လျှို့ဝှက်ချက်များ
Vol. 25 Ch. 346
အခန်း (၃၄၆) လျှို့ဝှက်ချက်များ
နံနက်ခင်းအချိန်…။
မိုးကတဖွဲဖွဲရွာနေပြီး ကျန်းလန်ကတော့ တောအုပ်တစ်ခုကို ဖြတ်ကျော်လမ်းလျှောက်လာသည်။
ခွန်လွန်တောင်တွင် တာအိုဟောပြောခြင်းများကို နံနက်တိုင်းလိုလို အစဉ်အမြဲ ပြုလုပ်လေ့ ရှိလေရာ ယနေ့တော့ သွားရောက်နားထောင်ရန် စီစဉ်ထားသည်။
သူက ထိုသို့သော ဟောပြောပွဲများကို တစ်ခါမှ သွားရောက်နားထောင်ဖူးခြင်း မရှိလေရာ ယနေ့တော့ တစ်စုံတစ်ခု ပညာရလာရန် မျှော်လင့်မိသည်။
ခဏကြာပြီးနောက်…
တာအိုဟောပြောပွဲ ပြုလုပ်နေသည့်နေရာသို့ ကျန်းလန် ရောက်ရှိလာသည်။
ထိုနေရာတွင် တပည့်အချို့ ထိုင်လျှက်ရှိကြပြီး စင်မြင့်ထက်တွင်တော့ သက်လတ်ပိုင်းလူရွယ်တစ်ယောက် မျက်လုံးများမှေးမှိတ်ကာ ထိုင်နေ၏။
လာရောက်နားထောင်ကြသူများထဲတွင် လူသားအင်မော်တယ်အချို့ ပါဝင်နေသည်ကို ကျန်းလန် သတိပြုလိုက်မိသည်။
"နည်းနည်းတော့ ထူးဆန်းတယ်"
အမှန်တော့ တာအိုဟောပြောပွဲများက တပည့်အငယ်များအတွက် ရည်ရွယ်ပြုလုပ်ခြင်း ဖြစ်ပြီး လူသားအင်မော်တယ်နှင့်အထက် ကျင့်ကြံသူများအတွက် များစွာအကျိုးမရှိလှပေ။
လူသားအင်မော်တယ်များအနေဖြင့် ကျင့်ကြံခြင်းနှင့်ပတ်သက်ပြီး နားမလည်သည်များရှိလျှင် တောင်ထွတ်များမှ အကြီးအကဲများကို တိုရိုက်မေးမြန်းနိုင်သည်။ ဟောပြောပွဲကို လာရောက်နားထောင်စရာ မလိုပေ။
ကျန်းလန်က ထောင့်တစ်ထောင့်တွင် ဝင်ထိုင်လိုက်၏။
မကြာမီ စင်မြင်ထက်တွင်ထိုင်နေသည့် လူရွယ်ကစ စကားစပြောသည်။ ထိုသူက တောင်ထွတ်တစ်ခုခုမှ အကြီးအကဲတစ်ယောက် ဖြစ်နိုင်သည်။
တာအိုဟောပြောသူများက ပုံသေသတ်မှတ်၍ မရပေ။ တစ်ခါတစ်ရံ ဂိုဏ်းတူအစ်ကိုများ ၊ ဂိုဏ်းတူအစ်မများကလည်း လာရောက်သင်ပြပေးလေ့ ရှိတတ်သည်။
သို့သော် အကြီးအကဲတစ်ယောက်တည်းက ပုံသေဟောပြောသည့် ဟောပြောပွဲများလည်း ရံဖန်ရံခါ ရှိတတ်သည်ပင်။
ခဏအကြာတွင်တော့…
"ဒီနေ့ ပျက်သုဉ်းတစ်စပြင်လောကကြီးရဲ့ များပြားလှတဲ့ အင်အားစုတွေအကြောင်း ပြောပြမယ်"
လူရွယ်က စကားစတင်ပြောကြားလိုက်သည်။
ကျန်းလန် အနည်းငယ် အံ့အားသင့်သွားသည်။
တာအိုတရားသင်ပြပေးမှာ မဟုတ်ဘူးလား။ ယခုတော့ ပျက်သုဉ်းတစ်စပြင်လောကြီးမှ အင်အားကြီးအုပ်စုများအကြောင်း ပြောပြမည်တဲ့။
သို့သော် ကျန်းလန်က ထိုအကြော်းများကို အနည်းငယ်သာ သိရှိသည်ဖြစ်ရာ ပိုမိုသိရှိရန် လိုအပ်သည်။ ထို့ကြောင့် ဆက်နားထောင်နေလိုက်၏။
"ပျက်သုဉ်းတစ်စပြင်လောကကြီးကို အရှေ့ ၊ အနောက် ၊ တောင် ၊ မြောက် စွန့်ပစ်နယ်မြေတွေဆိုပြီး ခွဲခြားထားတယ် ၊ ဒီစွန့်ပစ်နယ်မြေ (၄)ခုရဲ့ အလယ်ဗဟိုကိုတော့ အလယ်ပိုင်းလွင်ပြင်ဒေသလို့ ခေါ်တယ် ၊ ဒီ စွန်ပစ်နယ်မြေ (၄)ခုကို ဆက်သွယ်ပေးထားတဲ့ ပင်လယ်ဒေသကိုတော့ ပင်လယ် (၄)ခုလို့ ခေါ်ကြတယ်"
"ပင်လယ် (၄)ခုဟာ အလွန်လျှို့ဝှက်ဆန်းကျယ်တယ် ၊ တန်ခိုးစွမ်းအားကြီးမားလွန်းတဲ့ နဂါးမျိုးနွယ်တွေက ပင်လယ် (၄)ခုကို ထိန်းချုပ်တယ် ၊ ဒါပေမဲ့ သူတို့တွေတောင်မှ ပင်လယ် (၄)ခု ဘယ်လောက် ဆန်းကျယ်လဲဆိုတာ အပြည့်အ၀ မသိနိုင်ကြဘူး"
"နဂါးတွေက မူလသက်ရှိမျိုးနွယ်တွေ ဖြစ်ကြတယ် ၊ သူတို့က ကမ္ဘာကြီးစတင်ဖြစ်တည်လာကတည်းက မွေးဖွားလာတဲ့သူတွေဖြစ်ကြပြီး မူလသက်ရှိတွေမှာ ပထမဆုံးအသုတ်လို့ ပြောလို့ရတယ် ၊ သူတို့က လောကကြီးနဲ့ နီးစပ်ကြသလို နှိုင်းဆမရလောက်အောင် တန်ခိုးစွမ်းအားကြီးမားတယ် ၊ သူတို့က ပင်လယ် (၄)ခုကို ထိန်းချုပ်အုပ်စိုးထားကြတယ်"
"သူတို့မှာ မွေးကတည်းက ကျင့်ကြံခြင်းအဆင့်တွေပါလာတတ်ကြတယ် ၊ အချို့ဆိုရင် မွေးရာပါအင်မော်တယ်တွေတောင် ရှိတတ်ကြတယ် ၊ သူတို့ရဲ့ အရည်အချင်းနဲ့ ပါရမီတွေက လူသားမျိုးနွယ်တွေထက် အများကြီးသာလွန်တယ်"
"လွန်ခဲ့တဲ့ နှစ်ပေါင်းရာနဲ့ချီကြာတဲ့အချိန်က နဂါးတွေနဲ့ နတ်မိစ္ဆာတွေ စစ်ပွဲကြီးတစ်ပွဲ ဆင်နွှဲခဲ့ကြတယ် ၊ အဲဒီစစ်ပွဲမှာ နတ်မိစ္ဆာတွေဘက်က ရှုံးနိမ့်သွားကြပေမယ့် နတ်မိစ္ဆာတွေက အင်အားနည်းလို့ ရှုံးနိမ့်သွားကြတာတော့ မဟုတ်ဘူး"
"နတ်မိစ္ဆာတွေမှာ သူတို့ရဲ့ ဘိုးစဉ်ဘောင်ဆက်လက်ဆင့်ကမ်းလာတဲ့ တန်ခိုးစွမ်းအားတွေရှိသလို သူတို့ရဲ့ အင်အားကလည်း နဂါးမျိုးနွယ်တွေအောက် မနည်းပါးဘူး ၊ သူတို့အင်အားဘယ်လောက်ရှိတယ်ဆိုတာ တိုင်းတာလို့ မရနိုင်ဘူး"
"နတ်မိစ္ဆာတွေက မြောက်ပိုင်းစွန့်ပစ်နယ်မြေမှာ နေထိုင်ကြတယ် ၊ သူတို့ကျက်စားတဲ့နေရာကတော့ မှော်ဝင်တိမ်တိုက်တောင်ကြောတစ်လျှောက်ဖြစ်တယ် ၊ တကယ်တော့ နဂါးမျိုးနွယ်တွေနဲ့ တိုက်ပွဲမှာ သူတို့ဘက်က မရှုံးသင့်ပဲ ရှုံးနိမ့်ခဲ့ကြရတာပဲ"
ကျန်းလန်က နေရာတွင်ပင်ထိုင်ရင်း ဟောပြောချက်များကို နားထောင်နေသည်။
လူရွယ်ဟောပြောနေသည့် အကြောင်းအရာများက အရင်က ကျန်းလန်သိရှိထားသည်များထက် ပိုမိုအသေးစိတ်ကျသည်။
မြောက်ပိုင်းစွန့်ပစ်နယ်မြေတွင် လူရိုင်းစစ်သည်တော်များလည်း နေထိုင်ကြသည်။ သူတို့သည်လည်း နတ်မိစ္ဆာများနည်းတူ အစွမ်းထက်ကြသူများ ဖြစ်ကြ၏။
သို့သော် ၎င်းတို့နှင့်ပတ်သက်သည့် သတင်းများ ထွက်ပေါ်လာခြင်း မရှိသေးသလို သူတို့က တိုက်ပွဲများတွင် ပါဝင်ခြင်းမရှိသေးပေ။
ခွန်လွန်တောင်ကတော့ အနောက်ဘက်စွန့်ပစ်နယ်မြေတွင် တစ္ဆေတိုင်းပြည်နှင့်အတူ ယှဉ်တွဲနေထိုင်ခဲ့သည်။
ဟောပြောနေသည့် အကြီးအကဲက ခွန်လွန်တောင်အကြောင်း များစွာ ပြောပြခြင်း မရှိသော်လည်း တစ္ဆေတိုင်းပြည်အကြောင်းကိုတော့ အတော်များများ ပြောပြသည်။
လက်ရှိအချိန်တွင် တစ္ဆေတိုင်းပြည်နှင့် နတ်မိစ္ဆာများတိုက်ခိုက်နေဆဲ ဖြစ်ပြီး တစ္ဆေတိုင်းပြည်ဘက်မှ အသာစီးရလျှက် ရှိသည်။
တစ္ဆေတိုင်းပြည်၏ တစ္ဆေချီစွမ်းအားသည် နှိုင်းဆမရအောင် တန်ခိုးစွမ်းအားမြင့်မားပြီး ပေါ့ပေါ့တန်တန် သဘောထား၍ မရပေ။
ကျင့်ကြံခြင်းအဆင့်မြင့်မားခြင်းမရှိဘဲ တစ္ဆေချီစွမ်းအားကို ထိတွေ့နိုင်ရန် မဖြစ်နိုင်ပေ။
နာမ်လောကမှ တစ္ဆေစစ်သည်ေတော်များကို ခေါ်ယူနိုင်ခြင်းသည် တစ္ဆေတိုင်းးပြည်၏ ထူးခြားချက်ဖြစ်သည်။ ထိုတစ္ဆေစစ်သည်တော်များ ဖြတ်သန်းသွားလာသည့်နေရာတွင် မြက်တစ်ပင်တောင် မပေါက်နိုင်လောက်အောင် ပျက်စီးသွားတတ်ကြလေရာ အလွန်ကြောက်မက်ဖွယ်ကောင်းသည်ဟု ဆိုနိုင်သည်။
ထိုစကားများကို နားထောင်ပြီးနောက် ကျန်းလန် မျက်ခုံးများတွန့်ချိုးထားမိသည်။
အဘယ်ကြောင့်ဆိုသော် သူ့တွင် တစ္ဆေတိုင်းပြည်မှ တစ္ဆေချီစွမ်းအားကြိုးမျှင်တစ်ခု ရှိနေသည့်အပြင် တစ္ဆေတံခါးကို ဖွင့်နိုင်သည့် အခွင့်အာဏာလည်း ရှိနေသည် မဟုတ်ပါလား။ ထို့ပြင် သူက နာမ်လောကမှ တစ္ဆေစစ်သည်တော်များကိုလည်း ဖိတ်ခေါ်နိုင်စွမ်း ရှိနေခဲ့သည်။
တစ္ဆေတိုင်းပြည်၏ တိုင်းပြည်ကံကြမ္မာချီစွမ်းအားနှင့် အပေးအယူလုပ်ခဲ့စဉ်က ထိုအခွင့်အရေးများကို ကျန်းလန် ရရှိခဲ့ခြင်း ဖြစ်သည်။
ကျန်းလန်အနေဖြင့် ထိုအရာများကို ထုတ်ဖော်အသုံးပြုရန် မလိုအပ်သော်လည်း အရေးပေါ်အခြေအနေဖြစ်လာပါက အသုံးဝင်လိုဝင်ငြား လက်ခံထားခဲ့ခြင်းပင်။
ဟောပြောပွဲကို အချိန်အတန်ကြာ နားထောင်နေပြီးနောက် အကြီးအကဲက အသေးစိတ်ပြောပြသည်ဆိုသော်လည်း သူ မပြောပြနိုင်သည့် အကြောင်းအရာများစွာ ရှိနေသေးကြောင်း ကျန်းလန် သဘောပေါက်လိုက်သည်။
အလယ်ပိုင်းလွင်ပြင်ဒေသအကြောင်း ရှင်းပြချိန်တွင်လည်း သူက နတ်လူသားမျိုးနွယ်များအကြောင်သာ ပြောပြခဲ့ပြီး နတ်လူသားမျိုးနွယ်များ၏ ကောင်းကင်ဘုံဧကရာဇ်ကျမ်းစာနှင့် ကောင်းကင်လှေကားအကြောင်းကို ပြောမပြခဲ့ပေ။
နတ်လူသားမျိုးနွယ်မဟုတ်သော အပြင်လူတစ်ယောက်က ကောင်းကင်လှေကားကို အဆုံးထိ အောင်မြင်စွာ တက်ခဲ့ပါက ရန်ငြိုးဖွဲ့ခံရမည့်အကြောင်းနှင့် ၊ ထိုကိစ္စမျိုးဖြစ်လာလျှင် နတ်လူသားမျိုးနွယ်များဘက်က သည်းခံနိုင်ခြင်း မရှိကြောင်းကိုလည်း မပြောပြခဲ့ပေ။
သို့သော် ကျန်းလန် မသိသေးသည့် အချက်အလက်အချို့ကိုတော့ သူက ပြောပြခဲ့သည်။
အရှေ့ဘက်စွန့်ပစ်နယ်မြေတွင်တော့ ချီလင်မျိုးနွယ်များနှင့် ဘီလူးဝိညာဉ်မျိုးနွယ်များ ကြီးစိုးကြသည်။
တောင်ပိုင်းစွန့်ပစ်နယ်မြေတွင်တော့ မြေအောက်နတ်ဆိုးများနှင့် မှော်ဝိညာဉ်တောင်မှ မှော်ဆရာများ နေထိုင်ကြသည်။ သူတို့ အုပ်စု (၂)စု၏ တိုက်ပွဲတွင်တော့ မှော်ဝိညာဉ်တောင်မှ မှော်ဆရာများ စစ်ရှုံးသွားခဲ့သည်။
မြေအောက်နတ်ဆိုးများက နတ်ဘုရားရာထူးတစ်ခုကို ရရှိခဲ့ကြသည်။
ဤအခြေအနေများကို ကျန်းလန်က အကြမ်းဖျင်း နားလည်ထားသည်။
အရှေ့ဘက်စွန့်ပစ်နယ်မြေသည် ရှေးဟောင်းအရှေ့နန်းတော်နှင့် ဆက်စပ်နေပါက နတ်ဘုရားရာထူးရရှိသူများမှာ ချီလင်မျိုးနွယ်များ ၊ သို့တည်းမဟုတ် ဘီလူးဝိညာဉ်မျိုးနွယ်များ ဖြစ်ပေလိမ့်မည်။
မြောက်ပိုင်းစွန့်ပစ်နယ်မြေနှင့် တောင်ပိုင်းစွန့်ပစ်နယ်မြေများမှ နတ်ဘုရားရာထူးများ ထွက်ပေါ်လာခဲ့ပြီး ဖြစ်သည်။
အနောက်ဘက်စွန့်ပစ်နယ်မြေကတော့ ပြောစရာမလိုတော့ပေ။ နတ်ဘုရားရာထူး (၂)ခုပင် ရရှိနေပြီ ဖြစ်၏။
အရှေ့၊ အနောက်၊ တောင်၊ မြောက်၊ အလယ်ပိုင်း ဒေသများတွင် နတ်ဘုရားရာထူးရရှိရန်အတွက် အရှေ့ဘက်စွန့်ပစ်နယ်မြေနှင့် အလယ်ပိုင်းလွင်ပြင်ဒေသသာလျှင် ကျန်ရှိတော့သည်။
အလယ်ပိုင်းလွင်ပြင်ဒေသက နည်းနည်းထူးဆန်းသည်။ အချိန်အတော်ကြာအောင် ရုန်းကန်ခဲ့ရသည့်တိုင် နတ်ဘုရားရာထူးတစ်ခုကို ရရှိခြင်း မရှိပေ။
"ကောင်းပြီ ၊ ဒီအကြောင်းတွေက ပျက်သုဉ်းတစ်စပြင်လောကကြီးရဲ့ အဓိက အင်အားစုတွေ အကြောင်းပါပဲ ၊ နောက်တစ်ခါ အချိန်ရမှ သူတို့ရဲ့ ဇာစ်မြစ်တွေအကြောင်းအသေးစိတ်ရှင်းပြပေးမယ် ၊ ပြီးတော့ ကျုပ်တို့ခွန်လွန်တောင်ရဲ့ ဇာစ်မြစ်အကြောင်းရောပေ့ါ"
ပြောပြီးသည်နှင့် စင်မြင့်ထက်မှ လူရွယ်က ချက်ချင်းပင် ပျံသန်းထွက်ခွာသွားသည်။
တပည့်များက အကြီးအကဲကို ဦးညွှတ်အရိုအသေပြု နှုတ်ဆက်လိုက်ကြ၏။ ကျန်းလန်လည်း အများနှင့်အတူ ဦးညွှတ်အရိုအသေ ပေးလိုက်သည်ပင်။
ဟောပြောပွဲပြီးသွားသည့်အခါ ကျန်းလန်က အခြားဂိုဏ်းတူမောင်နှမများ ပြောဆိုကြမည့် ပျက်သုဉ်းတစ်စပြင်လောကြီးမှ အကြောင်းအရာများကို နားထောင်ရန် စောင့်နေလိုက်သည်။
ထိုစဉ် တပည့်တစ်ယောက်က…
"အကြီးအကဲ'ချန်' ပြောသွားတာတွေကို မင်းတို့တွေ ကြားတယ်မဟုတ်လား ၊ အဲဒီအင်အားစုတွေက ပျက်သုဉ်းတစ်စပြင်လောကကြီးမှာ တိုက်ခိုက်နေကြတဲ့သူတွေ ၊ ခုထိလည်း တိုက်ပွဲတွေက အဆက်မပြတ် ဖြစ်နေတုန်းပဲ"
အခြားတပည့်တစ်ယောက်က…
"တိုက်ပွဲတွေ အဆုံးသတ်သွားလည်း သူတို့က ဆက်တိုက်ကြဦးမှာပဲ ၊ ဆက်မတိုက်ရင်လည်း အင်အားနည်းတဲ့အုပ်စုတွေကို အနိုင်ကျင့်ကြလိမ့်မယ်"
"အမှန်ပဲ ၊ အဲဒီအုပ်စုတွေက ပျက်သုဉ်းတစ်စပြင်လောကကြီးမှာ အဆိုးဆုံးအုပ်စုတွေလို့ ကျုပ်ကြားဖူးတာပဲ ၊ ချဲ့ကားပြောတာလား မသိပေမယ့် အလယ်ပိုင်းလွင်ပြင်ဒေသက သာမန်နိုင်ငံငယ်လေးတွေဆိုရင် နတ်လူသားမျိုးနွယ်တွေကို အကုန်လုံးက ကြောက်ကြရတယ်တဲ့"
"အလယ်ပိုင်းလွင်ပြင်ဒေသမှာ နတ်လူသားမျိုးနွယ်တွေကလွဲပြီး ဘယ်သူမှ စစ်တိုက်ခွင့် မရှိဘူးလေ ၊ ဒါကတကယ့်ကို မတရားတာပဲ"
"အမှန်ပဲ ဒါကတော့တ ကယ့်ကို မတရားတဲ့ ကိစ္စပဲ ၊ အခုက တစ်လောကလုံးတိုက်ခိုက်နေကြတဲ့အချိန်လေ"
"နဂါးတွေလည်း နတ်မိစ္ဆာတွေနဲ့ တိုက်ခဲ့ကြတာပဲလေ ၊ အခု နဂါးတွေ ငြိမ်နေကြတယ် ၊ ဒါပေမဲ့ နတ်မိစ္ဆာတွေကတော့ တစ္ဆေတိုင်းပြည်နဲ့တိုက်နေကြတုန်းပဲ ၊ ပြီးတော့ နတ်လူသားမျိုးနွယ်တွေလည်း ဇာမဏီမျိုးနွယ်တွေနဲ့ ဒီလောက်နှစ်တွေအကြာကြီးတိုက်နေခဲ့တာပဲလေ ၊ အဲဒါကရော ဘာကြောင့်လဲ"
"အင်း ပြောရခက်တယ် ၊ အခု ချီလင်မျိုးနွယ်တွေလည်း ဘီလူးဝိညာဉ်မျိုးနွယ်တွေနဲ့ တိုက်ခိုက်နေကြပြန်ပြီတဲ့ ၊ ဘယ်သူအနိုင်ရမလဲ မသိဘူး"
"ဘယ်ကလာ ၊ ချီလင်မျိုးနွယ်တွေနဲ့ ဘီလူးဝိညာဉ်မျိုးနွယ်တွေ မတိုက်တော့တာ ကြာလှပြီပေါ့ ၊ မြေအောက်နတ်ဆိုးတွေနဲ့ မှော်ဝိညာဉ်တောင်က မှော်ဆရာတွေကမှ တကယ့်ကို အပြင်းအထန် တိုက်ခိုက်ကြတာ"
"အခု နတ်မိစ္ဆာတွေကလည်း ခံတပ်မြို့ကြီး တည်ဆောက်နေပြန်ပြီတဲ့ ၊ သူတို့က ခံစစ်ကို ခိုင်မာစေချင်တာ ဖြစ်ရမယ် ၊ မလိုအပ်ဘဲနဲ့ သူတို့ အဲဒါတွေကို လုပ်မှာ မဟုတ်ဘူး"
"ဒီကိစ္စတွေက တကယ့်ကို ရှုတ်ထွေးလွန်းပါတယ်ကွာ ၊ ပြီးတော့ နတ်လူသားမျိုးနွယ်တွေထဲက ဟိုပါရမီရှင်ဆိုတဲ့လူကလည်း စိတ်ခံစားချက်ပျောက်ဆုံးတဲ့အဆင့်ကို ရောက်သွားပြီနော် ၊ သူက ကျင့်စဉ်အောင်မြင်သွားပြီတဲ့ ၊ သူက ကောင်းကင်ထက်မှာ ရပ်နေပြီး လူသားတွေကို ငုံ့ကြည့်နေတာ မြင်တဲ့သူက မြင်တယ်တဲ့ ၊ အင်မော်တယ်တွေတောင်မှ သူ့ရှေ့မှာ ခေါင်းမော့ဖို့ မဝံ့ရဲဘူးဆိုပဲ"
"ဒါကြောင့်လည်း တိုက်ပွဲမှာ ဇာမဏီမျိုးနွယ်တွေ အရေးနိမ့်နေတာ မအံ့သြတော့ပါဘူး"
ကျန်းလန်က ဘေးနားတွင် အသာရပ်ရင်း ထိုစကားများကို နားထောင်နေခဲ့သည်။ နတ်လူသားမျိုးနွယ်များနှင့်ပတ်သက်လျှင် သူ အနည်းငယ် စိတ်ပူမိသည်။
နတ်လူသားမျိုးနွယ်များဘက်မှ တန်ခိုးစွမ်းအားမြင့်မားလာလေ သူ့အတွက် အကျိုးယုတ်လေး ဖြစ်သည်။ သူက တိုက်ပွဲတွင် ဇာမဏီမျိုးနွယ်များ အနိုင်ရရန် မျှော်လင့်ခဲ့သည်။
ဘာပဲဖြစ်ဖြစ် နတ်လူသားမျိုးနွယ်များ တိုက်ပွဲဆက်ဖြစ်လေ သူ့အတွက် ကောင်းလေဖြစ်သည်။ သူ တန်ခိုးစွမ်းအား ပိုမိုမြင့်မားလာစေရန် အချိန်ရရှိမည် မဟုတ်ပါလား။
နတ်လူသားမျိုးနွယ်များအနေဖြင့် နောင်နှစ်ပေါင်း (၁၀၀၀) ခန့်ကြာမှ ကျန်းလန် အစစ်အမှန်အင်မော်တယ် ဖြစ်လာမည်ဟု ထင်မှတ်ထားကြသည်။
လက်ရှိ အများအမြင်ကျင့်ကြံခြင်းအဆင့်ဖြင့်ဆိုလျှင် သူက အစစ်အမှန်အင်မော်တယ်တစ်ယောက်ရှေ့တွင် ပုရွက်ဆိတ်တစ်ကောင်မျှသာ ဖြစ်သည်။
မိုးကောင်းကင်အင်မော်တယ်နှင့်သာ ရင်ဆိုင်ရမည်ဆိုလျှင် သူ့ကို တစ်ချက်တည်းနှင့် အသက်ပျောက်မည် ဖြစ်၏။
သို့သော် တကယ်တမ်းတွင် သူက မိုးကောင်းကင်အင်မော်တယ်အဆင့် ရောက်ရှိနေကြောင်းသာ သိရှိသွားပါက နတ်လူသားမျိုးနွယ်များ မည်သို့ရှိမည်ကို သိချင်မိသည်။
နတ်လူသားမျိုးနွယ်များ သူ့ကို မလုပ်ကြံကြတော့ဘဲ နောက်ဆုတ်သွားကြမည်လား။
နောက်ဆုတ်သွားကြမည်ဆိုလျှင် ကျန်းလန်က သူတို့ကို အလွတ်ပေးလိုက်မည်။ မဟုတ်လျှင်တော့ သူက အကုန်လုံးကို သတ်ဖြတ်ပစ်ပေမည်။
ဤသည်က ကျန်းလန်၏ နောက်ဆုံးသော ဆုံးဖြတ်ချက် ဖြစ်၏။
ကျန်းလန်က ကောင်းကင်ဧကရာဇ်ကျမ်းစာကို ကျင့်ကြံနိုင်စွမ်းရှိသူ ဖြစ်ေလေရာ နတ်လူသားမျိုးနွယ်က သူ့ကို အလွတ်ပေးမည် မထင်ပေ။
ကျန်းလန် ရှိနေသရွေ့ သူတို့ အဘယ်မှာ ကောင်းကောင်း အိပ်ပျော်နိုင်ပါမည်နည်း။
ကောင်းကင်ဧကရာဇ်ကျမ်းစာသည် နတ်လူသားမျိုးနွယ်များ၏ အခြေခံအုတ်မြစ် ကျင့်စဉ်တစ်ခု ဖြစ်သည်။ ထိုကျမ်းစာကိုသာ ပြင်ပမှ လူတစ်ယောက်က ကျင့်ကြံလိုက်လျှင် နတ်လူသားမျိုးနွယ်များ မည်သို့မှ လက်မခံနိုင်သည်မှာ ထင်ရှားသည်။
"တစ်လောကလုံး တိုက်ပွဲတွေဖြစ်နေတာ ၊ ဒါပေမဲ့ ကျုပ်တို့ခွန်လွန်တောင်ကတော့ အေးဆေးပဲနော် ၊ တိုက်ပွဲငယ်လေးတွေ တိုက်ခိုက်တာလောက်ပဲ ရှိတယ် ၊ ဒါက ပုံမှန်ရော ဟုတ်ရဲ့လား"
တပည့်တစ်ယောက်၏ အသံ ထွက်ပေါ်လာလေ၏။