← Chapters

အခန်း (၈၃၂-၈၃၄)

Vol. 56 Ch. 832-834

အခန်း (၈၃၂-၈၃၄)

Vol. 56 Ch. 832-834

အခန်း (၈၃၂) : မစ်ရှင်အောင်မြင်ခြင်း

ကျိုးဟောင်မှာ ကျောထဲစိမ့်ခနဲဖြစ်သွားကာအမူအရာပျက်သွားခဲ့လေသည်။ အရာရာမှာနောက်ကျသွားခဲ့ပြီး သားရဲကြီးမှာ ဒေါသထွက်သောမျက်လုံးများဖြင့်ကျိုးဟောင်အားစိုက်ကြည့်နေခဲ့လေသည်။

မြေပေါ်တွင်ကျန်ခဲ့သောသူ့အဖွဲ့သားများမှာလည်း ထိုအခြင်းအရာကိုတွေ့မြင်လိုက်ကြပြီး ထိတ်လန့်သွားခဲ့ကြလေသည်။ ကျိုးဟောင်မှာ လက်ဗလာဖြင့်ပြန်သွားလိုစိတ်မရှိပေ။ ထို့ကြောင့် လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်လိုက်ပြီး အံကိုကြိတ်ကာ ပြောလိုက်လေသည်။

"အဆုံးမဲ့အကျဉ်းထောင်"

ကျိုးဟောင်မှာ သူ၏စိတ်စွမ်းအားကိုထုတ်လွှတ်ပြီး တိုက်ခိုက်လိုက်လေသည်။

ယခုလိုအနီးကပ်အနေအထားတွင် ကျိုးဟောင်၏ တိုက်ခိုက်ချက်မှာ သားရဲကြီးဆီသို့အလျင်အမြန်ပင်သက်ရောက်သွားခဲ့လေသည်။ ကျိုးဟောင်၏စိတ်စွမ်းအားတိုက်ခိုက်ချက်ကြောင့် သားရဲကြီးမှာ တုန်ရီလာခဲ့လေသည်။

၎င်း၏ကျင့်ကြံဆင့်မှာ ကျိုးဟောင်ထက်အဆများစွာသာလွန်သော်လည်း ယခုလိုစိတ်၀ိညာဥ်အားဖြင့်အနည်းကပ်တိုက်ခိုက်ခြင်းခံရသောအခါ ၎င်းအတွက်ခုံဖို့ခက်ခဲနေခဲ့လေသည်။

ကျိုးဟောင်သည်လည်းအခြေအနေမကောင်းလှပေ။ ပြင်းထန်လှသောတုံ့ပြန်စွမ်းကြောင့် ကျိုးဟောင်၏ နှာခေါင်းနှင့်ပါးစပ်များစီမှသွေးများကျဆင်းလာခဲ့လေသည်။ သူ့ဦး‌နှောက်သည်လည်း ချွန်ထက်လှသောအပ်များစွာဖြင့် အထိုးခံနေရသကဲ့သို့နာကျင်နေလေသည်။

သို့သော် ကျိုးဟောင်မှာတုံ့ဆိုင်းမနေဘဲ သူ့လက်ကိုလှမ်းကာ အသီးတစ်လုံးအားခူးလိုက်လေသည်။ ထပ်ပြီးဒုတိယမြောက်အသီးအားခူးရန်လက်လှမ်းလိုက်ချိန်တွင် မြွေကြီး၏အမြှီးမျှာ မြောက်တက်လာပြီး ကျိုးဟောင်အားရိုက်ချလိုက်လေသည်။လေထုအားဖြိုခွင်းလာသောအမြှီးရိုက်ခတ်သံကြီးမှာကျယ်လောင်လှပေသည်။

"နေရာရွှေ့ပြောင်းခြင်း"

ကျိုးဟောင်မှာနေရာကူးပြောင်းရေးအစွမ်းကိုသုံးပြီးအမြှီးရိုက်ချက်အားရှောင်ရှားလိုက်လေသည်။ ထို့နောက်အသီးတစ်လုံးရှေ့သို့သွားလိုက်ကာထပ်မံခူးယူလိုက်လေသည်။

ထိုမြင်ကွင်းကသားရဲကြီးအားအလွန်ဒေါသထွက်သွားစေခဲ့ပြီး ဟိန်းဟောက်လိုက်ကာအလွန်ဖိအားပြင်းသောအငွေ့အသက်များထုတ်လွှတ်လာခဲ့လေသည်။

ထို့အပြင်သားရဲကြီး၏တစ်ကိုယ်လုံးမှာ ခရမ်းရောင်တောက်လာခဲ့ပြီး အမြှီးရိုက်ချက်မှာလည်း လျှပ်စီးလက်သကဲ့သို့လျင်မြန်ကာ အရှိန်အဟုန်ပြင်းပြင်း ဖြင့်ကျိုးဟောင်ဆီသို့ဦးတည်လာခဲ့လေသည်။ဒီတခေါက်ရိုက်ချက်မှာပြင်းထန်လွန်းသောကြောင့် ကျိုးဟောင်အနေဖြင့်ထိပ်တိုက်ရင်ဆိုင်ဖို့မဖြစ်နိုင်ချေ။

ထိုအခိုက်အတန့်တွင် ကျိုးဟောင်လက်ထဲ၌ အသီး ၂လုံးပိုင်ဆိုင်ထားခဲ့ပြီးဖြစ်ပြီး တစ်ယောက် အသီး၁၀လုံးစီယူမည့်ရည်မှန်းချက်ပြည့်ရန်နောက်ထပ်၂လုံးသာလိုတော့လေသည်။

ကျိုးဟောင်တွင်ရွေးချယ်စရာ၂ခုသာကျန်ရစ်တော့လေသည်။ တစ်ခုမှာ နောက်ပြန်ဆုတ်ရန်ဖြစ်ပြီး နောက်တစ်ခုကတော့ အသေအကြေတိုက်ခိုက်ရန်ဖြစ်လေသည်။ သို့သော်ကျိုးဟောင်မှာ သရဲဘောကြောင်သူမဟုတ်ပေ။ ကျိုးဟောင်မှာ လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်လိုက်လေသည်။

" ရှောင်ယွီရေ ဆွဲငင်အားနယ်မြေကိုဖန်တီးလိုက်"

ကျိုးဟောင်မှာ ငှက်မွှေးတစ်ထောင်ချပ်၀တ်အားစေခိုင်းလိုက်ပြီး ဆွဲငင်အားနယ်မြေအားဖန်တီးကာ အမြှီး၏ရိုက်ချက်အားနှေးအောင်လုပ်လိုက်လေသည်။

ထို့နောက် ကျိုးဟောင်မှာ ရှေးဟောင်းခန္ဓာသိုင်း၊နတ်ဘုရားသတ်သိုင်းနှင့် ပြောင်းလဲခြင်းကိုးသွယ်ခန္ဓာသိုင်းတို့အားတပြိုင်နက်ထဲအသက်သွင်းလိုက်လေသည်။ ကျိုးဟောင်၏ကျင့်ကြံဆင့်မှာ ၆ဆင့်မြောက်သူတော်စင်ဘုံအဆင့်သို့တဟုန်ထိုးရောက်ရှိသွားလေသည်။

"မဟာဖျက်ဆီးခြင်းလက်သီး"

ကျိုးဟောင်မှာလက်သီးအားကျစ်ကျစ်ပါအောင်ဆုပ်ပြီး သူ့ဆီ၀င်လာသောအမြှီးကြီးအားထိုးချလိုက်လေသည်။ သူနှင့်သားရဲကြီးကြားတွင် အဆင့်ကွာခြားချက် ၄ဆင့်‌ရှိသော်လည်းကျိုးဟောင်မှာကြောက်ရွံ့နေခြင်းမရှိပေ။

ကျိုးဟောင်မှာ သွေးတစ်ဗွက်အန်ခဲ့သော်လည်းအမြှီး‌ရိုက်ချက်ကြီးဆီမှ ရှောင်ရှားနိုင်ခဲ့ပြီး အသီးတစ်လုံးကိုတောင်ထပ်မံခူးယူနိုင်ခဲ့လေသည်။

သူ့အနေဖြင့်နောက်ထပ်ခူးယူရန်အသီးတစ်လုံးသာကျန်တော့လေသည်။ ထိုမြင်ကွင်းကိုကြည့်ပြီး သားရဲကြီးမှာ အလွန်ဒေါသထွက်သွားလေသည်။ ၎င်းရှေ့တွင်ကျိုးဟောင်မှာ အသီးတွေတစ်လုံးပြီးတစ်လုံးခူးယူနေခြင်းက ၎င်းအား မထီမဲ့မြင်လုပ်နေသကဲ့သို့ဖြစ်စေလေသည်။

သားရဲကြီးမှာ ဒေါသပေါက်ကွဲလာပြီး ၎င်း၏ စွမ်းအားများကိုအဆုံးအစွန်အထိလွှတ်ထုတ်လိုက်လေသည်။ ထို့နောက်ကျိုးဟောင်အားအစွမ်းကုန်တိုက်ခိုက်ရန်ကြိုးစားလာလေသည်။ ကျိုးဟောင်အတွက်လည်းအဆုံးသတ်ရောက်လုနီးအခြေအနေထိဖြစ်နေလေသည်။

ထိုအချိန်တွင် ရွှေရောင်အလင်းတန်းတစ်ခုနှင့်အတူကြီးမားသောဓားကြီးတစ်ခုမှာ ကောင်းကင်ပေါ်မှကျရောက်လာခဲ့လေသည်။

"အဟမ်း..."

အရာရှိလောင် ရောက်ရှိလာခဲ့ခြင်းဖြစ်လေသည်။ ၎င်း၏ဓားကြီးမှာ သားရဲကြီး၏အကြေးခွံများအားဖောက်ထိုးပြီး သွေးများထွက်ကာ သေဆုံးသွားစေခဲ့လေသည်။

ကျိုးဟောင်မှာ သတိမလွတ်ခင်လေးမှာပဲ နောက်ဆုံးသစ်သီးအားရအောင်ခူးယူနိုင်ခဲ့လေသည်။ အရာရှိလောင်မှာ ကျိုးဟောင်အားပွေ့ချီလိုက်လေသည်။ ထို့နောက်ကျန်လေးယောက်ကိုလည်း ခေါ်ဆောင်ကာထိုနေရာမှထွက်ခွာသွားလေသည်။

အရာရှိလောင်မှာ သတိလစ်နေသောကျိုးဟောင်အားကြည့်ပြီး ပြောလာလေသည်။

"ဒီကောင်လေးကရဲရင့်သားပဲ။ ဒီတစ်ခေါက်မစ်ရှင်မှာ မင်းတို့အားလုံးအောင်မြင်ကြပါတယ်။ ဒါပေမဲ့ မင်းတို့ကျိုးဟောင်ကိုကျေးဇူးတင်ဖို့တော့လိုမယ်"

ခေါင်းဆောင်လောင်က ပြုံးပြီးပြောလာလေသည်။ ကျိုးဟောင်မှာ ကြေးစားစစ်သည်တစ်ယောက်တွင်ရှိသင့်သည့်အရည်အချင်းမျိုးကိုပြသနိုင်ခဲ့လေသည်။

ကျိုးဟောင်အား ယာဉ်ပျံပေါ်သို့ပြန်လည်ခေါ်ဆောင်လာပြီးနောက် သူတို့အဖွဲ့မှာ တိမ်မြူခိုးကျွန်းမှထွက်ခွာလာခဲ့လေသည်။ သူတို့အဖွဲ့မှာ မစ်ရှင်အောင်မြင်ခဲ့သောကြောင့် အမှတ်များလည်းစုဆောင်းနိုင်ခဲ့ကြလေသည်။ ကျန်အဖွဲ့သားများမှာ သူတို့ဂတိပေးထားကြသည့်အတိုင်း ကျိုးဟောင်ဆီသို့အမှတ်၁၀၀၀စီ လွှဲပေးခဲ့ကြလေသည်။

အချိန်တစ်ရက်ကုန်ဆုံးသွားပြီးနောက် ကျိုးဟောင်မှာ သတိရလာခဲ့လေသည်။ သူ့ခေါင်းမှာ နာကျင်နေပြီး တကိုယ်လုံးမှာလည်း ဒဏ်ရာများရထားလေသည်။ သို့သော် ကောင်းကောင်းအနားယူလိုက်ရသောကြောင့် ပြန်လည်သက်သာစပြုနေပြီဖြစ်လေသည်။

"အမ်.... ခေါင်းဆောင်လောင် ကျွန်တော်ဘယ်ရောက်နေတာလဲ"

ကျိုးဟောင်ကအံ့အားသင့်စွာဖြင့်မေးလိုက်လေသည်။

"မင်းတို့မစ်ရှင်ကပြီးဆုံးသွားခဲ့ပြီ။ အခု မင်းကငါ့ယာဉ်ပျံပေါ်ရောက်နေတာပဲ"

အရာရှိလောင်ကပြန်ဖြေလိုက်လေသည်။

"ပြီးသွားတာလား.... ဪ....ဟုတ်သားပဲ"

ကျိုးဟောင်မှာ ပြန်လည်မှတ်မိလာခဲ့လေသည်။ သူသတိမလစ်သွားခင် အသီးအားရအောင်ယူနိုင်ခဲ့ပြီး အရာရှိလောင်ရောက်ရှိလာသည်ကိုပြန်သတိရသွားလေသည်။

"ကောင်လေး မင်းကမဆိုးဘူး နှလုံးရည်ပြည့်၀ပြီး သတ္တိရှိသားပဲ။ မင်းက ကြေးစားတပ်သား‌ကောင်းတစ်‌ယောက်ဖြစ်လာနိုင်တယ်။ဒါပေမဲ့မင်းရဲ့အင်အားကတော့လိုအပ်ချက်တွေရှိနေသေးတယ်။ ကြေးစားတပ်ဖွဲ့ရဲ့လေ့ကျင့်ရေးစခန်းကိုရောက်တာနဲ့ သေချာလေ့ကျင့်ရမယ်ကြားလား။ တကယ်လို့ မင်း တရား၀င်ကြေးစားစစ်သားဖြစ်လာတဲ့အချိန်ကျရင် ငါတောင်မင်းနဲ့လက်ရည်စမ်းချင်မိတယ်"

အရာရှိလောင်မှာသူ၏လေးစားမှုကို ဖော်ပြနေလေသည်။

ကျိုးဟောင်၏ကျင့်ကြံဆင့်မှာဘယ်လိုပင်ဖြစ်ပါစေ သူ၏အမူအကျင့်နှင့်စိတ်နေသဘောထားက ကြေးစားတပ်ဖွဲ့အတွက်အရေးကြီးဆုံးဖြစ်ပေသည်။ကြေးစားတပ်ဖွဲ့တွင် အဖွဲ့၀င်တိုင်းနောက်ကျောလုံခြုံမှုမှာ သေရေးရှင်ရေးသမျှအရေးကြီးလေသည်။ ကျိုးဟောင်ကတော့ နောက်ကျောကဓားထိုးမည့်သူမျိုးမဟုတ်ကြောင်း အရာရှိလောင်ကသေချာနားလည်သွားခဲ့လေသည်။

"ဟီးဟီးး ကျွန်တော်အကောင်းဆုံးကြိုးစားပါ့မယ်"

ကျိုးဟောင်ကလည်းပြန်ဖြေလိုက်လေသည်။

"မင်းလေ့ကျင့်ရေးစခန်းကိုရောက်ရင် သတ်ဖြတ်ရေးနယ်မြေမှုသွားပြီးလေ့ကျင့်သင့်တယ်။ အဲ့နေရာကမင်းတိုးတက်ဖို့အတွက်အများကြီးအထောက်အကူပေးလိမ့်မယ်။ အဲ့နေရာကို မင်း၀င်ရောက်လိုက်တာနဲ့ မင်းအတွက်ပုံရိပ်ယောင်နယ်မြေတစ်ခုဖန်တီးပေးလိမ့်မယ် ဒါပေမဲ့ မင်းပြန်ထွက်တဲ့အချိန်ကျရင် အဲ့နေရာနဲ့ပတ်သက်တဲ့ မှဏ်ဉာဏ်၉၀%ကို ဖျက်ခြင်းခံရမယ်"

" ဘာလို့အဲ့လိုလုပ်ရတာလဲဆိုတော့ မင်းပြန်လာလေ့ကျင့်တိုင်း အမြဲမင်းအတွက်အသစ်အဆန်းဖြစ်နေစေချင်လို့ပဲ။ အဲ့လိုလုပ်ခြင်းကြောင့် မင်းရဲ့ လေ့ကျင့်ရေးကိုပိုမိုတိုးတက်စေလိမ့်မယ်။ ပြီးတော့ မင်းရဲ့အင်အားကိုလေ့ကျင့်ရင်း မင်းရဲ့ကျင့်ကြံအဆင့်ကိုတိုးတက်လာအောင်တခါထဲလေ့ကျင့်ရမယ်"

အရာရှိလောင်ကသေချာမှာကြားနေလေသည်။

"ဟုတ်ကဲ့ ကျွန်တော်လေ့ကျင့်ပါ့မယ်"

ကျိုးဟောင်ကပြန်ဖြေလိုက်လေသည်။

"ကောင်းပြီး မင်းအခုသွားပြီး အကြောင်းကြားလိုက်တော့"

အရာရှိလောင်၏စကားဆုံးသောအခါ ကျိုးဟောင်မှာသူ့အားသေချာနှုတ်ဆက်ပြီး လေ့ကျင့်ရေးစခန်းဆီသို့ထွက်လာခဲ့လေသည်။

လေ့ကျင့်ရေးစခန်းမှာ အစစအရာရာပြည့်စုံသည့်ကြီးမားသောမြို့ကြီးတစ်မြို့ဖြစ်လေသည်။ ကျိုးဟောင်မှာမြို့ထဲသို့၀င်ပြီး လျှောက်ကြည့်နေလေသည်။ သို့သော် သင်တန်းသားများများစားစားမရှိသေးပေ။ အကြောင်းမှာ သင်တန်းသားအတော်များများမှာ မစ်ရှင်လုပ်နေကြတုန်းဖြစ်လေသည်။

ကျိုးဟောင်လည်း ဘာမှလုပ်စရာမရှိတုန်း သတ်ဖြတ်ခြင်းနယ်မြေသို့သွားရောက်စူးစမ်းရန်တွေးလိုက်မိလေသည်။ ထို့ကြောင့် မြို့ပြမြေပုံအားထုတ်ကြည့်လိုက်လေသည်။

လမ်းညွှန်ချက်များအတိုင်းသွားလိုက်သောအခါ ကြီးမားသောတိုက်ကြီးဘေးရှိ သတ်ဖြတ်ခြင်းနယ်မြေဆီသို့ရောက်လာခဲ့လေသည်။ ကျိုးဟောင်လည်း အသက်၀၀ရှူသွင်းလိုက်ပြီးထိုနေရာထဲသို့ခြေချလိုက်လေသည်။

သူ၀င်ရောက်လိုက်သည်နှင့်ပုံရိပ်ယောင်လေ့ကျင့်ရေးခန်းကြီးပေါ်ပေါက်လာခဲ့သောကြောင့်ကျိုးဟောင်မျက်လုံးပြူးသွားခဲ့လေသည်။

"ဒါက‌သတ်ဖြတ်ခြင်းနယ်မြေဆိုတာလား။ ဟဲဟဲ ငါထင်ထားတာထက်တော့ ကြမ်းတမ်းမှုနည်းသေးတာပဲ"

ကျိုးဟောင်မှာပြုံးလိုက်ပြီး လျှောက်ပတ်ကြည့်လိုက်လေသည်။

....................................................................................

အခန်း (၈၃၂) ပြီးပါပြီ။

---

အခန်း (၈၃၃) : တိုက်ပွဲထဲ၀င်ရောက်ခြင်း

ကျိုးဟောင်မှာ ဘေးပတ်လည်သို့လျှောက်ကြည့်နေခဲ့ပြီး သူ‌တွေ့ခဲ့ရသည်မှာ ကြေးညှိရောင်ရှိသောလူများသာဖြစ်လေသည်။ ထိုလူများ၏ မျက်လုံးများမှာ သူတို့၏ခေါင်းပေါ်တွင်ရှိနေကြပြီး သူတို့သည်လည်း အစမ်းခန့်ကြေးစားတပ်သားများဖြစ်လေသည်။

သို့သော်သူတို့မှာ သေရေးရှင်ရေးအခြေအနေများစွာဖြတ်ကျော်ဖူးသည့်အတွေ့အကြုံများရှိပြီး ယခုလို သတ်ဖြတ်ရေးနယ်မြေထဲသို့၀င်လာရဲသည်မှာလည်း ပေါ့သေးသေးလူများတော့မဖြစ်နိုင်ပေ။

ဒါ့အပြင် ၎င်းတို့၏ခန္ဓာကိုယ်မှာထုတ်လွှတ်နေသောအငွေ့အသက်များမှာလည်း တခြားသူများနှင့်မတူပေ။ တကယ်လို့ကြောက်တတ်သူတစ်ယောက်သာဒီနေရာသို့၀င်လာပါက ကြောက်သေးများတဖြန်းဖြန်းထွက်ကျလောက်ပေမည်။

သို့သော် ကျိုးဟောင်မှာ သာမန်လူမဟုတ်ပေ။ ယခုလိုပြင်းထန်သောသတ်ဖြတ်လိုစိတ်အနည်းငယ်ဖြင့်သူ့အားထွက်ပြေးသွားအောင်မလုပ်နိုင်ပေ။ ကျိုးဟောင်မှာ ယခုထက်ပိုမိုပြင်းထန်သောအခြေအနေများနှင့်ပင်ရင်ဆိုင်ခဲ့ရဖူးလေသည်။

ထိုကြေးညှိရောင်လူများမှာ ငရဲသမျှကြမ်းတမ်းသောလေ့ကျင့်ရေးများကိုကျော်ဖြတ်ခဲ့ကြဖူးသူများဖြစ်လေသည်။ တကယ်လို့ ဒီသတ်ဖြတ်ရေးနယ်မြေထဲတွင် သူတို့အဖွဲ့ထဲက ဘယ်သူမဆို သေဆုံးနိုင်ချေ ၉၀%သာရှိသည်လို့ သူတို့တွေးထားကြလေသည်။

သူတို့မှာ ကျိုးဟောင် အားသေချာကြည့်နေကြလေသည်။ သူတို့အမြင်တွင် ကျိုးဟောင်မှာ ဘ၀၏ သေရေးရှင်ရေးအခြေအနေများကို မဖြတ်ကျော်ဖူးသည့် ကောင်းစွာမဖွံဖြိုးသေးသူတစ်ယောက်လိုဖြစ်နေလေသည်။ချက်ချင်းပင်သူတို့၏မျက်နှာပေါ်၌မနှစ်မြို့သည့်အမူအရာများပေါ်လာခဲ့လေသည်။

" ဒီ‌သူတောင်းစားလေးက ဘယ်ကရောက်လာတာလဲ။ ကောင်းကောင်းတောင်အရွယ်မရောက်သေးဘဲနဲ့ ဒီနေရာကိုသေချင်လို့လာတာလား"

အသက်နည်းနည်းကြီးပုံရသောလူကြီးက စမ်းသပ်ခြင်းကိုစောင့်ဆိုင်းနေရင်း ကျိုးဟောင်အားလှောင်ပြောင်လိုက်လေသည်။

ကျိုးဟောင်မှာ ဒီသတ်ဖြတ်ရေးနယ်မြေထဲသို့ဝင်လာရဲသည့်အပြင် သူတို့ရှိနေသောနေရာသို့အကြောက်အလန့်မရှိလာရဲခြင်းကြောင့် သူတို့အနေဖြင့် ကျိုးဟောင်အားရန်စနေခြင်းဖြစ်ပေသည်။ သူတို့ဘယ်လောက်ပင်စည်းကျော်ပြီး ပြောနေပါစေ ကျိုးဟောင်အနေဖြင့်ဘာမှပြန်မပြောရဲလောက်ဘူးလို့ ထင်နေခဲ့ကြလေသည်။

"ဒီကောင်စုတ်လေးတော့ ပုံရိပ်ယောင်လေ့ကျင့်ရေးအခန်းထဲမှာနာရီ၀က်တောင်ခံမယ်မထင်ဘူး။ သေချာပေါက် ငိုယိုပြီးထွက်လာလိမ့်မယ်"

"ဟားဟား.... ငါလည်း အဲ့လိုပဲထင်တယ်"

"ဟုတ်တယ် အမွှေးအမျှင်တောင်မစုံသေးတဲ့ဒီကောင်စုတ်လေးတော့ ငိုပြီးထွက်လာမှာပဲ။ အဖေနဲ့အမေလို့တောင် အော်ဟစ်ပြီးထွက်လာဦးမှာ"

ထိုယာယီကြေးစားအဖွဲ့မှာ ကျိုးဟောင်အားလုံး၀ လှောင်ပြောင်နေခဲ့လေသည်။

သူတို့ကဲ့သို့သေရေးရှင်ရေးအခြေအနေများကိုရင်ဆိုင်ကျော်ဖြတ်ဖူးသူများသာ ယခုလိုစမ်းသပ်ချက်မျိုးနှင့်ကိုက်ညီသည်လို့တွေးထင်နေကြလေသည်။

လောကကြီးတွင်သူတို့ကိုယ်သူတို့အတော်ဆုံးလို့ထင်ကာ မောက်မာနေကြသောထိုအဖွဲ့ကိုကြည့်ရင်း ကျိုးဟောင်တစ်ယောက် ရင်ထဲတွင် မနှစ်မြို့သလိုခံစားနေရလေသည်။

ကျိုးဟောင်မှာထိုသူများထံမှလှောင်ပြောင်မှုများကိုဂရုမစိုက်ခဲ့ပေ။ တကယ့်စစ်မှန်သောပညာရှင်မည်သည် ထိုကဲ့သို့လူများ၏စကားကို စိတ်ထဲတွင်ထားနေမည်မဟုတ်ပေ။

"မင်းတို့ကောင်တွေ တကယ့်လောကကြီးကိုသေချာမမြင်ဖူးကြသေးပါဘူး"

ကျိုးဟောင်ကမနှစ်မြို့ဖွယ်အမူအရာဖြင့်ပြောလိုက်လေသည်။

ကျိုးဟောင်၏စကားကြောင့် ထိုအဖွဲ့မှာဒေါသထွက်သွားကြလေသည်။ ဘယ်သူမှသူတို့အားယခုလိုအထင်သေးစွာမပြောရဲကြပေ။ တချို့ယာယီကြေးစားတပ်သားအချင်းချင်းတောင်သူတို့အားကြောက်ရွံ့ကြလေသည်။

ယခုမူ အမွှေးအမျှင်တောင်မစုံသေးသောကောင်လေးတစ်ယောက်က သူတို့အား မထီမဲ့မြင်ပြောနေလေသည်။ သူတို့အားလုံး၏မျက်နှာတွင်ဒေါသရိပ်များဖြင့်ပြည့်နှက်နေပြီး ကျိုးဟောင်အား သင်ခန်းစားကောင်းကောင်း ပေးရန်တွေးထားကြလေသည်။

ဒီချာတိတ်လေးမှာ အခုမှ လေ့ကျင့်ရေးစခန်းအားရောက်ခါစဖြစ်ပြီး ဒီသတ်ဖြတ်ရေးနယ်မြေဆီလာရဲခြင်းက သူတို့အားမကျေမနပ်ဖြစ်စေလေသည်။ သူတို့တောင်မှ ဒီလေ့ကျင့်ရေးစခန်းသို့ရောက်နေသည်မှာ ကြာလှပြီဖြစ်ပြီး အခုမှ ဒီသတ်ဖြတ်ရေးနယ်မြေထံလာရဲခြင်းဖြစ်လေသည်။

သူတို့အနေဖြင့် ဒီနေရာသို့လာနိုင်ရန် များစွာသောလေ့ကျင့်ရေးများကိုလေ့ကျင့်ကျော်ဖြတ်ခဲ့ရပြီး လိုအပ်ချက်များပြည့်မှီတော့မှ လာခွင့်ရခြင်းဖြစ်လေသည်။

"ဒီခွေးကောင်လေးက သေချင်နေတာပဲ။ တကယ့်သန်မာမှုအစစ်အမှန်ကဘာလဲဆိုတာမင်းကိုပြရသေးတာပေါ့"

သန်မာထွားကြိုင်းပြီး အသားအရေမှာ မဲနက်နေသော ဂြိုဟ်သားကြီးတစ်ကောင်မှာ ရှေ့သို့ထွက်လာရင်းပြောလေသည်။

ထိုဂြိုဟ်သားကြီးမှာ မျက်ခုံးထူထူနှင့်ကြီးမားသောမျက်လုံးများရှိလေသည်။ ၎င်းမှာ ကျားကြီးတစ်ကောင်နှင့်တူပြီး မြင်ရသူတိုင်းထိတ်လန့်သွားနိုင်သည့်အရှိန်အဝါမျိုးရှိလေသည်။ ထိုလူမှာ ကျိုးဟောင်တစ်ယောက် ကြောက်လန့်ပြီး သူ့အားတောင်းပန်လာလိမ့်မည်လို့တွေးထားခဲ့လေသည်။

"အစ်ကိုကြီး နမ် အရေးမပါတာတွေကိုလုပ်မနေပါနဲ့တော့။ မင်းကမကြာခင် ပုံရိပ်ယောင်လေ့ကျင့်ရေးထဲ ၀င်ရတော့မှာလေ"

တခြားသင်တန်းသားတစ်ယောက်ကအကြံပေးလိုက်လေသည်။ ထိုလူထွားကြီးမှာ ကျိုးဟောင်၏ မောက်မာသည့်အကြည့်အား သဘောမကျသော်လည်း သင်ခန်းစာပေးရန် သူ့တွင် အချိန်မရှိတော့ပေ။

ထို့နောက်ထိုလူထွားကြီးမှာ အကြံပေးစကားကြောင့်စိတ်ထိန်းလိုက်ပြီး ပုံရိပ်ယောင်လေ့ကျင့်ရေးခန်းထဲသို့၀င်သွားခဲ့လေသည်။ သူ၏စိတ်ထဲတွင် မကျေမနပ်ဖြစ်နေသော်လည်း ဒီလေ့ကျင့်ရေးအခန်းထဲ ၀င်ရရန် သူလိုချင်တောင့်တခဲ့သည်မှာ ကြာလှပြီဖြစ်လေသည်။

"မင်းကံကောင်းသွားတယ်ကောင်လေး မဟုတ်ရင်‌သေပန်းက ဘာအရောင်လဲဆိုတာမင်းသိအောင်ငါပြပေးမလို့ပဲ"

အစ်ကိုကြီးနမ်ဆိုသည်က နှာခေါင်းရှုံ့ပြီးပြောလိုက်လေသည်။

"အဲ့တော့ဘာဖြစ်လဲ တခြားမင်းလူတွေကျန်သေးတာပဲ။ မင်းတို့ငါ့ကို ပုံရိပ်ယောင်လေ့ကျင့်ရေးအခန်းထဲမှာ နာရီ၀က်တောင်မခံဘူးထင်တယ်ပေါ့ ငါမင်းတို့ကိုအဲ့အထဲမှာ ၁နာရီကြာအောင်နေပြမယ်"

ကျိုးဟောင်မှာ အနိုင်မခံ အရှုံးမပေးသူဖြစ်လေသည်။ ထိုလူများမှာသူ့အားအထင်သေးခဲ့ကြပြီး သူ့အနေဖြင့် သာမန်မဟုတ်ကြောင်းပြသရမည်ဖြစ်လေသည်။

"နာရီ၀က်လောက်နေနိုင်ခဲ့ရင်တောင် ငါမင်းကိုချီးကျူးပေးမယ်ကွာ။ ၂မိနစ်လောက်နဲ့တော့ အဖေအမေတပြီး ငိုယိုထွက်မလာနဲ့ကွာ ရှက်ဖို့ကောင်းတယ်"

"ဟားဟားး အစ်ကိုကြီးနမ်ကလည်း အဲ့လိုဒဲ့ကြီးမပြောပါနဲ့လား"

"ဟားးဟားး....ရယ်ရလွန်းလို့သေတော့မယ်။ တကယ်လို့ဒီကောင်စုတ်လေး ငိုယိုပြီးထွက်လာရင် ငါတို့သူ့ကိုနို့တစ်ပုလင်းပေးလိုက်ကြမယ်လေ"

ဒီယာယီကြေးစားအဖွဲ့၀င်များမှာဟားတိုက်ရယ်မောကာ ကျိုးဟောင်အားဟာသကြီးတစ်ခုလိုပြုမူနေကြလေသည်။

"အစ်ကိုကြီးနမ် ဒီကောင်လေးက အစ်ကိုကြီးကိုဖျော်ဖြေဖို့ဖိတ်ထားတဲ့ လူရွှင်တော်များလားမသိဘူး ဟားဟားးးး"

လူတိုင်းက ကျိုးဟောင်အားလှောင်ပြောင်နေကြလေသည်။ ကျိုးဟောင်၏အသက်ကိုကြည့်ပြီး သူ့အနေဖြင့်ဘ၀၏အခက်အခဲများကို မဖြတ်သန်းဖူးသူလို့ထင်နေကြလေသည်။ ကျိုးဟောင်အား သူ့မိဘများကတယုတယပြုစုထားသည့်ပန်းပင်လေးတစ်ပင်အဖြစ်သူတို့ကထင်မြင်နေကြလေသည်။

"အဲ့လောက်တောင်ရယ်ရတာလား ဒီလိုဆိုမှတော့ အလောင်းအစားလေးတစ်ခုလောက်လုပ်ကြည့်ကြမလား ဘယ်လိုသဘောရလဲ"

ကျိုးဟောင်မှာ ထိုလူများအားသင်ခန်းစာပြန်ပေးချင်နေလေသည်။ စာအုပ်တစ်အုပ်အားအဖုံးကိုကြည့်၍ဆုံးဖြတ်လို့မရကြောင်း ထိုလူများအားသိစေချင်နေလေသည်။

....................................................................................

အခန်း (၈၃၃) ပြီးပါပြီ။

---

အခန်း (၈၃၄) : အလောင်းအစား

ကျိုးဟောင်၏စကားကိုကြားလိုက်ရသောအခါ သူတို့အားလုံးမှာ ဟာသကြီးတစ်ခုအားကြားလိုက်ရသကဲ့သို့ခံစားလိုက်ရလေသည်။ ဒီလူငယ်လေးသည်သူတို့နှင့် အလောင်းအစားလုပ်ရဲလေသည်။

သူတို့တွင် ရတနာများစွာရှိပုံရပြီး ထိုရတနာများကိုသူ့အသုံးမချတတ်ဖြစ်နေသည်လို့ သူတို့ထင်လိုက်ကြလေသည်။ သူတို့အားလုံး၏မျက်နှာတွင် လှောင်ပြုံးများဖြင့်ပြည့်နှက်သွားလေသည်။

"အစ်ကိုကြီးနမ် ကြားလိုက်လား ဒီကလေးကကြည့်ရတာ အခုထိအမှန်တရားကိုလက်မခံနိုင်ဖြစ်နေပုံပဲ။ သူ့ကိုအမှန်တရားကိုသိအောင်ပြလိုက်ကြရအောင် ဒါမှ ရှေ့လျှောက်ဒီလိုမမောက်မာရဲမှာ"

"ကောင်လေး ဒီတခေါက်လောင်းကြေးကို မင်းရဲ့ကျူရှင်ဖိုးအဖြစ်သတ်မှတ်ပြီး အကြီးတွေကိုဘယ်လိုလေးစားရမလဲ ငါသင်ပေးလိုက်မယ်"

ကြေးစားတပ်ဖွဲ့၏သင်တန်းသားများ၏မျက်နှာမှာ ပျော်ရွှင်နေကြလေသည်။

"ကောင်းပြီလေ အကြောင်းပြချက်တွေမပေးရဘူးနော်။ ငါမင်းကိုညှာတာပြီး အခွင့်အရေးပေးနေမှာမဟုတ်ဘူး။ ကဲဘာကိုမင်းလောင်းကြေးထပ်ချင်လဲ"

လူထွားကြီးမှာ လှောင်ပြုံးပြီး ကျိုးဟောင်အားမေးလိုက်လေသည်။ သူ့စိတ်ထဲတွင်ကျိုးဟောင်မှာ စိတ်လွတ်သွားပြီလို့ထင်နေမိလေသည်။

"တကယ်လို့ ပုံရိပ်ယောင်လေ့ကျင့်ရေးခန်းထဲမှာ ၁နာရီနေနိုင်ရင် ကျုပ်နိုင်မယ် မနေနိုင်ခဲ့ရင်တော့ ခင်ဗျားအနိုင်ပေါ့။ ရှုံးတဲ့ဘက်က စကြ၀ဠာဒေါ်လာ ၁ဘီလီယံပေးရမယ်"

ကျိုးဟောင်ကတည်ကြည်သောအမူအရာဖြင့်ပြောလိုက်လေသည်။ သူ့အနေဖြင့် ဒီမောက်မာသောလူများအား ဒီနေရာတွင်လက်ရွေးစင်သင်တန်းသားများသာစုဝေးနေခြင်းဖြစ်ကြောင်းသိသွားစေချင်နေလေသည်။

"ဟွန့်"

ထိုလူများမှာ သက်ပြင်းချလိုက်မိကြလေသည်။ စကြ၀ဠာဒေါ်လာ တစ်ဘီလီယံဆိုသည်မှာ သူတို့အတွက်လည်းကြီးမားသောပမာဏတစ်ခုဖြစ်နေလေသည်။

"ကောင်းပြီလေ အဲ့လိုပဲဆုံးဖြတ်လိုက်ကြတာပေါ့။ မင်းအနေနဲ့ ဒီပုံရိပ်ယောင်လေ့ကျင့်ရေးအခန်းထဲကို ငါတို့၀င်ပြီးမှ၀င်ရမယ်။ ဒါမှ မင်းကို ငါတို့စောင့်ကြည့်နေလို့ရမှာ"

"ဟားဟားး တစ်ယောက်ယောက်ဆီကပိုက်ဆံမရခဲ့တာတော်တော်ကြာခဲ့ပြီ။ မျှော်နေမယ်နော်ကောင်လေး"

ထိုလူများမှာရယ်မောပြီးပြောနေကြလေသည်။လက်ရှိတွင်ဒီလောက၌သူတို့မှာ အပျော်ဆုံးလူများအဖြစ်ထင်မှတ်နေကြလေသည်။

တခြားသင်တန်းသားများကတော့ ကျိုးဟောင်အားစာနာသောအကြည့်များဖြင့်ကြည့်နေကြလေသည်။ သူတို့အနေဖြင့်ကျိုးဟောင်အားတားချင်သော်လည်း မဝံ့မရဲဖြစ်နေကြလေသည်။

သူတို့အနေဖြင့် ဒီကြေးညှိရောင်အသားအရည်ရှိသော ကြေးစားတပ်သားများကို မခန့်လေးစားမလုပ်ရဲပေ။ ထိုသူများမှာ သေရေးရှင်ရေးတိုက်ပွဲများစွာကိုကျော်ဖြတ်ခဲ့ကြဖူးသူများဖြစ်ပြီး သွေးသံတရွှဲရွှဲနှင့် ဒဏ်ရာဒဏ်ချက်များစွာရရှိခဲ့ကြဖူးလေသည်။ ထိုအမာအရွတ်များကြောင့် တော်ရုံလူများမှာ သူတို့အား မော်မကြည့်ရဲကြပေ။

"ကဲဒါဆိုလည်း ငါအရင် လေ့ကျင့်ရေးအခန်းထဲ၀င်ပြီး အခက်အခဲတွေနဲ့ရင်ဆိုင်ကြည့်လိုက်ဦးမယ်"

လူထွားကြီးမှာရယ်မောကာပြောပြီးနောက် ပုံရိပ်ယောင်လေ့ကျင့်ရေးအခန်းထဲသို့၀င်သွားခဲ့လေသည်။ ထိုပုံရိပ်ယောင်လေ့ကျင့်ရေးမှာအလွန်ထူးခြားပြီး ၀င်ရောက်သွားသူတိုင်းရင်ဆိုင်ရသည့်အခြေအနေမှာကွဲပြားလေသည်။ ဒါ့အပြင် ထိုလေ့ကျင့်ရေးအခန်းထဲတွင်ကြုံတွေ့ရသည်များကိုလည်း မှတ်ဉာဏ်အဖျက်ခံလိုက်ရသောကြောင့် ပြန်ထွက်လာသူတိုင်းဘာတစ်ခုမှမမှတ်မိတော့ပေ။

"ကောင်လေး မင်းအရမ်းစိတ်လိုက်မာန်ပါမလုပ်နဲ့။ ဒီလူတွေက ဆက်ဆံရလွယ်တဲ့လူတွေမဟုတ်ဘူး"

အသက်လတ်အရွယ်အမျိုးသားတစ်မျိုးက ကျိုးဟောင်၏လက်ကိုတိတ်တဆိတ်လှမ်းဆွဲပြီးပြောလာလေသည်။ထိုလူကြီးမှာ ဒီသတ်ဖြတ်ရေးနယ်မြေထဲတွင်အချိန်အတော်ကြာရှိနေခဲ့ဖူးသူဖြစ်ပြီး အခြားသူများထက်ထိုအဖွဲ့ အကြောင်းကိုပိုသိလေသည်။

သူသည် ကျိုးဟောင်အားကိုယ်ချင်းစာသောကြောင့် အရဲစွန့်ပြီး ကျိုးဟောင်အနားချည်းကပ်လာကာသတိလာပေးခြင်းဖြစ်လေသည်။

"မင်းအနေနဲ့နောက်ပြန်ဆုတ်ဖို့အရမ်းမနောက်ကျသေးဘူး။ ဒီပုံရိပ်ယောင်လေ့ကျင့်ရေးအခန်းထဲမှာ ၁နာရီလောက်နေဖို့ဆိုတာ မလွယ်ဘူး"

ဒီအသက်လတ်အရွယ်လူကြီးမှာ စေတနာကောင်းသူဖြစ်ပြီး ကျိုးဟောင်အား လှည့်ဖြားခြင်းခံရမည်ကို စိုးရိမ်နေပေးလေသည်။ ကျိုးဟောင်မှာ အံ့ဩစွာဖြင့်ထိုလူကြီးအားကြည့်လိုက်မိလေသည်။

ဒီနေရာတွင်ရှိနေသူတိုင်းမှာ ငြိမ်ငြိမ်လေးထိုင်ကာ သူတို့ရန်ပွဲကိုကြည့်နေခဲ့ကြလေသည်။ သို့သော် ဒီအသက်လတ်အရွယ်လူကြီးကတော့ အခြားသူများလိုမဟုတ်ဘဲသူ့အားစိုးရိမ်တကြီးသတိလာပေးလေသည်။ ဒါ့အပြင်သူတို့နှစ်ယောက်မှာခုမှ ပထဆုံးအကြိမ်ဆုံဖူးကြခြင်းဖြစ်လေသည်။

"ကျေးဇူးပါအန်ကယ် ဒါပေမဲ့ ကျွန်တော်ပြောပြီးပြီဆိုတော့ ပြန်ရုတ်သိမ်းဖို့ မဖြစ်နိုင်တော့ဘူး။ တကယ်လို့ ပြန်ရုတ်သိမ်းလိုက်ရင်လည်း ကျွန်တော်က ငကြောက်တစ်ယောက်နဲ့ထူးမခြားနားဖြစ်သွားမှာပေါ့"

ကျိုးဟောင်မှာတကယ့်ကိုအနိုင်မခံအရှုံးမပေးတတ်သူဖြစ်လေသည်။ သူ့ဘ၀တွင် ငကြောက်တစ်ယောက်အဖြစ်အထင်ခံရမည်ကိုအကြောက်ရွံ့ဆုံးဖြစ်လေသည်။ သူ့အနေဖြင့်ဆုံးဖြတ်ပြီးသားကိစ္စကိုဘယ်တော့မှနောက်ဆုတ်မည်မဟုတ်ပေ။

အသက်လတ်အရွယ်လူကြီးမှာ သူ့ရှေ့တွင် ဆုံးဖြတ်ခိုင်မာမှုအပြည့်ရှိနေသောကျိုးဟောင်အားကြည့်ပြီး ရင်ထဲထိသွားလေသည်။ ယခုလို လူငယ်လေးတဦးမှာ မျှော်လင့်ချက်အလင်း‌ရောင်လေးရှိနေပါကကောင်းကင်နှင့်မြေပြင်ကိုပါအံ့တုဖို့အသင့်ဖြစ်နေသည်ကိုကြည့်ပြီး သူလေးစားသွားမိလေသည်။

"ကောင်လေး မင်းက မဆိုးဘူးပဲ ငါမင်းကို မျှော်လင့်တကြီးနဲ့စောင့်ကြည့်နေမယ် ဒါပေမဲ့ အဲ့လူတွေကိုတော့သတိထားသင့်တယ်"

အသက်လတ်အရွယ်လူကြီးမှာ ပြုံးကာပြောလိုက်လေသည်။

"ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် အန်ကယ် ကျွန်တော် သတိထားပါ့မယ်"

ကျိုးဟောင်လည်းပြုံးပြီးပြန်ပြောလိုက်လေသည်။

သူတို့နှစ်ယောက်စကားပြောပြီးမကြာခင်မှာပင် အစ်ကိုကြီးနမ်ဆိုသည်မှာ ပုံရိပ်ယောင်အခန်းထဲမှပြန်ထွက်လာခဲ့လေသည်။ သူသည်အချိန်ကိုကြည့်လိုက်သောအခါ နာရီ၀က်သာရှိသေးလေသည်။

ထိုလူ၏စိတ်မချမ်းမသာဖြစ်နေသောအမူအရာကိုကြည့်ပြီး အထဲရှိအခြေအနေများမှာ သာမန်လူရင်ဆိုင်ဖို့မလွယ်ကူကြောင်းကိုကျိုးဟောင်သဘောပေါက်လိုက်လေသည်။

အစ်ကိုကြီးနမ်ဆိုသူမှာ ကြောက်လန့်နေဆဲဖြစ်ပြီး သူ၏လက်များမှာတုန်ရီနေလေသည်။အထဲရှိအဖြစ်အပျက်များသူ့အနေဖြင့် တခါမှမရင်ဆိုင်ဖူးသည့်အန္တရာယ်မျိုးဖြစ်နေလေသည်။

သူ့အခြေအနေကိုကြည့်ပြီး အခြားလူများမှာ ပြောစရာစကားမဲ့နေကြလေသည်။ ထိုပုံရိပ်ယောင်လေ့ကျင့်ရေးအခန်းထဲတွင် ၁၅မိနစ်ကျော်နေနိုင်ပါက အဆင့်တစ်ခုကိုအောင်မြင်သည်ဟုဆိုနိုင်လေသည်။

အစ်ကိုကြီးနမ်မှာ နာရီ၀က်အထိနေနိုင်ခဲ့သောကြောင့် အောင်မြင်သည်လို့ဆိုနိုင်ပေသည်။ သိပ်မကြာမီပင် အထဲမှာ တစ်ယောက်ပြီး တစ်ယောက်ထွက်လာကြလေသည်။ ထိုလူများ၏အမူအရာများမှာလည်း အစ်ကိုကြီးနမ်ဆိုသူကဲ့သို့တစ်ပုံစံထဲဖြစ်နေလေသည်။

ထိုအထဲတွင် လူနှစ်ယောက်မှာတော့ လေ့ကျင့်ရေးအခန်းထဲ၀င်ပြီး နောက် ချက်ချင်းပြန်ထွက်လာကြသောကြောင့်ကျရှုံးသည်လို့ဆိုနိုင်ပေသည်။ ထိုလူနှစ်ယောက်မှာ တုန်လှုပ်ခြောက်ခြားစွာဖြင့်မြေပြင်ပေါ်တွင်တုန်ရီစွာထိုင်နေကြလေသည်။ သူတို့စိတ်ထဲတွင်အလွန်ခြောက်ခြားနေသော်လည်း တခြားသူများအားပြန်လည်ပြောမပြတတ်ဖြစ်နေလေသည်။

တ‌ဖြေးဖြေးနှင့်မကြာမီပင် ကျိုးဟောင်၀င်ရောက်ရမည့်အလှည့်သို့ရောက်ရှိလာလေသည်။ ကျိုးဟောင်မှာ သူ့စိတ်ကိုလုံး၀ပြင်ဆင်ထားခဲ့ပြီး သူရင်ဆိုင်ရမည်များကို ကြိုတင်ပြင်ဆင်ထားခဲ့လေသည်။ အထဲတွင် အသူရာငရဲခန်းနှင့်ရင်ဆိုင်ရရင်တောင်မှ သူတွန့်ဆုတ်နေမည်မဟုတ်ပေ။

....................................................................................

အခန်း (၈၃၄) ပြီးပါပြီ။

---

All Chapters