← Chapters

အခန်း (၅၁၇-၅၁၉)

Vol. 35 Ch. 517-519

အခန်း (၅၁၇-၅၁၉)

Vol. 35 Ch. 517-519

အခန်း (၅၁၇) - အခြေခံအုတ်မြစ် အလားအလာ၊ ကျီဇီလင်း၏ တုန်လှုပ်မှု၊ အခမ်းအနား စတင်ခြင်း

~ကျီဇီလင်း ရှက်သွေးဖြာပြီး ပြေးထွက်သွားသည်ကို ကြည့်ရင်း၊ ယဲ့ဖုန်း အားရပါးရ ရယ်လိုက်သည်။

“ဒီကောင်မလေး... မှတ်ပြီလား...”

“ဂိုဏ်းချုပ်ရဲ့ မျက်နှာကို မင်း ကြိုက်သလို လာဆွဲလို့ ရမလား...”

“ဒါပေမဲ့ တကယ် ပြောရရင်... ဇီလင်းရဲ့ အသားအရေက တော်တော် ကောင်းတာပဲ... သူ ဘာတွေ သုံးပြီး ထိန်းသိမ်းထားတာလဲ... ဒါမှမဟုတ် ကျင့်ကြံပြီးတာနဲ့ အသားအရေက အလိုလို ဒီလောက် ကောင်းသွားတာများလား...”

ယဲ့ဖုန်း မျက်ခုံးပင့်လိုက်ပြီး အတွေးထဲတွင် မျောပါသွားသည်။

သိုင်းကျမ်းဆောင်တွင်...

ကျီဇီလင်း၏ မျက်နှာတစ်ခုလုံး လည်ပင်းထိ နီရဲနေပြီး၊ နှလုံးခုန်သံများ မြန်ဆန်နေသည်။ သူမ ထိုင်ခုံတွင် ထိုင်နေသော်လည်း အကြာကြီး ဂနာမငြိမ် ဖြစ်နေ၏။

ခဏကြာသောအခါ...

သူမ ခေါင်းငုံ့လိုက်ပြီး ယဲ့ဖုန်း ပေးလိုက်သော ရှေးဟောင်း စာအုပ်ကို ကြည့်လိုက်သည်။

“အခြေခံအုတ်မြစ် အလားအလာ သိုင်းကျမ်း” ဟူသော ခေါင်းစဉ်က ကျီဇီလင်း၏ သိချင်စိတ်ကို လှုံ့ဆော်ပေးလိုက်သည်။

“ဒါ ဘယ်လို ကျင့်စဉ်မျိုးလဲ...”

ကျီဇီလင်းသည် စာမျက်နှာကို ကပျာကယာ လှန်ကြည့်လိုက်၏။

“ရှူး...”

ကျီဇီလင်း အသက်ပြင်းပြင်း ရှူလိုက်မိပြီး၊ မတ်တတ်ရပ်ကာ စာမျက်နှာပေါ်ရှိ စာသားများကို မျက်လုံးပြူးပြီး ကြည့်နေမိသည်။

'ဒီကျင့်စဉ်က... အခြေခံအုတ်မြစ်ရဲ့ အလားအလာကို လှုံ့ဆော်ပေးနိုင်တာပဲ..'

ပထမဦးစွာ “အခြေခံအုတ်မြစ် အလားအလာ သိုင်းကျမ်း” ကို အဆင့် (၃) ဆင့် ခွဲခြားထားသည်။ ၎င်း၏ အနှစ်သာရမှာ ရှေးဟောင်း ဝင်္ကပါ မျဉ်းကြောင်းများကို အသုံးပြု၍ ချီပင်လယ် နှင့် သွေးကြောများထဲတွင် ကမ္ပည်းတင်ကာ၊ ကျင့်ကြံခြင်း အရှိန်ကို မြှင့်တင်ပေးပြီး အလားအလာကို နှိုးဆွပေးခြင်း ဖြစ်၏။

ပထမအဆင့် ပြီးပြည့်စုံသွားပါက၊ သွေးကြော လည်ပတ်မှု အရှိန် (၅၀) ရာခိုင်နှုန်း တိုးလာပြီး၊ ကျင့်ကြံခြင်း အရှိန်လည်း (၅၀) ရာခိုင်နှုန်း မြင့်တက်လာမည်။ ဒုတိယအဆင့် ပြီးပြည့်စုံသွားပါက၊ သွေးကြော လည်ပတ်မှု အရှိန် (၂) ဆ တိုးလာပြီး၊ ကျင့်ကြံခြင်း အရှိန်လည်း (၂) ဆ မြင့်တက်လာမည်။

တတိယအဆင့် ပြီးပြည့်စုံသွားပါက၊ နက်ရှိုင်းစွာ စုဆောင်းထားသော စွမ်းအင်များကို အမြင့်ဆုံးအထိ ပေါက်ကွဲစေပြီး၊ အခြေခံအုတ်မြစ် အလားအလာကို လှုံ့ဆော်ပေးနိုင်ကာ၊ အချိန်ကြာမြင့်စွာ ထိန်းသိမ်းထားနိုင်ပါက မိမိ၏ အခြေခံအုတ်မြစ် အဆင့်ကိုပါ မြှင့်တင်ပေးနိုင်မည့် မျှော်လင့်ချက် ရှိ၏။

“ဂိုဏ်းချုပ် ဖြစ်ရတာ တန်ပါပေတယ်... ဒီလောက် ထူးခြားဆန်းကြယ်တဲ့ အထောက်အကူပြု ကျင့်စဉ်မျိုးကိုတောင် တွက်ချက်နိုင်တယ် ဆိုတော့... တကယ်ကို အံ့မခန်းပဲ...”

အခြေခံအုတ်မြစ် အလားအလာကို လှုံ့ဆော်ပေးခြင်း ဆိုသည်မှာ တားမြစ်ချက် တစ်ခု ဖြစ်သည်။ သို့သော် ယဲ့ဖုန်းက ထိုတားမြစ်ချက်ကို ချိုးဖျက်နိုင်ခဲ့သည်။

ကျီဇီလင်း၏ အမြင်တွင် သူသည် အလွန် စွမ်းအားကြီးမားလွန်း၏။

“ဒါပေမဲ့ ‘အခြေခံအုတ်မြစ် အလားအလာ သိုင်းကျမ်း’ကို ကျင့်ကြံသူတိုင်း အခြေခံအုတ်မြစ် အလားအလာကို လှုံ့ဆော်နိုင်မှာ မဟုတ်ဘူး... ဒါက ကံတရားနဲ့လည်း ဆိုင်တယ်... ဒါပေမဲ့ ဒုတိယအဆင့် အထိ ရောက်အောင် ကျင့်ကြံနိုင်ရင်တောင်မှ ကျင့်ကြံခြင်း အရှိန်က (၂) ဆ တိုးလာမှာဆိုတော့... ဒါက သိသာထင်ရှားတဲ့ တိုးတက်မှုကြီး တစ်ခုပဲ...”

ကျီဇီလင်း တိတ်တဆိတ် ရေရွတ်လိုက်သည်။

သူမမှာ ထိပ်တန်း အရည်အသွေး အခြေခံအုတ်မြစ် ရှိသည်။

သူမသာ “

အကယ်၍၊ အခြေခံအုတ်မြစ် အလားအလာ သိုင်းကျမ်း” ကို ဒုတိယအဆင့် အထိ ကျင့်ကြံနိုင်ခဲ့လျှင်၊ သူမရဲ့ ကျင့်ကြံခြင်း အရှိန်က (၂) ဆ တိုးလာပြီး အဆင့်တွေကို ပိုမြန်မြန် ချိုးဖျက်ဝင်ရောက်နိုင်လိမ့်မည်။

အခြေခံအုတ်မြစ် အလားအလာ အတွက်ကတော့...

တကယ်လို့ သူမသာ လှုံ့ဆော်နိုင်ခဲ့ပြီး ထိပ်တန်း အရည်အသွေး ကနေ ပိုမြင့်သည့် နတ်ဘုရား အဆင့် အား ချိုးဖျက်ဝင်ရောက်နိုင်ခဲ့လျှင်၊ ဒါက တကယ့်ကို ကြောက်စရာ ကောင်းသွားပြီ ဖြစ်သည်။

“ဒီကျင့်စဉ်က သိပ်ကောင်းတာပဲ...”

ကျီဇီလင်း စတင် ကျင့်ကြံလိုက်၏။

'ဒီကျင့်စဉ်အတွက် စမ်းသပ်ခံ ဂီနီဝက် လိုအပ်တယ် ဆိုရင်၊ အဲဒီ ဂီနီဝက်က ဘာလို့ ငါ မဖြစ်ရမှာလဲ...'

'အခြေခံအုတ်မြစ် အလားအလာကို လှုံ့ဆော်ပေးမယ့် ဒီလို ကြီးလေးတဲ့ တာဝန်ကို ငါ အရင်ဆုံး စမ်းသပ်ကြည့်လိုက်မယ်...'

ကျီဇီလင်း စိတ်ထဲတွင် တွေးလိုက်သည်။

ပက်လက်ကုလားထိုင်ပေါ်တွင်...

ယဲ့ဖုန်းသည် ကောင်းကင်မေးမြန်း ကြေးမုံပြင် မှတဆင့် ထိုမြင်ကွင်းကို ကြည့်ရင်း တခစ်ခစ် ရယ်လိုက်သည်။ ကျီဇီလင်း၏ အတွင်းစိတ် ဒရာမာက တကယ်ကို ကြည့်ကောင်းကြောင်း သူ သိလိုက်ရ၏။

“ဒါပေမဲ့ ဇီလင်းကို အရင် ကျင့်ကြံခိုင်းတာ ကောင်းပါတယ်... ဘာပဲပြောပြော သူက ထိပ်တန်း အရည်အသွေး အခြေခံအုတ်မြစ် ရှိတဲ့ ပါရမီရှင်လေ... ဉာဏ်အလင်းပွင့်မှုလည်း မြင့်မားတော့ ကျင့်ကြံတာ အရမ်း မြန်လိမ့်မယ်...”

ယဲ့ဖုန်း ရေရွတ်လိုက်သည်။

*

သိုင်းကျမ်းဆောင် အတွင်းတွင်...

တပည့်အများအပြား ဝင်ထွက်သွားလာနေကြ၏။ သူတို့သည် ကျီဇီလင်း စားပွဲပေါ်တွင် မှောက်လျက်၊ ရှေးဟောင်း စာအုပ်တစ်အုပ်ကို မျက်လုံးပြူးပြီး ကြည့်နေသည်ကို တွေ့လိုက်ရသည်။ ရံဖန်ရံခါ ခက်ခဲသော ပြဿနာတစ်ခုနှင့် ကြုံတွေ့ရသကဲ့သို့ သူမ၏ မျက်ခုံးများ တွန့်ချိုးသွားတတ်၏။

“စီနီယာအစ်မ ဇီလင်းမှာ ထိပ်တန်း အရည်အသွေး အခြေခံအုတ်မြစ် ရှိတယ်လို့ ကြားတယ်... သူတောင် အခက်တွေ့နေရတယ် ဆိုမှတော့၊ အဲဒီ ပြဿနာက မသေးလှဘူး ထင်တယ်...”

“ဖြစ်နိုင်တာပဲ...”

တပည့်များသည် သူမကို မနှောင့်ယှက်ရဲကြပေ။

“ဖြောင်း...”

ရုတ်တရက် ကျီဇီလင်း စားပွဲကို ရိုက်ချလိုက်ပြီး အော်ဟစ်လိုက်၏။

“ငါ သိပြီ... ဒီလို ကျင့်ကြံရမှာကိုး...”

သူမသည် ချက်ချင်း တင်ပျဉ်ခွေထိုင်လိုက်ပြီး ကျင့်ကြံခြင်း အခြေအနေသို့ ဝင်ရောက်သွားသည်။ မရေမတွက်နိုင်သော ရှေးဟောင်း သင်္ကေတများ သူမ၏ ဘေးပတ်လည်တွင် ပေါ်ထွက်လာပြီး၊ ချီပင်လယ် နှင့် သွေးကြောများ အတွင်းသို့ တိုးဝင်သွားသည်။ ထိုအခိုက်၊ လိမ်ဖယ်နေသော နာကျင်မှုကို ခံစားလိုက်ရသော်လည်း၊ သူမ အံကြိတ်ပြီး သည်းခံနေ၏။

“မန္တန် တစ်မျိုးမျိုး ကျင့်ကြံနေတာလား...”

“ကြည့်စမ်း... စီနီယာအစ်မ ဇီလင်း ချွေးတွေ ထွက်နေပြီ... ပြီးတော့ အံကြိတ်ပြီး သည်းခံနေရပုံရတယ်... တော်တော် နာကျင်နေပုံပဲ...”

“ရှူး... တိုးတိုးနေကြ...”

တပည့်များ ချက်ချင်း အသက်အောင့်ထားလိုက်ကြသည်။ နာရီဝက် ကြာပြီးနောက်...

ကျီဇီလင်း အသက်ပြင်းပြင်း ရှူလိုက်သည်။ သူမ၏ ကျင့်ကြံခြင်း အရှိန်သည် (၃၀) ရာခိုင်နှုန်း တိုးတက်လာပြီး၊ ပထမအဆင့် ပြီးပြည့်စုံရန် နီးစပ်နေပြီ ဖြစ်ကြောင်း ခံစားလိုက်ရ၏။

“ဆက်ပြီး ကျင့်ကြံမယ်...”

ကျီဇီလင်း မျက်လုံးမှိတ်ပြီး ပြန်လည် စတင်လိုက်သည်။

ထိုနေ့ နေ့လည်ခင်းတွင်...

“အခြေခံအုတ်မြစ် အလားအလာ သိုင်းကျမ်း” ရေးသားထားသော ရှေးဟောင်း စာအုပ်ကို ပိုက်လျက်၊ ကျီဇီလင်းသည် ယဲ့ဖုန်း၏ ရှေ့မှောက်သို့ ရောက်ရှိလာသည်။ သူမ၏ တစ်ကိုယ်လုံးတွင် ချွေးများ ရွှဲနစ်နေပြီး၊ တောင်တစ်လုံးကို ထမ်းကာ မိုင် (၃၀၀၀) လောက် ပြေးလာရသကဲ့သို့ ပင်ပန်းနွမ်းနယ်နေ၏။

“ဂိုဏ်းချုပ်... သမီး... သမီး ပထမအဆင့် ပြီးပြည့်စုံသွားပြီ...”

ကျီဇီလင်း အမောတကော ပြောလိုက်ပြီး၊ ယဲ့ဖုန်း၏ ဘေးရှိ ကြိမ်ကုလားထိုင်ပေါ်သို့ ပစ်လှဲချလိုက်သည်။ သူမ၏ ချောမောလှပသော မျက်နှာလေးပေါ်တွင် ချွေးစလေးများ တွဲခိုနေ၏။

“နေ့တစ်ဝက် အတွင်းမှာ ပထမအဆင့် ပြီးပြည့်စုံသွားတာလား... မဆိုးဘူး...”

ယဲ့ဖုန်း ချီးကျူးလိုက်သည်။

ဒီအရှိန်က တော်တော် မြန်နေပြီလေ။

“ကဲ... အခု ဘယ်လို ခံစားရလဲ...”

ယဲ့ဖုန်း ဆက်မေးလိုက်၏။

“မင်းရဲ့ ပါရမီနဲ့ဆိုရင် (၃) ရက်အတွင်း ဒုတိယအဆင့် ပြီးပြည့်စုံအောင် သေချာပေါက် ကျင့်ကြံနိုင်မှာပါ... ပုံမှန်ဆိုရင် မင်းရဲ့ ကျင့်ကြံခြင်း အရှိန်က (၂) ဆ တိုးလာလိမ့်မယ်... တကယ်လို့ ဝိညာဉ်စွမ်းအင်စုစည်းခြင်း မျှော်စင် ထဲ ဝင်လိုက်ရင်တော့၊ ကျင့်ကြံခြင်း အရှိန်က ပုံမှန်ထက် အနည်းဆုံး (၁၀) ဆမက ပိုမြန်သွားလိမ့်မယ်...”

ကျီဇီလင်း ခေါင်းငြိမ့်လိုက်၏။

“အရမ်း ကောင်းတယ်လို့ ခံစားရပါတယ်...”

သူမ ခဏမျှ တုံ့ဆိုင်းနေပြီးမှ ထပ်ပြောသည်။

“ပြီးတော့... ‘အခြေခံအုတ်မြစ် အလားအလာ သိုင်းကျမ်း’ ကို ကျင့်ကြံပြီးတဲ့နောက်၊ သမီးရဲ့ သွေးကြောတွေနဲ့ ချီပင်လယ်က ပိုပြီး ဖွံ့ဖြိုးလာတယ်... အထူးစွမ်းအင်တွေ အများကြီး သိုလှောင်ထားနိုင်တယ်... အချိန်တန်ရင် အခြေခံအုတ်မြစ် အလားအလာကို မြှင့်တင်ရာမှာ တကယ်ပဲ အထောက်အကူ ပြုနိုင်လိမ့်မယ်...”

“မှန်တယ်... အဓိကက စုဆောင်းမှုပဲ...”

ယဲ့ဖုန်း ပြုံးရင်း ပြန်ပြောလိုက်၏။

ချီပင်လယ် နှင့် သွေးကြောများထဲတွင် ကမ္ပည်းတင်ထားသော ရှေးဟောင်း သင်္ကေတများသည် အံ့မခန်း စွမ်းအားများ ပါဝင်ပြီး၊ ဘက်ပေါင်းစုံမှ အကျိုးပြုစေကာ ဘာဆိုးကျိုးမှ မရှိပေ။

လုံလောက်သော စုဆောင်းမှု ရှိလာပါက၊ အရည်အသွေး ပြောင်းလဲမှုကို ဖြစ်ပေါ်စေနိုင်သည်။

“ကောင်းပြီ... ဆက်ပြီး ကျင့်ကြံပါ... မင်း ဒုတိယအဆင့်... ဒါမှမဟုတ် အဲဒီထက် မြင့်တဲ့အဆင့် ရောက်သွားပြီဆိုရင်၊ ဒီ အထောက်အကူပြု ကျင့်စဉ်ကို ဂိုဏ်းအတွင်းမှာ တရားဝင် ဖြန့်ချိပေးလိုက်မယ်...”

ယဲ့ဖုန်းက အဓိပ္ပာယ်ပါပါ ကြည့်ရင်း ပြောလိုက်၏။

“ဟုတ်ကဲ့ပါ...”

ကျီဇီလင်း ခေါင်းငြိမ့်လိုက်သည်။ သို့သော် မကြာမီ သူမ တိုးတိုးလေး ရေရွတ်လိုက်၏။

“ဂိုဏ်းချုပ်... မူရင်း လက်ရေးစာမူကို သမီးလက်ထဲ ဒီအတိုင်း ထည့်ပေးလိုက်တော့... တခြားသူတွေ ခိုးယူသွားမှာ စိတ်မပူဘူးလား...”

“စိတ်ပူစရာ မလိုပါဘူး...”

ယဲ့ဖုန်း ခေါင်းခါလိုက်သည်။

သူက ဒီ အထောက်အကူပြု ကျင့်စဉ်ကို တစ်ယောက်ယောက် ခိုးယူသွားမှာ မကြောက်ပေ။

ဘာကြောင့်လဲဆိုတော့ သူ ထောင်ချောက် ဆင်ထားပြီးသားလေ။ စနစ်က အသိအမှတ် မပြုထားသည့် သူ... ဥပမာ ဝိညာဉ်ဝါးမြို မျိုးနွယ်စုက သူလျှို ဝမ်ရွှမ်ဖင်း လို လူမျိုးဆိုလျှင်... ကျင့်စဉ်ရဲ့ အကြောင်းအရာကို တစ်သက်လုံး မှတ်မိနိုင်မှာ မဟုတ်သလို၊ အောင်မြင်အောင် ကျင့်ကြံနိုင်ဖို့ဆိုတာ ဝေလာဝေးပင်။

“ဪ... ကောင်းပါပြီ...”

ယဲ့ဖုန်း ဘာကြောင့် ဒီလောက် ယုံကြည်ချက် ရှိနေလဲ ဆိုတာ ကျီဇီလင်း မသိပေ။

‘ဒါပေမဲ့ သူပြောမှတော့ ပြဿနာ မရှိလောက်ပါဘူးလေ။’

ဝှီး...

ကျီဇီလင်းသည် သိုင်းကျမ်းဆောင်ဆီသို့ ပြန်ပြေးသွားပြီး၊ ဆက်လက်၍ ပြင်းပြင်းထန်ထန် ကျင့်ကြံတော့၏။

ယဲ့ဖုန်း မတ်တတ်ရပ်လိုက်သည်။

သူ့ဘေးနားတွင် တချွင်ချွင် မြည်နေဆဲ ဖြစ်သော သံရည်ကျိုမီးဖိုအား ကြည့်လိုက်ပြီး၊ မျက်ခုံးပင့်လိုက်၏။

“ဒီလောက်တောင် ကြာတာလား...”

“ဂလွမ်..”

ရုတ်တရက် မီးဖိုအဖုံး ပွင့်ထွက်သွားပြီး ကောင်းကင်ယံသို့ ပျံတက်သွားသည်။

ပြုပြင်မွမ်းမံထားသော သွေးနီရောင် လှံတံရှည်သည် အတွင်းမှ ပျံထွက်လာပြီး၊ ယဲ့ဖုန်း၏ ရှေ့တွင် ကန့်လန့်ဖြတ် ဝဲပျံနေ၏။ ၎င်း၏ မျက်နှာပြင်ပေါ်တွင် ရှေးဟောင်း ဝင်္ကပါ မျဉ်းကြောင်းများ ပိုမို များပြားလာပြီး၊ မီးလုံးတစ်လုံးကဲ့သို့ မှိန်ဖျဖျ ရွှေရောင် အလင်းတန်းများ လွှမ်းခြုံထားသည်။

“ဝှီး…”

သံရည်ကျိုမီးဖိုသည် အဖုံးပြန်ပိတ်သွားပြီး လက်ဝါးအရွယ်အစားသို့ ကျုံ့သွားကာ၊ စနစ်နေရာလပ် အတွင်းသို့ ပျောက်ကွယ်သွားသည်။

(ပင်ပန်းလိုက်တာ..)

ယဲ့ဖုန်းသည် သံရည်ကျိုမီးဖိုဆီမှ အတွေးလှိုင်းတစ်ခုကို လက်ခံရရှိလိုက်လေ၏။

“ဒီကောင်...”

ဝိညာဉ်ရတနာ အဖြစ် အဆင့်တက်သွားပြီးနောက်၊ သံရည်ကျိုမီးဖိုသည် ဉာဏ်ရည် အနည်းငယ် ပေါ်ပေါက်လာပြီး၊ ပင်ပန်းကြောင်းကိုပင် ထုတ်ဖော် ပြောဆိုတတ်နေပြီ ဖြစ်ကြောင်း ယဲ့ဖုန်း သဘောပေါက်လိုက်သည်။

'သူ အလုပ် အပါးခိုတော့မှာ မဟုတ်ပါဘူးနော်...'

ယဲ့ဖုန်း မရေရွတ်ဘဲ မနေနိုင် ဖြစ်သွား၏။

ထို့နောက် သူ့ရှေ့တွင် ဝဲပျံနေသော သွေးနီရောင် လှံတံရှည်ကို ကြည့်လိုက်သည်။

သံရည်ကျိုမီးဖို၏ တစ်နေ့တစ်ညနီးပါး ပြုပြင်မွမ်းမံမှု အပြီးတွင်၊ ၎င်းသည် ယခင်ကထက် ပိုမို သန်မာလာပြီး၊ လက်နက်ဝိညာဉ်၏ အဆင့်အတန်းလည်း သိသိသာသာ တိုးတက်လာခဲ့သည်။

ထိန်းချုပ်မည့်သူ မရှိလျှင်ပင်၊ လှံတံရှည်သည် ၎င်း၏ စွမ်းအား (၉၀) ရာခိုင်နှုန်းကို ထုတ်သုံးနိုင်စွမ်း ရှိ၏။

‘အဲဒါ ဘာအဓိပ္ပာယ်လဲ...။

သွေးနီရောင် လှံတံရှည် တစ်ချောင်းတည်းနဲ့တင် မူလနတ်ဘုရားအဆင့် (၇) အလွှာက ပြိုင်ဘက်ကို ယှဉ်တိုက်နိုင်တယ်..

ဟူဖေးဖေး စတုတ္ထမြောက် တိုက်ခိုက်ရေး ပုံစံ ဝင်ရင်တောင်မှ ဒီထက် နည်းနည်းပဲ ပိုသာမှာ’

“မဆိုးဘူး...”

ယဲ့ဖုန်း ကြည်လင်စွာ… ပြုံးလိုက်သည်။

လက်ကို ပေါ့ပါးစွာ ဝှေ့ယမ်းလိုက်ရာ၊ သွေးနီရောင် လှံတံရှည်သည် လေထဲတွင် ပျောက်ကွယ်သွား၏။ အကယ်၍ မြူခိုးဂိုဏ်း တစ်စုံတစ်ရာ အကျပ်အတည်း ကြုံတွေ့ရပါက၊ ၎င်းသည် အလိုအလျောက် ပေါ်ထွက်လာပြီး အစွမ်းထက် ရန်သူများကို သတ်ဖြတ်ချေမှုန်းပေးပေလိမ့်မည်။

...

အချိန်ကုန်လွန်လာသည်နှင့်အမျှ၊ မြူခိုးဂိုဏ်း၏ ကြယ်နှစ်ပွင့် အဆင့် တိုးမြှင့်ခြင်း အခမ်းအနား ကျင်းပမည့်နေ့ နီးကပ်လာပြီ ဖြစ်သည်။

ယဲ့ဖုန်း တစ်ယောက်တည်း မျှော်လင့်နေသည် မဟုတ်ဘဲ၊ တပည့်များလည်း စိတ်လှုပ်ရှားနေကြ၏။

သူတို့သည် မိမိသဘောအလျောက် ကျင့်ကြံခြင်းများကို ရပ်တန့်လိုက်ကြပြီး၊ ဝိညာဉ်စွမ်းအင်စုစည်းခြင်း မျှော်စင် နှင့် ကျင့်ကြံရေး မျှော်စင်တို့မှ ထွက်ခွာလာကာ၊ ဂိုဏ်းအတွင်း အလုပ်ရှုပ်နေကြတော့သည်။

မီးပုံးများ ချိတ်ဆွဲခြင်း၊ သစ်ပင်စိုက်ပျိုး ရေလောင်းခြင်းများဖြင့် စည်ကားသိုက်မြိုက်နေသည်။

ရှီလေ့ ချဲ့ထွင်ထားသော ဂိုဏ်း၏ အဓိကရင်ပြင်ကျယ်ကြီးသည် လူပေါင်း သောင်းချီ ဆံ့လောက်အောင် ကျယ်ဝန်းလှ၏။

ခရိုင်ဘုရင်မြို့တော်၊ မြင့်မြတ်သော လေ ဓားဂိုဏ်း၊ ဓားဘုရင်ဂိုဏ်း၊ ကျွန်းပေါင်း တစ်သောင်း မဟာမိတ်၊ ယွင်ဟွာဂိုဏ်း၊ လျူယွမ်ဂိုဏ်း နှင့် အခြားသော အဖွဲ့အစည်းများ အားလုံး လက်ဆောင်များ ပြင်ဆင်နေကြသည်။

ခမ်းနားကြီးကျယ်သော အခမ်းအနားကြီး ရောက်ရှိလာတော့မည်..

သို့သော် အရိပ်မည်းထဲတွင်လည်း အကျပ်အတည်း တစ်ခု တိတ်တဆိတ် ချဉ်းကပ်လာနေ၏။

အခန်း (၅၁၈) - နတ်ဆိုးဘုရားကျောင်းမှ ဝမ်ကျုံး၊ အနက်ရောင် ပွင့်ချပ် သုံးချပ်၊ ကျိန်စာ၏ ခြိမ်းခြောက်မှု

~မှောင်မဲနေသော နန်းတော်ကြီး တစ်ခု အတွင်းတွင်...

အရိပ်ထဲမှ လူတစ်ယောက် ထွက်ပေါ်လာပြီး၊ မိုင်သန်းပေါင်းများစွာ ဝေးကွာသော အရပ်မျက်နှာ တစ်ခုဆီသို့ မျှော်ကြည့်ကာ တီးတိုး ရေရွတ်လိုက်သည်။

“မြူခိုးဂိုဏ်းရဲ့ ကြယ်နှစ်ပွင့် အဆင့် တိုးမြှင့်ခြင်း အခမ်းအနား ဟုတ်လား...”

“ဟက်... ဒီအခွင့်အရေးကို သုံးပြီး ဝမ်ကျုံးကို အမှန်တရား သွားစုံစမ်းခိုင်းရမယ်... တကယ်လို့ ယဲ့ဖုန်းက ဧကရာဇ်ပေဟယ်နဲ့ တကယ် ဆက်နွှယ်မှု ရှိခဲ့ရင်... ငါတို့ သူ့ကို အသုံးချပြီး ဧကရာဇ်ပေဟယ်ကို ရှာဖွေရမယ်...”

“တကယ်လို့ သူက ဧကရာဇ်ပေဟယ်ကို မသိဘူး ဆိုရင်တော့... ရှင်းပစ်လိုက်..”

မျက်နှာဖုံး စွပ်ထားသော ထိုလျှို့ဝှက်ဆန်းကြယ်သူသည် ရေခဲတမျှ အေးစက်သော လေသံဖြင့် ပြောလိုက်သည်။ သူသည် နက်ရှိုင်းသော ချောက်ကမ်းပါးကြီးထဲမှ တက်လာသူ တစ်ယောက်ကဲ့သို့ တစ်ကိုယ်လုံး အေးစက်သော အရှိန်အဝါများ ထုတ်လွှတ်နေ၏။

အကယ်၍ ယဲ့ဖုန်းသာ ဒီနေရာမှာ ရှိနေခဲ့မယ်ဆိုရင်၊ ဒီလျှို့ဝှက်ဆန်းကြယ်သူဆီမှာ “ကောင်းကင်ဘုံသို့ ခြေလှမ်းခုနစ်လှမ်း”ရဲ့ အငွေ့အသက် အနည်းငယ် ပါဝင်နေတာကို သတိထားမိလိမ့်မညါ။

ဒါက “ကောင်းကင်ဘုံသို့ ခြေလှမ်းခုနစ်လှမ်း” ကို မကြာခဏ အသုံးပြုပြီးနောက် ကျန်ရစ်ခဲ့သော ကောင်းကင်နဲ့ မြေကြီးရဲ့ စွမ်းအား အကြွင်းအကျန်တွေပင်။

မှိန်ဖျော့နေသော်ငြား၊ ခံစား၍ ရနေသေး၏။

ဒါပေမဲ့ ဒီလူ၏ အရှိန်အဝါက မသန့်စင်ပေ။

...

လျို့ဝှက်ဆန်းကြယ် နိုင်ငံတော်၏ နေရာရွှေ့ပြောင်းခြင်း ခန်းမဆောင်တွင်...

လူငယ်တစ်ဦး၏ ပုံရိပ် ထွက်ပေါ်လာသည်။

သူသည် အနီးနားမှ လေဟာနယ်ကို မော့ကြည့်လိုက်ပြီး လည်ပင်းကို ဘယ်ပြန်ညာပြန် လှည့်လိုက်သည်။ လက်နှစ်ဖက်ကို ဝတ်ရုံလက်စထဲ ထိုးထည့်ထားရင်း ပြုံးကာ ပြောလိုက်သည်။

“နောက်ဆုံးတော့ ရောက်လာပြီပဲ...”

စကားဆုံးသည်နှင့် ထိုလူငယ် ရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်ရာ၊ ချက်ချင်း ပျောက်ကွယ်သွား၏။

အကြိမ်အနည်းငယ် နေရာရွှေ့ပြောင်းပြီးနောက်...

ထိုလူငယ်သည် လျို့ဝှက်ဆန်းကြယ် နန်းမြို့တော်၏ နယ်နိမိတ် အပြင်ဘက်သို့ ရောက်ရှိလာပြီး၊ မြူခိုးဂိုဏ်း တည်ရှိရာ ဦးတည်ချက်ဆီသို့ ဆက်လက် နေရာရွှေ့ပြောင်းသွားသည်။

နေရာရွှေ့ပြောင်းမှု တစ်ကြိမ်တိုင်းတွင် မိုင်ပေါင်းရာချီ ခရီးပေါက်၏။

သူ့အရှိန်နှင့်ဆိုလျှင် နာရီဝက် ကြာပြီးနောက် မြူခိုးဂိုဏ်း အနီးသို့ ချောမောစွာ ရောက်ရှိလာခဲ့သည်။

“ဒါ မြူခိုးဂိုဏ်းလား...”

ထိုလူငယ် ခေါင်းငုံ့ကြည့်လိုက်ပြီး မေးစေ့ကို ပွတ်သပ်လိုက်သည်။ မြူခိုးဂိုဏ်း အတွင်း၌ လူအများအပြား စုဝေးနေကြပြီး၊ အရပ်ရပ်မှ ဧည့်သည်များ ဖြစ်ပုံရသည်ကို သတိပြုမိလိုက်၏။

“ဪ... သူတို့ ကြယ်နှစ်ပွင့် အဆင့် တိုးမြှင့်ခြင်း အခမ်းအနား ကျင်းပနေကြတာကိုး... သောက်သုံးမကျတဲ့ ကြယ်နှစ်ပွင့် အဖွဲ့အစည်းလေး တစ်ခုအတွက်နဲ့ ငါ ကိုယ်တိုင် လာရှင်းပေးရမှာလား... ပါရမီ ကုန်လိုက်တာကွာ...”

လူငယ် အနည်းငယ် မကျေမနပ် ဖြစ်သွားသည်။

သူ့လက်နှစ်ဖက်ကို အင်္ကျီလက်မောင်းထဲ ဆက်ထည့်ထားပြီး ချက်ချင်း မတိုက်ခိုက်သေးပေ။

မြူခိုးဂိုဏ်း၊ အဓိကရင်ပြင်ကျယ်ကြီးတွင်...

ကုန်းချင်းချိုး သေချာ ပြင်ဆင်ပေးထားသော အခမ်းအနား ဝတ်စုံကို ဝတ်ဆင်ထားသည့် ယဲ့ဖုန်းသည် ဂိုဏ်းချုပ် ပလ္လင်ပေါ်တွင် ထိုင်လျက်၊ ဘေးပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်ရှုနေ၏။

ဒီနေ့က မြူခိုးဂိုဏ်းရဲ့ ကြယ်အဆင့် တိုးမြှင့်ခြင်း အခမ်းအနား ကျင်းပသည့် နေ့ ဖြစ်သည်။

ဒါ ပထမဆုံးအကြိမ်တော့ မဟုတ်ပေ။

သို့သော်၊ ယဲ့ဖုန်း ပျော်နေတုန်းပါပင်။

သူ့နေရာအသီးသီးမှာ ထိုင်နေကြတဲ့ ဧည့်သည်တွေကို ကြည့်ပြီး သူ အလွန် ကျေနပ်ပီတိ ဖြစ်နေ၏။

ဘာပဲဖြစ်ဖြစ် စားစရာတွေ အများကြီး ရမှာလေ..

မီးဖိုချောင်တွင်...

လီကျောက်ကျောက် သည် ဟင်းချက်ကျွမ်းကျင်သော တပည့် (၁၀) ယောက်ကျော်ကို ဦးဆောင်ပြီး အလုပ်ရှုပ်နေသည်။

ငယ်ရွယ်နုပျိုပြီး လှပသော ဒုတိယမျိုးဆက် အမျိုးသမီး တပည့်အချို့က မိမိသဘောအလျောက် ဧည့်သည်များကို လက်ဖက်ရည်နှင့် ရေများ လိုက်လံ ဧည့်ခံပေးနေကြ၏။

ရှီလေ့၊ ဟိုယွင်ကျဲနှင့် အခြား တပည့်များသည် ဧည့်သည်များကို ကြိုဆိုနေရာချထား ပေးနေကြသည်။

“ကြိုဆိုပါတယ် ယွင်ဟွာကျန်းရန်...”

“လျူယွမ်ဂိုဏ်းချုပ်... မင်္ဂလာပါ...”

“လက်နက် တစ်ရာဂိုဏ်း ဂိုဏ်းသခင်... နွေးထွေးစွာ ကြိုဆိုပါတယ်...”

ပထမမျိုးဆက် တပည့်များ အားလုံးသည် ဓာတ်ကြီးငါးပါး စုစည်းခြင်းအဆင့် သို့ ရောက်ရှိနေကြပြီ ဖြစ်သဖြင့်၊ ခွန်အားများ များစွာ တိုးတက်လာကာ ကြယ်တစ်ပွင့် အဖွဲ့အစည်း ခေါင်းဆောင်များနှင့် တန်းတူ ရင်ဘောင်တန်း ထိုင်နိုင်နေပြီ ဖြစ်၏။

“မြင့်မြတ်သော လေ ဓားဂိုဏ်းက မိတ်ဆွေများ... ကြိုဆိုပါတယ်...”

တောင်တက်လမ်း အဝင်ဝတွင် လီဇီလုံ သည် ရူးသွပ်နဂါး အရိုးလှံအား ထမ်းလျက်၊ ကြယ်နှစ်ပွင့် အဖွဲ့အစည်းမှ ကျင့်ကြံသူများကို ဦးညွှတ် နှုတ်ဆက်လိုက်သည်။

“မင်္ဂလာပါ အကြီးအကဲလီ...”

ဓားကလေး မူရူရွှယ် ၊ ကျီဝူရွှမ်း ၊ ပိုင်ချွန်းဖုန်း၊ နတ်ဆိုးအိုကြီးတင်း နှင့် မြင့်မြတ်သော လေ ဓားဂိုဏ်းမှ အခြား အစွမ်းထက် ပုဂ္ဂိုလ်များ အတူတကွ ရောက်ရှိလာကြပြီး နေရာယူလိုက်ကြ၏။

မကြာမီ ဓားဘုရင်ဂိုဏ်း၊ ခရိုင်ဘုရင်မြို့တော်၊ ကျွန်းပေါင်း တစ်သောင်း မဟာမိတ် နှင့် အခြား အဖွဲ့အစည်းများမှ ခေါင်းဆောင်များ တစ်ယောက်ပြီးတစ်ယောက် စင်မြင့်ပေါ်သို့ တက်ရောက်လာကြသည်။

ကောင်းကင်ဂုဏ်ယူခြင်း အဆင့် မှ အကြီးအကဲများနှင့် မူလနတ်ဘုရားအဆင့် မဟာတန်ခိုးရှင်များပင် ဤအချိန်၌ ပေါ်ထွက်လာကြပြီး၊ မြူခိုးဂိုဏ်းကို ကောင်းချီးပေးကြ၏။

ထိုင်ခုံများပေါ်တွင်...

ယဲ့ဖုန်းသည် သူ့ဘေးတွင် တောင်လိုပုံနေသော လက်ဆောင်ပစ္စည်းများကို ကြည့်ပြီး မျက်နှာထား တည်ငြိမ်နေသော်လည်း၊ ဝင်လာသော ဧည့်သည်များကို ခေါင်းငြိမ့် နှုတ်ဆက်ရင်း ရင်ထဲတွင်မူ ဝက်တစ်ကောင်လို အော်ဟစ် ရယ်ချင်စိတ်များ တဖွားဖွား ပေါ်ပေါက်နေသည်။

ဘာလို့ အခမ်းအနား ကျင်းပတာလဲ...။

အောင်ပွဲခံဖို့လား...။

မဟုတ်ဘူး... စီးပွားရှာဖို့ကွ..

“တာ့လျန် နတ်ဆိုးနိုင်ငံ ဧကရီ... မြူခိုးဂိုဏ်းကို ကောင်းချီးပေးပို့ပါတယ်...”

ထိုအချိန်၌ ရှီလေ့၏ ကျယ်လောင်သော အော်သံ ထွက်ပေါ်လာပြီး လူတိုင်း၏ အာရုံကို ဖမ်းစားလိုက်၏။

အားလုံး လှည့်ကြည့်လိုက်ကြရာ၊ တန်ဖိုးကြီး ဝတ်စုံကို ဆင်မြန်းထားသော တာ့လျန် ဧကရီသည် ကျက်သရေရှိပြီး ခမ်းနားထည်ဝါသော လမ်းလျှောက်ဟန်ဖြင့် လျှောက်လှမ်းလာသည်ကို တွေ့လိုက်ရသည်။

သူမ၏ နောက်တွင် နှင်းယုန်မျိုးနွယ်စု မှ ငယ်ရွယ်နုပျိုပြီး လှပသော အမျိုးသမီးငယ် ဒါဇင်ပေါင်းများစွာ လိုက်ပါလာကြရာ၊ ရောက်ရှိနေသော ကျင့်ကြံသူ အများအပြား၏ မက်မောသော အကြည့်များကို ဆွဲဆောင်နိုင်ခဲ့သည်။

“တောင်ပိုင်းမင် နိုင်ငံတော် က မြူခိုးဂိုဏ်းကို ကောင်းချီးပေးပို့ပါတယ်...”

ထို့နောက် ကျုံးယွမ် မြို့စားမင်း၊ ပေ့လျန် မြို့စားမင်း နှင့် အခြားသူများ တပြိုင်နက် ရောက်ရှိလာကြပြီး လက်ဆောင်များ ပေးအပ်ကြ၏။

“တတိယမင်းသား ရောက်ရှိလာပါပြီ...”

ကျယ်လောင်သော အာမေဋိတ်သံ တစ်ခု ထပ်မံ ထွက်ပေါ်လာပြန်သည်။

အားလုံး အသံလာရာသို့ ကြည့်လိုက်ကြရာ၊ တတိယမင်းသား လင်လော့ထျန်း၊ မီးခိုးရောင် ဝတ်ရုံဝတ် အစောင့်အရှောက် နှင့် ပထမမင်းသမီး လင်ယွဲ့တို့ အတူတကွ ရောက်ရှိလာကြသည်ကို တွေ့လိုက်ရ၏။

လက်ရှိ လင်မြောင် ဧကရာဇ်ပင်လျှင် အနောက်မှ ကပ်လျက် လိုက်ပါလာသည်။

ဧည့်သည်အားလုံး စုံလင်စွာ ရောက်ရှိနေကြပြီ ဖြစ်၏။

ယဲ့ဖုန်းသည် ရှေ့မှောက်တွင် ထိုင်နေကြသော ထောင်ပေါင်းများစွာသော ကျင့်ကြံသူများကို ကြည့်ပြီး၊ ရင်ထဲတွင် လှိုက်လှိုက်လှဲလှဲ ခံစားလိုက်ရသည်။

ပုံမှန်ဆိုလျှင် ကြယ်နှစ်ပွင့် အဖွဲ့အစည်း တစ်ခုရဲ့ ကြယ်အဆင့် တိုးမြှင့်ခြင်း အခမ်းအနားက ဒီလောက် စွမ်းအားကြီးသည့် ဂိုဏ်းချုပ်တွေကို ဆွဲဆောင်နိုင်မှာ မဟုတ်။

သို့သော်ငြား... နန်းမြို့တော် တိုက်ပွဲ ပြီးဆုံးသွားချိန်တွင် မြူခိုးဂိုဏ်း၏ ဂုဏ်သတင်းမှာ မိုးထိတိုင်အောင် မြင့်တက်သွားသည်။ လျှို့ဝှက်ဆန်းကြယ် နိုင်ငံတော် အတွင်းရှိ အခြားသော အဖွဲ့အစည်းများ အားလုံးကိုပါ လုံးဝ ဖုံးလွှမ်းသွားတော့၏။

လူအချို့ကမူ မြူခိုးဂိုဏ်းသည် သမိုင်းတစ်လျှောက် အစွမ်းအထက်ဆုံး ကြယ်နှစ်ပွင့် အဖွဲ့အစည်း ဖြစ်ကာ... ရှေးယခင်က မည်သူမျှ ယှဉ်ပြိုင်နိုင်စွမ်း မရှိခဲ့ဟုပင် နောက်ပြောင် ပြောဆိုနေကြသည်။

“အားလုံးပဲ ကြိုဆိုပါတယ်... လာရောက် ချီးမြှင့်ပေးကြတဲ့အတွက် ကျေးဇူးတင်ပါတယ်...”

ယဲ့ဖုန်း မတ်တတ်ရပ်လိုက်ပြီး အားလုံးကို ဦးညွှတ် နှုတ်ဆက်လိုက်သည်။

“ဂုဏ်ယူပါတယ် ဂိုဏ်းချုပ်ယဲ့...”

အဖွဲ့အစည်း အသီးသီးမှ ကိုယ်စားလှယ်များက တစ်ယောက်ပြီးတစ်ယောက် ဂုဏ်ပြုစကား ပြောကြားကြသည်။

မူရူရွှယ်၊ မိုမင်ရှီ၊ ရှုဟုန်ယွီနှင့် အခြားသူများသည် ယဲ့ဖုန်းကို ကြည့်လိုက်ကြပြီး၊ သူ ကျင့်ကြံခြင်း စွမ်းအားများ ဆုံးရှုံးသွားသော်လည်း စိတ်ဓာတ်ကြံ့ခိုင် လန်းဆန်းနေပုံရသည်ကို တွေ့လိုက်ရသဖြင့် စိုးရိမ်စိတ်များ လျော့ပါးသွားကြ၏။

လူအုပ်ကြီးထဲတွင်...

လင်ယွီယန် နှင့် တင်းပိုင်ရွှယ်တို့သည် ယဲ့ဖုန်း၏ ဘေးတွင် ထိုင်နေသော ဟိုယွင်ကျဲ ကို လှမ်းကြည့်လိုက်ကြပြီး၊ ပါးပြင်လေးများ အနည်းငယ် နီရဲသွားကြသည်။

'ယွင်ကျဲက ရွေးချယ်ခံရသူများ စာရင်းထဲတောင် ဝင်သွားပြီ... ငါကတော့ အခုမှ ဓာတ်ကြီးငါးပါး စုစည်းခြင်းအဆင့်ကို ရောက်ရုံပဲ ရှိသေးတယ်... ငါတို့ကြားက ကွာဟချက်က ကြီးလွန်းနေတုန်းပဲ...'

တင်းပိုင်ရွှယ် တွေးလိုက်ပြီး စိတ်ပျက်အားငယ်စွာ ခေါင်းငုံ့သွားသည်။

လင်ယွီယန်ကတော့ ဟိုယွင်ကျဲကို စဉ်းစားရင်း သက်ပြင်းချလိုက်မိ၏။

သူမတို့နှစ်ယောက်ကို လက်ထပ်ပေးဖို့ စီစဉ်ခဲ့တုန်းက အချိန်ကို ပြန်တွေးမိပြီး၊ သူမ ဘဝတစ်ခုလုံး ပုံအပ်သင့်သော ဘဝလက်တွဲဖော်ကောင်း တစ်ယောက်ကို လက်လွှတ် ဆုံးရှုံးခဲ့ရပြီလား ဆိုတာ သဘောပေါက်လာမိသည်။

တုန်းချန် လည်း ရောက်ရှိနေ၏။

သူသည် သူ့အရှိန်အဝါကို ဖိနှိပ်ထားပြီး၊ လျူယွမ်ဂိုဏ်း ဂိုဏ်းချုပ်၏ ဘေးတွင် ငြိမ်ငြိမ်လေး ထိုင်နေကာ အသံပင် မထွက်ရဲပေ။

မူလက သူ လာချင်ခဲ့တာ မဟုတ်။

သို့သော်၊ လျူယွမ်ဂိုဏ်း ဂိုဏ်းချုပ်က သူ့လက်ကို အတင်းဆွဲပြီး မြူခိုးဂိုဏ်းကို ခေါ်လာခဲ့၍သာ ရွေးချယ်စရာ မရှိဘဲ ပါလာရခြင်း ဖြစ်၏။

...

ချင်းယွင်ဂိုဏ်း တွင်...

ရှောင်ဖန်ကူသည် ပြန်ရောက်လာသော ချင်းယွင်ကျန်းရန်နှင့် မျက်နှာချင်းဆိုင် ရပ်နေပြီး၊ တစ်ယောက်ကိုတစ်ယောက် စိုက်ကြည့်နေကြသည်။

ခဏကြာသောအခါ ချင်းယွင်ကျန်းရန်၏ မျက်နှာကြီး နီရဲလာပြီး အော်ငေါက်လိုက်၏။

“ဘာလဲ... မင်းကပါ ငါ့အပေါ် အမြင်မကြည် ဖြစ်နေတာလား...”

ရှောင်ဖန်ကူ ခေါင်းငုံ့လိုက်သည်။

“တပည့် မလုပ်ရဲပါဘူး...”

သူ့ခွန်အားတွေ အများကြီး တိုးတက်လာသော်လည်း ၊ အဆင့်မြင့် ဓာတ်ကြီးငါးပါး စုစည်းခြင်းအဆင့် ကျင့်ကြံသူ ဖြစ်တဲ့ ချင်းယွင်ကျန်းရန် ကိုတော့ ယှဉ်လို့ မရသေးပေ။

‘ဦးညွှတ်ရမယ့် အချိန်ကျရင် ဦးညွှတ်ရမှာပဲ’

ထိုအချိန်၌ ရှီးရှင်းယွီ ရှေ့တိုးလာပြီး ချင်းယွင်ကျန်းရန်ကို ဦးညွှတ်ကာ မေးလိုက်သည်။

“ဂိုဏ်းချုပ်... ကျွန်မတို့ တကယ်ပဲ မြူခိုးဂိုဏ်းရဲ့ ကြယ်အဆင့် တိုးမြှင့်ခြင်း အခမ်းအနားကို မသွားတော့ဘူးလား...”

“သွားသေလိုက်..”

ဒီကိစ္စကို ပြောလိုက်တာနှင့် ချင်းယွင်ကျန်းရန် တစ်ကိုယ်လုံး တုန်တက်သွား၏။

‘ယဲ့ဖုန်းကို တတ်နိုင်သမျှ ရှောင်ချင်နေတာ... အခမ်းအနား သွားတက်တယ် ဆိုတာ ကိုယ့်ဒုက္ခ ကိုယ်ရှာတာနဲ့ အတူတူပဲလေ’

ထိုအတွေးဖြင့် ချင်းယွင်ကျန်းရန် တံခါးပိတ်လိုက်ပြီး၊ တံခါးပိတ် ကျင့်ကြံတော့မည်ဟု ကြေညာလိုက်တော့သည်။

ချင်းယွင်ဂိုဏ်းသားများ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး မျက်လုံးပြူးကုန်ကြ၏။

သို့သော်၊ ချင်းယွင်ကျန်းရန် က ဝိညာဉ်သစ်ပင်အား ပြန်ယူလာပေးပြီး၊ ဂိုဏ်း၏ အသေးစား ဝိညာဉ်သွေးကြော ပြန်လည် ရရှိလာပြီ ဖြစ်သည့်အတွက်၊ အားလုံး သက်ပြင်းချနိုင်ကြတော့သည်။

...

မြူခိုးဂိုဏ်းတွင်...

ကြယ်အဆင့် တိုးမြှင့်ခြင်း အခမ်းအနား ဆက်လက် ကျင်းပနေ၏။

နေ့လည်ခင်းတွင်...

ကောင်းကင်ယံမှ အဖြူရောင် ပန်းပွင့်ဖတ်များ တဖွဲဖွဲ ကျဆင်းလာပြီး၊ နန်းမြို့တော်မှ အကဲဖြတ် အကြီးအကဲများ ရှေ့ထွက်လာကြသည်။

သူတို့၏ နောက်တွင် ငယ်ရွယ်နုပျိုပြီး လှပသော အမျိုးသမီး ရာပေါင်းများစွာက သူတို့၏ မူလစွမ်းအင်များကို အသုံးပြုပြီး၊ အနီရောင် ပိတ်စ ဖုံးအုပ်ထားသော ဆိုင်းဘုတ်ကြီး တစ်ခုကို မ,တင်ထားကြ၏။

“မြူခိုးဂိုဏ်း ကြယ်နှစ်ပွင့် အဆင့်သို့ တက်လှမ်းနိုင်ခဲ့သည့်အတွက် ဂုဏ်ယူပါတယ်...”

အကဲဖြတ် အကြီးအကဲက ကျယ်လောင်စွာ ကြေညာလိုက်ရာ၊ သူ့အသံသည် မိုင်ရာချီ ပဲ့တင်ထပ်သွားပြီး မိုးခြိမ်းသံကဲ့သို့ လူတိုင်း၏ ရင်ထဲတွင် စွဲထင်ကျန်ရစ်စေသည်။

ယဲ့ဖုန်း ဆိုင်းဘုတ်ကို လှမ်းယူလိုက်ပြီး၊ ဂိုဏ်းချုပ် ခန်းမဆောင်ကြီး၏ တံခါးဝ အထက်တွင် ချိတ်ဆွဲလိုက်ကာ၊ အနီရောင် ပိတ်စကို အားဖြင့် ဆွဲခွာလိုက်၏။

“မြူခိုးဂိုဏ်း” ဟူသော စာလုံးကြီး၏ အနောက်တွင် မူလက ရွှေရောင် ကြယ်တစ်ပွင့်သာ ရှိသော်လည်း၊ ယခုအခါ ဒုတိယမြောက် ကြယ်တစ်ပွင့် ထပ်မံ ပူးတွဲ ပါဝင်လာပြီပင်။

ဒါသည် ကြယ်နှစ်ပွင့် အဖွဲ့အစည်း ၏ အမှတ်အသား ဖြစ်သည်။

“ဂုဏ်ယူပါတယ် ဂိုဏ်းချုပ်ယဲ့...”

“မြူခိုးဂိုဏ်းကြီး အောင်မြင်ပါစေ...”

ဧည့်သည်များ ဖန်ခွက်များကို မြှောက်ကာ ဂုဏ်ပြုလိုက်ကြသည်။

လေထု အခြေအနေသည် အလွန် သဟဇာတ ဖြစ်ပြီး ပျော်ရွှင်ဖွယ် ကောင်းလှ၏။

“ဝါး... တော်တော် စည်ကားသိုက်မြိုက်နေတာပဲ...”

သို့သော် ထိုအချိန်၌ သဟဇာတ မဖြစ်သော အသံတစ်သံ ဖြည်းညှင်းစွာ ထွက်ပေါ်လာပြီး၊ လူတိုင်း၏ အာရုံကို ဖမ်းစားလိုက်သည်။

လေဟာနယ် ထဲတွင်...

စောစောစီးစီး ရောက်ရှိနေခဲ့သော လျှို့ဝှက်ဆန်းကြယ် လူငယ်သည် လေထဲမှ ထွက်ပေါ်လာပြီး၊ သူ၏ သရုပ်မှန်ကို ထုတ်ဖော်ကာ လက်နှစ်ဖက် နောက်ပစ်လျက်၊ အဓိကရင်ပြင်ကျယ်ကြီးရှိ လူအပေါင်းကို အထက်စီးမှ ငုံ့ကြည့်လိုက်၏။

မူလနတ်ဘုရားအဆင့် သတ္တမအလွှာ၏ အရှိန်အဝါကြီး ရုတ်တရက် ပေါက်ကွဲထွက်လာသည်..။

တစ်ခဏချင်းစီမှာပင် ထိုလူငယ်သည် အားလုံး၏ အာရုံစိုက်ရာ ဗဟိုချက် ဖြစ်သွားတော့၏။

“ဘယ်သူလဲဟ...”

“သူ့လေသံကို နားထောင်ရတာ... ဂုဏ်ပြုဖို့ လာတာ မဟုတ်ဘဲ၊ ပြဿနာ လာရှာတဲ့ ပုံပဲ...”

“ဒီလူက ကြည့်ရတာ ငယ်ငယ်လေး ရှိသေးတယ်... ဒါပေမဲ့ မူလနတ်ဘုရားအဆင့် (၇) အလွှာကို ရောက်နေပြီတဲ့လား... တော်တော် ကြောက်စရာ ကောင်းတာပဲ...”

“ရုပ်ပျိုဆေး စားထားတဲ့ ဘီလူးအိုကြီးများ ဖြစ်နေမလား...”

အဖွဲ့အစည်း အသီးသီးမှ လူများ မျက်လုံးဒေါင့်ကပ် ကြည့်လိုက်ကြသည်။

ဒီနေ့ မြူခိုးဂိုဏ်းမှာ ပြဿနာကြီး တစ်ခုခု ဖြစ်တော့မယ် ဆိုတာ သူတို့ ကြိုတင် ခံစားမိလိုက်ကြသည်။

ယဲ့ဖုန်း ထိုင်ခုံတွင် ထိုင်နေ၏။

သူ ခေါင်းမော့လိုက်ပြီး သူ့ရှေ့မှောက်တွင် အရှိန်အဝါ ကြီးမားစွာဖြင့် ရပ်နေသော လျှို့ဝှက်ဆန်းကြယ် လူငယ်ကို ကြည့်လိုက်ရာ၊ မျက်လုံးထဲတွင် အံ့သြသော အရိပ်အယောင်များ ဖြတ်သန်းသွားသည်။

“ခင်ဗျားက ဘယ်သူလဲ...”

ယဲ့ဖုန်း မေးလိုက်သည်။

သူသည် ထိုးထွင်းသိမြင်သော မျက်လုံးကို အသက်သွင်းလိုက်၏။

(အမည် - ဝမ်ကျုံး)

(ကျင့်ကြံခြင်း အဆင့် - မူလနတ်ဘုရားအဆင့် သတ္တမအလွှာ)

(မှတ်ချက် - ကျောင်းယန် သန့်စင်သော မြို့တော်ရှိ ‘နတ်ဆိုးဘုရားကျောင်း’ မှ အကြီးအကဲ တစ်ဦး ဖြစ်သည်။)

ယဲ့ဖုန်း ဒီအချက်အလက်တွေကို ရရှိလိုက်သည်။

ယဲ့ဖုန်း အနေနှင့် ဒီ “နတ်ဆိုးဘုရားကျောင်း” ဆိုသည့် အဖွဲ့အစည်းနှင့် လုံးဝ မရင်းနှီးပေ။ ကျောင်းယန် သန့်စင်သော မြို့တော် ဆိုတာ သူ့နေရာနှင့် မိုင်သန်းပေါင်းများစွာ ဝေးကွာသော နေရာက ဒေသခံ အင်အားစုကြီး တစ်ခုမို့၊ သူ မကြားဖူးတာ မဆန်းပါချေ။

ဘယ်ကလာလာ... ယဲ့ဖုန်းကတော့ သိပ်ပြီး ကြိုဆိုချင်စိတ် မရှိပေ။

ဝမ်ကျုံးရဲ့ ရည်ရွယ်ချက်က မကောင်းဘူး ဆိုတာ သူ အာရုံခံမိနေ၏။

“ငါ ဘယ်သူလဲ ဆိုတာ မင်း သိခွင့်မရှိဘူး...”

ဝမ်ကျုံးသည် လက်နှစ်ဖက် နောက်ပစ်လျက် ယဲ့ဖုန်းကို အထင်သေးသော မျက်လုံးများဖြင့် ငုံ့ကြည့်ကာ ပြောလိုက်သည်။

နန်းမြို့တော် တိုက်ပွဲ မတိုင်ခင်ကဆိုလျှင် သူ.. ယဲ့ဖုန်းကို ယခုလို လေသံမျိုးနှင့် ပြောရဲမှာ မဟုတ်ပါ။

သို့သော်ငြား ယခုအခါတွင်မူ ခေတ်ကာလတို့ကား ပြောင်းလဲသွားခဲ့လေပြီ။

ဝမ်ကျုံး၏ အမြင်၌ကား... ယဲ့ဖုန်းသည် သွားကျိုးနေသော ကျားတစ်ကောင်သဖွယ် ဖြစ်နေလေရာ သူ၏အတွက် မည်သည့် ခြိမ်းခြောက်မှုမျှ မရှိနိုင်တော့ပေ။

ဘေးပတ်ဝန်းကျင်သို့ ဝေ့ဝဲကြည့်လိုက်သောအခါ ဘိုးဘေးလင်မြောင် နှင့် ဘိုးဘေးကျန်းလင်းတို့၏ ကိုယ်ပွားများကို မတွေ့ရချေ။ ထို့ပြင် သူ၏ ကျောထောက်နောက်ခံအဖြစ် နတ်ဆိုးဘုရားကျောင်းကြီး ရှိနေသည်ဟူသော အသိကြောင့် ယုံကြည်မှုများ အပြည့်အဝ ရှိနေတော့၏။

“မောက်မာလိုက်တာ...”

“ငါသာဆို သူ့မျက်နှာကို မြေကြီးနဲ့ ပွတ်တိုက်ပစ်လိုက်ပြီ...”

မြူခိုးဂိုဏ်း တပည့်များ ဒေါသထွက်နေကြသည်။

ဒီလူက တော်တော် မောက်မာလွန်းတာပဲ..

“ခင်ဗျား ဘယ်လို စကားမျိုး ပြောလိုက်တာလဲ...”

ယွင်ဟွာကျန်းရန် က နှာခေါင်းရှုံ့လိုက်ပြီး၊ ဝမ်ကျုံးကို လက်ညှိုးထိုးကာ ဆူပူကြိမ်းမောင်းလိုက်၏။

“ဓာတ်ကြီးငါးပါး စုစည်းခြင်းအဆင့် လေးနဲ့များ... သေချင်နေတာလား...”

ဝမ်ကျုံး ရုတ်တရက် လှည့်ကြည့်လိုက်ပြီး၊ ယွင်ဟွာကျန်းရန် ဆီသို့ လက်ညှိုးတစ်ချောင်း ထိုးကာ ဖိနှိပ် ချေမှုန်းပစ်ရန် ရည်ရွယ်လိုက်သည်။

ထိုအချိန်၌ ယွင်ဟွာကျန်းရန်သည် အသည်းကွဲအူကြွေ မတတ် ကြောက်ရွံ့မှုကို ခံစားလိုက်ရ၏။

“ရိုင်းစိုင်းလှချည်လား...”

ယဲ့ဖုန်း ဒေါသတကြီး အော်ဟစ်လိုက်သည်။

သူ့နောက်တွင် သွေးနီရောင် လှံတံရှည်သည် လေထဲမှ ပေါ်ထွက်လာပြီး၊ ပြင်းထန်သော သွေးနီရောင် ရွှေရောင် ချီစွမ်းအင် တစ်ချက် ပိုင်းဖြတ်လိုက်ရာ၊ ဝမ်ကျုံး လွင့်ထွက်သွားတော့သည်။

အသက်ဘေးမှ သီသီလေး လွတ်မြောက်သွားသော ယွင်ဟွာကျန်းရန်သည် သက်ပြင်းချလိုက်ပြီး၊ ယဲ့ဖုန်းကို ကျေးဇူးတင်သော မျက်လုံးများဖြင့် ကြည့်လိုက်၏။

“ဟွန်း... အလယ်အလတ်အဆင့် ဝိညာဉ်ရတနာ ပါလား...”

ဝမ်ကျုံးသည် သူ့ရှေ့မှ စုတ်ပြဲသွားသော အဝတ်အစားများကို ကြည့်လိုက်ပြီး မျက်နှာ ပျက်သွားသည်။

“ဟက်... အရေးမပါတဲ့ မြူခိုးဂိုဏ်းလေးကတောင် ကိုယ့်ကိုယ်ကို ကာကွယ်ဖို့ အလယ်အလတ်အဆင့် ဝိညာဉ်ရတနာ ရှိနေတာပဲ... သနားစရာ ကောင်းလိုက်တာ... ဒါပေမဲ့ ဒီလောက်နဲ့တော့ ငါ့ကို မတားနိုင်ပါဘူး...”

သူ မထီမဲ့မြင် ပြုံးရင်း ပြောလိုက်သည်။

နောက်တစ်ခဏတွင် ဝမ်ကျုံးက လက်ကို ဆန့်ထုတ်လိုက်ရာ၊ ပွင့်ချပ် သုံးချပ်သာ ပါရှိသော အနက်ရောင် ပန်းပွင့် တစ်ပွင့် သူ့လက်ဝါးပေါ်တွင် ပေါ်လာသည်။ ထိုပန်းပွင့်မှ ကြောက်မက်ဖွယ် အရှိန်အဝါများ ထွက်ပေါ်လာပြီး၊ လေဟာနယ် တစ်ခုလုံးကို ချက်ချင်း ချိပ်ပိတ်လိုက်သည်။

“အဆင့်မြင့် ဝိညာဉ်ရတနာ...”

“ဟင်းလင်းပြင် ဖြိုခွဲ အဆင့် အကြီးအကဲ တစ်ယောက်ကသာ ဒီလို လက်နက်မျိုး ဖန်တီးနိုင်တာ... ဒီလူက ဘာလို့ ဒီလောက် မောက်မာပြီး မြူခိုးဂိုဏ်းကို အထင်သေးရဲလဲ ဆိုတာ မဆန်းပါဘူး...”

အဖွဲ့အစည်း အသီးသီးမှ လူများ ထိုမြင်ကွင်းကို ကြည့်ပြီး မျက်နှာပျက်သွားကြသည်။

ယဲ့ဖုန်း၏ မျက်နှာလည်း ပြောင်းလဲသွား၏။

‘အဆင့်မြင့် ဝိညာဉ်ရတနာ တစ်ခုရဲ့ စွမ်းအားက ကြီးမားလွန်းတယ်။

ဟင်းလင်းပြင် ဖြိုခွဲ အဆင့် ရှိသူက မောင်းနှင်တာ မဟုတ်ရင်တောင်မှ၊ ဟင်းလင်းပြင် ဖြိုခွဲ အဆင့် ပထမအလွှာရဲ့ စွမ်းအားကို ထုတ်သုံးနိုင်တယ်’

'ငါ့ရဲ့ စစ်မှန်သော စွမ်းအားကို မထုတ်ပြရင်... သူ့ရဲ့ အဆင့်မြင့် ဝိညာဉ်ရတနာကို ယှဉ်နိုင်မှာ မဟုတ်ဘူး... ဘာလုပ်ရမလဲ...'

ယဲ့ဖုန်း တွေဝေသွားသည်။

သူ နောက်ဆုံးတော့ ကျင့်ကြံခြင်း စွမ်းအား ဆုံးရှုံးဟန်ဆောင်တာ အောင်မြင်သွားပြီး၊ မြူခိုးဂိုဏ်း ပတ်လည်မှာ ပုန်းအောင်းနေသူတွေကို ဆွဲဆောင်နိုင်ခဲ့ပြီပင်။

သို့သော်၊ သူ့စွမ်းအားကို ဒီလောက်စောစော မထုတ်ပြချင်သေးပါ။

ထုတ်ပြလိုက်လျှင် ငါးကြီးကြီး ဖမ်းမိတော့မှာ မဟုတ်ပါ။

“ဘယ်သူကများ ဒီလောက် မောက်မာရဲတာလဲ...”

ထိုအချိန်၌ ကြောက်မက်ဖွယ် ဖိအား နှစ်ခု ကောင်းကင်မှ ဆင်းသက်လာပြီး၊ ကြီးမားသော ဒီရေလှိုင်းလုံးကြီး တစ်ခုအဖြစ် ပေါင်းစပ်သွားကာ အနက်ရောင် ပန်းပွင့်ကို ချက်ချင်း ဖိနှိပ်လိုက်သည်။

ဝမ်ကျုံး၏ မျက်နှာ ချက်ချင်း မည်းမှောင်သွား၏။

သူ ကောင်းကင်ကို မော့ကြည့်လိုက်သည်။

ထိုနေရာတွင် အဘိုးအို နှစ်ဦး ပေါ်ထွက်လာသည်။

ဘိုးဘေးကျန်းလင်း၏ ကိုယ်ပွား နှင့် ဘိုးဘေးလင်မြောင်။

“မင်း ဘယ်သူလဲ...”

ဘိုးဘေးလင်မြောင်က ဝမ်ကျုံးကို စိုက်ကြည့်ရင်း၊ မျက်လုံးများထဲတွင် ရက်စက်မှုများ ပြည့်နှက်နေသည်။

“ပွင့်ချပ် သုံးချပ် အနက်ရောင် ပန်းပွင့်... ဒါ နတ်ဆိုးနတ်ဘုရား ပန်းပွင့် ပဲ..”

ဘိုးဘေးကျန်းလင်း၏ ကိုယ်ပွားက အဆင့်မြင့် ဝိညာဉ်ရတနာကို စိုက်ကြည့်ရင်း မျက်လုံးအိမ် ကျဉ်းမြောင်းသွား၏။

“မင်းက နတ်ဆိုးဘုရားကျောင်းက လူလား...”

ဘိုးဘေးကျန်းလင်း၏ ကိုယ်ပွားက ဝိညာဉ်ရတနာကို မှတ်မိသွားသည်ကို ကြားလိုက်ရသောအခါ၊ ဝမ်ကျုံး ရင်ကော့လိုက်ပြီး လှောင်ပြောင် ပြောဆိုလိုက်သည်။

“မှန်တယ်... နတ်ဆိုးဘုရားကျောင်း ပိုင်ဆိုင်တဲ့ ပစ္စည်းမှန်း သိရင်... ခင်ဗျားတို့ နှစ်ယောက် ကျုပ်ကို တားရဲသေးလား...”

“နတ်ဆိုးဘုရားကျောင်း ဆိုတာ ဘာလဲ...”

ဘိုးဘေးလင်မြောင်က လေးနက်စွာ မေးလိုက်သည်။

“ကျောင်းယန် သန့်စင်သော မြို့တော်က ကြယ်လေးပွင့် အဆင့် လျှို့ဝှက် အဖွဲ့အစည်း တစ်ခုပဲ... ကြားတာတော့ သူတို့ဆီမှာ ဟင်းလင်းပြင် ဖြိုခွဲ အဆင့် အကြီးအကဲ တစ်ယောက်ပဲ ရှိတယ် ဆိုပေမဲ့... အဲဒီလူက ဟင်းလင်းပြင် ဖြိုခွဲ အဆင့် စတုတ္ထအလွှာကို ရောက်နေတဲ့သူ... ငါတို့ ယှဉ်နိုင်တဲ့ အဆင့် မဟုတ်ဘူး...”

ဘိုးဘေးကျန်းလင်း၏ ကိုယ်ပွားက မှုန်ကုပ်နေသော မျက်နှာထားဖြင့် ပြောလိုက်သည်။

အဲဒီလောက် အဆင့်ရှိသော အဖွဲ့အစည်းမျိုးကို သူ မယှဉ်နိုင်ပါ။

ဟင်းလင်းပြင် ဖြိုခွဲ အဆင့် ရောက်သွားပြီ ဆိုလျှင်၊ အလွှာအသေးလေး တစ်ခု ကွာခြားသည်နှင့် စွမ်းအားက အများကြီး ကွာခြားသွား၏။ မကြာသေးခင်က ဖြစ်ခဲ့သော နန်းမြို့တော် တိုက်ပွဲကိုပဲ ကြည့်... ဟင်းလင်းပြင် ဖြိုခွဲ အဆင့် ပထမအလွှာ အထွတ်အထိပ် ရှိသည့် သစ်ပင်နတ်ဆိုး ဘိုးဘေး က သူတို့ နှစ်ယောက်စလုံးကို ထိန်းချုပ်ထားနိုင်ခဲ့သည်။

တကယ်လို့ ဟင်းလင်းပြင် ဖြိုခွဲ အဆင့် ဒုတိယအလွှာ သာ ရောက်လာမည် ဆိုလျှင်၊ သူတို့ ဘိုးဘေး နှစ်ယောက်စလုံးကို အလွယ်တကူ ဖိနှိပ်ပစ်လိုက်နိုင်လိမ့်မည်... စွမ်းအားကြီးမား‌သည့် ဟင်းလင်းပြင် ဖြိုခွဲ အဆင့် စတုတ္ထအလွှာ ဆိုရင် ပြောနေစရာတောင် မလိုတော့ချေ။

“ဒါဆို ငါတို့ အခု ဘာလုပ်ကြမလဲ...”

ဘိုးဘေးလင်မြောင်၏ မျက်နှာ ပိုမို မည်းမှောင်သွား၏။

လျို့ဝှက်ဆန်းကြယ် နိုင်ငံတော် အနေနှင့် နတ်ဆိုးဘုရားကျောင်း လို အဖွဲ့အစည်းမျိုးကို ယှဉ်ပြိုင်နိုင်စွမ်း လုံးဝ မရှိပေ။ ကျောင်းယန် ရှေးဟောင်း သူတော်စင် ဆီက အကူအညီ တောင်းရမလား...။

သို့သော်၊ ကျောင်းယန် သန့်စင်သော မြို့တော် လက်အောက်ခံ အဖွဲ့အစည်း တစ်ခု ဖြစ်သည့်အတွက်၊ နတ်ဆိုးဘုရားကျောင်း ကလည်း သေချာပေါက် ကျောင်းယန် ရှေးဟောင်း သူတော်စင်၏ ထောက်ခံမှုကို ရထားမည်ပင်။

ဒီလို အခြေအနေမျိုးမှာ အကူအညီ တောင်း၍လည်း အလကားပင်။

အကြောင်းကတော့ နှစ်ဖက်စလုံးရဲ့ ကျောထောက်နောက်ခံက အတူတူ ဖြစ်နေ၍လေ...။

ဒီအခြေအနေက တော်တော် အကျပ်ရိုက်စရာ ကောင်းနေသည်။

“မြူခိုးဂိုဏ်းက နတ်ဆိုးဘုရားကျောင်း နဲ့ ဘာရန်ငြိုးမှ မရှိပါဘူး... ဘာလို့ ဂိုဏ်းချုပ်ယဲ့ ကို လက်ပါချင်ရတာလဲ...”

အတွေ့အကြုံ ရင့်ကျက်သော ဘိုးဘေးကျန်းလင်း၏ ကိုယ်ပွားက မေးခွန်း အမြန် ပြောင်းလိုက်၏။

“ရန်ငြိုး မရှိတာတော့ မှန်တယ်... ဒါပေမဲ့ ကျူပ်က ယဲ့ဖုန်းကို နတ်ဆိုးဘုရားကျောင်း ဆီ ခေါ်သွားပြီး ကိစ္စ တစ်ခု မေးမြန်းစရာ ရှိလို့ပဲ...”

ဝမ်ကျုံးက နတ်ဆိုးဘုရား ပန်းပွင့်ကို ကိုင်ထားရင်း အေးစက် ပြတ်သားစွာ ပြန်ဖြေသည်။

“မင်း . သူ့ကို ခေါ်သွားလို့ မရဘူး...”

ဘိုးဘေးကျန်းလင်း၏ ကိုယ်ပွားက ချက်ချင်း ငြင်းဆိုလိုက်၏။

ယဲ့ဖုန်းက အခု ကျင့်ကြံခြင်း စွမ်းအားတွေ အကုန် ဆုံးရှုံးထားသည်။ နတ်ဆိုးဘုရားကျောင်း ကို လိုက်သွားလျှင် သူ့အသက်အန္တရာယ်ကို အာမခံနိုင်မှာ မဟုတ်။ တစ်ပိုင်း ဟင်းလင်းပြင် ဖြိုခွဲ အဆင့် ရှိနေလျှင်တောင်မှ ကိုယ့်ကိုယ်ကို ကာကွယ်နိုင်မှာ မဟုတ်ချေ။

နတ်ဆိုးဘုရားကျောင်း ရှေ့မှာ သူတို့သုံးယောက် ပေါင်းလျှင်တောင်မှ ကျောက်ဆောင်ကို ကြက်ဥနှင့် ပစ်ပေါက်သလို ဖြစ်နေမည်။

“ဒါဆိုလည်း ငါ့ကို အပြစ်မတင်ကြနဲ့…”

ဝမ်ကျုံး သတိပေးလိုက်ပြီး၊ အသက်ပြင်းပြင်း ရှူကာ လက်ကို ဆန့်ထုတ်လိုက်၏။ အနက်ရောင် ပွင့်ချပ် တစ်ချပ်ကို ဆွတ်ယူလိုက်ပြီး ပစ်လွှတ်လိုက်သည်။

တစ်ခဏချင်းစီမှာပင် ကြောက်မက်ဖွယ် စွမ်းအင် ပေါက်ကွဲမှုကြီး ထွက်ပေါ်လာသည်။

မြူခိုးဂိုဏ်း၏ ကောင်းကင်ယံ အထက်တွင် ပေပေါင်း သောင်းချီ မြင့်မားသော အနက်ရောင် နတ်ဆိုးဘုရား ဓမ္မပုံရိပ်ကြီး တစ်ခု မျက်စိတစ်မှိတ် အတွင်း ပေါ်လာ၏။

ဟင်းလင်းပြင် ဖြိုခွဲ အဆင့် ပထမအလွှာ၏ အရှိန်အဝါကြီး တစ်ခုလုံးကို ရုတ်တရက် လွှမ်းခြုံသွားတော့သည်။

ယဲ့ဖုန်း မော့ကြည့်လိုက်သည်။ ကျန်ရှိနေသော ပွင့်ချပ် နှစ်ချပ်ဖြင့် ကာကွယ်ထားသော ဝမ်ကျုံးကို ကြည့်ပြီး မေးစေ့ကို ပွတ်သပ်လိုက်၏။

'ကြည့်ရတာ ငါ “ထိတ်လန့်ဖွယ် ကျိန်စာ” နတ်ဘုရား စွမ်းရည်ကို စမ်းသုံးကြည့်ရတော့မယ် ထင်တယ်... ဒါကမှ ဒီ မောက်မာလွန်းတဲ့ နတ်ဆိုးဘုရားကျောင်း က ကောင်ကို ဘုရားမသိ နတ်မသိ သတ်ပစ်နိုင်မယ့် တစ်ခုတည်းသော နည်းလမ်းပဲ...'

ယဲ့ဖုန်း စိတ်ထဲတွင် တွေးလိုက်သည်။

သူ့အင်္ကျီဝတ်ရုံ လက်စကျယ်ကြီးများ ကျဆင်းလာပြီး၊ လက်များကို ဖုံးအုပ်ထားလိုက်ကာ ဂါထာမန္တန်များ ရွတ်ဆိုလိုက်၏။

ယဲ့ဖုန်းသည် ခြိမ်းခြောက်လာသော ဝမ်ကျုံးကို သတ်ဖြတ်ရန် ရည်ရွယ်ချက် ရှိနေပြီ ဖြစ်သည်။

ဒီလို လူမျိုးကို ဘာပဲဖြစ်ဖြစ် ရှင်းပစ်ရမယ်။

ခဏကြာသောအခါ ယဲ့ဖုန်း မန္တန် ရွတ်ဆိုခြင်း ပြီးဆုံးသွား၏။

သို့သော်၊ သူ ချက်ချင်း မလှုပ်ရှားသေးပေ။

ကောင်းကင်ယံ ထက်တွင်...

ဘိုးဘေးကြီး နှစ်ဦး တပြိုင်နက် လှုပ်ရှားလိုက်ကြသည်။ သူတို့၏ ခန္ဓာကိုယ်များတွင် တောက်ပသော ကျောက်စိမ်းရောင် အလင်းတန်းများ လွှမ်းခြုံသွားပြီး၊ အရေပြားများသည် ကျောက်စိမ်းသားကဲ့သို့ မာကျောသွားကာ အလွန် ခိုင်ခံ့လာကြသည်။

ဒါသည် “ဟင်းလင်းပြင် ကျောက်စိမ်းခန္ဓာကိုယ် ကျင့်စဉ်” နတ်ဘုရား စွမ်းရည်ပင် ဖြစ်၏။

“ဝုန်း...”

သူတို့၏ နောက်တွင် ပေပေါင်း သောင်းချီ မြင့်မားသော ဓမ္မပုံရိပ်ကြီးများ ပေါ်ထွက်လာပြီး၊ အဖိုးတန် ကျောက်စိမ်းရောင် အလင်းတန်းများ ဖြာထွက်ကာ တောက်ပနေသည်။

သူတို့ တပြိုင်နက် တိုက်ခိုက်လိုက်ကြသည်။

“အက်...”

အနက်ရောင် နတ်ဆိုးဘုရား ဓမ္မပုံရိပ်ကြီးသည် သူတို့နှစ်ဦး၏ တစ်ချက်တည်းသော တိုက်ခိုက်မှုကြောင့် အက်ကွဲသွား၏။ အက်ကွဲနေသော ပွင့်ချပ် တစ်ချပ်အဖြစ် ပြောင်းလဲကာ ဝမ်ကျုံး၏ ဘေးသို့ ပြန်လည် ဆုတ်ခွာသွား၏။

“ဟွန်း...”

ဝမ်ကျုံး အလွန် မကျေမနပ် ဖြစ်သွားသည်။

“ခင်ဗျားတို့က ကျူပ်တို့ နတ်ဆိုးဘုရားကျောင်း ရဲ့ ကိစ္စကို နှောင့်ယှက်ရဲတယ်ပေါ့... ပြန်သွားပြီး ခန်းမသခင် ကို တိုင်လိုက်ရင် ဘယ်သူမှ အသက်ရှင်ရက် ကျန်မှာ မဟုတ်ဘူး..”

သူက မောက်မာစွာ ကြေညာလိုက်၏။

ဟင်းလင်းပြင် ဖြိုခွဲ အဆင့် နှစ်ယောက်ကို ရင်ဆိုင်နေရလျှင်တောင်မှ၊ ဝမ်ကျုံးက နည်းနည်းလေးမှ ကြောက်လန့်ခြင်း မရှိပေ။

ဘာကြောင့်လဲဆိုတော့ သူ့နောက်မှာ နတ်ဆိုးဘုရားကျောင်း ရှိနေ၍ပင်။

သို့သော် ထိုအချိန်၌ ဝမ်ကျုံးသည် တစ်စုံတစ်ခု သူ့ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာသည်ကို ရုတ်တရက် ခံစားလိုက်ရပြီး၊ ချက်ချင်းပင် သူ့ဝိညာဉ်ပင်လယ်အား ကျူးကျော် ဝင်ရောက်လာသည်။

“အား...”

သူ အော်ဟစ်လိုက်၏။

သူ့ဝိညာဉ်ကို ထူးဆန်းသော စွမ်းအားတစ်ခုက လွှမ်းမိုးသွားသည်ကို ခံစားလိုက်ရပြီး၊ မအော်ဘဲ မနေနိုင် ဖြစ်သွားရသည်။ ထို့နောက် သူ့ဝိညာဉ်သည် နေရာမှာတင် ကြေမွသွားပြီး၊ ကြီးမားသော မိစ္ဆာချီ တိမ်တိုက်ကြီး အဖြစ် ပြောင်းလဲကာ သူ့စိတ်ထဲတွင် ကျန်ရစ်နေခဲ့၏။

လူအုပ်ကြီးသည် အော်သံ တစ်ချက်ကိုသာ ကြားလိုက်ရသည်။

ထို့နောက် ဝမ်ကျုံးသည် ကောင်းကင်ပေါ်မှ ပြုတ်ကျလာပြီး၊ “ဘုန်း” ခနဲ အသံမြည်ကာ အဓိကရင်ပြင်ကျယ်ကြီး ပေါ်သို့ ကျရောက်သွား၏။

“ဘာကြီးလဲ...”

လူတိုင်းသည် ထို ရုတ်တရက် အပြောင်းအလဲကို မျက်လုံးပြူးပြီး ကြည့်နေကြသည်။ မျက်နှာများတွင် ဇဝေဇဝါ ဖြစ်မှုများ ပြည့်နှက်နေ၏။

စောစောကမှ နတ်ဆိုးဘုရားကျောင်း က လူရောက်လာပြီး မောက်မာနေတာလေ... အခု ဘယ်လိုလုပ်ပြီး သေသွားရတာလဲ...။

တုန်လှုပ်မှု ပြီးနောက်၊ လူအုပ်ကြီးသည် လန်းဆန်းသော ပျော်ရွှင်မှုကို ခံစားလိုက်ရသည်။

ဘာအကြောင်းကြောင့်ပဲ ဖြစ်ဖြစ်၊ ဝမ်ကျုံး သေဆုံးသွားတာက ကျေနပ်စရာ ကောင်းသည့် အလှည့်အပြောင်း တစ်ခုပါပင်။

တချို့ဆိုရင် မီးရှူးမီးပန်းတောင် ဖောက်ပြီး အောင်ပွဲခံချင်နေကြ၏။

“သေသွားပြီလား...”

ဘိုးဘေးကျန်းလင်း၏ ကိုယ်ပွားနှင့် ဘိုးဘေးလင်မြောင် တို့သည် ရင်ပြင်ပေါ်တွင် ပက်လက်လန်နေသော၊ ပါးစပ်အဟောင်းသား နှင့် မျက်လုံးပြူးလျက် သေဆုံးနေသော ဝမ်ကျုံးကို ကြည့်ပြီး နှစ်ယောက်စလုံး အံ့အားသင့်သွားကြသည်။

သူတို့သည် အလိုအလျောက် ယဲ့ဖုန်း ဆီသို့ လှမ်းကြည့်လိုက်ကြ၏။

တစ်ခဏတာ သူတို့နှစ်ယောက်စလုံး ဒါ ယဲ့ဖုန်း လက်ချက်ပဲဟု ထင်လိုက်ကြသည်။

သို့သော်၊ ယဲ့ဖုန်း မတ်တတ်ရပ်လိုက်ပြီး မျက်လုံးပြူးကာ လက်သီးဆုပ်ထားသည်ကို တွေ့လိုက်ရသည်။ သူ့ခန္ဓာကိုယ်က အနည်းငယ် တုန်ခါနေပြီး၊ သူ့ရှေ့က မြင်ကွင်းကြောင့် သူပါ လိုက်ပြီး တုန်လှုပ်နေပုံ ရသည်။

ဘိုးဘေးကြီး နှစ်ဦး၏ စိတ်ထဲမှ သံသယများ မီးခိုးလို လွင့်ပါး ပျောက်ကွယ်သွား၏။

“ဘယ်သူ့ လက်ချက်လဲ...”

သူတို့နှစ်ဦး ဝမ်ကျုံး ဘက်သို့ ပြန်လှည့်ကြည့်လိုက်ကြပြီး၊ မျက်မှောင်ကြုတ်ကာ ဇဝေဇဝါ ဖြစ်နေကြသည်။

တုန်လှုပ်ပြီး ကြောက်ရွံ့ဟန် ဆောင်နေသော ယဲ့ဖုန်း၏ ရင်ထဲတွင်မူ ပျော်ရွှင်မှု ပန်းပွင့်များ ဝေဆာနေပြီ ဖြစ်ကြောင်း ဘယ်သူမှ မသိကြပေ။

မူလနတ်ဘုရားအဆင့် (၇) အလွှာ ရှိတဲ့သူတောင် ချက်ချင်း သေသွားတယ်...။

“ထိတ်လန့်ဖွယ် ကျိန်စာ” က တကယ်ကို ဒီလောက်တောင် ကြောက်စရာ ကောင်းတာပဲလား..

အခန်း (၅၁၉) - ဘိုးဘေးလင်မြောင်၏ တုန်လှုပ်မှု၊ လက်ဆောင်ပေးခြင်း၊ မိစ္ဆာချီ စုစည်းခြင်း

~ယဲ့ဖုန်း မျက်မှောင်ကြုတ်လိုက်သည်။

သူ၏ မျက်နှာပေါ်တွင် ပေါ်ပေါက်နေသော ထိတ်လန့်တုန်လှုပ်မှုများ အားလုံးသည် ဟန်ဆောင်မှု သက်သက်သာ ဖြစ်၏။ သူ၏ သရုပ်ဆောင်စွမ်းရည်မှာ အလွန် ပြောင်မြောက်လှသဖြင့် မည်သူမျှ ရိပ်မိခြင်း မရှိကြပေ။

'ဒီ နတ်ဘုရား စွမ်းရည်က တကယ်ကို ကြောက်စရာ ကောင်းတာပဲ... ငါ့ရဲ့ လက်ရှိ ခွန်အားနဲ့ အစွမ်းကုန် ထုတ်သုံးလိုက်တာ၊ မူလနတ်ဘုရားအဆင့် (၇) အလွှာ ရှိတဲ့သူတောင် တစ်ချက်တည်းနဲ့ ပြုတ်သွားတယ်... တကယ့်ကို မထင်မှတ်ထားဘူး...'

ယဲ့ဖုန်း စိတ်ထဲတွင် တွေးလိုက်မိသည်။

သူသည် ဝမ်ကျုံးကို လက်ညှိုးထိုးပြပြီး ထိတ်လန့်ဟန်ဆောင်ကာ မေးလိုက်သည်။

“မိတ်ဆွေတို့... ဒီလူ ဘာလို့ ရုတ်တရက် သေသွားရတာလဲ... ခင်ဗျားတို့ လက်ချက်များလား...”

ထိုစကားကို ကြားလိုက်ရသောအခါ ဘိုးဘေးကြီး နှစ်ဦး၏ နှုတ်ခမ်းထောင့်စွန်းများ တွန့်သွားရ၏။

သူတို့သည် ဟင်းလင်းပြင် ဖြိုခွဲ အဆင့် ရှိသူများ ဖြစ်သည့်အားလျော်စွာ စွမ်းအားကြီးမားသည်မှာ မှန်သော်လည်း၊ မူလနတ်ဘုရားအဆင့် (၇) အလွှာ ရှိသူ တစ်ဦးကို ခန္ဓာကိုယ်တွင် ဒဏ်ရာ တစ်ချက်မျှ မကျန်စေဘဲ တိတ်တဆိတ် သတ်ဖြတ်ရန်မှာမူ အလွန် ခက်ခဲလှသည်။

အနည်းဆုံးတော့ သူတို့နှစ်ဦးစလုံး လက်ရှိ အခြေအနေတွင် မလုပ်ဆောင်နိုင်ဟု ခံစားနေကြရသည်။

“မဟုတ်ဘူး... ငါတို့ လက်ချက် မဟုတ်ဘူး...”

ဘိုးဘေးလင်မြောင်က အရင်ဆုံး ဝင်ငြင်းလိုက်သည်။

ဘိုးဘေးကျန်းလင်း၏ ကိုယ်ပွားကမူ တိတ်ဆိတ်နေ၏။

သို့သော် ရုတ်တရက် သူ၏ မျက်လုံးများ အရောင်တောက်သွားပြီး၊ မိုင်ရာချီ ဝေးကွာသော သစ်မာလွင်ပြင်ဘက်သို့ လှမ်းကြည့်လိုက်သည်။

ထိုမြေကြီးအောက်ထဲတွင် ရှေးဟောင်း သူတော်စင် နတ်ဘုရား တစ်ပါး၏ ဦးခေါင်းခွံ အကြွင်းအကျန် ရှိနေသည်ကို သူ သိထား၏။ သူ၏ မူလခန္ဓာကိုယ် ရောက်ရှိလာလျှင်ပင် ထိုအကြွင်းအကျန် စွမ်းအားကို ခံနိုင်ရည် ရှိမည် မဟုတ်ပေ။

'ရှေးဟောင်း သူတော်စင် နတ်ဘုရားက ဝင်ပါလိုက်တာများလား...'

ဘိုးဘေးကျန်းလင်း၏ ကိုယ်ပွား မတွေးဘဲ မနေနိုင် ဖြစ်သွားရသည်။

မြူခိုးဂိုဏ်းကို ကံတရားကြီးကြီးမားမား လွှမ်းခြုံထား၏။ မြူခိုးဂိုဏ်းကို ပစ်မှတ်ထားသူတိုင်း ကံဆိုးမိုးမှောင် ကျရောက်တတ်ကြသည်။

ယနေ့ နတ်ဆိုးဘုရားကျောင်းမှ ဝမ်ကျုံး ရုတ်တရက် သေဆုံးသွားပြီး၊ မျက်လုံးပြူးလျက် သေဆုံးရခြင်းမှာ သေချာပေါက် ရှေးဟောင်း သူတော်စင် နတ်ဘုရား (သန့်စင်သော သူတော်စင် နတ်ဘုရား) နှင့် ဆက်စပ်နေပေလိမ့်မည်။

ထိုအတွေးသည် ဘိုးဘေးကျန်းလင်း၏ ကိုယ်ပွားကို စိတ်ထဲတွင် တုန်လှုပ်သွားစေတော့၏။

သူ မျက်မှောင်ကြုတ်လိုက်ပြီး၊ ဘိုးဘေးလင်မြောင် ထံသို့ တိတ်တဆိတ် အသံပေးပို့ ပြောကြားလိုက်သည်။

(ငါတို့ ဒီကိစ္စကို ဆက်ပြီး မစုံစမ်းတာ ကောင်းလိမ့်မယ်...)

(ဘာလို့လဲ...)

ဘိုးဘေးလင်မြောင် မျက်မှောင်ကြုတ်သွားသည်။

(ငါ့ကို ယုံပါ... ငါ ပြောတာ မှန်တယ်..)

ဘိုးဘေးကျန်းလင်း၏ ကိုယ်ပွားက လေးနက်သော မျက်နှာထားနှင့် အသံဖြင့် ပြောလိုက်သဖြင့်၊ ဘိုးဘေးလင်မြောင် မေးခွန်းထုတ်ခြင်း ရပ်တန့်သွားရ၏။

နှစ်ဦးစလုံး ယဲ့ဖုန်း ဘက်သို့ လှည့်ကြည့်လိုက်ကြသည်။

“မိတ်ဆွေလေး ယဲ့... ဒီလူက နတ်ဆိုးဘုရားကျောင်း က ကျင့်ကြံသူ တစ်ယောက်ပဲ... နတ်ဆိုးဘုရားကျောင်း က ဒီကိစ္စကို အကြောင်းပြပြီး မင်းကို ပြဿနာ လာရှာမှာ စိုးလို့၊ ငါတို့ သူ့အလောင်းကို ယူသွားလိုက်မယ်... ဘယ်လိုလဲ...”

ဘိုးဘေးကျန်းလင်း၏ ကိုယ်ပွားက မေးလိုက်၏။

ယဲ့ဖုန်း အနည်းငယ် အံ့သြသွားသော်လည်း ခေါင်းငြိမ့်လိုက်သည်။

“ကောင်းပြီလေ... ကျေးဇူးတင်ပါတယ်...”

ထို့နောက် သူသည် ကောင်းကင်ယံတွင် တွဲလွဲ ခိုနေသော၊ ပွင့်ချပ် တစ်ချပ် အက်ကွဲစပြုနေသည့် ပွင့်ချပ်သုံးချပ်ပါ အနက်ရောင် ပန်းပွင့်ကို လှမ်းကြည့်လိုက်သည်။

၎င်းသည် နတ်ဆိုးဘုရား ပန်းပွင့် ဖြစ်၏။

အဆင့်မြင့် ဝိညာဉ်ရတနာ တစ်ခု ဖြစ်သည်။

“ဒါဆို... ဒီ ဝိညာဉ်ရတနာ ကရော...”

ယဲ့ဖုန်း မေးလိုက်သည်။

“ဒီပစ္စည်းက အရမ်း အန္တရာယ်များတယ်... မိတ်ဆွေလေး ယဲ့ရဲ့ လက်ရှိ ခွန်အားနဲ့ ဆိုရင် ထိန်းချုပ်လို့ ရမှာ မဟုတ်ဘူး... ငါတို့ ယာယီ ယူသွားပြီး ဖိနှိပ်ထားလိုက်မယ်... အထဲက မူလဝိညာဉ် အမှတ်အသားကိုလည်း ဖျက်ပစ်ပေးမယ်...”

ဘိုးဘေးကျန်းလင်း၏ ကိုယ်ပွားက ပြောလိုက်၏။

ယဲ့ဖုန်း ခဏမျှ တိတ်ဆိတ်နေပြီးနောက် ပြောလိုက်သည်။

“ကောင်းပါပြီ...”

နတ်ဆိုးဘုရား ပန်းပွင့်မှာ အဆင့်မြင့် ဝိညာဉ်ရတနာ ဖြစ်ပြီး၊ သူ့လက်ရှိ ခွန်အားဖြင့် ဆိုလျှင် ထိန်းချုပ်ရန် တကယ် ခက်ခဲပေမည်။ ဟင်းလင်းပြင် ဖြိုခွဲ အဆင့် ပညာရှင် နှစ်ဦးကို ယူသွားခိုင်းလိုက်ခြင်းက ပိုမို စိတ်ချရ၏။

“မိတ်ဆွေလေး ယဲ့... ငါတို့ သွားတော့မယ်...”

ဘိုးဘေးလင်မြောင် နှင့် ဘိုးဘေးကျန်းလင်း၏ ကိုယ်ပွားတို့သည် သူတို့၏ စွမ်းအားများကို အသုံးပြုပြီး၊ ဒဏ်ရာရနေသော နတ်ဆိုးဘုရား ပန်းပွင့်ကို ဖိနှိပ်လိုက်ကြသည်။ ထို့နောက် ဝမ်ကျုံး၏ အလောင်းကို ကောက်ယူပြီး ချက်ချင်း ပျောက်ကွယ်သွားကြသည်။

လူအုပ်ကြီး မော့ကြည့်လိုက်သောအခါ ကောင်းကင်ပြင်မှာ ဟာလာဟင်းလင်း ဖြစ်ကျန်ရစ်၏။

ဟင်းလင်းပြင် ဖြိုခွဲ အဆင့် ပညာရှင် နှစ်ဦး၏ ပုံရိပ်မှာ ပျောက်ကွယ်သွားခဲ့ပြီပင်။

“စောစောက တကယ် အန္တရာယ်ကြီးတယ်နော်...”

“အေးလေ... ကံကောင်းလို့ ဟင်းလင်းပြင် ဖြိုခွဲ အဆင့် ဘိုးဘေး နှစ်ယောက် ဝင်ပါလိုက်လို့... မဟုတ်ရင် ငါတို့ပါ ထိခိုက်ကုန်မှာ...”

“မင်းတို့ ဘယ်လို ထင်လဲ... နတ်ဆိုးဘုရားကျောင်း က မူလနတ်ဘုရားအဆင့် (၇) အလွှာ မဟာတန်ခိုးရှင်ကို ဘယ်သူက တိတ်တဆိတ် သတ်လိုက်တာ ဖြစ်မလဲ...”

“ပြောရခက်တယ်... ငါတော့ မခန့်မှန်းတတ်ဘူး...”

“ငါ ထင်တာကတော့လေ... သူ ဘုရားဒဏ်သင့်သွားတာ နေမှာပါ...”

“ဟေ... ငါလည်း အဲဒီလိုပဲ ထင်တယ်...”

ဧည့်သည်များ အချင်းချင်း ဆွေးနွေး ငြင်းခုံနေကြသည်။

ထိုစကားများကို ကြားလိုက်ရသောအခါ ယဲ့ဖုန်း စိတ်ထဲတွင် သက်ပြင်းချလိုက်နိုင်၏။

'ကြည့်ရတာ ဘယ်သူမှ ငါ့ကို သံသယဝင်ပုံ မရဘူး... ဒီနေ့ ဖြစ်ရပ်မှန်က လျှို့ဝှက်ချက် တစ်ခု အနေနဲ့ပဲ ကျန်ရစ်တော့မှာပါ...'

သို့ရာတွင်၊ နတ်ဆိုးဘုရားကျောင်း အကြောင်း တွေးမိလိုက်တိုင်း သူ့မျက်လုံးများ အေးစက်သွားရသည်။

'ဒီ အဖွဲ့အစည်းက အရမ်း အန္တရာယ် များတယ်...'

ယဲ့ဖုန်း ခဏမျှ စဉ်းစားလိုက်ပြီး၊ ဘေးပတ်ဝန်းကျင်မှ လူများကို နွေးထွေးစွာ ပြုံးပြလိုက်ကာ လက်မြှောက် နှုတ်ဆက်လိုက်သည်။

“လူကြီးမင်းများ ခင်ဗျာ... ရန်သူကြီး ဆုတ်ခွာသွားပါပြီ... ဆက်လက် သောက်စား ပျော်ပါးကြပါစို့...”

“သောက်ကြ... သောက်ကြဟေ့...”

ဧည့်သည်များသည် စားပွဲသောက်ပွဲကို ဆက်လက် ဆင်နွှဲကြတော့၏။

...

သစ်မာလွင်ပြင်တွင်...

ဘိုးဘေးလင်မြောင်သည် မျက်နှာသေဖြင့် ဘိုးဘေးကျန်းလင်း၏ ကိုယ်ပွား နောက်မှ လိုက်ပါလာပြီး၊ မြေအောက် မိုင် (၃၀၀) ခန့် အထိ ဆင်းသက်လာခဲ့ကြသည်။ သူတို့ ရှေ့တွင် ပေါ်လာသော ဧရာမ လူခေါင်းခွံကြီးကို မြင်လိုက်ရသောအခါ၊ မျက်လုံးများထဲတွင် ထိတ်လန့်မှုများ ဖြတ်သန်းသွားသည်။

“ရှေးဟောင်း သူတော်စင် နတ်ဘုရားရဲ့ အကြွင်းအကျန်ပဲ..”

ဘိုးဘေးလင်မြောင်၏ ကိုယ်ခန္ဓာ တုန်လှုပ်သွားရ၏။

ထိုစဉ်၊ ဘိုးဘေးကျန်းလင်းက တည်ငြိမ်သော မျက်နှာထားဖြင့် ပြောလိုက်သည်။

“နတ်ဘုရား အာရုံ နဲ့ မစစ်ဆေးနဲ့... အထူးသဖြင့် ကောင်းကင်မျက်လုံးလိုမျိုး နတ်မျက်လုံးတွေ သုံးပြီး မကြည့်နဲ့... မဟုတ်ရင် ရှေးဟောင်း သူတော်စင် နတ်ဘုရား (သန့်စင်သော သူတော်စင် နတ်ဘုရား) ရဲ့ လက်ကျန် စွမ်းအားကြောင့် ငါတို့ ဒဏ်ရာရလိမ့်မယ်...”

ထိုစကားကို ကြားလိုက်ရသောအခါ ဘိုးဘေးလင်မြောင် အသက်ရှူ ရပ်သွားမတတ် ဖြစ်သွားရ၏။

သူ ဘိုးဘေးကျန်းလင်း၏ ကိုယ်ပွားကို စူးစိုက်ကြည့်လိုက်သည်။ ဤကိစ္စ၏ အသေးစိတ် အချက်အလက်များကို မေးမြန်းချင်နေသော ပုံစံမျိုး ဖြစ်နေ၏။

“ငါ ကောင်းကင်မျက်လုံး ကျင့်ကြံထားပြီးသားလေ...”

ခဏကြာသောအခါ ဘိုးဘေးကျန်းလင်း၏ ကိုယ်ပွားက ပြောပြသည်။

“အဲဒီတုန်းက မင်းရဲ့ လျို့ဝှက်ဆန်းကြယ် နိုင်ငံတော် ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုနေတုန်း၊ ဒီနေရာကို တွေ့ခဲ့တာပဲ...”

ဘိုးဘေးလင်မြောင် ချက်ချင်း လေးနက်သွားသည်။ သူ အသက်အောင့်ထားပြီး နောက်ဆက်တွဲ စကားကို စောင့်မျှော်နေသည်။

ဘိုးဘေးကျန်းလင်း၏ ကိုယ်ပွားက ဆက်ပြောလာ၏။

“အဲဒီတုန်းက ငါ ကောင်းကင်မျက်လုံးကို သုံးပြီး ဒီ ရှေးဟောင်း သူတော်စင် နတ်ဘုရားရဲ့ အကြွင်းအကျန်ကို အနီးကပ် လေ့လာကြည့်လိုက်တာ... ပြန်ကန်အား ထိပြီး စီးဆင်းသော ရေပြင်မြစ် ကမ်းပါးမှာ ပြုတ်ကျသွားခဲ့တယ်... ပြီးတော့ ငါ ဘာမြင်ခဲ့ရလဲ သိလား...”

“ဘာမြင်ခဲ့ရလို့လဲ...”

ဘိုးဘေးလင်မြောင်က မေးလိုက်သည်။

“မြူခိုးဂိုဏ်းကို ခမ်းနားထည်ဝါတဲ့ ကံတရား အငွေ့အသက်ကြီး လွှမ်းခြုံထားတာ တွေ့လိုက်ရတယ်... ပြိုင်ဘက်ကင်း သူတော်စင် အရှိန်အဝါတွေနဲ့ အဆုံးမဲ့ အလားအလာတွေ ပိုင်ဆိုင်ထားတာကိုး...”

ထိုစကားကြောင့် ဘိုးဘေးလင်မြောင်၏ မျက်လုံးများ ပြူးကျယ်သွားသည်။

‘ဘိုးဘေးကျန်းလင်းက ယဲ့ဖုန်းကို ဘာလို့ ဒီလောက် တန်ဖိုးထားတာလဲ ဆိုတာ မအံ့ဩတော့ပါဘူး... ဒီအကြောင်းရင်းကြောင့်ကိုး..’

ရုတ်တရက် ဘိုးဘေးလင်မြောင်၏ အကြည့်များ စူးရှသွားရ၏။

“ကျုပ် သဘောပေါက်ပြီ.. မြူခိုးဂိုဏ်းကို ကံတရား အငွေ့အသက်ကြီး လွှမ်းခြုံထားတာက... သူတို့က ဒီ ရှေးဟောင်း သူတော်စင် နတ်ဘုရား နဲ့ နီးကပ်နေလို့ပဲ... ပြီးတော့ နတ်ဆိုးဘုရားကျောင်း အကြီးအကဲရဲ့ မရိုးသားတဲ့ ရည်ရွယ်ချက်ကြောင့် ရှေးဟောင်း သူတော်စင်ရဲ့ ဆန္ဒတော်က အဝေးကနေ လှမ်းပြီး ချေမှုန်းပစ်လိုက်တာပဲ..”

“အင်း... ဖြစ်နိုင်တာပဲ...”

ဘိုးဘေးကျန်းလင်း၏ ကိုယ်ပွားက ခေါင်းငြိမ့် ထောက်ခံလိုက်သည်။

“ဪ... ဒါကြောင့်ကိုး...”

နောက်ဆုံးတော့ သဘောပေါက်သွားပြီး ဘိုးဘေးလင်မြောင် စိတ်သက်သာရာ ရသွား‌တော့၏။

“မြူခိုးဂိုဏ်းကို ကံတရား အငွေ့အသက်ကြီး လွှမ်းခြုံထားမှတော့ ကျုပ်တို့ စိတ်ပူစရာ မလိုတော့ပါဘူး... ရှေးဟောင်း သူတော်စင် နတ်ဘုရား ရှေ့မှာဆိုရင် နတ်ဆိုးဘုရားကျောင်း လောက်က ဘာမှ မဟုတ်ပါဘူး...”

“မှန်တယ်... နတ်ဆိုးဘုရားကျောင်း သခင်သာ မြူခိုးဂိုဏ်းကို လာပြီး ရိုင်းရိုင်းစိုင်းစိုင်း လုပ်ရဲရင်... ရှေးဟောင်း သူတော်စင် နတ်ဘုရားရဲ့ ဆန္ဒတော်က သူ့ကို သေချာပေါက် ချေမှုန်းပစ်မှာပဲ...”

ဘိုးဘေးကျန်းလင်း၏ ကိုယ်ပွားက ယုံကြည်မှုရှိရှိ ပြောလိုက်သည်။

“ကဲ... သွားကြစို့...”

“အင်း... နတ်ဆိုးဘုရား ပန်းပွင့်ရဲ့ အမှတ်အသားကို ဖျက်ဖို့ ပြန်သွားရဦးမယ်...”

ဝှီး...

ဘိုးဘေးကြီး နှစ်ဦး ချက်ချင်း ပျောက်ကွယ်သွားကြ၏။

ဘိုးဘေးကြီးတို့ ထွက်ခွာသွားပြီးနောက်၊ မြေအောက် နက်ရှိုင်းသော နေရာတွင် မြှုပ်နှံထားသော ရှေးဟောင်း သူတော်စင် နတ်ဘုရား အကြွင်းအကျန်၏ မျက်လုံးအိမ်များ အတွင်းရှိ ထာဝရ မီးတောက် နှစ်ခုသည် ရုတ်တရက် တုန်ခါသွားသည်။ ဘိုးဘေးကြီးတို့ ပြောစကားများကို နားလည်လိုက်သကဲ့သို့ပင်။

(ကံတရား အငွေ့အသက် လွှမ်းခြုံထားတဲ့... မြူ... မြူခိုးဂိုဏ်း...)

ထူးဆန်းသော အသံနေအသံထားများ မြေအောက်တွင် ဖြည်းညှင်းစွာ ပျံ့လွင့်သွားသည်။

...

နတ်ဆိုးဘုရားကျောင်းတွင်...

မျက်နှာဖုံး စွပ်ထားသော နတ်ဆိုးဘုရားကျောင်း သခင်သည် မီးရောင်အောက်တွင် ပေါ်ထွက်လာပြီး၊ ဘေးနားရှိ ကွဲကြေနေသော ဝိညာဉ်မီးအိမ် ကို စိုက်ကြည့်နေ၏။

ထို့နောက် သူသည် တင်ပျဉ်ခွေထိုင်လိုက်ပြီး စတင် တွက်ချက်တော့သည်။

...

မြူခိုးဂိုဏ်းတွင်...

ကြယ်အဆင့် တိုးမြှင့်ခြင်း အခမ်းအနား ဆက်လက် ကျင်းပနေသည်။

ညရောက်မှသာ အဖွဲ့အစည်း အသီးသီးမှ လူများ တစ်ယောက်ပြီးတစ်ယောက် ပြန်လည် ထွက်ခွာသွားကြပြီး၊ မပြန်ခင် ကောင်းချီးစကားများ ပြောကြားသွားကြ၏။

ဥပမာအားဖြင့် -

(ဂိုဏ်းချုပ်ယဲ့... ဖူးစာရှင် မြန်မြန် တွေ့ပါစေဗျာ...)

(ဂိုဏ်းချုပ်ယဲ့... ဇနီးမယား သုံးလေးယောက်လောက် ယူလိုက်ပါဗျာ...)

(ဂိုဏ်းချုပ်ယဲ့... သားသမီး (၈) ယောက်လောက် မွေးပါစေဗျာ...)

ထိုကောင်းချီးစကားများကို ကြားရသောအခါ ယဲ့ဖုန်း မျက်နှာကြီး တောင့်တင်းသွားရသည်။

လူအုပ်ကြီးထဲတွင်...

ပထမမင်းသမီး လင်ယွဲ့သည် လူတိုင်း ပြောနေကြသော ကောင်းချီးစကားများကို ကြားလိုက်ရသောအခါ ပါးလေးများ နီရဲသွားသည်။ ယဲ့ဖုန်း၏ ခန့်ညားသော မျက်နှာကို လှမ်းကြည့်လိုက်ပြီးနောက်၊ တစ်ကိုယ်လုံး ပူထူသွားသလို ခံစားလိုက်ရပြီး ခေါင်းကို ကပျာကယာ ငုံ့လိုက်၏။

“ဟွန်း... ဒီလူတွေကတော့လေ... ပေါက်ကရတွေ...”

သူမသည် ယဲ့ဖုန်း အနားသို့ လျှောက်သွားလိုက်ပြီး၊ ငြိမ်းချမ်းရေး အဆောင်လက်ဖွဲ့ တစ်ခု ထားရစ်ခဲ့ကာ၊ ချက်ချင်း ကောင်းကင်ပေါ်သို့ ပျံတက်ပြီး ပျောက်ကွယ်သွားတော့သည်။

ယဲ့ဖုန်း အဓိကရင်ပြင်ကျယ်ကြီးတွင် ရပ်ကျန်ရစ်ခဲ့၏။

လက်ကို မြှောက်လိုက်ပြီး လက်ဝါးပေါ်ရှိ မွှေးပျံ့သော ငြိမ်းချမ်းရေး အဆောင်လက်ဖွဲ့ကို ကြည့်ကာ၊ ခေါင်းကုတ်လိုက်မိသည်။ ဘာလုပ်ရမှန်း မသိ ဖြစ်သွား၏။

“လင်ယွဲ့က ငါ့ကို လက်ဆောင်တွေ ပေးနေပြီ... ဘာလုပ်ရမလဲ...”

ယဲ့ဖုန်း အကျပ်ရိုက်နေသည်။

'လောလောဆယ် အချစ်ရေး ကိစ္စတွေကို စိတ်မဝင်စားသေးကြောင်းနဲ့ ဂိုဏ်းရဲ့ ရည်မှန်းချက်ကြီးတွေကိုပဲ အပြည့်အဝ အာရုံစိုက်ထားကြောင်း ပြောပြလိုက်ရမလား...'

“ထားလိုက်ပါတော့ကွာ...”

“ဖြစ်ချင်ရာ ဖြစ်ပါစေတော့...”

နောက်ဆုံးတွင် ယဲ့ဖုန်းသည် တပည့်များကို ရင်ပြင် သန့်ရှင်းရေး လုပ်ခိုင်းလိုက်ပြီး၊ သူကိုယ်တိုင်ကတော့ ဂိုဏ်းချုပ် ခန်းမဆောင်ကြီးဆီသို့ ပြန်သွား၏။

ငြိမ်းချမ်းရေး အဆောင်လက်ဖွဲ့ကို သိမ်းဆည်းလိုက်ပြီးနောက်၊ ပက်လက်ကုလားထိုင်ပေါ်တွင် ထိုင်လိုက်သည်။

“မိစ္ဆာချီ... စုစည်းစမ်း...”

ထို့နောက် ယဲ့ဖုန်း.. လေထဲတွင်..လက်ဟန်များ ရေးဆွဲလိုက်သည်။

လေဟာနယ်ထဲတွင် ပျံ့လွင့်နေသော မိစ္ဆာချီ အမြောက်အမြားသည် သူ့ထံသို့ စုဝေးလာပြီး၊ လက်ဝါးအထက်တွင် ဝဲကတော့တစ်ခု အဖြစ် ဖွဲ့စည်းသွား၏။

ဒါသည် ဝမ်ကျုံးကို “ထူးဆန်းသော ကျိန်စာ” ဖြင့် သတ်ဖြတ်လိုက်ပြီးနောက် ကျန်ရစ်ခဲ့သော ထူထဲသည့် မိစ္ဆာချီများ ဖြစ်ပြီး၊ သူ့မှတ်ဉာဏ် အချို့ ပါဝင်နေသည်။

All Chapters