← Chapters

အခန်း (၃၃-၃၄)

Vol. 4 Ch. 33-34

အခန်း (၃၃-၃၄)

Vol. 4 Ch. 33-34

အခန်း (၃၃) မင်း... မင်းက တကယ့်ကို ခေါင်းမာတဲ့ မြည်းပေါက်လေးပဲ…

ချန်လျိုရွာတွင် သဲကို ဆန်ဟုထင်ပြီး ကျောက်ခဲကို ပေါက်စီဟုထင်တတ်သော ဉာဏ်ရည်မပြည့်ဝသည့် ကောင်လေးများရှိနေခြင်းမှာ အံ့သြစရာပင်ဖြစ်သည်။

လူသားများနှင့်မခြား ဉာဏ်ရည်ပြည့်ဝသော သတ္တဝါကြီးများလည်း ရှိနေပေသည်။

ဤမိုးမခပင်က သတ္တဝါကြီးတစ်ကောင်ဖြစ်သည်မှာ ထင်ရှားလှသည်။

"ငါ့ရှေ့ကနေ ထွက်သွားစမ်း မင်းအတွက် အချိန်မရှိဘူး..."

အပြင်လူများရှိနေချိန်တွင် စုလီယန်မိခင်၏ လေယူလေသိမ်းက ပုံမှန်ဟု ဆိုနိုင်သေးသည်။

သို့သော် အနီးနားတွင် မည်သူမျှမရှိသောကြောင့် သူမ၏လေယူလေသိမ်းမှာ မန်ချူးလေယူလေသိမ်း ဖြစ်နေလေသည်။

ပုံမှန်အားဖြင့် မိုးမခပင်က ပျော်ရွှင်စေရန် ထွက်လာပါက အဆင်ပြေပေမည်။

သို့သော် ယခုအခါ စုလီယန်၏မိခင်မှာ အလျင်လိုနေလေသည်။

သားမက်ဖြစ်သူက ဘယ်အချိန်ရောက်လာမည်ကို သူမ မသိပေ။ ပစ္စည်းလာပို့သူများနှင့်အတူ ညနက်မှ ပြန်ရောက်လာလျှင် ဘယ်လိုလုပ်မည်နည်း။

၎င်းတို့ကို ချက်ချင်းသွားပြောရန် လိုအပ်ပေသည်။

ဤရွာတွင် အလုပ်လုပ်နေသူများက မည်သူ့ကိုမျှ အန္တရာယ်မပြုသော်လည်း သူတို့ထဲမှအချို့က အတော်လေး သွက်လက်သော စရိုက်လက္ခဏာရှိကြသည်။

ထို့ကြောင့် ချက်ချင်းသွားရန် လိုအပ်ပေသည်။

ဤမိုးမခပင်နှင့် အခြားအကြောင်းအရာများကို ပြောနေရန် အချိန်မရှိပေ။

စုလီယန်မိခင်၏ ကျိန်ဆဲသံကို ကြားလိုက်ရပြီးနောက် သစ်ပင်ပင်စည်ပေါ်ရှိ တစ္ဆေမျက်နှာက ထွက်ပေါ်လာခဲ့သည်။

သူက အစပိုင်းတွင် လန့်သွားပြီး နောက်တစ်စက္ကန့်တွင် ပျောက်ကွယ်သွားလေသည်။

မိုးမခပင်တစ်ပင်လုံး တရှဲရှဲ မြည်နေခဲ့သည်။

သူတို့က အတော်လေး ထိတ်လန့်သွားပုံရသည်။

ကျောက်ခဲများကို ကောက်ယူပြီးနောက် စုလီယန်၏မိခင်က ခြင်းတောင်းတစ်လုံးကိုကိုင်ကာ ရွာမှ လမ်းမကြီးဆီသို့ လျှောက်သွားခဲ့သည်။

အဝေးတွင် ရွာထဲသို့ဝင်သော လမ်းရှိပြီး နွားလှည်းများနှင့် မြင်းလှည်းများက အခါအားလျော်စွာ ဝင်လာတတ်သည်။

ခေါင်းလောင်းသံများက တောရိုင်းတစ်ခွင်တွင် ပဲ့တင်ထပ်နေလေသည်။

စုလီယန်၏မိခင်က လမ်းလျှောက်ရင်း ကျောက်ခဲများနှင့် သဲများကို ကောက်ယူကာ မြေပြင်ပေါ်သို့ ပစ်ချနေလေသည်။

ပစ်ချနေရင်း သူမက ရေရွတ်လိုက်သည်။

"အိမ်နီးချင်းကောင်းတို့ အိမ်နီးချင်းကောင်းတို့ ညစာစားဖို့ ထွက်လာကြ..."

"ပြောစရာရှိလို့..."

စုလီယန်၏မိခင် စကားပြောပြီးသည်နှင့် ကြောက်မက်ဖွယ်ကောင်းသော လေပြေများက သူတို့ပတ်ဝန်းကျင်တွင် တိုက်ခတ်လာခဲ့သည်။

ထိုလေပြေက စုလီယန်မိခင်၏ အကြမ်းထည်စကတ်စွန်းကို လွင့်စင်သွားစေခဲ့သည်။

မမြင်နိုင်၊ မထိတွေ့နိုင်သော အရာများစွာက အစာအတွက် အလုအယက် ဖြစ်နေပုံရသည်။

"ငါ့သမီး လက်ထပ်သွားပြီးလို့ အိမ်ထောင်ကောင်းကျသွားပြီ..."

"မနက်ဖြန်ကျရင် ငါ့သားမက်က ငါ့သမီးနဲ့အတူ အိမ်ပြန်လာမှာဖြစ်ပြီး ငါတို့တွေ ပွဲကျင်းပကြမယ်..."

"ငါ့သားမက်က ရုပ်ချောတယ် အနာဂတ်ကောင်းတယ် ငါ့သမီးအပေါ် ပိုပြီးတော့တောင် ကောင်းသေးတယ်..."

"တစ်ချက်ပဲ ပြဿနာရှိတယ် ငါ့သားမက်က နည်းနည်းကြောက်တတ်တယ် ဒါကြောင့် အိမ်နီးချင်းဟောင်းတွေ သူ့ကိုမြင်ရင် အဝေးကနေပဲ ကြည့်ကြ..."

"အနီးကပ်မသွားကြနဲ့ ငါ့သားမက်ကို လန့်သွားစေလိမ့်မယ်..."

စုလီယန်၏မိခင်က တရားဝင်လမ်းမကြီးဆီသို့ ကုန်းစောင်းတစ်လျှောက် လျှောက်သွားရင်း ရေရွတ်နေခဲ့သည်။

"အစ်မကြီး ဒါတွေအကုန်လုံး ခင်ဗျားအတွက်ပဲလား..."

"အစ်မကြီး မိသားစုက အဲ့လောက်တောင် ရုန်းကန်နေရတာကို ဘာလို့ တစ္ဆေလေးကို ဒါတွေနဲ့ လှည့်စားဖို့ ကြိုးစားနေတုန်းလဲ..."

"ဟုတ်တယ် ခုနက ငါတွေ့လိုက်တယ် အနည်းဆုံး ဆူနေတဲ့ဝက်ကြီး ခြောက်ကောင်ပဲ..."

"ကျွတ် ကျွတ်... အဲ့အဆီတုံးကြီးက အရမ်းကို မြည်းစမ်းချင်စရာကောင်းတာပဲ..."

ဒေသန္တရစကားများနှင့် လေယူလေသိမ်းအမျိုးမျိုးက ပတ်ဝန်းကျင်အနှံ့မှ ထွက်ပေါ်လာခဲ့သည်။

လူတိုင်းက ယနေ့ည၏ စည်ကားသောမြင်ကွင်းကို အလွန်သိချင်နေကြသည်။

ဤကောင်များ၏ လှောင်ပြောင်မှုနှင့်ပတ်သက်၍ စုလီယန်၏မိခင်က မျက်မှောင်အနည်းငယ်ကြုတ်ကာ တံတွေးထွေးလိုက်သည်။

“ဟမ့်..."

"အဲ့တာတွေအကုန်လုံးက ပွဲကျင်းပဖို့ ငါ့သားမက်ရဲ့ ချွေးနဲစာနဲ့ မြို့ကနေ ဝယ်လာတာ..."

"မင်းတို့က စားချင်သေးလား..."

ပတ်ဝန်းကျင်ရှိ မမြင်နိုင်၊ မထိတွေ့နိုင်သော ဤသတ္တဝါများက အသိဉာဏ်ရှိကြသော်လည်း တကယ်တမ်းတွင် ထိုအရာများကို စားချင်ပုံမရပေ။

၎င်းက စုလီယန်၏မိခင်ကို ကြည့်ပြီး သူမကို အနည်းငယ် ဖျော်ဖြေရန်သက်သက်သာဖြစ်သည်။

မည်သို့ပင်ဖြစ်စေ ဤအမျိုးသမီးကြီးက မည်မျှကပ်စေးနဲကြောင်း လူတိုင်းသိကြပေသည်။

ထို့နောက် စုလီယန်၏မိခင်က ပြောလိုက်သည်။

"ငါ့သားမက် ရောက်လာရင် မင်းတို့ အဲ့ကောင်လေးတွေကို ကူညီစောင့်ကြည့်ပေးရမယ်..."

"အဲ့ဆိုးသွမ်းပြီး သွက်လက်တဲ့ အကောင်တွေကို ငါ့အနားကနေ ဖယ်ထား ငါ့သားမက်ကို လန့်သွားစေလိမ့်မယ်..."

"မဟုတ်ရင် မင်းတို့ကို တကယ် ဒေါသထွက်မိလိမ့်မယ်..."

ဤသတ္တဝါကြီးများက ဤစကားများနှင့်ပတ်သက်၍ ကန့်ကွက်စရာမရှိပေ။

ပြဿနာမရှိကြောင်း သူတို့က ချက်ချင်းပြန်ဖြေလိုက်ကြသည်။

ထို့နောက် စုလီယန်၏မိခင်က ဤသတ္တဝါကြီးများကို လျစ်လျူရှုလိုက်သည်။

သူမက မြေပြင်ပေါ်သို့ သဲများဖြန့်ကြဲကာ ကျောက်ခဲများပစ်ချရင်း ဆက်လက်ရေရွတ်နေခဲ့သည်။

"အားလုံးပဲ ကောင်းကောင်းစားပြီး ဗိုက်ဝအောင်နေကြ စားပြီးရင် ဆူပူမနေကြနဲ့..."

"ဘယ်သူမဆို မလာနိုင်ရင် တွေ့တဲ့အခါ သတင်းပါးလိုက်ပါ..."

"ငါ့သားမက်က အရမ်းတော်တာ နောင်ကျရင် အပြင်မှာ အမှတ်မထင်ဆုံမိရင် တတ်နိုင်ရင် သူ့ကို ကူညီပေးပါဦး..."

"မကူညီနိုင်ရင်လည်း ကိစ္စမရှိပါဘူး..."

"ဒါပေမဲ့ ကျေးဇူးပြုပြီး ငါ့သားမက်ကိုတော့ ဒုက္ခမပေးပါနဲ့..."

"ငါ ရှင်းရှင်းလင်းလင်း ပြောထားမယ် ငါ့သားမက်ကို ဆန့်ကျင်တဲ့သူ ဘယ်သူမဆို..."

"အဲ့လိုလုပ်တဲ့သူကို ငါ လိုက်သတ်မှာပဲ..."

စုလီယန်၏မိခင် စကားပြောပြီးသည်နှင့် သူမက ဖြည်းညင်းစွာ လှည့်ကြည့်လိုက်သည်။

နီရဲနေသော ဒေါင်လိုက်သူငယ်အိမ်တစ်စုံက မှောင်မိုက်နေသော တောရိုင်းတစ်ခွင်ကို လွှမ်းခြုံသွားခဲ့သည်။

သူမ၏ အကြမ်းထည်စကတ်စွန်းမှ အနီရောင် မြွေမြီးကြီးတစ်ခု ထွက်ပေါ်လာပြီး တောင်စောင်းတစ်လျှောက် ရိုက်ခတ်သွားခဲ့သည်။

တစ်ချိန်က ဆူညံနေခဲ့သော ပတ်ဝန်းကျင်သည် သတ္တဝါကြီးများ၏ အသံများ၊ သူတို့၏ တီးတိုးစကားသံများနှင့် အစာလုနေကြသော သတ္တဝါငယ်များ၏ လေချွန်သံများဖြင့် ပြည့်နှက်နေခဲ့သည်။

ယခုအခါ အားလုံးပျောက်ကွယ်သွားပြီး လုံးဝတိတ်ဆိတ်သွားခဲ့ပြီဖြစ်သည်။

မှောင်မိုက်နေသော ညကောင်းကင်ကြီးကို အတန်ကြာစိုက်ကြည့်ပြီးနောက် စုလီယန်၏မိခင်က ကျေနပ်စွာ လှည့်ကာ တရားဝင်လမ်းမကြီးဆီသို့ ဆက်လျှောက်သွားခဲ့သည်။

သူမက ဆက်လက်ရေရွတ်နေခဲ့သည်။

…………

တိုင်နင်းမြို့၊ ကျောက်မိသားစု။

"အားလုံးအဆင်ပြေပါတယ်လို့ ကျွန်တော်ပြောပြီးပြီပဲ ဘာလို့ မယုံရတာလဲ..."

"ကြည့်လေ အဲဒီတုန်းက မှင်ကြိုးကို မြင်ခဲ့တယ် မဟုတ်လား..."

"အထင်ကြီးစရာကောင်းတယ် မဟုတ်လား..."

"ဒါလည်း အတူတူပဲ ဒါက မှင်ကြိုးထက်တောင် ပိုပြီး အထင်ကြီးစရာကောင်းသေးတယ် ဒါကလည်း မိသားစုအမွေအနှစ်ပဲ..."

"ကျွန်တော် နေခဲ့ရင် သေချာပေါက် အကူအညီဖြစ်နိုင်ပါတယ် ကျွန်တော်က ဝန်ထုပ်ဝန်ပိုးဖြစ်မှာ မဟုတ်ပါဘူး..."

လုယွမ်က စားပွဲပေါ်ရှိ သူ၏လုပန်းမှင်အိုးနှင့် ကောင်းကင်ဆရာသခင်ဓားကို ညွှန်ပြကာ ကျယ်လောင်စွာ အော်ပြောလိုက်သည်။

တစ်ချိန်တည်းမှာပင် ကျောက်ချောင်အာက သူမ၏နှလုံးသားများ တုန်ယင်လာသည်အထိ စိုးရိမ်ပူပန်နေခဲ့သည်။

လုယွမ်ကို ကူကယ်ရာမဲ့စွာ ကြည့်ရင်း သူမက ပြောလိုက်သည်။

"အိုး... ငါ့တူလေးရယ် မင်းက ဝန်ထုပ်ဝန်ပိုးဖြစ်မှာကို စိုးရိမ်လို့ မဟုတ်ဘူး..."

"အဒေါ်က ဘာကိုကြောက်နေလဲဆိုတာ မင်း မသိဘူးလား ငါ့တူရဲ့..."

"ခုကိစ္စက အန္တရာယ်များတယ်..."

သူတို့က မြို့ပြင်မှာ ပူဇော်ပွဲလုပ်ဖို့ တာအိုဆရာတော်လုံချွမ်းကို ဖိတ်ထားပေမဲ့ ၎င်းက အန္တရာယ်များတုန်းပဲဖြစ်ကြောင်း သူ မသိပေ။

မနေ့က ပြည်နယ်မြို့တော်ကလာတဲ့ တာအိုဆရာတော်နှစ်ပါးထဲက တစ်ပါးသေပြီး တစ်ပါးဒဏ်ရာရသွားတယ်ဆိုတာ မင်း မသိဘူးလား ဟု သူမပြောချင်နေသည်။

လုယွမ်က မျက်ခုံးပင့်ကာ ပြောလိုက်သည်။

"ကျွန်တော် သိတယ် ရောက်ရောက်ချင်းကို သိတာ..."

လုယွမ်၏စကားကို ကြားလိုက်ရသောအခါ ကျောက်ချောင်အာ၏ လှပသောမျက်လုံးများက ထိတ်လန့်တကြား ပြူးကျယ်သွားပြီး သူမက အော်ပြောလိုက်သည်။

"အကုန်သိနေတာတောင် မင်းက ဒ္နေရာမှာနေဖို့ အတင်းပြောနေတုန်းပဲလား..."

သို့သော် လုယွမ်က နှုတ်ခမ်းကိုစူကာ မပြောဘဲမနေနိုင်တော့ပေ။

"အဓိပ္ပာယ်မရှိတာ အန္တရာယ်များလို့သာ ကျွန်တော် ဒီနေရာမှာနေလို့ အဒေါ်သာ လုံးဝအဆင်ပြေနေရင် အဲ့တာက ရိုးရှင်းတဲ့ကိစ္စပဲ..."

"ပွဲအတွက် ပြင်ဆင်ဖို့ဆိုရင် ကျွန်တော်က စောစောကတည်းက ပြန်သွားပြီ အဒေါ်ကို ဒီနေရာမှာ ဘယ်သူက ဂရုစိုက်နေမှာလဲ ..."

"ဘာလဲ အဒေါ်တို့ရဲ့ အစားအသောက်က အရမ်းကောင်းနေလို့ ဒီည အဒေါ်တို့ဆီကနေ အလကားစားဖို့ ဒီနေရာမှာ နေတယ်လို့ ထင်နေတာလား..."

လုယွမ်၏စကားများက အိမ်တော်ထိန်းအိုကြီးနှင့် သူ၏အုပ်စုကို စကားမပြောနိုင်ဖြစ်သွားစေခဲ့သည်။

တိုင်နင်းမြို့တစ်မြို့လုံးကို မေးကြည့်လျှင် သခင်မအား မည်သူကမျှ ထိုကဲ့သို့ မပြောရဲကြောင်း တွေ့ရပေလိမ့်မည်။

သို့သော် လုယွမ်ပြောသော စကားတစ်ခွန်းစီတိုင်းက ကျောက်ချောင်အာ၏ နှလုံးသားကို ထိမှန်သွားစေခဲ့သည်။

လုယွမ်၏အပြုအမူက ကျောက်ချောင်အာကို ဒေါသထွက်စေသလို ရယ်မောချင်စိတ်လည်း ဖြစ်စေခဲ့သည်။

၎င်းက ဒေါသမဟုတ်ဘဲ ကြည်နူးမှုခံစားချက်တစ်ခုသာ ဖြစ်သည်။

ကျောက်ချောင်အာက တစ်ခုခုထပ်ပြောချင်သေးသော်လည်း လုယွမ်က စိတ်မရှည်ဖြစ်လာကာ ပြောလိုက်သည်။

"ဟွန်း အချိန်ဆွဲမနေနဲ့တော့ ဟိုဘက်မှာ ပူဇော်ပွဲစတော့မှာ မဟုတ်ဘူးလား..."

"မြန်မြန်လုပ်ပါ ဒီနေ့ ကျွန်တော် သေချာပေါက် ထွက်မသွားဘူး..."

"သူတို့ ကျွန်တော့်ကို သေတဲ့အထိ တိုက်တိုက် ကျွန်တော်ကတော့ ထွက်မသွားဘူး..."

ကျောက်ချောင်အာက လုယွမ်၏ ပေါ့ပေါ့ပါးပါးနှင့် တာဝန်မဲ့ပုံပေါ်သော အမူအရာကို အလွန်သဘောကျသွားခဲ့သည်။

နောက်ဆုံးတွင် ကျောက်ချောင်အာက လုယွမ်ထံသို့ လျှောက်လာပြီး ကျောက်စိမ်းလက်ကောက် ဝတ်ဆင်ထားသော သူမ၏လက်ဖြင့် လုယွမ်၏ နဖူးကို ညင်သာစွာ ထိုးလိုက်ပြီး နောက်ပြောင်ကာ ဆူပူလိုက်သည်။

"မင်း... မင်းက တကယ့်ကို ခေါင်းမာတဲ့ မြည်းပေါက်လေးပဲ..."

သခင်မ၏မျက်နှာပေါ်တွင် အပြစ်တင်သည့်အရိပ်အယောင်လေး ပေါ်နေသည်ကို မည်သူမဆို မြင်နိုင်သော်လည်း သူမတကယ်ဆိုလိုသည်မှာ။

ငါ အရမ်းကြည်နူးသွားတာပဲ ဆိုသည့်အဓိပ္ပာယ်ဖြစ်သည်။

အခန်း (၃၄) မလွင့်နေနဲ့ အောက်ဆင်းပြီး လမ်းလျှောက်

ထိုသို့ပြောလိုက်ခြင်းက ကျောက်ချောင်အာသည် လုယွမ်အား ဤနေရာ၌နေရန် သဘောတူလိုက်ခြင်းပင်ဖြစ်သည်။

တစ်ချိန်တည်းမှာပင် အိမ်တော်ထိန်းအိုကြီးနှင့် သူ၏လူများက ကျောက်ချောင်အာကို အနည်းငယ် စိတ်ရှုပ်ထွေးစွာ ကြည့်ကာ မေးလိုက်သည်။

“သခင်မကြီး... သခင်လေးကို ဒီနေရာမှာ တကယ်ပဲ ပေးနေတော့မလို့လား...”

မည်သို့ပင်ဖြစ်စေ လုယွမ်က အစစ်အမှန် ကျင့်ကြံသူတစ်ယောက် မဟုတ်ပေ။ သူက မိသားစုအမွေအနှစ်ဟောင်း အချို့ကိုသာ အားကိုးနေရခြင်းဖြစ်သည်။

ဤအရာက သိပ်ပြီး အကူအညီဖြစ်မည် မဟုတ်ပေ။

ထိုစဉ် ကျောက်ချောင်အာက သူမရှေ့ရှိ လုယွမ်ကို စိုက်ကြည့်ကာ ကူကယ်ရာမဲ့စွာ ခေါင်းခါရင်း ပြောလိုက်သည်။

“သူ့ရဲ့ ဂရုမစိုက်တဲ့ အမူအရာကို ကြည့်ပါဦး ဘယ်သူကများ သူ့ကို နှင်ထုတ်ရဲမှာလဲ...”

“ငါတို့ နားလည်သွားပါပြီ... မင်းက တကယ့်ကို ခေါင်းမာတဲ့ မြည်းပေါက်လေးပဲ မင်းရဲ့အဒေါ်နဲ့အတူ အသေခံဖို့ ဆုံးဖြတ်ထားတာပဲ...”

လုယွမ်က ကျောက်ချောင်အာ၏စကားများကို လုံးဝဂရုမစိုက်ဘဲ ပြုံးဖြီးဖြီး လုပ်လိုက်သည်။

“ကျွန်တော်တို့ အတူတူသေသွားရင် ပိုကောင်းတာပေါ့...”

“အဒေါ်လို အလှလေးတစ်ယောက်နဲ့အတူ သေရမယ်ဆိုရင် လိပ်ပြာလေးတွေအဖြစ် ပြောင်းလဲသွားပြီး ထာဝရအတူတူ ပျံသန်းသွားကြမှာပေါ့...”

လုယွမ်၏စကားများက ကျောက်ချောင်အာကို အလွန် ရှက်သွေးဖြာသွားစေခဲ့သည်။

ဤနေရာတွင် လူတွေအများကြီး ရှိနေသည်လေ။

သူမက လုယွမ်ကို နှာခေါင်းရှုံ့ကာ ပြောလိုက်သည်။

“ဒါပေမဲ့ ကြိုပြီး ရှင်းရှင်းလင်းလင်း ပြောထားမယ် မင်း ဘယ်ကိုမှ မသွားရဘူး...”

“မှော်စည်းဝိုင်းထဲမှာ ငါနဲ့အတူ နေရမယ်...”

“ကြားလား...”

ကျောက်ချောင်အာ၏စကားကို လုယွမ်က ရယ်မောကာ ပြောလိုက်သည်။

“ကျွန်တော်ဆိုလိုတာကလည်း အဲဒါပါပဲ...”

“အဒေါ်က ကျွန်တော့်ကို တစ္ဆေမကြောက်ဘူးလို့ တကယ်ထင်နေတာလား အိမ်တော်ထိန်းအိုကြီးတို့နဲ့အတူ အပြင်ထွက်ပြီး တစ္ဆေသွားဖမ်းမယ်လို့ ထင်နေတာလား...”

“ကျွန်တော်က အဒေါ်ရဲ့ဘေးမှာပဲ အသေအချာ နေမှာပါ ဘယ်ကိုမှ သွားမှာမဟုတ်ဘူး...”

လုယွမ်၏စကားကို ကြားသောအခါ ကျောက်ချောင်အာက သူမ၏လှပသောမျက်လုံးများဖြင့် သူ့ကို စိုက်ကြည့်ကာ ပြောလိုက်သည်။

“မင်းက တစ္ဆေကြောက်တာတောင်မှ ဒီနေရာမှာနေဖို့ အတင်းပြောနေတုန်းပဲလား...”

လုယွမ်က ပခုံးကို အနည်းငယ်တွန့်ကာ ပြောလိုက်သည်။

“အင်း...ဒီပြဿနာကို ဘယ်သူက ခေါ်လာတာလဲ ဒီနေရာမှာလည်း နေလို့မရဘူး တခြားဘယ်နေရာမှာမှလည်း လုံခြုံမှာ မဟုတ်ဘူးလေ...”

လုယွမ်၏စကားများကြောင့် ကျောက်ချောင်အာက သဘာဝကျကျ အလွန်ကြည်နူးသွားခဲ့သော်လည်း လုယွမ်က သူမ၏စကားကို နားမထောင်သောကြောင့် အနည်းငယ်လည်း စိတ်အနှောင့်အယှက် ဖြစ်ခဲ့ရသည်။

နောက်ဆုံးတွင် ကျောက်ချောင်အာက လုယွမ်၏ ကော်လာကို ဆွဲကိုင်လိုက်သည်။

အရပ်ရှည်ပြီး လှပသောအမျိုးသမီးသည် ယခုအခါ လုယွမ်အား ကြက်ပေါက်လေးတစ်ကောင်ကဲ့သို့ ဆွဲမကာ အပြင်သို့လျှောက်သွားရင်း ပြောလိုက်သည်။

“ဒီကိစ္စတွေ အားလုံးပြီးသွားတဲ့အထိ စောင့်နေစမ်းပါ မင်းကို ဘယ်လိုဆုံးမရမလဲဆိုတာ ကြည့်ကြသေးတာပေါ့...”

ဤမြင်ကွင်းကို မြင်လိုက်ရသော အိမ်တော်ထိန်းအိုကြီးနှင့် သူ၏လူများက တစ်ယောက်ကိုတစ်ယောက် အံ့သြစွာ ကြည့်လိုက်ကြသည်။

ဆုံးမမယ် ဟုတ်လား။

ဤဖြစ်ရပ်ပြီးနောက် ဤသခင်မက သူမ၏ နှလုံး၊ အသည်း၊ သရက်ရွက်နှင့် အဆုတ်တို့ကိုပင် သူမ၏တူကို ပေးအပ်သွားလိမ့်မည်မှာ သေချာသည်။

နောက်ဆုံးတွင် အိမ်တော်ထိန်းအိုကြီးက နှုတ်ခမ်းကိုမဲ့ကာ ပြောလိုက်သည်။

“ကောင်းပြီ မကြည့်ကြနဲ့တော့ အလုပ်စကြစို့...”

…………

ချန်လျိုရွာ။

အဝေးရှိ တရားဝင်လမ်းမကြီးပေါ်တွင်။

စုလီယန်၏မိခင်သည် ရွာမှ လမ်းမကြီးအထိ လမ်းတစ်လျှောက်လုံး လျှောက်လာခဲ့သည်။

ခြင်းတောင်းထဲရှိ သဲများနှင့် မြေစာခဲများအားလုံး ပြောင်စင်သွားခဲ့ပြီဖြစ်သည်။

တရားဝင်လမ်းမကြီးဘေးတွင် ရပ်ကာ စုလီယန်၏မိခင်က သူမ၏ခြင်းတောင်းထဲမှ သဲများကို သွန်ချလိုက်ပြီး အဝေးသို့ လှမ်းကြည့်လိုက်သည်။

တိုင်နင်းမြို့ဘက်မှ လမ်းတစ်လျှောက်တွင် မီးရှူးတိုင်များ အခါအားလျော်စွာ တောက်ပနေလေသည်။

ဤအရာကို မြင်လိုက်ရသောအခါ စုလီယန်၏မိခင်က စိုးရိမ်ပူပန်မှုမဖြစ်ဘဲ မနေနိုင်တော့ပေ။

“အိုး... သူတို့ ပစ္စည်းတွေ အဲ့လောက်တောင် အများကြီး ဝယ်ထားကြတာလား...”

တွေးတောနေစဉ် စုလီယန်၏မိခင်က ရုတ်တရက် ဒေါသနှင့် နာကြည်းမှုတစ်ခုကို ခံစားလိုက်ရသည်။

*ငါ့သမီးအရင်းက တကယ့်ကို လွန်လွန်းတယ်…*

“ဘာလို့ သူ့ကို နားချဖို့ မကြိုးစားခဲ့တာလဲ နင်က အခုမှ လက်ထပ်ခါစပဲ ရှိသေးတယ် ပြီးတော့ နင့်ယောက်ျားက နင့်အတွက် ပစ္စည်းတွေဝယ်ပေးပြီး အပြင်တောင် ခေါ်ကျွေးသေးတယ်...”

“သူက ငါတို့အတွက် ပွဲတောင် ကျင်းပပေးမယ်လို့ ပြောသေးတယ် ဒါက အကောင်းဆုံးပဲ အကောင်းဆုံးဆိုတာထက်ကို ပိုတယ်...”

“ဘာလို့ အဲ့လောက် ကြီးကျယ်ခမ်းနားတဲ့ ပွဲကြီးဖြစ်ဖို့ လိုနေရတာလဲ အဲ့အိမ်က ပိုက်ဆံတွေက တန်ဖိုးမရှိဘူးလား...”

“နင်က ဘယ်လိုလုပ် ငွေကြေးစီမံခန့်ခွဲမှုမှာ အဲ့လောက်တောင် ညံ့ဖျင်းနေရတာလဲ...”

“ငါ့သမီး ဘာတွေဖြစ်နေတာလဲ သူမလက်ထပ်ထားတဲ့ ယောက်ျားက ချမ်းသာနေရင်တောင် အဲ့လောက်အထိ ဖြုန်းတီးပစ်ဖို့ မတတ်နိုင်ဘူးလေ...”

“အဲ့တာတွေက အရမ်းကောင်းတယ် အရမ်းမွှေးတယ် စားနေရတဲ့အချိန်မှာ တကယ်ကို ကျေနပ်စရာကောင်းတယ် စားပြီးသွားရင်တော့ အစာအိမ်ထဲကနေ ဖြတ်သွားပြီး မစင်အဖြစ် ပြောင်းသွားတာပဲလေ...”

“ကျွတ်... တကယ်ပါပဲ...”

“ငါ့သားမက်ရဲ့ မိသားစုမှာ ယောက္ခမလည်း မရှိဘူးလို့ ကြားတယ်ဆိုတော့ သူ့ကို ကြည့်ရှုစောင့်ရှောက်မယ့် လူကြီး သူမ မရှိဘူးပေါ့...”

“ဒါက အဆင်မပြေဘူး...”

“အင်း...”

စုလီယန်၏မိခင်က မနက်ဖြန် သမီးဖြစ်သူကို တွေ့သောအခါ သေချာပေါက် ဆူပူကြိမ်းမောင်းရမည်ဟု တွေးတောနေစဉ်။

အဝေးမှ အလင်းရောင်တစ်ချက်က စုလီယန်မိခင်၏ အာရုံကို ဖမ်းစားသွားခဲ့သည်။

ဤမီးရောင်က အခြားအရာများနှင့် မတူပေ။ အခြားအရာများက နှေးကွေးပြီး အေးဆေးကာ မြင်းလှည်း သို့မဟုတ် နွားလှည်းများမှ မြင်ရသည့်အရာမျိုးဖြစ်ကြောင်း ထင်ရှားသည်။

သို့သော် ဤအရာက လျှပ်စီးလက်သကဲ့သို့ အလွန်မြန်ဆန်စွာ ရောက်ရှိလာခဲ့သည်။

ထို့အပြင် အဝေးမှနေ၍ အော်ဟစ်သံများကို ကြားနိုင်ပေသည်။

“ရုံးတော်ကိစ္စများကို လူရော တစ္ဆေပါ ဝင်မစွက်ဖက်ရဘူး...”

“ရုံးတော်ကိစ္စများကို လူရော တစ္ဆေပါ ဝင်မစွက်ဖက်ရဘူး...”

စုလီယန်၏မိခင်က ခဏတာရပ်တန့်သွားပြီးနောက် ပတ်ဝန်းကျင်ကို အလျင်အမြန်ကြည့်ကာ တိုးတိုးလေးပြောလိုက်သည်။

“မြန်မြန် ပုန်းနေကြစမ်း...”

စုလီယန်၏မိခင် စကားပြောပြီးသည်နှင့် အေးစက်သော လေပြေတစ်ချက် တိုက်ခတ်သွားပြီး စုလီယန်၏မိခင်က ခေါင်းကိုငုံ့ကာ ရွာသို့ပြန်သည့် လမ်းအတိုင်း လျှောက်သွားခဲ့သည်။

မကြာမီ မြင်းခွာသံများ ထွက်ပေါ်လာခဲ့သည်။

သို့သော် မြင်းခွာသံများက စုလီယန်၏မိခင်နှင့် အလွန်နီးကပ်လာသောအခါ ရပ်တန့်သွားခဲ့သည်။

အတိတ်က အတွေ့အကြုံအချို့ကြောင့် စုလီယန်၏မိခင်က အနည်းငယ် စိုးရိမ်ပူပန်မှုကို ခံစားလိုက်ရသည်။

ထို့နောက် အနောက်မှ အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။

“အစ်မကြီး အရှေ့မှာက ချန်လျိုရွာလား...”

စုလီယန်၏မိခင်က အံ့အားသင့်သွားပြီးနောက် ချက်ချင်း လှည့်ကြည့်လိုက်ရာ မြင်းကောင်းတစ်ကောင်ကို စီးကာ မီးရှူးတိုင်ကိုင်ထားသော ရုံးစေတစ်ဦးကို တွေ့လိုက်ရပြီး ပြောလိုက်သည်။

“ဟုတ်ကဲ့ပါ အရှင် အရှေ့က ချန်လျိုရွာပါ...”

ရုံးစေသည် စုလီယန်၏မိခင်ကို စကားပြောပြီးနောက် ထွက်မသွားပေ။ ထို့အစား သူက မျက်ခုံးပင့်လိုက်သည်။

ထို့နောက် သူက မီးရှူးတိုင်ကို အနီးသို့ တိုးယူလာခဲ့သည်။

ဤအရာက စုလီယန်မိခင်၏ နှလုံးသားကို တင်းကျပ်သွားစေခဲ့သည်။

အခြေအနေကို အတန်ကြာ သေချာစွာ စစ်ဆေးပြီးနောက် ရုံးစေက ရုတ်တရက် စကားပြောလိုက်သည်။

“အစ်မကြီး လုယွမ်နဲ့ စုလီယန်က အစ်မကြီးနဲ့ ဘယ်လိုတော်စပ်လဲ...”

စုလီယန်၏မိခင်က အံ့အားသင့်သွားပြီးနောက် အလျင်စလို ပြောလိုက်သည်။

“သူတို့က ကျွန်မရဲ့ သားမက်နဲ့ သမီးပါ အရှင် ဒါက ဘာကိစ္စများရှိလို့လဲ...”

ထိုစကားကို ကြားလိုက်ရသောအခါ ရုံးစေက ချက်ချင်း မြင်းပေါ်မှ ခုန်ဆင်းကာ အံ့အားသင့်စွာ ကြည့်နေသော စုလီယန်၏မိခင်ကို ရိုသေစွာ အရိုအသေပေးလိုက်သည်။

ထို့နောက် သူက ပြောလိုက်သည်။

“အစ်မကြီး... အစ်မကြီးရဲ့ သားမက်က အစ်မကြီးဆီကို သတင်းတစ်ခု ပါးခိုင်းလိုက်လို့ပါ...”

“အိမ်မှာ ပွဲလုပ်ဖို့ အလျင်မလိုပါနဲ့ဦး အစ်မကြီးရဲ့ သားမက်နဲ့ သမီးက ခဏလောက် ပြန်လာဦးမှာ မဟုတ်ဘူး...”

“တိုင်နင်းမြို့မှာ ခဏလောက် ဆက်နေရမယ့်ပုံပဲ...”

ထိုစကားကို ကြားလိုက်ရသောအခါ စုလီယန်၏မိခင်က သဘောတူစွာဖြင့် ခေါင်းကိုဆက်တိုက်ညိတ်ပြလိုက်သည်။

သို့သော် ထိုသို့ပြောပြီးနောက် စုလီယန်၏မိခင်က မျက်တောင်ခတ်ကာ ပြောလိုက်သည်။

“ဒါဆို အရှင်... ဘာ... ဘာအကြောင်းကြောင့်များလဲ...”

အမျိုးသားက ခဏတာ စဉ်းစားလိုက်သည်။ သူ ပြောပြလို့မရသည့် အကြောင်းအရာများ ရှိပုံမပေါ်ပေ။

မည်သို့ပင်ဖြစ်စေ ဤအကြောင်းကို လူအတော်များများ သိကြသည်။

သူက ချက်ချင်း ပြန်ဖြေလိုက်သည်။

“အစ်မကြီးရဲ့ သားမက် လုယွမ်က ကျွန်တော်တို့ သခင်မရဲ့ တူပါ...”

“ကျွန်တော့်သခင်မက အခု ဒုက္ခရောက်နေတယ် အစွမ်းထက်တဲ့ပုဂ္ဂိုလ်တစ်ယောက်က ဒီည သူမကို ဒုက္ခပေးဖို့ စီစဉ်နေတယ်ဆိုတော့ ပွဲက သဘာဝကျကျ စီစဉ်ရခက်ခဲသွားပြီလေ...”

“အဲ့ကိစ္စ ပြေလည်သွားတာနဲ့ အစ်မကြီးရဲ့ သားမက်နဲ့ သမီး ပြန်လာလိမ့်မယ်...”

“မစိုးရိမ်ပါနဲ့ သိပ်မကြာပါဘူး ရက်အနည်းငယ်လောက်ပါပဲ...”

ဤသို့ပြောပြီးနောက် ရုံးစေက မြင်းပေါ်သို့ ပြန်တက်ကာ ပြောလိုက်သည်။

“အစ်မကြီး... ကျွန်တော် သတင်းပါးပြီးပြီဆိုတော့ သွားလိုက်ပါဦးမယ်...”

“ဒီည မြို့ထဲမှာ ပြဿနာရှိတယ် ကျွန်တော် ပြန်သွားပြီး ကူညီရဦးမယ်...”

သတိပြန်ဝင်လာသောအခါ စုလီယန်၏မိခင်က ခေါင်းကို ဆက်တိုက်ညိတ်ပြကာ ပြောလိုက်သည်။

“ကောင်းပါပြီ ကောင်းပါပြီ အရှင် လမ်းမှာ ဂရုစိုက်သွားပါဦး...”

ရုံးစေက လက်ပြနှုတ်ဆက်ပြီးနောက် အလျင်အမြန် ထွက်ခွာသွားခဲ့သည်။

စုလီယန်၏မိခင်သာလျှင် အတွေးနက်ကာ ကျန်ရစ်ခဲ့တော့သည်။

ခဏတာ တွေးတောပြီးနောက်။

ထို့နောက် သူမက မျက်လုံးများကို အနည်းငယ်မှိတ်ကာ လက်ချောင်းများကိုပွတ်သပ်ရင်း တွက်ချက်မှုအချို့ ပြုလုပ်လိုက်သည်။

စက္ကန့်အနည်းငယ်အကြာတွင် သူမက မျက်လုံးများကို ဖွင့်လိုက်သည်။

“အိုး... အဲ့တာက မကောင်းဘူး...”

“ယွမ်ယွမ်လေး... မြန်မြန်ထွက်လာခဲ့...”

စုလီယန်မိခင်၏ တိုးညှင်းသော ခေါ်သံအချို့နှင့်အတူ ချစ်စရာကောင်းသော ကြွေအရုပ်လေးတစ်ရုပ် ပေါ်လာခဲ့သည်။

သတ္တဝါလေးတစ်ကောင်က အနီးရှိ ကျောက်တုံးကြီးတစ်ခုနောက်မှ ချောင်းကြည့်ကာ ပြောလိုက်သည်။

“အဖွား...”

စုလီယန်၏မိခင်က အထိတ်တလန့်ဖြင့် တိုးတိုးလေး ဆူပူလိုက်သည်။

“မလွင့်နေနဲ့ အောက်ဆင်းပြီး လမ်းလျှောက်စမ်းပါ...”

All Chapters