← Chapters

အခန်း (၃၃-၃၄)

Vol. 4 Ch. 33-34

အခန်း (၃၃-၃၄)

Vol. 4 Ch. 33-34

အခန်း (၃၃)

စိုးရိမ်ပူပန်မှု

ယောင်ရန်၏ သစ်စွမ်းရည် သည် အထောက်အကူပြုစွမ်းရည်ဖြစ်ပြီး အပင်များ၏ ကြီးထွားမှုကိုသာ အရှိန်မြှင့်ပေးနိုင်ပေသည်။ သို့သော် သူမ၏ ယခင်ဘဝတွင် လူသားစမ်းသပ်ခံအဖြစ် အသုံးတော်ခံခဲ့ ရသောကြောင့် သူမ၏ သစ်စွမ်းရည်များသည် တိုးတက်ပြောင်းလဲလာခဲ့ပြီး သစ်စွမ်းရည်ဖြင့် ကုသနိုင် သည့် စွမ်းရည်ကို ရရှိခဲ့လေသည်။

ယခုအချိန်အထိ သူမ၏ စွမ်းရည်သည်အဆင့် နိမ့်နေသေးသောကြောင့် ကုသခြင်းအကျိုးသက်ရောက် မှုသည်နည်းပါးသေးသဖြင့် ထိုစွမ်းရည်ကို အသုံးမပြုနိုင်သေးဘဲ အပင်များ စိုက်ပျိုးခြင်းကိုသာ ပြုလုပ် နိုင်ပေသေးသည်။

ယောင်ရန်သည် စိုက်ပျိုးရေးခန်းအလယ်တွင် ရပ်လျက် လက်များကို ဖြန့်ကာ မျက်လုံးများကို မှိတ်ထား လိုက်သည်။ စက္ကန့်အနည်းငယ် ကြာပြီးနောက် သူမ၏ လက်ဖဝါးမှ အစိမ်းရောင် အလင်းတန်းတစ်ခုက ဖြည်းဖြည်းချင်း ထွက်ပေါ်လာခဲ့ပြီး စိုက်ပျိုးအိုးများဆီသို့ ဖြည်းဖြည်းချင်း ရွေ့လျားသွားခဲ့လေသည်။

အစိမ်းရောင် အလင်းတန်းက စိုက်ပျိုးအိုးများကို ဖုံးအုပ်လိုက်သောအခါ မြေကြီးထဲမှ အရာလေး တစ်ခုက ဖြည်းဖြည်းချင်း ထွက်ပေါ်လာခဲ့လေသည်။

စက္ကန့်နှစ်ဆယ်ခန့်ကြာပြီးနောက် ယောင်ရန်သည် မျက်လုံးများကို ဖွင့်ကာ လေကို မောပန်းစွာ ရှူသွင်း လိုက်သည်။ ပျိုးအိုးများထဲရှိ မြေကြီးထဲမှ ပေါက်လာသော အညှောက်လေးများကို ကြည့်ရင်း သူမ ပြုံးလိုက်လေသည်။

ထိုမျိုးစေ့များကို အပင်ပေါက်လာရန်အတွက် သူမ၏ သစ်စွမ်းရည်အားလုံးကို အသုံးပြုရမည် ဖြစ် သည်။ ခဏမျှ အနားယူပြီးနောက် သူမသည် လသာဆောင်သို့ ရောက်လာပြီး အာလူးနှင့် ဟင်းသီး ဟင်းရွက်များအတွက်ကိုလည်း ထိုနည်းအတိုင်းပင် လုပ်ဆောင်ခဲ့သည်။

သူမ၏ သစ်စွမ်းရည်များ ကုန်ခမ်းသွားပြန်သောအခါ ယောင်ရန်သည် ခေါင်းကိုက်ခြင်း ဝေဒနာကို ခံစား လိုက်ရသည်။ နဖူးကို ပွတ်သပ်ရင်း သက်ပြင်းချကာ ပိုမို ကြိုးစားလေ့ကျင့်ရန် ဆုံးဖြတ်လိုက်သည်။

ယောင်ရန်သည် လသာဆောင်တွင် ခဏထိုင်နေစဉ် အပြင်ဘက်မှ လှုပ်ရှားသံများကို သဲ့သဲ့ ကြားလိုက် ရသည်။ ညကြည့် မှန်ပြောင်းကို ထုတ်ယူလိုက်ရာ မိုးကာအင်္ကျီနှင့် အသက်ကယ်အင်္ကျီ ဝတ်ဆင်ထား သည့် အလယ်အလတ်အရွယ် အမျိုးသားနှစ်ဦး အဆောက်အအုံ (၁) မှ ကယက်လှေဖြင့် လှော်ခတ်ကာ ထွက်သွားသည်ကို တွေ့လိုက်ရပေသည်။

လှေကို ကြိုးစားလှော်ခတ်နေသည်ကို ကြည့်ပြီး လူများ ပို၍ပို၍ ပြတင်းပေါက်များသို့ ထွက်ကြည့်ကြ သည်။ မကြာမီပင် အခြားအဆောက်အအုံများမှ လူအချို့လည်း ထွက်လာကြသည်။ ထိုသူတို့ထဲမှ အချို့ က လေထိုးလှေများ ရှိကြပြီး အချို့မှာမူ ကယက်လှေများ ရှိကြလေသည်။

ရေယာဉ် မရှိသူများသည် ပုံးများပေါ်တွင် ထိုင်ကာ လက်များဖြင့် လှော်ခတ်နေကြ၏။ သို့မဟုတ် အသက်ကယ်အင်္ကျီများ ဝတ်ဆင်၍ နောက်ကျိသောရေထဲတွင် ကူးခတ်နေကြသည်။ သို့သော် ရေစီး အားသည် အလွန်သန်သောကြောင့် ထိုသူအများစုမှာ စက္ကန့်အနည်းငယ်အတွင်း ရေစီးနှင့်အတူ မျောပါ သွားကာ မြင်ကွင်းမှ ပျောက်ကွယ်သွားခဲ့ကြလေသည်။

ဤမြင်ကွင်းကို မြင်တွေ့ရသောအခါ ၎င်းတို့၏ ဆွေမျိုးသားချင်းများနှင့် မိတ်ဆွေသူငယ်ချင်းများသည် သူတို့၏အမည်များကို အော်ဟစ်ငိုယိုကာ စိတ်ပျက်အားငယ်ရုံသာ တတ်နိုင်ကြလေသည်။ ရေကြီးမှုက သူတို့အား ဝါးမျိုသွားသည်နှင့် တစ်ပြိုင်နက် အသက်ရှင်သန်ရန် အခွင့်အရေးမှာ မရှိသလောက် နည်းပါး သွားခဲ့လေသည်။

ယောင်ရန်သည် ထိုသူများကို မိနစ်နှစ်ဆယ်ကျော်မျှ စောင့်ကြည့်ပြီးနောက် အိပ်စက်ရန်အတွက် သွားခဲ့ လိုက်သည်။

တစ်ချိန်တည်းမှာပင် လူများသည် ဘာမှစားစရာ မရှိသည့်အတွက် ပို၍ပို၍ စိုးရိမ်ပူပန်လာခဲ့ကြသည်။ အပြင်ထွက်သွားသူများ ပြန်ရောက်လာပြီးနောက် အစောပိုင်းက တိတ်ဆိတ်နေသော ချက်ဂရု သည် ပြန်လည် စည်ကားလာသည်။

[၀၇၀၂: ငါ ဘာလုပ်သင့်သလဲ။ နှစ်နာရီရှိပြီ၊ ဒါပေမဲ့ ငါ့ယောက်ျား ပြန်မလာသေးဘူး…။]

[၁၈၀၃: ခုဏက အပြင်ထွက်သွားတာ နင့်ယောက်ျားလား။ ဒီလောက် မိုးကြီးနေတာကို ဘာလို့ အပြင်ထွက်သွားရတာလဲ…။]

[၀၇၀၂: အိမ်မှာ ကလေးရှိတယ်။ အနှီးနဲ့ နို့မှုန့်တွေ ကုန်သွားပြီ…။]

[၀၄၀၁: ငါ့ယောက်ျားလည်း အိမ်က အဖိုးအိုအတွက် ဆေးသွားယူဖို့ ဆေးရုံသွားတာ…။]

[၁၂၀၂: ရှင်တို့မှာ လှေတောင် ရှိတယ်။ တကယ် အံ့ဩစရာပဲ…။]

[၀၄၀၁: နောက်ဆုံးတစ်ခါ စခန်းချတုန်းက ငါ ဝယ်ထားခဲ့တာ…။]

[၀၃၀၆: တံခါးဖွင့်လိုက်တော့ ရေက ထပ်တက်လာတာ တွေ့တယ်။ မိုးကလည်း ပိုရွာလာပုံရတယ်။ ခုလေးတင် လူတော်တော်များများ ရေဝဲက ဆွဲစုပ်တာခံရပြီး ပျောက်သွားကြတယ်။ သူတို့လည်း...]

[၀၇၀၂: နင် ဘာတွေပြောနေတာလဲ။ ငါ့ယောက်ျား ပြန်လာမှာ….။]

[၀၄၀၁: နင်က ငါ့ယောက်ျားကို ကျိန်ဆဲနေတာလား။ နင့်ပါးစပ်ကို ဆွဲဖြဲပစ်မှာနော်…။]

အမျိုးသမီးနှစ်ဦး ဒေါသတကြီး စာတိုများ ဆက်တိုက်ပို့ပြီးနောက် အချို့လူများက စိတ်သက်သာရာ ရစေရန်နှင့် တင်းမာမှုကို လျှော့ချရန် ကြိုးစားခဲ့ကြသော်လည်း ၎င်းတို့၏ ခင်ပွန်းများကို ရှာဖွေရန်အ တွက် မည်သူမျှ အပြင်ထွက်ရဲခြင်းတော့ မရှိပေ။

ကံကောင်းထောက်မစွာဖြင့် ထိုအမျိုးသမီးများ၏ ခင်ပွန်း များသည် မနက်သုံးနာရီတွင် ဘေးကင်းစွာ ပြန်ရောက်လာခဲ့ကြပြီး အသုံးအဆောင်ပစ္စည်းများစွာကို ယူဆောင်လာနိုင်ခဲ့ကြလေသည်။

ထိုသူတို့သည် ကျွင်းချန်မြို့ရှိ အကြီးဆုံး စူပါမားကတ် သုံးခုကို အစိုးရမှ သိမ်းယူထားပြီး မြင့်မားသည့် ရုံးအဆောက်အအုံများနှင့် ဟိုတယ်များတွင် ကယ်ဆယ်ရေးစခန်းများနှင့် ခိုလှုံရာနေရာများစွာကို တည်ထောင် ထားကြောင်း သတင်းများပါ ယူဆောင်လာခဲ့လေသည်။

ဤသတင်းကြောင့် ချက်ဂရုသည် ပြန်လည်စည်ကားလာပြီး ပစ္စည်းများ မကုန်မီ အစားအသောက်နှင့် ဆေးဝါးများ ဝယ်ယူရန် လူများ ထွက်သွားရန် ဆုံးဖြတ်ခဲ့ကြလေသည်။

နောက်နေ့ နံနက်စောစောတွင် ယောင်ရန်သည် မက်ဆေ့ချ် အကြောင်းကြားချက်တစ်ခုကြောင့် အိပ်ရာမှ နိုးလာသည်။ ဖုန်းကို ယူလိုက်ရာ အစိုးရထံမှ နောက်ထပ် သတိပေးချက်ကို တွေ့ရသည်။ သတိပေးချက် ကို ဖတ်ပြီးနောက် သူမသည် ရပ်ကွက် ချက်ဂရုကို စစ်ဆေးကြည့်လိုက်လေသည်။

အချို့လူများသည် ၎င်းတို့၏ လသာဆောင်များမှ ရေခပ်နေစဉ် မိုးကြိုးပစ်ခြင်းကို ခံရသည်။ လူနာတင် ယာဉ်ရော ရဲများပါ လာနိုင်ခြင်း မရှိသည့်အတွက် အလောင်းကို အိမ်တွင်သာ ထားရှိရလေသည်။

ရပ်ကွက်ရှိ အချို့အိမ်များတွင် လူဦးရေများပြားပြီး စားနပ်ရိက္ခာ သိုလှောင်မှုသည် လုံလောက်မှုမရှိကြ​ပေ။ ကယ်ဆယ်ရေးလုပ်ငန်းများ နှောင့်နှေးခြင်း၊ ရေမျက်နှာပြင်များ ဆက်လက် မြင့်တက်လာခြင်း ကြောင့် ထိတ်လန့်ခြင်းနှင့် စိုးရိမ်ပူပန်မှုများသည် ထိန်းမနိုင်သိမ်းမရ ဖြစ်လာခဲ့လေသည်။

ပြီးခဲ့သောညက ရေနှင့် ဓာတ်ငွေ့များ ဖြတ်တောက်ခံခဲ့ရပြီး ချက်ဂရုမှာ ပို၍ တိတ်ဆိတ်သွားခဲ့သည်။ သို့သော်လည်း အချို့လူများက မြင့်တက်လာသည့် ရေမျက်နှာပြင်များကို ပြသသည့် ဗီဒီယိုများနှင့် ပထမထပ်တွင် နေထိုင်သည့် မိသားစုတစ်စု၏ ခြေကျင်းဝတ်အထိ ရောက်နေသည့် ရေ၏ ဓာတ်ပုံ များကို ဆက်လက် တင်နေကြလေသည်။

နေထိုင်သူများက ညည်းညူနေကြပြီး ၎င်းတို့၏ ပစ္စည်းများကို အပေါ်ထပ်သို့ အမြန်ဆုံး ရွှေ့ကြသည်။ အဆောက်အအုံ (၃) တွင် လစ်လပ်နေသည့် တိုက်ခန်းများစွာ ရှိနေသေးသည်။ ပထမထပ်တွင် နေထိုင် သူများက တစ်ခုကို ရှာဖွေကာ တံခါးများကို ဖျက်ဆီးပြီး ဝင်ရောက်နေထိုင်ကြလေသည်။

နေစရာ မရှာနိုင်သူများသည် ၎င်းတို့အား လက်ခံပေးနိုင်မည့်သူကို မေးမြန်းရန် ရပ်ကွက် ချက်ဂရုသို့ မက်ဆေ့ချ်များ ပို့ခဲ့ကြသည်။ နေစရာနေရာ ရရှိရန်အတွက် ငွေကြေးပိုမိုပေးဆောင်ရန် ဆန္ဒရှိကြ၏။

ပုံမှန်အခြေအနေတွင်ဆိုလျှင် ဤအရာသည် အရေးမကြီးပေ။ အကြောင်းမှာ အိမ်နီးချင်းများက အချင်း ချင်း ကူညီလေ့ ရှိသောကြောင့် ဖြစ်သည်။ သို့သော် မီးပျက်ခြင်းသာမက ဓာတ်ငွေ့နှင့် ရေကိုပါ ဖြတ် တောက်ထားသည်။ အိမ်မှာ စားစရာများသည်လည်း သိပ်မကျန်တော့ပေ။ထို့ကြောင့် မည်သူကမျှ လူများကို ဖိတ်ခေါ်ရဲမည်မဟုတ်ပေ။

ရဲများကို ဆက်သွယ်၍မရသလို ကယ်ဆယ်ရေးလည်း မတွေ့ရပေ။ လူများကို ဖိတ်ခေါ်ရန် အတွက် လွယ်ကူသော်လည်း ပြန်လွှတ်ရန် ခက်ခဲပေသည်။ သူတို့ ဝင်လာပြီး ပြန်မထွက်ချင်ပါက အန္တရာယ်ရှိ လာနိုင်ပေသည်။

ခိုလှုံရာ ရှာဖွေခြင်းသည် ပြဿနာတစ်ခုဖြစ်သော်လည်း အစားအစာ ရှာဖွေခြင်းက ပို၍ပင် ခက်ခဲလှ၏။ မည်သူမျှ ရန်သူမဖြစ်လိုသလို အိမ်တွင် ပြဿနာဖြစ်စေလိုခြင်းလည်း မရှိပေ။ ထို့ကြောင့် ချက်ဂရုသည် ပြန်လည် တိတ်ဆိတ်သွားပြန်လေသည်။

နေစရာ မရှာနိုင်သော နေထိုင်သူများသည် စိတ်အနှောင့်အယှက် ဖြစ်ကြသော်လည်း စိုစွတ်ပြီး အေးစက် နေသော စင်္ကြံတွင် နေထိုင်၍မရပေ။ လူကြီးများက ခံနိုင်ရည်ရှိသော်လည်း ကလေးများနှင့် သက်ကြီး ရွယ်အိုများအတွက်မှာမူ နေထိုင်ရန် ခက်ခဲလှပေသည်။

ဤအခြေနေကို ထိုလူများစွာသည် လက်မခံချင်ကြသောကြောင့် ၎င်းတို့၏ ပစ္စည်းများကို သယ်ဆောင် ကာ တစ်ယောက်ပြီးတစ်ယောက် အပေါ်ထပ်အခန်းများသို့ တက်၍ တံခါးခေါက်ကာ အကူအညီများ ရရှိနိုင်ရန် တောင်းခံခဲ့ကြလေသည်။

အခန်း (၃၄)

အပြင်ထွက်ခြင်း

တချို့သောလူများသည် အလွန်အမင်း ဆိုးရွားသော အခြေအနေကို ရင်ဆိုင်ကြုံတွေ့နေရသောကြောင့် တစ်ညတာ နားခိုရန်အတွက်ကိုပင် ယွမ်( ၅၀၀) ကျော်ထိ ပေးရန်ဝန်မလေးကျသော်လည်း မည်သူကမျှ လက်မခံရဲခဲ့ကြပေ။ ပထမထပ်၌ နေထိုင်သူများသည် လက်မလျှော့ဘဲ အခန်းတံခါးများကို တစ်အိမ်ပြီး တစ်အိမ် ဆက်တိုက် လိုက်ခေါက်နေလျှက်ရှိကြပေသည်။

အခြားသော နေထိုင်သူများကတော့ သေချင်ယောင်ဆောင်နေကြခြင်းမျိုး (သို့မဟုတ်) ရိုးရှင်းစွာပင် လျစ်လျူရှုနေခဲ့လိုက်ကြသည်။ လိုက်လံမေးမြန်းမှုများ ပြုလုပ်သော်လည်း အချည်းနှီး ဖြစ်နေသည့် အခါ ထိုသူတို့ခမျာ စင်္ကြန်လမ်းမှာပင် ဆက်လက်နေထိုင်ဖို့ရာမှလွဲ၍ ရွေးချယ်စရာ မရှိကြတော့ပေ။

ယောင်ရန်သည် မနက်စာကို အဆင်ပြေသလိုပင် စားသောက်ပြီးနောက် မွေးမြူထားသော တိရစ္ဆာန် များကို အစာကျွေးရန်နှင့် သီးနှံပင်များကို စစ်ဆေးရန်အတွက် သူမ၏ စိတ်ဝိညာဉ်ကို နေရာလွတ် အတွင်းသို့ ပို့လိုက်သည်။ ရေဖြန်းစက် ရှိနေခြင်းကြောင့် လက်ဖြင့် လယ်ယာမြေများကို ရေလောင်း စရာ မလိုတော့ပေ။ ဤသည်က သူမ၏ အချိန်နှင့် စွမ်းရည်များစွာကို ချွေတာနိုင်ခဲ့ပေသည်။

သူမသည် နေရာလွတ်နယ်မြေအတွင်း အလုပ်များ ပြီးစီးသွားသောအခါ မိုးရေများ စုဆောင်းရန်အတွက် ပုံးအလွတ် အနည်းငယ်ကို ထုတ်ယူခဲ့လိုက်၏။

ထို့နောက် သူမသည် စိုက်ပျိုးခန်းသို့ သွားရောက်ကာ အပင်များ ကြီးထွားမှုကို မြှင့်တင်ပေးရန်အတွက် သူမ၏ သစ်သားစွမ်းရည်ကို အသုံးပြုခဲ့လေသည်။ သူမ၏ သစ်သားစွမ်းရည်များ ကုန်ဆုံးသွားသည့် အခါ မီးဖိုချောင်သို့ သွားပြီး ရေစွမ်းရည်များ ကုန်သွားသည်အထိ ပုံးနှစ်လုံးကို ရေဖြည့်ခဲ့လေသည်။

ယောင်ရန်သည် ကမ္ဘာပျက်ကပ်တွင် အသက်ရှင်သန်နိုင်ရန်အတွက် ခွန်အားကြီးမားရန် လိုအပ်သော ကြောင့် သူမ၏ စွမ်းရည်များကို ဆက်လက် အသုံးပြုခြင်းဖြင့်သာ စွမ်းရည်အဆင့်ကို တိုးမြှင့်နိုင်မည် ဖြစ်သည်။ စွမ်းရည်များ ပြန်လည်ပြည့်ဝရန် စောင့်ဆိုင်းနေစဉ်တွင် ယောင်ရန်သည် လေ့ကျင့်ခန်း ပြုလုပ်သောစက် တစ်ခုကို ထုတ်ယူကာ ကိုယ်လက် လေ့ကျင့်ခန်းများ စတင် လုပ်ဆောင်တော့သည်။

သူမ၏ သစ်သားနှင့် ရေစွမ်းရည်များ ပြန်လည်ရရှိလာသည့်အခါတိုင်း ပုံးအလွတ်များကို ပြန်လည်ဖြည့် သွင်းပြီး အပင်ကြီးထွားလာရန်လည်း ထပ်မံ အရှိန်မြှင့်တင်ပေးခဲ့သည်။ ထို့နောက် သူမသည် ကိုယ်ခန္ဓာ ကြံ့ခိုင်မှုကို ဆက်လက်လေ့ကျင့်ခဲ့၏။ ယောင်ရန် အလုပ်များပြီး လေ့ကျင့်နေချိန်အတွင်းမှာပင် အချိန် သည် မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွားခဲ့ပေသည်။

ညရောက်သောအခါ ယောင်ရန်သည် ကိုယ်လက်သန့်စင်ရန်အတွက် နေရာလွတ် အတွင်းသို့ ဝင်ရောက် ခဲ့သည်။ အပြင်သို့ ပြန်ထွက်လာသောအခါ သူမသည် အနက်ရောင်ဝတ်စုံနှင့် မိုးကာအင်္ကျီကို ပြောင်းလဲ ဝတ်ဆင်ထားခဲ့လေသည်။ ယခုအချိန်၌ လူတိုင်းသည် ပစ္စည်းများ ရှာဖွေရန် သို့မဟုတ် ဝယ်ယူရန် အပြင်ထွက်နေကြသည့်အတွက် သူမသည်လည်း အပြင်ထွက်ရန် အချိန်တန်ပြီ ဖြစ်လေသည်။

ယောင်ရန်သည် လသာဆောင်ဆီသို့ လျှောက်သွားကာ ညကြည့်မှန်ဘီလူးကို ထုတ်ယူ၍ အပြင်ဘက်ရှိ အခြေအနေကို စစ်ဆေးကြည့်ရှုခဲ့သည်။ မိုးသည်းထန်စွာ ရွာသွန်းမှု ရပ်ဆိုင်းသွားသည်ကို တွေ့မြင်ရ သောအခါ မှန်ဘီလူးကို သိမ်းဆည်းလိုက်သည်။ လေထိုးရသော လှေကို ထုတ်ယူပြီးနောက် ယောင်ရန် သည် ရေစိုခံကျောပိုးအိတ်ကို ကျောတွင်လွယ်ကာ ထွက်ခွာလာခဲ့လေသည်။

အခန်း (၂၀၀၂) ၏ တံခါးကို ဖြတ်လျှောက်သွားစဉ် ယောင်ရန်သည် ကြမ်းပြင်ပေါ်ရှိ ရေစိုကွက်များကို သတိပြုမိလိုက်လေသည်။ သူမ မျက်ခုံးပင့်ကာ စဉ်းစားလိုက်မိသည်။

နေ့တိုင်း အပြင်ထွက်နေတာလား၊ ပစ္စည်းတွေ စုဆောင်းဖို့ ဒီလောက်တောင် အသည်းအသန် လိုအပ် နေတာလား…။

သိချင်စိတ် ရှိသော်လည်း ယောင်ရန်သည် သိချင်စိတ်လွန်ကဲလျှင် အန္တရာယ်ဖြစ်စေနိုင်သည်ကို သိရှိ ထားသည့်အတွက် အခန်း(၂၀၀၂) နှင့် ရှုပ်ထွေးအောင် မလုပ်ရန် ဆုံးဖြတ်လိုက်လေသည်။ သူမ၏ အကြည့်ကို သတ္တုတံခါးမှ လွှဲဖယ်လိုက်ပြီးနောက် လေထိုးလှေကို သယ်ကာ လှေကားမှ ဆင်းလာခဲ့ လိုက်သည်။

ပထမထပ်သို့ ရောက်သောအခါ အောက်ဘက်ရှိ ရေများမှာ လူကြီးတစ်ယောက်၏ ခါးအမြင့်အထိ ရောက်ရှိနေပြီ ဖြစ်၏။ ယောင်ရန် ခဏမျှ စဉ်းစားပြီးနောက် ဒုတိယထပ်သို့ လှည့်၍ ပြန်တက် လာ ခဲ့သည်။ အဓိကဝင်ပေါက်ကို အသုံးမပြုနိုင်တော့သည့်အတွက် သူမသည် ပြတင်းပေါက်မှတစ်ဆင့် အပြင်ထွက်ရန် မှလွဲ၍ တစ်ခြား ရွေးချယ်စရာမရှိတော့ပေ။

ဒုတိယထပ်သို့ ရောက်သောအခါ လေထဲမှ အနံ့ဆိုးများကြောင့် ယောင်ရန် မျက်မှောင်ကြုံ့လိုက်မိသည်။ စင်္ကြန်လမ်းပေါ်ရှိ အမှိုက်များနှင့် လူတို့၏ မစင်များကို ကြည့်ရင်း ယောင်ရန်သည် ရွံရှာစိတ်ဖြင့် မျက်မှောင်ကြုံ့နေခဲ့သည်။ ပထမထပ်နှင့် ဒုတိယထပ်တွင် နေထိုင်သူတိုင်း အပေါ်ထပ်များသို့ ပြောင်း ရွှေ့သွားပုံရပေသည်။

ပတ်ဝန်းကျင်တွင် မည်သူမျှ မရှိတော့သည့်အတွက် ယောင်ရန်သည် လေထိုးလှေကို စင်္ကြန်လမ်း၏ အဆုံးရှိ ကွဲနေသော ပြတင်းပေါက်ဆီသို့ သယ်လာခဲ့လိုက်သည်။ သူမသည် လှေကို ဦးစွာ အပြင်သို့ ထုတ်ပြီး နောက် ပြတင်းပေါက်မှ ခုန်ချလိုက်လေသည်။ လေထိုးလှေပေါ်သို့ ညင်သာစွာ ဆင်းသက် ပြီးနောက် လေထိုး လှေအတွက် အထူးအင်ဂျင်တစ်ခုကို ထုတ်ယူကာ တပ်ဆင်လိုက်၏။

ပြီးစီးသွားသောအခါ ယောင်ရန်သည် ညကြည့်မျက်မှန်ကို တပ်ဆင်ပြီး အင်ဂျင်ကို စက်နှိုးလိုက်ကာ အဆောက် အအုံမှ ထွက်ခွာလာခဲ့လေသည်။

အင်ဂျင်၏ အသံမှာ သိပ်မကျယ်လောင်သော်လည်း အသံကြားရသည့်အတွက် လူအများအပြားသည် ပြတင်းပေါက်များမှ ထွက်ကြည့်ခဲ့ကြသည်။ သို့သော် သူတို့သည် ပြတင်းပေါက်မှ အပြင်သို့ ကြည့်လိုက် သောအခါ ယောင်ရန်သည် ထွက်ခွာသွားနှင့်ပြီ ဖြစ်သည်။

ယောင်ရန်၏ ပထမဦးဆုံး ပန်းတိုင်မှာ ကျွင်းချန်မြို့ရှိ ဆေးတက္ကသိုလ်တစ်ခုသို့ ဖြစ်သည်။ ဆေးပညာ စာအုပ်များသည် သူမ အလိုအပ်ဆုံးသော အရာများ ဖြစ်သည်။ ဆေးပညာနယ်ပယ်တွင် သူမ သင်ယူရန် များစွာကျန်ရှိနေသေးပြီး ဆေးပညာကျွမ်းကျင်မှုများ ပိုင်ဆိုင်ထားခြင်းက အနာဂတ်တွင် သူမအား ပိုမို အားသာချက် ပေးနိုင်မည် ဖြစ်သည်။

မိုးသည် ဆက်လက်ရွာသွန်းနေသော်လည်း လေပြင်းတိုက်ခတ်မှုမှာ လျော့နည်းသွားပြီး အရင်ကကဲ့သို့ မပြင်းထန်တော့ပေ။ မိုးစက်ကြီးများ သူမ၏ မျက်နှာကို ရိုက်ခတ်နေသော်လည်း နာကျင်မှုကို သူမ ဂရုမစိုက်ပေ။

သူမ၏ အရင်ဘဝတွင် လှေမရှိ၊ မိုးကာအင်္ကျီမရှိဘဲ မုန်တိုင်းသည်းထန်နေချိန်တွင် ဇလုံထဲ၌ ထိုင်လျက် ပစ္စည်းများ ရှာဖွေရန် အပြင်ထွက်ခဲ့ရဖူးလေသည်။ ယခုမူ သူမ၏အခြေအနေသည် အရင်ဘဝထက် များစွာပင် ကောင်းမွန်နေပြီ ဖြစ်သည်။ ရေဝဲများကို သတိထားရုံမျှဖြင့် သူမ အဆင်ပြေမည် ဖြစ်သည်။

ယောင်ရန်သည် လေထိုးလှေကို မောင်းနှင်ကာ အလောင်းများနှင့် အမှိုက်များကို ရှောင်တိမ်းမောင်းနှင် နေရင်းပင် အနိမ့်ပိုင်းရှိ အဆောက်အအုံများ၏ ပထမထပ်များမှာ ရေအောက်သို့ ရောက်ရှိနေပြီး ဒုတိယ ထပ်များသို့ပါ ရေများ စတင်နစ်မြုပ်နေသည်ကို တွေ့မြင်ခဲ့ရသည်။ အခြေအနေသည် သူမ၏ အရင်ဘဝ ကထက်ပင် ပိုမို ဆိုးရွားနေပုံရလေသည်။

တစ်နာရီခန့် ကြာပြီးနောက် ယောင်ရန်သည် ဆေးတက္ကသိုလ်သို့ ရောက်ရှိလာခဲ့သည်။ သူမ ပတ်ဝန်း ကျင်ကို ခဏမျှ သေချာ ဂရုတစိုက် ကြည့်ရှုလိုက်သည်။ မည်သူမျှ မရှိကြောင်း သေချာသွားသည့်အခါ သံတူရွင်း ကို အသုံးပြု၍ မှန်ပြတင်းပေါက်ကို ရိုက်ခွဲကာ အတွင်းသို့ ဝင်ရောက်ခဲ့သည်။ သူမ၏ လှေကို နေရာလွတ် အတွင်းသို့ ယူဆောင်သွားပြီး စာကြည့်တိုက်ဆီသို့ ဝင်လာလိုက်သည်။

လမ်းတစ်လျှောက်တွင် ယောင်ရန်သည် အသုံးပြု၍ရနိုင်သော အရာအားလုံးကို ယူဆောင်လာခဲ့သည်။ အအေးလွန်ကဲသော အချိန်ရောက်လာသည့်အခါ ဤပစ္စည်းများသည် ရေအောက်တွင် အေးခဲသွားပြီး နောက်ထပ် အသုံးပြုနိုင်တော့မည် မဟုတ်ပေ။ ရေထဲတွင် ပုပ်ပွပျက်သွားစေမည့်အစား ယူဆောင်သွား ခြင်းက ပိုမို ကောင်းမွန်လေသည်။

စာကြည့်တိုက်သို့ ရောက်ရှိသောအခါ ဟိုက်ဒရောလစ် ညှပ်ကတ်ကြေးကို ထုတ်ယူပြီး လုံခြုံရေးသော့ ကို ဖြတ်တောက်လိုက်သည်။ အတွင်းသို့ ဝင်ရောက်သောအခါ အရာအားလုံး အကောင်းပကတိအတိုင်း ရှိနေသည်ကို တွေ့ရှိရလေသည်။ စာကြည့်တိုက်သည် လေအေးပေးစက်ကို အသုံးပြုထားသည့်အပြင် ပြတင်းပေါက်များပါ ဖွင့်ထားခြင်းမရှိသောကြောင့် မိုးရေတစ်စက်မျှပင် ဝင်ရောက်ထားခြင်းမရှိပေ။

ယောင်ရန်သည် ဤစာအုပ်များကို မြင်တွေ့ရသောအခါ အားရကျေနပ်မိပြီး စာအုပ်စင်များအပါအဝင် အားလုံးကို ယူဆောင်သွားခဲ့သည်။ သူမ ဒုတိယထပ်မှ ထွက်ခွာလာသောအခါ အခန်းလွတ်များနှင့် ဗလာ ကျင်းလျက်ရှိသော နံရံများသာ ကျန်ရှိလေတော့သည်။

ဤဆေးတက္ကသိုလ်တွင် ခြောက်ထပ်ရှိပြီး ယောင်ရန်သည် သူမ မြင်တွေ့သမျှ အရာအားလုံးကို ယူ ဆောင်သွားခဲ့သည်။ သူမ အဆောက်အအုံအလွတ်မှ ထွက်ခွာလာသောအခါ ညဆယ်နာရီပင် ရှိနေပြီ ဖြစ်သည်။

ယောင်ရန်သည် အချိန်စောနေသေးသည်ဟု ထင်မြင်မိသောကြောင့် လေထိုးလှေကို ထုတ်ယူပြီး ကျွင်းချန် ရှေးဟောင်းပစ္စည်းမြို့သို့ မောင်းနှင်လာခဲ့သည်။ သူမ၏ နေရာလွတ်နယ်မြေကို ချဲ့ထွင်ရန် အတွက် ရှေးဟောင်းပစ္စည်းများ အများအပြား လိုအပ်နေပေသေးသည်။

All Chapters