တစ်ကိုယ်တော် ရပ်တည်နိုင်စွမ်း
Vol. 29 Ch. 287
အရုဏ်တက်ချိန်တွင် လီချင်းချိုးက အသက်ဆယ်နှစ်အရွယ် လီရှို့ကျန်းနှင့် လီရှို့မင်တို့ စာဖတ်နေကြသော ခြံဝင်းတစ်ခုသို့ ရောက်သွားခဲ့သည်။
ဤကောင်လေး နှစ်ယောက်မှာ မူလအားဖြည့်နယ်ပယ် စတုတ္ထအဆင့် သို့ ရောက်ရှိနေပြီ ဖြစ်သည်။ သာမန်ရက်များတွင် ကျင့်ကြံခြင်းအပြင် လီချင်းချိုးက သူတို့ကို စာပိုဖတ်ရန်လည်း တောင်းဆိုလေ့ရှိသည်။သူတို့သည်လည်း ၎င်းကို မငြင်းဆန်ကြချေ။ စာအုပ်များထဲရှိ ပုံပြင်များက သူတို့ကို များစွာ အကျိုးရှိစေသည်။
"စီနီယာဦးလေး... ဒီစာအုပ်တွေထဲက မိစ္ဆာတွေက တကယ်ကို အစွမ်းထက်တာပဲ... ချန်ကျူ့ လိုမျိုးပေါ့... ဒဏ္ဍာရီတွေအရ ချန်ကျူ့ က မြောက်ဘက်ကနေ လာပြီး အားကောင်းတဲ့ သွေးနဲ့ချီရှိတဲ့ လူတွေကို ရှာဖို့ တောင်ဘက်ကို လာရတာ သဘောကျတယ်တဲ့... သူ ဗိုက်ဝသွားပြီဆိုရင် လောကီကမ္ဘာကို မိုးရွာစေတယ်တဲ့... ဒါကြောင့် အချို့က သူ့ကို ဘေးဒုက္ခပေးတဲ့ မိစ္ဆာလို့ ခေါ်ကြပြီး အချို့ကကျတော့ မင်္ဂလာရှိတဲ့မိစ္ဆာလို့ခေါ်ကြတယ်..."
လီရှို့မင်က ရှေးဟောင်း စာအုပ်တစ်အုပ်ကို ကိုင်ထားရင်း အံ့သြတကြီး ပြောလိုက်သည်။
သူသည် တစ္ဆေများနှင့် ထူးဆန်းသော သဘာဝလွန် အဖြစ်အပျက်များအကြောင်း ရှေးဟောင်း မှတ်တမ်းများကို ဖတ်ရသည်ကို နှစ်သက်ပြီး လီရှို့ကျန်းကမူ ဒေသအသီးသီး၏ ဓလေ့ထုံးတမ်းများနှင့် အလေ့အကျင့်များကို မှတ်တမ်းတင်ထားသော စာအုပ်များကို ပိုမို နှစ်သက်သည်။
လီချင်းချိုးက စားပွဲပေါ်မှ သစ်သားဓားတစ်လက်ကို ကောက်ယူစစ်ဆေးရင်း ….
"မင်္ဂလာရှိတဲ့မိစ္ဆာလို့ ခေါ်တာက လောကကြီးက သူ့ရဲ့ ကိုယ်ပိုင် အကျိုးစီးပွားအပေါ် အခြေခံပြီး သတ်မှတ်လိုက်တဲ့ အရာတစ်ခုပါပဲ .."
လီရှို့မင်က ခေါင်းလှည့်ကာ လီချင်းချိုးကို ကြည့်ပြီ….
"စီနီယာဦးလေး... ရှောင်ပါးကရော မင်္ဂလာရှိတဲ့မိစ္ဆာ ဖြစ်လာနိုင်မလား... သူက အရမ်းကြီးပြီး အခုဆို လူစကားတောင် ပြောတတ်နေပြီပဲ... သူ့ကို ရွှမ်မင်းဆက်ရဲ့ နတ်ဘုရားမိစ္ဆာ အဖြစ် ပျိုးထောင်ပေးလို့ရတယ်... ပြီးတော့ သမိုင်းမှာ သူ့နာမည် ကျန်ရစ်ခဲ့အောင် သူ့ရဲ့ မင်္ဂလာရှိတဲ့ အပြုအမူတွေကို ရေးမှတ်ပေးလို့ ရတယ်..."
သူ စကားပြောရင်း ပို၍ စိတ်လှုပ်ရှားလာကာ ဤသည်မှာ အလွန် ပြည့်စုံသော အောင်မြင်မှု တစ်ခု ဖြစ်မည်ဟု ခံစားလိုက်ရသည်။
လီချင်းချိုးက သူ့ကို မျက်လုံးလှန်ပြလိုက်ပြီး….
"မင်း ဘာလုပ်ဖို့ ကြိုးစားနေတာလဲ..."
"မင်္ဂလာရှိတဲ့မိစ္ဆာရဲ့ ဒဏ္ဍာရီ တစ်ခုကို ဖန်တီးချင်လို့ပါ!"
"တစ်ခုခုက မင်္ဂလာရှိတဲ့ မိစ္ဆာ ဖြစ်လာမလား၊ မဖြစ်ဘူးလားဆိုတာကို လူတွေရဲ့ နှလုံးသားကသာ ဆုံးဖြတ်သင့်တယ်... သူတို့ကို ခြယ်လှယ်ဖို့ လုပ်ကြံဖန်တီးမှုတွေနဲ့ မဟုတ်ဘူး..."
လီချင်းချိုး နှာခေါင်းရှုံ့လိုက်မိသည်။ ဤကောင်လေးသည် 'လောကကို ကြီးစိုးလိုသူ' နှင့် 'အာဏာရှင်' ကံကြမ္မာများကို စတင် ပြသနေပြီ ဖြစ်သည်။
လီချင်းချိုး၏ စကားကို ကြားသောအခါ လီရှို့မင်က ခေါင်းကုတ်ကာ ပြုံးလိုက်သည်။ သူ စိတ်အေးသွားပြီးနောက် ကမ္ဘာသူ ကမ္ဘာသားများကို နောက်ပြောင်နေသကဲ့သို့ အနည်းငယ် သတိလက်လွတ် ဖြစ်နေကြောင်းကိုလည်း ခံစားလိုက်ရသည်။
သူသည် လွင့်ပျံနေသော အတွေးများကို ဖယ်ရှားလိုက်ပြီး နောက်ပုံပြင် တစ်ခုကို ဆက်ဖတ်နေတော့သည်။
လီချင်းချိုးက သူတို့ကို ကြီးကြပ်ရန် မဟုတ်ဘဲ သူတို့နှင့်အတူ ရှိနေရသည်ကို သဘောကျသောကြောင့် ဤနေရာသို့ လာရောက်ကာ စာဖတ်ခြင်း ဖြစ်သည်။ ၎င်းက သူ့ရဲ့စိတ်အခြေအနေကို အထူးတလည် ငြိမ်းချမ်းစေသောကြောင့်ပင်။
'ကြီးမားကျယ်ပြန့်သော ဖြောင့်မတ်ခြင်းချီ'ကို ပိုင်ဆိုင်ပြီးနောက် လီချင်းချိုး၏ နှလုံးသား တည်ငြိမ်လာသည်။ အမှန်တကယ် တည်ငြိမ်သွားသောအခါ ချင်းရှောင်ဂိုဏ်း၏ အသေးအမွှား ကိစ္စရပ်များကို အခြား ရှုထောင့်တစ်ခုမှ စဉ်းစားနိုင်ပြီး ကိုယ်ပိုင် ကျင့်ကြံရေး လမ်းစဉ်အကြောင်းကို တွေးတောနိုင်သည်။ ဤကဲ့သို့ တွေးတောရသည့် ခံစားချက်ကို သူ နှစ်သက်နေမိသည်။
ထိုစဉ် ခြံဝင်းတံခါးမှ ခေါက်သံတစ်ခု ထွက်ပေါ်လာသဖြင့် လီချင်းချိုးက ခေါင်းမလှည့်ဘဲ ….
"ဝင်ခဲ့ပါ..."
ရောက်လာသူမှာ လီချင်းချိုး၏ ဒုတိယ တပည့်ဖြစ်သော ချင်ယဲ့ပင် ဖြစ်သည်။
သူ့ရဲ့လက်ရှိ ကျင့်ကြံမှုမှာ မူလအားဖြည့်နယ်ပယ် သတ္တမအဆင့် သို့ ရောက်ရှိနေပြီ ဖြစ်၏။ လက်ရှိ ချင်းရှောင်ဂိုဏ်းတွင် ၎င်းမှာ သိပ်မများလှချေ။ နောက်ဆုံးတွင် သူသည် အတွေ့အကြုံရှာဖွေရန် တောင်အောက်သို့ ဆင်းသွားခြင်းဖြင့် နှစ်ပေါင်းများစွာ နောက်ကျကျန်ခဲ့ခြင်း ဖြစ်သည်။
လောကကြီး ပေါင်းစည်းသွား ပြီးကတည်းက သူသည် လက်နက်ချကာ တောင်ပေါ်သို့ ပြန်လာပြီး အေးချမ်းစွာ ကျင့်ကြံနေခဲ့သည်။
ချင်ယဲ့က လီချင်းချိုး၏ အနားသို့ လာကာ ရိုသေစွာ ဦးညွှတ်ပြီး….
"ဆရာ... ကျွန်တော်တို့ရဲ့ ချင်မိသားစု က ပင်လယ်ကိုဖြတ်ပြီး တောင်ဘက်ကို သွားဖို့ စီစဉ်ထားပါတယ်... ဆရာ သဘောတူပါ့မလားလို့ သိချင်လို့ပါ..."
လီချင်းချိုးက သစ်သားဓားကို ချလိုက်ပြီး သူ့ကို လှည့်ကြည့်ကာ မေးလိုက်သည်။
"ဘာလို့ ပင်လယ်ကို သွားချင်တာလဲ..."
"မိသားစုထဲက တချို့က ချင်းရှောင်ဂိုဏ်းအတွက် သမုဒ္ဒရာ မြေပုံတွေကို ရေးဆွဲဖို့ ပင်လယ် ဒေသတွေကို စူးစမ်းချင်ကြတယ်... တစ်ပြိုင်နက်တည်းမှာပဲ ကျင့်ကြံရေး အရင်းအမြစ်တွေကို ပိုပြီး ရှာချင်ကြတယ်..."
သူသည် လင်းရှောင်ခန်းမ၏ ဆွေးနွေးပွဲများတွင် မပါဝင်ခဲ့သော်လည်း ဂိုဏ်းက တပည့်များကို ပင်လယ်ပြင်သို့ ထွက်ခွင့်မပြုကြောင်း အနည်းအကျဉ်း သိထားသဖြင့် သီးသန့် လာရောက် မေးမြန်းခြင်း ဖြစ်သည်။
လီချင်းချိုးက တွေးတောလိုက်ပြီး… .
"သမုဒ္ဒရာက ကျယ်ပြောပြီး ပုန်းကွယ်နေတဲ့ အန္တရာယ်တွေနဲ့ ပြည့်နှက်နေတယ်... မင်းရဲ့ ကျင့်ကြံမှုနဲ့ဆိုရင်တောင် ပင်လယ်အောက်ခြေမှာ မြှုပ်နှံခံရနိုင်တယ်... သေချာ စဉ်းစားပါ... မင်း တကယ် သွားချင်တယ်ဆိုရင်လည်း သွားပါ... ဒါပေမဲ့ ပင်လယ်ပြင်ကို ရောက်သွားရင် ချင်းရှောင်ဂိုဏ်းရဲ့ နာမည်ကို မပြောဖို့ သတိရပါ..."
သူ သဘောတူရသည့် အကြောင်းရင်းမှာ လောကီ မြင့်မြတ်တဲ့ မိသားစုအချို့က သမုဒ္ဒရာကို စတင် စူးစမ်းနေပြီ ဖြစ်ကြောင်း မကြာသေးမီက သူ သတင်းရရှိခဲ့သောကြောင့် ဖြစ်သည်။ ချင်းရှောင်ဂိုဏ်း အနေဖြင့် သူတို့ကို တားဆီးရန် အကြောင်းပြချက် မရှိသလို ဤကဲ့သို့သော ကိစ္စမျိုးကို တားဆီး၍ မရနိုင်ချေ။ ချင်းရှောင်ဂိုဏ်းတွင် တိုက်ကြီး၏ ကမ်းရိုးတန်းကို ပိတ်ဆို့ရန် လူအင်အား အလုံအလောက် မရှိပေ။
ထိုသို့ဖြစ်နေပြီဆိုမှတော့ ချင်းရှောင်ဂိုဏ်းအတွင်းရှိ မြင့်မြတ်တဲ့ မိသားစုများ၏ စူးစမ်းရှာဖွေမှုကို ပံ့ပိုးပေးခြင်းက ပိုကောင်းပေမည်။
ဝေထျန်းရှုံး၏ ပြောစကားအရ ဇီယန်ကျွန်းသည် ချင်းရှောင်ဂိုဏ်းနှင့် အနီးဆုံး ကျင့်ကြံရေး ဂိုဏ်း ဖြစ်သော်လည်း ၎င်းတို့ နှစ်ခုကြား အကွာအဝေးမှာ အလွန် ဝေးကွာလှပြီး ကိုးပြည်ထောင်နယ်မြေကို ဖြတ်သန်းရသည်ထက်ပင် ပိုမို ဝေးကွာကြောင်း သိရသည်။ လောကီလူသားများအတွက် ပင်လယ်ကို ဖြတ်၍ ဇီယန်ကျွန်းကို ရှာဖွေရန်မှာ ကောင်းကင်သို့ တက်ရသည်ထက်ပင် ပို၍ ခက်ခဲလှပေမည်။
ကျယ်ပြောလှသော ပင်လယ် ဒေသများတွင် ရှာဖွေမတွေ့ရှိသေးသော ကျွန်းများ အမြဲ ပုန်းကွယ်နေမည် ဖြစ်သည်။ ၎င်းမှာ ကောင်းချီး တစ်ခုလား၊ ကျိန်စာ တစ်ခုလား ဆိုသည်မှာ လူတစ်ဦး၏ ကိုယ်ပိုင် ကံကြမ္မာ အပေါ်တွင်သာ လုံးဝ မူတည်သည်။
"ဆရာ့ရဲ့ ကောင်းချီးပေးမှုအတွက် ကျေးဇူးတင်ပါတယ်..."
ချင်ယဲ့က ချက်ချင်း ဦးညွှတ်၍ ကျေးဇူးတင်စကား ဆိုလိုက်သည်။
လီချင်းချိုးက လက်ကို ဝှေ့ယမ်းလိုက်ရာ ချင်ယဲ့က ထပ်မံ ဦးညွှတ်ပြီး နှုတ်ဆက် ထွက်ခွာသွားခဲ့သည်။
ဤကိစ္စမှာ လီချင်းချိုးအတွက် အသေးအမွှား အဖြစ်အပျက်လေး တစ်ခုသာ ဖြစ်သော်လည်း လောကကြီး၏ ယေဘုယျ လမ်းကြောင်းကို ကိုယ်စားပြုနေသည်။
ကိုးပြည်ထောင်မှာ ငြိမ်းချမ်းနေပြီး ပြည်သူတွေက ရောင့်ရဲစွာ နေထိုင်ကြကာ စက်မှုလုပ်ငန်း အားလုံး စတင် ထွန်းကားလာခဲ့ပြီ။ တစ်ပြိုင်နက်တည်းမှာပင် မသေမျိုးဖြစ်အောင် ကျင့်ကြံလိုသည့် ရည်မှန်းချက်ရှိသော မြင့်မြတ်တဲ့ မိသားစုများက တာအို အခွင့်အရေးကို ရှာဖွေရန် ကိုးပြည်ထောင်နယ်မြေမှ ထွက်ပြေးလာကြတော့သည်။
ကျင့်ကြံသူများ၏ စွမ်းအားကို မြင်တွေ့ပြီးနောက် လူအများစုမှာ ငြင်းဆန်ရန် ခက်ခဲလာကြပြီး ကျင့်ကြံလိုလာကြသည်။ ဤနောက်ခံ အခြေအနေတွင် စိတ်လှုပ်ရှားဖွယ်ရာ ပုံပြင်များ တစ်ခုပြီး တစ်ခု ပေါ်ထွက်လာနေတော့သည်။
ဆောင်းဦးရာသီ ကုန်ဆုံးပြီး ဆောင်းရာသီ ရောက်ရှိလာသောအခါ ထိုက်ခွန်းတောင်တန်းမှာ နှင်းဖြူများဖြင့် ဖုံးလွှမ်းသွားသည်။
တစ်မနက်တွင် လီချင်းချိုးက မသေမျိုးဂူ အပြင်ဘက်ရှိ ချောက်ကမ်းပါး အစွန်းတွင် ရပ်ကာ ဓားသိုင်း လေ့ကျင့်နေပြီး ရွှေသူငယ်က အနီးအနားတွင် ဓားရေး လေ့ကျင့်နေသည်။ လူနှင့် ဆုတောင်းပိုးကောင်းတို့မှာ အလွန် ဟန်ချက်ညီနေပုံရ၏။ သူတို့၏ လှုပ်ရှားမှုများမှာ မတူညီသော်လည်း လှုပ်ရှားမှု တစ်ခုချင်းစီတိုင်းက စွဲမက်ဖွယ်ရာ ကျက်သရေ တစ်ခုကို ဖော်ပြနေသည်။
ထိုစဉ် ပုံရိပ်တစ်ခုက လင်းရှောင်ခြံဝင်း ကို ဖြတ်သန်းကာ လီချင်းချိုးထံသို့ ရောက်လာသည်။
ထိုသူမှာ အနက်ရောင် ဝတ်စုံ ဝတ်ဆင်ထားပြီး ဝါးခမောက် ဆောင်းထားကာ ခရီးပန်းနေပုံရသည့် ယွင်ချိုင်ပင် ဖြစ်သည်။
သူမက လီချင်းချိုး၏ နောက်သို့ ရောက်လာပြီး နှုတ်ဆက်ရန် လက်ကို မြှောက်ကာ ….
"ဂိုဏ်းချုပ်... တာဝန် ပြီးဆုံးပါပြီ... မြောက်ပိုင်း နန်းတွင်းကို ဖျက်ဆီးနေတဲ့ မိစ္ဆာက ချန်ကျူ့ပါ... သူ့ရဲ့ အလောင်းကို တာဝန်ခန်းမကို ကျွန်မ ပို့ပေးခဲ့ပြီးပြီ... သူ့ရဲ့ ဝိညာဉ်ကိုလည်း ဝိညာဉ်ချည်နှောင်အိတ်ကို အသုံးပြုပြီး ကျွန်မ ပိတ်လှောင်ထားခဲ့ပါတယ်..."
ဝိညာဉ်ချည်နှောင်အိတ်မှာ တစ္ဆေများကို ဖိနှိပ်ရန်အတွက် အထူးတလည် ဝူရှင်းယွဲ့ ဖန်တီးထားသော မှော်ပစ္စည်း တစ်ခု ဖြစ်သည်။ ဤသည်မှာ ချူကျင်းနှင့် ဝူရှင်းယွဲ့တို့ အတူတကွ သုတေသနပြု ဆွေးနွေးခဲ့ကြသည့် အရာတစ်ခု ဖြစ်ပြီး ယခုအခါ ချင်းရှောင်ဂိုဏ်းတွင် အတွေ့ရအများဆုံး တစ္ဆေ လမ်းစဉ် မှော်ပစ္စည်း ဖြစ်လာခဲ့ပြီ ဖြစ်သည်။
'ဓားတစ်လက်နဲ့ အိတ်နှစ်လုံး'မှာ လီချင်းချိုးက မြှင့်တင်ပေးခဲ့သော အစီအစဉ်တစ်ခု ဖြစ်ပြီး အပြင်စည်း တပည့်တိုင်း ဤသို့သော စစ္စည်းများကို ပိုင်ဆိုင်ထားကြောင်း သေချာစေရန် ရည်ရွယ်ထားသည်။
ယနေ့အထိ ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ အပြင်စည်းတပည့်များနှင့် အတွင်းစည်း တပည့် များအတွက် သတ်မှတ်ချက်များမှာလည်း မြင့်တက်လာခဲ့ပြီဖြစ်သည်။ ယခုအခါ မူလချီ အနည်းငယ်ကို ကျင့်ကြံနိုင်မှသာ အပြင်စည်းတပည့် တစ်ဦး ဖြစ်လာနိုင်ပြီး၊ အတွင်းစည်းတပည့် များမှာ မူလအားဖြည့်နယ်ပယ် စတုတ္ထအဆင့်သို့ ရောက်ရှိရန် လိုအပ်သည်။ အတွင်းတပည့် များအတွက် သတ်မှတ်ချက်မှာလည်း မြင့်တက်လာခဲ့ပြီး မူလအားဖြည့်နယ်ပယ်ပဉ္စမအဆင့်သို့ရောက်ရှိရန် လိုအပ်နေပြီ ဖြစ်သည်။
ယွင်ချိုင်ကို ကျောခိုင်းထားသော လီချင်းချိုးက ….
"ဒီမိစ္ဆာရဲ့ ဇာစ်မြစ်က ဘာလဲ..."
သူသည် ဝိညာဉ်ချည်နှောင်ခြင်းမန္တန်ကို ယွင်ချိုင်ထံသို့ လက်ဆင့်ကမ်းပေးခဲ့ပြီး ဖြစ်ကာ သူမအနေနှင့် ချန်ကျူ့၏ ဝိညာဉ် မှတ်ဉာဏ်များကို ရှာဖွေပြီး ဖြစ်မည်ဟု သူ ယုံကြည်သည်။
လီချင်းချိုး၏ တပည့်များကို ကြည့်လိုက်လျှင် မည်သူကမျှ ယွင်ချိုင်လို ဘက်စုံ မပြည့်စုံကြချေ။ သူမသည် လီချင်းချိုး၏ အမွေအနှစ်ကို အမှန်တကယ် လက်ခံရရှိသူ ဖြစ်သည်။ သေချာသည်မှာ လီချင်းချိုးက သူမကို မျက်နှာသာ ပေးခဲ့ခြင်း မဟုတ်ပေ။ သူမကသာ 'အကြိမ်တစ်ထောင် သန့်စင်ခြင်း' ကံကြမ္မာကို ပိုင်ဆိုင်ထားသောကြောင့်သာ ဖြစ်သည်။
တူညီသော မန္တန်ကို အခြား တပည့်များအား သင်ကြားပေးခြင်းက သူတို့၏ ကျင့်ကြံမှုကို နောက်ကျစေနိုင်သော်လည်း၊ သူမကို သင်ကြားပေးလိုက်ပါက သူမသည် ၎င်းဖြင့် တစ်ခုခုကို သေချာပေါက် အောင်မြင်လိမ့်မည် ဖြစ်သည်။
"သူက မြောက်ဘက်ကနေ လာတာပါ... မိစ္ဆာနယ်မြေနဲ့ ဘာမှ မသက်ဆိုင်ပါဘူး... ဒါပေမဲ့ မိစ္ဆာနယ်မြေ အကြောင်းကို သူ သိတယ်... သူ့ရဲ့ မှတ်ဉာဏ်တွေထဲမှာ ကမ္ဘာကြီးရဲ့ အဆုံးစွန်မှာရှိတဲ့ သဘာဝ ချောက်ကမ်းပါးလောက် မြင့်မားတဲ့ တောင်ကြီး တစ်တောင်ကို ကျွန်မ မြင်ခဲ့ရတယ်... အဲဒီ တောင်ကြီးရဲ့ နောက်ကွယ်မှာ မိစ္ဆာနယ်မြေ ရှိတယ်လို့ ဆိုကြတယ်... ချန်ကျူ့လို မိစ္ဆာတွေတောင် အဲဒီတောင်ကို မတက်ရဲကြဘူး... သူ တောင်ဘက်ကို လာရတဲ့ အကြောင်းရင်းက သူ့ရဲ့ ကျင့်ကြံမှုက အတားအဆီး တစ်ခုကို ရောက်နေလို့ သူ့ရဲ့ နယ်ပယ်ကို ချိုးဖျက်ဖို့ သွေးနဲ့ချီ အမြောက်အမြား လိုအပ်လို့ပါ..."
သူမ မြင်တွေ့ခဲ့ရသော ထိုမြင့်မားသည့် တောင်ကြီးကို ပြန်တွေးမိသောအခါ သူမ၏ မျက်လုံးများတွင် သတိထားမှု အရိပ်အယောင်တစ်ခု မပေါ်လာဘဲ မနေနိုင်ခဲ့ချေ။
ထိုတောင်ကြီးမှာ အမှန်တကယ်ပင် မြင့်မားလွန်းလှ၏။ ဤမျှ မြင့်မားသော တောင်ကြီးကို သူမ တစ်ခါမှ မမြင်ဖူးခဲ့ချေ။ ၎င်းက ကြောက်ရွံ့ရိုသေမှုကို ဖြစ်ပေါ်စေသည်။ မိစ္ဆာနယ်မြေကို ဖယ်ထုတ်ထားရန် ဤမျှ မြင့်မားသော တောင်ကြီး လိုအပ်သည်ဆိုလျှင် ၎င်းမှာ မည်မျှ ကြောက်မက်ဖွယ် ကောင်းလိမ့်မည်နည်း။
လီချင်းချိုးက ချန်ကျူ့ အကြောင်းကို သိပ်ဂရုမစိုက်ဘဲ မိစ္ဆာနယ်မြေ အကြောင်းကိုသာ ပိုမို စိတ်ဝင်စားနေသည်။
ထို့ကြောင့် သူမ မြင်တွေ့ခဲ့ရသော မှတ်ဉာဏ်များအကြောင်းကို စတင် မေးမြန်းတော့သည်။
ဘေးဘက်တွင် ရွှေသူငယ်က အာရုံလွင့်ခြင်း မရှိဘဲ ဓားရေး လေ့ကျင့်ရန် အာရုံစိုက်နေကာ လှုပ်ရှားမှုများမှာ အနည်းငယ်မျှ နှေးကွေးသွားခြင်း မရှိချေ။
ချန်ကျူ့၏ မှတ်ဉာဏ်များမှတစ်ဆင့် မြောက်ဘက်ရှိ မိစ္ဆာ အများအပြားက မိစ္ဆာနယ်မြေ နှင့် ဝေးရာသို့ သွားရန် တောင်ဘက် သို့မဟုတ် အနောက်ဘက်သို့ ဦးတည်နေကြကြောင်း ယွင်ချိုင် သိရှိခဲ့ရသည်။ ရှေးဟောင်း ဒဏ္ဍာရီများတွင်ဖော်ပြထားသလို မိစ္ဆာနယ်မြေက လောကီကမ္ဘာကို ဘေးဒုက္ခများ ယူဆောင်လာပေးမည် ဖြစ်ကြောင်း လက္ခဏာ အမျိုးမျိုးက ပြသနေသည်။
ဒဏ္ဍာရီများအရ အနှစ်တစ်ထောင်တိုင်းတွင် မိစ္ဆာနယ်မြေ ၏ အတားအဆီး ပွင့်သွားပြီး မရေမတွက်နိုင်သော မိစ္ဆာများက လောကီကမ္ဘာကို သွေးချောင်းစီးစေရန် အလုအယက် ထွက်လာကြမည်ဟု ဆိုကြသည်။
ဤကဲ့သို့သော ဒဏ္ဍာရီများ ပျံ့နှံ့နေကြခြင်းက မိစ္ဆာနယ်မြေသည် အချိန်ကာလ တစ်ခုအရ အမှန်တကယ်ပင် သောင်းကျန်းလေ့ရှိကြောင်း သက်သေပြနေသည်။
ယွင်ချိုင်၏ ဖော်ပြချက်အရ မိစ္ဆာနယ်မြေကို ပိုင်းခြားထားသော တောင်ကြီးမှာ အလွန် မြင့်မားသဖြင့် ၎င်း၏ ထိပ်ကို မမြင်နိုင်ဘဲ ကမ္ဘာကြီး၏ အဆုံးစွန်ကဲ့သို့ နှစ်ဖက်စလုံးတွင် မိုင်ရာနှင့်ချီ၍ ရှည်လျားနေကြောင်း သိရသည်။ ထိုနေရာမှာ မြောက်ဘက်၏ အဆုံးစွန်ပင် ဖြစ်သည်။
အခြေအနေကို အကြမ်းဖျင်း နားလည်ပြီးနောက် လီချင်းချိုး စိတ်သက်သာရာ ရသွားခဲ့သည်။ချင်းရှောင်ဂိုဏ်းသည် မြောက်ပိုင်း နန်းတွင်း၏ ယုံကြည်မှုနှင့် ပူဇော်သက္ကာများကို ပျက်ကွက်ခဲ့ခြင်း မရှိကြောင်း သက်သေပြရန် မြောက်ပိုင်း နန်းတွင်းထံသို့ လူတစ်ဦးကို စေလွှတ်၍ အကြောင်းပြန်စေနိုင်သည်။
"ဒါနဲ့... ချန်ကျူ့ ရဲ့ စွမ်းအားက ဘယ်လောက်လဲ..." ဟု လီချင်းချိုးက စိုးရိမ်တကြီးဖြင့် မေးလိုက်သည်။
ယွင်ချိုင် ဒဏ်ရာမရထားသည်ကို သူ မြင်တွေ့ရသဖြင့် ဤမေးခွန်းကို ချက်ချင်း မမေးခဲ့ခြင်း ဖြစ်သည်။
ယွင်ချိုင်က တစ်ခဏမျှ တွေးတောပြီး….
"မိစ္ဆာကြီးလော့ နဲ့ ယှဉ်ရင်တော့ သူက နည်းနည်း အားနည်းတယ်... ဒါပေမဲ့ အရင်က ကြုံတွေ့ခဲ့ရတဲ့ မကောင်းဆိုးဝါး တစ္ဆေတွေထက်တော့ ပိုအစွမ်းထက်တယ်..."
ထိုစကားကို ကြားသောအခါ လီချင်းချိုး၏ အမူအရာ ထူးဆန်းသွားတော့သည်။
ဝိညာဉ်အသိအာရုံအဆင့်သို့ ချိုးဖျက်ပြီးကတည်းက ယွင်ချိုင်သည် အခြားသူများနှင့် ဓမ္မညီလာခံပြိုင်ပွဲတွင် မပါဝင်တော့ပေ။ လီချင်းချိုး အပါအဝင် သူမ၏ အစစ်အမှန် စွမ်းအားကို မည်သူမျှ မသိကြချေ။
ဒီကောင်မလေးက မိစ္ဆာကြီးလော့ရဲ့ စွမ်းအားနဲ့ နီးကပ်နေပြီလား။
လီချင်းချိုးလည်း နောက်တကြိမ် သူမ၏ 'ဥပဒေသတစ်သောင်း ဝိညာဉ်မျက်လုံး' ကံကြမ္မာကြောင့် မြှူဆွယ်ခံလိုက်ရပြန်သည်။
"ဒီတစ်ခါတော့ မင်း စွမ်းဆောင်ရည် ကောင်းတယ်... ရွှယ်ကျင်းနဲ့ ငါ စကားပြောပြီး ဒီတာဝန်အတွက် ဆုကို နှစ်ဆ တိုးပေးလိုက်မယ်..."
"ကျေးဇူးတင်ပါတယ် ဂိုဏ်းချုပ်!"
ယွင်ချိုင်၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာကာ လီချင်းချိုးကို လက်ပြနှုတ်ဆက်ရန် လက်ကို မြှောက်လိုက်ပြီးနောက် လှည့်ထွက်သွားခဲ့သည်။
သူမ ဒီလို ထွက်သွားခြင်းက လီချင်းချိုးကို အနည်းငယ် မရင်းနှီးသလို ခံစားရစေသည်။
အရင်ကဆိုရင် အခွင့်အရေး ရသရွေ့ သ သူ့အနားကနေ လွယ်လွယ်နဲ့ ထွက်သွားမှာ မဟုတ်ပေဖယ
"သူ တကယ်ပဲ ကြီးပြင်းလာပြီပဲ..."
လီချင်းချိုး စိတ်လိုလက်ရ ညည်းတွားလိုက်မိသော်လည်း စိတ်ခံစားချက် အလွန် ကောင်းမွန်နေသည်။ ဤတာဝန်က ယွင်ချိုင်သည် တစ်ကိုယ်တော် ရပ်တည်နိုင်စွမ်း ရှိနေပြီဖြစ်ကြောင်း သက်သေပြနေပြီး၊ သူမသည် ရွှီနင်း၊ ကျန်းကျောက်ရှား၊ ရှန်ယွဲ့နှင့် ကျောက်ကျိန်းတို့နှင့် ယှဉ်နိုင်သော တိုက်ခိုက်ရေး စွမ်းအား တစ်ခု ဖြစ်လာခဲ့ပြီ ဖြစ်သည်။
အကယ်၍ အနာဂတ်တွင် ကြီးမားသော ပြဿနာတစ်ခုနှင့် ကြုံတွေ့ရပါက သူ ကစားနိုင်မည့် ဝှက်ဖဲများ ပိုမို ရှိလာမည် ဖြစ်သည်။
ဂိုဏ်းက သူ့တစ်ယောက်တည်းကိုသာ အမြဲတမ်း အားကိုးနေရမည်ကို လီချင်းချိုး မလိုလားချေ။
သူက ရွှေသူငယ် ကို လှည့်ကြည့်ကာ….
"မင်းလည်း ပိုပြီး ကြိုးစားရမယ်... ပြီးတော့ ချင်းရှောင်ဂိုဏ်းမှာ နံပါတ်တစ် မိစ္ဆာ ဖြစ်လာအောင် လုပ်ရမယ်..."
ရွှေသူငယ်သည် ယခင်က တရုတ်နံနံ၏ လက်အောက်တွင် အစေခံခဲ့ဖူးသော်လည်း လီချင်းချိုးက သင်ကြားပေးခဲ့သဖြင့် မွေးရာပါ ပါရမီများ အပြည့်အဝ ထွက်ပေါ်လာခဲ့ပြီဖြစ်သည်။
ယခုအခါ ၎င်းသည် မူလအားဖြည့်နယ်ပယ် အဋ္ဌမအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ ၎င်း၏ 'မွေးရာပါ ဓားကျင့်ကြံသူ' ကံကြမ္မာကို အားကိုးခြင်းဖြင့်စွမ်းအားများမှာ မူလအားဖြည့်နယ်ပယ် နဝမအဆင့် နှင့် ယှဉ်ပြိုင်နိုင်စွမ်း ရှိနေပြီ ဖြစ်သည်။
ထို့ကြောင့် လီချင်းချိုးကလည်း ၎င်းအပေါ်တွင် မျှော်လင့်ချက်များ ထားရှိခဲ့သည်။
ရွှေသူငယ်ကို လုပ်ကြံသတ်ဖြတ်သူ အဖြစ် အသုံးပြုခြင်းက သေချာပေါက် ထိရောက်လိမ့်မည်။
"ကျွန်တော် ကြိုးစားပါ့မယ်..."
ရွှေသူငယ်က ပြန်ဖြေလိုက်သော်လည်း ဓားရေး လေ့ကျင့်ရာတွင်သာ အာရုံစိုက်နေသဖြင့် အသံမှာ အနည်းငယ် တုံးအအ ဖြစ်နေသည်။
နောက်တလတွင် တာဝန်ခန်းမက တာအို အခွင့်အရေး လစဉ် အဆင့်သတ်မှတ်ချက်များကို ထုတ်ပြန်ခဲ့သည်။ ယွင်ချိုင်က ထိပ်ဆုံး နေရာကို အခိုင်အမာ ရယူသွားသဖြင့် ရုတ်ရုတ်သဲသဲ ဖြစ်သွားစေခဲ့သည်။
ဓမ္မညီလာခံပြိုင်ပွဲ ပြီးဆုံးကတည်းက ယွင်ချိုင်မှာ နှိမ့်ချစွာ နေထိုင်ခဲ့သဖြင့် တပည့်များက သူမအကြောင်း သိပ်မပြောဖြစ်ကြချေ။ သူမသည် တိတ်ဆိတ်နေမည် သို့မဟုတ် တစ်ကြိမ်တည်းဖြင့် လူတိုင်းကို အံ့အားသင့်သွားစေမည်ဟု မည်သူမျှ မမျှော်လင့်ထားခဲ့ပေ။
ဤမျှများပြားသော တာအို အခွင့်အရေး များကို ရရှိရန် သူမ မည်သည့် တာဝန်ကို ထမ်းဆောင်ခဲ့သနည်းဆိုသည်ကို တပည့်များစွာက စပ်စုချင်နေကြသည်။
နောက်ပိုင်းတွင် ယွင်ချိုင်က ဒဏ္ဍာရီလာ မိစ္ဆာ ချန်ကျူ့ကို သတ်ဖြတ်ပြီး ကိုးပြည်ထောင်နယ်မြေအတွက် ဘေးဒုက္ခတစ်ခုကို ဖြေရှင်းပေးခဲ့ကြောင်း သတင်းများ ပျံ့နှံ့သွားခဲ့သည်။ ချန်ကျူ့၏ စွမ်းအားမှာ အလွန် ကြောက်မက်ဖွယ်ကောင်းပြီး သာမန် ဝိညာဉ်အသိအာရုံအဆင့် ထက်ပင် သာလွန်နေပြီ ဖြစ်သည်။
ဤသတင်း ပျံ့နှံ့သွားသည်နှင့် တစ်ပြိုင်နက် ယွင်ချိုင်၏ ဩဇာတိက္ကမ တဟုန်ထိုး မြင့်တက်သွားတော့သည်။
ရှောင်ဝူချင်းက ဤကိစ္စကို လီချင်းချိုးထံ တင်ပြသောအခါ သူက ပြုံးရုံသာ ပြုံးပြီး စွမ်းဆောင်ချက်နှင့် နာမည်ကျော်ကြားမှုကို ဖုံးကွယ်ထားလိုက်သည်။