ကျွန်မလူကြီးဖြစ်ပြီ
Vol. 25 Ch. 344
အခန်း (၃၄၄) ကျွန်မလူကြီးဖြစ်ပြီ
ကျောက်စိမ်းရေကန်မှ ထွက်ခွာလာပြီးနောက် ကျန်းလန် နဝမတောင်ထွတ်သို့ ပြန်လာခဲ့သည်။
သူက ခြံဝင်းထဲတွင် မတ်တတ်ရပ်ရင်း သားရဲဥလေးနှင့် ရေသဖန်းပင်လေးကို ဝိညာဉ်ဆေးရည်များ လောင်းပေးလိုက်၏။
"ဒေါက် ဒေါက်"
ကျန်းလန် စိတ်အားထက်သန်စွာဖြင့်ပင် သားရဲဥလေး၏ ဥခွံကို ခေါက်ကြည့်လိုက်သည်။
"အထဲမှာ အကောင်ရှိနေလား"
မေးပြီးသည်နှင့် သူက သားရဲဥလေးအနား အသာကပ်ကာ အထဲမှ အသံကို နားထောင်ကြည့်လိုက်သည်။ သို့သော် မည်သည့်တုံ့ပြန်မှုမှ ဖြစ်မလာခဲ့ပေ။ နောက်ဆုံးတော့ သားရဲဥလေးက သစ်ဥလေးလိုပဲ ဖြစ်သည်။
သို့သော် သူ သားရဲဥလေးကို ခေါက်ကြည့်လိုက်တော့ အခွံပိုထူလာသည်ကို သတိထားမိသည်။ ကြည့်ရသည်မှာ ထိုအရာလေး ကြီးထွားလာဟန် ရှိသည်။
ကျန်းလန် ရေသဖန်းပင်လေးကို ကြည့်လိုက်သည်။
သို့သော် ထိုအရာလေးကိုတော့ မည်သို့ နှုတ်ဆက်စကားဆိုရမည် မသိသောကြောင့် လက်လျှော့လိုက်ရတော့၏။
ကျန်းလန် နဝမတောင်ထွတ်သို့ ပြန်လာချိန်တွင် အဋ္ဌမမင်းသားကတော့ သားရဲများဖမ်းဆီးရန် ခွန်လွန်တောင်မှ ထွက်ခွာသွားလေသည်။
မကြာမီကပင် အဋ္ဌမမင်းသားက သူနေထိုင်ရန် ကိုုယ်ပိုင်တောင်တစ်လုံး ရှာဖွေနေလေသည်။ သူက ကျန်းလန်ကို ကူညီပေးစေချင်သော်လည်း ကျန်းလန်က ပါဝင်ပတ်သက်လိုခြင်း မရှိပေ။
ခွန်လွန်တောင်က မြေအောက်နတ်ဆိုးများအကြောင်း သိရှိပြီးဖြစ်သော်လည်း မည်သည့်လှုပ်ရှားမှုမှ ထပ်မံ မပြုလုပ်ခဲ့ပေ။
အဋ္ဌမမင်းသားစကားအရတော့ ခွန်လွန်တောင် အနီးပတ်ဝန်းကျင်တွင် မြေအောက်နတ်ဆိုးများရှိနေနိုင်သေးသည်ဟု ဆို၏။
သို့သော် မည်သည့်နေရာတွင် ပုန်းအောင်းနေကြသည်ကို သူလည်း မသိရှိသလို လုန်မန်လည်း မသိရှိပေ။ သူအရင်က ရင်ဆိုင်ခဲ့ရသော မြေအောက်နတ်ဆိုးများထက် ပိုမိုများပြားမည်မှာတော့ အသေအချာပင်။
အဋ္ဌမင်းသားသည် သူ့ကို တစ်ခုခု ပြောပြချင်နေဟန်ရှိသော်လည်း သူ့ကိုယ်သူ မပြောမိအောင် ထိန်းထားသည်ဟု ကျန်းလန် ရိပ်မိခဲ့သည်။
မြေအောက်နတ်ဆိုးများရရှိထားသည့် နတ်ဘုရားရာထူးအသစ်အကြောင်းကို ပြောပြလိုဟန် ရှိသည်။ "မြေအောက်နတ်ဆိုးအဓိပတိဘိုးဘေး" ဆိုသည့် နတ်ဘုရားရာထူးနာမည်ကို အဋ္ဌမမင်းသား ကြားဖူးထားသည် မဟုတ်ပါလား။
သူက ကျန်းလန်ကို ထိုအကြောင်းများနှင့်ပတ်သက်ပြီး တစ်ခါမှ အပြည့်အ၀ ပြောမပြခဲ့ပေ။
ခွန်လွန်တောင်က အနည်းငယ် အန္တရယ်ရှိကြောင်း လုန်မန်လည်း ရိပ်မိမည်ဖြစ်သလို နံရံများတွင် နားများရှိသည်ဖြစ်ရာ စကားအရမ်းကာရောမပြောသည်က အကောင်းဆုံးပင်။
ထို့ပြင် နောက်ဆုံးတစ်ကြိမ်က သူ့ခန္ဓာကိုယ်ပေါ်သို့ အလင်းတန်းတစ်ခု ကျရောက်လာပြီးသည့်နောက်ပိုင်း အချိန်တိုင်း တစ်စုံတစ်ယောက်က သူ့ကို စိုက်ကြည့်နေသလို ခံစားရလေသည်။
ထို့ကြောင့် လုန်မန်တစ်ယောက် မည်သည့်စကားမှ မပြောရဲခြင်း ဖြစ်သည်။
နောက်တစ်ချက်မှာ ကျန်းလန်မှာလည်း ထိုနတ်ဘုရားရာထူးများနှင့် သိပ်ပြီးသက်ဆိုင်ခြင်းမရှိနိုင်ဟု လုန်မန် ယူဆမိသည်။
"အဋ္ဌမမင်းသားက အတော်လေးတော့ သတိထားတယ် ၊ ဒါပေမဲ့ သူက စကားတော့ နားထောင်တယ်"
ကျန်းလန် တွေးလိုက်သည်။
သူက မြေအောက်နတ်ဆိုးအဓိပတိဘိုးဘေးနှင့် တိုက်ခိုက်ခဲ့ရသည့် တိုက်ပွဲကို ပြန်စဉ်းစားနေမိသည်။
သူ့ကို ကူညီတိုက်ခိုက်ပေးသူတစ်ယောက် ရှိနေကြောင်း သိလိုက်သည်နှင့် အဋ္ဌမမင်းသားက ချက်ချင်းပင် တိုက်ပွဲတွင် ယုံကြည်မှု ရှိလာခဲ့သည်။
အမှန်တော့ ထိုနေ့တိုက်ပွဲတွင် ကျန်းလန်သည်လည်း ကံကောင်းသွားခြင်း ဖြစ်၏။
ကျန်းလန် ထိုင်ခုံတွင်ထိုင်ရင်း နာမ်ဝိညာဉ်ရောင်ပြန်ပညာစာအုပ်ကို လှန်လိုက်သည်။ သူ့စိတ်ကတော့ တည်ငြိမ်လျှက်ရှိ၏။
ယနေ့ သူပြုလုပ်ထားသည့်အစီအရင်က ရန်သူ၏ဝဲဂယက် (၄)ခုလုံကို နောက်ဆုတ်အောင် လုပ်လိုက်ခြင်းက ကောင်းသည့်အချက်ဖြစ်သည်ဟု ခံစားရသည်။
ထိုအစီအရင်ကို သူ သတ္တိရှှိ ပြုလုပ်ရဲသည်မှာလည်း သူ့နောက်တွင် ခွန်လွန်တောင် ရှိနေသောကြောင့် ဖြစ်သည်။ သူ့အစီအစဉ် ကျရှုံးသွားလျှင်လည်း တောင်သခင်များက တိုက်ခိုက်ကြမည်သာ ဖြစ်၏။
မည်သို့ပင်ဖြစ်စေ ယခုတစ်ကြိမ် အတော်လေး ကောင်းကောင်းမွန်မွန် အလုပ်ဖြစ်သွားသည်မှာ ကံကောင်းသည်ဟု ဆိုရမည်။
ရန်သူများနောက်ဆုတ်သွားသည်မှာ သူတို့အနေဖြင့် မစွန့်စားရဲခြင်းလည်း ဖြစ်နိုင်သလို ဆရာဦးလေးကျိုးကျုန်းထျန်း၏ ပုံရိပ်ကိုလည်း ကြောက်ရွံ့သွားခြင်း ဖြစ်ပေလိမ့်မည်။
"ဂိုဏ်းတူအစ်မကတော့ မိုးကောင်းကင်စမ်းသပ်ခံရခြင်းကို အောင်အောင်မြင်မြင်နဲ့ ကျော်ဖြတ်သွားနိုင်ပြီ ၊ သူ့ရဲ့ကျင့်ကြံခြင်းအဆင့် တည်ငြိမ်အောင်လုပ်ဖို့ အချိန် (၁)နှစ်ခွဲလောက်တော့ လိုလိမ့်မယ် ၊ အဲဒီအချိန်အတွင်း ငါလည်း တစ်ခုခု လုပ်ရမယ်"
ကျန်းလန် တွေးလိုက်သည်။
မရဏဂူထဲတွင် ပြောင်းလဲမှုများ ဖြစ်ပေါ်လျှက် ရှိသည်။ ဆရာဖြစ်သူ၏ စကားအရဆိုလျှင် ထူးခြားမှုတစ်စုံတစ်ရာ ရှိလာနိုင်လေသည်။
ထိုသို့သော ပြောင်းလဲမှုမျိုးကို ကျန်းလန် ပထမဆုံးအကြိမ် ရင်ဆိုင်ဖူးခြင်း ဖြစ်သည်။ ထို့ကြောင့် သူက ပြဿနာမဖြစ်စေရန်အတွက် လုံလောက်သည့် အစီအရင်များ ပြုလုပ်ထားရန် ဆုံးဖြတ်လိုက်သည်။
ထို့ပြင် အချိန်ရလျှင် ရှောင်ယွိအတွက် တုတ်ထိုးသကြားလုံးများ သွားဝယ်ရန်လည်း ဆုံးဖြတ်ထားသည်။ တုတ်ထိုးသကြားလုံးများက အရသာသိပ်မရှိသော်လည်း ရှောင်ယွိက သဘောကျလေသည်။
သူမအတွက် အခြားသောလက်ဆောင်ပစ္စည်းဝယ်ပေးရန်ကတော့…
လုန်ယွိက တောက်ပြောင်သည့်အရာများကို နှစ်သက်တတ်ပြီး ထိုပစ္စည်းများကို သူမကိုယ်တိုင် သိမ်းဆည်းထားတတ်လေသည်။
သို့ဖြစ်ရာ လုန်ယွိဆီမှ ပစ္စည်းများပြန်ခိုးပြီး လုန်ယွိကို လက်ဆောင်ပြန်ပေးမှသာ အဆင်ပြေပေလိမ့်မည်။
သို့သော် လောလောဆယ်တွင် လုန်ယွိထံမှ ပစ္စည်းခိုးရန် မဖြစ်နိုင်ပေ။ အကြောင်းမှာ သူ ကျောက်စိမ်းရေကန်သို့ မသွားနိုင်သေးသောကြောင့် ဖြစ်၏။
ထို့ကြောင့် တုတ်ထိုးသကြားလုံး သွားဝယ်ခြင်းကသာ အကောင်းဆုံး ဖြစ်ပေလိမ့်မည်။
ကျန်းလန် နာမ်ဝိညာဉ်ရောင်ပြန်ပညာစာအုပ်ကိုဆက်ဖတ်လိုက်သည်။
စာအုပ်ကိုဖတ်လေလေ ၊ ဤကျင့်စဉ်က ထူးခြားလွန်းသည်ကို ပိုမိုသိရှိလာလေ ဖြစ်သည်။
အမှန်တော့ ဆရာဖြစ်သူကြောင့်သာ မဟုတ်လျှင် သူ ထိုစာအုပ်ကို ရရှိနိုင်မည် မဟုတ်ပေ။
ညနေခင်းတွင်တော့...
ကျန်းလန် ကျင့်ကြံရန်အတွက် မရဏဂူသို့ ထွက်လာခဲ့သည်။
သူ အကြံတစ်ခု ရထားသည်ဖြစ်ရာ မနက်ဖန်ဆိုလျှင် အစီအရင်အသစ်တစ်ခု စတင်တည်ဆောက်ရန် စဉ်းစားထားသည်။
သူက ငရဲတံခါးမှ ထွက်လာသည့် သတ္တဝါများကို ထောင်ဖမ်းရန်အတွက် မရဏဂူထဲတွင် ချိတ်ပိတ်သည့်အစီအရင်တစ်ခု ပြုလုပ်ချင်သည်။
ထို့ပြင် သူ၏စိတ်အာရုံထဲသို့ ကိုယ်တွင်းမိစ္ဆာဝင်ရောက်ခြင်းကို တားဆီးရန် စိတ်ငြိမ်သက်အစီအရင်ကိုလည်း ပြုလုပ်ရမည် ဖြစ်သည်။
ထိုအစီအရင် (၂)ခု ပြုလုပ်ထားမှသာ ငရဲတံခါးမှ ထွက်လာသည့် သတ္တဝါများကို တစ်ချက်တည်းဖြင့် သတ်ဖြတ်ပစ်နိုင်မည် ဖြစ်သည်။
သူက ငရဲတံခါးအတွင်းသို့ မည်သည့်အခါမှလည်း မကြည့်ခဲ့သလို ငရဲတံခါးအတွင်းမှ သတ္တဝါများနှင့် ဆက်သွယ်၍လည်း သဘောတူညီမှု ပြုလုပ်ခဲ့ခြင်း မရှိပေ။
သူ့အတွေးများက ဘယ်တော့မှ ပြောင်းလဲမည် မဟုတ်ဘဲ ထိုသတ္တဝါများကို ငရဲပြည်တန်းပို့ပေးမည် ဖြစ်သည်။
ကျန်းလန် ခံစားချက်များကို ဘေးဖယ်ထားလိုက်ပြီး ရွှေခန္ဓာရရှိအောင် ဆက်လက်ကျင့်ကြံလိုက်သည်။
တာအိုတန်ခိုးစွမ်းအားများက သူ့ခန္ဓာကိုယ်တစ်လျှောက် စီးဆင်းသွားသည်။
ထိုတာအိုတန်ခိုးစွမ်းအားများ သူ့ခန္ဓာကိုယ်တစ်ခုလုံးသို့ ပျံ့နှံ့သွားချိန် သူသည်လည်း မိုးကောင်းကင်အင်မော်တယ်အဆင့်သို့ တက်ရောက်နိုင်မည် ဖြစ်သည်။
လက်ရှိမှာတော့ နည်းပါးသည့် တာအိုတန်ခိုးစွမ်းအားကသာလျှင် သူ့ခန္ဓာကိုယ်အစိတ်အပိုင်းအချို့သို့ စီးဆင်းပျံ့နှံ့နေနိုင်ဆဲ ဖြစ်သည်။
ဤသို့ကျင့်ကြံခြင်းက သူ၏ အသွေးအသားများကို သန်မာစေသည်။
ထိုသို့ ရုပ်ခန္ဓာသန်မာအောင် ကျင့်ကြံပြီးသည်နှင့် မိုးကောင်းကင်အင်မော်တယ် ၊အလယ်ဆင့်သို့ သူ တက်ရောက်နိုင်မည် ဖြစ်သည်။
ထိုအဆင့်အောင်မြင်သွားလျှင် သူ၏ သွေးကြောဆုံချက်များအားလုံးကို ထိန်းညှိနိုင်ရန် ကျင့်ကြံရမည် ဖြစ်သည်။
သူ၏ သွေးကြောဆုံချက်များအားလုံးကို အပြည့်အ၀ ထိန်းညှိပြီးသည်နှင့် မိုးကောင်းကင်အင်မော်တယ် နောက်ဆုံးအဆင့်သို့ ရောက်ရှိသွားမည် ဖြစ်သည်။
ထို့နောက် သူ၏ အရိုးများကို ထိန်းညှိရန်လိုအပ်ပြီး နောက်ဆုံးတွင် မူလဝိညာဉ်ကို ထိန်းညှိရမည် ဖြစ်သည်။
ထိုအရာများအားလုံးကို ထိန်းညှိပြီးသည်နှင့် သူက ပြီးပြည့်စုံသည့် ရွှေခန္ဓာကို ရရှိမည် ဖြစ်၏။
ဤသည်က တာ့လောက်အင်မော်တယ် ဖြစ်လာရန် အခြေခံတစ်ခုပင် ဖြစ်သည်။
နေ့ဘက်တွင်တော့ ကျန်းလန်က ကျင့်ကြံခြင်းကို ရပ်နားပြီး စာဖတ်ခြင်းနှင့် အစီအရင်တည်ဆောက်ခြင်းများကို ပြုလုပ်သည်။
ညဘက်အချိန်များတွင်တော့ ကျင့်ကြံခြင်းကို ဆက်လက်ပြုလုပ်သည်။
သူက ဘယ်တော့မှ အချိန်လည်းမဆွဲသလို အချိန်ဖြုန်းတီးခြင်းလည်း မရှိပေ။
***
မျက်စိတစ်မှိတ်အတွင်းမှာပင် နွေဦးရာသီ ၊ ဆောင်းဦးရာသီများ ဖြတ်ကျော်ပြောင်းလဲသွားသည်။
ကျန်လန်ကတော့ လိုအပ်သည့်အစီအရင်များအားလုံး ပြုလုပ်ပြီးသွားပြီ ဖြစ်သလို ကျင့်ကြံခြင်းသည်လည်းသိသိသာသာတိုးတက်လာသည်။
သူ၏ရုပ်ခန္ဓာကျင့်စဉ် ပြီးဆုံးတော့မည်ဟု ကျန်းလန် ခံစားနေရသည်။
နောက်ထပ် (၁၀)နှစ်ကျော်ကျော်လောက်တွင် မိုးကောင်းကင်အင်မော်တယ် ၊ အလယ်ဆင့်သို့ သူ တက်ရောက်နိုင်မည် ဖြစ်သည်။
သူ၏ ကျင့်ကြံခြင်း ယခုလောက်လျှင်မြန်လာသည်မှာ ဉာဏ်အလင်းပွင့်ခြင်းကြောင့် ဖြစ်သည်။ မဟုတ်လျှင် နောက်ထပ် အနှစ် (၄၀)ခန့် ကြာမြင့်စွာ ကျင့်ကြံရမည် ဖြစ်သည်။
နံနက်ခင်းအချိန်။
ကျန်းလန် မရဏဂူထဲမှ ထွက်လာ၏။
ယခုလောလောဆယ်တွင် မရဏဂူထဲတွင် မရဏအငွေ့အသက်များ များပြားနေခြင်း မရှိပေ။
သာမန်မရဏအငွေ့အသက်များ ထွက်ပေါ်နေသည်ဟုသာ မှတ်ယူနိုင်သည်။
ယခုအချိန်က လွန်ခဲ့သည့် နှစ်များကနှင့် မတူညီပေ။
ထိုစဉ်ကတော့ မရဏအငွေ့အသက်များ ပေါက်ကွဲထွက်ချိန်တွင် သူ ပြဿနာတက်ခဲ့ရသည်။
သို့သော်…
ထိုသို့ နတ်မိစ္ဆာများနှင့် တိုက်ပွဲရင်ဆိုင်ခဲ့ရခြင်းက ငရဲတံခါးအကြောင်း ပိုမိုနားလည်လာခဲ့သလို အတွေ့အကြုံများစွာလည်း ရရှိခဲ့သည်။
ယခုတစ်ကြိမ်တွင် နတ်မိစ္ဆာများ သို့မဟုတ် နတ်ဆိုးများ လှုပ်ရှားကြမည်လား မသေချာလှပေ။
သူတို့လှုပ်ရှားလျှင်တော့ သေချာပေါက် ပြဿနာဖြစ်လာပေလိမ့်မည်။
သို့သော် သူလုပ်နိုင်သည်က ပြဿနာများကို ရင်ဆိုင်ရန်အတွက် လုံလောက်သည့် ပြင်ဆင်မှုများ ပြုလုပ်ထားရန်သာ ဖြစ်သည်။
သူ့တွင် နည်းလမ်းမရှိလျှင်တောင်မှ ဆရာဖြစ်သူ ရှိနေသေးသည်။
သူက ယခုအချိန်အထိ ဆရာဖြစ်သူ၏ အကာအကွယ်အောက်တွင် နေထိုင်နေရဆဲဖြစ်၏။
သူ မြန်နိုင်သမျှမြန်မြန် အရွယ်ရောက်သူတစ်ယောက်အဖြစ် ဆရာဖြစ်သူနှင့် ရင်ပေါင်တန်းနိုင်ရန် မျှော်လင့်မိသည်။
သူ ခြံဝင်းဆီ ရောက်လာသည့်အခါ ပုံရိပ်လေးတစ်ခုကို တွေ့မြင်လိုက်ရသည်။
သူမက သားရဲဥလေးနှင့် ရေသဖန်းပင်လေးကို ဝိညာဉ်ဆေးရည်များ လောင်းပေးနေပြီး မျက်နှာလေးက တည်ကြည်လေးနက်လျှက် ရှိသည်။
ထိုမိန်းမပျိုလေးသည်ကား ရှောင်ယွိပင် ဖြစ်လေသည်။
ရှောင်ယွိကို တွေ့လိုက်ရသည့်အခါ ကျန်းလန် အနည်းငယ် စိတ်သက်သာရာရသွားသည်။ သူမ မိုးကောင်းကင်စမ်းသပ်ခံရခြင်းကို အခက်အခဲမရှိ ချောမွေ့စွာ ရင်ဆိုင်နိုင်ခဲ့သည် မဟုတ်လား။
ထိုအချိန်မှာပင် ရှောင်ယွိက ခေါင်းမော့ကြည့်လိုက်ရာ သူမကိုကြည့်နေသည့် ကျန်းလန်ကို တွေ့လိုက်ရသည်။ သူမက ခြံဝင်းထဲမှ အပြေးလေးထွက်လာပြီး ကျန်းလန်ရှိရာသို့ ရောက်လာသည်။
ရှောင်ယွိက…
"ဂိုဏ်းတူမောင်လေး ၊ ကျွန်မ ရှင့်ကို သတင်းကောင်းတစ်ခု ပြောစရာရှိတယ် သိလား"
သူမမျက်နှာလေးက စိတ်လှုပ်ရှားမှုအပြည့်နှင့် ဖြစ်လေသည်။
ပြီးနောက် သူမက မည်သည့်စကားမှ ဆက်မပြောဘဲ လက်နှစ်ဖက်ကို နောက်ပစ်ကာ ကျန်းလန်က "ဘာများလဲ" ဟု မေးမြန်းမည်ကို စောင့်ဆိုင်းနေသည်။
ကျန်းလန်က…
"ဘာ သတင်းကောင်းလဲ ဂိုဏ်းတူအစ်မ…"
ရှောင်ယွိက သူ မေးမြန်းမည့်အချိန်ကို စောင့်နေကြောင်း သိရှိသည့်အတွက် ကျန်းလန်က မေးလိုက်ခြင်းပင်။
ရှောင်ယွိက မျက်လုံးလေးများ ပိတ်သွားသည်အထိ ရယ်မောလိုက်ရင်း…
"အခု အင်မော်တယ် ဖြစ်သွားပြီဆိုတော့ ကျွန်မ ကလေးမဟုတ်တော့ဘူး ၊ လူကြီးတစ်ယောက်ဖြစ်သွားပြီ သိလား ၊ အဲဒီ သတင်းကောင်းကို ပြောမလို့"
"……"
သူမစကားကြောင့် ကျန်းလန် အံ့သြမှင်တက်သွားရ၏။
ရှောင်ယွိက သူမ လက်ထပ်ရမည့်အရွယ်ရောက်ပြီဟု ဆိုလိုခြင်းလေလား။
ကျန်းလန်က သူဝယ်ထားသည့် တုတ်ထိုးသကြားလုံးများကို ထုတ်ယူလိုက်ရင်း…
"မင်း တုတ်ထိုးသကြားလုံးတွေ စားဦးမှာလား"
သူ အားလပ်ချိန်တွင် ချင်းချန်မြို့သို့သွားကာ တုတ်ထိုးသကြားလုံးများ ဝယ်ထားခြင်း ဖြစ်သည်။
လမ်းတွင် အဋ္ဌမမင်းသားနှင့်ပင် ဆုံခဲ့သေး၏။
ထိုတစ်ခေါက်ကတော့ အဋ္ဌမမင်းသားက မြေအောက်နတ်ဆိုးမျိုးနွယ်များ ရရှိထားသည့် နတ်ဘုရားရာထူးအကြောင်း ကျန်းလန်ကို ပြောပြခဲ့သည်။
သူကတော့ မြေအောက်နတ်ဆိုးများကို သတိထားရန်သာ လုန်မန်ကို သတိပေးခဲ့သည်။
နတ်ဘုရားရာထူး (၅)ခု၏ အမည်များကို အဋ္ဌမမင်းသား သိရှိသော်လည်း ထို (၅)ခုထဲမှ တစ်ခုမှာ နတ်ဘုရားရာထူးအတုဖြစ်ကြောင်း အနည်းငယ် ရိပ်မိဟန် ရှိသည်။
မှော်ဝင်တိမ်တိုက်တောင်စုဝေးပွဲတွင်ထွက်ပေါ်လာသည့် "ဧကရာဇ်လွန်လင်" ဆိုသည်မှာ နတ်ဘုရားရာထူးအတုဖြစ်သည် မဟုတ်ပါလား။
ဧကရာဇ်ရှီးဟယ်ဆိုသည့် နတ်ဘုရားရာထူးနာမည်ကိုတော့ အခြားအင်အားစုများက သိရှိကြမည် မဟုတ်ပေ။ ကျန်းလန်သာလျှင် သိရှိခြင်း ဖြစ်သည်။
ခွန်လွန်တောင်မှ တောင်သခင်များလည်း ဧကရာဇ်ရှီးဟယ်အကြောင်း သိရှိကြသည်။
သို့သော် တောင်သခင်များကတော့ ဧကရာဇ်ရှီးဟယ်ကို ကြောက်ရွံ့ချင်မှ ကြောက်ရွံ့ကြပေလိမ့်မည်။ သူတို့၏ ကျင့်ကြံခြင်းအဆင့်က ပြောစရာမလိုအောင် မြင့်မားလွန်းကြသည် မဟုတ်လား။
ယခုအချိန်ထိ တောင်သခင်များ၏ ကျင့်ကြံခြင်းအဆင့်ကို ကျန်းလန် သိမြင်နိုင်ခြင်း မရှိသေးပေ။
တောင်သခင်များထဲတွင် ကျင့်ကြံခြင်းအဆင့်အနိမ့်ဆုံးဖြစ်သည့်ဆရာဒေါ်လေးကျူးချင်၏ ကျင့်ကြံခြင်းအဆင့်ကိုပင် ကျန်းလန် မသိမြင်နိုင်ပေ။
ဆိုလိုသည်မှာ ခွန်လွန်တောင်မှ တောင်သခင် (၉)ယောက်လုံးသည် ကြောက်မက်ဖွယ်ရာကောင်းလောက်အောင် တန်ခိုးစွမ်းအားမြင့်မားသည်ဟု ဆိုလိုခြင်း ဖြစ်သည်။
"စားမှာပေါ့ ၊ ဘာလို့ မစားရမှာလဲ"
ရှောင်ယွိက ကျန်းလန်လက်ထဲမှ တုတ်ထိုးသကြးလုံးများကို ချက်ချင်းပင် လှမ်းယူလိုက်သည်။
"အခု လူကြီးဖြစ်ပြီဆိုပေမယ့် ဂိုဏ်းတူမောင်လေးပေးတဲ့ တုတ်ထိုးသကြားလုံးကို မစားဘူးလို့ မပြောမိပါဘူးနော်"
ပြောပြီးသည်နှင့် ရှောင်ယွိက တုတ်ထိုးသကြားလုံးတစ်ချောင်းကို ကိုက်စားလိုက်သည်။
စားနေရင်းမှ သူမက သစ်သားဓားလေးကို ကျန်းလန်ဆီ ကမ်းပေးလိုက်၏။
ကျန်းလန်က သစ်သားဓားလေးကို လှမ်းယူလိုက်ရင်း…
"ဂိုဏ်းတူအစ်မ ဘယ်တုန်းကတည်းက ဒီကို ရောက်နေတာလဲ"
"အရုဏ်မတက်ခင်ကတည်းက ရောက်နေတာ ၊ ကျွန်မ အားနေတာနဲ့ ခြံဝင်းတစ်ခုလုံး သန့်ရှင်းရေးလုပ်ထားတယ်လေ"
ထို့နောက် သူမက ကျန်းလန်နှင့်အတူ ခြံဝင်းထဲ လိုက်ဝင်သွားသည်။
ထို့နောက် သူမက ဂုဏ်ယူဝင့်ကြွားဟန်ဖြင့် ရင်ဘတ်ကို ပုတ်လိုက်ရင်း…
"အခု ကျွန်မက လူကြီးတစ်ယောက်ဖြစ်ပြီဆိုတော့ ဒီနေ့ကစပြီး ဂိုဏ်းတူမောင်လေးကို ကာကွယ်ပေးတော့မယ်"