← Chapters

ကျန်းလန်၏အရံအစီအစဉ်

Vol. 25 Ch. 342

ကျန်းလန်၏အရံအစီအစဉ်

Vol. 25 Ch. 342

အခန်း (၃၄၂) ကျန်းလန်၏အရံအစီအစဉ်

ကောင်းကင်ထက်တွင် ရုတ်တရက်ဖြစ်ပေါ်လာသည့် အပြောင်းအလဲများကြောင့် ကျန်းလန် အံ့အားသင့်သွားမိသည်။

သူတစ်ယောက်တည်းသာ မဟုတ်ပေ။ မိုးကောင်းကင်စမ်းသပ်ခံရခြင်းကို ကြည့်နေသူများအားလုံး အံ့သြတကြီး ဖြစ်သွားကြရ၏။

"ယောက်ဖ ၊ တစ်ယောက်ယောက်က ပြဿနာဖြစ်အောင် လုပ်နေတာလား"

အဋ္ဌမင်းသားက ကျန်းလန်ကို မေးလိုက်သည်။

ကျန်းလန်က ခေါင်းညိတ်လိုက်ရင်း…

"ဟုတ်တယ်"

သူက ဆက်ပြောသည်။

"ကျောက်စိမ်းရေကန်နတ်ဘုရားမက ခွန်လွန်တောင်နဲ့ ဆက်နွယ်နေတယ် ၊ ဒါကြောင့် အချို့လူတွေက သူ မိုးကောင်းကင်စမ်းသပ်ခံရခြင်း အောင်မြင်သွားမှာကို မလိုလားကြဘူး"

အဋ္ဌမမင်းသားက စိုးရိမ်စွာဖြင့်…

"ဒါဖြင့်… ကျုပ် အစ်မ … သူ အဆင်ပြေပါ့မလား"

ကျန်းလန်က ခပ်တိုးတိုးလေသံဖြင့်…

"ခွန်လွန်က တောင်သခင်တွေ ဒီအကြောင်းကို သိကြမှာပဲလေ ၊ သူတို့ ကိုင်တွယ်နိုင်မှာပါ"

ကျောက်စိမ်းရေကန်နတ်ဘုရားမသည် ကျောက်စိမ်းရေကန်နှင့် ဆက်စပ်နေပြီး ခွန်လွန်တောင်နှင့်လည်း ဆက်နွယ်နေသည်။

ထို့ကြောင့် တောင်သခင်များသည် ကျောက်စိမ်းရေကန်နတ်ဘုရားမအပေါ် မည်သည့်အန္တရယ်မှ မကျရောက်စေလိုကြပေ။

သူတို့အားလုံးက လုန်ယွိ၏ စိတ်ခံစားချက်များကိုပင် ဂရုစိုက်ခဲ့ကြပြီး မလိုအပ်ဘဲ သူမကို စိတ်ထိခိုက်အောင် မလုပ်ခဲ့ကြပေ။

သို့မှသာ ကျောက်စိမ်းရေကန်နတ်ဘုရားမအနေဖြင့် ခွန်လွန်တောင်တွင် ပိုမိုကောင်းမွန်သောဘဝဖြင့် နေထိုင်နိုင်မည် ဖြစ်သည်။

လင်စီးယာနှင့် အခြားသူများအားလုံးသည်လည်း ကောင်ကင်ထက်မှ အပြောင်းအလဲကို တွေ့မြင်လိုက်ကြသည်။

ကောင်းကင်ထက်တွင် ဝဲဂယက် (၄)ခု ထွက်ပေါ်လာသည်ကို တွေ့လိုက်သည်။ ထိုဝဲဂယက်များက ကျောက်စိမ်းရေကန်တည်ရှိရာနေရာကို စောင့်ကြည့်ရန် ရည်ရွယ်ချက်ဖြင့် ရောက်ရှိလာကြခြင်း ဖြစ်ဟန်တူသည်။

"ဂိုဏ်းတူအစ်မ… ဒါက ဘယ်လိုဖြစ်တာလဲ"

လင်စီးယာက ဟုန်လွမ်ကို မေးလိုက်သည်။

သူမက အင်မော်တယ် မဖြစ်သေးလေရာ အတွေ့အကြုံများစွာ မရှိပေ။

စာအုပ်များစွာ မဖတ်ထားလျှင် အင်မော်တယ်ဖြစ်ရန် စမ်းသပ်ခံရခြင်းနှင့် အင်မော်တယ်ဖြစ်ပြီး နောက်ပိုင်းအဆင့်များကို သိရှိနားလည်ရန် ခက်ခဲမည် ဖြစ်သည်။

လင်အန်းက တိုးလျသည့် လေသံဖြင့်…

"တစ်ယောက်ယောက်က ကျုပ်တို့ပတ်ဝန်းကျင်က မိုးကောင်းကင်လျှို့ဝှက်ချက်တွေကို ခိုးပြီးထောက်လှမ်းဖို့ ကြိုးစားနေတာပဲ"

လင်အန်းက ဆက်ပြောသည်။

"သူတို့က ကျောက်စိမ်းရေကန်နတ်ဘုရားမ မိုးကောင်းကင်စမ်းသပ်ခံရခြင်းကို ရင်ဆိုင်ရတော့မယ်ဆိုတာ သိထားပုံရတယ် ၊ မိုးကြိုးတိမ်တိုက်တွေထွက်ပေါ်လာတဲ့ ဂိုဏ်းတူညီမလေးလုန်ယွိ စမ်းသပ်ခံရခြင်းအဆုံးထိ ရင်ဆိုင်နိုင်မလားဆိုတာ သူတို့စုံစမ်းချင်ကြလိမ့်မယ် ၊ ဒါပေမဲ့ တောင်သခင်တွေကတော့ အဲဒါနဲ့ပတ်သက်ပြီး ဘယ်လို စီမံထားလဲဆိုတာ မသိနိုင်ဘူး"

လင်စီးယာက စိုးရိမ်ပူပန်သွားဟန်ဖြင့်…

"ဒါဖြင့် ဂိုဏ်းတူအစ်မ အန္တရယ်ရှိနိုင်လား"

ဟုန်လွမ်က…

"ဆရာနဲ့ အခြားတောင်သခင်တွေက ငတုံးတွေမှ မဟုတ်တာ ၊ စိတ်မပူနဲ့ ဆက်သာကြည့်နေ…"

ထိုအခါမှ လင်စီးယာ စိတ်သက်သာရာရသွားပြီး သက်ပြင်းချလိုက်မိသည်။

တောင်သခင်များရှိနေသည်ဖြစ်ရာ မည်သည့်ပြဿနာမှ မဖြစ်နိုင်လောက်ပေ။

ထိုအချိန် မိုးကြိုးတိမ်တိုက်များကြားတွင် ဝဲဂယက်များထနေသည်ကို လုန်ယွိသည်လည်း တွေ့မြင်လိုက်ရသည်။ တစ်ခုခု ထူးခြားပြီဖြစ်ကြောင်း သူမ နားလည်လိုက်၏။

သို့သော် မိုးကောင်းကင်စမ်းသပ်ခံရခြင်းကို ရင်ဆိုင်ရချိန်တွင် တစ်စုံတစ်ယောက်က ပစ်မှတ်ထားတိုက်ခိုက်မည်ဟု သူမ မျှော်လင့်မထားခဲ့မိပေ။

သူမ ပြစ်မှတ်ထားခံရသည်ဆိုလျှင်…

သူမအတွက် ကြီးမားသည့်ဘေးဆိုးတစ်ခု ရင်ဆိုင်ရခြင်းသာ ဖြစ်ပေလိမ့်မည်။

"ဒီ စမ်းသပ်ခံရခြင်းကို ငါ မြန်နိုင်သမျှ အမြန်ဆုံး ကျော်ဖြတ်နိုင်ဖို့လိုတယ်"

စိတ်ထဲတွင် ထိုသို့တွေးလိုက်မိသည်နှင့် လုန်ယွိသည် မိုးကောင်းကင်စမ်းသပ်ခံရခြင်းကို ထိပ်တိုက်ရင်ဆိုင်ရန် စောင့်ဆိုင်းနေတော့သည်။

သူမက တစ်ချက်မှ လှုပ်ရှားခြင်း မပြုဘဲ အစီအရင်ကို အသက်သွင်းလိုက်သည်။ အစီအရင်က မိုးကောင်းကင်စမ်းသပ်ခံရခြင်း အောင်မြင်ရန် ရာနှုန်းတိုးစေမည် ဖြစ်သည်။

"ဘုန်း"

ပထမဆုံး မိုးကြိုးတစ်ချက် ဆင်းသက်လာသည်။

ချက်ချင်းပင် အစီအရင်မှ တန်ခိုးစွမ်းအားများ ထွက်ပေါ်လာပြီး နဂါးအရိပ်ထွက်ပေါ်လာကာ ကောင်းကင်ထက်သို့ ပျံသန်းသွားပြီး မိုးကြိုးကပ်ဘေးကို တည့်တည့်မတ်မတ် ရင်ဆိုင်လိုက်သည်။

ထိုတန်ခိုးစွမ်းအားက ကျန်းလန် အစီအရင်တွင် ထည့်သွင်းပေးထားသည့် "နဂါးပျံသန်းတန်ခိုးစွမ်းအား" ပင် ဖြစ်သည်။

"ဘန်း"

ပျံသန်းလာသည့် နဂါးနှင့် မိုးကြိုးကပ်ဘေး ထိပ်တိုက်တွေ့သွားသည်။

"ဝှစ်"

နဂါးပုံရိပ် တစ်စစီ အက်ကွဲသွားသော်လည်း ချက်ချင်းပင် ပြန်လည်ပေါင်းစည်းသွားသည်။ သို့သော် ပြန်လည်ဖြစ်တည်လာသည့်နဂါးပုံရိပ်က အရင်ပုံရိပ်လောက် မကြံ့ခိုင်တော့ပေ။

မိုးကောင်းကင်စမ်းသပ်ခံရခြင်း စတင်သည်နှင့် ကောင်းကင်ထက်မှ ဝဲဂယက်များကလည်း ပိုမိုထင်ရှားလာသည်။ လူအချို့၏အကြည့်များ လှည့်ပတ်နေသည့်အလား ထင်မှတ်ရသည်။

သို့သော် လုန်ယွိက ထိုဝဲဂယက်များကို အရေးမစိုက်ပေ။

သူမက မိုးကောင်းကင်စမ်းသပ်ခံရခြင်းကိုသာ အာရုံစိုက်နေသည်။

***

"ဒီဝဲဂယက်တွေ ဘယ်လောက် ခံနိုင်ရည်ရှိမှာလဲ ၊ ငါ သူတို့ကို သွားတိုက်မယ်"

ပြောရင်းဖြင့် ချန်ရှီက တိုက်ခိုက်ရန် ဟန်ပြင်လိုက်သည်။

မြောင်ယွဲ့က သူမကို တားဆီးလိုက်၏။

"အခုချိန် လှုပ်ရှားလိုက်ရင် ရန်သူကလည်း သေချာပေါက် အာရုံခံမိမှာပဲ ၊ အဲဒီအချိန်ကျ သူတို့ ဒီနေရာကို ပြဿနာရှာကြလိမ့်မယ်"

ကျိုးကျုန်းထျန်းက သေရည်တစ်ငုံသောက်လိုက်ရင်း…

"ထားလိုက်ပါ ၊ အဲဒါက ကျောက်စိမ်းရေကန်နတ်ဘုရားမကို မထိခိုက်စေနိုင်ပါဘူး"

တကယ်တမ်း တိုက်ခိုက်ရမည်ဆိုလျှင်တော့ ကျိုးကျုန်းထျန်းက မည်သူ့ကိုမှ ကြောက်တတ်သူ မဟုတ်ပေ။

မြောင်ယွဲ့က ပြုံးလိုက်ရင်း…

"ဘာမှ စိတ်မရှုတ်နဲ့ ၊ ဆက်သာကြည့်နေ"

ကျူးချင်က အနည်းငယ် ပဟေဠိ ဖြစ်သွားပြီး…

"ဂိုဏ်းတူအစ်မက အရံအစီအစဉ် တစ်ခုခုများ ရှိလို့လား"

"ငါကတော့ အရံအစီအစဉ်လုပ်မထားပါဘူး ၊ ဒါပေမဲ့ လုပ်ထားတဲ့သူတစ်ယောက်တော့ ရှိမယ်ထင်တယ်"

မြောင်ယွဲ့က ကျောက်စိမ်းရေကန်ကို ငုံ့ကြည့်ပြီး သိမ်မွေ့စွာဆိုသည်။

သူမ၏စကားကြောင့် ကျူးချင်နှင့် အခြားသူများမှာ အနည်းငယ် ပဟေဠိ ဖြစ်သွားကြသည်။ သို့သော် သူတို့ မည်သည့်စကားမှ မဆိုဘဲ ကြည့်သာကြည့်နေလိုက်ကြတော့၏။

"ဘုန်း"

ဒုတိယမြောက် မိုးကြိုးကပ်ဘေးက ဆင်းသက်လာသည်။

ထို မိုးကြိုးကပ်ဘေးနောက်ဘက်တွင် ဝဲဂယက် (၄)ခုကလည်း အဆက်မပြတ် ပြောင်းလဲမှုများ ဖြစ်ပေါ်သွားသည်။ ထိုဝဲဂယက်များအတွင်းမှ တစ်ဖက်လူ၏အကြည့်များ ထွက်ပေါ်လာတော့မည့်ဟန် ထင်မှတ်ရသည်။

ယင်းနောက်တွင် ရေဝဲလေးခုတွင် အပြောင်းအလဲများ ရှိခဲ့သည်။

"ဒါ ထူးဆန်းတယ် ၊ ဆရာနဲ့ အခြားတောင်သခင်တွေ ဘာလို့ မလှုပ်ရှားကြသေးတာလဲ"

ပေဖန်းက အနည်းငယ် ပဟေဠိဖြစ်သွားဟန်ဖြင့် ဆိုသည်။

ဝဲဂယက်များသည် ခန္ဓာကိုယ်အလုံးအထည်ပေါ်လာတော့မည့်နီးပါး ထင်ရှားလာသည်။ ကျောက်စိမ်းရေကန်မှ လျှို့ဝှက်ချက်များကို တစ်စုံတစ်ယောက်က ခိုးဝှက်ကြည့်ရှုပြီး သတင်းထောက်လှမ်းနေသည်မှာ သေချာလှ၏။

ဤနေရာမှ အဖြစ်အပျက်များကို အခြားသူများသိရှိသွားပါက ကျောက်စိမ်းရေကန် နတ်ဘုရားမအတွက် အကျိုးရှိမည် မဟုတ်ပေ။

သို့သော် တောင်သခင်များက ရန်သူများကို တားဆီးမည့် အရိပ်အယောင်မပြလေရာ သူတို့အားလုံး စိတ်ရှုတ်ထွေးလာကြသည်။

လုကျန်းက...

"ဂိုဏ်းတူညီလေးကျန်းလန်ကို ကြည့်ရတာ တည်ငြိမ်နေတာပဲ ၊ ဒီတော့ ဘာပြဿနာမှ မရှိလောက်ပါဘူး"

အားလုံးက ကျန်းလန်နှင့်လုန်ယွိ၏ ပတ်သက်မှုကို သိရှိကြသည်ပင်။

ထို့ကြောင့် ကျန်းလန်က စိုးရိမ်ပူပန်ခြင်း မရှိလျှင် လုန်ယွိ ပြဿနာမရှိဟု ယူဆနိုင်သည်။

ပေဖန်းက...

"ဒါဖြင့် ဂိုဏ်းတူအစ်ကိုလုကျန်းက ဂိုဏ်းတူညီလေးကျန်းလန် မတည်ငြိမ်တဲ့အချိန်ကို ဘယ်တုန်းက မြင်ဖူးလို့လဲ"

ကျန်းလန်က သူတို့နှင့် စိတ်စွမ်းအားတူညီသူ မဟုတ်ပေ။ ထို့ကြောင့် ကျန်းလန် မျက်နှာပျက်သည် ၊ အမူအရာပျက်သည်ကို တွေ့ရခဲလှသည်။

လုကျန်းက ပြုံးလိုက်ရင်း..

"တစ်ခါမှ မမြင်ဖူးဘူး"

ပေဖန်း ဘာမှမပြောတော့ပေ။

မည်သို့ပင်ဖြစ်စေ ဝဲဂယက်များကို ဒီအတိုင်းလွှတ်ထားခြင်းက ခွန်လွန်တောင်ကို အနည်းနှင့်အများဆိုသလို အန္တရယ် သယ်ဆောင်လာနိုင်မည် ဖြစ်သည်။

"ဝှစ်"

ထိုခဏမှာပင် ဝဲဂယက်ထဲမှ မျက်လုံးတစ်လုံး ပွင့်သွားပြီး ပတ်ဝန်းကျင်မှ အဖြစ်အပျက်များကို ကြည့်ရှုလိုက်သည်။

ကျန်းလန် မျက်မှောင်အနည်းငယ် ကြုံ့လိုက်၏။

"တောင်သခင်တွေက မတိုက်ခိုက်ကြသေးဘူးလား"

တောင်သခင်များ မတိုက်ခိုက်ကြသည်က သူမျှော်မှန်းထားသည်နှင့် အနည်းငယ် ကွဲပြားနေသည်။ သို့သော် ပြဿနာကြီးကြီးမားမား မရှိပေ။

အဋ္ဌမမင်းသားက...

"ယောက်ဖ ၊ သူတို့က ကျွန်တော့်အစ်မ မိုးကောင်းကင်စမ်းသပ်ခံရတာကို တိုက်ခိုက်ချင်ကြတာလား"

ကျန်းလန်က ခေါင်းခါယမ်းလိုက်ရင်း...

"မဟုတ်ဘူး"

ကျန်းလန်စကားအဆုံးတွင် ကျောက်စိမ်းရေကန်တည်ရှိရာ တောင်ထွတ်တစ်ခုလုံး အလင်းရောင်များ ထွက်ပေါ်လာသည်ကို တွေ့လိုက်ရသည်။

ထိုအလင်းရောင်များက ကောင်းကင်ထက်ဆီ ထိုးဖောက်ဝင်ရောက်သွားပြီး မြင့်မားသည့်တံတိုင်းကြီးအဖြစ် ပြော်းလဲသွားသည်။ ထိုတံတိုင်းကြီးက မိုးကောင်းကင်စမ်းသပ်ခံရခြင်းကို မတွေ့မြင်ရစေရန် ဝဲဂယက် (၄)ခုကို ပိတ်ဆို့ထားလိုက်သည်။

ထို အစီအရင်ထွက်ပေါ်လာသည်ကိုတွေ့သည့်အခါ အဋ္ဌမမင်းသား အံ့အားသင့်သွားသည်။ အဋ္ဌမမင်းသားသာမက လုကျန်းနှင့် အခြားသူများလည်း အံ့အားသင့်သွားကြသည်။

အရံအစီအရင်တစ်ခု တကယ်ပဲ ရှိနေခဲ့သည်လား။ ထိုအစီအရင်က မိုးကောင်းကင်လျှို့ဝှက်ချက်များကိုပင် ဖုံးကွယ်ပေးနိုင်သည့် အစီအရင်တစ်ခု ဖြစ်သည်။

"အစီအရင်တွေ ရှိနေတာလား ၊ အဲဒါ ဂိုဏ်းတူညီမလေး လုပ်ထားတဲ့ အစီအရင်တွေလား"

ချန်ရှီ အတော်လေး အံ့အားသင့်သွားပြီး မေးမြန်းလိုက်သည်။

မိုးကောင်းကင်လျှို့ဝှက်ချက်များကို ဖုံးကွယ်နိုင်သည့်အစီအရင်တစ်ခု ပြုလုပ်ထားသည်မှာ မဆိုးလှပေ။

မြောင်ယွဲ့က ပြုံးလိုက်ရင်း…

"ဒီလောက်အားနည်းတဲ့အစီအရင်က ကျွန်မလုပ်တဲ့အစီအရင် ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"

လျိုကျင်းက…

"အင်း… ဟုတ်တယ် ၊ ဒီအစီအရင်က နည်းနည်းတော့အားနည်းတယ် ၊ အချိန်အကြာကြီး တောင့်ခံထားနိုင်မယ် မထင်ဘူး"

ချန်ရှီက…

"ဒါဖြင့် ငါ တိုက်ရတော့မလား"

ချန်ရှီက ဆဋ္ဌမတောင်ထွတ်မှ အပြင်သို့ ထွက်ခဲသူဖြစ်သည်။

ခွန်လွန်တောင်ကိစ္စများတွင်လည်း သူမက အခြားသူများဆုံးဖြတ်သည်ကို လိုက်နာတတ်သည်။

မြောင်ယွဲ့က…

"စိတ်ရှုတ်မသွားနဲ့ ၊ ဆက်ကြည့်ပါ ဂိုဏ်းတူအစ်မ…"

မြောင်ယွဲ့၏စကားကြောင့် ချန်ရှီရော အခြားသူများပါ အံ့အားသင့်သွားကြသည်။

နောက်ထပ် တစ်စုံတစ်ခု ဖြစ်ပျက်လာဦးမည်လား။

လင်အန်းနှင့် အခြားသူများသည်လည်း အစီအရင်ကိုကြည့်ပြီး အနည်းငယ် အံ့အားသင့်သွားကြသည်။ သို့သော် ၎င်းအစီအရင်က ကြာရှည်မခံနိုင်ကြောင်း သိရှိကြသည်။

ထိုအစီအရင်ပျက်စီးသွားလျှင်တော့ တောင်သခင်များ တိုက်ခိုက်ကောင်းတိုက်ခိုက်ကြမည် ဖြစ်သည်။

သို့သော်…

တကယ်တမ်းတွင် အစီအရင် ပျက်စီးလုနီးပါးအချိန်ထိ တောင်သခင်များက တိုက်ခိုက်မည့်ဟန် မတွေ့ရသေးပေ။ ထို့ကြောင့် သူတို့ ပိုပြီး နားမလည်နိုင်ဖြစ်လာကြရသည်။

လင်စီးယာက ရုတ်တရက် အစီအရင်ကို ညွှန်ပြလိုက်ပြီး…

"အစီအရင်ရဲ့ ပတ်ပတ်လည်ကို ကြည့်လိုက် ၊ ပုံရိပ်တစ်ခုကို ပေါ်လာသလိုပဲ"

လင်စီးယာ၏စကားကြောင့် လင်အန်းနှင့် အခြားသူများ လှမ်းကြည့်လိုက်ကြသည်။ အစီအရင်ပတ်ပတ်လည်တွင် ပုံရိပ်တစ်ခု တဖြည်းဖြည်း ဖြစ်တည်လာသည်ကို သူတို့ တွေ့မြင်လိုက်ကြရသည်။

ထိုပုံရိပ်က တောင်တစ်လုံး၏ ပုံရိပ်ဖြစ်ပြီး တောင်ပေါ်တွင် လူတစ်ယောက် မတ်တတ်ရပ်နေ၏။

အစပိုင်းတွင် ပုံရိပ်က အနည်းငယ် မှုံဝါးဝါးဖြစ်သော်လည်း မိုးကောင်းကင်လျှို့ဝှက်ချက်ကို ဖုံးကွယ်ထားသည့် အစီအရင် ပျက်စီးသွားသည့်အခါ ထိုပုံရိပ်ကို ရှင်းရှင်းလင်းလင်း တွေ့မြင်လိုက်ကြရသည်။

"ခရက်"

"ဘန်း"

မိုးကောင်းကင်လျှို့ဝှက်ချက် ဖုံးကွယ်ထားသည့် အစီအရင်တစ်ခုလုံး ကွဲအက်ပျက်စီးသွား၏။

ထိုအခိုက်အတန့်တွင် တောင်ထိပ်တွင် ရပ်နေသည့် လူရိပ်ကို ကြည်လင်ရှင်းလင်းစွာ တွေ့မြင်လိုက်ရသည်။ ထိုလူရိပ်က ဝဲဂယက်များအောက်ဘက်တည့်တည့်တွင် မတ်တတ်ရပ်နေခြင်း ဖြစ်၏။

တစ်ဆက်တည်းပင် ထိုလူရိပ်က ကောင်းကင်ထက်မှ ဝဲဂယက်များကို မော့ကြည့်လိုက်သည်။

ထိုသူ ခေါင်းမော့ကြည့်လိုက်သည်နှင့် ကောင်းကင်ထက် လှည့်ပတ်နေသည့် ဝဲဂယက်များ ချက်ချင်း ရပ်တန့်သွားသည်ကို လူတိုင်းတွေ့မြင်လိုက်ကြသည်။

လုကျန်းက ထိုလူရိပ်ကိုကြည့်ပြီး မယုံကြည်နိုင်စွာဖြင့် ရေရွတ်လိုက်သည်။

"ဆ… ဆရာ…"

တောင်ထိပ်တွင် မတ်တတ်ရပ်နေသည့် လူရိပ်က သူ့ဆရာ ကျိုးကျုန်းထျန်းဖြစ်နေသည် မဟုတ်ပါလား။

ထို့ပြင်…

ထိုလူရိပ်က သူ့ဆရာ အစစ်လား ၊ အတုလားဆိုသည်ကို ခွဲခြားရန် ခက်ခဲလှသည်။

"ဘာတွေ ဖြစ်နေတာလဲ"

တောင်ထိပ်တွင် ရပ်နေသည့် ကျိုးကျုန်းထျန်း၏ပုံရိပ်က ဓားကို ဆွဲထုတ်လိုက်သည့်အခါ ကြည့်နေသူအားလုံးမှာ အံ့သြတုန်လှုပ်သွားကြရလေတော့၏။

All Chapters