ချင်းရှောင်ဂိုဏ်း၏ စွမ်းအား
Vol. 29 Ch. 289
နှစ်သစ်ကူး ပွဲတော် ကာလအတွင်း ထိုက်ခွန်းတောင်တန်းမှာ ထူးထူးခြားခြား စည်ကားနေခဲ့သည်။
လီချင်းချိုးက ချောက်ကမ်းပါး တစ်ခုပေါ်တွင် ရပ်ကာ လှပသော တောင်တန်း ရှုခင်းများကို ကြည့်ရင်း ဝိုင်သောက်နေ၏။ သည်းထန်စွာ ကျဆင်းနေသော နှင်းများကပင် တပည့်များ၊ ဝိညာဉ်လှေများနှင့် သွားလာနေသော ငှက်များ၏ ပုံရိပ်များကို မဖုံးကွယ်နိုင်ချေ။
လီတုန်းယွဲ့က သူ့အနောက်မှ ရောက်လာပြီး သူနှင့် ယှဉ်လျက် ရပ်လိုက်သည်။
"ဒီတလော အစ်ကိုတစ်ယောက်တည်း ရှုခင်းတွေ ကြည့်ဖို့ ဒီမှာ မကြာခဏ ရပ်နေတာကို သတိထားမိတယ်... ဘာလဲ... 'ထိပ်ဆုံးမှာ အထီးကျန်တယ်' ဆိုတဲ့ ခံစားချက်ကို သဘောကျနေတာလား..."
လီတုန်းယွဲ့က တောင်အောက်ရှိ ရှုခင်းများကို ကြည့်ကာ တိုးတိုးလေး ရယ်မောရင်း မေးလိုက်သည်။
"ဘယ်ဟုတ်ပါ့မလဲ... ဒီကနေကြည့်ရင် ဂိုဏ်းရဲ့ ဆင့်ကဲပြောင်းလဲမှုတွေကို ငါ ရှင်းရှင်းလင်းလင်း မြင်နိုင်လို့ပါ... ငါ တက်လာတိုင်း အပြောင်းအလဲတွေကို မြင်ရတယ်... မြင်သာထင်ရှားတဲ့ အပြောင်းအလဲတွေကပဲ ဂိုဏ်းက ရှေ့ကို ချီတက်နေတယ်လို့ ငါ့ကို ခံစားရစေတာလေ..."
သူ့တွင် တာအိုမျိုးဆက်စနစ် ရှိသော်လည်း ကိုယ်ပိုင် မျက်လုံးများဖြင့် စောင့်ကြည့်ရသည်ကို ပို၍ နှစ်သက်ဆဲပင်။ ဤအရာများ အားလုံးမှာ အစစ်အမှန် ဖြစ်ကြောင်း၊ သူသည် စီမံခန့်ခွဲမှု ဂိမ်းတစ်ခုကို ကစားနေခြင်း မဟုတ်ဘဲ အမှန်တကယ် အသက်ရှင်နေကြောင်း ကိုယ်ပိုင် အာရုံခံစားမှုများက သူ့ကို သိရှိစေသည်။
"ဂိုဏ်းရဲ့ ဖွံ့ဖြိုးတိုးတက်မှုက လုံလောက်အောင် မြန်နေပါပြီ... နည်းနည်းတောင် မြန်လွန်းနေသလို ခံစားရတယ်..." လီတုန်းယွဲ့က ခံစားချက်ပါပါဖြင့် မှတ်ချက်ချလိုက်သည်။
ယခုအခါ သူမသည် မူလအားဖြည့်နယ်ပယ် အဋ္ဌမအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ သူမသည် ဝိညာဉ်ဘဏ္ဍာခန်းမ၏ ကိစ္စရပ်များမှလွဲ၍ ကျန်ရှိသော အချိန်အားလုံးကို ကျင့်ကြံရာတွင် မြှုပ်နှံထားပြီး ပုံမှန်အားဖြင့် အတော်လေး လုံ့လဝီရိယ ရှိသော်လည်း၊ ဂိုဏ်း၏ ပထမအဆင့် အုပ်စုကိုမူ မမီနိုင်သေးချေ။
ဝိညာဉ်ဘဏ္ဍာခန်းမတွင်ပင် သူမ၏ ကျင့်ကြံမှုမှာ ထိပ်ဆုံး သုံးယောက်စာရင်းသို့ မဝင်နိုင်ပေ။
စီနီယာအစ်ကိုသာ မရှိခဲ့ပါက သူတို့လိုလူများအနေဖြင့် ချင်းရှောင်ဂိုဏ်းကို ကောင်းစွာ စီမံခန့်ခွဲရန် ခက်ခဲလိမ့်မည်ဟု သူမ အခါအားလျော်စွာ တွေးတောမိလေ့ ရှိသည်။
"တကယ်တော့ အဲဒီလောက် မမြန်ပါဘူး... မင်း အရမ်း စိုးရိမ်နေစရာ မလိုပါဘူး... ငါ ရှိနေသရွေ့ မင်းရဲ့ နေရာကို ဘယ်သူကမှ ခြိမ်းခြောက်လို့ မရပါဘူး..."
ဂိုဏ်း ကြီးမားလာလေ လီတုန်းယွဲ့ ရင်ဆိုင်ရသော ဖိအား ကြီးမားလာလေ ဖြစ်၏။
ပါရမီရှင် တပည့်များမှာ မောက်မာကြပြီး မြင့်မြတ်တဲ့ မိသားစု များမှာ ကြီးမားသော အာဏာကို ကိုင်စွဲထားကြသည်။ အသံအမျိုးမျိုးက သူမ၏ နားထဲသို့ အမြဲ ရောက်ရှိလာမည် ဖြစ်ရာ၊ ဆုံးဖြတ်ချက် တစ်ခုချတိုင်း မတရားသလို ဖြစ်သွားမည်ကို သို့မဟုတ် တစ်စုံတစ်ယောက်ကို စိတ်အနှောင့်အယှက် ဖြစ်စေမည်ကို စိုးရိမ်သဖြင့် သူမကို တွန့်ဆုတ်သွားစေသည်။
လီတုန်းယွဲ့ တစ်ယောက်တည်း မဟုတ်ပေ။ အခြား ခန်းမသခင်များလည်း ထိုနည်းတူပင် ခံစားနေရသည်။
လီချင်းချိုး၏ အမြင်တွင် သူတို့ ဖိအားများ ခံစားရသည့် အကြောင်းရင်းမှာ လောဘမကြီးလွန်းဘဲ စိတ်ပျော့လွန်းသောကြောင့် ဖြစ်သည်။ သေချာသည်မှာ ၎င်းမှာလည်း ကောင်းသောအရာ တစ်ခု ဖြစ်သည်။ အနည်းဆုံးတော့ ဂိုဏ်း၏ ဖွံ့ဖြိုးတိုးတက်မှုအတွက် ဖြစ်သည်။
လီတုန်းယွဲ့က …..
"လူအများကြီးက ပိုမြင့်တဲ့နေရာကို တက်ချင်ကြတယ်... ဒါပေမဲ့ ခန်းမသခင် နေရာတွေက ဒီလောက်ပဲ ရှိတာလေ... အဲဒါကို အစ်ကိုစဉ်းစားကြည့်ဖူးလား..."
လီချင်းချိုးက အဝေးသို့ လှမ်းကြည့်ရင်း….
"အဲဒါကြောင့်ပဲ ချင်းရှောင်ဂိုဏ်းက ပိုမြန်မြန် ဖွံ့ဖြိုးတိုးတက်ဖို့ လိုတာပေါ့... အခု ဒုခန်းမသခင် တစ်ယောက်ရဲ့ အာဏာက လွန်ခဲ့တဲ့ ဆယ်နှစ်က ခန်းမသခင်တစ်ယောက်ရဲ့ အာဏာထက်တောင် ပိုကြီးနေပြီ မဟုတ်ဘူးလား..."
လီတုန်းယွဲ့သည် ၎င်းမှာ အဓိပ္ပာယ်ရှိသည်ဟု ခံစားရပြီး ခေါင်းမညိတ်ဘဲ မနေနိုင်ခဲ့ချေ။
"မင်းရဲ့ ကိုယ်ပိုင် ကိစ္စတွေကိုပဲ မင်း စိုးရိမ်ဖို့ လိုတယ်... အများကြီး တွေးနေတာက မင်းအတွက် ဘာအကျိုးမှ မရှိသလို ဘယ်လိုပဲဖြစ်ဖြစ် အဲဒီလောက် အများကြီးကို မင်း မထိန်းချုပ်နိုင်ပါဘူး... ဘာလဲ... မင်းက ဂိုဏ်းချုပ် နေရာကို လုချင်လို့လား..."
လီချင်းချိုးက နောက်ပြောင်လိုက်တော့ လီတုန်းယွဲ့မှာ ရယ်ချင်သွားပြီး …..
"ပြောရမယ်ဆိုရင်... အစ်ကို့ရဲ့ တပည့်တွေထဲက ဘယ်သူက အစ်ကို့ကို ဆက်ခံပြီး ဂိုဏ်းချုပ် ဖြစ်လာမလဲ ဆိုတာကို မြင့်မြတ်တဲ့ မိသားစုတချို့က လောင်းကြေးထပ်ဖို့တောင် စနေကြပြီ..."
လီချင်းချိုး၏ တပည့်များမှာ လက်ရှိတွင် လကို ဝန်းရံထားသော ကြယ်များကဲ့သို့ ဆက်ဆံခံနေရသည်။ အငယ်ဆုံး ဖြစ်သော ဟူယန်ပင်လျှင် အစွမ်းထက်သော မှူးမတ်များစွာ၏ လိုက်လံ ပိုးပန်းခြင်းကို ခံနေရသဖြင့် အလွန် ကြောက်လန့်ကာ လူအများရှေ့တွင် မျက်နှာ မပြရဲတော့ချေ။
"ငါတို့က မသေမျိုး ကျင့်ကြံရေး ဂိုဏ်းတစ်ခုလေ... ငါတို့ရဲ့ အသက်တွေက အတော်လေး ရှည်လိမ့်မယ်... အနှစ်ရာနဲ့ချီတဲ့ ကာလအတွင်းမှာ ဂိုဏ်းချုပ်နေရာ ပြောင်းလဲမှာ မဟုတ်ဘူး … ငါ သေသွားရင်တော့ တစ်မျိုးပေါ့..."
သူ မည်မျှပင် အစွမ်းထက်စေကာမူ ရည်မှန်းချက်များ ကြီးထွားလာခြင်းကို မတားဆီးနိုင်ချေ။
"အမှန်ပဲ... ဒါဆို နောက်ကွယ်က ရည်ရွယ်ချက် ရှိတဲ့သူတွေ သတိလက်လွတ် မလုပ်ရဲအောင် အဲဒီစကားတွေကို ဖြန့်ပေးရမယ်..." ဟုဆိုကာ လီတုန်းယွဲ့က ခေါင်းညိတ်လိုက်သည်။
လီချင်းချိုးက သူမကို မတားခဲ့ပေ။ သူသည် ထိုက်ခွန်းတောင်တန်းကို ကြည့်လိုက်ရာ သူ့မျက်လုံးများတွင် အနာဂတ်အတွက် စိတ်ကူးယဉ် အိပ်မက်များ ထင်ဟပ်နေသည်။
လက်ရှိ ချင်းရှောင်ဂိုဏ်းမှာ ကြီးပွားတိုးတက်နေပြီ ဖြစ်သော်လည်း လုံလောက်မှု မရှိသေးချေ။နှစ်သစ် ရောက်လာသည်နှင့်အမျှ လီချင်းချိုးက လင်းရှောင်ခန်းမတွင် အစည်းအဝေး တစ်ခု ခေါ်ယူခဲ့ပြီး၊ အကြီးအကဲ အဆင့်နှင့်အထက် ရှိသူများ စုစုပေါင်း လူတစ်ရာကျော်ကို စုဝေးစေခဲ့သည်။
လာမည့်နှစ်အတွက် အစီအစဉ်များကို သူတို့ အတူတကွ ဆွေးနွေးခဲ့ကြသည်။ ချင်းရှောင်ဂိုဏ်း၏ ခေါင်းဆောင်များက လီချင်းချိုး ချမှတ်ခဲ့သော ရည်မှန်းချက်များနှင့် ပတ်သက်၍ ဖိအားများနှင့် စိတ်လှုပ်ရှားမှုများကို ခံစားခဲ့ကြရသည်။
အစည်းအဝေး ပြီးဆုံးပြီးနောက် အတွေ့အကြုံရှာဖွေရေးခန်းမက တောင်ထွတ်တိုင်းနှင့် ပင်မ ခြံဝင်းတိုင်းတွင် ကြေညာချက်များ ကပ်ခဲ့ပြီး၊ ချင်းရှောင်ဂိုဏ်းရှိ အဆင့်တစ်ခုစီရှိ လက်ရှိ တပည့်အရေအတွက်ကို ဖော်ပြခဲ့သည်။
စာရင်းသွင်းထားသော တပည့်အရေအတွက်မှာ လေးသောင်းကျော်သည်။ မူလအားဖြည့်နယ်ပယ် ပထမအဆင့်သို့ ရောက်ရှိပြီးသော အပြင်စည်းတပည့် နှစ်သောင်းကျော် ရှိပြီး၊ မူလအားဖြည့်နယ်ပယ် ပဉ္စမအဆင့်သို့ ရောက်ရှိပြီးသော အတွင်းစည်းတပည့် တစ်ထောင်ကျော် ရှိသည်။
ဤကိန်းဂဏန်းများက ဂိုဏ်းတစ်ခုလုံးကို အသက်ဝင်လာစေပြီး သတင်းများမှာ ကိုးပြည်ထောင်ကမ္ဘာ ဆီသို့ ပျံ့နှံ့သွားခဲ့သည်။
ယခုအချိန်တွင် သိုင်းလောကသည် ချင်းရှောင်ဂိုဏ်းမှ တပည့်များ၏ စွမ်းအားကို အတိုင်းအတာ တစ်ခုအထိ နားလည်နေပြီ ဖြစ်သည်။ မူလအားဖြည့်နယ်ပယ် ပဉ္စမအဆင့် သည် ကမ္ဘာ့ သိုင်းလောကကို သေချာပေါက် ရှင်းလင်းပစ်နိုင်ပြီး တပ်ဖွဲ့ဝင် ထောင်ပေါင်းများစွာကိုပင် တစ်ယောက်တည်း ဟန့်တားထားနိုင်စွမ်းရှိသည်။ ထို့အပြင် ချင်းရှောင်ဂိုဏ်းတွင် ဤကဲ့သို့သော လူ တစ်ထောင်ကျော် ရှိသည်။ ဤသို့သော စွမ်းအားမျိုးက သိုင်းလောက ဂိုဏ်းများကိုသာမက တာ့ယန်မင်းဆက်၏ မင်းသားများနှင့် စစ်သူကြီးများကိုပါ ထိတ်လန့်သွားစေရန် လုံလောက်ပေသည်။
ကိုးပြည်ထောင်ကမ္ဘာကို ဟန့်တားရန်အတွက် လီချင်းချိုးက အတွင်းစည်းတပည့်များအထိသာ ဂိုဏ်း၏ စွမ်းအားကို ထုတ်ဖော်ပြသခဲ့ပြီး၊ ကိုးပြည်ထောင် ပြင်ပမှ ရန်သူများကို ကာကွယ်ရန်အတွက် ပိုမို မြင့်မားသော နယ်ပယ် များရှိသူ အရေအတွက်ကိုမူ လျှို့ဝှက်ထားခဲ့သည်။
ယခုအချိန်တွင် သူ အတန်ဖိုးထားဆုံးမှာ ဝိညာဉ်အသိအာရုံအဆင့် တိုက်ခိုက်ရေး စွမ်းအား ဖြစ်သည်။
ဤရည်ရွယ်ချက်အတွက် အတွင်းစည်းတပည့် အသိုင်းအဝိုင်းအတွင်း ကြီးမားသော ဆုလာဘ်များကို ကြေညာခဲ့သည်။ဝိညာဉ်အသိအာရုံအဆင့်သို့ ရောက်ရှိသည့် ပထမဆုံး တပည့် တစ်ရာသည် ကြီးမားသော ကျင့်ကြံရေး အရင်းအမြစ်များကို ရရှိမည်ဖြစ်ပြီး အဆင့်အတန်းလည်း တိုးလာမည် ဖြစ်သည်။
ထိုအခါ အတွင်းစည်းတပည့် များ၏ တိုက်ခိုက်လိုစိတ်များ တောက်လောင်လာခဲ့သည်။ ချင်းရှောင်ဂိုဏ်းတွင် ကျင့်ကြံမှု မြန်ဆန်လေ အခြားသူများနှင့် ကွာဟချက် ၊ အရင်းအမြစ်များနှင့် ခံစားခွင့် ကွာဟချက် ပိုမို ကျယ်ပြန့်လာလေ ဖြစ်ကြောင်း သူတို့ သဘောပေါက်လာကြသည်။
ဖေဖော်ဝါရီလတွင် ချင်းရှောင်ဂိုဏ်းက ယွင်ချိုင်ကို နတ်ဘုရားစွမ်းရည်တပည့် အဖြစ် ရာထူးတိုးမြှင့်လိုက်ကြောင်း ကြေညာခဲ့သည်။ သူမသည် ကျောက်ကျိန်း ပြီးနောက် နတ်ဘုရားစွမ်းရည်တစ်ခုကို ကျွမ်းကျင်သည့် ဒုတိယမြောက် တပည့် ဖြစ်လေသည်.
နွေဦးရာသီ ကာလအတွင်း ကောင်းကင်နှင့် မြေကြီးမှာ တက်ကြွမှုများဖြင့် ပြည့်နှက်နေသည်။
မွန်းလွဲပိုင်းတွင်…
လီချင်းချိုးက ကောင်းကင်လက်မှုပညာခန်းမသို့ သွားကာ ကျူးယန်၏ ကုလားထိုင်တွင် ထိုင်နေပြီး၊ ကျူးယန်နှင့် ဝေထျန်းရှုံးတို့က စားပွဲရှေ့တွင် ရပ်ကာ ကောင်းကင်ဘုံပြုပြင်ခြင်း မဟာအစီအရင်ကို အတူတကွ လေ့လာနေကြသည်။
ကောင်းကင်ဘုံပြုပြင်ခြင်း မဟာအစီအရင်မှာ လွန်ခဲ့သော အနှစ်တစ်ရာကျော်က ချူကျင်း ရရှိခဲ့သော လျှို့ဝှက်ကျမ်းစာ တစ်ခု ဖြစ်သည်။ထိုစဉ်က ချူကျင်းသည် မြို့တော်အတွင်းရှိ ဝိညာဉ်ချီ များကို တိုးမြှင့်ရန်နှင့် သိုင်းပညာကို ပိုမို မြင့်မားသော အဆင့်သို့ တွန်းပို့ရန် ဧကရာဇ်မြို့တော်ကို အစီအရင်အတွင်း ပိတ်လှောင်ထားလိုခဲ့သည်။
အမှန်တကယ်တော့ ကောင်းကင်ဘုံပြုပြင်ခြင်း မဟာအစီအရင်မှာ အလွန် ရှုပ်ထွေးနက်နဲသော မသေမျိုး ကျင့်ကြံရေး အစီအရင်တစ်ခု ဖြစ်သည်။ လီချင်းချိုးက ၎င်းကိုနားမလည်နိူင်ဘဲ နှစ်ပေါင်းများစွာ ပိုင်ဆိုင်ထားခဲ့ရသည်။ ကံကောင်းထောက်မစွာ ဝေထျန်းရှုံး ရောက်ရှိလာခြင်းက သူ့ကို မျှော်လင့်ချက်များ ပေးခဲ့သည်။
ဝေထျန်းရှုံးက မျက်မှောင်ကြုတ်ရင်း…
"ဒီ အစီအရင်ကို အချိန်အတော်ကြာအောင် ငါ လေ့လာခဲ့ပြီး နောက်ဆုံးတော့ နားလည်သွားပြီ... နောက်ဆုံးတော့ ကောင်းကင်ဘုံပြုပြင်ခြင်း မဟာအစီအရင်က အဆင့်မြင့် ဝိညာဉ်စုဆောင်းခြင်း အစီအရင် တစ်ခုပဲ... အဲဒါကို ထိုက်ကျွယ်ဂိုဏ်းက ချန်ထားခဲ့တာ ဖြစ်နိုင်တယ်... ထိုက်ခွန်းတောင်တန်းတစ်ခုလုံးကို လွှမ်းခြုံဖို့ မြေဆွဲအား ဝိညာဉ်ကျောက်တုံးလို့ ခေါ်တဲ့ အထူး ဝိညာဉ်ကျောက်တုံး တစ်မျိုး လိုအပ်တယ်... လောလောဆယ် ဂိုဏ်းမှာ အဲဒီလို ကျောက်တုံးမျိုး မရှိသေးဘူး..."
ထိုစကားကို ကြားသောအခါ လီချင်းချိုးက …. "မြေဆွဲအား ဝိညာဉ်ကျောက်တုံးရဲ့ပုံကို ဆွဲပြီး သူ့ရဲ့ လက္ခဏာတွေကို မှတ်သားပေးလို့ ရမလား... အဲဒါကို ရှာဖို့ ဂိုဏ်းရဲ့ အင်အားကို ငါ အသုံးပြုမယ်... ကိုးပြည်ထောင်နယ်မြေက အရမ်း ကြီးတာပဲ... ငါတို့ နည်းနည်းပါးပါး ရှာတွေ့နိုင်ကောင်း ရှာတွေ့နိုင်မှာပါ..."
ဝေထျန်းရှုံးက ခေါင်းညိတ်လိုက်သည်။ သူ့အမြင်တွင် မြေဆွဲအား ဝိညာဉ်ကျောက်တုံးမှာ အဆင့်မြင့် ရှားပါး ပစ္စည်းတစ်ခု မဟုတ်ပေ။ ကိုးပြည်ထောင်နယ်မြေတွင် အချို့တလေ ရှိနေနိုင်သည်မှာ အမှန်တကယ်ပင် ဖြစ်နိုင်ခြေ ရှိသည်။
ကိုးပြည်ထောင်နယ်မြေကို ကောင်းကင်ငရဲပင်လယ်၊ မိုးပြာနဂါးနယ်မြေတို့နှင့် နှိုင်းယှဉ်မှသာ လူသူကင်းမဲ့သော နယ်မြေဟု ခေါ်ဆိုခြင်း ဖြစ်သည်။
ကောင်းကင်နှင့် မြေကြီးတွင် ၎င်းတို့၏ ကိုယ်ပိုင် ဖန်တီးမှုများ ရှိစမြဲပင်။ ကိုးပြည်ထောင်နယ်မြေရှိ အဆင့်မြင့် အရင်းအမြစ်များကို ထိုက်ကျွယ်ဂိုဏ်းက ကုန်စင်အောင် အသုံးပြုပြီးနောက်၊ ကမ္ဘာကြီးသည် ၎င်း၏ အထွတ်အထိပ်သို့ နောက်တစ်ကြိမ် မရောက်မချင်း အရင်းအမြစ် အမျိုးမျိုးကို ဆက်လက် ထုတ်လုပ်နေမည်သာ ဖြစ်သည်။
"ကောင်းကင်ဘုံပြုပြင်ခြင်း မဟာအစီအရင်အပြင်... တောင်စောင့် အစီအရင် တစ်ခုကိုလည်း ငါတို့ တည်ဆောက်ရမယ်... အစီအရင် နှစ်ခုစလုံးကို အတူတူ လေ့လာပါ... အကယ်၍ အရင်းအမြစ်တွေ လိုအပ်ရင် တောင်းသာတောင်းပါ..."
လီချင်းချိုးက ညွှန်ကြားလိုက်ရာ ကျူးယန်နှင့် ဝေထျန်းရှုံးတို့ နှစ်ဦးစလုံးက အမိန့်ကို လက်ခံလိုက်ကြသည်။
ကောင်းကင်လက်မှုပညာခန်းမမှ ထွက်ခွာပြီးနောက် လီချင်းချိုး မျက်မှောင်ကြုတ်သွားသည်။
ချင်းရှောင်ဂိုဏ်း၏ ဝိညာဉ်ကျောက်တုံး များ လိုအပ်ချက်မှာ ပိုမို ကြီးမားလာနေသည်။ အကြီးမားဆုံး သိုက်မှာ ဝိညာဉ်ကြေးနီဖြစ်သော်လည်း ဝိညာဉ်ကြေးနီမှာ ဝိညာဉ်ကျောက်တုံး မဟုတ်ဘဲ မှော်ပစ္စည်း ဖန်တီးခြင်း အတွက်သာ အသုံးပြုနိုင်သည်။
ဝိညာဉ်ကျောက်တွင်းများကို တူးဖော်ခြင်းက ချင်းရှောင်ဂိုဏ်း၏ ဖွံ့ဖြိုးတိုးတက်မှုအတွက် ထိပ်တန်း ဦးစားပေး တစ်ခု ဖြစ်လာခဲ့ချေပြီ။
ထိုနေ့တွင် လီချင်းချိုးက ရှောင်ဝူချင်းကို ကျန်းယွီချွန်း၊ ချူကျင်းနှင့် ရွှယ်ကျင်းတို့ကို ခေါ်ယူခိုင်းလိုက်သည်။ တာဝန်တစ်ခုမှာ မြေဆွဲအား ဝိညာဉ်ကျောက်တုံး များကို ရှာဖွေရန် ဖြစ်ပြီး၊ နောက်တစ်ခုမှာ ဝိညာဉ်ကျောက်တွင်းများကို ရှာဖွေရန် တပည့်များကို စုစည်းရန် ဖြစ်သည်။ ကိစ္စနှစ်ခုစလုံးမှာ အရေးတကြီး ဖြစ်နေသည်။
ချင်းရှောင်ဂိုဏ်းက ၎င်း၏ စွမ်းအားကို စုစည်းလိုက်သည်နှင့် ရလဒ်များ သိသာထင်ရှားလာခဲ့သည်။
သုံးလမျှသာ ကြာသေးသော်လည်း မြေဆွဲအား ဝိညာဉ်ကျောက်တုံး တစ်ခု လီချင်းချိုးထံသို့ ရောက်ရှိလာခဲ့သည်။
လီချင်းချိုးက ဝေထျန်းရှုံးကို ခေါ်လိုက်ရာ ၎င်းမှာ အမှန်တကယ်ပင် မြေဆွဲအား ဝိညာဉ်ကျောက်တုံး တစ်ခု ဖြစ်ကြောင်း အတည်ပြုပေးခဲ့သည်။ သို့သော်လည်း ကောင်းကင်ဘုံပြုပြင်ခြင်း မဟာအစီအရင်အတွက် အမြောက်အမြား လိုအပ်သည်။ ဤကိစ္စနှင့် ပတ်သက်၍ လီချင်းချိုးမှာ စိုးရိမ်ပူပန်မှု မရှိချေ။ တစ်ခု ရှာတွေ့လျှင် နောက်ထပ် ရှာတွေ့နိုင်သည်သာ။
ဇွန်လ အစောပိုင်းတွင် ဝိညာဉ်ကျောက်တွင်းတစ်ခုနှင့် ပတ်သက်သော သတင်းများကလည်း လီချင်းချိုး၏ နားထဲသို့ ရောက်ရှိလာခဲ့သည်။
ကျုံးထျန်းစီရင်စု၊ တောင်နက်ကြီးများထဲတွင်……..
သစ်တောထဲတွင် မြူခိုးများဖြင့် ပြည့်နှက်နေပြီး နေရောင်ခြည်က ၎င်းတို့ကို ဖောက်ထွင်းလာရာ အလင်းတန်းများကို မြင်တွေ့ရသည်။ ဤအလင်းတန်းများအောက်တွင် ကျောင်းတော်တစ်ခုကို သဲ့သဲ့မျှ မြင်တွေ့နိုင်သည်။
ကျောင်းတော်၏ ပင်မတံခါးအထက်တွင် ဆိုင်းဘုတ်တစ်ခု ချိတ်ဆွဲထားပြီး ၎င်းပေါ်တွင် စာလုံးကြီး သုံးလုံး ထွင်းထုထားသည်။
ဝမ်ရှန်းကျောင်းတော်….
ပင်မ ခန်းမတစ်ခု အတွင်း၌ ပိုင်နင်းအာက လက်နောက်ပစ်ကာ သူ့ရှေ့ရှိ ရုပ်တုကို စစ်ဆေးနေ၏။ဤသည်မှာ ခေါင်းသုံးလုံးနှင့် လက်ခြောက်ဖက် ပါရှိသော နတ်ဘုရား တစ်ပါးဖြစ်ပြီး အပေါ်ပိုင်း ဗလာဖြင့် တင်ပျဉ်ခွေ ထိုင်နေသည်။ လက်နှစ်ဖက်ကို ရင်ဘတ်ရှေ့တွင် ကိုယ်ဟန်အနေအထား တစ်ခုဖြင့် ကိုင်ထားပြီး အခြား လက်လေးဖက်မှာ ဖြန့်ကားနေကာ တစ်ဖက်စီတွင် လက်နက်တစ်ခုစီ ကိုင်ဆောင်ထားသည်။ ဆံပင်များမှာ လောင်ကျွမ်းနေသော မီးတောက်များကဲ့သို့ လွင့်လူးနေပြီး မျက်လုံးများမှာ စူးစူးဝါးဝါး ကြည့်နေသကဲ့သို့ ပြူးကျယ်နေသည်။
"ဒီ ဝမ်ရှန်းကျောင်းတော်မှာ ခင်ဗျားတို့က ဘယ်လို မသေမျိုးကို ကိုးကွယ်တာလဲ... သူက အရမ်း ကြမ်းတမ်းတဲ့ ပုံပေါက်တယ်..."
ပိုင်နင်းအာက စပ်စုချင်စိတ်ဖြင့် မေးလိုက်သည်။ သူ့ညာဘက်တွင် တာအိုဝတ်ရုံ ဝတ်ဆင်ထားပြီး နူးညံ့သိမ်မွေ့သော မျက်နှာပေါက်ရှိသည့်၊ အနည်းငယ် မိန်းမဆန်သော၊ အသက် ဆယ့်ခြောက်နှစ်၊ ဆယ့်ခုနစ်နှစ်ခန့်သာ ရှိသေးပုံရသည့် အမျိုးသား တစ်ဦး ရပ်နေသည်။
ဤတာအိုဝတ်ရုံ ဝတ်ဆင်ထားသော အမျိုးသားမှာ ဝမ်ရှန်း ကျောင်းတော် ၏ ကျောင်းထိုင်ဆရာ ဖြစ်ပြီး ရှီယီရှန်းဟု အမည်ရသည်။
ရှီယီရှန်းက အနည်းငယ် ရင်သပ်ရှုမောဖွယ် ကောင်းလောက်အောင် လှပသော အပြုံးတစ်ခုကို ပြုံးပြလိုက်ပြီး….
"ဒါက ကရုဏာကြီးမားပြီး လောကကို ကယ်တင်သော မသေမျိုး ဖြစ်ပြီး၊ ဗာဂျ ရာရဲ့ မျက်နှာနဲ့ ကရုဏာ နှလုံးသားကို ပိုင်ဆိုင်ထားတယ်..."
"အိုး... ဘာကို အခြေခံပြီးလဲ... ဘာလို့ သူ့အကြောင်း ငါ မကြားဖူးရတာလဲ..."
ပိုင်နင်းအာ၏ ပဟေဠိဖြစ်မှုများကို ရင်ဆိုင်ရသော်လည်း ရှီယီရှန်း၏ မျက်နှာတွင် အပြုံးတစ်ခု တောက်ပနေဆဲပင်။
"ကရုဏာကြီးမားပြီး လောကကို ကယ်တင်တဲ့ ဒီမသေမျိုး းက ရှေးဟောင်း နတ်ဘုရား တစ်ပါး ဖြစ်ပြီး နောက်ပိုင်းမှာ တာ့ယန်မင်းဆက်က သမိုင်းဖျောက်ဖျက်ပစ်ခဲ့တာမို့ မင်း သူ့အကြောင်း ကြားဖူးမှာ မဟုတ်ဘူး... သူ့ရဲ့ လုပ်ဆောင်ချက်တွေကို ရှေးဟောင်း ဂူတစ်ခုထဲမှာ ငါ ရှာတွေ့ခဲ့တာ... ဒဏ္ဍာရီတွေအရ ကရုဏာကြီးမားပြီး လောကကို ကယ်တင်တဲ့ ဒီမသေမျိုးက မင်းဆက် တစ်ခုရဲ့ အိမ်ရှေ့မင်းသား ဖြစ်ခဲ့တယ်တဲ့... အဲဒီအချိန်တုန်းက ဘေးဒုက္ခတွေ ခဏခဏ ဖြစ်လေ့ရှိပြီး ပြည်သူတွေက ဆင်းရဲဒုက္ခရောက်ကာ သူတို့ရဲ့ ကိုယ်ပိုင် ကလေးတွေကိုတောင် ပြန်စားတဲ့အထိ ဖြစ်ခဲ့တယ်... ဒီအကြောင်းကို သိပြီးနောက်မှာ သူက စိတ်နှလုံး ကွဲကြေပြီး ကောင်းကင်ဘုံကို ယဇ်ပူဇော်ခဲ့တယ်... သာမန် ပြည်သူလူထု ရှေ့မှာ သူက သူ့ရဲ့ ကိုယ်ပိုင် အသားတွေကို စုစုပေါင်း အပိုင်း ကိုးရာ ကိုးဆယ့်ကိုးပိုင်း ဖြတ်တောက်ပြီး ပြည်သူတွေကို ဝေငှပေးခဲ့တယ်... သူကိုယ်တိုင်ကတော့ ဒါကြောင့်ပဲ ရုတ်တရက် သေဆုံးသွားခဲ့တယ်... ကောင်းကင်ဘုံက သနားသွားပြီး သူ့ကို ကံတရား ပေးအပ်ကာ သူ့ရဲ့ အရိုးတွေကို ရွှေရောင် ခန္ဓာကိုယ် အဖြစ် ပြောင်းလဲပေးခဲ့တယ်... နောက်ပိုင်းမှာ သူက ကရုဏာကြီးမားပြီး လောကကို ကယ်တင်တဲ့ မသေမျိုး ဖြစ်လာခဲ့တယ်..."
"လူ့လောကမှာ ကြီးမားတဲ့ ဘေးဒုက္ခတစ်ခု ပေါ်လာတိုင်း၊ ကရုဏာကြီးမားပြီး လောကကို ကယ်တင်တဲ့ မသေမျိုးက လောကီလူသား ဝင်စားသူ တစ်ယောက် အနေနဲ့ ပေါ်လာပြီး ကမ္ဘာမြေပေါ်မှာ လျှောက်လှမ်းလေ့ရှိတယ်... ကောင်းကင်ဘုံကို လှုပ်ရှားစေဖို့ သူ့ရဲ့ ကိုယ်ပိုင် ဆန္ဒကို အသုံးပြုပြီး၊ ငြိမ်းချမ်းရေး ယူဆောင်လာပေးပြီး လောကကြီးအတွက် လေနဲ့ မိုး ရွာသွန်းဖို့ ဆုတောင်းပေးလေ့ရှိတယ်..."
စကားပြောပြီးနောက် ရှီယီရှန်းက လက်ဖဝါးများကို ပူးကပ်ကာ ကရုဏာကြီးမားပြီး လောကကို ကယ်တင်သော မသေမျိုး၏ ရုပ်တုကို ရိုသေစွာ ဦးညွှတ်လိုက်သည်။
တစ်ခုခုကြောင့် ဤမြင်ကွင်းက ပိုင်နင်းအာကို အလွန် အနေရခက်စေခဲ့သည်။
သူ ရုပ်တုကို ပြန်ကြည့်လိုက်တော့ အမိုးရှိ အပေါက်တစ်ခုမှတစ်ဆင့် နေရောင်ခြည်များ ဖြာကျနေသော်လည်း အလင်းရောင်ထဲတွင်ပင် ဤရုပ်တုက သူ့ကို စိုးရိမ်ပူပန်မှု ဖြစ်စေဆဲ ဖြစ်သည်။
သူက စကားလမ်းကြောင်း လွှဲသည့်အနေဖြင့်….
"မင်းတို့ ကျောင်းတော်မှာ တပည့် သိပ်မရှိတာကို ငါ တွေ့ရတယ်... အကယ်၍ မင်း မသေမျိုးဖြစ်အောင် ကျင့်ကြံချင်တယ်ဆိုရင် ဘာလို့ ချင်းရှောင်ဂိုဏ်းကို မသွားတာလဲ..."
"လောကကြီးမှာ မသေမျိုးဖြစ်ဖို့ လမ်းကြောင်း တစ်ခုပဲ ရှိတယ်ဆိုရင်... အဲဒါက ဆိုးရွားတဲ့ ကိစ္စတစ်ခုလို့ မင်း မထင်ဘူးလား... ယနေ့ခေတ်မှာ ဂိုဏ်းချုပ် လီချင်းချိုးက သဘောထားကြီးပြီး ကြင်နာတတ်ပြီး သက်ရှိသတ္တဝါ အားလုံးကို ဂရုစိုက်တယ်... ဒါပေမဲ့ နောက်ဂိုဏ်းချုပ်ကသာ တာ့လီမင်းဆက်က ကျောက်ကျိလိုမျိုး အာဏာရှင်ဆန်ပြီး ချင်းရှောင်ဂိုဏ်းရဲ့ စွမ်းအားတွေ ရှိနေမယ်ဆိုရင်... ဒီလောကကြီးက ဘယ်လို အမှောင်ထုမျိုးထဲကို ကျရောက်သွားမလဲ..."