← Chapters

နဂါးအသွင်မပြောင်းလဲဖို့ ပညာပေးရမည်

Vol. 25 Ch. 348

နဂါးအသွင်မပြောင်းလဲဖို့ ပညာပေးရမည်

Vol. 25 Ch. 348

အခန်း (၃၄၈) နဂါးအသွင်မပြောင်းလဲဖို့ ပညာပေးရမည်

"တန်ဖိုး ဟုတ်လား"

ဦးခေါင်းထက်တွင် ဦးချိုများပါရှိသည့် နတ်မိစ္ဆာလူငယ်က တိုက်ခိုက်ရန် အသင်ပြင်ရင်း ပြန်မေးလိုက်သည်။

သူတို့ ဤနေရာမှ လွတ်မြောက်နိုင်မည်ဟု တွေးထင်ခဲ့ကြသော်လည်း ထိုသူက သူတို့ရှေ့သို့ ရောက်လာမည်ဟု မည်သို့ ထင်မှတ်ပါမည်နည်း။

ထိုသူက အလွန်တည်ငြိမ်ပြီး ကြောက်မက်ဖွယ်ရာကောင်းသည်။ တန်ခိုးစွမ်းအားကလည်း သူတို့ထက် သာလွန်သည့် မိုးကောင်းကင်အင်မော်တယ်တစ်ပါး ဖြစ်နိုင်လေသည်။

သို့သော် ထိုသူက ဤတောအုပ်ထဲတွင် အခြားသူများ မသိအောင် မည်သို့ နေထိုင်ပါသနည်း။ အထူးသဖြင့် ဤနေရာက ခွန်လွန်တောင်နှင့် နီးကပ်သည်။

ခွန်လွန်တောင်နှင့် နီးကပ်သည်က ပြဿနာမရှိသလို မိုးကောင်းကင်အင်မော်တယ်တစ်ပါး ဤနေရာတွင် ရောက်နေခြင်းကလည်း အမှားအယွင်း မရှိပေ။

သို့ပေသိ ခွန်လွန်တောင်အနီးပတ်ဝန်းကျင်တွင် အင်မော်တယ်တစ်ယောက်နေထိုင်မည်ဆိုပါက ခဏမျှသာ ဖြစ်နိုင်လေသည်။

အချိန်ကြာမြင့်စွာ နေထိုင်မည်ဆိုပါက ခွန်လွန်တောင်က ရိပ်မိသွားပြီး နောက်ဆက်တွဲ မည်သည့်ပြဿနာများ ဖြစ်လာမည်ကို သိရန်ခက်ခဲသည်။

ခွန်လွန်တောင်၏လက်ချက်မိသွားလျှင် ကံကောင်းမှသာ အသက်ရှင်နိုင်မည် ဖြစ်သည်။

ကံမကောင်းခဲ့လျှင်…

လောကတစ်ခုလုံးနှင့် ထာဝရ အဆက်အသွယ်ပြတ်သွားပေလိမ့်မည်။

နတ်မိစ္ဆာမျိုးနွယ်များ ဤနေရာတွင် နေခဲ့စဉ်ကလည်း ထိုသို့သော အဖြစ်အပျက်များ ဖြစ်ပျက်ခဲ့သည်။

သို့သော် ယခု နတ်လူသားမျိုးနွယ် မိုးကောင်းကင်အင်မော်တယ် ဤနေရာတွင် ရောက်နေခြင်းကို ခွန်လွန်တောင်မှအကြီးအကဲများ အာရုံမစိုက်မိကြသေးသည်မှာ သေချာသည်။

အဖြူရောင်ဝတ်ဆင်ထားသည့် နတ်လူသားမျိုးနွယ်က နတ်မိစ္ဆာ (၂)ယောက်ကို တစ်ချက်ကြည့်လိုက်ရင်း ခပ်တိုးတိုးလေသံဖြင့် ပြောသည်။

"ငရဲတံခါးက မရဏအငွေ့အသက်တွေ ပေါက်ကွဲထွက်နေတယ် ၊ မင်းတို့က သွားပြီး တိုက်ခိုက်ကြမလို့လား"

"ကျုပ်တို့ မတိုက်ခိုက်ဘူးဆိုရင် ဘာလုပ်ရမလဲ"

သိမ်းငှက်မျက်လုံးများပိုင်ရှင် ဖေးယွမ်က ပြန်ပြောလိုက်သည်။

တကယ်တမ်းတွင် တိုက်ခိုက်ရမည်ဖြစ်သော်လည်း အင်အားမလုံလောက်သောကြောင့် သူတို့ မတိုက်ခိုက်လိုကြပေ။  သူတို့လှုပ်ရှားသည်နှင့် တစ်ခုခု ဖြစ်လာမည်မှာ အသေအချာ ဖြစ်သည်။

ထို့ကြောင့် သူတို့က ပြိုင်ဘက်ကင်းလက်သီးနတ်ဘုရားကို ရှာဖွေရန် ရည်ရွယ်ထားသည်။

ယခင်တစ်ခေါက်က ပြိုင်ဘက်ကင်းလက်သီးနတ်ဘုရားက သူတို့ကို မယုံကြည်ဘဲ ခွန်လွန်တောင်နှင့်သာ ပူးပေါင်းခဲ့သည်။

သူတို့က ပြိုင်ဘက်ကင်းလက်သီးနတ်ဘုရားနှင့် ခွန်လွန်တောင်အကြား သွေးခွဲရန် စီစဉ်ခဲ့ကြသော်လည်း မအောင်မြင်ခဲ့ကြပေ။

လက်သီးနတ်ဘုရားကဲ့သို့သော အဆင့်မျိုးရှိသည့် တန်ခိုးစွမ်းအားရှင်ကို ဆန့်ကျင်ရန်မှာ သူတို့အတွက် မလွယ်ကူပေ။ ထို့ပြင် ထိုသို့သော အဆင့်ရှိသူများကိုလည်း သူတို့ နားလည်နိုင်ခြင်း မရှိကြပေ။

ထို့ကြောင့် နတ်မိစ္ဆာအကြီးအကဲများထံမှ ညွှန်ကြားချက်များ စောင့်နေကြသော်လည်း ယခုအချိန်ထိ တစ်ခုမှ ရောက်မလာခဲ့ပေ။

သူတို့၏ မူလရည်ရွယ်ချက်မှာ လက်သီးနတ်ဘုရားနှင့် အဆက်အသွယ်ရရန်နှင့် ငရဲတံခါးကို စောင့်ကြည့်ရန် ဖြစ်သည်။

သို့သော် အချိန်ကြာလသည်နှင့်အမျှ သူတို့ ဒီအတိုင်းဆက်မသွားတော့ဘဲ လှုပ်ရှားရန် ရွေးချယ်ခဲ့ကြသည်။

အဖြူရောင်ဝတ် နတ်လူသားမျိုးနွယ်က…

"ကျုပ်ဆီကအကူအညီတောင်းမယ်ဆိုရင်တော့ မင်းတို့တွေ ဘာမှရမှာ မဟုတ်ဘူး"

သူက ခံစားချက်ကင်းမဲ့စွာဖြင့် နတ်မိစ္ဆာ (၂)ယောက်ကို ကြည့်လိုက်၏။ သူ့ကို ကြည့်ရသည်မှာ ခံစားချက်မရှိသည့် အခွံသက်သက် လူသားတစ်ယောက်ပမာ ဖြစ်သည်။

ဖေးယွမ်က ထိုသူကို ကြည့်လိုက်ပြီး ခပ်တိုးတိုးလေသံဖြင့်…

"ဒါဖြင့် မင်းက ကျုပ်တို့ကို ဘာလုပ်စေချင်တာလဲ"

ခဏနားပြီးမှ သူက ဆက်ပြောသည်။

"မင်း တစ်ခုတော့ နားလည်ထားရမယ် ၊ ကျုပ်တို့ တိုက်ခိုက်ပြီဆိုရင် မင်း ဝင်ပြီးမနှောက်ယှက်ရဘူး ၊ မဟုတ်ရင်တော့ ကျုပ်တို့အားလုံး ဒုက္ခရောက်လိမ့်မယ် ၊ ပြီးတော့ မင်းက ကျုပ်တို့ကိစ္စကို နှောက်ယှက်လို့ နတ်မိစ္ဆတွေအားလုံးပေါင်းပြီး မင်းကို တိုက်ခိုက်မယ်ဆိုရင် မင်း လုံး၀ လွတ်မြောက်နိုင်မှာ မဟုတ်ဘူး"

ထိုစကားကိုကြားသည်နှင့် အဖြူရောင်ဝတ်ဆင်ထားသူက နတ်မိစ္ဆာ (၂)ယောက်ကို ကြည့်လိုက်သည်။

"ဘဝရှိလာရင် သေခြင်းတရားလည်း ရှိမှာပဲ ၊ သေခြင်းတရားဆိုတာကလည်း အဆုံးသတ်မဟုတ်ပါဘူး ၊ သူက ပြီးပြည့်စုံမှုကို ကိုယ်စားပြုတဲ့အရာပါ"

ထို့နောက် အဖြူရောင်ဝတ်ဆင်ထားသူက ကောင်းကင်ထက်သို့ ပျံသန်းထွက်ခွာသွားရင်း…

"မင်းတို့ ပြင်ဆင်ထားကြပါ ၊ စိတ်ပိုင်းဆိုင်ရာတွေ ပြင်ဆင်ထားဖို့လိုတယ် ၊ အောင်မြင်တာပဲ ဖြစ်ဖြစ် ၊ ကျရှုံးတာပဲ ဖြစ်ဖြစ် မင်းတို့ရဲ့ စိတ်အပေါ်ပဲ မူတည်တယ် ၊ ပြီးတော့ မင်းတို့တွေ ရေခဲပုစဉ်းရင်ကွဲတောအုပ်ထဲက ထွက်သွားကြတော့ ၊ မဟုတ်လို့ကတော့ ကျုပ်ကိုယ်တိုင် မင်းတို့ကို သတ်ပစ်မယ်"

ထို့နောက် နတ်လူသားမျိုးနွယ်ပျောက်ကွယ်သွားပြီး နတ်မိစ္ဆာများသာလျှင် ကျန်ရစ်ခဲ့သည်။

"ကျုပ်တို့ လှုပ်ရှားသင့်သလား"

ဦးချိုများနှင့်လူငယ်က မေးလိုက်သည်။

ဖေးယွမ်က သက်ပြင်းတစ်ချက်ချလိုက်ရင်း…

"သူ ဘာတွေလုပ်နေလဲဆိုတာ ကျုပ်မသိပေမယ့် သူ့ဆီက အကူအညီရရင်တော့ ကောင်းမှာပဲ ၊ ကျုပ်တို့အတွက် နောက်ပြန်လှည့်ဖို့ဆိုတာလည်း မဖြစ်နိုင်ဘူးလေ"

ဖေးယွမ်က လေးနက်သည့်လေသံဖြင့် ပြောလိုက်သည်။

ဟုတ်ပေ၏။

သူတို့ စတင်တိုက်ခိုက်လိုက်သည်နှင့် နဝမတောင်ထွတ်ကို တိုက်ခိုက်သည့်သဘော ဖြစ်သွားပေမည်။

ထို့ပြင် နဝမတောင်ထွတ်မှ ကျန်းလန်ကိုလည်း သူတို့လွှတ်ထားသည့် သူလျှိုများက တစ်ခါမှ အနိုင်ယူနိုင်ခဲ့ခြင်း မရှိပေ။

ကျန်းလန်ကို သတ်ဖြတ်နိုင်လျှင်လည်း ကောင်းသည့် အချက်ဖြစ်သည်။ သို့သော် သူက ဘယ်တော့မှ ပြင်ပလောကသို့ ထွက်ခွာလေ့ မရှိပေ။

တစ်ဖက်လူက လွတ်လပ်မှုမရှိဘဲ ခွန်လွန်တောင်တွင် ပိတ်မိနေသည့်ဟန် ရှိသည်။

"တကယ်လို့ သူက ခွန်လွန်တောင်မှာ ပိတ်ခံထားရတဲ့ အသုံးချခံ ရုပ်သေးရုပ်တစ်ရုပ်ဆိုရင် ကျုပ်တို့ သူ့ကို တွေ့တာနဲ့ ကျုပ်တို့ဘက် ပြောင်းလာဖို့ စည်းရုံးနိုင်မှာ မဟုတ်ဘူးလား ၊ သူ့လိုမျိုး အသုံးမကျတဲ့သူတွေကို ဘယ်သူမှ လေးစားမှာ မဟုတ်ဘူး ၊ အဲဒီတော့ အငုံ့စိတ်နဲ့ ဘာမဆိုလုပ်မှာပဲ"

ဦးခေါင်းထက်တွင် နွားရိုင်းဦးချိုရှိသည့် လူငယ်က ပြောလိုက်သည်။

"ဒီလူက အားနည်းတာမှန်ပေမယ့် မင်း သူ့ကို လျှော့တွက်လို့ မရနိုင်ဘူး ၊ ပြီးတော့ အခုလောလောဆယ် ကျုပ်တို့ အဲဒီလိုလုပ်ဖို့ အခွင့်အရေး မရနိုင်သေးဘူး"

ဖေးယွင်က မျက်ခုံးများကို တွန့်ချိုးထားရင်း စကားဆက်ပြောသည်။

"ဒီတော့ ကျုပ်တို့ ငရဲတံခါးကို တိုက်ခိုက်ဖို့ပဲ ပြင်ဆင်ရမယ် ၊ အဲဒါအောင်မြင်ရင်တော့ သေချာပေါက် ဆုလာဘ်တွေ ရနိုင်မှာပဲ"

သူတို့တွင် ရွေးချယ်စရာမရှိတော့ပေ။

တစ်ခုမဟုတ်တစ်ခု လှုပ်ရှားရမည် ဖြစ်သည်။ လှုပ်ရှားမှသာ အသက်ရှင်ရန် အခွင့်အရေး ရနိုင်မည် ဖြစ်သည်။

အောင်မြင်ခဲ့လျှင် သူတို့အတွက် လွတ်လမ်းရှိမည် ဖြစ်သည်။

***

မရဏဂူ…။

ကျန်းလန်က ငရဲတံခါးမှ မရဏအငွေ့အသက်များ ပေါက်ကွဲထွက်နေသည်ကို လှမ်းကြည့်ရင်း မျက်မှောင်ကြုတ်လိုက်သည်။

လုံး၀ မတူခြားနားသောအသွင်အပြင်တစ်ခုကို သူ ခံစားလိုက်ရသည်။ မရဏအငွေ့အသက်များကတော့ အလွန်အမင်း ထူထပ်များပြားလျှက် ရှိသည်။

ဤနေရာတွင် ကျင့်ကြံခြင်းက သူ့အတွက် အကျိုးရှိပြီး သူ၏ ကျင့်ကြံခြင်းကို အရှိန်မြှင့်တင်ပေးနိုင်သည်။

ဟုတ်ပေ၏။

ငရဲတံခါးမှ မရဏအငွေ့အသက်များ ပေါက်ကွဲထွက်သည့်အတွက် သူ၏ ကျင့်ကြံခြင်း လျှင်မြန်စွာ မြင့်တက်လာခဲ့ခြင်း ဖြစ်သည်။

လက်ရှိတွင် သူ ခွန်လွန်တောင်သို့ ရောက်သည်မှာ နှစ်ပေါင်း (၄၇၀) ရှိခဲ့ပြီဖြစ်ပြီး နောက်ထပ်နှစ်ပေါင်း (၁၀၀)ဆိုလျှင် သူ ပြင်ပလောကသို့ ထွက်ခွာရမည် ဖြစ်သည်။

သူပြန်လာသည့်အခါ မိုးကောင်းကင်စမ်းသပ်ခံရခြင်းကို အောင်မြင်ပြီးသည့် အင်မော်တယ်တစ်ပါးဖြစ်နေမည်မှာ အသေအချာပင်။

အနှစ် (၁၀၀)ဆိုသည်က ခဏလေးနှင့် ကုန်ဆုံးသွားမည်ဖြစ်သည်။

သူသည်ပင် မသိလိုက်မသိဘာသာဖြင့် ခွန်လွန်တောင်သို့ ရောက်ရှိသည်မှာ နှစ်ပေါင်း (၅၀၀) ရှိခဲ့ပြီ ဖြစ်သည်။ သာမန်အင်မော်တယ်အဖြစ်မှ မိုးကောင်းကင်အင်မော်တယ် ၊ အလယ်ဆင့်သို့ ရောက်ရှိခဲ့ပြီ ဖြစ်သည်။

မိုးကောင်းကင်အင်မော်တယ်တစ်ယောက်ဆိုသည်က အားနည်းသည်ဟု မယူဆသင့်တော့ပေ။

သို့သော်…

သူက တာ့လော်အင်မော်တယ်နှင့် တာအိုအင်မော်တယ်များအကြောင်းကိုလည်း လေ့လာခဲ့သည်။

သို့ဖြစ်ရာ ကျင့်ကြံခြင်းအဆင့် မြင့်မားလာလေလေ ဘာမှ မဟုတ်သလို ခံစားရလေလေ ဖြစ်သည်။

အရင်ကဆိုလျှင် အင်မော်တယ်များက အလွန်တန်ခိုးစွမ်းအားမြင့်မားသည်ဟု သူ ထင်မှတ်ခဲ့မိသည်။ သို့သော် ယခုတော့  မိုးကောင်းကင်အင်မော်တယ်တစ်ယောက်ဖြစ်သည့်တိုင် တန်ခိုးစွမ်းအား လုံလောက်အောင်မြင့်မားသည်ဟု မခံစားရသေးပေ။

ကျန်းလန် မရဏဂူအတွင်းမှ ထွက်ခွာလာပြီးနောက် သားရဲဥလေးနှင့် ရေသဖန်းပင်လေးကို ဝိညာဉ်ဆေးရည်များလောင်းပေးရန် ခြံဝင်းဆီသို့ ထွက်လာခဲ့သည်။

ယခုပင် ကျင့်ကြံခြင်းအဆင့်တစ်ဆင့် တက်ပြီးသည်ဖြစ်လေရာ လောလောဆယ်တွင် လုပ်စရာ ဘာမှ မရှိပေ။

မိုးကောင်းကင်အင်မော်တယ် ၊ အလယ်ဆင့်ဆိုသည်က တာ့လော်အင်မော်တယ်ဖြစ်ရန် ခြေတစ်လှမ်းပိုမိုနီးကပ်လာပြီဟု ဆိုနိုင်သည်။

တာ့လော်အင်မော်တယ်ဆိုသည်က ပျက်သုဉ်းတစ်စပြင်လောကကြီးတွင် တန်ခိုးစွမ်းအားမြင့်မားသည်ဟု ယူဆနိုင်သည့် အဆင့်တစ်ခု ဖြစ်သည်။

သူသည် ဤသို့သော အဆင့်တစ်ခုသို့ပင် လျှင်မြန်စွာ ချဉ်းကပ်လာနိုင်ခဲ့ပြီ ဖြစ်သည်။

ထိုသို့တွေးမိသည့်အခါ သူ့အသိစိတ်က အနည်းငယ်တုန်လှုပ်သွားသည်။

လက်ရှိတွင် သူလုပ်ရမည့်အလုပ်မှာ အရင်ဆုံးစိတ်တည်ငြိမ်စေရန်နှင့် မာန်တက်လာခြင်းမှ ကာကွယ်ရန် ဖြစ်သည်။

မိုးကောင်းကင်အင်မော်တယ်အောက် အဆင့်ရှိသည့် ကျင့်ကြံသူများကိုလည်း အထင်သေးခြင်း ၊ လျှော့တွက်ခြင်း မပြုမိစေရန် သတိချပ်ရမည်။

မောက်မာခြင်းနှင့် မထီမဲ့မြင်ပြုခြင်းတို့က စိတ်ကြီးဝင်သည့် လက္ခဏာများပင် ဖြစ်သည်။

စိတ်ကြီးဝင်လာလျှင် အပြုအမူ ၊ အပြောအဆိုများပါ ပြောင်းလဲသွားမည် ဖြစ်သည်။ စိတ်တည်ငြိမ်မှုကင်းမဲ့ပြီး သိမ်ဖျင်းသူတစ်ယောက် ဖြစ်လာမည်ပင်။

သို့ဆိုလျှင် အသက်အန္တရယ်လည်း ရှိလာမည် ဖြစ်သည်။ ထို့ကြောင့် ကျန်းလန်က အမြဲတမ်း သတိထားနေခဲ့ခြင်း ဖြစ်၏။

သို့သော် လောလောဆယ်အချိန်ထိ သူ့စိတ်က တည်ငြိမ်နေပြီး စိတ်ကြီးဝင်ခြင်း မရှိသေးပေ။

ကြည့်ရသည်မှာ သူ့ထက်တန်ခိုးစွမ်းအား မြင့်မားလှသည့် ဧကရာဇ်ရှီးဟယ်နှင့် တစ္ဆေတိုင်းပြည်မှ တိုင်းပြည်ကံကြမ္မာ ချီစွမ်းအားတို့ကို ရင်ဆိုင်ခဲ့ရခြင်းကြောင့် ဖြစ်နိုင်သည်။

ထိုသို့သောတန်ခိုးစွမ်းအား မြင့်မားသူများနှင့် ယှဉ်လျှင် အလွန်ကွာခြားကြောင်း ကျန်းလန် ခံစားရသည်။

သူရပ်နေသည့် နေရာကို ကျန်းလန်က နားလည်သူဖြစ်သည်။ တကယ်တမ်းတော့ သူက တန်ခိုးစွမ်းအားမြင့်မားသူ မဟုတ်သေးပေ။

"ဒီနေ့တော့ စာအုပ်တွေဖတ်ရမယ် ၊ ညကျမှ မန္တန်တွေ ၊ တန်ခိုးစွမ်းအားတွေကို ထပ်ပြီး ကျင့်ကြံရမယ်"

ကျန်းလန် တွေးလိုက်သည်။

ကျင့်ကြံခြင်းအဆင့်တက်ပြီးနောက် ကျင့်ကြံခြင်းအဆင့်ကို တည်ငြိမ်အောင် ပြုလုပ်ရမည် ဖြစ်သည်။ အမှားအယွင်းမရှိစေရန်အတွက် မန္တန်များနှင့် တန်ခိုးစွမ်းအားများကို ကျင့်ကြံရမည့်အချိန်လည်း ဖြစ်သည်။

ဤသည်က ကျင့်ကြံခြင်းအဆင့်တက်တိုင်း ပြုလုပ်ရမည့် အခြေခံဖြစ်ပြီး အချိန်အနည်းငယ်ယူရမည် ဖြစ်သည်။

ကျန်းလန် ခြံဝင်းထဲတွင် ရပ်နေရင်း ခွန်လွန်တောင် ၊ အဓိက ခန်းမဆောင်သို့ လှမ်ကြည့်လိုက်သည်။ ထိုနေရာတွင် အလင်းတန်းက ရှိနေဆဲ ဖြစ်သည်။

သူသိထားသည့်အတိုင်းသာဆိုလျှင် နောက် (၅)နှစ်အတွင်း ဒုတိယအလင်းတန်း ထွက်ပေါ်လာမည် ဖြစ်သည်။

"နောက်ထပ် အနှစ် (၁၀၀)မှ ပြင်ပလောကကို ထွက်မယ်ဆိုရင် ငါတောင်ပေါ်ပြန်လာတဲ့အခါ ခွန်လွန်တောင်ကို ရောက်တာ နှစ်ပေါင်း (၅၈၀) လောက် ရှိလောက်ပြီ"

ထိုအချိန်ရောက်လျှင် အလင်းတိုင် (၇)ခု ရှိနေမည် ဖြစ်သည်။

အလင်းတိုင် (၉)ခု ထွန်းညှိပြီးလျှင်တော့ မင်္ဂလာပွဲကျင်းပသည့် နေ့ရက်ရောက်ရှိလာမည်ပင်။ ထိုအချိန်ဆိုလျှင် ကျန်းလန် ခွန်လွန်တောင်သို့ ရောက်သည်မှာ နှစ်ပေါင်း (၆၀၀) ခန့် ရှိပေလိမ့်မည်။

လက်ထပ်ပြီးလျှင်တော့ လုန်ယွိသည်လည်း ယခု ခြံဝင်းထဲတွင ်သူနှင့်အတူ နေထိုင်ရမည် ဖြစ်သည်။

နဂါးမျိုးနွယ်…။

ထိုနဂါးမယ်လေး နဂါးအသွင်ပြောင်းလိုက်လျှင် သူ့အိမ်လေးထက် ပိုကြီးလေသည်။

ညသန်းခေါင်ယံလောက်မှ ရှောင်ယွိ နဂါးအသွင်ပြောင်းသွားလျှင်…

အိမ်ပြိုကျပေလိမ့်မည်။

ကျန်းလန် မျက်ခုံးများကို တွန့်ချိုးထားလေသည်။

ထိုသို့သာ ဖြစ်လာခဲ့ပါက ကျန်းလန်က နဂါးသုတ်သင်ဓားသိုင်းအသုံးပြုပြီး နဂါးအသွင်မပြောင်းလဲဖို့ ထိုနဂါးမလေးကို ပညာပေးရမည်ပင်။

All Chapters