← Chapters

လက်သီးနတ်ဘုရားကကူညီမှာလား

Vol. 25 Ch. 349

လက်သီးနတ်ဘုရားကကူညီမှာလား

Vol. 25 Ch. 349

အခန်း (၃၄၉) လက်သီးနတ်ဘုရားကကူညီမှာလား

တစ္ဆေတိုင်းပြည်။

ကောင်းကင်ထက်တွင် တိမ်တိုက်များဖြင့် ပြည့်နေပြီး နေရာင်ခြည်ကို တွေ့မြင်ရခြင်း မရှိပေ။

ခြံဝင်းအပြင်ဘက်တွင် အမျိုးသမီးတစ်ယောက် ရှိနေပြီး သူမ၏မျက်နှာထက်တွင် စိုးရိမ်ပူပန်ဟန်ဖြင့် လယ်ကွင်းများကို ကြည့်ရှုနေလေသည်။

ထိုလယ်ကွင်းများတွင် တစ္ဆေတိုင်းပြည်အတွက် ထူးခြားသည့်ကောက်ပဲသီးနှံများကို စိုက်ပျိုးထားသော်လည်း လွန်ခဲ့သည့် နှစ်အနည်းငယ်အတွင်း မိုးခေါင်နေခဲ့သည်။

မိုးခေါင်သောကြောင့် မြေကြီးများ ပတ်ကျားအက်စပြုလာသည်။

ယခင်အချိန်များကတော့ မိုးရေချိန် နည်းသည်ဖြစ်စေ များသည်ဖြစ်စေ (၂)နှစ်လျှင်တစ်ကြိမ် မိုးရွာသွန်းလေ့ ရှိသည်။သို့သော် ပြီးခဲ့သည့်နှစ်များတွင်တော့ လုံး၀ မိုးရွာသွန်းခဲ့ခြင်း မရှိပေ။

“အမေ ၊ စိတ်မပူပါနဲ့ ၊ ကျွန်တော် အမေ့အတွက် နတ်ဆရာတစ်ယောက်ရှာပြီး မိုးရွာအောင် မန္တန်ရွတ်ခိုင်းပါ့မယ်”

ခြံဝင်းထဲမှ လူငယ်လေးတစ်ယောက်ထွက်လာပြီး ပြောလိုက်သည်။

သူ့လက်ထဲတွင် ဓားတစ်လက်နှင့် သစ်သားစတစ်စကို ကိုင်ထားပြီး လက်သီးနတ်ဘုရားရုပ်တုငယ်ကို ထွင်းထုနေသည်။

တစ္ဆေတိုင်းပြည်မှ လူများက အလွန်သန်မာကြသည်။

သို့သော် တစ္ဆေတိုင်းပြည်မှ ကျင့်စဉ်များဖြင့်  လေနှင့်မိုးကိုဆင့်ခေါ်နိုင်သူ အလွန်နည်းပါးသည်။ သူတို့က တစ္ဆေတိုင်းပြည်ပြင်ပမှ လူအများနှင့် အတော်လေး ကွာခြားသည်။

အမျိုးသမီးက…

"ထင်းတွေခုတ်ပြီးပြီလား"

"ပြီးပြီ အမေ ၊ ထင်းတွေကို သပ်သပ်ရပ်ရပ် စီထားပေးတယ် ၊ လက်သီးနတ်ဘုရားရဲ့ ရုပ်တုလည်း တစ်ဝက်လောက် ထွင်းထုပြီးနေပြီ ၊ ဒီရုပ်တုလေးပြီးရင် ပစ္စည်းကောင်းတွေနဲ့ လဲလို့ရတယ်"

"အမေ ၊ ကျွန်တော်က တစ္ဆေတိုင်းပြည်ရဲ့ နံပါတ်တစ် လက်သီးစွမ်းအားရှင်အဖြစ် အားလုံးက အသိအမှတ်ပြုထားကြတာပါ"

"လက်သီးနတ်ဘုရားက ကျွန်တော်တို့ (၂)ယောက်လုံးကို ကာကွယ်ပေးပါလိမ့်မယ် ၊ စစ်မြေပြင်ကို ကျွန်တော်ပြန်သွားရင် ကျွန်တော့်ဂုဏ်သတင်းက တစ္ဆေတိုင်းပြည်တစ်လျှောက် ပျံ့နှံ့သွားလိမ့်မယ် ၊ နတ်မိစ္ဆာတွေကို သတ်ဖြတ်ပြီး ကောင်ကျိုးဆောင်ရွက်မယ် ၊ ကျွန်တော့်ကြောင်း ဘိုးဘေးတွေ ဂုဏ်ယူနိုင်စေရမယ်"

ချင်းမုက စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။

"အဲဒီအချိန်ကျ ထင်းလောက်ကို မပြောနဲ့ အိမ်အသစ်ဆောက်ဖို့ သစ်သားတွေပါ အလုံအလောက်ရလာမှာပါ"

ချင်းမုက ယုံကြည်မှုအပြည့်ဖြင့် ဆိုသည်။

"သြော် ဒါနဲ့ ၊ အမေ သတင်းကြားသေးလား ၊ တိုင်းပြည်ဆိုင်ရာ ယာဇ်ပူဇော်ပွဲစတင်တော့မယ်ဆိုတာလေ”

အမျိုးသမီးက…

"လက်သီးနတ်ဘုရားနဲ့ ဧကရာဇ်ယိုတုကို ဂါရဝပြုရမယ်လို့ ပြောတယ်"

ပြောပြီးသည်နှင့် သူမက ခြံဝင်းအတွင်း ပြန်ဝင်သွားသည်။

သပ်သပ်ရပ်ရပ်စီထားသည့် ထင်းပုံကို တွေ့သည့်အခါ သူမက မည်သည့်စကားမှ မဆိုခဲ့ပေ။

ချင်းမုက…

"ဟုတ်တယ် ၊ အဲဒါကို ပြောတာ ၊ လက်သီးနတ်ဘုရားနဲ့ ဧကရာဇ်ယိုတုက ကျွန်တော်တို့ကို မိုးရွာအောင် လုပ်ပေးနိုင်တယ်လေ ၊ ကောက်ပဲသီးနှံတွေနဲပတ်သက်ပြီး အမေ စိတ်ပူနေစရာ မလိုတော့ပါဘူး"

အမျိုးသမီးက ခပ်တိုးတိုးလေသံဖြင့်…

"အစားအသောက်တွေ အဆင်သင့် ဖြစ်နေပြီ ၊ သားအဖေကို ညစာစားရအောင်သွားခေါ်ချေဦး"

"ကောင်းပါပြီ အမေ"

ပြောပြီးသည်နှင့် ချင်းမု ချက်ချင်းပင် အပြင်သို့ ပြေးထွက်သွားလေသည်။

အမျိုးသမီးက လက်သီးနတ်ဘုရား၏ ရုပ်တုကို လှမ်းကြည့်သည်။

သူမမျက်လုံးထဲတွင် မည်သည့်ခံစားချက်မှ ရှိမနေခဲ့ပေ။

"လက်သီးနတ်ဘုရားက တကယ်ပဲ ကူညီမှာလား"

***

"ဂိုဏ်းတူမောင်လေး တံခါးပိတ်ကျင့်ကြံဦးမလို့လား"

ရှောင်ယွိက ကျန်းလန်ကို ကြည့်ရင်း စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။

ထို့နောက် သူမက သားရဲဥလေးနှင့် ရေသဖန်းပင်လေးထက်သို့ ဝိညာဉ်ဆေးရည်များ လောင်းချပေးလိုက်သည်။

ကျန်းလန်က ဒီနေ့ သူ ဝိညာဉ်ဆေးရည်များ လောင်းပြီးပြီဖြစ်ကြောင်း ပြောပြရန် လှမ်းကြည့်လိုက်သည်။ ဝိညာဉ်ဆေးရည်များ ပိုမိုလောင်းမိပါက တန်ဆေလွန်ဘေး ဖြစ်သွားနိုင်သည် မဟုတ်လား။

ကျန်းလန်က ခေါင်းညိတ်လိုက်ရင်း…

"ဟုတ်တယ် ၊ ငရဲတံခါးက မရဏအငွေ့အသက်တွေ ပေါက်ကွဲထွက်တာ အမြင့်ဆုံးအဆင့် ရောက်တော့မယ်လေ ၊ ဒါက ထူးခြားတဲ့ အခြေအနေဆိုတော့ ကိုယ်အထဲမှာ ပိတ်မိရင်လည်း ပိတ်မိနေနိုင်တယ် ၊ ဒါကြောင့် ဒီကာလကို တံခါးပိတ်ကျင့်ကြံမလားလို့"

ရှောင်ယွိက ကျန်းလန်ကို လှည့်ကြည့်လိုက်ရင်း…

"ဒါကြောင့် ဒီတစ်ခေါက် မရဏအငွေ့အသက်တွေ ပေါက်ကွဲထွက်တာ ပုံမှန်မဟုတ်ဘူးလို့ ခံစားနေရတာကိုး"

ရှောင်ယွိက နဝမတောင်ထွတ်သို့ မကြာခဏလာရောက်လေ့ရှိသူဖြစ်သောကြောင့် ငရဲတံခါးနှင့် အနည်းငယ် ရင်းနှီးကျွမ်းဝင်နေပြီ ဖြစ်သည်။

သူမသည်လည်း ဤနှစ်များအတွင်း တစ်ခုခုလွဲချော်နေပြီဟု ခံစားခဲ့ရသည်။ ယခုတော့ သူမထင်သည်မှာ မှန်နေလေပြီ။

ထို့နောက် သူမက သားရဲဥလေးကို လက်ဖြင့်အသာ ခေါက်လိုက်ရင်း…

"နောက်ဆို မင်းကို ဝိညာဉ်ဆးရည် လာပြီးလောင်းပေးမယ် ၊ မဟုတ်ရင် မင်း သေသွားလိမ့်မယ်"

ကျန်းလန်က ရှောင်ယွိကို လှမ်းကြည့်လိုက်ပြီး မည်သည့်စကားမှ မဆိုပေ။

အတန်ကြာမှ သူက ရှောင်ယွိကို သတိပေးစကားဆိုလိုက်သည်။

"ဒီခြံဝင်းထဲမှာ မရဏအငွေ့အသက်တွေကို ကာကွယ်ပေးတဲ့ အစီအရင်တွေ လုပ်ထားတယ် ၊ အဲဒါတွေက သိပ်တော့အ သုံးမဝင်ပေမယ့် အနည်းနဲ့အများတော့ အကူအညီဖြစ်ပါတယ် ၊ အထူးသဖြင့် ဒီလိုအခြေနေမျိုးဆိုရင် အသုံးဝင်မှာပါ ၊ ပြီးတော့ ဂိုဏ်းတူအစ်မ ဒီမှာ ကြာကြာနေမယ်ဆိုရင် စိတ်ထဲမှာ ဖြစ်လာတဲ့ အပြောင်းအလဲတွေကိုတော့ သတိထားပြီး ဂရုစိုက်စေချင်တယ်"

ယခုတစ်ကြိမ် မရဏအငွေ့အသက်များ ပေါက်ကွဲထွက်သည်က အခြားအချိန်များနင့်မတူလေရာ မမျှော်လင့်သော ပြဿနာများဖြစ်လာမည်မှာ သေချာသလောက် ရှိသည်။

နည်းနည်းလေး သတိမထားမိသည်နှင့် ကိုယ်တွင်းမိစ္ဆာဝင်ရောက်လာမည် ဖြစ်သည်။

ကျန်းလန်ကိုတော့ ဆရာဖြစ်သူက အချိန်တိုင်း စောင့်ကြည့်ပေးထားသည်။

သို့သော် ရှောင်ယွိကတော့ မတူညီပေ။ သူမက မရဏအငွေ့အသက်များနှင့်ပတ်သက်ပြီး အတွေ့အကြုံရှိသူ မဟုတ်ပေ။

ထို့ပြင် သူမက အင်မော်တယ်ဖြစ်လာသည့်တိုင် စိတ်စွမ်းအားက သိပ်မကောင်းလှပေ။ ပုံမှန်အချိန်ဆိုလျှင် အဆင်ပြေနိုင်သော်လည်း ယခုက ပုံမှန်အချိန်မဟုတ်လေရာ အန္တရယ်တစ်ခုခု ဖြစ်မည်ကို စိုးရိမ်ရလေသည်။

ရှောင်ယွိက ကျန်းလန်ရှိရာသို့ လမ်းလျှောက်လာလေသည်။

ကျန်းလန်က သစ်သားဓားလေးအတွင်းသို့ နဂါးသုတ်သင်ဓားဝိညာဉ်ထည့်သွင်းပေးနေစဉ် ရှောင်ယွိက ကျန်းလန်ထက် အရပ်မြင့်စေရန်အတွက် ခုံမြင့်တစ်ခုထက်သို့ တက်ပြီး မတ်တတ်ရပ်လိုက်သည်။

"ဒီမှာ ဂိုဏ်းတူမောင်လေး ၊ ကျွန်မက ရှင့်ရဲ့ဂိုဏ်းတူအစ်မပါနော် ၊ ပြီးတော့ ကျွန်မက ကလေးလည်း မဟုတ်ဘူး ၊ အရွယ်ရောက်ပြီးတဲ့ နဂါး ၊ ပြီးတော့ ရှင်တို့ လူတွေတွက်ချက်တဲ့ပုံစံနဲ့ အသက်ချင်းယှဉ်ကြည့်မယ်ဆိုရင် ကျွန်မက ရှင့်ထက် အသက်အများကြီး ပိုကြီးတယ် ၊ ဒီတော့ ဂိုဏ်းတူမောင်လေးက ကျွန်မအတွက် ဘာမှ စီစဉ်ပေးနေစရာမလိုဘူး ၊ ကျွန်မကသာ ဂိုဏ်းတူမောင်လေးဘဝအတွက် စီစဉ်ပေးသင့်တယ် ၊ သိတယ်နော်"

ရှောင်ယွိက ကျန်းလန်ခေါင်းကိုပုတ်ရင်း အဆက်မပြတ် ပြောလိုက်သည်။

ဒီ နဂါးမလေးကတော့…

သူ့ကိုတောင် အသက်အရွယ်နဲ့ ပတ်သက်ပြီး ဆရာလုပ်နေလိုက်သေးသည်။

ကျန်းလန်က သူမကို အရေးမစိုက်ဘဲ သစ်သားဓားလေးအတွင်းသို့သာ ဓားဝိညာဉ်ကို ဆက်လက်ထည့်သွင်းပေးနေလိုက်သည်။

ညနေစောင်းချိန်တွင်တော့ ရှောင်ယွိက ကျန်းလန်ရှေ့တွင် လာထိုင်လေသည်။

သူမက မေးစေ့လေးကို လက်နှစ်ဖက်ပေါ်တင်ထားရင်း ကျန်းလန်ကို ကြည့်နေ၏။

"လောလောဆယ် ဂိုဏ်းတူမောင်လေး အပြင်သွားဖို့ ရှိလား"

ကျန်းလန် အနည်းငယ် စိတ်ရှုတ်ထွေသွားဟန်ဖြင့်

"ဂိုဏ်းတူအစ်မ ၊ ဘာလိုချင်တာ ရှိလို့လဲ

ကျောက်စိမ်းရေကန် နတ်ဘုရားမသည် အပြင်သို့ အချိန်ကြာကြာသွားရောက်၍ မဖြစ်နိုင်ပေ။

ကျောက်စိမ်းရေကန်ကို ကြာကြာထားသွား၍ မရခြင်းက တစ်ကြောင်း ၊ သူမက ခွန်လွန်တောင်အတွက် အရေးကြီးသည်က တစ်ကြောင်းတို့ကြောင့် ဖြစ်သည်။

တောင်ပေါ်မှ ထွက်ခွာသွားသည်နှင့် သူမအတွက် အန္တရယ်ရင်ဆိုင်ရနိုင်ခြေ မြင့်မားသည်။

"အင်း တစ်ခုခု စားချင်လို့"

"စားချင်လို့ ဟုတ်လား"

“အင်း ဟုတ်တယ် ၊ တုတ်ထိုးသကြးလုံးတွေ စားချင်လို့ ၊ အဲဒါ ရှင် ကျွန်မအတွက် ဝယ်ပေးမယ်မဟုတ်လားဟင်"

ကျန်းလန်က ရှောင်ယွိကို ခဏမျှ တအံ့တသြဖြင့် ကြည့်လိုက်ရင်းမှ…

"အင်းပါ… ဝယ်ပေးမယ်လေ"

***

နောက်တစ်နေ့နံနက်…။

ရှောင်ယွိ နဝမတောင်ထွတ်မှ ပြန်တော့မည်ဖြစ်ရာ ကျန်းလန်က လိုက်ပို့ပေးသည်။

သို့သော် ရှောင်ယွိက မပြန်ခင် လုန်ယွိအသွင်သို့ ပြောင်းလဲလိုက်ပြီး ကျန်းလန်ကို ကြည့်လိုက်သည်။ ထို့နောက် ကျန်းလန် မည်သို့မှ မတုံ့ပြန်နိုင်ခင် သူမက ကျန်းလန်ရင်ခွင်ထဲတိုးဝင်ပြီး ကျန်းလန်ကို ပွေ့ဖက်လိုက်သည်။

လုန်ယွိက ရှောင်ယွိထက် အရပ်ပိုမြင့်လေရာ "ခြေတံတိုနဂါး" မှ "ခြေတံရှည်နဂါး" အဖြစ်ပြောင်းလဲသွားပြီဟု ကျန်းလန် တွေးလိုက်သည်။

ပြီးတော့…

ယခုတစ်ကြိမ် ပွေ့ဖက်လိုက်သည်က အရင်တစ်ချိန်ကနှင့် အလွန်ကွာခြားသည်ဟု ကျန်းလန် ခံစားလိုက်မိသည်။ သူမက လုန်ယွိပုံစံဖြင့် သူ့ကို ပွေ့ဖက်ထားခဲ့သည် မဟုတ်လား။

လုန်ယွိက ကျန်းလန်ကို မော့ကြည့်လိုက်ရင်း…

"ဒါက တရားမျှတတဲ့ အပေးအယူပဲနော် ၊ ငရဲတံခါးမှာ မရဏအငွေ့အသက်တွေ ပေါက်ကွဲနေတာ ရပ်သွားရင် ကျွန်မအတွက် တုတ်ထိုးသကြားလုံးတွေ ဝယ်ပေးဖို့ မမေ့ပါနဲ့"

ထိုသို့ပြောပြီးသည်နှင့် လုန်ယွိက ကျန်းလန် ရင်ခွင်ထဲမှ ထွက်လိုက်ပြီး သူမ၏ဓားကိုစီးနှင်ကာ ကျောက်စိမ်းရေကန်ဆီသို့ ပျံသန်းသွားလေတော့သည်။

လုန်ယွိ ပျောက်ကွယ်သွားသည်အထိ ကျန်းလန် ငေးကြည့်နေခဲ့သည်။

"တွေးကြည့်ရင် တုတ်ထိုးသကြားလုံးဝယ်ဖို့ ငါက ချင်းချန်မြို့အထိသွားရမှာ ၊ ဒီသဘောတူညီမှုကတော့ ဘာမှကို တရားမျှတမှု မရှိပါဘူး"

အတွေးနှင့်အတူ ကျန်းလန် ရင်ထဲမှ သက်ပြင်းတိုးတိတ်ချလိုက်မိသည်။

ချင်းချန်မြို့သို့သွားရန် အချိန် (၁)ရက် ကြာမည် ဖြစ်သည်။

သူက မိုးကောင်းကင်အင်မော်တယ်တန်ခိုးစွမ်းအားကို အသုံးပြုမည်ဆိုလျှင်တော့ ထိုမျှ ကြာမည် မဟုတ်ပေ။

သို့သော် သူက အများအမြင်တွင် မရှိမှုအာကာသ ၊ နောက်ဆုံးအဆင့်ဖြစ်လေရာ မိုးကောင်းကင်အင်မော်တယ်လောက် လျှင်မြန်ခြင်း မရှိနိုင်ပေ။

သို့ရာတွင် ရှောင်ယွိက တုတ်ထိုးသကြားလုံး အခုလိုချင်သည်ဟု မပြောခဲ့ပေ။ မရဏအငွေ့အသက်များ ပေါက်ကွဲထွက်ပြီးမှ ဝယ်ပေးရန် တောင်းဆိုခဲ့သည်။

"ဒါလည်းကောင်းတာပဲလေ"

ကျန်းလန်တွေးလိုက်သည်။

ဆရာဖြစ်သူကို ဂါရဝမပြုရသည်မှာလည်း ကြာပြီဖြစ်လေရာ ဆရာဖြစ်သူကို အကောင်းစားသေရည်တစ်အိုးလက်ဆောင်ပေးရန် ဆုံးဖြတ်လိုက်သည်။

ဆရာဖြစ်သူမှာလည်း တစ်ယောက်တည်းအထီးကျန်လှလေရာ သူ့ကို ပြုစုပေးရန်အတွက် ဇနီးတစ်ယောက်ရှိရန် လိုအပ်သည်။

သူက တပည့်တစ်ယောက်အနေဖြင့် ဆရာဖြစ်သူ၏ ခံစားချက်များကို အရေးစိုက်ရပေမည်။

ဆရာဖြစ်သူအတွက် သေရည်ဝယ်ရင်း နာမ်ဝိညာဉ်သေရည်ဆိုင်ကိုလည်း သူ လေ့လာရမည် ဖြစ်သည်။ သေရည်ဆိုင်ကို သူ နားလည်လာလေလေ ၊ မတူညီမှုများစွာကို သဘောပေါက်လေ ဖြစ်လေ၏။

***

ကျောက်စိမ်းရေကန်။

လုန်ယွိသည် ကျောက်စိမ်းရေကန်သို့ ပြန်ရောက်သည်နှင့် ရေထဲသို့ ခုန်ဆင်းသွားသည်။ သူမ၏မျက်နှာက ရှက်သွေးဖြာလျှက် ရှိသည်။

သူမက ကျောက်စိမ်းရေကန်အတွင်းမှ ရေများကို လေပူဖောင်းများဖြစ်အောင် မှုတ်နေရင်းမှ မျက်နှာကို လက်ဖြင့်အုပ်ကာ တစ်ယောက်တည်း ရှက်ရွံ့လျှက် ရှိတော့၏။

သူမက ကျန်းလန်ကို ပွေ့ဖက်လိုက်မိသည်ပဲ။

အရင်ကတော့ ယခုလိုနေ့မျိုး ရောက်လာလိမ့်မည်ဟု သူမ စိတ်ပင်မကူးခဲ့ဖူးပေ။

သူမက ကျန်းလန်ရင်ခွင်ထဲဝင်ရောက်ပြီး ကျန်းလန်ကို အရင်ဆုံး စတင်ပွေ့ဖက်ခဲ့သည်…တဲ့။

သူမက စိတ်ထဲရှိသည့်အတိုင်း လုပ်ခဲ့မိသော်လည်း ယခုတော့ နောင်တရပြီး ရှက်ရွံ့နေမိသည်။ သူမ ယခုကဲ့သို့ ကျန်းလန်ကို အလျင်စလို ပွေ့ဖက်ခဲ့မိသည်မှာ လင်စီးယာ သင်ပေးသောကြောင့် ဖြစ်သည်။

ထိုစဉ်…

"ဂိုဏ်းတူအစ်မ…"

ထိုအသံကိုကြားသည်နှင့် လုန်ယွိက ကျောက်စိမ်းရေကန်အတွင်းမှ ချက်ချင်းထွက်လိုက်ပြီး လင်စီးယာ တောင်အစွန်းသို့ လာရောက်နိုင်ရန် လမ်းကို ဖွင့်ပေးလိုက်လေတော့၏။

All Chapters