← Chapters

အခန်း (၆၁-၆၂)

Vol. 7 Ch. 61-62

အခန်း (၆၁-၆၂)

Vol. 7 Ch. 61-62

အခန်း (၆၁)

မြင်ယောင်မရသော နံရံ

ရွှီပေါ်အန်း၏ အကြည့်တို့သည် ရုံးခန်းအတွင်းရှိ ဖန်သေတ္တာဆီသို့ ကျရောက်သွားလေ၏။

ထိုနေရာတွင် ရွှီပေါ်အန်း သူ၏လက်ကိုင်ဖုန်း၌ ကပ်ရန် ယခင်က ဝယ်ယူထားခဲ့သော ဖုန်းမှန်ကပ်တစ်ဗူး ရှိနေခဲ့လေသည်။

မျက်နှာပြင်အပြည့်ပါဝင်သော စမတ်ဖုန်းများ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလာကြသည်နှင့်အမျှ မှန်ကပ်များသည်လည်း လူအများရွေးချယ်စရာ အသုံးအဆောင်တစ်ခု ဖြစ်လာခဲ့ပေသည်။

ရွှီပေါ်အန်း၏ ကျွမ်းကျင်မှုမှာ အားနည်းပြီး သူ၏ လက်မှုစွမ်းရည်မှာလည်း ညံ့ဖျင်းလှသဖြင့် မှန်ကပ် ကပ်ရာတွင် သူ၏ ကျရှုံးမှုနှုန်းမှာ အလွန်တရာ မြင့်မားလှပေသည်။

ထို့ကြောင့် သူသည် အပိုအနည်းငယ် ဝယ်ထားခဲ့ပြီး ယခုအခါ အချို့ ကျန်ရှိနေသေးခြင်း ဖြစ်လေ၏။

ဤအချိန်တွင်မူ ၎င်းသည် အသုံးတည့်သော ကိရိယာတစ်ခု ဖြစ်လာခဲ့ချေပြီ။

ရွှီပေါ်အန်းသည် အလျင်အမြန် ထရပ်လိုက်ပြီး ဖုန်းမှန်ကပ်တစ်ခုကို ထုတ်ယူလိုက်လေသည်။

ထို့နောက် သူသည် ထုပ်ပိုးမှုကို အမြန်ဖောက်ကာ ဖုန်းမှန်ကပ်ကို ဆွဲထုတ်လိုက်ပြီး ဘွန်ဆိုင်းကမ္ဘာ လေးထဲသို့ လျင်မြန်စွာ ထည့်သွင်းလိုက်လေ၏။

၎င်းသည် ထိုလူဆိုးလူမိုက်လေးများ ဦးတည်သွားနေသော လမ်းကြောင်းရှိ ဘွန်ဆိုင်းအလှပင်ကို အချိန် ကိုက်ပင် ပိတ်ဆို့လိုက်လေတော့သည်။

လမ်းလျှောက်နေကြသော ထိုလူဆိုးလေးများသည် မည်သည့်အရာ ဖြစ်ပျက်နေမှန်း လုံးဝ မသိရှိကြ ချေ။

အရှေ့ဆုံးမှ လူပုလေးကသာ ဝေခွဲမရသော လေသံဖြင့် ပြောလာခဲ့လေသည်။

"ဟာ... ခုနက တစ်ခုခု လက်ခနဲဖြစ်သွားသလိုပဲ...။ ငါ့မျက်လုံးတွေတောင် ကန်းမတတ် ဖြစ်သွား တယ်...။"

နှစ်လှမ်းခန့် အနောက်တွင် ရှိနေသောသူက အလျင်အမြန် အမီလိုက်လာပြီး နောက်ပြောင်လိုက်လေ၏။

"ဟေ့... မင်းလို ငွေမက်တဲ့ကောင်က ရွှေခဲငွေခဲကလွဲလို့ ဘာကများ မင်းမျက်စိကို ကျိန်းစေနိုင်မှာ တဲ့လဲ...။ မင်း အမြင်မှားတာ နေမှာပါ...။"

"မဟုတ်ဘူး...၊ တကယ်ပြောတာ...၊ အရှေ့နားတင်ပဲ...၊ တစ်ခုခု လင်းလက်သွားတာ...။ အရမ်းကို လင်းထိန်နေတာပဲ...။"

"ဟားဟား... မင်း သရဲများ မြင်နေတာ မဟုတ်ဘူးလား...။"

"သေလိုက်ပါလား...။ ကောင်းကင်ကြီးက ရှင်းလင်းနေပြီး နေကလည်း သာနေတာကို...။ အဲ့ဒီမှာ ဘာမှမရှိပါဘူး...။"

"ဒိုင်း..."

သူ စကားပြော၍ပင် မဆုံးသေးခင်မှာ အရှေ့ဆုံးမှလူသည် ရုတ်တရက် တောင့်တင်းသွားပြီး အနောက် သို့ လဲကျသွားခဲ့လေသည်။

"အား... နာလိုက်တာ...။"

"ဘာဖြစ်တာလဲ ကောက်ရှန့်အစ်ကို...။"

"နာလိုက်တာ...၊ ငါ တစ်ခုခုနဲ့ ဝင်တိုက်မိတယ် ထင်တယ်...။"

"မင်း နောက်နေတာလား... ဒီနေရာမှာ ဘာမှမရှိပါဘူး...။"

သူ၏ဘေးမှ အဖော်ဖြစ်သူမှာ ရုတ်တရက် စကားပြောရပ်သွားပြီး သူ၏မျက်နှာပေါ်တွင် ထူးဆန်းသော အမူအရာတစ်ခု ပေါ်လာခဲ့လေ၏။

ထို့နောက် သူသည် စိတ်လွတ်သွားသူတစ်ဦးအလား အရှေ့ရှိ လေဟာပြင်ဆီသို့ အပြေးအလွှား လက်လှမ်းကာ စမ်းသပ်နေလေတော့သည်။

လမ်းရှင်းရန်မကြိုးစားဘဲ အချိန်ဆွဲနေသော သူတို့နှစ်ဦးအား အနောက်မှ လမ်းလျှောက်လာသည့် ခေါင်းဆောင် ဖြစ်သူက မကျေမနပ်ဖြင့် အော်ဟစ်လိုက်လေ၏။

"ဟေ့... လမ်းမရှင်းဘဲ မင်းတို့နှစ်ကောင် ဘာတွေ အချိန်ဆွဲနေတာလဲ...။"

"ခေါင်းဆောင်...၊ တစ်ခုခု မှားနေပြီ...။ ကျွန်တော်တို့ရှေ့မှာ မျက်စိနဲ့မမြင်ရတဲ့ နံရံကြီးတစ်ခု ရှိနေ တယ်...။"

"နေ့ခင်းကြောင်တောင်ကြီး ဘာတွေ လာပြီးရူးကြောင်မူးကြောင် ပြောနေတာလဲ...။"

ထိုသို့ပြောရင်းပင် ခေါင်းဆောင်ဖြစ်သူသည် အလျင်အမြန် လျှောက်လာခဲ့လေသည်။

သူတို့၏ခေါင်းဆောင် အပြေးအလွှား သွားနေသည်ကို မြင်သောအခါ အခြားနောက်လိုက်များကလည်း အရှုံးမပေးလိုသဖြင့် အမီလိုက်ရန် ပြေးသွားကြလေတော့၏။

"ဟင်..."

ခေါင်းဆောင်ဖြစ်သူ မျက်လုံးတစ်ဖက်လပ် ခေါင်းဆောင်သည် သူ၏လက်ကို တင်လိုက်သည်နှင့် တစ်ပြိုင်နက် ချက်ချင်းပင် ကြက်သေသေသွားခဲ့လေသည်။

နောက်လိုက်တစ်စုသည်လည်း ထိုနည်းတူ လိုက်လံလုပ်ဆောင်ကာ ထိုအရာကို လှမ်း၍ စမ်းသပ်ကြည့် လိုက်ပြီးနောက် အံ့အားသင့်ကာ မှင်သက်သွားကြလေ၏။

၎င်းတို့၏လမ်းကို ပိတ်ဆို့နေသော မျက်စိဖြင့်မမြင်ရသည့် နံရံကြီးတစ်ခု အမှန်တကယ် ရှိနေခဲ့ခြင်း ဖြစ်ပေသည်။

"ကောက်ရှန့်...၊ လူနှစ်ယောက်လောက်ခေါ်ပြီး ဟိုဘက်ကို သွားကြည့်စမ်း...။"

"ဟေ့... မင်းက လူနည်းနည်းခေါ်ပြီး ဟိုဘက်ကို သွားစစ်ဆေးကြည့်လိုက်စမ်း...။"

မျက်လုံးတစ်ဖက်လပ် ခေါင်းဆောင်သည် မှုန်ကုပ်နေသော မျက်နှာထားဖြင့် သူ၏နောက်လိုက်များအား ဘယ် နှင့်ညာသို့ သွားရောက်စစ်ဆေးရန် ညွှန်ကြားလိုက်လေသည်။

ထိုအရာကို မြင်သောအခါ ရွှီပေါ်အန်းသည် အလျင်အမြန်ပင် နောက်ထပ် ဖုန်းမှန်ကပ်နှစ်ခုကို ယူလိုက် ပြီး မူလမှန်ကပ်၏ ဘယ်နှင့်ညာဘက်များတွင် ဆက်လက် ထည့်သွင်းလိုက်လေ၏။

သို့ဖြစ်၍ ဘွန်ဆိုင်းကမ္ဘာလေးထဲတွင် မျက်လုံးတစ်ဖက်လပ် ခေါင်းဆောင်သည် သူ၏ နောက်လိုက်များ ခြေလှမ်းတစ်ရာနီးပါး လျှောက်သွားခဲ့သော်လည်း သွားရမည့်လမ်းကို ရှာမတွေ့နိုင်သေးသည်ကို မြင် တွေ့လိုက်ရလေသည်။

အရှေ့ဘက်ရှိ လမ်းသည် လုံးဝ ပိတ်ဆို့ခံထားရသည့်အလားပင် ဖြစ်ချေ၏။

ရွှီပေါ်အန်း၏ ဖုန်းမှန်ကပ်သည် လက်ဝါးခန့်အရွယ်အစား ရှိလေသည်။ ၎င်းကို အထဲသို့ ကန့်လန့်ဖြတ် ထည့်လိုက်သောအခါ အရှည် ဆယ့်ငါးစင်တီမီတာ သို့မဟုတ် ဆယ့်ခြောက်စင်တီမီတာခန့် ရှိပေသည်။ ၎င်းတို့သုံးခု ပေါင်းလိုက်ပါက အရှည် ငါးဆယ်စင်တီမီတာနီးပါးရှိပြီး မီတာဝက် အပြည့်ပင် ဖြစ်လေ၏။

ဘွန်ဆိုင်းကမ္ဘာလေး၏ အချိုးအစားအရဆိုလျှင် လူပုလေးများ၏ အရှေ့ရှိ မြင်ကွင်းကို ပိတ်ဆို့ထား သော အရာမှာ မီတာတစ်ရာနီးပါး မြင့်မားသော ဖန်သားနံရံကြီးတစ်ခု ဖြစ်သွားခဲ့လေတော့သည်။

"ခေါင်းဆောင်... အဆင်မပြေဘူး...။ ကျွန်တော်တို့ ဟိုဘက်ကိုလည်း သွားလို့မရဘူး...။"

"ဟုတ်တယ် ခေါင်းဆောင်...၊ ဟိုဘက်မှာလည်း အတူတူပဲ...။ လမ်းလုံးဝ မရှိဘူး...။"

ကြောက်ရွံ့မှုများ ပြည့်နှက်နေသော မျက်နှာများနှင့် ခေါင်းငိုက်စိုက်ကျကာ ပြန်လည်သတင်းပို့လာသည့် သူ၏နောက်လိုက်များကို ကြားသောအခါ မျက်လုံးတစ်ဖက်လပ် ခေါင်းဆောင် သည်လည်း အလွန် အမင်း ထိတ်လန့်သွားခဲ့လေသည်။

သို့သော် ခေါင်းဆောင်တစ်ဦးအနေဖြင့် သူ၏ နောက်လိုက်များရှေ့တွင် မည်သို့ မျက်နှာအပျက်ခံနိုင်ပါ မည်နည်း။

မျက်လုံးတစ်ဖက်လပ် ခေါင်းဆောင်သည် အံကြိတ်ကာ သူ၏ကြောက်ရွံ့မှုကို ဖိနှိပ်လိုက်ပြီး ခက်ထန် သော မျက်နှာထားဖြင့် ခါးမှ ဓားမကြီးကို ဆွဲထုတ်ကာ အရှေ့ရှိ မမြင်ရသော နံရံကြီးအား အစွမ်းကုန် ခုတ်ချလိုက်လေတော့သည်။

"ဒိုင်း..."

ကျယ်လောင်သော အသံကြီးနှင့်အတူ မျက်လုံးတစ်ဖက်လပ် ခေါင်းဆောင်သည် သူ၏ လက်ကောက် ဝတ်တွင် ထုံကျင်သွားမှုကို ခံစားလိုက်ရလေ၏။

ထို့နောက် နောက်လိုက်များအားလုံး၏ စောင့်ကြည့်နေသော မျက်လုံးများအောက်တွင် ရွှေကွင်းတပ် ဓားမကြီးသည် မျက်လုံးတစ်ဖက်လပ် ခေါင်းဆောင်၏ လက်ထဲမှ လွတ်ထွက်ကာ လွင့်စင်သွားခဲ့လေ တော့သည်။

ကံကောင်းထောက်မစွာဖြင့် တစ်စုံတစ်ရာ မှားယွင်းနေသည်ကို အာရုံခံမိချိန်တွင် သူသည် ရှောင်တိမ်း ရန် အောက်သို့ ငုံ့ချလိုက်၍သာ တော်တော့သည်။ သို့မဟုတ်ပါက ထိုဓားသည် သူ့ကို ပြန်လည် ခုတ်မိ မည်မှာ သေချာလှပေသည်။

"တော်တော်ကို ပြင်းထန်တဲ့ ကန်ထွက်အားကြီးပါလား...။"

၎င်း၏အရှေ့တွင် ဖောက်ထွင်း၍မရနိုင်သော ခံတပ်ကြီးတစ်ခု ရှိနေလျှင်ပင် ဤမျှ ပြင်းထန်သော ကန်ထွက်အားမျိုး ရှိနိုင်မည် မဟုတ်ချေ။

ခေတ္တမျှ မည်သူကမျှ ဘာလုပ်ရမည်ကို မသိခဲ့ကြပေ။ လူအုပ်ကြားတွင် ကြောင်တောင်တောင် အကြည့် များကိုသာ ဖလှယ်နေကြပြီး ၎င်းတို့ကြား၌ အထိတ်တလန့်ဖြစ်မှုများ ပျံ့နှံ့သွားခဲ့လေတော့သည်။

လူတိုင်းသည် အရှေ့မှ မြင်ကွင်းကို မြင်တွေ့နေရသော်လည်း ၎င်းမှာ ၎င်းတို့ လာခဲ့စဉ်ကနှင့် အမှန် တကယ်ပင် တူညီနေဆဲ ဖြစ်လေ၏။

သို့သော် မည်သို့ပင်ဖြစ်စေကာမူ ၎င်းတို့သည် ၎င်းတို့ရှေ့ရှိ ဤမမြင်ရသော အတားအဆီးကြီးကို ဖြတ်ကျော်၍ မရနိုင်ခဲ့ကြပေ။

ဤအခြေအနေမျိုးတွင် မည်သူမဆို ထိတ်လန့်ကြောက်ရွံ့သွားမည်သာ ဖြစ်ပေသည်။

"ခေါင်းဆောင်... ခေါင်းဆောင်...။ ကျွန်တော်တို့ ဒီနေရာမှာပဲ သေရတော့မှာလား...။"

"ပါးစပ်ပိတ်ထားစမ်း...။ ငါတို့ အနောက်ပြန်လှည့်ပြီး တခြားလမ်းကနေ သွားလို့ရတာပဲ...။"

"ဟုတ်တယ်... ခေါင်းဆောင်ပြောတာ မှန်တယ်...။ ဘာမှ လုပ်လို့မရရင်တောင် ငါတို့ ဟိုဘက်ကို ပြေးဝင်ပြီး အဲ့ဒီ တောသားတွေနဲ့ သွားတိုက်ခိုက်ကြမယ်... ။ အဲ့ဒီ အိုမင်းမစွမ်း၊ နာမကျန်းဖြစ်နေတဲ့ လူတွေက ငါတို့ကို နိုင်မယ်လို့ ငါ မယုံဘူး...။"

"ဟုတ်တယ်...၊ သူတို့ဆီက အစားအသောက်တွေကို လုကြမယ်... ။အနည်းဆုံးတော့ ဗိုက်ဝဝနဲ့ သေရတာပေါ့...။"

"ဟုတ်တယ်... သွားကြမယ်...။"

"သွားမယ်...၊ ထွက်ကြမယ်...။ သူတို့ကို သွားတိုက်ကြမယ်...။"

"ဟုတ်တယ်...၊ ဘယ်သူမှ လွယ်လွယ်နဲ့ အေးဆေးနေရမှာ မဟုတ်ဘူး...။"

မောက်မာသော အမူအရာများရှိသည့် လူစုသည် ၎င်းတို့၏ ယုံကြည်မှုကို ပြန်လည်ရရှိသွားပုံ ပေါ်လေ သည်။

ရုတ်တရက် အသံနက်ကြီးတစ်ခုက လွှမ်းမိုးစွာ ထွက်ပေါ်လာခဲ့လေ၏။

"အင်း... ဒါပေမဲ့ ရုတ်တရက် ပေါ်လာတဲ့ အဲ့ဒီမြို့ရိုးကြီးကို မင်းတို့လည်း ဖြတ်ကျော်လို့ မရနိုင်တာမျိုး ဖြစ်နိုင်တယ်နော်...။"

ဓားကို ခုလေးတင် ကောက်ကိုင်လိုက်သော မျက်လုံးတစ်ဖက်လပ် ခေါင်းဆောင်က ပြန်အော်ဟစ် လိုက်လေသည်။

"ဘယ်သူလဲ...။ ငါ့လူတွေရဲ့ စိတ်ဓာတ်ကို ဖျက်ဆီးနေတာ ဘယ်သူလဲ...။ ခွေးကောင်...၊ မင်းကို ငါ ခုတ်သတ်ပစ်မယ်...။"

"ခေါင်းဆောင်...၊ အဲ့ဒီစကားကို ပြောတာ ကျွန်တော်တို့လူတွေထဲက တစ်ယောက်ယောက်တော့ မဟုတ် လောက်ဘူး...။"

"ဟုတ်တယ်...၊ သူက အခုလေးတင် 'မင်းတို့' လို့ ပြောသွားတာ...။ 'ငါတို့' လို့ ပြောတာ မဟုတ်ဘူး...။"

တိတ်ဆိတ်မှု...၊ အံ့မခန်း တိတ်ဆိတ်ငြိမ်သက်သွားမှုပင်။

အချိန်အတန်ကြာပြီးနောက်တွင်မူ...

မျက်လုံးတစ်ဖက်လပ် ခေါင်းဆောင်သည် အနောက်သို့လှည့်ကာ ဆန့်ကျင်ဘက်အရပ်ရှိ ခေါင်ရှန်းရွာဆီ သို့ အပြေးအလွှားသွားလေတော့သည်။

သူသည် ခြေလှမ်း ဒါဇင်ခန့်သာ ပြေးရသေးချိန်တွင် မျက်မြင်မရသော နံရံတစ်ခုကို ဒိုင်းခနဲ ဝင်တိုက်မိ ကာ အနောက်သို့လွင့်စဉ်သွားပြီး မြေကြီးပေါ်သို့ လဲကျသွားခဲ့ပြန်လေ၏။ ထို့နောက် သူသည် ကြောင် တောင်တောင်ဖြင့် မတ်တတ်ထရပ်လိုက်လေသည်။

မှန်ပေသည်။ ထိုစကားများကို ပြောခဲ့သူမှာ ရွှီပေါ်အန်းပင် ဖြစ်လေ၏။

ထိုလူဆိုးလူမိုက်လေးများ၏ အနောက်ဘက်တွင် ရွှီပေါ်အန်းက သူ၏ ဖုန်းမှန်ကပ် နောက်တစ်ခုကို ထပ်မံ ထည့်သွင်းလိုက်ခြင်း ဖြစ်ပေသည်။

ထိုမျှမကသေးဘဲ ရွှီပေါ်အန်းသည် ထိုလူဆိုးလေးများ၏ ပတ်ပတ်လည်တွင် ဖုန်းမှန်ကပ်များဖြင့် ဝိုင်းရံ ကာ ချထားလိုက်လေသည်။

ဤလူများသည် မျက်စိဖြင့်မမြင်ရသော အတားအဆီးတစ်ခုအတွင်း လုံးလုံးလျားလျား ပိတ်မိသွားခဲ့ကြ လေပြီ။

သေချာသည်မှာ နောက်တစ်ခဏတွင် ထိုလူများ၏ စိတ်ပိုင်းဆိုင်ရာ ခံနိုင်ရည်များ စတင် ပြိုလဲလာခဲ့ ခြင်းပင် ဖြစ်လေ၏။

မျက်လုံးတစ်ဖက်လပ် ခေါင်းဆောင် စတင်ပြေးလွှားပြီးနောက် အခြားသူများသည်လည်း အခြားအရပ် မျက်နှာများဆီသို့ ချက်ချင်း ပြေးလွှားကြလေတော့သည်။

"ဒိုင်း..."

"ဒိုင်း..."

"ဒိုင်း..."

နံရံကို ဝင်တိုက်မိသော အသံများသည် ဆက်တိုက်ဆိုသလို ထွက်ပေါ်လာခဲ့လေသည်။

နောက်ဆုံးတွင် အားလုံးသည် ဤအရာမှာ အချည်းနှီးသာဖြစ်ကြောင်း နားလည်သဘောပေါက်သွားခဲ့ ကြလေ၏။

ရွှီပေါ်အန်းကမူ မြေကြီးပေါ်ရှိ လူပုလေးတစ်ဦးထံမှ ကျကျန်ရစ်ခဲ့သော လှပသည့် သေတ္တာငယ်လေး တစ်ခုကို စိုက်ကြည့်ရင်း စိတ်ဝင်စားစွာဖြင့် မျက်တောင်ခတ်လိုက်မိလေသည်။

ဤအရာသည် ရှေးဟောင်းပစ္စည်းတစ်ခု၏ ခံစားချက်မျိုးရှိပြီး အလွန်တရာ လှပလှပေသည်။

၎င်းကို ရှေးဟောင်းပစ္စည်းတစ်ခုအဖြစ် သတ်မှတ်နိုင်မည်လားဟု သူ တွေးတောနေမိလေ၏။

ထိုသို့တွေးရင်းပင် ရွှီပေါ်အန်းသည် လက်လှမ်းကာ မြေကြီးပေါ်သို့ ကျနေသော သေတ္တာငယ်လေးကို ထုတ်ယူလိုက်လေတော့သည်။

ဆိုးသွမ်းသော လူငယ်တစ်စုသည် သေတ္တာလေး ရုတ်တရက် လေထဲသို့ မြောက်တက်သွားသည်ကိုသာ မြင်တွေ့လိုက်ကြရလေသည်။

၎င်းတို့မှာ ထပ်မံ၍ အံ့အားသင့် မှင်သက်သွားကြပြန်လေ၏။

ထိုအချိန်တွင် ဤကိစ္စမှာ အလွန်တရာ ကြီးလေးနေပြီဖြစ်ကြောင်း အားလုံးက နားလည်သဘောပေါက် လိုက်ကြလေတော့သည်။

အခန်း (၆၂)

အလွန်တရာ ကြမ်းကြုတ်လှပေသည်

ရွှီပေါ်အန်းသည် ထိုလူဆိုးလေးများကို ဂရုစိုက်ရန် ပျင်းရိနေခဲ့လေ၏။

ဤလူများသည် ရိုးသားဖြူစင်သော ရွာသားများနှင့် ကွဲပြားခြားနားလှပေသည်။

ခေါင်ရှန်းရွာမှ ရွာသားများ ပေါ်လာစဉ်က ၎င်းတို့သည် အမှန်တကယ်ပင် အသက်ရှင်သန်ရန်သာ ရှာဖွေ နေခဲ့ကြခြင်း ဖြစ်ပြီး ငတ်မွတ်မှုမှ ကင်းဝေးစေရန် စားစရာ တစ်ခုခုကိုသာ လိုချင်ခဲ့ကြခြင်း ဖြစ်လေ သည်။

ထို့အပြင် ၎င်းတို့သည် ငတ်မွတ်လုနီးပါး အခြေအနေသို့ ရောက်နေချိန်၌ပင် အသက်ရှင်သန်ရန်သာ ရုန်းကန်ခဲ့ကြပြီး အခြားသူများကို မည်သည့်အခါမျှ ဒုက္ခမပေးခဲ့ကြချေ။

သို့သော် မျက်လုံးတစ်ဖက်လပ် ခေါင်းဆောင်နှင့် သူ၏လူများကမူ အလကားရလိုစိတ်ဖြင့် အခြားသူ များကို လုယက်ကာ အသက်ရှင်သန်ရန် စဉ်းစားနေခဲ့ကြခြင်း ဖြစ်ပေသည်။

ရိုးရာကျင့်ဝတ်နှင့် အကောင်းမြင်ပညာရေးကို သင်ကြားခံယူခဲ့ရသော ရွှီပေါ်အန်းသည် လူ့အဖွဲ့အစည်း ၏ ကြမ်းတမ်းသော အရှိတရားများကို ခံစားခဲ့ရပြီး ဘဝထံမှ သင်ခန်းစာတစ်ခုကိုလည်း ရရှိခဲ့ပြီး ဖြစ် လေသည်။

သို့တိုင်အောင် လူ့အဖွဲ့အစည်း၏ ကိုယ်ကျင့်တရားကို ဖောက်ဖျက်သော ဤကဲ့သို့ ဆိုးရွားလှသည့် လုပ်ရပ်များကိုမူ အလွန်တရာ ရွံရှာမုန်းတီးမိဆဲပင် ဖြစ်၏။

ထို့အပြင် ထိုလူများသည် ယခင်က ခေါင်ရှန်းရွာမှ ရွာသားများကို အန္တရာယ်ပြုရန် ကြိုးပမ်းခဲ့ကြရာ ရွှီပေါ်အန်း အနေဖြင့် မည်သည့် အခြေအနေမျိုးတွင်မဆို လက်ခံနိုင်စရာ အကြောင်း မရှိခဲ့ပေ။

သူ၏ အမြင်တွင် ခေါင်ရှန်းရွာမှ ရွာသားများသည် သူ ကာကွယ်ပေးထားသော လက်အောက်ခံများ သာမက သူ၏ အမွှေးတိုင် ပူဇော်မှုနှင့် ဆုတောင်းပတ္ထနာပြုမှုများ၏ အရင်းအမြစ်လည်း ဖြစ်လေ သည်။

ဤသည်မှာ တစ်စုံတစ်ဦး၏ ငွေလမ်းကြောင်းကို ဖြတ်တောက်လိုက်ခြင်းနှင့် အတူတူပင် ဖြစ်ချေ၏။ အမှန်တကယ်တွင် ရွှီပေါ်အန်းအတွက် အမွှေးတိုင် ပူဇော်မှုနှင့် ဆုတောင်းပတ္ထနာပြုမှု စွမ်းအားသည် ငွေကြေးထက်ပင် ပို၍ အရေးကြီးလှပေသည်။

"တစ်စုံတစ်ဦး၏ အသက်မွေးဝမ်းကျောင်းကို ဖြတ်တောက်ခြင်းသည် ၎င်းတို့၏ မိဘများကို သတ်ဖြတ် ခြင်းနှင့် တူသည်" ဟူသော ဆိုရိုးစကားတစ်ခုလည်း ရှိလေသည်။

ဤမျှ နက်ရှိုင်းသော အမုန်းတရားမျိုး ရှိနေသဖြင့် ရွှီပေါ်အန်း အနေဖြင့် ၎င်းတို့ကို သုတ်သင်ရှင်းလင်း လိုက်မည် ဆိုလျှင်လည်း အကြောင်းပြချက် ခိုင်လုံလှပေသည်။

သို့သော် ငြိမ်းချမ်းသော ခေတ်ကာလတွင် အေးချမ်းစွာ နေထိုင်နေသော သာမန်လူတစ်ဦးသည် ဤမျှ ရက်စက်ကြမ်းကြုတ်သော လုပ်ရပ်မျိုးကို မည်သည့်အခါမျှ လုပ်ဆောင်မည် မဟုတ်ချေ။

၎င်းတို့သည် သေဒဏ်မှ ကင်းလွတ်ခွင့် ရနိုင်သော်လည်း ပြစ်ဒဏ်မှမူ ကင်းလွတ်ခွင့် ရနိုင်မည် မဟုတ် ပေ။ ၎င်းတို့ကို အနည်းငယ် ထိတ်လန့်သွားစေရန် ခြောက်လှန့်လိုက်ခြင်းက သင့်တော်လှပေသည်။

သို့ဖြစ်၍ ရွှီပေါ်အန်းသည် ထိုလူများကို ဖုန်းမှန်ကပ်များဖြင့် ပြုလုပ်ထားသော ရိုးရှင်းသည့် ပွင့်လင်းမြင် သာသော အလုံပိတ်နေရာတစ်ခုတွင် ပိတ်လှောင်လိုက်ပြီးနောက် မည်သည့်စကားမျှ မဆိုဘဲ သေတ္တာကို ကောက်ကိုင်ကာ လေ့လာကြည့်လိုက်လေတော့သည်။

ရွှီပေါ်အန်း သေတ္တာကို ထုတ်ယူလိုက်ပြီး မကြာမီမှာပင် အံ့သြစရာ မရှိစွာဖြင့် သေတ္တာသည် ကြီးမား လာခဲ့လေ၏။

၎င်းသည် ဟမ်ဘာဂါ တစ်လုံးခန့် အရွယ်အစားသို့ ရောက်ရှိသည်အထိ ကြီးမားလာပြီးမှ ရပ်တန့်သွားခဲ့ လေသည်။

ရွှီပေါ်အန်းက စပ်စုလိုစိတ်ဖြင့် သေတ္တာကို ဖွင့်ကြည့်လိုက်ရာ ချက်ချင်းပင် အံ့အားသင့်သွားပြီး ဝမ်းသာ အားရ ပြုံးရွှင်မသွားခင် ပါးစပ်အဟောင်းသား ဖြစ်သွားခဲ့ရလေသည်။

*ဘုရားရေ... ဤဘွန်ဆိုင်းသည် သူ့ကို မည်သည့်အခါမျှ စိတ်ပျက်အောင် မလုပ်ခဲ့ပါလား…။​* ဟု တွေးလိုက်မိလေသည်။

သေတ္တာထဲတွင် တောက်ပနေသော ရွှေတုံးငယ်လေး အနည်းငယ်ကို တန်းစီကာ သပ်ရပ်စွာ စီစဉ်ထားပြီး အလွန်တရာ ဆွဲဆောင်မှုရှိသော မြင်ကွင်းတစ်ခုပင် ဖြစ်လေ၏။

ရွှီပေါ်အန်းမှာ အကြိမ်ကြိမ် ချီးကျူးမနေဘဲ မနေနိုင်အောင် ဖြစ်သွားခဲ့ရလေသည်။

ဤကျောက်တောင်အလှပင် ဘွန်ဆိုင်းသည် လွန်ခဲ့သော ရက်အနည်းငယ်အတွင်း ငွေပင်ရွှေပင်တစ်ခု ကဲ့သို့ စွမ်းဆောင်နေခဲ့ခြင်း ဖြစ်လေသည်။

*၎င်းကို ရတနာအင်တုံ ဟု အမည်ပြောင်းပေးလိုက်လျှင် မကောင်းဘူးလား…။* ဟု သူ တွေးလိုက်မိ၏။

ရွှီပေါ်အန်းသည် သူ၏လက်ထဲရှိ ရွှေတုံးများကို ပျော်ရွှင်စွာ အလေးချိန် ခန့်မှန်းကြည့်လိုက်လေသည်။

*ဘုရားရေ... ဒါက ငါးပေါင်လောက် ရှိတာပဲ...။ လက်ရှိ ရွှေဈေးနဲ့ဆိုရင် ဒါက...။*

*ဟားဟား... ဘယ်လောက်တောင် ရိုင်းစိုင်းလိုက်တဲ့ အတွေးလဲ...။ ရွှီအိုကြီးက အခု ငွေမရှားတော့ဘူး ပဲ...။ သူ့တန်ဖိုး ဘယ်လောက်ရှိလဲဆိုတာ တွက်ချက်နေဖို့ ဘာများလိုလို့လဲ...။*

*အပျော်သဘော အရုပ်တစ်ခုလောက် လုပ်ပြီး စုဆောင်းစရာအဖြစ် သိမ်းထားလိုက်မယ်...။ အပျော် သက်သက်ပဲပေါ့...။*

ရွှီပေါ်အန်းသည် ရွှေတုံးများကို သေတ္တာထဲသို့ ပျော်ရွှင်စွာ ပြန်ထည့်လိုက်ပြီးနောက် ယာယီ သိမ်းဆည်း ထားရန်အတွက် နတ်ကွန်းထဲသို့ ပေါ့ပေါ့ပါးပါးပင် ထည့်ထားလိုက်လေတော့သည်။

ဤကဲ့သို့သော ပစ္စည်းကောင်းများကို ရုံးခန်းထဲတွင် မထားသင့်ချေ။

အကယ်၍ ရုတ်တရက် ဝင်ရောက်စစ်ဆေးမှုတစ်ခုအတွင်း မထင်မှတ်ဘဲ တွေ့ရှိသွားပါက ရှင်းပြရန် ခက်ခဲနိုင်ပေသည်။

အနည်းဆုံးတော့ ၎င်းမှာ ရှင်းပြ၍မရသော ကြီးမားသည့် ပိုင်ဆိုင်မှု ပမာဏကို ပိုင်ဆိုင်ထားခြင်း အမှု တစ်ခု ဖြစ်သွားနိုင်လေ၏။

နောင်တရတာထက် ဘေးကင်းတာက ပိုကောင်းပေသည်။

ရွှီပေါ်အန်းသည် ဤလုံခြုံစိတ်ချရသော အလုပ်ကို အလွန်တရာ တန်ဖိုးထားလှပေသည်။

အနည်းဆုံးတော့ ၎င်းက သူ၏ မိဘများ၏ စိုးရိမ်ပူပန်မှုများနှင့် ဆူပူကြိမ်းမောင်းမှုများကို လျော့ကျ သွားစေမည် မဟုတ်ပါလား။

လူကြီးများ၏ အမြင်တွင် ခိုင်လုံသော အသက်မွေးဝမ်းကျောင်းနှင့် တည်ငြိမ်သော အလုပ်တစ်ခုထက် ပို၍ လိုလားစရာကောင်းသော အရာမရှိတော့ပေ။

ထိုအချိန်တွင်...

ဘွန်ဆိုင်းဥယျာဉ်ထဲရှိ ဖုန်းမှန်ကပ်များကြားတွင် ပိတ်မိနေသော လူဆိုးလေးများသည် ၎င်းတို့၏ ရူးသွပ်သော လုပ်ရပ်များကြောင့် အလွန်အမင်း မောပန်းနွမ်းနယ်နေခဲ့ကြလေပြီဖြစ်၏။

ထွက်ပြေးစရာနေရာမရှိဘဲ ထိတ်လန့်ဖွယ်ကောင်းသော နေရာတစ်ခုသည် ကွပ်မျက်မခံရမီ အကျဉ်း သားတစ်ဦး၏ ခံစားချက်မျိုးနှင့် အတိအကျ တူညီလှပေသည်။

ရွှီပေါ်အန်းသည် သူ၏လက်များကို သန့်ရှင်းရန် ရေစိုတစ်ရှူးတစ်ခုကို ယူလိုက်ပြီး မြေကြီးပေါ်တွင် ခွေ ခွေလေး လဲကျနေကာ အချို့မှာ ငိုကြွေးနေကြသော လူပုလေးတစ်စုအား စကားပြောလိုက်လေ၏။

"မျက်လုံးတစ်ဖက်လပ်...၊ မင်းက ဒီလူတွေရဲ့ ခေါင်းဆောင်ပဲ...။"

ရုတ်တရက် ထွက်ပေါ်လာသော အသံကြောင့် လူတိုင်း မှင်သက်သွားကြလေသည်။

ထို့နောက် ၎င်းတို့သည် မျက်လုံးတစ်ဖက်လပ် ခေါင်းဆောင်အား စိုးရိမ်တကြီး ကြည့်လိုက်ကြလေ၏။

မျက်လုံးတစ်ဖက်လပ် ခေါင်းဆောင်က ဘယ်နှင့်ညာသို့ ကြည့်လိုက်ပြီးနောက် တံတွေးကို ခဲယဉ်းစွာ မျိုချလိုက်ကာ ထိတ်လန့်တကြားဖြင့် ပြောလိုက်လေသည်။

"ကျွန်တော်ပါ...၊ အရှင်က ဘယ်သူပါလဲ...။"

"ဟဲဟဲ... ငါက ဒီနေရာရဲ့ တောင်စောင့်နတ်မင်းပဲ...။ ငါ့အစောင့်အရှောက်အောက်မှာရှိတဲ့ လူတွေကို မင်းတို့ကများ အကြံအစည်ဆိုးနဲ့ လုပ်ကြံရဲတယ်ပေါ့လေ...။ မင်းတို့က သတ္တိတော့ တော်တော်ကောင်း တာပဲ...။"

ရွှီပေါ်အန်းက ခက်ထန်စွာအော်ဟစ်လိုက်လေသည်။

သူသည် ဤလူများနှင့်သာ စကားပြောဆိုရန် ကန့်သတ်ထားခဲ့သဖြင့် ဤလူဆိုးလေးများပင်လျှင် ရွှီပေါ်အန်း၏ အသံကြောင့် အလွန်အမင်း ထိတ်လန့်ကြောက်ရွံ့သွားခဲ့ကြလေ၏။

အဝေးရှိ နတ်ကွန်း၏ တောင်ခြေမှ ခေါင်ရှန်းရွာ ရွာသားများသည်လည်း ရွှီပေါ်အန်း၏ အသံကို မကြား နိုင်ခဲ့ကြပေ။

လူဆိုးလေးတစ်စုမှာ ချက်ချင်းပင် မှင်သက်သွားခဲ့ကြလေသည်။

ရုတ်တရက် ၎င်းတို့ နားလည်သဘောပေါက်သွားခဲ့ကြလေ၏။

တောင်စောင့်နတ်မင်း...

၎င်းတို့သည် သရဲတစ္ဆေ သို့မဟုတ် မကောင်းဆိုးဝါးများနှင့် တွေ့ကြုံခဲ့ရခြင်း မဟုတ်ဘဲ တောင်စောင့် နတ်မင်းနှင့် တွေ့ကြုံခဲ့ရခြင်း ဖြစ်ပေသည်တကား...။

တောင်စောင့်နတ်မင်းက မည်သူ့ကိုမျှ အန္တရာယ်ပြုမည် မဟုတ်သည်မှာ သေချာသည် မဟုတ်ပါလား...။

ချက်ချင်းပင် ဤလူများ၏ နှလုံးသားထဲတွင် အသက်ရှင်သန်လိုသော ဆန္ဒပြင်းပြမှုက ပြန်လည် နိုးကြား လာခဲ့လေ၏။

ထိုလူစုသည် ချက်ချင်း ဒူးထောက်ချလိုက်ပြီး ၎င်းတို့၏ အသက်ကို ချမ်းသာပေးရန် အသနားခံကြလေ တော့သည်။

"တောင်စောင့်နတ်မင်းကြီး... သနားကရုဏာထားတော်မူပါ...။ တောင်စောင့်နတ်မင်းကြီး... သနား ကရုဏာထားတော်မူပါ...။"

"ဒီနေရာက တောင်စောင့်နတ်မင်းကြီးရဲ့ နယ်မြေမှန်း ကျွန်တော်မျိုးတို့ တကယ် မသိခဲ့ပါဘူး...။ အဲ့ဒီ လူတွေက အရှင်မင်းကြီးရဲ့ လက်အောက်ခံတွေမှန်းလည်း မသိခဲ့ပါဘူး...။ မဟုတ်ရင် ကျွန်တော်မျိုးကို အသက်တစ်ရာ ပေးရင်တောင် အရှင်မင်းကြီးကို ဒီလိုမျိုးစော်ကားဖို့ ရဲမှာ မဟုတ်ပါဘူး...။"

ရွှီပေါ်အန်းက အေးစက်စွာ နှာမှုတ်လိုက်ပြီး ရေခဲတမျှ အေးစက်သော လေသံဖြင့် ပြောလိုက်လေ၏။

"ဟွန့်... မင်းတို့က ဘယ်သူတွေလဲ...။ မင်းတို့ ပုံမှန်ဆို ဘာတွေလုပ်လေ့ရှိလဲ...။ ငါ့ကို အမှန်အတိုင်း ပြောစမ်း...။"

မျက်လုံးတစ်ဖက်လပ် ခေါင်းဆောင်သည် ခေါင်းကို မမော့ရဲဘဲ အလွန်နိမ့်ကျစွာ ငုံ့ထားလျက် မြေကြီး ပေါ်တွင် ဒူးထောက်ကာ ပြောလိုက်လေသည်။

"တောင်စောင့်နတ်မင်းကြီးကို အကြောင်းပြန်ရရင်...။ ကျွန်တော်မျိုးနဲ့ ညီအစ်ကိုတွေကလည်း ဆင်းရဲ မွဲတေမှုထဲမှာ မွေးဖွားလာခဲ့ကြတာပါ...။ ဒါပေမဲ့ မကြာသေးမီ နှစ်တွေအတွင်းမှာ ဘေးအန္တရာယ်တွေ က ပိုပိုပြီး ဆိုးရွားလာတဲ့အတွက် ကျွန်တော်မျိုးတို့ အသက်မွေးဝမ်းကျောင်းဖို့ လုံးဝ မဖြစ်နိုင်တော့ ပါဘူး...။"

"ဒါကြောင့် ကျွန်တော်မျိုးတို့လည်း ရွေးချယ်စရာမရှိဘဲ ဥပဒေပြင်ပက လူဆိုးတွေဖြစ်လာခဲ့ပြီး ဤခရိုင် မြို့ပတ်လည်က တောင်တန်းလမ်းတွေပေါ်မှာ လူတွေကို လုယက်ပြီး အသက်မွေးဝမ်းကျောင်းပြုခဲ့ ရတာပါ...။ ဒါက အသက်ရှင်သန်ဖို့နဲ့ အသက်မွေးဝမ်းကျောင်းဖို့ နည်းလမ်းတစ်ခုသက်သက်ပါပဲ...။"

ရွှီပေါ်အန်းက ခက်ထန်စွာ ပြောလိုက်လေ၏။

" အသက်ရှင်ဖို့ နည်းလမ်းဆိုတဲ့ စကားက တော်တော်လှပပါလား...။ မင်းတို့က အသက်ရှင်ဖို့ ဒီနည်းလမ်းကို ရွေးတယ်ဆိုရင် တခြားသူတွေကျတော့ရော ဘယ်လိုလုပ်မလဲ...။ သူတို့က သေဖို့ ထိုက်တန်တယ်လို့ မင်းတို့က ထင်နေတာလား...။"

မျက်လုံးတစ်ဖက်လပ် ခေါင်းဆောင်က အလျင်အမြန် ပြန်လည်ဖြေကြားလိုက်လေသည်။

"တောင်စောင့်နတ်မင်းဘိုးဘိုးကြီး...၊ အရှင်က ပညာရှိလှပါတယ်...။ ကျွန်တော်မျိုးတို့က လမ်းပေါ်မှာ လူတွေကို လုယက်ပေမဲ့ ငွေကြေး၊ ကုန်ပစ္စည်း၊ စားစရာနဲ့ သောက်စရာကိုပဲ တောင်းခံတာပါ...။ ကျွန်တော်မျိုးတို့က လူသတ်မှု ဒါမှမဟုတ် ဥပဒေရေးရာ ပြဿနာတွေကို ဘယ်တော့မှ မဖန်တီးခဲ့ပါ ဘူး...။"

ရွှီပေါ်အန်းသည် ဤလူပြောသော စကားတစ်ခွန်းကိုမျှ မယုံကြည်ခဲ့ချေ။

ဘွန်ဆိုင်းကမ္ဘာလေးထဲတွင် ငတ်မွတ်ခေါင်းပါးမှုဒဏ်ကို ခံစားနေရပြီဖြစ်ပြီး စားစရာနှင့် သောက်စရာ သည် လူတို့၏ အသက်ရှင်သန်ရေးအတွက် ငွေကြေးကဲ့သို့ပင် အလွန်အရေးပါလှပေသည်။

၎င်းတို့သည် ထိုသို့ လွယ်လွယ်ကူကူ လုယက်နိုင်မည်ဟု ထင်နေပါသလော...။ ၎င်းမှာ ထိုသူများ၏ အသက်မွေးဝမ်းကျောင်းကို ဖြတ်တောက်လိုက်ခြင်းပင် ဖြစ်လေ၏။

လူများက ၎င်းတို့ကို သေသည်အထိ တိုက်ခိုက်ကြမည် မဟုတ်ပါလော။

သို့သော် ရွှီပေါ်အန်းသည် ၎င်းကို အလေးအနက် သိပ်မထားခဲ့ပေ။

လူ့သဘာဝသည် အမျိုးမျိုးကွဲပြားပြီး ဘဝသည်လည်း ခန့်မှန်းရခက်လှပေသည်။ တောအုပ်ကြီးတစ်ခု ထဲတွင် ငှက်အမျိုးမျိုး ရှိနိုင်လေ၏။ ရွှီပေါ်အန်းအနေဖြင့် ဤလူများ ယခင်က မည်သို့သောသူများ ဖြစ်ခဲ့ သည်ကို သိရှိရန် နည်းလမ်းမရှိသလို သိလည်း မသိချင်ခဲ့ပေ။

ယခု ရွှီပေါ်အန်း လုပ်ဆောင်ရန် လိုအပ်သည်မှာ ဤလူများကို ဆက်လက်ထိန်းသိမ်းထားရန်ပင် ဖြစ်လေ သည်။

သူသည် အသစ်ပေါ်လာသော ဤလူပုလေးများကို သိမ်းဆည်းထားချင်ခဲ့ပြီး သဘာဝကျစွာပင် သူ့တွင် ကိုယ်ပိုင် အကြောင်းပြချက်များ ရှိနေခဲ့လေ၏။

ပထမအချက်မှာ ခိုးယူမှု ကိုယ်တိုင်က စိုးရိမ်စရာ မဟုတ်ဘဲ သူခိုးများ၏ အဆက်မပြတ် နောက်ယောင် ခံ လိုက်နေမှုကသာ စိုးရိမ်စရာ ဖြစ်ပေသည်။ ဤလူဆိုးများသည် ခေါင်ရှန်းရွာကို မျက်စိကျနေခြင်းက ကောင်းသောအရာ မဟုတ်ပေ။

ဒုတိယအချက်အနေဖြင့် ဘွန်ဆိုင်းကမ္ဘာလေးတွင် နောက်ဆုံး၌ လူအချို့ ထပ်မံ တိုးလာခဲ့ပြီဖြစ်ရာ ရွှီပေါ်အန်းသည် ၎င်းတို့ကို မည်သို့ ထွက်သွားခွင့် ပြုနိုင်မည်နည်း။

အကယ်၍ ဤလူများသည်လည်း သူ့အား အမွှေးတိုင် ပူဇော်မှုနှင့် ဆုတောင်းပတ္ထနာပြုမှုများကို ဆောင်ကြဉ်းပေးနိုင်မည်ဆိုလျှင် ၎င်းက ကြီးမားသော အောင်ပွဲတစ်ခု ဖြစ်လာမည် မဟုတ်ပါလော။

ထို့ကြောင့် ရွှီပေါ်အန်း လုပ်ဆောင်ရန် လိုအပ်သည်မှာ ၎င်းတို့ကို စိတ်ပိုင်းဆိုင်ရာအရ လွှမ်းမိုးသိမ်းသွင်း ပြီးနောက် ဤနေရာတွင် နေထိုင်ရန် အသားကျလာစေရန်ပင် ဖြစ်လေသည်။

ဤအချိန်တွင် ရွှီပေါ်အန်းသည် မျက်နှာဆယ်ရန် နည်းလမ်းတစ်ခု လိုအပ်နေခဲ့ပေသည်။

မျက်လုံးတစ်ဖက်လပ် ခေါင်းဆောင်က ထိုစကားများကို ပြောလိုက်သည်နှင့် တစ်ပြိုင်နက် ရွှီပေါ်အန်းက အေးစက်စွာ နှာမှုတ်လိုက်ပြီး ပြောလိုက်လေ၏။

"ဟွန့်... ဒီတောင်စောင့်နတ်မင်းက မင်းတို့ကို ခုတစ်ကြိမ်တော့ ယုံကြည်ပေးလိုက်မယ်...။"

"တောင်စောင့်နတ်မင်းဘိုးဘိုးကြီးရဲ့ ယုံကြည်မှုအတွက် ကျေးဇူးတင်ပါတယ်...။ ကျေးဇူးပြုပြီး တောင်စောင့်နတ်မင်းဘိုးဘိုးကြီး...၊ ကျွန်တော်မျိုးကို ထွက်ပေါက်တစ်ခု ပေးသနားတော်မူပါ...။"

မျက်လုံးတစ်ဖက်လပ် ခေါင်းဆောင်က အသနားခံလိုက်လေသည်။

ရွှီပေါ်အန်းက ပြောလိုက်လေ၏။

"မင်းတို့ကို ငါ ထွက်ပေါက်တစ်ခု ပေးနိုင်တယ်...။ ဒါပေမဲ့ သေဒဏ်ကို ခွင့်လွှတ်ပေးနိုင်ပေမဲ့ ပြစ်ဒဏ် ကနေတော့ မင်းတို့ကို ကင်းလွတ်ခွင့် ပေးမှာ မဟုတ်ဘူး...။"

"ကျွန်တော်မျိုးတို့ နားလည်ပါတယ်...။ တောင်စောင့်နတ်မင်းကြီးဆီက ဘယ်လိုပြစ်ဒဏ်မျိုးကိုမဆို ကျွန်တော်မျိုးတို့ လက်ခံပါ့မယ်...။ စကားတစ်ခွန်းမှကို မဟပါဘူး...။"

ရွှီပေါ်အန်းသည် ကျေနပ်စွာ ခေါင်းညိတ်လိုက်ပြီး စကားပြောရန် ဟန်ပြင်လိုက်လေသည်။

ရုတ်တရက် ရွှီပေါ်အန်းသည် ဘွန်ဆိုင်းထဲမှ ကျယ်လောင်သော ဒိုင်း ဆိုသည့် အသံကြီး ထွက်ပေါ်လာ သည်ကို ခံစားလိုက်ရလေ၏။ ဖုန်းမှန်ကပ်သည်ပင် ထိုရိုက်ခတ်မှုကြောင့် အနည်းငယ် တုန်ခါသွားခဲ့ရ လေသည်။

ရွှီပေါ်အန်းသည် အသံထွက်ပေါ်လာရာ အရပ်သို့ ကြည့်လိုက်ရာ ဘွန်ဆိုင်း၏ အစွန်းကို ပိတ်ဆို့ထား သော ဖုန်းမှန်ကပ်၏ အခြားတစ်ဖက်တွင် မှုန်ဝါးဝါး ပေါ်လာသော မြေပဲစေ့ခန့် အရွယ်အစားရှိ အညို ရောင် ပုံရိပ်တစ်ခုကို မြင်တွေ့လိုက်ရလေသည်။

*ဘုရားရေ... ဒါက ဘာကြီးလဲ...။ အရမ်းကို ကြမ်းကြုတ်လှပါလား... *

All Chapters