← Chapters

အခန်း (၆၇-၆၈)

Vol. 7 Ch. 67-68

အခန်း (၆၇-၆၈)

Vol. 7 Ch. 67-68

အခန်း (၆၇)

အရင်လာသူ အရင်ရမည်

ထိုအမျိုးသားသည် ကြယ်သီးတပ်၍ မရသော ဝတ်စုံတစ်ခုကို ဝတ်ဆင်ထားသဖြင့် သူ၏ ကြီးမားသော ဗိုက်ကြီးမှာ အလွန်တရာ သိသာထင်ရှားနေခဲ့လေ၏။

ရွှီပေါ်အန်းက လက်တစ်ဖက်ကို လှမ်းပေးလိုက်သည်နှင့် ထိုအမျိုးသားက သူ၏လက်နှစ်ဖက်ဖြင့် အားတက်သရော ဆုပ်ကိုင်လိုက်လေသည်။

"ညီလေးရွှီ... မတွေ့တာ ကြာပြီနော်...။ မင်းက အရင်ကထက်တောင် ပိုနုပျိုလာသလိုပဲ...။"

အသစ်ရောက်လာသူသည် သူ့အား "ညီလေး" ဟု ခေါ်ဆိုခဲ့သော်လည်း သူ၏ အားတက်သရောရှိသော အမူအရာနှင့် လုပ်ရပ်များကြောင့် ဝေးကွာသော ဘိုးဘေးတစ်ဦးကို နှုတ်ဆက်နေသကဲ့သို့ပင် ဖြစ်နေခဲ့ လေ၏။

ချီပေါင်းဝတ်စုံနှင့် အမျိုးသမီးမှာ ချက်ချင်းပင် မျက်နှာဖြူရော်သွားခဲ့လေသည်။

*သူမရဲ့ ဂုဏ်ယူဝင့်ကြွားနေတဲ့ အဖေက ဘယ်လိုလုပ် ဒီလူ့ရှေ့မှာ ဒီလောက်တောင် နှိမ့်ချနေရတာလဲ...။ သူက တကယ်တော့ ဘယ်သူများလဲ...။*

ထိုအမျိုးသား၏ စကားကို ကြားသောအခါ ရွှီပေါ်အန်းသည် ကျယ်လောင်စွာ ရယ်မောလိုက်လေ၏။

သူသည် ယခင်ကနှင့် နှိုင်းယှဉ်ပါက ပြီးခဲ့သော နှစ်ရက်အတွင်း ပိုမိုနုပျိုလာသကဲ့သို့ ခံစားမိခဲ့ကြောင်း သတိထားမိခဲ့ပေသည်။

များစွာ စဉ်းစားပြီးနောက် ၎င်းမှာ အမွှေးတိုင် ပူဇော်မှုနှင့် ဆုတောင်းပတ္ထနာပြုမှု စွမ်းအားက သူ၏ ရုပ်ပိုင်းဆိုင်ရာ အခြေအနေကို တိုးတက်စေခဲ့သောကြောင့် ဖြစ်နိုင်သည်ဟု သူ ယုံကြည်ခဲ့လေ၏။

*အကယ်၍ ဤသို့သာ ဆက်သွားနေပြီး ဤကဲ့သို့သောအရာများ ပိုမိုရရှိလာပါက ငါ ထာဝရ အသက်ရှင် နိုင်မည် မဟုတ်ပါလော…။* ဟု သူ တွေးလိုက်မိလေသည်။

ရွှီပေါ်အန်းသည် ပြုံး၍ ထိုအမျိုးသား၏ လက်ကို ဆုပ်ကိုင်လိုက်ပြီး ပြောလိုက်လေ၏။

"အစ်ကိုကြီးဟွာဝမ်...။ အစ်ကိုက အရမ်းကို သဘောကောင်းလွန်းပါတယ်...။ အစ်ကိုကမှ နီမြန်းနေတဲ့ မျက်နှာလေးနဲ့ စွမ်းအင်တွေ ပြည့်ဝနေတာပါ...။ ဥက္ကဋ္ဌစူး... ခင်ဗျားရော အဲ့လိုမထင်ဘူးလား...။"

ရွှီပေါ်အန်း၏ စကားကို ကြားသောအခါ ထိုအမျိုးသား၏ မျက်လုံးများ ရုတ်တရက် ပြူးကျယ်သွားခဲ့ လေသည်။

"ဥက္ကဋ္ဌစူး... ဥက္ကဋ္ဌစူးက ဘယ်မှာလဲ...။"

သူ စကားပြောနေစဉ် ဘယ်နှင့်ညာသို့ လှည့်ကြည့်လိုက်ပြီးနောက် မျက်နှာချိုသွေးသော အပြုံးတစ်ခုဖြင့် အနေရခက်စွာ ပြောလိုက်လေ၏။

"အို... ဥက္ကဋ္ဌစူး... တကယ်ကို တောင်းပန်ပါတယ်...။ ကျွန်တော် အရက်နည်းနည်း လွန်သွားလို့ ခေါင်းမူး နေတာနဲ့ ဥက္ကဋ္ဌစူးကို သတိမထားမိလိုက်ဘူး...။"

ထိုစကားများ ပါးစပ်မှ ထွက်သွားသည်နှင့် တစ်ပြိုင်နက် လျှိုဟွာဝမ်မှာ အထိတ်တလန့်ဖြင့် အမူးပြေ သွားခဲ့လေသည်။

*ဘုရားရေ... ဥက္ကဋ္ဌစူးရဲ့ရှေ့မှာ သူက သတိမထားမိလိုက်ဘူးလို့ အမှန်တကယ် ပြောလိုက်တာပဲ...။ ဒါက သူ့ကိုယ်သူ တွင်းထဲကို တွန်းချနေတာ မဟုတ်ဘူးလား...။*

*အရက်သောက်ခြင်းက တကယ်ကို လူတွေကို သေစေနိုင်တာပဲ...။*

သူ၏ ပုံမှန်အားဖြင့် ချိုသာပြီး ဆွဲဆောင်မှုရှိသော နှုတ်ခမ်းများမှာ တောင့်တင်းသွားခဲ့လေ၏။

အခြေအနေကို မည်သို့ ပြန်လည်ထိန်းသိမ်းရမည်ကို လျှိုဟွာဝမ် တွေးတောနေစဉ်မှာပင် စူးထိုက်က သူ့အား အတင်းပြုံး၍ ကြည့်နေသည်ကို မြင်တွေ့လိုက်ရလေသည်။

"ကောင်းပါပြီ လျှိုအိုကြီး...၊ ခင်ဗျားက အနားယူရတော့မှာဆိုတော့ အရက်နည်းနည်း လျှော့သောက် ပါ...။ ကျွန်တော်နဲ့ ညီလေးပေါ်အန်းမှာ လုပ်စရာလေးတွေ ရှိသေးလို့ ခင်ဗျားနဲ့အတူ အဖော်မလုပ်ပေးနိုင် တော့ဘူး...။"

ထိုသို့ပြောပြီးနောက် စူးထိုက်သည် ရွှီပေါ်အန်း၏ ကျောကို ပုတ်လိုက်ပြီးနောက် သူတို့နှစ်ဦးသည် စကားစမြည်ပြောကာ ရယ်မောလျက် ထွက်ခွါသွားခဲ့ကြလေ၏။

သူတို့နှစ်ဦး ထွက်သွားသည်နှင့် လျှိုဟွာဝမ်၏ မျက်နှာမှာ ချက်ချင်းပင် မှုန်ကုပ်သွားခဲ့လေသည်။

"အဖေ... ခုနက လူက ဘယ်သူလဲ...။ သူက ဥက္ကဋ္ဌစူးနဲ့ အရမ်းရင်းနှီးနေပုံရတယ်...။"

ချီပေါင်းဝတ်စုံနှင့် အမျိုးသမီးက အနီးသို့ တိုးကပ်ကာ သိချင်စိတ်ဖြင့် မေးလိုက်လေသည်။

လျှိုဟွာဝမ်သည် အသံကိုနှိမ့်ကာ အံကြိတ်၍ ပြောလိုက်လေ၏။

"မင်းက ဥက္ကဋ္ဌစူးကို အဲ့လိုခေါ်ရဲတယ်ပေါ့လေ...။ အရူးမလေး...၊ ဒီနားမှာ လူတွေ အရမ်းများတယ်...။ ပြဿနာ သွားမရှာနဲ့...။"

ထိုသို့ပြောရင်း လျှိုဟွာဝမ်သည် ခုလေးတင် သူပြုလုပ်ခဲ့သော အမှားအတွက် နောင်တရကာ ဒေါသ ကြောင့် သွားများပင် ကျိန်းစပ်လာခဲ့လေသည်။

ချီပေါင်းဝတ်စုံနှင့် အမျိုးသမီးက စိတ်မရှည်စွာဖြင့် ပြောလိုက်လေ၏။

"သမီးသိပါတယ် အဖေ...။ ဥက္ကဋ္ဌစူးဘေးက အဲ့ဒီလူက တကယ်တော့ ဘယ်သူလဲ...။"

"အဲ့ဒါ ရွှီပေါ်အန်းလေ...။"

ချီပေါင်းဝတ်စုံနှင့် အမျိုးသမီးမှာ အနည်းငယ် ဝေခွဲမရဖြစ်သွားလေ၏။

"ရွှီပေါ်အန်းက ဘယ်သူလဲ...၊ သမီး ဝမ်ပေါ်အန်းကိုပဲ သိတာလေ...။"

"ဘာတွေလာပြီး ရစ်နေတာလဲ...။ ဘာ ဝမ်ပေါ်အန်းနဲ့ လီပေါ်အန်းလဲ... ၊ဝမ်ပေါ်တန်ကိုတော့ ငါ သိ တယ်...။ ရွှီပေါ်အန်းက ဒုတိယကုမ္ပဏီရဲ့ အင်ဂျင်နီယာချုပ်အသစ်လေ...။ မင်း သူ့အကြောင်း မကြား ဖူးဘူးလား...။"

ချီပေါင်းဝတ်စုံနှင့် အမျိုးသမီးမှာ မှင်သက်သွားခဲ့လေသည်။

သူမဖခင်၏ အကြံပြုချက်က လွန်ခဲ့သော နှစ်ရက်အတွင်း ကုမ္ပဏီတွင် ရေပန်းအစားဆုံး သတင်းမှာ တုန်းကျန်း ဒုတိယဆောက်လုပ်ရေးကုမ္ပဏီ၏ အင်ဂျင်နီယာချုပ်အသစ်အကြောင်း ဖြစ်သည်ကို ချက်ချင်းပင် သတိရသွားစေခဲ့လေ၏။

*ထျန်ရှောင်ထုန်က ဒီလောက် အာဏာရှိတဲ့သူနဲ့ တကယ်ကြီး ရင်းနှီးအောင် လုပ်နိုင်ခဲ့တာလား...။*

*အံ့သြစရာတော့ မဟုတ်ပါဘူး...။*

ရွိုင်ရယ်ဒိုင်နက်စတီ ဟိုတယ်တွင် လင်းရှန်းသည် သီးသန့်ဧည့်ခံခန်းတစ်ခုကို ပြင်ဆင်ထားပြီး ဖြစ်လေ သည်။

လင်းရှန်းသည် ထိုသီးသန့်ခန်းအတွင်း၌ အချိန်အတော်ကြာ စောင့်ဆိုင်းနေခဲ့လေ၏။

ရွှီပေါ်အန်းနှင့် စူးထိုက်တို့ ဝင်လာသည်ကို မြင်သောအခါ သူသည် အလျင်စလိုနှင့် စိုးရိမ်တကြီး မတ်တတ်ရပ်လိုက်လေသည်။

"စူးအိုကြီး...၊ ညီလေးပေါ်အန်း...၊ မင်းတို့ ရောက်လာပြီပဲ...။ ကျေးဇူးပြုပြီး ထိုင်ကြပါဦး...။"

ရွှီပေါ်အန်းသည် ဤလူနှစ်ဦး အဘယ်ကြောင့် ဤမျှ ဂရုတစိုက်ရှိနေရသည့် အကြောင်းရင်းကို ကောင်း စွာ သိရှိထားပေသည်။

သူတို့ကို စိတ်လှုပ်ရှားစွာ မစောင့်ခိုင်းတော့ဘဲ သူ၏ လက်ကိုင်အိတ်ငယ်လေးထဲမှ လက်ချောင်းတစ် ချောင်းခန့် အထူရှိသော ဖန်ပုလင်းငယ် ဆယ်လုံးကျော်ကို ထုတ်ယူလိုက်လေ၏။

"လူကြီးမင်းတို့... အရင်ဆုံး အလုပ်ကိစ္စကို စကြရအောင်...။ ဒါက ခင်ဗျားတို့ လိုချင်တဲ့ အရက်နာကျ ဆေးပဲ...။ အများကြီးတော့ မပါဘူး...။ ခင်ဗျားတို့ နှစ်ယောက် ခွဲယူလိုက်ကြပေါ့...။"

လင်းရှန်းနှင့် စူးထိုက်တို့သည် အချင်းချင်း အကြည့်ချင်း ဖလှယ်လိုက်ကြပြီး ပြုံး၍ ပြောလိုက်လေ သည်။

"ညီလေးပေါ်အန်း... ညီလေးစူးနဲ့ ငါက အရင်ကတည်းက တိုင်ပင်ထားပြီးပြီ...။ ဒီလို ကောင်းတဲ့အရာကို အလကားတော့ ယူလို့မရပါဘူး...။ ဒီအရက်နာကျဆေး တစ်ပုလင်းကို ယွမ် နှစ်သောင်းပေးရင် ဘယ်လို လဲ...။"

ထိုစကားကို ကြားသောအခါ ရွှီပေါ်အန်း၏ မျက်ခွံများမှာ ပြင်းထန်စွာ တုန်ယင်သွားခဲ့လေ၏။

*နှစ်သောင်း... *

*တစ်ထောင်လောက် ရောင်းရရင်တောင် တော်တော်လေး ကောင်းပြီလို့ အစက ထင်ထားတာ...။*

စီးပွားရေးလုပ်ငန်းရှင်များအတွက် မူးယစ်ခြင်းမရှိဘဲ အရက်အများကြီး သောက်နိုင်ခြင်း၏ အရေး ပါမှုကို ရွှီပေါ်အန်း သိရှိထားသော်လည်း ဤအရက်နာကျဆေးမှ သူ အမြတ်ငွေ လုံးဝနီးပါး မရရှိ ကြောင်းကိုမူ သူ ပို၍ပင် သိရှိထားလေ၏။

အဘယ်ကြောင့်ဆိုသော် ဘွန်ဆိုင်းကမ္ဘာလေးထဲတွင် အချဉ်ရည်ကို ရှာလကာရည်ကဲ့သို့ ဟင်းခတ် အမွှေးအကြိုင်အဖြစ် အသုံးပြုသောကြောင့် ဖြစ်လေသည်။

တစ်နေ့တွင် တစ်စုံတစ်ဦးက သင့်မီးဖိုချောင်ရှိ ရှာလကာရည်ကို တစ်ပုလင်းလျှင် ယွမ် နှစ်သောင်းဖြင့် ရောင်းချနိုင်သည်ဟု လာပြောပါက မည်မျှ စိတ်လှုပ်ရှားစရာ ကောင်းမည်ကို မြင်ယောင်ကြည့်လိုက်ပါ။

*သန်းဆယ်ဂဏန်းလောက် ကြွယ်ဝတဲ့သူတောင် မဆိုထားနဲ့... ဘီလီယံရာဂဏန်းလောက် ကြွယ်ဝတဲ့သူ တောင် ဒီစီးပွားရေးက တကယ်ကို အမြတ်အစွန်းများတယ်လို့ ထင်မှာပဲ...။*

ရွှီပေါ်အန်းသည် အနည်းငယ် အပြစ်ရှိသလို ပြုံးလိုက်လေ၏။

စီးပွားရေး ရှုထောင့်မှ ကြည့်လျှင် တစ်ဖက်လူက ဤကဲ့သို့သော ဈေးနှုန်းကို သတ်မှတ်ထားပြီးဖြစ်ရာ မိမိကိုယ်ပိုင်တန်ဖိုးကို လုံးဝ လျှော့ချ၍ မရနိုင်ပေ။

ထို့အပြင် အချဉ်ရည်ရော ရှန်းဟွမ်သီးပါ နှစ်မျိုးလုံးမှာ ဘွန်ဆိုင်းကမ္ဘာလေး၏ ထုတ်ကုန်များဖြစ်ပြီး ရွှီပေါ်အန်းအတွက် လက်ဝါးကြီးအုပ် စီးပွားရေးတစ်ခု ဖြစ်လေ၏။

လက်ဝါးကြီးအုပ် စီးပွားရေးသည် အမြဲတမ်း အမြတ်အစွန်း အများဆုံး ဖြစ်ပေသည်။

အရေအတွက်ကို ထိန်းချုပ်ထားနိုင်သရွေ့ ယွမ် နှစ်သောင်း မဆိုထားနှင့် ဈေးနှုန်းကို နှစ်ဆတိုးလိုက်လျှင် တောင် ရောင်းချနိုင်မည် မဟုတ်ချေ။

ထိုသို့တွေးရင်း ရွှီပေါ်အန်းက ရယ်မောကာ ပြောလိုက်လေသည်။

"အစ်ကိုတို့... ငါတို့အားလုံးက မိသားစုတွေပဲလေ...။ ဒါကြောင့် ကျွန်တော် အားနာမနေတော့ပါဘူး...။ ဒီအရက်နာကျဆေးကို ကျွန်တော့်ဆီက လက်ဆောင်လေးတစ်ခုလို့ပဲ သဘောထားလိုက်ပါ...။ အစ်ကို တို့ နှစ်ယောက်က ညီလေးကို တကယ်ပဲ ကူညီချင်တယ်ဆိုရင် ဖောက်သည်တချို့ကို မိတ်ဆက်ပေးလို့ ရပါတယ်...။"

"ဒါပေမဲ့ တစ်ခုတော့ ရှိတယ်။ ယုံကြည်ရတဲ့ သူငယ်ချင်းမိတ်ဆွေပဲ ဖြစ်ရမယ်။ ကျွန်တော် ဒီအရာကို ကိုယ်တိုင် ပြုလုပ်ထားတာဖြစ်လို့ ကျွမ်းကျင်သူ အသိအမှတ်ပြု လက်မှတ်ဒါမှမဟုတ် အလားတူအရာ များကို ယူဖို့ ပျင်းတာကို အစ်ကိုကြီးနှစ်ယောက်စလုံး သိကြပါတယ်။"

"ပြဿနာမရှိပါဘူး...။ ဒီလောက်ကောင်းတဲ့အရာဆို လူတွေက လုယူကြမှာပဲ...။"

လင်းရှန်းက ဝမ်းသာအားရ ပြောလိုက်လေသည်။

စူးထိုက်က မျက်ခုံးပင့်ကာ ပြုံး၍ ပြောလိုက်လေ၏။

"ဟုတ်တာပေါ့...။ ဒီလောက်ကောင်းတဲ့အရာကို ငါ အရင်ယူရမယ်...။"

စကားပြောနေရင်းပင် စူးထိုက်သည် ကော်ဖီစားပွဲပေါ်ရှိ ဖန်ပုလင်းငယ်များထဲမှ ထက်ဝက်ကျော်ကို လိမ္မာပါးနပ်စွာ ယူလိုက်လေသည်။

"လင်းအိုကြီး... ကျန်တဲ့ ပုလင်းတွေက ခင်ဗျားအတွက်ပဲ...။"

"ခင်ဗျားက ဘာလို့ ဒီလောက်အများကြီးယူပြီး ကျွန်တော်က ဘာလို့ ဒီလောက်နည်းနည်းပဲ ရရတာလဲ...။ ခင်ဗျားက ဓားပြပဲ...။"

လင်းရှန်းက ညည်းညူလိုက်သော်လည်း ကျန်ရှိနေသော ပုလင်းများကို နာခံစွာ ယူလိုက်လေသည်။

စူးထိုက်က ရယ်မောကာ နောက်ပြောင်လိုက်လေ၏။

"ဘာလို့လဲဆိုတော့ ကျွန်တော်က ခင်ဗျားရဲ့ ဖောက်သည်လေ...။ ခင်ဗျား ဆက်ပြီး ငြင်းခုံနေမယ်ဆိုရင် ကျွန်တော်တို့ ဆောက်လုပ်ရေးအုပ်စုက ဒီကိုလာပြီး ပိုက်ဆံသုံးတော့မှာ မဟုတ်ဘူးနော်...။"

လင်းရှန်းက စူးထိုက်ကို မျက်လုံးလှန်ပြကာ ရယ်မောလိုက်လေသည်။

"သွားစမ်းပါ စူးအိုကြီးရာ...။ ခင်ဗျားက တကယ်ကို ရက်စက်တာပဲ...၊ ခင်ဗျားက ကျွန်တော်နဲ့ အမြဲတမ်း 'ကိုယ်ရေးကိုယ်တာ ပြဿနာတွေကို ဖြေရှင်းတယ်' ဆိုတဲ့ ကစားပွဲကို ကစားနေတာပဲ...။"

စူးထိုက်က ရယ်မောကာ ပြောလိုက်လေ၏။

"ခင်ဗျား မယုံဘူးလား...။ ဒါက ဖခင်တစ်ယောက် ဘယ်လောက်တောင် လွှမ်းမိုးနိုင်လဲဆိုတာ ပြသနေ တာပဲလေ...။"

စကားပြောပြီးသည်နှင့် စူးထိုက်သည် ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွားပြီး မေးလိုက်လေသည်။

"ဒါနဲ့ လင်းအိုကြီး...။ အဖေလို့ ပြောလိုက်မှ တစ်ခု သတိရသွားတယ်...။ နေ့ခင်းက ကျွန်တော် တုန်းကျန်း ဒုတိယဆောက်လုပ်ရေးကုမ္ပဏီကနေ ထွက်လာတုန်းက ဘယ်သူနဲ့ တွေ့ခဲ့လဲ ခန့်မှန်းကြည့်ပါဦး...။"

လင်းရှန်း မဖြေကြားမီမှာပင် ရွှီပေါ်အန်းသည် ထိုစကားကို ကြားသောအခါ ချက်ချင်းပင် နားစွင့်လိုက် လေ၏။

စူးထိုက်က ထိုစကားများကို ပြောလိုက်သည်နှင့် တစ်ပြိုင်နက် ကုမ္ပဏီအပေါက်ဝတွင် စူးထိုက်ကို "ခေါင်းကိုင်အဖေ" ဟု ခေါ်ဆိုခဲ့သည့် မိန်းကလေးအကြောင်း လုံခြုံရေးအစောင့် ပြောခဲ့သည်ကို သူ ချက်ချင်း သတိရသွားခဲ့လေသည်။

*ထျန်ရှောင်ဟူရဲ့ ကောင်မလေးနဲ့ စူးထိုက်တို့ကြားက ဆက်ဆံရေးက တကယ်တော့ ဘာများလဲ...။*

*အဖြေက ပေါ်လာတော့မှာလား... ။*

အခန်း (၆၈)

ညအချိန်တွင် ချည်ပန်းထိုးဝတ်စုံနှင့် ခရီးသွားခြင်း

ရွှီပေါ်အန်းသည် လက်ဖက်ရည်သောက်ဟန်ဆောင်ကာ လက်ဖက်ရည်ခွက်ကို ကောက်ကိုင်လိုက် သော် လည်း အမှန်တကယ်တွင် ၎င်းတို့၏ စကားပြောဆိုမှုကို ခိုးနားထောင်ရန် အာရုံစိုက်နေခဲ့လေ၏။

သူသည် ဤကိစ္စနှင့်ပတ်သက်၍ စူးထိုက်ကို မည်သို့မေးမြန်းရမည်ကို တွေးတောနေခဲ့သော်လည်း တိုက်ဆိုင်စွာပင် သူ မည်သို့မျှ ကြိုးစားအားထုတ်စရာမလိုဘဲ အလိုအလျောက် ရောက်ရှိလာခဲ့လေ သည်။

လင်းရှန်းသည် အရက်နာကျဆေး တစ်ပုလင်းကို ပေါ့ပေါ့ပါးပါး ဖွင့်လိုက်ပြီး အနံ့ခံကြည့်လိုက်ရာ ၎င်း၏ အချဉ်ဓာတ်ကြောင့် နှာခေါင်းကို ရှုံ့လိုက်မိပြီးနောက် အလျင်စလို ပြောလိုက်လေ၏။

"မင်း ဘယ်သူနဲ့ တွေ့ခဲ့တာလဲ...။ မင်းအဖေနဲ့လား...။"

"သွားစမ်းပါ... မင်းအဖေနဲ့ တွေ့ခဲ့တာပေါ့...။"

စူးထိုက်က မဲ့ပြုံးပြုံးကာ ပြောလိုက်လေသည်။

လင်းရှန်းက ရယ်မောလိုက်လေ၏။

"ဟင်း... ငါ့အဘိုးကြီး ဆုံးသွားတာ နှစ်အတော်ကြာပြီလေ...။ မင်းသာ သူနဲ့တွေ့ခဲ့မယ်ဆိုရင် ငါ ဒူးထောက်ပြီး ငါ့အတွက် စကားနည်းနည်းလောက် ပြောပေးဖို့ တောင်းဆိုရမှာပဲ...။"

စူးထိုက်က လင်းရှန်းကို ခြေထောက်ဖြင့် ကန်လိုက်လေသည်။

"သွားစမ်းပါ...၊ ငါ တွေ့ခဲ့တာက မြောင်မြောင်နဲ့ပါ...။ ဒါပေမဲ့ မင်းက တကယ်ကို မတရားဘူး...။ မြောင်မြောင် နိုင်ငံခြားကနေ ပြန်ရောက်လာတယ်ဆိုတာကိုတောင် ငါ့ကို မပြောပြဘူး...။ ငါက ကလေးရဲ့ ခေါင်းကိုင်အဖေနော်...။"

ထိုစကားကို ကြားသောအခါ မယုံနိုင်စရာ အတွေးတစ်ခု ရွှီပေါ်အန်း၏ စိတ်ထဲ၌ ရုတ်တရက် ဖြတ်ပြေး သွားခဲ့လေ၏။

*ဖြစ်နိုင်မလား...။*

ရွှီပေါ်အန်း စဉ်းစား၍မရမီမှာပင် လင်းရှန်းက ပေါ့ပေါ့ပါးပါး ညည်းညူလိုက်လေသည်။

"ဟူး... အဲ့ဒီကောင်မလေးက အမြဲတမ်း အပြင်ထွက်နေတာပဲ...။ အိမ်မှာကို မရှိဘူး...၊ ငါက သူမရဲ့ အဖေအရင်းဖြစ်နေတာတောင် တစ်နေ့လုံး သူမကို မတွေ့ရဘူး...။ မင်းက သူမရဲ့ ခေါင်းကိုင်အဖေပဲ ရှိသေးတာကို ဘာတွေ ညည်းညူနေတာလဲ...။"

ထိုစကားကို ကြားသောအခါ ရွှီပေါ်အန်းသည် ခုလေးတင် သောက်ထားသော လက်ဖက်ရည်ကို အန်ထွက်လုနီးပါး ဖြစ်သွားခဲ့လေ၏။

သူသည် အန်မထွက်အောင် ထိန်းထားနိုင်ခဲ့သော်လည်း ရုတ်တရက် သီးသွားပြီး အကြိမ်အနည်းငယ်ခန့် ချောင်းဆိုးလိုက်မိလေသည်။

*ကျစ်... ငါ တကယ်ပဲ အမှန်အတိုင်း ခန့်မှန်းမိသွားတာလား...။*

*ကုမ္ပဏီအပြင်ဘက်မှာ စူးထိုက်ကို ခေါင်းကိုင်အဖေလို့ ခေါ်ခဲ့တဲ့ ကောင်မလေးက တကယ်တော့ ရွိုင်ရယ်ဒိုင်နက်စတီ ဟိုတယ်ပိုင်ရှင် လင်းရှန်းရဲ့ သမီးဖြစ်နေတာကိုး...။*

*ဆင်းရဲတဲ့ မိသားစုကလို့ ထင်ရတဲ့ ထျန်ရှောင်ဟူရဲ့ ကောင်မလေးက ကြယ်ငါးပွင့် ဟိုတယ်ပိုင်ရှင်ရဲ့ မိသားစုကလား...။*

*မကောင်းတဲ့ အခြေအနေတွေ ဆိုတာနဲ့ ပတ်သက်ပြီး နားလည်မှုလွဲမှားတာ တစ်ခုခုများ ရှိနေတာလား...။*

*သူမသာ ချမ်းသာတဲ့သူ မဟုတ်ဘူးဆိုရင် တစ်ကမ္ဘာလုံးက လူတွေက ဘယ်လောက်တောင် ချမ်းသာနေကြလို့လဲ...။*

*ဒါပေမဲ့ ဒါကို ထုတ်မပြောတာက ပိုကောင်းပါတယ်... ။*

*ထျန်ရှောင်ဟူက မိန်းမကိစ္စနဲ့ ပတ်သက်ရင် တကယ့်ကို ကံကောင်းလွန်းပါတယ်...။*

ရွှီပေါ်အန်း ရုတ်တရက် ချောင်းဆိုးသွားသည်ကို မြင်သောအခါ လင်းရှန်းက စိုးရိမ်တကြီးဖြင့် မေးလိုက်လေ၏။

"ညီလေး... ဘာဖြစ်တာလဲ...။ အဆင်ပြေရဲ့လား...။"

ရွှီပေါ်အန်းက အလျင်အမြန် လက်ကာပြလိုက်ပြီး ဘာမှမဖြစ်ကြောင်းနှင့် အနည်းငယ် သီးသွားခြင်း သာဖြစ်ကြောင်း ပြောလိုက်လေသည်။

"မင်း ငါ့ကို လန့်သွားစေတာပဲ...။ ငါ့လက်ဖက်ရည်က သိပ်မကောင်းလို့လားဆိုပြီး စိတ်ပူသွားတာ...။"

လင်းရှန်းက ပြုံး၍ ပြောလိုက်လေသည်။

ရွှီပေါ်အန်းက လက်ကာပြလိုက်ပြီး လုပ်ငန်းခွင် လေသံဖြင့် ပြောလိုက်လေ၏။

"လုံးဝ မဟုတ်ပါဘူး အစ်ကိုလင်း...။ ဒီက လက်ဖက်ရည်က တကယ်ကို ထူးခြားပါတယ်...။ အစ်ကိုက စီးပွားရေးလုပ်ငန်းကြီးတွေ လုပ်နေတာဆိုတော့ ပိုက်ဆံအများကြီး အကုန်အကျခံရတာ အံ့သြစရာ တော့ မဟုတ်ပါဘူး...။"

လင်းရှန်းက အလွန် ဂုဏ်ယူဝင့်ကြွားစွာဖြင့် ပြောလိုက်လေသည်။

"ဟားဟား...။ဒါက လက်ဖက်ခြံတွေကိုရှာဖို့ ငါကိုယ်တိုင် တောင်ပေါ်တက်ပြီးဝယ်လာတဲ့ လက်ဖက်ရည် အသစ်လေ...။ ပြီးတော့ အဲ့ဒါကို ပြုပြင်ဖို့အတွက် အထူးနည်းလမ်းတစ်ခုကို အသုံးပြုဖို့ လူတစ်ယောက် ကို ခိုင်းထားတာ...။ ဒါက ဒြပ်မဲ့ ယဉ်ကျေးမှု အမွေအနှစ်တစ်ခုတောင် ဖြစ်သေးတယ်...။"

စူးထိုက်က ကြားဖြတ်ပြောလိုက်လေ၏။

"ကောင်းပါပြီ...။ မင်းရဲ့ လက်ဖက်ရည်အကြောင်း ကြွားနေတာကို ရပ်လိုက်တော့...။ ဒါနဲ့ မြောင်မြောင် က တုန်းကျန်း ဒုတိယဆောက်လုပ်ရေးကုမ္ပဏီမှာ ဘာလုပ်နေတာလဲ...။ အလုပ်ရှာနေတာတော့ မဖြစ် နိုင်ဘူး မလား...။ ညီလေးပေါ်အန်းက ဒုတိယကုမ္ပဏီရဲ့ တာဝန်ခံပဲ...။ မင်း သူ့ကို လက်ဖက်ရည် ပေါင် အနည်းငယ်လောက် ပေးပြီး မြောင်မြောင်အတွက် အဆက်အသွယ်လေး ဘာလေး လုပ်ပေးဖို့ မပြော ချင်ဘူးလား...။"

လင်းရှန်းက စူးထိုက်ကို သတိထားကြည့်ကာ ပြောလိုက်လေသည်။

"လက်ဖက်ရည်က ပြဿနာမရှိပါဘူး...။ ငါ့ဆီမှာ အများကြီး ရှိတယ်...၊ ဒါပေမဲ့ ငါ့သမီးကို မင်းရဲ့ ဆောက်လုပ်ရေး စီးပွားရေးကို လွှဲပြောင်းယူခိုင်းဖို့တော့ လာမလှည့်စားနဲ့နော်...။ သူမရဲ့ ဖခင်အရင်း ဖြစ်တဲ့ ငါတောင်မှ ဆက်ခံမယ့်သူ ရှာမတွေ့သေးတာ...။ မင်းက ခေါင်းကိုင်အဖေ အနေနဲ့ ဘယ်လို အခွင့်အရေးမျိုးကို အသုံးချချင်နေတာလဲ...။"

စကားပြောနေစဉ် ရွှီပေါ်အန်းကို လျစ်လျူရှုထားသလို မဖြစ်စေရန် လင်းရှန်းက ပြုံးလျက် ဖြည့်စွက် ပြောလိုက်လေ၏။

"ငါ့သမီးက တက္ကသိုလ်မှာ ရတနာဘာသာရပ်ကို သင်ယူခဲ့တာ...။ ကျောင်းပြီးတော့လည်း ရတနာလုပ် ငန်းကိုပဲ ဝင်လုပ်ဖို့ ဆုံးဖြတ်ထားတယ်လေ...။ သူမက မိသားစု စီးပွားရေးကို လွှဲပြောင်းယူဖို့ လုံးဝကို ငြင်းဆန်ထားတာ...။"

ရွှီပေါ်အန်းက အလွန်တရာ သိချင်စိတ်ပြင်းပြစွာဖြင့် ပြောလိုက်လေသည်။

"ရတနာဘာသာရပ်...။ တက္ကသိုလ်တွေမှာ အဲ့ဒီလို ဘာသာရပ်မျိုး ရှိတာလား...။"

လင်းရှန်းက ရှင်းပြလိုက်လေ၏။

"ဟုတ်တယ်...၊ ဒါက မကြာသေးမီ နှစ်တွေအတွင်း အတော်လေး အသစ်ဖြစ်နေတဲ့ ဘာသာရပ်တစ်ခုပဲ... ။ ငါ့သမီးက ကျောင်းစာမှာ တော်တော်လေး တော်ပါတယ်...။ သူမက ဗြိတိန်က တော်ဝင် အနုပညာ ကောလိပ်မှာ အရမ်းနာမည်ကြီးတဲ့ ဆရာကြီးတစ်ယောက်ဆီမှာ ပညာသင်ခဲ့တာ...။ သူ့နာမည်က ရှည်လွန်းလို့ ငါ မမှတ်မိတော့ဘူး...။ ဒါပေမဲ့ သူက ဗြိတိန်ဘုရင်မကြီးရဲ့ သရဖူကို ဒီဇိုင်းဆွဲပေးခဲ့တယ်လို့ တော့ ကြားဖူးတယ်...။"

မိဘများသည် ၎င်းတို့၏ ကလေးများ၏ ထူးချွန်မှုအကြောင်းကို ပြောဆိုသောအခါ အမြဲတမ်း မမော မပန်းနိုင်ဘဲ အရာအားလုံးကို အလွတ်မှတ်မိနေတတ်ကြလေသည်။

ရွှီပေါ်အန်း နားထောင်နေစဉ် သူ၏ စိတ်ထဲ၌ အတွေးသစ်များ ရုတ်တရက် ထွက်ပေါ်လာခဲ့လေ၏။

*ရတနာဘာသာရပ်...။*

*ငါ့ဆီမှာရှိတဲ့ ဧကရာဇ်စိမ်း ကျောက်တုံးနဲ့ ဘွန်ဆိုင်းကမ္ဘာလေးကနေ အဆုံးအမရှိ ရနိုင်မယ့် ဧကရာဇ် စိမ်းတွေကို ဘယ်လိုသုံးရမလဲဆိုတာနဲ့ ပတ်သက်ပြီး ငါ လောလောဆယ် စိုးရိမ်နေတာ...။*

*ရတနာလုပ်ငန်းကို ကူညီလုပ်ကိုင်ပေးဖို့ ယုံကြည်ရတဲ့ ကိုယ်စားလှယ်တစ်ယောက်ကိုသာ ရှာတွေ့နိုင်ခဲ့ မယ်ဆိုရင်...။*

*ဒီပြဿနာ ပြေလည်သွားနိုင်မှာ မဟုတ်ဘူးလား...။*

ရွှီပေါ်အန်းသည် သူ၏ စိတ်ကူးယဉ်အိပ်မက်များထဲတွင် နစ်မြောနေပြီး သူနှင့် လင်းရှန်းတို့တွင် တူညီ သော အတွေးတစ်ခု ရှိနေကြောင်းကို သတိမပြုမိခဲ့ချေ။

သေချာသည်မှာ လင်းရှန်းသည် ရတနာကိုယ်စားလှယ်တစ်ဦး မဖြစ်ချင်ခဲ့ပေ။ သူသည် ရွှီပေါ်အန်းကဲ့သို့ စိတ်ဖတ်နိုင်သူ မဟုတ်သဖြင့် ရွှီပေါ်အန်း၏ လျှို့ဝှက်ချက်များကို မည်သို့ သိရှိနိုင်မည်နည်း။

လင်းရှန်း၏ စိတ်ထဲတွင် အရက်နာကျဆေးနှင့် ပတ်သက်၍သာ တွေးတောနေခဲ့ခြင်း ဖြစ်လေ၏။

လင်းရှန်းသည် သူ၏ လက်ထဲရှိ အရက်နာကျဆေးကို ကိုင်တွယ်ကြည့်နေရင်း စကားလမ်းကြောင်း လွှဲလိုက်လေသည်။

"ညီလေးပေါ်အန်း... ဒါက အရမ်းကို ကောင်းတဲ့ ထုတ်ကုန်တစ်ခုပဲ...။ ဒီအရက်နာကျဆေး လုပ်ငန်းကို တိုးချဲ့ဖို့ မင်း စဉ်းစားဖူးလား...။"

"အို... အစ်ကိုလင်း...။ အစ်ကို့ရဲ့ အကြံအစည်က ဘာများလဲ...၊ ပြောပြပါဦး...။"

ရွှီပေါ်အန်းက ပေါ့ပေါ့ပါးပါး မေးလိုက်လေသည်။

လင်းရှန်းက ရယ်မောကာ ပြောလိုက်လေ၏။

"ဒီလိုလုပ်ကြရအောင်...။ မင်း ဒီအရက်နာကျဆေးကို ငါ့ကို ပေးလိုက်...။ ပြီးရင် ငါ့နာမည်နဲ့ ငါ ရောင်း ပေးမယ်...။ ဘာပဲဖြစ်ဖြစ် မင်းနာမည်ကို ဘယ်သူမှ မသိစေရဘူးလို့ ငါ အာမခံတယ်...။ မင်းအတွက် ဘာပြဿနာမှ မဖြစ်စေရဘူးလို့လည်း ငါ အာမခံတယ်...။"

စူးထိုက်က နှုတ်ခမ်းမဲ့ကာ ပြောလိုက်လေသည်။

"လုပ်စမ်းပါအုန်း... မင်းက ပွဲစားလုပ်ချင်တာ မလား...။ ပေါ်အန်း... မင်းသေချာစဉ်းစားပြီးပြီလား...။ မင်းကိုယ်တိုင် ရောင်းမယ်ဆိုရင် ပိုကောင်းတဲ့ဈေး ရနိုင်တယ်နော်...။"

အပေါ်ယံကြည့်လျှင် စူးထိုက်၏ စကားများသည် လင်းရှန်းကို နှိမ့်ချရန် ရည်ရွယ်ပုံပေါ်သော်လည်း အမှန်တကယ်တွင်မူ သူသည် လူဆိုးနေရာမှ သရုပ်ဆောင်နေခြင်းဖြစ်ပြီး ရွှီပေါ်အန်းနှင့် ဤကိစ္စနှင့် ပတ်သက်၍ ပွင့်ပွင့်လင်းလင်း ပြောဆိုနေခြင်း ဖြစ်ပေသည်။

၎င်းကို သူတို့နှစ်ဦးကြားရှိ တိတ်ဆိတ်သော နားလည်မှုတစ်ခုဟု ယူဆနိုင်လေ၏။

သို့သော် ရွှီပေါ်အန်းက သဘောမတူဘဲ လင်းရှန်း၏ အကြံပြုချက်ကိုအလွန်စိတ်ဝင်စားနေခဲ့လေသည်။

"ဥက္ကဋ္ဌစူး... ခင်ဗျားရဲ့ စိုးရိမ်ပူပန်မှုအတွက် ကျေးဇူးတင်ပါတယ်...။ ဒါပေမဲ့ ဥက္ကဋ္ဌလင်းရဲ့ အကြံပြုချက် ကို ကျွန်တော် တော်တော်လေး သဘောကျပါတယ်...။ ပျော်ရွှင်မှုကို မျှဝေတာက ကိုယ့်ဘာသာကိုယ် သိမ်းထားတာထက် ပိုကောင်းပါတယ်...။ ငွေကြေးပမာဏနဲ့ ပတ်သက်ပြီး ပြောရရင် ငါတို့အားလုံးက ညီအစ်ကိုတွေပဲလေ...။ အတူတူ ပိုက်ဆံရှာကြတာပေါ့...။"

ရွှီပေါ်အန်းသည် ထိုသို့ပြောသောအခါ သူ၏ အခေါ်အဝေါ်ကို ပြောင်းလဲလိုက်လေသည်။ ၎င်းမှာ သူ၏ ပုံမှန်အမူအကျင့် မဟုတ်ချေ။

"ညီလေးပေါ်အန်းက တကယ်ကို သဘောထားကြီးတာပဲ...။ ဟို စေးနှဲတဲ့ စူးအိုကြီးထက် အများကြီး သာတယ်...။"

လင်းရှန်းက ကျယ်လောင်စွာ ရယ်မောလိုက်လေသည်။

ရွှီပေါ်အန်းက ပြုံး၍ ပြောလိုက်လေ၏။

"အစ်ကိုက ကျွန်တော့်ကို မြှောက်ပြောနေပြန်ပြီ...။ ကျွန်တော် အလုပ်သွားရဦးမယ်ဆိုတာ အစ်ကို သိပါ တယ်...။ ပြီးတော့ ဒီလို အသေးအဖွဲ ကိစ္စတွေ အားလုံးကို စိတ်ပူနေဖို့ ကျွန်တော့်မှာ အချိန်မရှိဘူးလေ...၊ ဒါကို အစ်ကိုလင်းဆီ လွှဲပေးလိုက်တာက ကျွန်တော့်အတွက် ပြဿနာ အများကြီးကို သက်သာစေမှာ ပါ...။"

လင်းရှန်းက အနည်းငယ် သံသယဖြင့် မေးလိုက်လေသည်။

"ညီလေး... အရက်နာကျဆေးလို အကျိုးအမြတ်များတဲ့ အရာတစ်ခုရှိနေတာကို မင်း အလုပ်ထွက်ပြီး ကိုယ်ပိုင်စီးပွားရေးတစ်ခု စလုပ်ဖို့ မစဉ်းစားဖူးဘူးလား...။ အဲ့ဒီအလုပ်ကိုလုပ်ပြီး ငွေနည်းနည်းလေး ရနေတာ ဘာအဓိပ္ပာယ်ရှိလို့လဲ...။ အဲ့ဒါက နောက်ထပ် ကန့်သတ်ချက် တစ်ခုကို တိုးစေပြီး မင်းကို အရမ်းကျပ်တည်းစေတယ်လို့ မခံစားရဘူးလား...။"

ရွှီပေါ်အန်းက ရယ်မောလိုက်ပြီး ပေါ့ပေါ့ပါးပါး ပြောလိုက်လေ၏။

"ငွေကြေးကြောင့် မဟုတ်ပါဘူး...။ ကျွန်တော်က အလုပ်လုပ်ရတာကို အကျင့်ပါနေလို့ပါ...။ လွတ်လပ်မှု နဲ့ ပတ်သက်ပြီး ပြောရရင် လူတွေရဲ့ အမြင်တွေက အမျိုးမျိုး ကွဲပြားကြတာပဲလေ...။ ကမ္ဘာပေါ်မှာ အကြွင်းမဲ့ လွတ်လပ်မှုဆိုတာ မရှိပါဘူး...။ အရေးအကြီးဆုံးက ကျွန်တော့်မှာ တည်ငြိမ်တဲ့ အလုပ်တစ်ခု ရှိနေတယ်ဆိုရင် အသက်ကြီးနေပြီဖြစ်တဲ့ မိဘတွေကို ကျွန်တော် ရှင်းပြလို့ရတာပေါ့...။ မဟုတ်ရင် သူတို့က ကျွန်တော့်နားတွေ ကန်းသွားတဲ့အထိ ညည်းတွားနေကြလိမ့်မယ်...။"

အမှန်တကယ်တော့ ထိုမျှသာ မဟုတ်ချေ။

အလုပ်အားလုံးက မတူညီကြသလို အချိန်ပိုင်း အလုပ်အားလုံးကလည်း မတူညီကြပေ။

ယခင်က ဘေးဖယ်ထားခံခဲ့ရသော ရွှီပေါ်အန်းပင်လျှင် သူ၏ အတိတ်က အောင်မြင်မှုများနှင့် အဆင့်တူ လုပ်ဖော်ကိုင်ဖက်များနှင့် နှိုင်းယှဉ်ပါက သာမန် အလုပ်သမားများထက် များစွာ သာလွန်နေခဲ့လေ၏။

ရွှီပေါ်အန်းသည် သူ၏ ယခင် ဂုဏ်သတင်းနှင့် အမှန်တကယ် အာဏာကို ဆုံးရှုံးသွားရုံသာဖြစ်သော် လည်း ခံစားခွင့်များ အရဆိုလျှင် သူသည် လူအများစုထက် ပိုမိုကောင်းမွန်သော အခြေအနေတွင် ရှိနေ ပေသည်။

အဆင့်အတန်းအရဆိုလျှင်လည်း သူသည် လူအများစုထက် မြင့်မားနေခဲ့လေ၏။

မည်သူကမျှ သူ့ကို ဘာလုပ်ရမည် သို့မဟုတ် ဘာမလုပ်ရဟု အမိန့်မပေးကြချေ။ သူသည် သူ၏ ကျန်းမာရေးကို ဂရုစိုက်နေသကဲ့သို့ အလုပ်သွားလုပ်နေခြင်းသာ ဖြစ်လေသည်။

*ဒီလောက် အလုပ်မများတဲ့ အလုပ်ကနေ ဘာလို့ ထွက်ရမှာလဲ...။*

*ငွေရှိရင် အလုပ်ကနေ ထွက်ရမယ်တဲ့လား...။*

*ခင်ဗျား အရမ်းတွေးလွန်းနေပြီ...။ လက်တွေ့မှာ လစာကောင်းပြီး လုံခြုံတည်ငြိမ်တဲ့ အလုပ်တွေ ရှိတဲ့လူတွေ အများကြီး ရှိပေမဲ့ တကယ်တမ်း နုတ်ထွက်တဲ့သူက အရမ်းနည်းပါတယ်...။*

*မင်းမှာ ပိုက်ဆံပိုရှိလေ မင်းရဲ့အလုပ်က ပိုလွယ်ကူလေပါပဲ...။*

*လိုအပ်ရင် ခွင့်ယူလိုက်လို့ ရတာပဲလေ...။ ဘာလို့ နုတ်ထွက်ရမှာလဲ...။*

*လုပ်ငန်းခွင်မှာ မပျော်ရွှင်ဘူးလား...။ အဲ့ဒါက မင်းမှာ ပိုက်ဆံမရှိလို့လေ...။*

ငွေရှိလာကတည်းက ရွှီပေါ်အန်းသည် အလုပ်တွင် အလွန် ပျော်ရွှင်နေခဲ့လေသည်။ သူလိုချင်သလို စားသောက်ပြီး ပြဿနာတွေကို ခေါင်းထဲမထည့်တော့ချေ။

ကုမ္ပဏီသို့ လာခြင်းသည် အပန်းဖြေရန်နှင့် ဘဝကို ခံစားရန်သက်သက်သာ ဖြစ်ပုံရလေ၏။

အချို့လူများက "ဒီလောက်နှစ်တွေ အကြာကြီး အလုပ်လုပ်ပြီးတာတောင် အလုပ်လုပ်ရတာ မငြီးငွေ့ သေးဘူးလား" ဟု မေးကောင်းမေးနိုင်ပေသည်။

မပြောင်းလဲဘဲ ရှိနေသော အခြေအနေတစ်ခုသည် သေချာပေါက် ငြီးငွေ့စရာ ကောင်းလာမည်သာ ဖြစ်လေ၏။

သို့သော် မင်း ရုတ်တရက် ချမ်းသာလာရင်ရော ဘယ်လိုဖြစ်မလဲ...။ အလုပ်ကနေ နုတ်ထွက်ဖို့ မဆိုထား နဲ့... မင်း တကယ် နုတ်ထွက်ခဲ့ရင်တောင် အလုပ်သစ်တစ်ခု ထပ်လျှောက်ပြီး ဟို အထက်စီးဆန်တဲ့ ကောင်တွေကို မင်း အခု ဘာတွေ လုပ်နိုင်နေပြီလဲဆိုတာ ပြသချင်နေမှာပဲ...။

ချမ်းသာကြွယ်ဝပြီး ဂုဏ်ကျက်သရေရှိစွာနဲ့ အိမ်ပြန်လာတယ်ဆိုတာက ညအချိန်မှာ ချည်ပန်းထိုး ဝတ်စုံကို ဝတ်ဆင်ထားသလိုပါပဲ...။

အဲ့ဒါက တကယ့်အဓိကအချက်ပဲ...။

ဘွန်ဆိုင်းကမ္ဘာလေးထဲရှိ လူများစွာသည်လည်း ဤအခြေခံမူကို သဘောတူကြလေသည်။

ထိုအချိန်တွင် ခေါင်ရှန်းရွာမှ သက်ကြီးရွယ်အို အမျိုးသမီးအချို့သည် ၎င်းတို့၏ မိဘများအိမ်သို့ ပြန်ရန် အစီအစဉ်များကို ဆွေးနွေးရန် စုဝေးနေကြလေ၏။

All Chapters