတာပဲ။’

အကယ်၍သာ အောက်ယွီသည် မြို့ဝန်ရုံး၏ အကျဉ်းထောင်အတွင်းသို့ ရောက်ရှိသွားခဲ့ပါက မည်သည့် သက်ညှာမှုမှ ရရှိလိမ့်မည် မဟုတ်ပေ။

အောက်ယွီအနေဖြင့် မိမိကိုယ်မိမိ အသက်ရှင်လျက်နှင့်ပင် သေချင်စိတ် ပေါက်သွားစေရန်လည်းကောင်း၊ လူဖြစ်ရသည်ကိုပင် အဖန်ဖန် နောင်တရမိစေရန်လည်းကောင်း နည်းမျိုးစုံဖြင့် ရက်စက်စွာ နှိပ်စက်မည်မှာ မြေကြီးလက်ခတ်မလွဲပင် ဖြစ်တော့သည်။

နန်ကုန်းကျို သည် အကျဉ်းထောင်မှ ထွက်ခွာလာပြီးနောက် အလျင်အမြန် လျှောက်သွားကာ ရုတ်တရက် အခန်းတစ်ခန်း အတွင်းသို့ ဝင်ရောက်သွား၏။

ဤနေရာသည် ကျန်းကျိုးမြို့ရှိ ဟေးပင်းထိုင်၏ လျှို့ဝှက် စခန်းပင်ဖြစ်သည်။

“အမိန့်...”

နန်ကုန်းကျို၏ စကားသံ အဆုံးတွင် အမည်းရောင် လူရိပ် ဒါဇင်ပေါင်းများစွာ ထွက်ပေါ်လာ၏။

“အဖွဲ့ နှစ်ဖွဲ့ ခွဲမယ်။ ပထမ အဖွဲ့က အနောက်ဘက်ကို သွား။ မြို့တော်ကို သွားပြီး ကျင်းကျိုးမှာ စစ်ပုန်ကန်မှု ဖြစ်နိုင်တယ် ဆိုတာကို စစ်သူကြီးချုပ်ဆီ သတင်းပို့။

ဒုတိယ အဖွဲ့က မြောက်ဘက်ကိုသွား။ ကျင်းကျိုးကို သွားပြီး ဟေးပင်းထိုင်က ကျင်းကျိုး စစ်သေနာပတိကို တွေ့။ ကျင်းကျိုး ကာကွယ်ရေး စနစ်က စစ်သူကြီးတွေ အားလုံး၊ အဆင့် ခုနစ်နဲ့အထက် အားလုံးကို ချက်ချင်း စောင့်ကြည့်ဖို့ သူ့ကိုပြော။ နည်းနည်းလေး လှုပ်ရှားတာနဲ့ ချက်ချင်း ဖမ်းဖို့ ပြော။”

“ကောင်းပါပြီ။” ချက်ချင်းပဲ ဤ ဟေးပင်းထိုင် သိုင်းပညာရှင် ဒါဇင်ပေါင်း များစွာသည် ခြေရာလက်ရာ မကျန်ဘဲ ချက်ချင်း ပျောက်ကွယ်သွားကြပြီး အဖွဲ့ နှစ်ဖွဲ့ခွဲကာ အနောက်ဘက်နှင့် မြောက်ဘက်သို့ ထွက်ခွာ သွားကြလေသည်။

ဤသည်မှာ စစ်သူကြီးချုပ် မွေးစားသား၏ သတ္တိပင် ဖြစ်၏။

ယွင်ကျုံးဟဲ့၏ စကားကို ကြားပြီးနောက် အမှန်၊ အမှား ခွဲခြားရန် အချိန် မယူတော့ဘဲ ချက်ချင်း လှုပ်ရှား လိုက်သည်။

နန်ကုန်းချော့၏ အမိန့်ကို မစောင့်သလို၊ ဧကရာဇ်၏ အမိန့်တော်ကိုလည်း မစောင့်ဘဲ မြောက်ဘက်ရှိ ကျင်းကျိုးသို့ တိုက်ရိုက် လူလွှတ်လိုက်ခြင်း ဖြစ်၏။

ဟေးပင်းထိုင်၏ ကျင်းကျိုး စစ်သေနာပတိသည် သူ နန်ကုန်းကျို ထက် ရာထူး သုံးဆင့်ခန့် ပိုမို မြင့်မားသည်။

စစ်သူကြီးချုပ်၏ အမိန့် မပါဘဲ နန်ကုန်းကျို အနေဖြင့် သူ့ကို အမိန့်ပေးရန် အရည်အချင်း မရှိသော်လည်း သူက လုပ်ဆောင်ခဲ့၏။

ဤသို့ လုပ်ဆောင်ခြင်းက တာဝန်ယူရမည ဖြစ်ပြီး အလွန် ကြီးမားသော တာဝန်လည်း ဖြစ်ကြောင်း သိရှိထားရပေမည်။

“တာဝန်ယူရမယ်။” ယခု တောင်ပိုင်းကျိုးအင်ပါယာတွင် ဤစကားလုံးက အကြောက်ရဆုံး စကားလုံး တစ်ခု ဖြစ်နေပြီ ဖြစ်၏။

ယန်ဖြန်ရှန်က အလွန် ဉာဏ်ကောင်းပြီး အင်ပါယာအတွက် ကြီးမားသော စစ်ရေး အောင်မြင်မှုများ ရယူပေးခဲ့သည်။

တစ်ကိုယ်တော် အင်အားဖြင့် တာယင်အင်ပါယာ၏ ဟေးလုံထိုင်ကို ပြင်းပြင်းထန်ထန် ထိုးနှက်နိုင်ခဲ့၏။

အနည်းငယ်လေးသာ လိုတော့ပြီး တောင်ပိုင်းကျိုး အင်ပါယာအတွက် ပိုင်ရှင်မဲ့နယ်မြေ တစ်ခုလုံးကို သိမ်းပိုက်နိုင်ရုံသာမက တာယင်အင်ပါယာ၏ အနောက်တောင် ပြည်နယ်ကိုပါ သိမ်းပိုက်နိုင်တော့မှာ ဖြစ်သည်။

သို့ပေမည့် အနည်းငယ် အမှားအယွင်း ဖြစ်သွားသောကြောင့် အားလုံး ဆုံးရှုံးသွားရပြီး ခါးပိုင်းဖြတ်ကာ ကွပ်မျက်ခံလိုက်ရ၏။

ယန်ဖြန်ရှန် အမှားလုပ်ခဲ့သောကြောင့် အပြစ်ပေးခံရသည်က လက်ခံလို့ ရသေး၏။ သို့ပေမည့် ဤစစ်ပွဲတွင် အောက်ရှင်းက ဘာအမှားမှ မလုပ်ခဲ့သလို ကြီးမားသော ကောင်းကျိုးပင် ရှိခဲ့သေးသည်။

သို့ပေမည့် ယခုအခါ စစ်ရှုံးမှု တာဝန်ကို ယူရသောကြောင့် ရာထူးမှ ဖြုတ်ချခံရပြီး သားအဖ နှစ်ယောက်လုံး ထောင်ကျကာ နုလန်ဟောက် အိမ်တော်ပင် ဝင်စီးခံလိုက်ရပြီ ဖြစ်၏။

‘ဒီလို အခြေအနေမျိုးမှာ ခင်ဗျား နန်ကုန်းကျိုက တာဝန်ယူရမှာကို မကြောက်ဘဲ အလုပ် လုပ်ရဲသေးတယ်ပေါ့။’

သို့ပေမည့် နန်ကုန်းကျိုကတော့ လုပ်ရဲ၏။ ဟေးပင်းထိုင် စစ်သူကြီးချုပ် နန်ကုန်းချော့၏ လက်အောက်ရှိ မွေးစားသားများထဲတွင် သတ္တိကြောင်သူ တစ်ဦးမှ မရှိပေ။

ဟေးပင်းထိုင် သိုင်းပညာရှင် အဖွဲ့ နှစ်ဖွဲ့သည် အလင်းနှင့် အမှောင်အဖြစ် ထွက်ခွာသွားကြသည်။

မြို့တော်သို့ သွားမည့် အလင်းအဖွဲ့သည် သူတို့၏ ခြေရာများကို သိပ်ပြီး ဖုံးကွယ်မထားပေ။

သို့ပေမည့် မြောက်ဘက် ကျင်းကျိုးသို့ သွားမည့် အဖွဲ့ကတော့ လျှို့ဝှက်စွာ သွားရောက်ရမှာဖြစ်၏။

“မြန်မြန်… မြန်မြန်… မြန်မြန်…”

ဤသိုင်းပညာရှင်များသည် မအိပ်မနားဘဲ၊ လေပြင်းအလား အလျင်အမြန် သွားရောက်ကြပြီး အိပ်စက်ချိန်ကိုပင် မြင်းပေါ်တွင်သာ ကုန်ဆုံးကြလေသည်။

.......................

အပိုင်း (၂၉၈)

ဝေမြို့စားကြီး အိမ်တော်၌ လူတစ်စု အောင်ပွဲခံနေကြသည်။ နောက်ဆုံး၌ အဆင့်တစ်ခုအထိ အောင်မြင် သွားပြီ ဖြစ်၏။

အောက်ရှင်း ပြုတ်ကျသွားပြီ ဖြစ်ပြီး သားအဖ နှစ်ယောက်လုံး ထောင်ကျသွားပြီ ဖြစ်သလို နုလန်ဟောက် အိမ်တော်လည်း ဝင်စီးခံလိုက်ရပြီ ဖြစ်သည်။

ဘိုးဘိုးကြီး အောက်ထင်၏ မျက်နှာပေါ်တွင် ပျော်ရွှင်မှုများ ရှိနေသော်လည်း စိတ်ထဲတွင်တော့ အနည်းငယ် စိုးရိမ်ပူပန်နေမိ၏။

အဘယ်ကြောင့်ဆိုသော် အောက်ရှင်းသည်လည်း အောက်မျိုးရိုး ပင်ဖြစ်ရာ သူက အောက်ရှင်းနှင့် ပတ်သက်မှု မရှိကြောင်း၊ ကိုယ့်ဆွေမျိုးကို သတ်ရမည် ဆိုလျှင်တောင် တွန့်ဆုတ်နေမည် မဟုတ်ကြောင်း ပါးစပ်ကသာ ပြောနေသော်လည်း သူတို့က သားအဖများ ဖြစ်နေသေးသည်။

သေချာသည်မှာ အောက်ထင်က ဤသားကို သံယောဇဉ် ရှိနေ၍ မဟုတ်ပေ။ သူ၏ နေရာတွင် အာဏာ အတွက် မည်သူ့ကိုမဆို စတေးနိုင်၏။

အောက်ရှင်းသည် ငယ်စဉ်တည်းက ညီဖြစ်သူ၏ အိမ်၌ မွေးစားခံခဲ့ရသောကြောင့် သံယောဇဉ် နည်းပါး လှသည်။ အောက်ထင် အချစ်ရဆုံး အငယ်ဆုံးသား အောက်ဖျင်ကိုပင် အရေးကြီးသော အချိန်တွင် သူကိုယ်တိုင် အသေရိုက်သတ်ခဲ့သေးသည် မဟုတ်လား။

သူ စိုးရိမ်နေသည်မှာ အောက်မျိုးရိုး နှစ်ခုကို လုံးဝ ခွဲခြား၍ မရနိုင်သောကြောင့် ဖြစ်၏။

အောက်ရှင်းကို သတ်လိုက်ခြင်းက သူ အောက်ထင်ကိုပါ ထိခိုက်လာမည်လား။ သို့မဟုတ် အောက်မျိုးနွယ်စုမှ အခြားသူများကိုပါ ထိခိုက်လာမည်လား။

“အောက်ရှင်းက ပြုတ်ကျသွားပြီ။ ရာထူးတွေ အားလုံး ရုပ်သိမ်းခံလိုက်ရပြီ ဆိုပေမဲ့ သူ့ဆီမှာ နုလန်ဟောက်ဘွဲ့ ရှိနေသေးတယ်။”

အောက်ထင်က ပြော၏။ “ဒါကြောင့် နောက်ပိုင်းမှာ ပိုပြီး တိတိကျကျ အလုပ် လုပ်လို့ ရမလား။”

မြို့ဝန် ဝေ့ချီတွမ်က ပြောလိုက်သည်။ “အောက်ရှင်းကို သတ်ပြီးတာနဲ့ အောက်မျိုးနွယ်စုက တခြား တစ်ယောက်ယောက်ကို နုလန်ဟောက် ရာထူး ဆက်ခံခိုင်းမလို့လား။”

ဘိုးဘိုးကြီး အောက်ထင်က ခေါင်းညိတ်လိုက်၏။ “ဟုတ်တယ်။”

ဝေမြို့စားကြီးက ရှင်းပြလိုက်သည်။ “ထုံးစံအရဆိုရင် အောက်ရှင်း သေသွားတာနဲ့ နုလန်ဟောက် ရာထူးကို အောက်မျိုးနွယ်စုက တခြားသူ တစ်ယောက်ကို သေချာပေါက် ပေးမှာပါ။ တိုက်ရိုက် ပယ်ဖျက်လိုက်မှာ မဟုတ်ပါဘူး။”

အင်ပါယာ၏ ဂုဏ်သရေရှိ မှူးမတ်မျိုးရိုးများသည် နိုင်ငံတော်ကို အတူတူ တည်ထောင်ခဲ့သောသူများ ဖြစ်သောကြောင့် ပုန်ကန်မှုကဲ့သို့ ကြီးလေးသော ပြစ်မှု မဟုတ်ပါက ဤရာထူးများကို ပယ်ဖျက်လေ့ မရှိပေ။

ဥပမာအားဖြင့် တာမင် မင်းဆက်၏ ဒုတိယမြောက် ဝေမြို့စားကြီး ရွှီဟွေကျူ သည် ကျန့်ဝမ် ဧကရာဇ်၏ ဘက်တော်သား ဖြစ်၏။

ကျင်းနန် စစ်ပွဲတွင် ကျူးတိက ကြီးကျယ်ခမ်းနားသော အောင်ပွဲများ ရရှိကာ ကျင်းလင်မြို့ကို သိမ်းပိုက်နိုင်ခဲ့ သော်လည်း ရွှီဟွေကျူက နောက်ဆုံး အချိန်အထိ ခုခံခဲ့သောကြောင့် ကျူးတိ အလွန် ဒေါသထွက်ကာ သူ့ကို အကျယ်ချုပ် ချထားခဲ့သည်။

သို့ပေမည့် ကျူးတိ နန်းတက်ပြီး ငါးနှစ်အကြာတွင် ရွှီဟွေကျူ၏သား ရွှီချင်ကို တတိယမြောက် ဝေမြို့စားကြီး အဖြစ် ဆက်လက် ခန့်အပ်ခဲ့၏။

“အောက်ရှင်း သားအဖကို သတ်ပြီးရင် အောက်မင်ကို တိုက်ရိုက် နုလန်ဟောက် ရာထူး ဆက်ခံခိုင်းလို့ ရမလား။” ဘိုးဘိုးကြီး အောက်ထင်က မေးလိုက်သည်။

မြို့ဝန် ဝေ့ချီတွမ်က ပြန်ဖြေ၏။ “နုလန်ဟောက် ရာထူးကို ဆက်ခံလိုက်ရင် အောက်မင် အနေနဲ့ စာမေးပွဲ ဖြေဖို့ ခက်သွားပြီ။ ပြီးတော့ ဟန်လင် နန်းတွင်းကျောင်းထဲ ဝင်ဖို့လည်း အရမ်း ခက်သွားလိမ့်မယ်။ အခု လက်ရှိ စည်းကမ်းတွေ အရဆိုရင် ဂုဏ်သရေရှိ မှူးမတ်တွေ အားလုံးနီးပါးက စစ်ဖက် ရာထူးတွေကိုပဲ ယူရတာလေ။”

ဝေမြို့စားကြီးက မေးလိုက်သည်။ “အောက်မင်ရဲ့ အဖေအရင်း အောက်တုန်း ဆိုရင်ကော။”

အောက်တုန်းတွင် မြို့စားဘွဲ့ မရှိသော်လည်း ရာထူးတော့ ရှိ၏။ အင်ပါယာ၏ အနောက်ဘက်ဆုံးရှိ ပြည်နယ်တွင် စစ်သေနာပတိ အဖြစ် တာဝန်ထမ်းဆောင်နေပြီး ရှီးချုံး ပြည်နယ်၏ အမြင့်ဆုံး စစ်ဖက် အရာရှိ ဖြစ်၏။

အောက်မျိုးနွယ်စုတွင် အောက်တုန်း သည် မြို့စားဘွဲ့ မရှိသော်လည်း အာဏာရှိသူ တစ်ဦး ဖြစ်၏။ သို့ပေမည့် ကျန်းကျိုးမြို့တွင် အချိန်အကြာကြီး မရှိတတ်ပေ။

မြို့ဝန် ဝေ့ချီတွမ်က ပြောလိုက်၏။ “ခက်ခဲပေမဲ့ မဖြစ်နိုင်တာတော့ မဟုတ်ဘူး။ ဒါက အကောင်းဆုံး ရလဒ်ပဲ။ အောက်တုန်းက နုလန်ဟောက် အသစ် ဖြစ်လာမယ်။ အောက်မင်က မြို့တော် စာမေးပွဲနဲ့ နန်းတော် စာမေးပွဲကို ဖြေပြီး ဟန်လင် နန်းတွင်းကျောင်းထဲ ဝင်မယ်။ ဆယ်နှစ်အတွင်း ခရိုင်ကြီး တစ်ခုရဲ့ မြို့ဝန် ဖြစ်လာမယ်။ အဲဒီအချိန်ကျမှ နုလန်ဟောက် ရာထူးကို ဆက်ခံမယ်ဆိုရင် အသင့်တော်ဆုံးပဲ။”

“အောက်ရှင်း သေမှာလား။ အောက်ယွီ သေမှာလား။”

ရုတ်တရက် တွမ်ယင်းယင်းက အေးစက်စွာ မေးလိုက်သည်။ “အောက်ရှင်းရဲ့ နယ်စားဘွဲ့က ရှိနေသေးတယ်။ အောက်ယွီရဲ့ ဘွဲ့တွေကိုလည်း မရုပ်သိမ်းသေးဘူး။”

“စိတ်ချပါ။ သေချာပေါက် သေရမယ်။” မြို့ဝန် ဝေ့ချီတွမ်က ပြန်ဖြေ၏။

တွမ်ယင်းယင်းက ထပ်ပြောလိုက်သည်။ “မသေချာဘူးလေ။ ဧကရာဇ်မင်းမြတ်က အောက်ရှင်းရဲ့ ခေါင်းမာမှုကို ဒေါသထွက်နေပေမယ့် သူ့ကို အများကြီး အသုံးပြုချင်သေးတာပဲ။ နှစ်အနည်းငယ်လောက် ဖုံးကွယ်ပြီး ဖိနှိပ်ထားရုံ သက်သက်ပါ။ မဟုတ်ရင် နုလန်ဟောက်ဘွဲ့ကို ချန်ထားပေးမှာ မဟုတ်ဘူး။”

အောက်မင်က တွမ်ယင်းယင်းကို တစ်ချက် ကြည့်လိုက်သည်။ အဘယ်ကြောင့်ဆိုသော် သူနှင့် တွမ်ယင်းယင်း တို့ လျှို့ဝှက်စွာ ဆွေးနွေးဖူးသောကြောင့် ဖြစ်၏။

အတိအလင်း မပြောဆိုခဲ့သော်လည်း အောက်မင်သည် အမတ်ချုပ်ကြီးလင်၏ တပည့်ဖြစ်ပြီး အလွန် ဉာဏ်ကောင်းသူ ဖြစ်ရာ အမတ်ချုပ်ကြီးလင်က မည်သို့သော နည်းလမ်းဖြင့် အောက်ရှင်းကို သတ်မည်ကို သူ သိရှိထားသည်။

တွမ်ယင်းယင်း သည်လည်း အလွန် ဉာဏ်ကောင်းသူဖြစ်ရာ သူတို့ နှစ်ဦး ဤကိစ္စကို ဆွေးနွေးစဉ်က အသိဉာဏ်များ ပေါင်းစပ်မိသွားခဲ့၏။

ထို့နောက် သူတို့ နှစ်ဦးစလုံး ဘာမှ ဆက်မပြောတော့ပေ။ အဘယ်ကြောင့်ဆိုသော် ဤကိစ္စသည် အလွန် လျှို့ဝှက်လွန်းသောကြောင့် ဖြစ်၏။ အကယ်၍ ပေါက်ကြားသွားပါက အကျိုးဆက်များမှာ စဉ်းစားရဲစရာပင် မရှိတော့ပေ။

သို့ပေမည့် အောက်မင်သည် ဆရာဖြစ်သူ အမတ်ချုပ်ကြီးလင်၏ ရက်စက်ပြတ်သားမှုကို အလွန် အံ့အားသင့်မိ၏။

ဤနည်းလမ်းကို အသုံးပြုလိုက်ပါက အောက်ရှင်း သေချာပေါက် သေရမည်ဖြစ်ပြီး မိသားစု တစ်ခုလုံးပါ သတ်ဖြတ်ခံရမှာ ဖြစ်သည်။

အောက်ရှင်း သာမက နုလန်ဟောက်၏ ဇနီး၊ အောက်နင်နင်၊ အောက်ယွီ အစရှိသူများ အားလုံး သေရပေလိမ့်မည်။ ထို့အပြင် ခန္ဓာကိုယ် အပြည့်အစုံပင် ကျန်ရစ်မည် မဟုတ်ပေ။

...................

တောင်ပိုင်းကျိုးအင်ပါယာ၊ မြောက်ပိုင်း အကြီးဆုံး မြို့ကြီး၊ ကျင်းကျိုးမြို့...

ကျင်းကျိုးပြည်နယ် စစ်တပ်၏ တပ်မှူး၊ လီဝမ်ဖာသည် အလွန် ရဲရင့်သော စစ်သူကြီး တစ်ဦး ဖြစ်သည်။

မြောက်ပိုင်း တိုက်ပွဲတွင် သူက ရှေ့တန်း တပ်မှူးအဖြစ် တာဝန်ယူခဲ့ဖူးသည်။ အောက်ရှင်းက အိမ်ရှေ့စံ မင်းသား ကျိုးလီကို ကယ်တင်ရန် မြင်းတပ်ကို အမိန့်ပေးခဲ့စဉ်က သူသည် ထိုမြင်းတပ်၏ တတိယမြောက် စစ်သူကြီးဖြစ်ပြီး မြင်းတပ် ငါးထောင်ကို ကွပ်ကဲခဲ့၏။

ပိုင်ရှင်မဲ့နယ်မြေ စစ်ပွဲတွင် တောင်ပိုင်းကျိုးအင်ပါယာ၏ စစ်သည် နှစ်သိန်းကျော်နီးပါး အလုံးစုံ ချေမှုန်းခံခဲ့ရပြီး လူသောင်းဂဏန်းခန့်သာ လမ်းကြောင်း အသီးသီးမှ တောင်ပိုင်းကျိုးအင်ပါယာသို့ ထွက်ပြေးနိုင်ခဲ့၏။ ထိုအထဲတွင် လီဝမ်ဖာ၏ တပ်ဖွဲ့လည်း ပါဝင်၏။

လီဝမ်ဖာသည် ဂုဏ်သရေရှိ မှူးမတ်မျိုးရိုးမှ ဆင်းသက်လာသူ ဖြစ်သော်လည်း ရုပ်ဆိုးပြီး စရိုက် ထူးဆန်းသောကြောင့် အမွေဆက်ခံခွင့် မရှိရုံသာမက မိသားစု၏ ဖယ်ကျဉ်ခြင်းကိုပါ ခံခဲ့ရသည်။

ထို့ကြောင့် ဒေါသထွက်ကာ မိသားစုမှ ထွက်ခွာပြီး စစ်ဖက် စာမေးပွဲ သွားဖြေခဲ့၏။ အသက် ဆယ့်ခုနစ်နှစ်တွင် စစ်ဖက် ပြည်နယ်အဆင့် စာမေးပွဲကို အောင်မြင်ခဲ့ပြီး ဆယ့်ရှစ်နှစ်တွင် စစ်ဖက် မြို့တော်အဆင့် စာမေးပွဲကို အောင်မြင်ခဲ့ကာ နှစ်ဆယ့်သုံးနှစ်တွင် အောက်ရှင်းနှင့်အတူ တောင်ပိုင်းသို့ စစ်ချီခဲ့၏။

ယခု အသက် သုံးဆယ့်ရှစ်နှစ် ရှိပြီဖြစ်ပြီး ကျင်းကျိုးပြည်နယ် စစ်တပ်၏ တပ်မှူးအဖြစ် တာဝန် ထမ်းဆောင်နေသည်။

ဤရာထူးက မည်မျှ ကြီးမားသနည်း။

မော့ဖုန်းချွန်းနှင့် ဆင်တူပြီး စတုတ္ထ အဆင့် စစ်သူကြီး ဖြစ်သည်။ ထို့အပြင် ဤရာထူး၏ ယခင် အမည်မှာ ကျင်းကျိုး ချယ်ချုံးအစောင့်တပ်၏ တပ်မှူးဖြစ်ပြီး မြောက်ပိုင်းတပ်တော် ဌာနချုပ် ဖွဲ့စည်းပြီးနောက်မှ ကျင်းကျိုးပြည်နယ် စစ်တပ်၏ တပ်မှူးအဖြစ် အမည်ပြောင်းလဲခဲ့ခြင်း ဖြစ်၏။

မော့ဖုန်းချွန်းနှင့် ယှဉ်ပါက ဤလီဝမ်ဖာက အောက်ရှင်း၏ လူယုံ ပိုဖြစ်သည်ဟု ဆိုရမည်။ အောက်ရှင်း နှင့်အတူ တောင်ပိုင်းမြောက်ပိုင်း စစ်တိုက်လာခဲ့သည်မှာ ဆယ့်ငါးနှစ်ရှိပြီ ဖြစ်သည်။

မော့ဖုန်းချွန်းက ဇနီးနှင့် သားသမီးကို ချစ်ခင်သော ယောကျာ်းကောင်း တစ်ဦး ဖြစ်သည်။ သို့ပေမည့် ဤ လီဝမ်ဖာကတော့ လုံးဝ မဟုတ်ပေ။ သူ၏ စရိုက်က အစွန်းရောက်ပြီး ဇနီးသုံးယောက် ယူခဲ့သော်လည်း အားလုံး ကွာရှင်းသွားခဲ့ကြရာ အိမ်ထောင် မရှိသူဟုပင် ဆိုရမည်။

သူက စစ်တိုက်ရာတွင် ရဲရင့်သော်လည်း ကိုယ်ကျင့်တရားကတော့ အလွန် ဆိုးရွား၏။ ရက်စက် ကြမ်းကြုတ်ပြီး လာဘ်စားကာ မိန်းမ လိုက်စား၏။

ထို့ကြောင့်ပင် အောက်ရှင်းက သူ့ကို အမြဲတမ်း ခေါ်ဆောင်ကာ ထိန်းချုပ်ထားပြီး ထင်ရာစိုင်းခွင့် မပြုခဲ့ခြင်း ဖြစ်၏။ အောက်ရှင်း၏ လက်အောက်တွင် လီဝမ်ဖာ သည် အနည်းဆုံး ဆယ်ကြိမ်ကျော် အရိုက်ခံခဲ့ရဖူးသည်။

ထို့အပြင် အောက်ရှင်းက ဂိုဏ်းဂဏ မဖွဲ့သောကြောင့် လီဝမ်ဖာသည် အောက်ရှင်း နောက်သို့ ဆယ့်ငါးနှစ် လုံးလုံး လိုက်ပါခဲ့သော်လည်း ယခုအထိ စတုတ္ထ အဆင့် စစ်သူကြီးအဖြစ်သာ ရှိနေသေး၏။

သို့ပေမည့် သူ၏ လီဝမ်ဖာ၏ စရိုက်က အလွန် ကြမ်းကြုတ်သောကြောင့် အောက်ရှင်း တစ်ယောက်တည်းသာ သူ့ကို လက်ခံနိုင်ခြင်း ဖြစ်သည်။

ယခုအခါ အောက်ရှင်း ပြုတ်ကျသွားပြီဖြစ်ရာ လီဝမ်ဖာလည်း အလွန် ကြောက်လန့်နေလေသည်။ သူ အရေးယူခံရပြီး ဤစတုတ္ထအဆင့် စစ်သူကြီး ရာထူး၌ မလုပ်ရတော့မည်ကို စိုးရိမ်နေမိ၏။

ထိုသို့သော စိတ်ခံစားမှုကြောင့် သူ၏ စရိုက်က ပို၍ ကြမ်းတမ်းလာပြီး ညတိုင်း အရက်များ သောက်ကာ စိတ်ညစ်နေခဲ့သည်။

ထိုအချိန်တွင် လူရိပ်တစ်ခု ဖြည်းညင်းစွာ ဝင်ရောက်လာ၏။

“ဘယ်သူလဲ။ သေချင်နေတာလား။” လီဝမ်ဖာက ဒေါသတကြီး အော်ဟစ်လိုက်သည်။

“ကျုပ် နာမည်က နင်ဝူချွဲ့ ပါ။” သူသည် စာပေပညာရှင် တစ်ဦးဖြစ်ပြီး ကြည့်ကောင်းသော မုတ်ဆိတ်မွေး ရှိကာ အသက် သုံးဆယ်ကျော် အရွယ်ခန့် ရှိ၏။

လီဝမ်ဖာက ဘာမှ မပြောဘဲ ဓားကို ဆွဲထုတ်ကာ ချက်ချင်း ခုတ်ချလိုက်၏။ နင်ဝူချွဲ့က လက်ချောင်း နှစ်ချောင်း ထုတ်ကာ လီဝမ်ဖာ၏ ဓားကို ညှပ်ထားလိုက်သည်။

“ဒါက ငွေတုံး သုံးသိန်းတန် ငွေစက္ကူတွေပါ။” နင်ဝူချွဲ့က ပြောလိုက်၏။

ဓားသမား နှစ်ဦးက ရှေ့တိုးလာပြီး သေတ္တာ တစ်လုံးကို ချပေးလိုက်၏။ အတွင်း၌ ငွေစက္ကူများ အပြည့် ရှိနေပြီး လောကနံပါတ်တစ် ငွေလဲဌာနမှ ဖြစ်သည်။ တာရှအင်ပါယာတွင် ဖြစ်စေ၊ တောင်ပိုင်းကျိုး အင်ပါယာတွင် ဖြစ်စေ၊ တာယင်အင်ပါယာတွင် ဖြစ်စေ ငွေထုတ်ယူ၍ ရနိုင်သည်။

ငွေစက္ကူ တစ်ရွက်လျှင် ငါးဆယ်ထက် ကျော်လွန်ပါက ကိုယ်တိုင် သွားရောက် ထုတ်ယူရမှာဖြစ်ပြီး မှတ်တမ်းလည်း ကျန်ရှိမည် ဖြစ်သောကြောင့် ဤသေတ္တာ အတွင်းရှိ ငွေစက္ကူများ အားလုံးမှာ ငွေလေးဆယ့်ကိုးပြားအထိ တန်ဖိုး ရှိသော ငွေစက္ကူများသာ ဖြစ်၏။

ချက်ချင်းပဲ လီဝမ်ဖာ၏ အသက်ရှူသံများ ရပ်တန့်သွားပြီး နှလုံးခုန်နှုန်းများ မြန်ဆန်လာတော့သည်။

နင်ဝူချွဲ့က ပြောလိုက်၏။ “နုလန်ဟောက် အောက်ရှင်းက ခင်ဗျားရဲ့ စစ်သေနာပတိပါ။ အခု သူ ပြုတ်ကျသွားတော့ ခင်ဗျား အရမ်း ဝမ်းနည်း ဒေါသထွက်နေမှာပေါ့။”

လီဝမ်ဖာက ဖြေလိုက်သည်။ “တကယ်တော့ သိပ်ပြီး ဝမ်းနည်း ဒေါသထွက်တာတော့ မဟုတ်ပါဘူး။”

နင်ဝူချွဲ့က ခေါင်းခါလိုက်၏။ “မဟုတ်ဘူး… ခင်ဗျား အရမ်း ဝမ်းနည်း ဒေါသထွက်နေရမယ်။ စစ်တပ်ထဲက စစ်သည်တွေကော ဝမ်းနည်း ဒေါသထွက်နေကြလား။”

လီဝမ်ဖာက ခေါင်းညိတ်လိုက်သည်။ “အဲဒါကတော့ ဟုတ်တယ်။ စစ်တပ်ထဲက စစ်သူကြီးတွေထဲမှာ အောက်ရှင်းကို လေးစားတဲ့သူတွေ အများကြီး ရှိပေမယ့် သူ့ကို ရင်းနှီးတဲ့သူ၊ သစ္စာရှိတဲ့ သူကတော့ သိပ်မများဘူး။

ဘာလို့လဲဆိုတော့ သူက စစ်သူကြီးတွေအပေါ် အရမ်း တင်းကျပ်လွန်းတယ်။ ပြီးတော့ ဂိုဏ်းဂဏ မဖွဲ့တော့ သူ့နောက်လိုက်ရင် ရာထူးတက်တာ မမြန်ဘူးလေ။ ဒါပေမဲ့ စစ်တပ်ထဲက စစ်သည်တွေကတော့ အောက်ရှင်းကို အရမ်း ချစ်ခင်ကြပြီး နတ်ဘုရား တစ်ပါးလို သတ်မှတ်ထားကြတယ်။ ဘာလို့လဲဆိုတော့ သူက စစ်သည်တွေကို သားသမီးလို ချစ်လို့ပဲ။”

ဤသည်မှာလည်း အမှန်တရား ဖြစ်၏။ အောက်ရှင်းသည် စစ်သည် အများစု၏ စိတ်ထဲတွင် အလွန် မြင့်မားသော နေရာတွင်ရှိပြီး ပြိုင်ဘက်ကင်း စစ်သေနာပတိအဖြစ် သတ်မှတ်ခံရ၏။

အခြားအရာများကို ကြည့်စရာ မလိုပေ။ နုလန်ဟောက် အိမ်တော်၏ သက်တော်စောင့်များ အားလုံးမှာ စစ်တပ်မှ အနားယူလာသော ကိုယ်လက်အင်္ဂါ ချို့ယွင်းသည့် သိုင်းပညာရှင်များ ဖြစ်နေသည်ကို ကြည့်ရုံဖြင့် အောက်ရှင်းက စစ်သည်များကို မည်မျှ ချစ်ခင်ကြောင်း သိရှိနိုင်သည်။

...............................

All Chapters