← Chapters

အစီအရင် မဟာသခင်

Vol. 29 Ch. 281

အစီအရင် မဟာသခင်

Vol. 29 Ch. 281

​"လက်ခံတယ်ဆိုတဲ့ အဓိပ္ပာယ်က..."

​ဝေထျန်းရှုံး၏ နှလုံးခုန်သံ မြန်လာပြီး လီချင်းချိုးကို စိုက်ကြည့်ကာ မေးလိုက်၏။

​သူသည် ကျွန် သို့မဟုတ် အစေခံ တစ်ဦး ဖြစ်လာရန် ပြင်ဆင်ထားပြီး ဖြစ်ရာ လီချင်းချိုးက ချင်းရှောင်ဂိုဏ်းသို့ ဝင်ရောက်ရန် သူ့ကို ဖိတ်ခေါ်သည်ကို ကြားသောအခါ မှင်တက်သွား၏။ သူ နားကြားမှားသွားသည် သို့မဟုတ် အဓိပ္ပာယ်ကို လွဲမှားစွာ နားလည်မိသည်ဟု ထင်လိုက်သည်။

​လီချင်းချိုးက လက်ကို မြှောက်ကာ အသက်ထိန်းချုပ်တဲ့ အဆောင်ကို လက်ဖဝါးထဲသို့ ဆွဲယူလိုက်ပြီး ပြန်ဖြေလိုက်သည်။

"မင်းရဲ့ အသက်ကို ငါ လက်ခံတယ်... အခုကစပြီး မင်းကို ငါ အရှက်ကွဲအောင် လုပ်မှာ မဟုတ်ဘူး... ဒါပေမဲ့ မင်းက ငါ့ရဲ့ ယုံကြည်မှုနဲ့ ထိုက်တန်လား မထိုက်တန်ဘူးလားဆိုတာကိုတော့ စောင့်ကြည့်ဖို့ အချိန်လိုသေးတယ်..."

​ရှန်ယွဲ့က စိတ်ထဲမှ ထိုသို့ တွေးလိုက်သည်။

ငါ ထင်တဲ့အတိုင်းပဲ...

​အကယ်၍ လီချင်းချိုးသာ ဝေထျန်းရှုံးကို သတ်ချင်ပါက ဤမျှ စကားများများစားစား ပြောနေမည် မဟုတ်ချေ။

​ယခု အရင်တိုက်ပွဲကို ပြန်တွေးကြည့်လျှင် ဝေထျန်းရှုံးက သူ့ကို သတ်ချင်နေပုံရသော်လည်း အမှန်တကယ်တော့ သူ့ကို တစ်ချိန်လုံး အခွင့်အရေးများ ပေးနေခဲ့ခြင်း ဖြစ်၏။

​သို့သော်လည်း သူသည် ဝေထျန်းရှုံး၏ စရိုက်ကို နားမလည်သေးသဖြင့် အလျင်စလို ဆုံးဖြတ်ချက်ချ၍ မရနိုင်သေးပေ။

​လီချင်းချိုး၏ အဖြေကို ကြားသောအခါ ဝေထျန်းရှုံးက ထပ်မံ တိတ်ဆိတ်သွားသော်လည်း ယခုတစ်ကြိမ်တွင် အမူအရာ သိသိသာသာ ပြေလျော့သွားသည်။

​ဘယ်လိုပဲဖြစ်ဖြစ် သူက အကျဉ်းသား တစ်ယောက်ပဲလေ… မျက်နှာ နည်းနည်းပျက်ရမယ်ဆိုရင် ဒါက သေချာပေါက် ကောင်းတဲ့ကိစ္စပါပဲ….

​လီချင်းချိုးက မူလချီကို အသက်ထိန်းချုပ်တဲ့ အဆောင်ထဲသို့ ထည့်သွင်းလိုက်ပြီး ၎င်း၏ ကန့်သတ်ချက် လုပ်ဆောင်ပုံကို လျင်မြန်စွာ နားလည်သွားသည်။

​ရှင်ယွမ်ဂိုဏ်းမှာ စွမ်းရည်အချို့ ရှိကြောင်း ဝန်ခံရမည် ဖြစ်သည်။

​ဤအသက်ထိန်းချုပ်တဲ့ အဆောင်မှာ အလွန် အသုံးဝင်ပြီး သေသပ်လှပစွာ ဖန်တီးထားကာ၊ ၎င်းမှာ လက်ရှိတွင် ချင်းရှောင်ဂိုဏ်း လက်လှမ်းမမီနိုင်သေးသော အောင်မြင်မှု အဆင့်တစ်ခု ဖြစ်နေသည်။

​အသက်ထိန်းချုပ်တဲ့ အဆောင်မှ တောက်ပသော အလင်းရောင် တစ်ခု ထွက်ပေါ်လာပြီးနောက် ဝေထျန်းရှုံးအပေါ်သို့ ကျရောက်သွားသည့် ရွှေရောင် အလင်းတန်း တစ်ခု ပစ်လွှတ်လိုက်သည်။

​ဝေထျန်းရှုံးက မျက်လုံးများကို မှိတ်လိုက်ပြီး ဝိညာဉ် ထိန်းချုပ်မှုကို လက်ခံရန် ပြင်ဆင်လိုက်၏။

​ရှန်ယွဲ့က ဤမြင်ကွင်းကို စပ်စုချင်စိတ်ဖြင့် ကြည့်နေသည်။ သူသည် ဝိညာဉ်လမ်းစဉ်ကိုလည်း အတော်လေး စိတ်ဝင်စားနေပြီဖြစ်သည်။

​ရွှေရောင် အလင်းတန်း သူ့အပေါ် ကျရောက်လာသည်နှင့်အမျှ မြေပြင်ပေါ်တွင် လဲလျောင်းနေသော ဝေထျန်းရှုံးမှာ သာမန်လူ တစ်ယောက် စိတ်ကူးမယဉ်နိုင်သော နာကျင်မှုကို ခံစားနေရကြောင်း ထင်ရှားနေသည်။

​ ဝိညာဉ် ခွဲထွက်ခြင်း ခံနေရပြီ။ ပြင်းထန်သော ဒဏ်ရာများနှင့် ပေါင်းစပ်လိုက်သောအခါ ဤအခိုက်အတန့်တွင် သူသည် အသက်ရှင်ရခြင်းထက် သေရခြင်းကို ပို၍ လိုလားနေ၏။

​စိတ်ဆန္ဒကို ခိုင်မာအောင် ထိန်းထားနိုင်ရန် ရှင်ယွမ်ဂိုဏ်းနှင့် ကြီးမားသော ရန်ငြိုးကိုသာ သူ တွေးနိုင်သည်။

​အချိန်အတော်ကြာ ကုန်လွန်သွားပြီးနောက်….

​ရွှေရောင် အလင်းတန်း ပျောက်ကွယ်သွားပြီးနောက် ဝေထျန်းရှုံးမှာ မြေပြင်ပေါ်တွင် လဲလျောင်းနေပြီး တစ်ကိုယ်လုံးမှာ ပို၍ပင် အားနည်းသွားကာ မျက်လုံးများကိုပင် မဖွင့်နိုင်တော့ချေ။

​လီချင်းချိုးက အသက်ထိန်းချုပ်တဲ့ အဆောင်ကို ကစားနေ၏။ သူသည် ၎င်းမှတစ်ဆင့် ဝေထျန်းရှုံးနှင့် ချိတ်ဆက်မှု တစ်ခုကို တည်ဆောက်ပြီး ဖြစ်သည်။ ဝေထျန်းရှုံးကို ရုတ်တရက် သေဆုံးသွားစေရန် အဆောင်ကို ချေမွပစ်လိုက်ရုံသာ လိုအပ်သည်။ထို့အပြင် ၎င်းကို အသုံးပြု၍ ဝေထျန်းရှုံးကို နှိပ်စက်နိုင်သေးသည်။

​ဤအရာမှာ အမှန်တကယ်ပင် ယုတ်မာပြီး ရက်စက်သော်လည်း အမှန်တကယ် အသုံးဝင်လှသည်။

​လီချင်းချိုးက ပြန်ရောက်ပါက အသက်ထိန်းချုပ်တဲ့ အဆောင်ကို လေ့လာရန် လူတစ်ယောက်ကို ခိုင်းစေရန် စီစဉ်လိုက်မည်ဖြစ်သည်။

ဝေထျန်းရှုံးဘက်က ကူညီနိုင်မည်ဆိုလျှင် ပို၍ပင် ကောင်းသေးသည်။

​ဤသို့ တွေးပြီးနောက် လီချင်းချိုးက အသက်ထိန်းချုပ်တဲ့ အဆောင်ကို သိုလှောင်အိတ် ထဲတွင် သိမ်းဆည်းလိုက်ပြီးနောက်၊ ဝေထျန်းရှုံးကို ကုသရန် စိတ်ဝိညာဉ်ပြန်လည်နုပျိုခြင်း တစ္ဆေအပ်စိုက်ပညာကို အသုံးပြုလိုက်သည်။

​ဤအခိုက်အတန့်တွင် ပိုင်နင်းအာက ယန်တောက်ကျုံးကို တွဲ၍ ပျံသန်းလာပြီး လီချင်းချိုး၏ နောက်တွင် ဆင်းသက်လိုက်သည်။

​လီချင်းချိုးက ယန်တောက်ကျုံးကို လှည့်ကြည့်လိုက်ပြီး မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။

"မင်း ဘယ်လိုလုပ် ဒီလောက် ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားတာလဲ..."

​သူသည် ယန်တောက်ကျုံး၏ ဒဏ်ရာများကို အစောကတည်းက မြင်ခဲ့ပြီး ဖြစ်သည်။ အကြောင်းရင်းကို မေးနေခြင်း ဖြစ်၏။

​ရှန်ယွဲ့ပင်လျှင် ဤမျှ ပြင်းထန်သော ဒဏ်ရာများ မရရှိခဲ့ချေ။

​ယန်တောက်ကျုံး သတိပြန်လည်လာပြီ ဖြစ်သောကြောင့် လီချင်းချိုး၏ မေးခွန်းကို ရင်ဆိုင်ရချိန်တွင် ခါးသီးသော အပြုံးတစ်ခုကို ပြုံးလိုက်ပြီး မည်သို့ ဖြေရမည်ကို မသိတော့ချေ။

​"သူလည်း ကျုပ်ကို ကူညီနေခဲ့တာပါ... ဂိုဏ်းချုပ် အရင်က မမြင်ခဲ့ပေမဲ့ သူ့ရဲ့ အရှိန်အဝါက မယုံနိုင်လောက်အောင် အစွမ်းထက်ပြီး ဝိညာဉ်အသိအာရုံအဆင့် ကျင့်ကြံသူ တစ်ယောက်နဲ့တောင် ယှဉ်နိုင်လုနီးပါးပဲ..." ဟု ရှန်ယွဲ့က ဝင်ပြောလိုက်သည်။

​"ဟုတ်တယ်... အဲဒါ တကယ်ကို အံ့ဩစရာကောင်းတယ်... စီနီယာ ယန်တောက်ကျုံးက မကျင့်ကြံခင်မှာတောင် အရမ်း အစွမ်းထက်နေတာ... အကယ်၍ သူသာ ကျင့်ကြံမယ်ဆိုရင် သေချာပေါက် နောက်ထပ် စီနီယာ ရှန်ယွဲ့ ဖြစ်လာမှာပဲ..."

​ပိုင်နင်းအာက စိတ်လှုပ်ရှားစွာ ပြောလိုက်ရာ သူ့လေသံတွင် လေးစားမှုများ ပြည့်နှက်နေသည်။

​လီချင်းချိုးက ယန်တောက်ကျုံးကို ကြည့်လိုက်ပြီး ၎င်းမှာ အရေးကြီးသော အခိုက်အတန့်တွင် ပေါက်ကွဲထွက်လာသော လောကီ လူသားဘိုးဘေးကံကြမ္မာ ဖြစ်လောက်သည်ဟု စိတ်ထဲမှ ခန့်မှန်းလိုက်သည်။

​ယန်တောက်ကျုံးသည် သိုင်းနတ်ဘုရား၏ ကြီးစိုးသော ကိုယ်ဟန်ကို ပိုင်ဆိုင်ထားသည်။ ခွန်အားများ ကြီးထွားလာသည်နှင့်အမျှ ဤသိုင်းနတ်ဘုရား၏ ကြီးစိုးသော ကိုယ်ဟန်မှာ ပိုမို အစွမ်းထက်လာမည် ဖြစ်ပြီး၊ လူအနည်းငယ်ဖြင့် လူအများအပြားကို တိုက်ခိုက်ရာတွင် အထူး ကျွမ်းကျင်လိမ့်မည် ဖြစ်သည်။

​သို့သော်လည်း ယန်တောက်ကျုံး၏ လောကီ လူသားဘိုးဘေးကံကြမ္မာထက် ပိုင်နင်းအာ၏ ကံကောင်းသူ ကံကြမ္မာကို လီချင်းချိုးက ပို၍ စပ်စုချင်နေမိသည်။

​ဤအဖြစ်အပျက်က ချင်းရှောင်ဂိုဏ်းကို ဝိညာဉ်အသိအာရုံအဆင့်ထက် ကျော်လွန်သော ကျွမ်းကျင်သူ တစ်ဦး ယူဆောင်လာပေးခဲ့သဖြင့် အကျိုးအမြတ် အလွန် ကြီးမားသည်ဟု ယူဆနိုင်သည်။

​သေချာ စဉ်းစားကြည့်လျှင် ရက်စက်ကြမ်းကြုတ်သော မိစ္ဆာ ကျင့်ကြံသူ တစ်ဦး မဟုတ်ဘဲ ဝေထျန်းရှုံးကို သူတို့ တွေ့ဆုံခဲ့ရခြင်းမှာ ကံကောင်းသူ ကံကြမ္မာကြောင့် ဖြစ်ကောင်း ဖြစ်နိုင်ပေသည်။

​ဝေထျန်းရှုံးသည် အပေါ်ယံတွင် လူကောင်း တစ်ယောက်နှင့် မတူသော်လည်း အစစ်အမှန် စရိုက်လက္ခဏာကိုတော့ ပြောရန် ခက်ခဲလှသည်။

​လီချင်းချိုး၏ အကြည့်များ သူ့ထံသို့ ရောက်လာသည်ကို မြင်သောအခါ ပိုင်နင်းအာ၏ အပြုံး ပျောက်ကွယ်သွားသည်။ သူက အသက်ပြင်းပြင်း ရှူလိုက်ပြီး….

"ဂိုဏ်းချုပ်... ကျွန်တော် မှားမှန်း သိပါပြီ... နောက်ဘယ်တော့မှ အခုလို သတိလက်လွတ် မလုပ်တော့ပါဘူး..."

​ဤတစ်ကြိမ်တွင် သူ အမှန်တကယ် ကြောက်ရွံ့သွားခဲ့ပြီ ဖြစ်သည်။

​လီချင်းချိုးသာ အချိန်မီ မရောက်လာခဲ့ပါက သူတို့ သုံးဦး မည်သို့ ဖြစ်သွားမည်ကို စိတ်ကူးတောင် မယဉ်ရဲချေ။

​လီချင်းချိုးက ပိုင်နင်းအာကို အမှန်တကယ် အပြစ်မတင်ခဲ့သော်လည်း သူ ဤမျှ လေးနက်နေသည်ကို မြင်သောအခါ ဖြစ်ပျက်ခဲ့သည့် ကိစ္စများတွင် အချိုးအကွေ့များ ရှိခဲ့နိုင်သည်ဟု ခန့်မှန်းလိုက်မိသည်။

​"မင်း ငယ်ပါသေးတယ်... ဒီသင်ခန်းစာကနေ မင်း တကယ်ကို သင်ယူနိုင်လိမ့်မယ်လို့ ငါ မျှော်လင့်တယ်..." ဟု လီချင်းချိုးက လေးနက်စွာ ပြောလိုက်တော့ ​ပိုင်နင်းအာက အလျင်အမြန် ကတိပေးလိုက်သည်။

​ရှန်ယွဲ့က …. "သူ တကယ်တမ်း မှားယွင်းတဲ့ အလုပ် ဘာမှ မလုပ်ခဲ့ပါဘူး... သတ္တိ နည်းနည်း ပိုနေရုံလေးပါ... နောက်ဆုံးတော့ ကျုပ်တို့ နှစ်ယောက်ကသာ အရည်အချင်း မရှိခဲ့တာပါ..."

​ယန်တောက်ကျုံးကလည်း ခေါင်းညိတ်၍ …."အမှန်ပါပဲ... အဲဒါ ကျွန်တော်တို့ရဲ့ အပြစ်ပါ..."

​ဝေထျန်းရှုံးက ယန်တောက်ကျုံးကို ကြီးမားသော ထိုးနှက်ချက် တစ်ခု ပေးခဲ့ချေပြီ။ သူ့ရဲ့မျက်လုံးများမှာ မှေးမှိန်နေပြီး သူ၏ အတွင်းစိတ် လှုပ်ရှားမှုများကို ရှင်းလင်းစွာ မြင်တွေ့နိုင်သည်။

​"ငါတို့ ပြန်ရောက်မှ အကျဉ်းချုပ် ကြည့်ကြတာပေါ့... လောလောဆယ် ဒီခရီးစဉ်ကနေ မင်းတို့ ရှာတွေ့ခဲ့တာတွေကို ပြောပြပါဦး..."

​လီချင်းချိုးက ညွှန်ကြားလိုက်၏။ ဝေထျန်းရှုံး နိုးမလာသေးသည်ကို မြင်သောအခါ သူက ရှန်ယွဲ့နှင့် အခြား နှစ်ဦးကို သူတို့၏ အတွေ့အကြုံများကို ပြန်ပြောပြရန် ခိုင်းလိုက်သည်။

​ရှန်ယွဲ့က ပိုင်နင်းအာကို အချက်ပြလိုက်ရာ ပိုင်နင်းအာက ဇာတ်လမ်းကို ပြောပြနေစဉ်၊ သူနှင့် ယန်တောက်ကျုံးတို့မှာ ထိုနေရာတွင် တင်ပျဉ်ခွေ ထိုင်ကာ အတွင်းအားများကို စတင် ထိန်းညှိနေကြသည်။

​ဤမြေအောက်တွင် ထိုက်ကျွယ်ဂိုဏ်း၏ နန်းတော် အပျက်အစီးများ ရှိနေပြီး တစ်ခုတည်း မဟုတ်ကြောင်း ကြားရသောအခါ လီချင်းချိုးလည်း စိတ်ဝင်စားသွားသည်။

​ရှန်ယွဲ့နှင့် အခြား နှစ်ဦးမှာ အပြည့်အဝ စုံစမ်းစစ်ဆေးခြင်း မပြုရသေးပေ။ ဝေထျန်းရှုံးက သူတို့၏ လုပ်ငန်းစဉ်ကို နှောင့်ယှက်ခဲ့ခြင်း ဖြစ်သည်။

​ဝေထျန်းရှုံးကတော့ ထိုက်ကျွယ်ဂိုဏ်းအကြောင်း ပိုသိရမည်ဟု လီချင်းချိုး ခံစားရသဖြင့် စုံစမ်းစစ်ဆေးမှုကို မဆက်လက်မီ ဝေထျန်းရှုံး နိုးလာမည့်အချိန်ကို စောင့်ရန် စီစဉ်လိုက်သည်။

​ပိုင်နင်းအာ၏ ပြောပြချက်များမှတစ်ဆင့် ရှေးဟောင်း ထိုက်ကျွယ်ဂိုဏ်း မည်မျှ အစွမ်းထက်ခဲ့မည်ကို လီချင်းချိုး အကြမ်းဖျင်း ခံစားမိနေပြီ ဖြစ်သည်။

​သို့တိုင်အောင် ထိုမျှ ကြောက်မက်ဖွယ်ကောင်းသော ထိုက်ကျွယ်ဂိုဏ်းမှာ ဖျက်ဆီးခံခဲ့ရသည်။

​၎င်းသည် မိစ္ဆာနယ်မြေများကြောင့် ဖျက်ဆီးခံခဲ့ရခြင်းလား သို့မဟုတ် အခြား အကြောင်းရင်းများကြောင့်လား ဆိုသည်ကို လီချင်းချိုး စိတ်ဝင်စားလာသည်။

​ထို့အပြင် အနာဂတ်အတွက် အစီအစဉ်များ ချမှတ်ရန် ဝေထျန်းရှုံးထံမှ ကောင်းကင်ငရဲပင်လယ် နှင့် အခြား ကျင့်ကြံရေး ဂိုဏ်းများအကြောင်းကိုလည်း လေ့လာလိုသေးသည်။

​ချင်းရှောင်ဂိုဏ်းသည် အစောပိုင်း သို့မဟုတ် နောက်ပိုင်းတွင် အခြား ကျင့်ကြံရေး ဂိုဏ်းများနှင့် တွေ့ဆုံရမည်သာ ဖြစ်သည်။ အကယ်၍ သူတို့အကြောင်း ဘာမှ မသိပါက ချင်းရှောင်ဂိုဏ်းဘက်က သေချာပေါက် ဆုံးရှုံးမှုများ ကြုံတွေ့ရလိမ့်မည်။

​အချိန်များ လျင်မြန်စွာ ကုန်လွန်သွားသည်…..

​ဝေထျန်းရှုံး သတိပြန်မလည်မီ တစ်နာရီ အပြည့် ကြာမြင့်ခဲ့သည်။

​သူ မျက်လုံး ဖွင့်လိုက်တော့ လီချင်းချိုးတို့၏ပုံရိပ်များကို တွေ့လိုက်ရသည်။ ၎င်းမှာ ပြန်လည်မွေးဖွားလာသလိုပင်။

​သူသည် အသက်ထိန်းချုပ်တဲ့ အဆောင်၏ စွမ်းအားကို အမြဲ သိထားခဲ့သော်လည်း ၎င်း၏ အကျိုးသက်ရောက်မှုများကို ခံစားရခြင်းမှာ ဤအကြိမ်သည် ပထမဆုံး ဖြစ်သည်။

​လီချင်းချိုးက…..

"မင်း နောက်ဆုံးတော့ နိုးလာပြီပဲ... အခု ငါ့ကို တစ်ခုလောက် ဖြေပေးပါ... ငါတို့က ထိုက်ကျွယ်ဂိုဏ်းရဲ့ အမွေအနှစ်ကို တူးဖော်ချင်တယ်... ငါတို့ လူနည်းနည်းလေးနဲ့ အန္တရာယ်ကင်းနိုင်ပါ့မလား..."

​ထိုအခါ ဝေထျန်းရှုံးက ပါးစပ်ကို ဖွင့်ကာ အက်ကွဲကွဲ အသံဖြင့် ပြန်ဖြေလိုက်သည်။

"အန္တရာယ်... မကင်းဘူး..."

​"ကောင်းပြီ... ငါတို့ အရင် ချင်းရှောင်ဂိုဏ်းကို ပြန်ကြမယ်... ဒီကိစ္စကို နောက်မှ ဆွေးနွေးကြတာပေါ့!"

​လီချင်းချိုးက ပြတ်သားစွာ အမိန့်ပေးလိုက်ပြီးနောက် လေချွန်လိုက်လေသည်။

လေချွန်သံကို ကြားသောအခါ ရှန်ယွဲ့နှင့် ပိုင်နင်းအာတို့မှာ တစ်ခဏမျှ မှင်တက်သွားကြပြီး အလိုအလျောက် မော့ကြည့်လိုက်ကြသည်။

​ဂိုဏ်းချုပ်ရဲ့ နတ်ငှက်လည်း ရောက်လာတာလား…

ထိုစဉ် ​ကြမ်းတမ်းသော လေပြင်း တစ်ချက် တိုက်ခိုက်လာပြီး ဖုန်မှုန့်များ ထောင်းထောင်းထကုန်သည်။

​ပိုင်နင်းအာက အဝေးရှိ တောင်ထွတ်တစ်ခု၏ နောက်ကွယ်မှ ထွက်ပေါ်လာသော ဧရာမ ပုံရိပ်ကြီး တစ်ခုကို မြင်လိုက်ရသဖြင့် မျက်လုံးများ အလိုအလျောက် ပြူးကျယ်သွားတော့သည်။

​"ဘာလို့ အဲဒီလောက် ကြီးရတာလဲ..."

​...

​ချင်းရှောင်တောင်မှ လီချင်းချိုး ထွက်ခွာသွားသည်ကို မည်သူမျှ သတိမပြုမိကြချေ။ သူ ပြန်ရောက်လာသောအခါတွင်လည်း သူ ထွက်သွားဖူးကြောင်း မည်သူမျှ သတိမထားမိကြပေ။

​ရှောင်ပါးက သူတို့ကို သယ်ဆောင်လာပြီး ထိုက်ခွန်းတောင်တန်း အနီးတွင် ဆင်းသက်ခဲ့သည်။ ထို့နောက် လီချင်းချိုးက ဝေထျန်းရှုံးနှင့် ရှန်ယွဲ့တို့ကို ချင်းရှောင်တောင်ရှိ လင်းရှောင်ခြံဝင်းသို့ ပြန်လည် ခေါ်ဆောင်သွားပြီး ပိုင်နင်းအာနှင့် ယန်တောက်ကျုံးတို့မှာမူ အနားယူရန် အသီးသီး ပြန်သွားကြသည်။

​ညနေစောင်းသို့ ရောက်ရှိလာပြီ ဖြစ်၏။

​လီချင်းချိုး၊ ရှန်ယွဲ့နှင့် ဝေထျန်းရှုံးတို့ စားပွဲရှည် တစ်လုံးတွင် ထိုင်နေကြသည်။ ဝေထျန်းရှုံးက ခုံရှည် တစ်ခုပေါ်တွင် တင်ပျဉ်ခွေ ထိုင်ကာ ဒဏ်ရာများကို ကုသနေသည်။

​အသက်ထိန်းချုပ်အဆောင်က သူ့ကို ကြီးမားသော ထိခိုက်မှု ဖြစ်စေခဲ့သဖြင့် ပြန်အလာလမ်းတွင် မူးဝေပြီး ယိုင်နဲ့နေခဲ့သည်။

​လီချင်းချိုး အလျင်မလိုချေ။ စောင့်ဆိုင်းနေစဉ်အတွင်း ရှန်ယွဲ့နှင့် ဓားလမ်းစဉ် အကြောင်းကို ဆွေးနွေးနေခဲ့သည်။

​ရှန်ယွဲ့က ဝေထျန်းရှုံးကို အနိုင်ယူရန် လီချင်းချိုး အသုံးပြုခဲ့သော ဓားချက်ကို အလွန် စိတ်ဝင်စားနေပြီး လီချင်းချိုးကလည်း မည်သည့်အရာကိုမျှ ဖုံးကွယ်မထားဘဲ အသေးစိတ် ရှင်းပြပေးခဲ့သည်။

​"ဟင်... အကြီးအကဲရှန်ယွဲ့... ပြန်ရောက်နေပြီလား..."

​အမျိုးသမီး အသံတစ်ခု ထွက်ပေါ်လာပြီး ကျူးယန် ခြံဝင်းအတွင်းသို့ ဝင်လာလေသည်။

​ရှန်ယွဲ့က ခေါင်းလှည့်ကာ သူမကို ခေါင်းညိတ်ပြ၍ နှုတ်ဆက်လိုက်သော်လည်း စကားမပြောခဲ့ပေ။

​ကျူးယန်က ဝေထျန်းရှုံးကို သတိပြုမိသွားခဲ့သည်။ စုတ်ပြတ်နေသော အနက်ရောင် အဝတ်အစားများ ဝတ်ဆင်ထားပြီး ဆံပင်ဖြူများ ရှိနေသည့် ထိုသူကို တစ်ချက်ကြည့်ရုံဖြင့် သာမန် မဟုတ်ကြောင်း သိနိုင်ပြီး ရက်စက်ကြမ်းကြုတ်သော မိစ္ဆာ တစ်ကောင်နှင့် အလွန် တူနေသည်။

​သူမက သူ့ကို တစ်ချက်သာ ကြည့်လိုက်ပြီးနောက် လီချင်းချိုးအနားသို့ လျှောက်သွားကာ ဦးညွှတ်ပြီး တီးတိုး ပြောလိုက်သည်။

"ဂိုဏ်းချုပ်... ကျွန်မ ဆွေးနွေးစရာ ကိစ္စလေး တစ်ခု ရှိလို့ပါ..."

​ဓမ္မညီလာခံ ပြိုင်ပွဲမှာ ဆက်လက် ကျင်းပနေဆဲ ဖြစ်သော်လည်း ဆုလာဘ်များအတွက် ပြင်ဆင်မှုများကို စတင်နေပြီ ဖြစ်သည်။ထို့ကြောင့် မှော်ပစ္စည်းများ မရှိမဖြစ် လိုအပ်နေသည်။

​တပည့်များမှာ ပိုမို အစွမ်းထက်လာနေပြီး အဆင့်နိမ့် မှော်ပစ္စည်းများမှာ မသင့်လျော်တော့ချေ။ ထို့ကြောင့် ကျူးယန်က ပိုမို အစွမ်းထက်သော မှော်ပစ္စည်းများကို ဖန်တီးလိုခဲ့သည်။

​မှော်ပစ္စည်းများဖန်တီးခြင်း ဆိုသည်မှာ တွေးကြည့်ရုံဖြင့် ပြီးသွားမည့် ကိစ္စ မဟုတ်ဘဲ ပိုမို ကောင်းမွန်သော အရင်းအမြစ်များ လိုအပ်ပေသည်။

​"အလျင်မလိုပါဘူး... အရင် ထိုင်ပြီး ငါတို့ တခြား ကိစ္စတစ်ခု ဆွေးနွေးနေတာကို နားထောင်ပါဦး..."

​လီချင်းချိုးက ပြုံးလိုက်ပြီး ကျူးယန်ကို ထိုင်ရန် လက်ဟန်ပြလိုက်သည်။

​၎င်းကို မြင်သောအခါ ကျူးယန်မှာ အရင် ထိုင်နေရုံသာ တတ်နိုင်တော့၏။ သို့သော်လည်း လီချင်းချိုးနှင့် ရှန်ယွဲ့တို့က ဓားလမ်းစဉ်အကြောင်း ဆက်လက် ဆွေးနွေးနေကြသည်ကို ကြားသောအခါ၊ လီချင်းချိုး ပြောသော ကိစ္စမှာ ဤလျှို့ဝှက်ဆန်းကြယ်သော အနက်ရောင် ဝတ်စုံနှင့် အမျိုးသားနှင့် ဆက်စပ်နေကြောင်း သူမ သဘောပေါက်သွားသည်။

​ကောင်းကင်လက်မှုပညာခန်းမ၏ ခန်းမသခင်ဖြစ်သော သူမနှင့် မည်သည့် ကိစ္စက သက်ဆိုင်နိုင်မည်နည်း။

​ကျူးယန်မှာ ပဟေဠိဖြစ်မှုများဖြင့် ပြည့်နှက်နေသော်လည်း သူမ၏ စရိုက်မှာ တည်ငြိမ်ပြီး ခံစားချက်များကို မျက်နှာပေါ်တွင် အသိမခံခဲ့ပေ။

​အချိန်အတော်ကြာပြီးနောက်….

​ဝေထျန်းရှုံးက နောက်ဆုံးတွင် မျက်လုံးများကို ဖွင့်လိုက်၏။ သူက ညစ်ညမ်းသော လေကို မှုတ်ထုတ်လိုက်ပြီး သူ့အကြည့်များတွင် တက်ကြွမှု အနည်းငယ် ပြန်လည် ရောက်ရှိလာသည်။

လီချင်းချိုးနှင့်အကြည့်ချင်းဆုံသွားတော့ အမူအရာ ရှုပ်ထွေးနေပြန်သည်။

​ယခုမှစ၍ သူ့အသက်သည် ဤလူ၏ လက်ထဲတွင် ရှိနေတော့မည် ဖြစ်သည်။

​"နိုးပြီလား..."ဟု လီချင်းချိုးက ဝေထျန်းရှုံးကို ကြည့်ကာ မေးလိုက်သည်။

​ဝေထျန်းရှုံးက ခေါင်းညိတ်လိုက်ပြီး….

"မင်းက ထိုက်ကျွယ်ဂိုဏ်းရဲ့ အမွေအနှစ်ကို လိုချင်တာလား..."

​ထိုက်ကျွယ်ဂိုဏ်း….

​ဤစကားကို ကြားသောအခါ ကျူးယန် စိတ်ဝင်စားသွားတော့သည်။

​ "အမွေအနှစ်တစ်ခုတည်းတင် မဟုတ်ဘူး... အရာအားလုံးကိုပဲ... အဲဒီ မြေအောက် နန်းတော်တွေရဲ့ ဖွဲ့စည်းပုံနဲ့ ယန္တရားတွေက လေ့လာဖို့ တန်ဖိုးရှိတယ်... နန်းတော်တွေကိုယ်တိုင်ကတောင် အရင်းအမြစ်တွေ အဖြစ် ပြောင်းလဲပစ်လို့ ရတယ် မဟုတ်ဘူးလား..."

​ဝေထျန်းရှုံး မှင်တက်သွားလေပြီ။ လီချင်းချိုး၏ စဉ်းစားတွေးခေါ်မှုများက ဤမျှအထိ... အမြော်အမြင် ကြီးမားလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ချေ။

​"ကောင်းပြီ... အဲဒါမတိုင်ခင် မင်းက ချင်းရှောင်ဂိုဏ်းကို တရားဝင် ဝင်ရမယ်... မင်း သဘောတူလား..." ဟု လီချင်းချိုးက ထပ်မေးလိုက်သည်။

​မေးရသည့် အကြောင်းရင်းမှာ ဝေထျန်းရှုံး၏ပုံရိပ် တာအိုမျိုးဆက် စနစ် တွင် မပေါ်လာသေးသောကြောင့်ပင်။

ထိုအခါ ​ဝေထျန်းရှုံးက အသက်ပြင်းပြင်း ရှူလိုက်ပြီး မတ်တတ်ရပ်ကာ လီချင်းချိုးကို ဦးညွှတ်၍ ….

"တပည့် ဝေထျန်းရှုံး... ဂိုဏ်းချုပ်ကို အရိုအသေပေးပါတယ်..."

​စကားသံ အဆုံးတွင် ဝေထျန်းရှုံး၏ ပုံရိပ် တာအိုမျိုးဆက်စနစ်၏ အောက်ခြေဆုံးတွင် ပေါ်လာတော့သည်။

ထိုအခါ ​လီချင်းချိုး၏ မျက်နှာတွင် အပြုံးတစ်ခု ပေါ်လာသည်။

"အခု... ထိုက်ကျွယ်ဂိုဏ်းရဲ့ နန်းတော် အပျက်အစီးတွေနဲ့ ပတ်သက်ပြီး မင်းသိသမျှကို ငါတို့ကို ပြောပြပါ..."

​သူသည် ဝေထျန်းရှုံး၏ ကိုယ်ရေးအချက်အလက်ကို စစ်ဆေးရန် ချက်ချင်း ဆုံးဖြတ်လိုက်သည်။

​[အမည် - ဝေထျန်းရှုံး]

[လိင် - ကျား]

[အသက် - ၇၂၃ နှစ် (၄၂၇ နှစ် ကုန်ဆုံးသွားပြီ ဖြစ်သည်)] >

[သစ္စာစောင့်သိမှု (ဂိုဏ်းချုပ်/ဂိုဏ်း) - ၃၁/၃၅ (အများဆုံး ၁၀၀)]

[ကျင့်ကြံခြင်း ပါရမီ - အတော်လေး ကောင်းမွန်]

[နားလည်နိုင်စွမ်း - ထူးချွန်]

[ကံကြမ္မာ - ကြီးမားသော ဘေးဒုက္ခမှ အသက်ရှင် လွတ်မြောက်သူ၊ အစီအရင် မဟာသခင်၊ ပါရမီရှင်များကို တန်ဖိုးထားသော နှလုံးသား]

[ကြီးမားသော ဘေးဒုက္ခမှ အသက်ရှင် လွတ်မြောက်သူ - ကြီးမားသော ဘေးဒုက္ခမှ အသက်ရှင် လွတ်မြောက်လာတိုင်း ကျင့်ကြံခြင်းအပေါ် နားလည်နိုင်စွမ်းများ တိုးလာမည်]

[အစီအရင် မဟာသခင် - အစီအရင် လမ်းစဉ်အပေါ် ထူးခြားသော ထိုးထွင်းသိမြင်မှုနှင့် စိတ်ဝင်စားမှု ရှိပြီး ဤလမ်းစဉ်တွင် မဟာသခင် တစ်ဦး ဖြစ်လာရန် ကံကြမ္မာ ပါလာသူ ဖြစ်သည်]

[ပါရမီရှင်များကို တန်ဖိုးထားသော နှလုံးသား - ပါရမီရှင် တစ်ဦးနှင့် ရင်ဆိုင်ရချိန်တွင် လမ်းညွှန်မှုများ ပေးရန် မနေနိုင်ဘဲ သူတို့ကို တပည့်အဖြစ်ပင် လက်ခံလိုစိတ် ရှိသည်]

All Chapters