← Chapters

အခန်း (၈၃၈-၈၄၀)

Vol. 56 Ch. 838-840

အခန်း (၈၃၈-၈၄၀)

Vol. 56 Ch. 838-840

အခန်း (၈၃၈) : လက်သီးနဲ့သာ ပြောကြမယ်

“ဟိုင်း… ထပ်တွေ့ပြန်ပြီနော်"

ကျိုးဟောင် ထွက်လာချိန်တွင် ယခင်က သူ့ကို သတိပေးခဲ့ဖူးသော အသက်လတ်အရွယ်ရှိ လူတစ်ယောက်နှင့် မတော်တဆ ပြန်လည်တွေ့ဆုံခဲ့လေသည်။ ထိုသူကပင် ကိုယ်တိုင် လှမ်းလာကာ ကျိုးဟောင်အား နှုတ်ဆက်လိုက်ခြင်း ဖြစ်သည်။

ကျိုးဟောင်အနေဖြင့် ထိုသူ ဘာကြောင့် မိမိထံ လာရောက်နေသည်ကို မသိသလို သေသေချာချာလည်း မစူးစမ်းလိုစိတ်မရှိ‌ပေ။ ဒီလိုလူမျိုးထံမှ အသုံးဝင်မည့် အချက်အလက်တစ်စုံတစ်ရာ ရနိုင်မည်မဟုတ်ကြောင်း သူသိနေခဲ့လေသည်။

အသက်လတ်အရွယ်ရှိ ထိုလူမှာ နှာတံမြင့်မားပြီး မျက်လုံးပြာရောင်များရှိလေသည်။ အရပ်အမောင်းမှာလည်း ကောင်းမွန်ပြီးမျက်နှာပေါ်တွင် နူးညံ့သလို ထင်ရသော အပြုံးတစ်ခု ဆောင်ထားလေသည်။ သို့သော် ဒီလိုနေရာတွင် တစ်ယောက်ယောက်ကို အန္တရာယ်မရှိသူဟု ယုံကြည်မိလျှင် အကြီးအကျယ်မှားယွင်းသွားမည်သာ ဖြစ်လေသည်။

ဒီနေရာရှိ လူတိုင်းမှာ သတ်ဖြတ်မှုများကြားထဲမှာ ကြီးပြင်းလာသူများဖြစ်ပြီး နေ့စဉ်နေ့တိုင်း မတူညီသော အန္တရာယ်များနှင့် ရင်ဆိုင်နေရသူများ ဖြစ်ကြ လေသည်။

“ဟုတ်ပါတယ်… ပြန်တွေ့ကြပြန်ပြီပဲ”

ကျိုးဟောင်မှာ မောက်မာသူတစ်ယောက်မဟုတ်ပေ မျက်နှာပေါ်တွင် အပြုံးပါးပါးတစ်ခု ဖြင့် ယဉ်ကျေးစွာ ပြန်လည်နှုတ်ဆက်လိုက်လေသည်။ အကြောင်းမှာ ထိုသူက ယခင်က သူ့ကို သတိပေးခဲ့ဖူးသောကြောင့် ဖြစ်လေသည်။

“မင်းကို ပြန်လိုက်ပို့ပေးမယ်‌လေဒီကို ပထမဆုံးရောက်တာဆိုတော့ လမ်းညွှန်မရှိရင် မဖြစ်ဘူးမလား”

အသက်လတ်အရွယ်လူကြီးမှာ အလွန်ရင်းနှီးဖော်ရွေစွာ ပြောဆိုကာ ကျိုးဟောင်ကို နေထိုင်ရာသို့ ပို့ပေးမည်ဟု ကမ်းလှမ်းလာခဲ့လေသည်။ ဒီနေရာကို ပထမဆုံးရောက်ဖူးခြင်းဖြစ်သဖြင့် လမ်းပြပေးမည့်သူရှိခြင်းက အကျိုးရှိပေသည်။

သူတို့နှစ်ယောက် မည်မျှကြာအောင် လမ်းလျှောက်ခဲ့ကြသည်ကို မသိနိုင်သော်လည်း လမ်းလျှောက်သွားလေလေ ပိုမိုဝေးလံခြောက်သွေ့လာ‌လေလေလို့ခံစား‌ နေရလေသည်။ ဒီနေရာဟာ ကြေးစားတပ်သားအစစ်အမှန်များ နေထိုင်သည့် နေရာလို့‌ တောင်ထင်ချင်စရာမကောင်းပေ။

ကျိုးဟောင်သည် ဘေးပတ်ဝန်းကျင်ကို သတိကြီးစွာ စူးစမ်းကြည့်နေခဲ့ပြီး မတော်တဆတခုခု ဖြစ်လာပါက ချက်ချင်း တုံ့ပြန်နိုင်ရန် ပြင်ဆင်ထားလေသည်။ ဒီလို ခြောက်သွေ့တိတ်ဆိတ်သော ပတ်ဝန်းကျင်ကို ကြည့်ပြီး သရဲတစ္ဆေများတောင် ဒီနေရာကို မနှစ်သက်လောက်ဘူးထင်မိလေသည်။

“ဒီနေရာက လူနေဖို့မသင့်ဘူး ထင်တယ်…”

အခြေအနေ ဘယ်လောက်ပဲ ဆိုးဆိုး လူတစ်ယောက်ကို ဒီလောက် ခြောက်သွေ့‌‌ခေါင်လှီသောနေရာတွင် ထားမည်ဆိုတာ မဖြစ်နိုင်ပေ။ သူ့ရှေ့တွင် လေတိုက်ရင် လွင့်ပျံသွားမလို ဖြစ်နေသော အိမ်ဟောင်းအပျက် နှစ်လုံးသာ ရှိနေခဲ့လေသည်။

လမ်းတွင်ဖြတ်သန်းလာရင်း အလွန်ခမ်းနားလှပသော အိမ်များကို အများအပြားတွေ့ခဲ့ရသေးလေသည်။ ဒီအချက်ကြောင့်ပင် ကျိုးဟောင်မှာ အသစ်ရောက်လာသူဖြစ်သည့်အတွက် အလွယ်တကူ အနှိမ်ခံထားရခြင်းဖြစ်ကြောင်း နားလည်သွားခဲ့လေသည်။ ဒီလို မမျှတမှုမျိုးကို ဒီနေရာမှာပင် အပြည့်အဝ ‌ခံစားသိမြင်နိုင်လေသည်။

ဒီနေရာမှာ ကောင်းကောင်းနေလိုလျှင်လက်သီးနဲ့သာ ဖြေရှင်းရမည် ဖြစ်ပေသည်။ အင်အားကြီးသူကသာ ဒီနေရာရဲ့ အရှင်သခင် ဖြစ်‌ပေသည်။

“ကောင်လေး… မင်း မသိသေးဘူးပဲ ကောင်းတဲ့အခန်းမှာ နေချင်ရင် မင်းအင်အားကြီးမှရမယ်။ အင်အားကြီးသူဖြစ်လာချင်ရင်တော့ မစ်ရှင်တွေ လုပ်ပြီး အမှတ်တွေ စုရမယ် ။ဒီကို လာသူတိုင်း အစကတော့ ဒီလိုပဲ ဆက်ဆံခံကြရတယ်။ ပြီးတော့လေ့ကျင့်ရေးအရင်းအမြစ်တွေလိုချင်ရင်လည်း အမှတ်တွေ မရှိမဖြစ်လိုအပ်တယ်”

အသက်လတ်အရွယ်လူကြီးက မရပ်မနား ဆက်လက်ရှင်းပြနေခဲ့ပြီး ကျိုးဟောင် လမ်းမမှားအောင် ကူညီပေးနေခဲ့လေသည်။

ဒါက ကျိုးဟောင် ခန့်မှန်းထားသည့်အတိုင်းပင် ဖြစ်သည်။ နေရာတိုင်းမှာ ယှဉ်ပြိုင်မှုရှိပြီး အခွင့်အလမ်းကောင်းများကို ရယူဖို့ နည်းလမ်းမျိုးစုံ အသုံးပြုရမည်ဖြစ်‌လေသည်။ ကျိုးဟောင်မှာဇိမ်ခံပစ္စည်းများကိုသိပ်ဂရုမစိုက်သော်လည်း မိုး‌ဒဏ်လေဒဏ်ခံပြီး ဒီလိုအိမ်အစုတ်ကြီးတွင်တော့ မနေလိုပေ။

“လခွမ်း… ဒီနေရာကဘာကြီးလဲ ငါ‌တော့ဒီမှာ မနေနိုင်ပါဘူး"

အရှေ့ဘက်မှ အသံစူးစူး‌လေးတစ်ခု ထွက်ပေါ်လာခဲ့လေသည်။ ထိုအသံကို ကြားလိုက်ချိန်တွင် ကျိုးဟောင်၏ မျက်နှာပေါ်၌ အပြုံးတစ်ခု ပေါ်လာခဲ့လေသည်။ကျိယောင်ယွဲ့ ရောက်လာပြီဖြစ်လေသည်။

သူမမှာ အမြဲတမ်း စိတ်ဆတ်သူ ဖြစ်ပြီး ဒီလို မမျှတသော ဆက်ဆံမှုကို မြင်လိုက်ရချိန်တွင် ဒေါသစိတ်ကို ထိန်းမထားနိုင်တော့ဘဲ ချက်ချင်းပင် ပေါက်ကွဲသွားခဲ့လေသည်။

အသက်လတ်အရွယ်လူကြီး၏ အပြုံးမှာ ပိုမိုတောက်ပလာခဲ့လေသည်။ ဒီလို အသစ်ရောက်လာသူများ မကျေနပ်ကြတာကို သူ အရမ်း သဘောကျလေသည်။ ဒီလို ဖြစ်ရပ်တွေကြောင့် ကြေးစားတပ်ဖွဲ့က ပိုပြီး စိတ်ဝင်စားစရာ ဖြစ်လာမည်ကို သူသိနေခဲ့ လေသည်။

ကျိယောင်ယွဲ့အား ပို့ပေးလာသူမှာ လှည့်ထွက်သွားပြီး သူမကို ထိုနေရာမှာပင် ချန်ထားခဲ့လေသည်။သူမအနေဖြင့် ဒီနေရာမှ ထွက်သွားရမလား ဆက်နေရမလားကို ဝေခွဲမရ ဖြစ်နေခဲ့လေသည်။

“ဒီ‌ နေရာထိရောက်လာပြီးမှတော့ စိတ်လျော့လိုက်ပါ‌တော့ အရင်က သစ်တောကြီးထဲမှာ မစ်ရှင်လုပ်ခဲ့ရတဲ့အချိန်တွေကို ပြန်စဉ်းစားကြည့်ရင် ဒါကမဆိုးလှပါဘူး"

ဒေါသထွက်ကာ ရပ်နေသော ကျိယောင်ယွဲ့ကို ကြည့်ပြီး ကျိုးဟောင် နှစ်သိမ့်ပေးလိုက်လေသည်။ ကြေးစားတပ်ဖွဲ့တွင်လိင်ခွဲခြားမှု မရှိပေ။ အင်အားရှိသူနဲ့ မရှိသူဆိုပြီးသာ ရှိလေသည်။

ကျိယောင်ယွဲ့က ကျိုးဟောင်၏ အသံကို ကြားလိုက်ချိန်တွင် ပြန်လှည့်ကြည့်လာခဲ့လေသည်။ လင်းထျန် ရောက်လာဖို့ အချိန်နည်းနည်းလိုသေးမည်လို့သူမ ထင်ထားခဲ့သော်လည်း မမျှော်လင့်ဘဲ ကျိုးဟောင်ကတော့ ရောက်လာခဲ့ပြီဖြစ်သည်။

အသက်လတ်အရွယ်လူကြီးအား နှုတ်ဆက်ပြီးနောက် ကျိုးဟောင်သည် ကျိယောင်ယွဲ့ကို ဘေးသို့ ခေါ်ကာ ရရှိထားသမျှ အချက်အလက်အားလုံးကို ပြောပြလိုက်လေသည်။

ဘယ်လောက်ပဲ ဒေါသထွက်နေပါစေ လက်ရှိအခြေအနေကို မပြောင်းလဲနိုင်ချေ။ ကိုယ့်ကိုယ်ကိုအင်အားကြီးမားလာအောင်လုပ်ပြီး ပိုကောင်းသောအခွင့်အလမ်းများကိုရယူသည့်နည်းလမ်းတစ်ခုတည်းသာရှိပေသည်။

ကျိယောင်ယွဲ့လည်း ကျိုးဟောင်၏စကားကိုကြားသောအခါ သက်ပြင်းချလိုက်မိလေသည်။ ဒီနေရာသည် အစကတည်း ပုံမှန်မဟုတ်ကြောင်း သူမ သိထားခဲ့ပြီးသားဖြစ်လေသည်။

“အင်အားနဲ့ ဆုံးဖြတ်မယ်ဆိုရင်တော့ငါ ကိုယ်တိုင် သွားတွေ့မယ်.....အပြင်ကလာတဲ့ လူစိမ်းတွေကို လွယ်လွယ်နဲ့ဖိနှိပ်လို့မရဘူးဆိုတာ ပြရသေးတာပေါ့"

ကျိယောင်ယွဲ့က အလောတကြီးမတ်တပ်ထရပ်လိုက်လေသည်။

“အလျင်စလိုမလုပ်ပါနဲ့ဦး။ လင်းထျန် ရောက်လာမှ အရာအားလုံးကိုပြောပြပြီး အတူဆုံးဖြတ်ကြမယ်”

ကျိုးဟောင်က တည်ငြိမ်သောအမူအရာဖြင့် တားလိုက်လေသည်။

ကျိယောင်ယွဲ့မှာ ဒေါသစိတ်အားမထိန်းချုပ်နိုင်ဖြစ်နေလေသည်။ ဒီလို အရှက်ခွဲခံရခြင်းမျိုးကို သူမ မကြုံတွေ့ခဲ့ဖူးပေ။

“ပုံရိပ်‌ယောင်လေ့ကျင့်‌ရေးအခန်းထဲဝင်ရတာ ဘယ်လိုလဲ”

ကျိယောင်ယွဲ့ကမေးလိုက်လေသည်။ သူမသည်ကျိုးဟောင်အနေဖြင့် အနည်းငယ်တိုးတက်လာသည်လို့ခံစားနေမိလေသည်။

“မဆိုးပါဘူး ကောင်းပါတယ်… အထဲမှာငါ တစ်နာရီတိတိ နေနိုင်ခဲ့တယ်”

ကျိုးဟောင်က အေးဆေးစွာ‌ပြန်ပြောလိုက်လေသည်။ ပုံရိပ်ယောင်အခန်းထဲရှိအရာအားလုံးမှာ လူတစ်ယောက်၏အကန့်အသတ်ကိုချိုးဖျက်ပေးနိုင်စွမ်းရှိလေသည်။ ထိုအခန်းထဲတွင်ကြာကြာနေနိုင်လေပိုပြီးတိုးတက်လာနိုင်လေဖြစ်လေသည်။

ဒီစကားကို ကြားလိုက်ချိန်တွင် ကျိယောင်ယွဲ့မှာ မဆဲမိအောင် အနည်းငယ်ထိန်းထားလိုက်ရလေသည်။ သူမအတွက်တော့ ပုံရိပ်ယောင်အခန်းထဲတွင် အသက်ရှင်နိုင်ရန်‌သေမတတ်ကြိုးစားခဲ့ရပြီး သားရဲများ၏ ပါးစပ်နားတွင် သေမလို အကြိမ်အကြိမ်ဖြစ်ခဲ့ရလေသည်။ အခု ပြန်စဉ်းစားမိရင်တောင် ကြောက်လန့်နေသေးလေသည်။

"မဆိုးဘူးဟုတ်လား....ငါ့မှာတော့ သေလုနီးပါး ဖြစ်ခဲ့ရတာဟ"

ကျိယောင်ယွဲ့မှညအထဲတွင် တွေ့ကြုံခဲ့သမျှကို ကျိုးဟောင်အား ပြောပြလိုက်လေသည်။ ဒါကို ကြားလိုက်ချိန်တွင် ကျိုးဟောင် အံ့ဩသွားခဲ့လေသည်။

ကျိယောင်ယွဲ့တစ်ယောက်အထဲတွင် ဖြစ်ပျက်ခဲ့သမျှကို အပြည့်အဝ မှတ်မိနေလိမ့်မည်လို့ သူ မထင်ထားခဲ့ပေ။ အခြား ကြေးစားစစ်သားများကတော့ အထဲမှာဘာတွေကြုံခဲ့ရတယ်ဆိုတာကို သေချာမပြောနိုင်ကြဘဲ ဝိုးတဝါးသာမှတ်မိကြလေသည်။

....................................................................................

အခန်း (၈၃၈) ပြီးပါပြီ။

---

အခန်း (၈၃၉) : ဒါဆိုရင် သူတို့ နောက်မလုပ်ရဲအောင်ရိုက်နှက်ပေးရမယ်

“ရှင် ဘာကြည့်နေတာလဲ”

ကျိယောင်ယွဲ့မှာ ကျိုးဟောင်က သူမအား မျက်တောင်မခတ်ဘဲ စိုက်ကြည့်နေသည်ကို မြင်လိုက်ရချိန်တွင် မျက်နှာလေးချက်ချင်း နီရဲသွားလေသည်။ သူမက သန်မာခက်ထန်သော အမျိုးသမီးဖြစ်သော်လည်း ယောက်ျားတစ်ယောက်က ဒီလို စိုက်ကြည့်‌နေခြင်းကိုတော့ အနည်းငယ် ရှက်မိလေသည်။

“မင်းရဲ့ ဦးနှောက် ဘယ်လို အလုပ်လုပ်နေလဲ သိချင်လို့ပါ။အခြားသူတွေ ထွက်လာတဲ့အခါ အထဲမှာ ကြောက်စရာကောင်းတယ်ဆိုတာပဲ မှတ်မိကြပေမယ့် မင်းကတော့ အဲဒီအခြေအနေတွေကို တစ်ခုချင်းစီ သေချာမှတ်မိနေတာပဲ"

ကျိုးဟောင် ကိုယ်တိုင်လည်း အထဲမှာ ဖြစ်ပျက်ခဲ့သမျှကို ရှင်းရှင်းလင်းလင်း မှတ်မိနေလေသည်။ ဒါသည်အချက်တစ်ခုတည်းကိုသာ ဖော်ပြနေလေသည်။ အဲဒီပုံရိပ်‌ယောင်အခန်း၏မှတ်ဉာဏ်ဖျက်စက်သည် နိုင်လော့ကြယ်အစုအဝေးရှိ ကြေးစားစစ်သားတွေ အတွက်သာ အသုံးဝင်ပြီး ကမ္ဘာဂြိုဟ်ကနေ လာသော သူတို့ သုံးယောက်အတွက်တော့အကျိုးသက်ရောက်မှု မရှိပေ။

ဒီမေးခွန်းကို ဖြေရှင်းနိုင်မယ့်သူက လင်းထျန်သာဖြစ်ပြီး သူရောက်လာမှသာသေချာသည့်အဖြေရမည်ဖြစ်လေသည်။

“ကျွတ်… မင်းက အကုန် မေ့သွားပြီလား"

ကျိယောင်ယွဲ့က မျက်စောင်းလေးထိုးကာ စနောက်သည့်ပုံစံနဲ့ ပြောလိုက်လေသည်။သူမတောင်မှတ်မိနေချိန်တွင် ကျိုးဟောင်တစ်ယောက်မေ့သွားလိမ့်မည်လို့ သူမတော့မယုံကြည်နိုင်ပေ။

“မင်းတို့ နှစ်ယောက်က မြန်သားပဲ"

ဒီအကြောင်းကို ဆွေးနွေးနေစဉ်မှာပဲ လင်းထျန်က အိမ်ပျက်ကြီး၏အပြင်ဘက်တွင်ရုတ်တရက် ပေါ်လာခဲ့လေသည်။ သူသည်လည်း အခြေအနေ မကောင်းခဲ့ဘဲ ပုံရိပ်ယောင်လေ့ကျင့်ရေးခန်းထဲမှာ အလွန်အမင်း ဒုက္ခရောက်ခဲ့ပုံရပေသည်။

“ဘာလဲ… ရှင် ထွက်ပြေးလာတာလား"

ကျိယောင်ယွဲ့ကက လင်းထျန်၏ပုံစံကို ကြည့်ပြီး ရယ်မောလိုက်လေသည်။

သူမကိုယ်တိုင် ဘယ်လောက် အခြေအနေဆိုး‌နေသလလဲ ဆိုတာကိုတောင် မသိဘဲ သူတို့နှစ်‌‌ယောက်အားနောက်ပြောင်နေခဲ့လေသည်။ သို့သော်လည်း ကျိုးဟောင်ကတော့ သူတို့နှစ်ယောက်ထက် အခြေအနေကောင်းနေသေး‌လေသည်။ သူတို့အချင်းချင်း တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်လိုက်ကြပြီး ဒီတစ်ကြိမ် သူတို့အားလုံးအတွက် အခြေအနေ မကောင်းခဲ့ကြောင်း နားလည်သွားကြလေသည်။

“ကောင်းတဲ့ နေရာမှာ နေချင်ရင် မစ်ရှင်တွေ လက်ခံပြီး အမှတ်တွေ ရအောင် လုပ်ရမယ်။ တခြားနည်းလမ်းတစ်ခုကတော့ ကိုယ့်ထက် အင်အားကြီးတဲ့သူတွေကို ဆက်တိုက် စိန်ခေါ်ဖို့ပဲ"

“လက်ရှိအခြေအနေမှာ ငါတို့ရဲ့ အင်အားက ကြေးစားတပ်ဖွဲ့အခြေစိုက်စခန်းရဲ့ အောက်ဆုံးအဆင့်လောက်ပဲ ရှိနေသေးတယ်”

လင်းထျန်က သူတို့ရဲ့ အားသာချက်၊ အားနည်းချက်နဲ့ တစ်ဖက်လူ‌တွေရဲ့ အခြေအနေတွေကို အလွန်တိကျစွာ ခွဲခြမ်းစိတ်ဖြာလိုက်လေသည်။ သူတို့ရဲ့ အကြီးဆုံး အားသာချက်ကတော့ လျင်မြန်စွာတတ်‌ မြောက်ခြင်း ဖြစ်လေသည်။

သူ ဒီလောက်အချိန်အကြာကြီး ရောက်မလာနိုင်ခဲ့ခြင်းကလည်း ဒီအချက်တွေကို စုံစမ်းနေခဲ့လို့ပဲ ဖြစ် လေသည်။ နေရာအသစ်တစ်ခုကို ရောက်တိုင်း အခြေအနေကို အပြည့်အဝ နားလည်ဖို့ လိုအပ်ပေသည်။

“နောက်ပြီး စိတ်စွမ်းအား လေ့ကျင့်ချင်ဖို့အတွက်ဒုတိယထပ်က လေ့ကျင့်ရေးခန်းထဲသွားရမှာဖြစ်ပြီး အဲ့အခန်းထဲ ဝင်ဖို့အတွက် အမှတ်တွေ လိုအပ်တယ်"

လင်းထျန်က သတင်းအချက်အလက် များစွာ ယူ ဆောင်လာနိုင်ခဲ့သည်။ အနည်းဆုံးတော့ ဒီအချက်များကို ကျိုးဟောင်တစ်‌ယောက်အသက်လတ်အရွယ်လူကြီးဆီက မရရှိခဲ့ပေ။

လေတဖြူးဖြူးတိုက်နေသော အိမ်ပျက်လေးထဲမှာ သူတို့ သုံးယောက် အချင်းချင်း ကြည့်မိကြလေသည်။ ကမ္ဘာကြီးက သူတို့အား စွန့်ပစ်ထားသလိုပင် ခံစားလာရလေသည်။

မကြာခင်မှာပဲ အပြင်ဘက်မှ စကားပြောသံတချို့ ကြားလိုက် ရသောကြောင့် သူတို့ အချင်းချင်း တစ်ယောက်မျက်နှာတစ်ယောက်ကြည့်မိလိုက်ကြလေသည်။ သူတို့လိုပင် လူသစ်များထပ်ရောက်လာလေသလား။

"သခင်လေး ဒီလိုခြောက်ကပ်စုတ်ပြတ်နေတဲ့နေရာမှာ နေတဲ့သူရှိပါ့မလား"

“စကားများစမ်းနဲ့ … အဲဒီလှပတဲ့ မိန်းကလေး ဒီဘက်ကို လာတာကို ငါ့ကိုယ်တိုင် မြင်ခဲ့တာ"

ထိုလူများမှာ အချင်းချင်း ပြောဆိုနေကြလေသည်။

ဒီနေရာတွင် လှပ‌သောမိန်းကလေးဆိုသည်မှာ ကျိယောင်ယွဲ့တစ်ယောက်သာ ရှိပေသည်။ လင်းထျန်နှင့် ကျိုးဟောင်တို့မှာချက်ချင်း နားလည်သွားကြလေသည်။ ပုံရိပ်ယောင်လေ့ကျင့်ရေးလုပ်နေရင်း တစ်ယောက်ယောက်၏ အာရုံကို ဆွဲဆောင်မိခဲ့တာ သေချာပေသည်။

ကျိ‌ယောင်ယွဲ့လို လှပသော မိန်းက‌လေးတစ်ယောက်သည်ဘယ်နေရာသွားသွား ပြဿနာကို ဆွဲဆောင်နိုင်စွမ်းရှိသည်မှာ သဘာဝပင်ဖြစ်သည်။

“ရှင်တို့ နှစ်ယောက် မလှုပ်ကြနဲ့ ဘယ်ကောင်ကငါ့အပေါ် စိတ်ကူးရဲတာလဲဆိုတာ ငါကိုယ်တိုင်သွားကြည့်မယ်"

ကျိယောင်ယွဲ့မှာပြောပြီးနောက် ခပ်သွက်သွက်ပင်အိမ်ပျက်ထဲက ထွက်လာပြီး အပြင်တွင်ရပ်နေသော လူတချို့ကို အေးစက်စက် ကြည့်လိုက်လေသည်။

“ညီမလေး… ဒီနေရာက ဆင်းရဲစုတ်ချာလွန်းတယ်။ ငါနဲ့အတူ ပိုခမ်းနားတဲ့ နေရာကဆီသွားမနေချင်ဘူးလား"

စကားစပြောလာသူမှာ ခန္ဓာကိုယ်မှမနှစ်မြို့ဖွယ်အငွေ့အသက်များထွက်နေသည့် လူငယ်တဦးဖြစ်လေသည်။ သူ့တွင်ရွှေအိုရောင်ဆံပင်နှင့်အစိမ်းရောင်မျက်လုံးများရှိပြီး ကျိယောင်ယွဲ့တို့နှင့်ပုံစံခြင်းကွဲပြားလှပေသည်။ သူ့ပုံစံမှာ မိန်းကလေးတစ်ယောက်ကဲ့သို့ပင် နွဲ့နှောင်းနေသေးလေသည်။

ဒါ့အပြင် ထိုသူ၏မျက်နှာက ဖြူဖျော့လွန်းပြီး လိင်ရေးရာ အလွန်အကျွံ ဆောင်ရွက်ထားသလို ထင်ရ ပေသည်။ တချက်ကြည့်လိုက်ယုံဖြင့် လူကောင်းတစ်‌ ယောက်မဟုတ်ကြောင်း သိသာလှပေသည်။

“နင် ဘယ်သူလဲ.. ငါ နင့်ကိုကို မသိဘူး”

ကျိယောင်ယွဲ့မှာ ဘာကိုမှကြောက်တတ်သူတစ်ယောက်မဟုတ်သောကြောင့် ခပ်ပြတ်ပြတ်ပင်ပြောလိုက်လေသည်။

ကျိယောင်ယွဲ့၏ မျက်နှာပေါ်က အနည်းငယ် ဒေါသပါနေတဲ့ အလှကို မြင်လိုက်ချိန်တွင် ထိုလူငယ်၏ နှလုံးသားထဲ၌မဖော်ပြနိုင်တဲ့ ခံစားချက်တစ်ခု ပေါက်ဖွားလာခဲ့လေသည်။ ဒီလို စိန်ခေါ်မှုအပြည့်နှင့်ခက်ထန်‌သောမိန်းမတစ်ယောက်အား သူတခါမှ မတွေ့ခဲ့ဖူးပေ။

“မင်း အရမ်း မောက်မာတာပဲ။ မင်းရှေ့မှာ ရပ်နေတဲ့ လူ ဘယ်သူလဲ သိလား...ငါတို့ သခင်လေးက မင်းကို သဘောကျတာကို မင်းဂုဏ်ယူသင့်တယ်။မိန်းမတွေအများကြီးက ငါတို့ သခင်လေးအနားမှာနေခွင့်ရဖို့ ငိုယိုပြီး နောက်ကလိုက်နေကြပေမဲ့ တစ်ယောက်မှ အခွင့်အရေးရခဲ့တာမဟုတ်ဘူး"

ဘေးတွင် ရပ်နေ‌သော ကြေးစားစစ်သားများက ကျိယောင်ယွဲ့အား မျက်နှာသာ‌မပေးဘဲ ဆူပူကြိမ်းမောင်းသလိုပြောလာကြလေသည်။ သူတို့မှာ မိသားစုကြီးတခု၏မျက်နှာသာပေးခြင်းခံရအောင် ဖားနေကြမှန်းသိသာလှပေသည်။

"ထွက်သွားစမ်းပါ နင်တို့သခင်လေးဆိုတာကို ငါမသိသလို ဘာမှလည်း ဂုဏ်ယူနေစရာမရှိဘူး။ ငါသည်းခံနိုင်တဲ့အတိုင်းအတာမကျော်သေးခင် နင်တို့ထွက်သွားတာပိုကောင်းမယ်"

ကျိယောင်ယွဲ့၏မျက်လုံးများမှာတောက်ပလာပြီး အန္တရာယ်အငွေ့အသက်များလည်းပျံ့နှံ့လာလေသည်။သူမသည် ခေါင်းလောင်းပန်းကဲ့သို့ပင်ဖြစ်ပြီး လှပသလို သေခြင်းတရားကိုလည်းကိုယ်စားပြုလေသည်။ ကျိယောင်ယွဲ့မှာ မည်သူ့အကာအကွယ်ပေးမှုမှ မလိုအပ်သည့်သန်မာသော မိန်းကလေးတစ်ယောက်လည်းဖြစ်ပေသည်။

ဒီအခြေအနေကို မြင်လိုက်ရချိန်တွင် ထိုလူငယ်မှာပိုပြီး စိတ်လှုပ်ရှားသွားခဲ့သည်။ သူအရင်ကတွေ့ဖူးသော မိန်းမများမှာ အားနည်းပြီး ကပ်တွယ်တတ်ကြသူများ ဖြစ်ပေသည်။ ကျိယောင်ယွဲ့လို ဆူးများပြီးလှပသော ပန်းမျိုးကို သူ အရမ်းသဘောကျ‌လေသည်။ စိန်ခေါ်မှု ပြင်းထန်လေလေ ပိုစိတ်ဝင်စားလာလေလေ ဖြစ်ပေသည်။

“ညီမလေး… စိတ်မဆိုးပါနဲ့။ ငါ့လူတွေက စကားပြောမတတ်လို့ပါ။မင်းလိုချင်တာတွေသာ ပြောလိုက်ပါ ငါ ဖြည့်ဆည်းပေးနိုင်တယ်”

ထိုလူငယ်၏စကားသံမှာ ယခင်ကလို မောက်မာမှု မရှိတော့ဘဲ သတိထား‌ ပြောလာလေသည်။ အားနည်း‌ သောမိန်းမများကို ကိုင်တွယ်ရလွယ်ကူသော်လည်းသန်မာသူများကိုတော့ သတိထားရမည်ကို သူသိပေသည်။

"သွားစမ်းပါ... ငါ စိတ်မ၀င်စားဘူး"

ကျိယောင်ယွဲ့ကပြောပြီးနောက် ချက်ချင်းလှည့်ကာ အိမ်ပျက်ကြီးထဲသို့ပြန်လာခဲ့လေသည်။

“လှပတဲ့ မိန်းကလေး…မင်းရဲ့ စိတ်ဓာတ်ကို ငါ ကြိုက်တယ်။ နောက်တစ်ခါ ပြန်တွေ့ကြတာပေါ့"

လူငယ်၏မျက်နှာပေါ်တွင် အပြုံးတစ်ခု ရှိနေပြီး မျက်လုံးထဲတွင်တော့ ခိုင်မာသော ဆုံးဖြတ်ချက်များ ပြည့်နေလေသည်။ သူသည် သူသဘောကျသော အရာများကို ဘယ်တုန်းကမှ လက်လွှတ်မခံခဲ့‌ပေ။ဒီမိန်းက‌လေးကိုတော့ မဖြစ်မနေ ရယူမည်လို့ ဆုံးဖြတ်ထားပြီးသား ဖြစ်လေသည်။

"သခင်လေး အခုဘယ်လိုလုပ်ကြမလဲ"

ဘေးက ကြေးစားစစ်သားက သတိထားပြီး မေးလိုက်လေသည်။

“ ထွက်သွားစမ်း.... အသုံးမကျတဲ့ကောင်.."

လူငယ်က လှည့်ထွက်သွားပြီး ဘေးက သူ့လူများကို ကြိမ်းဝါး နေလေသည်။ မိန်းမတစ်ယောက်ကြောင့် ဒီလို အရှက်ခွဲ ခံရတာခြင်းသည် သူ့ဘဝမှာ ဒါပထမဆုံး အကြိမ် ဖြစ်လေသည်။

....................................................................................

အခန်း (၈၃၉) ပြီးပါပြီ။

---

အခန်း (၈၄၀) : အနိုင်ကျင့်ခံရခြင်း

ထိုလူအုပ်ကြီးမှာ ဆဲဆိုကြိမ်းမောင်းရင်း ထွက်ခွာသွားကြလေသည်။ ကျိယောင်ယွဲ့ကတော့ ဒီကိစ္စကို လုံးဝ စိတ်ထဲမထားဘဲ ပျင်းစရာကောင်းတဲ့ ကိစ္စလေးတစ်ခုပဲလို့ တွေးနေခဲ့လေသည်။

“နောက်ပိုင်း ပိုသတိထားရမယ်နော်။ ဒီလိုလူမျိုးတွေက တစ်ခါပေါ်လာပြီးရင် နောက်လည်း ထပ်ပေါ်လာတတ်တယ်”

လင်းထျန်က စိုးရိမ်စိတ်ဖြင့် သတိပေးလိုက်လေသည်။ ဒီနေရာက သူတို့ရဲ့ နယ်မြေမဟုတ်သည့်အတွက် သတိထားဖို့တော့ လိုအပ်ပေသည်။ သို့သော် အလွန်အမင်း ကြောက်နေဖို့တော့ မလိုအပ်ပေ။ သူတို့လို လူမျိုးတွေ အတွက်တော့ ကြောက်တတ်သူတွေသာ အမြဲအနိုင်ကျင့်ခံ ဖြစ်‌နေလိမ့်မည်။

“ဘာကိုကြောက်ရမှာလဲ။ နောက်တစ်ခါ ထပ်လာရဲရင် လာကြည့် ဘောင်းဘီထဲ သေးထွက်ကျအောင် ရိုက်ပစ်မယ်”

ကျိယောင်ယွဲ့က သူမ၏လက်သီး‌လေးကို ဆုပ်ပြီးအေးစက်စွာပြောလာခဲ့လေသည်။ သူမသည်ဘာကိုမှမကြောက်တတ်သလို ထိုသူများသည်လည်း ရိုက်နှက်ခံရသင့်သည်လို့တွေးထားလေသည်။

ကြေးစားစစ်သားအခြေစိုက်စခန်းတစ်ခုလုံး၌ ကိုယ့်နေရာကို ကိုယ်တည်ဆောက်လိုလျှင် ကိုယ့်အင်အားကို မြန်မြန်ဆန်ဆန် မြှင့်တင်ရမည် ဖြစ်လေသည်။ လင်းထျန်နှင့် ကျိုးဟောင်တို့က ကျိယောင်ယွဲ့ကို ကြည့်ရင်း ခေါင်းကိုက်လာကြလေသည်။ အခြားမိန်း ကလေးများမှာ ပြဿနာတွေ့ရင် အကူအညီတောင်းတတ်ကြသော်လည်း ဒီမိန်းကလေးကတော့ ကောင်းကင်ကိုတောင် ထိုးဖောက်နိုင်သည့်ပြဿနာ ဖြစ်နေရင်တောင် ဘယ်သူ့ကိုမှ အကူအညီ မတောင်းဘူးဆိုသည့်ပုံစံမျိုး ဖြစ်လေသည်။

“ကျွန်တော်တို့ထဲဘယ်သူပဲဖြစ်ဖြစ်အပြင်ထွက်ရင် တစ်ခြားသူတွေနဲ့ပြဿနာမဖြစ်စေအောင်အရမ်းသတိထားရမယ်”

ကျိုးဟောင်၏ မျက်နှာပေါ်တွင်လည်း သတိထားမှုများ ပြည့်နေလေသည်။ ပတ်ဝန်းကျင်ကို ကြည့်လိုက်ရင်း လင်းထျန် ပြောခဲ့သလိုပဲ သူတို့အင်အားက မဆိုးသော်လည်း ကြေးစားစစ်သားများနှင့်ယှဉ်လျှင် အကွာအဝေးတစ်ခု ရှိနေသေးသည်ကို တွေ့မြင်ရလေသည်။

သူတို့ သုံးယောက်က အချိန်အနည်းငယ် ဆွေးနွေးလိုက်ကြပြီး လက်ရှိတွင်အရေးအကြီးဆုံးက မစ်ရှင်တွေ လက်ခံပြီး အမှတ်တွေ မြန်မြန်ရယူဖို့ပဲ ဖြစ်ကြောင်း သဘောတူလိုက်ကြလေသည်။ လေ့ကျင့်ရေး အရင်းအမြစ်တွေ ရရင် သူတို့ရဲ့ အင်အားက နတ်ဘုရားလို မြန်နှုန်းနဲ့ တက်လာနိုင်ပေသည်။

ကျိယောင်ယွဲ့နှင့် လင်းထျန်ကလည်း ကျိုးဟောင်နဲ့ အစ်ကိုနမ်ကြားက အလောင်းအစားအကြောင်းကို သိထားကြပေသည်။ ကျိုးဟောင်က မှားယွင်းမှု မရှိပေမယ့် သူတို့ကတော့ သူ့အတွက် စိုးရိမ်နေကြဆဲ ဖြစ်လေသည်။လက်ရှိတွင် အင်အားကို အမြန်ဆုံး မြှင့်တင်ဖို့ လိုအပ်နေပြီ ဖြစ်လေသည်။

“ဒီကောင်တွေ ဘာအခွင့်အရေးနဲ့ ငါတို့ကို အထင်သေးနေတာလဲ။ ဒီအစ်မကြီးက သူတို့ကို မကြောက်ဘူး”

ကျိယောင်ယွဲ့မှာ မီးလောင်လွယ်တဲ့ စိတ်ထားရှိသူဖြစ်ပြီး သည်းခံခြင်း၊ နိမ့်ချခြင်းဆိုတာကို လျစ်လျူရှူတတ်သူ ဖြစ်လေသည်။ သူမ ဂရုစိုက်တဲ့သူတွေ မဟုတ်ရင် ဘယ်သူ့ကိုမှ အခွင့်မပေးဘူးဆိုတဲ့ပုံစံမျိုးဖြစ်လေသည်။

“ငါ့လက်ထဲမှာ အမှတ်နည်းနည်း ရှိသေးတယ်။ အရင်သုံးလိုက်မလား”

လင်းထျန်က ကျိယောင်ယွဲ့ အမှတ်တွေကို ဘယ်လိုရလာတာလဲဆိုတာ မမေးခဲ့ပေ။ သူတို့ သုံးယောက်စလုံးမှာ ကိုယ့်နည်းကိုယ်ဟန်တွေ ရှိနေကြလေသည်။ ကျိုးဟောင်မှာလည်း အမှတ်များစွာ ရှိပေမယ့် ဒီနေရာမှာ ဘာလုပ်လုပ် အမှတ်လိုအပ်နေတာကြောင့် လွယ်လွယ် မသုံးရဲကြပေ။ လင်းထျန်မှာလည်း စမ်းသပ်မှုတွေ ဖြတ်သန်းရင်း ရခဲ့တဲ့ အမှတ်အပြင် ရောက်ခါစက လောင်းကြေးအနေနဲ့ ရခဲ့သည့် အမှတ်တွေပါ ရှိနေခဲ့လေသည်။

“ကိုယ့်အမှတ်တွေကိုကိုယ်ပဲ သိမ်းထားလိုက်ပါ။ ဒီနေရာက အမှတ်တွေက အရမ်းတန်ဖိုးကြီးတယ်။ လေ့ကျင့်ရေးအတွက်ပဲ အသုံးချရအောင်”

“မင်းတို့နှစ်ယောက်လည်း အင်အားကို မြန်မြန်တိုးအောင်လုပ်ကြပါ။ ကျွန်တော်ကတော့ မကြာခင် အဆင့်ချိုးဖျက်နိုင်တော့မယ်လို့ ခံစားရနေပြီ”

ကျိုးဟောင်က ပုံရိပ်ယောင်လေ့ကျင့်ရေးထဲက ထွက်လာပြီးနောက် လအတော်ကြာမပြောင်းလဲခဲ့သည့်သူ့ခန္ဓာကိုယ် ကန့်သတ်ချက်မှာ အနည်းငယ် လှုပ်ရှားလာတာကို ခံစားမိလေသည်။ နောက်တစ်ကြိမ် ထပ်မံ၀င်ရောက်နိုင်ပါက သူ့ကန့်သတ်ချက်ကိုချိုးဖျက်နိုင်မည်လို့ခံစားမိနေလေသည်။

သူတို့ သုံးယောက်မှာ နောက်ထပ် လုပ်ဆောင်ရမယ့် အစီအစဉ်တွေကို အမြန်ဆုံး ဆုံးဖြတ်လိုက်ကြလေသည်။ ဒီနေရာမှာ အမြန်ဆုံး ကိုယ့်နေရာကိုယ် တည်ဆောက်ရမည် ဖြစ်လေသည်။

နောက်တစ်နေ့တွင်တော့ အစီအစဉ်အတိုင်း ကျိယောင်ယွဲ့က ဒုတိယထပ်ရှိ လေ့ကျင့်ရေးအခန်းသို့ သွားခဲ့လေသည်။

အခန်းရှေ့တွင် ရေးထားသော “ပုံရိပ်ယောင် အနှစ်သသာရ၊ ချီ နှင့် စိတ်စွမ်းအား လေ့ကျင့်ရေးအခန်း” ဆိုတဲ့ စာလုံးတွေကို မြင်လိုက်ရချိန်တွင် သူမ၏ စိတ်ထဲ၌ လှိုင်းထန်သွားသလို ခံစားရလေသည်။

အမှတ်လုံလောက်ရင် ဘယ်သူမဆို ဝင်နိုင်သော်လည်း တစ်မိနစ်အသုံးပြုခွင့်အတွက် ၅မှတ် လိုအပ်ပြီး တစ်နာရီဆိုရင် အမှတ်၃၀၀တောင် သုံးရမည် ဖြစ်လေသည်။ ဒီနေရာတွင်အမှတ်၃၀၀ရဖို့ဆိုတာ ကောင်းကင်တက်ဖို့ထက်တောင် ခက်ခဲနေသလိုပင် ဖြစ်လေသည်။ အင်အားတိုးချင်ခြင်းကြောင့် မဟုတ်ပါက ဘယ်သူမှ ဒီလောက် အကုန်အကျခံပြီးမပေးချင်ကြပေ။

မနေ့က လောင်းကြေးကနေ အမှတ် ၃၀၅မှတ်ပဲ ရထားခဲ့ပြီး ထိုအမှတ်များကို တစ်နာရီထဲနဲ့ အကုန်သုံးလိုက်ရမည်ကို စဉ်းစားလိုက်ရုံနဲ့တင် စိတ်နာလာရလေသည်။

“စိတ်စွမ်းအားလေ့ကျင့်ရေးအခန်းမှ ကြိုဆိုပါတယ်။ ပါဝင်လိုပါက တန်းစီပေးပါ”

ကျိယောင်ယွဲ့သည် တံခါးမှဖြတ်သန်းဝင်ရောက်လိုက်သည်နှင့် ဝန်ထမ်းတစ်ယောက်က သတိပေးလိုက်လေသည်။ ရှေ့မှာ လူအချို့ တန်းစီနေပြီး လေ့ကျင့်ရေးအခန်းက ဆယ်ခန်းသာ ရှိသဖြင့် တစ်ကြိမ်တွင် လူ ဆယ်ယောက်သာ ဝင်နိုင်ပေသည်။ အများအားဖြင့် ဝါရင့်ကြေးစားစစ်သားတွေက မစ်ရှင်ထွက်နေကြတာကြောင့် ဒီနေရာတွင် လူအများကြီး မရှိကြပေ။

ကျိယောင်ယွဲ့က ဘာမှပြန်မပြောတော့ဘဲ တန်းစီနေလိုက်လေသည်။ အင်အားတိုးဖို့ဆိုရင် သူမဟာ အမြဲ သည်းခံတတ်သူပင် ဖြစ်လေသည်။မကြာခင်မှာပဲ သူမအလှည့် ရောက်လာခဲ့လေသည်။

“ကျိယောင်ယွဲ့… တစ်နာရီအတွက် အမှတ် ၃၀၀ကျသင့်ပါတယ်”

“ဒီမှာပါ… သင့်အခန်းကတ်ပါ။ ကျေးဇူးပြု၍ ယူပါ”

ဝန်ထမ်းက ယဉ်ကျေးစွာ ပြုံးပြီး ကတ်ကို ပေးလိုက်လေသည်။ သူ့မျက်လုံးထဲမှာတော့ အံ့အားသင့်မှုများ ပြည့်နေလေသည်။ ဒီလို လှပပြီး နှစ်လိုဖွယ်ရှိသော မိန်းကလေးကို မတွေ့ဖူးသေးပေ။

“ဒီဘက်ကို လိုက်ခဲ့ပါရှင့်”

လမ်းညွှန်တစ်ယောက်က ချက်ချင်း လာရောက်ခေါ်ဆောင်‌ပေးလေသည်။ ဒီနေရာကို ဒီလောက် အမှတ်များများ ပေးရခြင်းမှာ အံ့ဩစရာ မဟုတ်ဘူးကြောင်း အခုမှ နားလည်သွားရလေသည်။ ဝန်ဆောင်မှုကလည်း အလွန်စိတ်ကျေနပ်ဖွယ် ဖြစ်ပေသည်။

မကြာခင်မှာပဲ ကျိယောင်ယွဲ့ အခန်းကတ်ထိုးရမယ့် နေရာသို့ရောက်လာခဲ့လေသည်။ သို့သော် အခန်းထဲက လူမှာထွက်မလာသေးတာကြောင့် သူမ ထိုင်ခုံပေါ်၌ထိုင်စောင့်နေရလေသည်။

အချိန်အနည်းငယ်ကြာပြီးနောက် ထိုသူမှာထွက်မလာသေးသဖြင့် ကျိယောင်ယွဲ့က အချိန်ကို ကြည့်လိုက်လေသည်။ ဒီအချိန်က သူမရဲ့ လေ့ကျင့်ရေးအချိန် ရောက်နေပြီ ဖြစ်လေသည်။ ထိုသူက သူမအမှတ်တွေ သုံးပြီး ဆက်လက်လေ့ကျင့်ချင်နေသည်မှာသေချာလေသည်။

“ဒုန်း… ဒုန်း...”

ကျိယောင်ယွဲ့မှာမစောင့်နိုင်တော့ဘဲ တံခါးကို ထုလိုက်လေသည်။

“အထဲကလူ နားထောင်ပါ။ လေ့ကျင့်ရေးအချိန် ပြီးပြီ။ အမြန်ထွက်လာတော့..."

သူမက တံခါးကို ထပ်ထုရင်း အော်လိုက်လေသည်။ သို့သော် အထဲက တိတ်ဆိတ်နေဆဲ ဖြစ်လေသည်။ ဒါပေမယ့် တံခါးပေါ်က အချက်ပြမှုကတော့ အထဲမှာ လူရှိနေကြောင်း ပြသနေခဲ့လေသည်။

“ဒီလိုခေါ်လို့မှထွက်မလာရင် တံခါးခေါင်းလောင်း နှိပ်ကြည့်ပါ”

သူမကို လမ်းညွှန်ခဲ့တဲ့ ၀န်ထမ်းက အကြံကောင်းပေးလိုက်လေသည်။ လှပတဲ့သူဖြစ်လို့သာ ဒီလို ဂရုစိုက်ခံရခြင်း ဖြစ်ပေသည်။ သာမန်လူဆိုရင် ဘယ်သူမှ ဂရုစိုက်ပေးမည်မဟုတ်ပေ။

ထို၀န်ထမ်းအကြံပေးသည့်အတိုင်း လုပ်လိုက်သည့်အခါတွင်အထဲက လူကိုနောက်ဆုံးမှာခေါ်ထုတ်လိုက်နိုင်လေသည်။

"မျက်စိမပါဘူးလား လူတစ်ယောက်လေ့ကျင့်ရေးပြုလုပ်နေချိန်မှာ နှောင့်ယှက်တာက ယဉ်ကျေးမှုမရှိတာပဲ"

အထဲကထွက်လာသူမှာ ဒေါသတကြီး အော်ဟစ်လိုက်လေသည်။ သူ့ လေ့ကျင့်ချိန် ပြီးသွားပြီဆိုတာကို မေ့သွားတာသည်လား ဒါမှမဟုတ် သိသိသာသာနဲ့ အခြားသူ၏အချိန်ကို အပိုင်သိမ်းချင်နေခြင်းလားကိုတော့ သေချာ မသိနိုင်ပေ။

ဆူညံသံများကြားလိုက်ရသောကြောင့် လူအများစုမှာ နောက်ကို လှည့်ကြည့်လိုက်ကြလေသည်။ ဒီအခန်းထဲတွင် လေ့ကျင့်နေသူမှာ ဒီလိုအနိုင်ကျင့်တတ်တဲ့ ကောင်ဖြစ်လိမ့်မည်လို့ မထင်ထားကြပေ။ လှပတဲ့ မိန်းကလေးက ထိခိုက်သွားမလားဆိုပြီး စောင့်ကြည့်နေကြသူများလည်း ရှိပေသည်။

"ဪ.... မင်းလား..."

တံခါးဖွင့်လိုက်ချိန်မှာပင် မနေ့က သူမကို လိုက်နှောက်ယှက်ခဲ့တဲ့ လူငယ်လေးကို တွေ့လိုက်ရလေသည်။ရန်သူတွေဆိုသည်မှာ လမ်းကျဉ်းကျဥ်း လေး၌မ‌တော်တဆ ဆုံတွေ့ရတတ်ကြလေသည်။

....................................................................................

အခန်း (၈၄၀) ပြီးပါပြီ။

All Chapters