← Chapters

အခန်း (၃၀၁-၃၀၂)

Vol. 26 Ch. 301-302

အခန်း (၃၀၁-၃၀၂)

Vol. 26 Ch. 301-302

အပိုင်း (၃၀၁)

မြို့ဝန် ဝေ့ချီတွမ်က အေးစက်စက် ရယ်မောလိုက်၏။ “ဒါပေမဲ့ ဒါက ခင်ဗျားညီမကို နှိပ်စက်တာနဲ့ ဘာဆိုင်လို့လဲ။ ကျုပ်က ခင်ဗျားတို့ ကောင်းဖို့အတွက် လုပ်ပေးနေတာပါ။ ခင်ဗျားတို့ မိသားစုက မကြာခင် မျိုးဖြုတ် သတ်ဖြတ်ခံရတော့မယ်။ ခင်ဗျားညီမက မသေရင်တောင် နယ်နှင်ဒဏ် ခံရမယ်၊ ဒါမှမဟုတ် ပြည့်တန်ဆာရုံကို အပို့ခံရလိမ့်မယ်။

ဒီလောက် လှပပြီး နုနယ်တဲ့ မိန်းကလေးက အဲဒီရောက်ရင် ပိုဆိုးသွားမှာပေါ့။ သံပူကပ်ပြီး ရုပ်ဖျက်လိုက်ရင် ပြည့်တန်ဆာရုံမှာ နေရတဲ့ရက်တွေမှာ နည်းနည်း သက်သာသွားနိုင်တယ်လေ။”

ယွင်ကျုံးဟဲ့က တီးတိုးပြောလိုက်သည်။ “ကျုပ် ခင်ဗျားကို ငွေတုံး ငါးသိန်းပေးမယ်။ ကျုပ် ညီမကို လွှတ်ပေးလိုက်။”

“ငွေတုံး ငါးသိန်း လား။” မြို့ဝန် ဝေ့ချီတွမ်၏ မျက်လုံးများ ရုတ်တရက် အရောင်လက်သွား၏။

ယွင်ကျုံးဟဲ့က ခေါင်းညိတ်လိုက်သည်။ “ငွေစက္ကူတွေ မဟုတ်ဘူး။ အားလုံး ရွှေတွေချည်းပဲ။ ဘိုးဘေးတွေ ချန်ထားခဲ့တာ။ အရေးကြီးတဲ့ အချိန်ကျရင် ကျုပ်တို့ ထွက်ပြေးတဲ့နေရာမှာ သုံးဖို့ထားခဲ့တာပဲ။”

“ထွက်ပြေးဖို့ လား။ ခင်ဗျားတို့ မိသားစု တစ်ခုလုံး အဖမ်းခံရပြီးပြီလေ။ ထွက်ပြေးချင်သေးတယ်ပေါ့။”

မြို့ဝန် ဝေ့ချီတွမ်က မေးလိုက်၏။ “ရွှေတွေ ဘယ်မှာလဲ။”

မြို့ဝန် ဝေ့ချီတွမ်က အနီရဲရဲ သံပူကိုကိုင်ကာ အောက်နင်နင်၏ မျက်နှာ အနီးသို့ ကပ်လိုက်ပြီး ရက်စက်စွာ ပြောလိုက်သည်။ “တကယ်လို့ ခင်ဗျား ကျုပ်ကို လိမ်ရဲရင် ခင်ဗျားညီမရဲ့ မျက်နှာ တစ်ပြင်လုံးမှာ ကောင်းတဲ့ အသား တစ်လက်မလေးတောင် မကျန်အောင်၊ လုံးဝ မည်းတူးသွားအောင် လုပ်ပစ်မယ်။”

ယွင်ကျုံးဟဲ့က အလန့်တကြားဖြင့် ပြောလိုက်၏။ “အဖေ့ရဲ့ စာကြည့်ခန်းထဲက စာအုပ်စင်ရဲ့ အနောက်မှာ နံရံ တစ်ခု ရှိတယ်။ အဲဒီ နံရံထဲက အုတ်ခဲတွေထဲမှာ ရွှေတွေ ထည့်ပြီး တည်ဆောက်ထားတာပဲ။”

မြို့ဝန် ဝေ့ချီတွမ် အလွန် ဝမ်းသာသွားပြီး သံပြားပူကို ချက်ချင်း ချကာ အပြင်သို့ ထွက်သွားလေသည်။

“အစ်ကို…” လွှတ်ပေးခံလိုက်ရပြီးနောက် အောက်နင်နင်က ယွင်ကျုံးဟဲ့၏ ရင်ခွင်ထဲသို့ ချက်ချင်း ပြေးဝင်လာ၏။

ယွင်ကျုံးဟဲ့က သူမ၏ ပိန်ပါးသော ကျောပြင်လေးကို ပုတ်ကာ ချော့လိုက်သည်။ “မငိုနဲ့… မငိုနဲ့။ မြန်ပါတယ်။ မကြာခင် ပြီးသွားတော့မှာပါ။”

အောက်နင်နင်က မျက်လုံး ပြူးကာ ယွင်ကျုံးဟဲ့ကို ကြည့်ပြီး မေးလိုက်၏။ “အစ်ကို… ဘာလို့ ဒီလို ဖြစ်ရတာလဲ။ ဧကရာဇ်မင်းမြတ်က အရမ်း ဉာဏ်ပညာ ကြီးမားတယ် မဟုတ်ဘူးလား။ အဖေက သစ္စာရှိတဲ့ အမတ် မဟုတ်ဘူးလား။ ဘာလို့ အခု သစ္စာရှိတဲ့ အမတ်တွေက ထောင်ကျပြီး လူယုတ်မာတွေက မောက်မာ နေကြရတာလဲ။”

ယွင်ကျုံးဟဲ့က စိတ်ထဲတွင် အေးစက်စွာ ရယ်မောလိုက်၏။ အောက်နင်နင်၏ ဤစကားက အလွန် မှန်ကန်လှသည်။

အကျဉ်းထောင်မှ ထွက်လာပြီးနောက် မြို့ဝန် ဝေ့ချီတွမ်၏ မျက်နှာက ချက်ချင်း တည်တင်းသွား၏။ “ဝေ့ချီယန် ဘယ်မှာလဲ။”

ဘေးမှ အကြံပေးက ပြန်ဖြေသည်။ “သခင်လေးက ချိုယွဲ့ (ဆောင်းဦး လမင်း) ပြည့်တန်ဆာရုံမှာ ကျန်းကျိုးက ကျင်ရှီတွေနဲ့ ကျူရန်တွေကို ဧည့်ခံနေပါတယ်။ မြို့ဝန်မင်းလည်း သဘောတူထားတယ်လေ။ သခင်လေးက မြို့တော် စာမေးပွဲနဲ့ နန်းတော် စာမေးပွဲတွေမှာ အဆင့် သိပ်မမြင့်ခဲ့တော့ အဆက်အသွယ်တွေ ပိုလိုတယ် မဟုတ်လား။”

မြို့ဝန် ဝေ့ချီတွမ်က ပြော၏။ “အခု ချက်ချင်း ချိုယွဲ့ ပြည့်တန်ဆာရုံကို လူလွှတ်ပြီး သခင်လေးကို သွားခေါ်ခဲ့။ တစ်စက္ကန့်လေးတောင် နောက်မကျစေနဲ့။ မဟုတ်ဘူး… ခင်ဗျားကိုယ်တိုင် သွား။ ခေါ်လာပြီးတာနဲ့ ချက်ချင်း ဇာတိမြို့ကို ပို့လိုက်။”

“ကောင်းပါပြီ။”

အကြံပေးက အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။ “ဝေါယာဉ် ပြင်ကြ...”

“ဘယ်အချိန် ရှိနေပြီလဲ။ ဝေါယာဉ် စီးနေသေးတယ်။ မြင်းစီးသွား” မြို့ဝန် ဝေ့ချီတွမ်က တင်းမာခက်ထန်စွာ ပြောလိုက်၏။

“ကောင်းပါပြီ။” ထိုအကြံပေးက မြင်းပေါ်သို့ ခုန်တက်ကာ ချိုယွဲ့ ပြည့်တန်ဆာရုံသို့ အလျင်အမြန် ပြေးသွားလေသည်။

မြို့ဝန် ဝေ့ချီတွမ်က ဆက်ပြော၏။ “လာကြစမ်း... ကျန်းကျိုး မြို့စောင့်တပ်ရဲ့ တပ်မှူးကြီးကို သွားခေါ်ခဲ့...”

ကျန်းကျိုး မြို့စောင့်တပ် တပ်မှူးသည် ကျန်းကျိုးမြို့၏ အမြင့်ဆုံး စစ်ဖက် အရာရှိဖြစ်ပြီး ပုံမှန်အားဖြင့် မြို့ဝန်၏ အမိန့်ကို နာခံရန် မလိုပေ။

အများဆုံး ချန်လန်ပြည်နယ် ပြည်နယ်ဝန်ကြီး၏ အမိန့်ကိုသာ နာခံရန် လိုအပ်၏။ တခါတရံ ပြည်နယ်ဝန်ကြီး ပင်လျှင် ကျန်းကျိုး မြို့စောင့်တပ် တပ်မှူးကို အမိန့်ပေး၍ မရဘဲ တောင်ပိုင်းကျိုးအင်ပါယာ၏ ဆူမီယွမ် (စစ်ဖက် အမြင့်ဆုံး အဖွဲ့အစည်း)က တိုက်ရိုက် အမိန့်ပေးရသည်။

သို့ပေမည့် ယခုအခါ ကာကွယ်ရေး ဝန်ကြီးဌာနက အာဏာ အများအပြားကို ခွဲဝေ ရယူလိုက်သောကြောင့် ဆူမီယွမ်၏ အာဏာ လျော့ကျသွားကာ အရပ်ဖက် အရာရှိကြီးများက ဒေသခံ စစ်တပ်များကို ဖိနှိပ်ထားနိုင်ခဲ့၏။

ထို့ကြောင့် ဤကဲ့သို့ အခြေအနေမျိုး ဖြစ်ပေါ်လာခြင်း ဖြစ်၏။ အချိန်အများစုတွင် ကျန်းကျိုး မြို့ဝန်သည် ကျန်းကျိုး မြို့စောင့်တပ် တပ်မှူးကို အမိန့်ပေးနိုင်သည်။

ခဏအကြာတွင် ကျန်းကျိုး မြို့စောင့်တပ် တပ်မှူးရှင်းကျိုက်ထျန်သည် ဝေ့ချီတွမ်၏ အရှေ့သို့ ရောက်လာပြီး လက်သီးဆုပ်ကာ နှုတ်ဆက်လိုက်၏။ “မြို့ဝန်မင်း....”

မြို့ဝန် ဝေ့ချီတွမ်က ပြန်လည် လက်သီးဆုပ်ကာ ပြောလိုက်သည်။ “တပ်မှူးရှင်း… ကိစ္စလေး တစ်ခုလောက် အကူအညီ တောင်းချင်လို့ပါ။”

ကျန်းကျိုး မြို့စောင့်တပ် တပ်မှူး ရှင်းကျိုက်ထျန်က ပြန်ပြောလိုက်၏။ “အကူအညီ တောင်းတယ်လို့ မပြောပါနဲ့။ မြို့ဝန်မင်း ပြောပါ။”

မြို့ဝန် ဝေ့ချီတွမ်က ပြုံးကာ ပြောလိုက်သည်။ “အဲဒီနေ့က ယွဲ့တန်းဖျင်ရဲ့ ပညာတတ် ဆယ့်တစ်ယောက်ကို မြင်းငါးကောင်နဲ့ ဆွဲဖြဲသတ်တုန်းက မြင်ကွင်းကို တပ်မှူး မှတ်မိအုံးမှာပါ။ ရွှီဖူရဲ့မျက်နှာက နည်းနည်း ထူးဆန်းနေတယ်။

ဒါကြောင့် သူက ဘေးအန္တရာယ် တစ်ခုခု ချန်ထားခဲ့မှာစိုးလို့ ကျန်းကျိုးမှာရှိတဲ့ ယွဲ့တန်းဖျင်ရဲ့ ပိုင်ဆိုင်မှုတွေ အားလုံးကို စစ်ဆေးဖို့နဲ့ ပညာတတ် ဆယ့်သုံးယောက်ရဲ့ တပည့်တွေ၊ အစေခံတွေ အားလုံးကို စောင့်ကြည့်ဖို့ မြို့စောင့်တပ်ကို အကူအညီ တောင်းချင်လို့ပါ။”

ကျန်းကျိုး မြို့စောင့်တပ် တပ်မှူးက အနည်းငယ် စဉ်းစားကာ ပြောလိုက်၏။ “ဒါက လူအင်အား အများကြီး လိုလိမ့်မယ်။ အနည်းဆုံး လူထောင်ဂဏန်းလောက် လိုမှာပါ။”

မြို့ဝန် ဝေ့ချီတွမ်က ခေါင်းညိတ်ကာ ပြောလိုက်သည်။ “ကျုပ် မြို့ဝန်ရုံးက ရဲမက်တွေ အားလုံးကို လွှတ်ပေးပါ့မယ်။ ဒါပေမဲ့ မလုံလောက်သေးလို့ မြို့စောင့်တပ်ကို အကူအညီ တောင်းရတာပါ။”

ကျန်းကျိုး မြို့စောင့်တပ် တပ်မှူးက မေးလိုက်၏။ “စစ်သည် ဘယ်လောက် လိုချင်တာလဲ။”

မြို့ဝန် ဝေ့ချီတွမ်က ဖြေသည်။ “နှစ်ထောင်...”

ကျန်းကျိုး မြို့စောင့်တပ် တပ်မှူးက သတိပေးလိုက်၏။ “ဒီလောက် လူအင်အား အများကြီး သုံးရမယ်ဆိုရင် ပြည်နယ်ဝန်ကြီး လက်မှတ်ပါတဲ့ အမိန့်စာ လိုလိမ့်မယ်။”

မြို့ဝန် ဝေ့ချီတွမ်က မျက်မှောင် အနည်းငယ် ကြုတ်သွားပြီးနောက် ခေါင်းညိတ်ကာ ပြောလိုက်သည်။ “တပ်မှူး သွားပြီး စစ်တပ်ကို အရင် ပြင်ဆင်ထားလိုက်ပါ။ မနက်ဖြန် မနက်စောစော ပြည်နယ်ဝန်ကြီးရဲ့ လက်မှတ်ပါတဲ့ အမိန့်စာကို ပို့ပေးပါ့မယ်။”

“ကောင်းပြီ။”

ကျန်းကျိုး မြို့စောင့်တပ် တပ်မှူးက လက်သီးဆုပ်ကာ နှုတ်ဆက်လိုက်၏။ “ဒါဆို ကျုပ် သွားခွင့်ပြုပါအုံး။”

မြို့ဝန် ဝေ့ချီတွမ်က လက်သီးဆုပ်ကာ ပြောလိုက်သည်။“ပင်ပန်းသွားပါပြီ တပ်မှူး”

ကျန်းကျိုး မြို့စောင့်တပ် တပ်မှူးက ခေါင်းခါလိုက်၏။ “နိုင်ငံတော်အတွက် စိတ်ပူပေးရတာ၊ ဧကရာဇ် မင်းမြတ် အတွက် အလုပ် လုပ်ပေးရတာ ပင်ပန်းတယ်လို့ မဆိုသာပါဘူး။”

ထို့နောက် ကျန်းကျိုး မြို့စောင့်တပ် တပ်မှူးသည် မြင်းပေါ်သို့ ခုန်တက်၍ စစ်တပ်ကို ပြင်ဆင်ရန် ထွက်ခွာ သွားလေသည်။

ကျန်းကျိုးမြို့သည် ချန်လန်ပြည်နယ်၏ မြို့တော် ဖြစ်သောကြောင့် ဤနေရာတွင် အစိုးရရုံး နှစ်ခု ရှိ၏။ မြို့ဝန်ရုံးနှင့် ပြည်နယ်ဝန်ကြီးရုံး တို့ဖြစ်၏။

သို့ပေမည့် ပြည်နယ်ဝန်ကြီးရုံးက မြောက်ဘက်တွင်ရှိပြီး မြို့ဝန်ရုံးက တောင်ဘက်တွင် ရှိကာ မိုင်ဆယ်ဂဏန်းခန့် ကွာဝေးသည်။

မြို့ဝန် ဝေ့ချီတွမ်က မြင်းပေါ်သို့ ခုန်တက်ကာ ပြည်နယ်ဝန်ကြီးရုံးသို့ အလျင်အမြန် မောင်းနှင်သွား၏။

နုလန်ဟောက် အိမ်တော်၏ အရှေ့သို့ ရောက်ချိန်မှာတော့ ဝေ့ချီတွမ်က အနည်းငယ် တွေဝေသွားသော်လည်း သွေးဆောင်မှုကို မလွန်ဆန်နိုင်ခဲ့ပေ။

‘ဘယ်လိုပဲဖြစ်ဖြစ် မနက်မလင်းခင် ပြည်နယ်ဝန်ကြီးရဲ့ လက်မှတ်ပါတဲ့ အမိန့်စာကို ကျန်းကျိုး မြို့စောင့်တပ် တပ်မှူးဆီ ပို့ပေးနိုင်ရင် ရပြီပဲ။ အောက်ယွီ ပြောတဲ့ စကားက အမှန်လား၊ အမှားလား မသိသေးဘူးလေ။’

ထို့ကြောင့် ဝေ့ချီတွမ်က မြင်းပေါ်မှ ဆင်းလိုက်၏။

“ရပ်လိုက်။ ဒီနေရာကို ချိတ်ပိတ်ထားပြီ။ ဘယ်သူမှ ဝင်ခွင့် မရှိဘူး။” နုလန်ဟောက် အိမ်တော် အနီးသို့ ရောက်သည်နှင့် လူတစ်ယောက်က တားဆီးလိုက်သည်။

လူတစ်ထောင်ကျော်က နုလန်ဟောက် အိမ်တော် တစ်ခုလုံးကို ဝိုင်းရံထားကြ၏။

“ကျုပ်ပါ။” ဝေ့ချီတွမ်က ပြန်ဖြေသည်။

ချက်ချင်းပဲ သိုင်းပညာရှင် ဒါဇင်ပေါင်းများစွာက သပ်သပ်ရပ်ရပ် ဒူးထောက်ကာ ပြောလိုက်၏။ “မြို့ဝန်မင်းကို ဂါရဝပြုပါတယ်။”

“ပင်ပန်းသွားပြီ။” မြို့ဝန် ဝေ့ချီတွမ်က အထဲသို့ ဝင်ရောက်သွားသည်။

အမှန်တကယ်တွင် ဤသိုင်းပညာရှင်များက သူ့ကို တားဆီးသင့်၏။ အထူးကိုယ်စားလှယ်အမတ် မပါဘဲ ကျန်းကျိုးမြို့ဝန် တစ်ဦးတည်း နုလန်ဟောက် အိမ်တော် အတွင်းသို့ ဝင်ရောက်ခွင့် မရှိပေ။

သို့ပေမည့် စည်းကမ်းများ ဆိုသည်မှာ စည်းကမ်းများ သက်သက်သာဖြစ်ပြီး မည်သူကမှ လိုက်နာမည် မဟုတ်ချေ။

နုလန်ဟောက် အိမ်တော် အတွင်းသို့ ဝင်ရောက်ပြီးနောက် မြို့ဝန် ဝေ့ချီတွမ်က စာကြည့်ခန်းသို့ သွားပြီး စာအုပ်စင်ကို တွန်းဖယ်လိုက်ရာ နံရံ တစ်ခုကို မြင်တွေ့လိုက်ရ၏။

ကြည့်ရသည်မှာ ဤနံရံ သည် သာမန် နံရံတစ်ခုနှင့် အလွန်တူပြီး ရွှေများ ဝှက်ထားသည့်ပုံ လုံးဝ မပေါ်ပေ။

ဝေ့ချီတွမ်က ဓားကို ဆွဲထုတ်၍ အပေါ်ယံရှိ ထုံးများကို ခြစ်ချလိုက်ရာ အတွင်းမှ အုတ်ခဲများကို တွေ့လိုက်ရသည်။ ထိုအုတ်ခဲများကလည်း သာမန် အုတ်ခဲများသာ ဖြစ်၏။

‘အောက်ယွီက ကျုပ်ကို လိမ်နေတာလား။ ဒါဆိုရင်တော့ သူ့ကို မညှာမတာ လုပ်ရတော့မှာပဲ။ အောက်နင်နင်ကို သံပူကပ်ပြီး ရှင်လျက်နဲ့ သေချင်စိတ် ပေါက်အောင် လုပ်ပစ်မယ်။’

အောက်နင်နင်က ငယ်ရွယ်ပြီး လှပသောကြောင့် ဝေ့ချီတွမ် အနေဖြင့် အလွန် စိတ်ဝင်စားနေမိသည်။

‘ဒီအတိုင်း သေသွားမှာတော့ တကယ် နှမြောစရာ ကောင်းတယ်။ ကျုပ်အိမ် ခေါ်သွားပြီး နေ့တိုင်း ညှဉ်းပန်းနှိပ်စက်ရင် ပိုမကောင်းဘူးလား။

ဒီလို ဂုဏ်သရေရှိ သခင်မလေးမျိုး ဆိုတာက ယောကျာ်းတိုင်း အိပ်မက် မက်တဲ့ လူမျိုးပဲ။ ပြီးတော့ အောက်နင်နင်က အရမ်း ငယ်ပြီး ဖြူစင်သေးတယ်။’

သို့ပေမည့် ဝေ့ချီတွမ် အနေဖြင့် တွေးကြည့်ရုံသာ တတ်နိုင်သည်။ ဤကဲ့သို့သော ကိစ္စမျိုးက အလွန် ကြောက်စရာ ကောင်းလွန်း၏။

ထို့အပြင် အောက်ရှင်း၏ မိသားစု တစ်ခုလုံးကို သတ်ဖြတ်ပြီး သူ၏ ဇနီးနှင့် သမီးကို ဖျက်ဆီးမည် ဆိုလျှင်တောင် သူ ဝေ့ချီတွမ်၏ အလှည့် ရောက်မည် မဟုတ်ပေ။ အထက်မှ အရေးကြီးသော သူများက အရင်ဆုံး လှုပ်ရှားကြမည်မှာ သေချာလှသည်။

ဝေ့ချီတွမ်က ဓားမြှောင်ကို ထုတ်ကာ အုတ်ခဲပေါ်သို့ ပြင်းပြင်းထန်ထန် ခုတ်ချလိုက်၏။

“ခွပ်…”

အုတ်ခဲ ကွဲထွက်သွားပြီး အလင်းရောင် တစ်ခု တောက်ပသွားသည်။

ဝေ့ချီတွမ် အလွန် ဝမ်းသာသွား၏။ အတွင်း၌ ရွှေများ တကယ် ရှိနေသည်။ အကယ်၍ ဤနံရံ တစ်ခုလုံးရှိ အုတ်ခဲများ အားလုံးတွင် ရွှေများ ဝှက်ထားမည် ဆိုပါက တကယ်ကို အကြီးအကျယ် ချမ်းသာသွားပြီ ဖြစ်၏။

ရာစုနှစ်ပေါင်းများစွာ ကြာမြင့်ခဲ့သော ဂုဏ်သရေရှိ မှူးမတ် မိသားစုများမှာ တကယ်ကို ချမ်းသာကြွယ်ဝ လှသည်။ ဤမျှလောက်သာ မကဘဲ ပို၍ အများအပြား ရှိနေဦးမည်မှာ သေချာသည်။

ထို့ကြောင့် အောက်ယွီထံမှ အခြား ရွှေများ၏ နေရာကို သိရှိနိုင်ရန် ညှဉ်းပန်းနှိပ်စက်ပြီး မေးမြန်းရမည်။ အကယ်၍ မပြောပါက သူ၏ ညီမ အောက်နင်နင်ကို နှိပ်စက်ကာ ရှင်လျက်နဲ့ သေချင်စိတ် ပေါက်အောင် လုပ်ရပေမည်။

‘သူ မပြောဘဲ နေနိုင်မလား ကြည့်ရသေးတာပေါ့။’

မြို့ဝန် ဝေ့ချီတွမ်က နံရံ တစ်ခုလုံးကို ဖြိုဖျက်ချင်စိတ်ကို အတင်း ထိန်းချုပ်ကာ နုလန်ဟောက် အိမ်တော်မှ ထွက်ခွာလာခဲ့၏။

“ဘာပဲဖြစ်ဖြစ် ရွှေတွေက ထွက်ပြေးသွားမှာမှ မဟုတ်တာ။ အခုတော့ အရေးကြီးတဲ့ကိစ္စကို အရင်ဆုံး လုပ်ဆောင်ရမယ်။”

နုလန်ဟောက်အိမ်တော်ကဲ့သို့ ခမ်းနားကြီးကျယ်လှသော အိမ်တော်ကြီးတစ်ခု ပျက်စီးခြင်းနှင့် ဖျောက်ချီ စစ်သူကြီးချုပ် တစ်ဦး ကွယ်လွန်ခြင်းတို့သည် နှစ်ပေါင်းထောင်ချီမှ တစ်ကြိမ်သာ ကြုံခဲလှသည့် အခွင့်အရေးကြီး ဖြစ်သည်။

မြို့ဝန် ဝေ့ချီတွမ်အနေဖြင့် ဤအခြေအနေကို အမိအရဆုပ်ကိုင်၍ အကြီးအကျယ် အမြတ်ထုတ်ရန် ကြံစည်နေတော့၏။

ဤတစ်ကြိမ်တွင် မျိုးဆက်များစွာ စုဆောင်းလာခဲ့သော ချမ်းသာကြွယ်ဝမှု အလုံးစုံကို သိမ်းပိုက်ရယူရန် သူ ဆုံးဖြတ်ထားသည်။

ဝေ့ချီတွမ်သည် စာပေပညာရှင် မိသားစုမှ ဆင်းသက်လာသူ ဖြစ်သော်လည်း သူ၏ လက်ထက်ရောက်မှသာ အရှိန်အဝါ ကြီးမားလာသူ ဖြစ်သောကြောင့် ငွေကြေးနှင့် အာဏာအပေါ် မက်မောတွယ်တာမှုမှာ မည်သူနှင့်မှ နှိုင်းယှဉ်၍ မရနိုင်အောင် ပြင်းထန်လှ၏။

ထို့ကြောင့် အကျိုးစီးပွားအတွက် ဆိုလျှင် စည်းကမ်းမဲ့သော လုပ်ရပ်များကို လုပ်ဆောင်ရန် သူ ဝန်လေးနေမည် မဟုတ်ပေ။

....................

အပိုင်း (၃၀၂)

ရုတ်တရက် မြို့ဝန် ဝေ့ချီတွမ်၏ အာရုံထဲတွင် မြင်ကွင်းတစ်ခု ထင်ဟပ်လာ၏။ ထိုအရာမှာ အောက်ရှင်း၏ မိသားစုဝင်များကို ကြိုးဖြင့် တင်းကျပ်စွာ တုပ်နှောင်ထားပြီး၊ ခန္ဓာကိုယ်ပေါ်တွင် ပိုက်လုံးများစွာ တပ်ဆင်ကာ လူတစ်စုက သူတို့၏ သွေးများကို အငန်းမရ စုပ်ယူနေသည့် မြင်ကွင်းဖြစ်၏။

ထိုသို့ စဉ်းစားရင်းမှ သူ၏ စိတ်ကူးယဉ်မှုများသည် ပိုမိုရိုင်းစိုင်းလာကာ နုလန်ဟောက်၏ ဇနီးနှင့် အောက်နင်နင်၏ နုနယ်သော ခန္ဓာကိုယ်များ အပေါ်တွင် မှောက်လျက် စုပ်ယူနမ်းရှိုက်နေသည့် မြင်ကွင်းများ အထိပင် စိတ်ကူးဖြင့် ကျူးလွန်မိသွား လေတော့သည်။

‘နှမြောစရာပဲ… နှမြောစရာပဲ။ ဒီမိသားစုက မျိုးဖြုတ် သတ်ဖြတ်ခံရတော့မယ် ဆိုတာ အရမ်း နှမြောစရာ ကောင်းတာပဲ။ ဒီမိန်းမ နှစ်ယောက်မှာ တစ်ယောက်က ရင့်ကျက်ပြီး တစ်ယောက်က နုနယ်တယ်။ နှစ်ယောက်လုံးက အရမ်းကို စားချင်စရာ ကောင်းတာ။ ဒီအတိုင်း သေသွားတာက အရမ်းကို နှမြောစရာ ကောင်းလွန်းတယ်။

အခု အောက်နင်နင်က အကျဉ်းထောင် ထဲမှာ ရှိနေတာပဲ။ အခွင့်ကောင်းယူ၊ တိုက်ရိုက် မေ့ဆေး ပေးပြီး ကျူးလွန်လိုက်ရင် သူမ ပြန်နိုးလာတဲ့ အချိန် နာကျင်နေရင်တောင် မပြောရဲလောက်ဘူး။ ဒါပေမဲ့ အဲဒီမတိုင်ခင် အောက်ယွီဆီကနေ တခြား ရွှေတွေရဲ့ နေရာကို အရင် မေးရအုံးမယ်။ အောက်မျိုးနွယ်စုရဲ့ လျှို့ဝှက် ပိုင်ဆိုင်မှုတွေ အားလုံးကို အကုန် ညှစ်ထုတ်ပစ်ရမယ်။’

နာရီဝက်ခန့် ကြာပြီးမှသာ မြို့ဝန် ဝေ့ချီတွမ်သည် နုလန်ဟောက် အိမ်တော်မှ ထွက်ခွာကာ ပြည်နယ် ဝန်ကြီးရုံးသို့ အလျင်အမြန် ထွက်သွားလေ၏။

ယခုအချိန်တွင် သူသည် အလွန် စိတ်လှုပ်ရှားနေသလို အလွန်လည်း ကြောက်ရွံ့နေသည်။ ကြောက်ရွံ့နေခြင်းမှာ သေချာပေါက် အောက်ယွီ ပြောခဲ့သော စကားများကြောင့် ဖြစ်၏။

အနည်းငယ် ကြောက်စရာ ကောင်းသော်လည်း ဤသည်မှာ သေခါနီး လူတစ်ယောက်၏ ခြိမ်းခြောက်မှု သက်သက်သာ ဖြစ်မည်။ သူက သေခါနီး ဖြစ်နေပြီ ဖြစ်သလို သူ၏ ညီမ အောက်နင်ကို ကယ်တင်ရန်အတွက် လျှောက်ပြောနေခြင်းသာ ဖြစ်မည်။

စိတ်လှုပ်ရှားနေခြင်းမှာ သေချာပေါက် ကြီးကျယ်သော ချမ်းသာကြွယ်ဝမှုများကို ရရှိတော့မှာ ဖြစ်သောကြောင့်ပင်။ ထို့အပြင် ယခုတစ်ကြိမ် အောက်ရှင်းကို ဖြုတ်ချရာတွင် သူလည်း ကြီးမားသော အင်အား တစ်ခု ဖြစ်ခဲ့သည်။

ဖျောက်ချီ စစ်သူကြီးချုပ်၊ ရာစုနှစ်ပေါင်းများစွာ သက်တမ်းရှိသော ဂုဏ်သရေရှိ မှူးမတ် အိမ်တော်ကို သူ ဝေ့ချီတွမ်က ဖြုတ်ချနိုင်ခဲ့ပြီး ကိုယ်တိုင် ဝင်စီးကာ မျိုးဖြုတ် သတ်ဖြတ်နိုင်ခဲ့ခြင်းက မည်မျှ ကြီးကျယ်ခမ်းနား သနည်း။

နှမြောစရာမှာ အောက်ရှင်းအား မျိုးဖြုတ် သတ်ဖြတ်ခြင်းကို ကျန်းကျိုးတွင် မဟုတ်ဘဲ မြို့တော်တွင် ပြုလုပ်မှာ ဖြစ်၏။

မဟုတ်ပါက သူ ဝေ့ချီတွမ် သည် ဖျောက်ချီ စစ်သူကြီးချုပ် တစ်ဦးကို ကိုယ်တိုင် ကွပ်မျက်ရသည့် ခံစားချက်ကို ခံစားရမှာဖြစ်သည်။

ရာစုနှစ်ပေါင်းများစွာ သက်တမ်းရှိသော ဂုဏ်သရေရှိ မှူးမတ် အိမ်တော်၊ ဖျောက်ချီ စစ်သူကြီးချုပ်၊ အင်ပါယာ၏ ပထမတန်းစား စစ်သေနာပတိ ကဲ့သို့သော အရေးပါသူ တစ်ဦးကို မျိုးဖြုတ် သတ်ဖြတ်ရခြင်းက တွေးကြည့်ရုံနှင့်ပင် စိတ်လှုပ်ရှားစရာ ကောင်းလှ၏။

...................

ကျန်းကျိုးမြို့၏ အကြီးဆုံး ပြည့်တန်ဆာရုံ၊ ချိုယွဲ့ (ဆောင်းဦး လမင်း) ပြည့်တန်ဆာရုံ..

အိမ်သာ အတွင်း၌ ၁၅ မိနစ်ခန့် ကြာပြီးနောက် မြို့ဝန် ဝေ့ချီတွမ်၏သား ဝေ့ချီယန်သည် နောက်ဆုံးတွင် အပြင်သို့ ထွက်လာကာ စားပွဲဝိုင်းသို့ ပြန်ရောက်လာသည်။

“သခင်လေး ဝေ့ချီ… ရှင် အိမ်သာထဲ ပြုတ်ကျသွားတာလား။”

ပြည့်တန်ဆာမ တစ်ဦးက ပါးစပ်ကို အုပ်ကာ ရယ်မောရင်း မေးလိုက်၏။ “ကျွန်မ နမ်းကြည့်အုံးမယ်။ အနံ့ဆိုးတွေ နံနေလားလို့..”

လူတိုင်းက ဝိုင်းဝန်း ရယ်မောလိုက်ကြသည်။

ထိုပြည့်တန်ဆာမက နမ်းကြည့်ပြီးနောက် ပြောလိုက်၏။ “မနံပါဘူး… မနံပါဘူး။ အမွှေးနံ့လေး တောင် ရနေသေးတယ်။ သေးနံ့လေး နည်းနည်း ပါတာက လွဲရင်ပေါ့။”

“ဟားဟားဟား…” လူတိုင်း ကျယ်လောင်စွာ ရယ်မောလိုက်ကြသည်။

ဝေ့ချီယန် သည် စိတ်အာရုံများ လွင့်မျောနေပြီး လူ့လောကတွင် မရှိတော့သကဲ့သို့ ဖြစ်နေ၏။

သူ၏ ခေါင်းထဲတွင် ထိုစကား တစ်ခွန်းတည်းသာ ရှိတော့၏။ အိမ်သာထဲတွင် အကြိမ်ပေါင်းများစွာ ရွတ်ဆိုခဲ့ပြီး ဦးနှောက် ဆေးခံထားရသကဲ့သို့ ဖြစ်နေသည်။

‘ပီပါ တီးသံ ကြားတာနဲ့ ခင်ဗျား ပြောလိုက်။ ပီပါက အချက်ပြသံပဲ။’

ထိုအချိန်တွင် ကျင်ရှီ တစ်ဦးက ပြောလိုက်၏။ “ပညာရှင် အပေါင်းတို့… ဒီတစ်ကြိမ် စစ်ပွဲမှာ ကျုပ်တို့ တောင်ပိုင်းကျိုးအင်ပါယာ ရှုံးနိမ့်သွားတယ်။ အနာဂတ် နှစ်အနည်းငယ် အတွင်းမှာ ကျုပ်တို့နဲ့ တာယင် အင်ပါယာ ကြားမှာ သေချာပေါက် နိုင်ငံတစ်ခုလုံး ပါဝင်တဲ့ စစ်ပွဲကြီး ဖြစ်လာတော့မယ်။

ကျုပ်တို့မှာ အချိန် နှစ်အနည်းငယ်ပဲ ရှိတော့တယ်။ နောက်နှစ်အနည်းငယ်ကြာရင် အကြီးအကျယ် အောင်ပွဲခံနိုင်အောင် ကျုပ်တို့ ဘာတွေ လုပ်သင့်လဲ။”

ယနေ့ည ကျင်းပသော စားသောက်ပွဲသည် တကယ်ကို ထူးချွန်သူများ စုဝေးရာ နေရာ ဖြစ်သည်။

စားပွဲကြီး ငါးဝိုင်းတွင် လူတစ်ရာကျော် ရှိသည်။ သုံးပုံတစ်ပုံက ကျင်ရှီများ၊ သုံးပုံတစ်ပုံက ဂုဏ်သရေရှိ မှူးမတ်မျိုးရိုးမှ လူငယ်များ၊ သုံးပုံတစ်ပုံက ကျူရန်များ ဖြစ်ကြ၏။

ကျန်းကျိုးမြို့ တစ်မြို့လုံးရှိ အထူးချွန်ဆုံးသော လူငယ်များ အားလုံး ဤနေရာတွင် ရှိနေသည်ဟု ဆိုနိုင်ပြီး ကျန်းကျိုး၏ အမြင့်ဆုံး အဆင့်ရှိသော စားသောက်ပွဲဟု သတ်မှတ်၍ ရသည်။

ဤမေးခွန်းကို ကြားချိန်မှာတော့ ထိုနေရာတွင် ရှိနေသော ကျူရန်များနှင့် ကျင်ရှီများက သူတို့၏ အမြင်များကို အသီးသီး ပြောဆိုကြလေ၏။

“ပညာတတ် အမတ်တွေကို နေရာပေးရမယ်။ ကျုပ်တို့ ပညာတတ်တွေကမှ အင်ပါယာရဲ့ အသိတရားတွေပဲ။”

“ပညာတတ်တွေက စစ်တပ်ကို အုပ်ချုပ်ရမယ်။ ကျုပ်တို့က စစ်ရေးကျမ်းတွေကို သေချာ လေ့လာထားပြီးသား။ ရင်ထဲမှာ စစ်ရေး ဗျူဟာတွေ ရှိပြီးသားပဲ။”

“ဂုဏ်သရေရှိ မှူးမတ်တွေကို ဖိနှိပ်သင့်တယ်လို့ ထင်တယ်။ သူတို့က အဆင့်မြင့် စစ်ဖက် ရာထူးတွေကို အားလုံး လက်ဝါးကြီးအုပ်ထားလို့ တကယ်တော်တဲ့ စစ်သူကြီးတွေ အများကြီးက ရှေ့တန်း မရောက်နိုင်ဘဲ နိုင်ငံတော်အတွက် အသက်ပေးချင်တဲ့ စိတ်တွေ အလကား ဖြစ်နေရတယ်။”

“ပိုင်ယင်မြို့ကို တာ့ကျိုးအင်ပါယာထဲ ဝင်လာအောင် ဆွဲဆောင်သင့်တယ်လို့ ထင်တယ်။” ရုတ်တရက် လူတစ်ယောက်က ဝင်ပြောလိုက်သည်။

ထိုစကားကို ကြားချိန်မှာတော့ လူတိုင်း အနည်းငယ် အံ့အားသင့်သွားကြ၏။

ထိုလူက ဆက်ပြောလိုက်သည်။ “ခင်ဗျားတို့ မသိလောက်ဘူး။ ပိုင်ယင်မြို့ရဲ့ လက်နက်တွေ၊ သိုင်းပညာတွေ၊ သံချပ်ကာတွေက အကောင်းဆုံးတွေပဲ။ ပြီးတော့ ပိုင်ယင်မြို့က ကျုပ်တို့ တာ့ကျိုးနဲ့ ဆက်ဆံရေး အရမ်း ကောင်းတယ်။

ပိုင်ယင်မြို့ကို တာ့ကျိုး စစ်တပ်ထဲ ဝင်လာအောင် လုပ်နိုင်ရင်၊ ဒါမှမဟုတ် တာ့ကျိုး စစ်တပ်တွေကို ပိုင်ယင်မြို့က လေ့ကျင့်ပေးနိုင်ရင် စစ်တိုက်နိုင်စွမ်းတွေ အများကြီး တက်လာပြီး တာယင်အင်ပါယာကို သေချာပေါက် အနိုင်ယူနိုင်မှာပဲ။”

ဤအကြံဉာဏ်က အလွန် ဆန်းသစ်ပြီး ထူးခြားသည်ဟု ဆိုနိုင်သော်လည်း ကြီးကျယ်ခမ်းနားလှသည်တော့ မဟုတ်ပေ။

ထို့နောက် လူတစ်ယောက်က မေးလိုက်၏။ “သခင်လေး ဝေ့ချီယန်… ခင်ဗျား ပြောကြည့်ပါအုံး။ နောက်လာမယ့် နှစ်အနည်းငယ်မှာ ကျုပ်တို့ ဘာလုပ်သင့်လဲ။

ပိုင်ရှင်မဲ့နယ်မြေကို ဆုံးရှုံးလိုက်ရလို့ မဟာဗျူဟာအရ အောက်ခြေကို ရောက်သွားပြီ။ နှစ်အနည်းငယ် နေရင် ဖြစ်လာမယ့် နိုင်ငံ တစ်ခုလုံး ပါဝင်တဲ့ စစ်ပွဲကြီးမှာ တာယင်အင်ပါယာကို အနိုင်ယူနိုင်အောင် ကျုပ်တို့ ဘာတွေ လုပ်သင့်လဲ။”

ထိုအချိန်တွင် နားကွဲမတတ် ဆူညံသော ပီပါ တီးသံ တစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။

ဝေ့ချီယန် သည် ကြောက်မက်ဖွယ် ကောင်းသော အဆိပ်ကို ရှူရှိုက်ထားရသူ ဖြစ်သည်။ မေ့ဆေးထက် ဆယ်ဆခန့် ပိုမို ပြင်းထန်သော ဆေးဖြစ်၏။

အပြင်ပန်းတွင် အရက်မူးနေသကဲ့သို့ ဖြစ်နေပြီး စိတ်အာရုံများ ဝေဝါးနေသော်လည်း သူ၏ တစ်ကိုယ်လုံးသည် ထိန်းချုပ်မှု ကင်းမဲ့နေပြီ ဖြစ်သည်။

‘ပီပါ တီးသံ ထွက်လာပြီ။ အချက်ပြသံ လာပြီ။ အချက်ပြသံ လာပြီ။’

ဘေးမှ လူက ဆက်မေး၏။ “သခင်လေး ဝေ့ချီယန်… ခင်ဗျား အဖေက ကျန်းကျိုး မြို့ဝန်ဖြစ်ပြီး အမတ်ချုပ်ကြီးလင်ရဲ့ တပည့်လည်း ဖြစ်တယ်။ ဒါကြောင့် ခင်ဗျားမှာ ပိုကောင်းတဲ့ နည်းလမ်းတွေ ရှိမှာ သေချာတယ်။ အားလုံး အံ့အားသင့်သွားအောင် ပြောပြပါအုံး။ ကျုပ်တို့ တာ့ကျိုးအင်ပါယာက အခြေအနေကို ပြန်လည် ကယ်တင်နိုင်အောင် ဘယ်လို လုပ်ရမလဲ။”

ဝေ့ချီယန်က ရုတ်တရက် မတ်တတ်ရပ်လိုက်ပြီး အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။ “ကျုပ်မှာ အခြေအနေတွေကို ပြောင်းပြန်လှန်နိုင်မယ့် အကြံဉာဏ် တစ်ခု ရှိတယ်။”

လူတိုင်း နားစွင့်လိုက်ကြပြီး ဝေ့ချီယန်ကို ဝိုင်းကြည့်လိုက်ကြ၏။

ဝေ့ချီယန်က အသံကျယ်ကျယ်ဖြင့် အော်ဟစ်လိုက်သည်။ “ဧကရာဇ် ဝမ်ယွင်က အသုံးမကျဘူး။ ဧကရာဇ်ဟောင်းဆီ အာဏာ ပြန်လွှဲပေး..”

ထိုစကား ထွက်ပေါ်လာသည်နှင့် တပြိုင်နက် တစ်နေရာလုံး ကြောက်လန့်စရာကောင်းလောက်အောင် တိတ်ဆိတ်သွားပြီး လူတိုင်း ဘာမှ မတုံ့ပြန်နိုင်တော့ပေ။

မျက်စိတစ်မှိတ် အတွင်းမှာပင် ကြောက်မက်ဖွယ် ကောင်းသော ဗုံးကြီးတစ်လုံး ရုတ်တရက် ပေါက်ကွဲသွား သကဲ့သို့ ဖြစ်သွား၏။

လူတိုင်း လုံးဝ အံ့အားသင့် မှင်သက်သွားကြသည်။

ဝေ့ချီယန် သည် ရူးသွပ်နေသကဲ့သို့ စားပွဲပေါ်သို့ တက်ရပ်လိုက်ပြီး အသံကျယ်ကျယ်ဖြင့် အော်ဟစ်လေသည်။

“ဧကရာဇ်ဝမ်ယွင်က အသုံးမကျတဲ့အတွက် မနှစ်က စစ်ပွဲမှာ ရှုံးနိမ့်ခဲ့ရတာ။ ကျုပ်တို့ တာ့ကျိုးအင်ပါယာရဲ့ ပိုင်ရှင်မဲ့နယ်မြေကို ဆုံးရှုံးခဲ့ရတာ။

ဧကရာဇ်ဟောင်း အုပ်ချုပ်ခဲ့တုန်းက ကျုပ်တို့ တာ့ကျိုးရဲ့ နိုင်ငံတော် အင်အားက ဘယ်လောက်တောင် ကြီးမားခဲ့လဲ။ ဘယ်လောက်တောင် တိုးတက်ခဲ့လဲ။ အခု ဧကရာဇ် ဝမ်ယွင် နန်းတက်လာတာ နှစ်အနည်းငယ်ပဲ ရှိသေးတယ်၊ တာ့ကျိုးအင်ပါယာက ဒီလောက်တောင် ကျဆင်းသွားပြီ။

အခြေအနေတွေကို ပြန်လည်ကယ်တင်ချင်ရင်၊ နှစ်အနည်းငယ်နေရင် ဖြစ်လာမယ့် နိုင်ငံ တစ်ခုလုံး ပါဝင်တဲ့ စစ်ပွဲကြီးမှာ တာယင်အင်ပါယာကို အနိုင်ယူချင်ရင် လမ်း တစ်လမ်းပဲ ရှိတယ်။ ဧကရာဇ် ဝမ်ယွင် ရာထူးကနေ ဆင်းပေးပြီး ဧကရာဇ်ဟောင်းဆီ အာဏာ ပြန်လွှဲပေးရမယ်။ ဧကရာဇ်ဟောင်း တစ်ယောက်တည်းကသာ ဉာဏ်ပညာ ကြီးမားတာ။”

‘ကျွတ်... ကျွတ်... ကျွတ်... ဒီစကားတွေကို ဟို လျှို့ဝှက်ဆန်းကြယ်တဲ့ လူက သင်ပေးခဲ့တာ မဟုတ်ဘူးနော်။ သူကိုယ်တိုင် ဖန်တီး ပြောဆိုနေတာ။’

“တာ့ကျိုးအင်ပါယာကို ကယ်တင်ချင်ရင် ဧကရာဇ် ဝမ်ယွင် သေချာပေါက် ရာထူးကနေ ဆင်းပေးရမယ်။ ဧကရာဇ်ဟောင်းဆီ အာဏာ ပြန်လွှဲပေး… ဧကရာဇ်ဟောင်းဆီ အာဏာ ပြန်လွှဲပေး” ဝေ့ချီယန်က စားပွဲပေါ်တွင် မတ်တတ်ရပ်ကာ လက်သီးလက်မောင်းတန်းလျက် အော်ဟစ်နေလေ၏။

တစ်နေရာလုံး ကြောက်လန့်လွန်းသောကြောင့် တိတ်ဆိတ်နေဆဲဖြစ်ပြီး ထိုနေရာတွင် ရှိနေသော ကျင်ရှီများ အားလုံး၊ ကျူရန်များ အားလုံး မျက်နှာများ ဖြူရော်ကာ တစ်ကိုယ်လုံး ချွေးစေးများ ထွက်လာကြသည်။

“ရှဲ... ရှဲ... ရှဲ…”

ရုတ်တရက် ရေစီးသံများ ထွက်ပေါ်လာသည်။ လူအချို့ ကြောက်လန့်လွန်းသောကြောင့် သေးထွက်ကျသွားသောကြောင့် ဖြစ်၏။

‘မျိုးဖြုတ် သတ်ဖြတ်ခံရမယ့် ဘေးအန္တရာယ်ကြီးပဲ။ မျိုးဖြုတ် သတ်ဖြတ်ခံရမယ့် ဘေးအန္တရာယ်ကြီးပဲ။’

ထိုနေရာတွင် ရှိနေသော ကျင်ရှီ အားလုံး၊ ကျူရန် အားလုံးနှင့် ဂုဏ်သရေရှိ မှူးမတ်မျိုးရိုးမှ လူငယ်များ အားလုံး အချင်းချင်း ကြည့်လိုက်ကြပြီး အတွင်းစိတ်ထဲမှ အလွန် ကြောက်ရွံ့တုန်လှုပ်နေသော အကြည့်များကို ဖလှယ်လိုက်ကြသည်။

ယခုတစ်ကြိမ် နှစ်နိုင်ငံ ဆွေးနွေးပွဲ ပျက်ပြားသွားပြီး တာယင်အင်ပါယာ ဧကရာဇ်က ပိုင်ရှင်မဲ့နယ်မြေကို တရားဝင် သိမ်းပိုက်ကြောင်း တစ်လောကလုံးသို့ ကြေညာလိုက်ပြီဖြစ်ရာ တောင်ပိုင်းကျိုးအင်ပါယာ တစ်ခုလုံး အရေးပေါ် အခြေအနေသို့ ရောက်ရှိနေပြီ ဖြစ်၏။

နိုင်ငံရေး မုန်တိုင်းကြီး ရောက်လာတော့မည်ကို လူတိုင်း သိရှိထားကြသည်။

ကံကောင်းလျှင် အောက်ရှင်း တစ်ယောက်တည်း သေရုံဖြင့် လုံလောက်သော မုန်တိုင်းငယ်လေး တစ်ခုသာ ဖြစ်မည်။

ကံမကောင်းလျှင် ကြောက်မက်ဖွယ် ကောင်းသော မုန်တိုင်းကြီး ဖြစ်လာမှာဖြစ်ပြီး လူမည်မျှ သေဆုံးရမည်ကို မသိနိုင်တော့ပေ။

ထိုမုန်တိုင်းကြီးကို ဖြစ်ပေါ်စေမည့် ဗုံးကြီးက မည်သည့်အရာနည်း။ ဧကရာဇ်ဟောင်းထံ အာဏာ ပြန်လွှဲပေး ဟူသော စကား ပင်ဖြစ်၏။

ဤဗုံးကြီးသာ ပေါက်ကွဲသွားပါက တစ်လောက လုံးဝ ကမောက်ကမ ဖြစ်သွားမှာဖြစ်သည်။

ဤသို့သော အခြေအနေမျိုး မဖြစ်ပေါ်စေရန်အတွက် ဧကရာဇ်သည် အင်ပါယာ တစ်ခုလုံးကို စောင့်ကြည့်ရန် သူလျှို အများအပြားကို စေလွှတ်ထား၏။

ယွဲ့တန်းဖျင် အဖွဲ့အစည်း အားလုံး နှုတ်ဆိတ်သွားပြီး တံခါးပိတ်၍ အမှားပြင်ဆင်နေကြရသည်။

ထိန်းချုပ်၍ မရနိုင်သော နာမည်ကြီး ပညာတတ်များ အားလုံးကို ယန်သမိုင်း ရေးသားရန် အကြောင်းပြချက်ဖြင့် မြို့တော်သို့ ခေါ်ဆောင်ကာ နိုင်ငံတော် သမိုင်းပြတိုက် အတွင်း၌ ပိတ်လှောင်ထား လိုက်၏။

ကျင်ရှီများ၊ ကျူရန်များနှင့် ရှို့ချိုင်များ အားလုံးကိုလည်း သတိပေးထားပြီး ဖြစ်သည်။

ဧကရာဇ်မင်းမြတ်သည် သူ၏ စွမ်းအား အားလုံးကို အသုံးပြုကာ အင်ပါယာ တစ်ခုလုံး၏ ထင်မြင် ယူဆချက်များကို ထိန်းချုပ်ထားပြီး ဤနိုင်ငံတော်စစ်ပွဲ ရှုံးနိမ့်မှု၏ အကျိုးဆက်များကို အေးချမ်းစွာ ဖြေရှင်းနိုင်ရန် ကြိုးစားနေခြင်း ဖြစ်၏။

အပြင်းစား ထိုးနှက်မှု မဖြစ်စေဘဲ အပျော့စား ထိုးနှက်မှုသာ ဖြစ်စေချင်သည်။ အောက်ရှင်း တစ်ယောက်တည်းကိုသာ ဖယ်ရှားပြီး တစ်လောကကို ဖြေရှင်းချက် ပေးရန် ဖြစ်၏။ သို့ပေမည့် ယခုအခါ အပြင်းစား ထိုးနှက်မှု မဟုတ်တော့ဘဲ လုံးဝ ပေါက်ကွဲထွက်သွားပြီ ဖြစ်သည်။

..............

All Chapters