← Chapters

ကျန်းလန်ကိုချစ်မိသွားပြီ

Vol. 25 Ch. 350

ကျန်းလန်ကိုချစ်မိသွားပြီ

Vol. 25 Ch. 350

အခန်း (၃၅၀) ကျန်းလန်ကိုချစ်မိသွားပြီ

လုန်ယွိ ကျောက်စိမ်းရေကန်အစွန်းသို့ ရောက်လာသည်။

ကျောက်စိမ်းရေကန်ရှိရာသို့ သူမနှင့် ကျန်းလန်မှလွဲပြီး အခြား မည်သူမှာ ဝင်ရောက်နိုင်ခြင်း မရှိပေ။ ထို့ကြောင့် သူမက တောင်အစွန်းသို့သွားကာ တွေ့ဆုံရခြင်း ဖြစ်သည်။

ပြီးတော့ သူမတို့ (၂)ယောက် လူတွေမသိအောင် တိုးတိုးတိတ်တိတ် တိုင်ပင်ရမည့်ကိစ္စများလည်း ရှိသေးသည်။

မကြာမီ လင်းစီယာသည် သူမ၏ဓားကိုစီးနှင်ကာ ရောက်ရှိလာသည်။ ကျက်သရေရှိစွာဖြင့် ရှင်းသန့်လှပနေသည့် လုန်ယွိကို လင်စီးယာ တွေ့လိုက်ရသည်။

သူမက…

"ဂိုဏ်းတူအစ်မ ၊ ဂိုဏ်းတူမောင်လေး ကျန်းလန်နဲ့ တွေ့ဖြစ်သေးလား"

လင်စီးယာက တောက်ပသည့်မျက်ဝန်းများဖြင့် သူမကိုကြည့်ရင်း မေးသည်။

သူမက လုန်ယွိနှင့် ကျန်းလန်အကြောင်းကို အလွန်စိတ်ဝင်စားသူပင်။

လုန်ယွိက ခေါင်းညိတ်လိုက်ရင်း…

"ဟုတ်တယ် အခုပဲ တွေ့ပြီးပြန်လာတာ"

"ဒါဖြင့် ဂိုဏ်းတူအစ်မ"

လင်စီးယာက သူမလက်ကို အသာပွတ်သပ်ရင်း အနည်းငယ် ရှက်နေဟန်ဖြင့်…

"ဂိုဏ်းတူအစ်မ ၊ သူ့ကို ဖက်ထားလိုက်သေးလား"

ထိုစကားကိုကြားသည့်အခါ လုန်ယွိက မျက်မှောင်အနည်းငယ်ကြုံ့ရင်း ခေါင်းညိတ်ပြသည်။ သူမက ကျန်းလန်ကို ပေါ့ပေါ့ပါးပါး တစ်ချက်မျှ ပွေ့ဖက်လိုက်ရုံသာပင်။

"ဒါဖြင့် ဂိုဏ်းတူမောင်လေးကတော့ ဂိုဏ်းတူအစ်မကို ကြွေသွားတော့မှာပဲ ၊ သူရော ဂိုဏ်းတူအစ်မကို ပြန်ဖက်ထားသေးလား"

လင်စီးယာက တောက်ပသည့် မျက်ဝန်းများဖြင့် မေးလိုက်သည်။

လုန်ယွိက လင်စီးယာ၏မျက်ဝန်းများကို မကြည့်ရဲစွာဖြင့် လွှဲဖယ်လိုက်ပြီး ခေါင်းခါယမ်းလိုက်သည်။

"သူက ပြန်မဖက်ပါဘူး ၊ သူက ဘာမှ ထူးထူးခြားခြား တုံ့ပြန်တာ မရှိဘူး"

သို့သော် ယနေ့ သူမက ကျန်းလန်ကို ဖက်လိုက်သည့်အခါ သိသိသသာသာ ထူးခြားသွားသည်ကို ခံစားမိသည်။ သူမရင်ဘတ်ကိုငုံ့ကြည့်လိုက်မိ၏။

ကျန်းလန် ဘာတွေတွေးတောနေသည်လဲတော့ သူမ နားမလည်ပေ။ သို့သော်လည်း ကျန်းလန်က သူမကို ငြင်းပယ်ခြင်းမပြုကြောင်း သူမ ခံစားမိသည်။

လင်စီးယာက နားမလည်နိုင်ဟန်ဖြင့်…

"ဂိုဏ်းတူမောင်လေးကျန်းလန်က ခံစားချက် (၅)မျိုး ကင်းမဲ့တဲ့အဆင့်ကို ရောက်နေပြီလား မသိဘူး ၊ ဂိုဏ်းတူအစ်မက ဒီလောက်ပြီးပြည့်စုံအောင် လှပတာ ၊ ဒီလိုမိန်းကလေးမျိုးက သူ့ကို ပွေ့ဖက်တာတောင် သူက မတုံ့ပြန်ဘူးဆိုတော့…"

"ဂိုဏ်းတူညီမလေး…"

လုန်ယွိ ရုတ်တရက် ခေါ်လိုက်သည်။

သူမက ကျန်းလန်၏ စိတ်ကိုနားလည်သောကြောင့် ကျန်းလန်၏ တုံ့ပြန်မှုနှင့် ပတ်သက်ပြီး မေးခွန်းမထုတ်ခဲ့ပေ။ သူမ ပွေ့ဖက်လိုက်သည့်အချိန်တွင် ကျန်းလန် စိတ်လှုပ်ရှားသွားကြောင်းကိုတော့ သူမ ရိပ်မိခဲ့သည်။

လင်စီးယာက…

"ဘာဖြစ်လို့လဲ ဂိုဏ်းတူအစ်မ"

လုန်ယွိက ခပ်တိုးတိုးလေသံဖြင့်…

“ဟိုးအရင်တုန်းက ဂိုဏ်းတူညီမလေး ငါ့ကို မေးခွန်းတစ်ခု မေးဖူးတယ် မဟုတ်လား”

"ဘာမေးခွန်းများလဲ…"

လင်းစီယာက မေးခွန်းပေါင်းများစွာ မေးခဲ့သည့်ဖြစ်ရာ သူမမေးခဲ့သောမေးခွန်းများကို မမှတ်မိတော့ပေ။

"ဟိုးအရင်ကတည်းက မေးခဲ့တဲ့ မေးခွန်းလေ ၊ ငါက ဂိုဏ်းတူမောင်လေးကို သဘောကျလားဆိုတာ"

"အင်း အင်း မေးခဲ့ဖူးတယ် ၊ ဘာဖြစ်လို့လဲ"

"အဲဒီမေးခွန်းကို ဂိုဏ်းတူညီမလေး အခု ထပ်မေးလို့ မရဘူးလား"

ထိုစကားကို ကြားသည့်အခါ လင်စီးယာ အံ့အားသင့်သွားလေသည်။

ထို့နောက် သူမက ခပ်တိုးတိုးလေသံဖြင့်…

"နဝမတောင်ထွတ်က ဂိုဏ်းတူမောင်လေးကို ဂိုဏ်းတူအစ်မ သဘောကျလား"

လုန်ယွိသည် လင်စီးယာကို လေးလေးနက်နက်ကြည့်နေလေသည်။

ထို့နောက် နူးညံ့သည့်အသံလေးဖြင့် အဖြေပေးလိုက်သည်။

"ငါ သူ့ကို ချစ်တယ်"

လေပြေအေးက လုန်ယွိ၏ ဆံနွယ်များကို တိုက်ခတ်သွားသည့်တိုင် သူမနှလုံးသားထဲမှ ခိုင်မာမှုကိုတော့ လှုပ်ရှားစေနိုင်မည် မဟုတ်ပါပေ။

***

လေပြင်းတစ်ချက် တိုက်ခတ်လာသည့်အတွက် ကျန်းလန် ခေါင်းမော့ကြည့်လိုက်သည်။

လေက အေးစက်လျှက် ရှိသည်။

"ဆောင်းဦးတောင် ရောက်ပြီလား"

ယခုက ဆောင်းဦးရာသီ ဖြစ်သည်။

မည်သို့ပင်ဖြစ်စေ ဆောင်းရာသီမတိုင်ခင် အချိန်အနည်းငယ် ရသေးသည်။ ဆောင်းတွင်ကို ဖြတ်ကျော်ရန်မှာတော့ အချိန်များစွာ ကြာမြင့်ပေလိမ့်မည်။

သာမန်သေမျိုးလူသားတစ်ယောက်၏အသက်ကတော့ နှစ်ပေါင်း (၁၀၀) သာ ရှိပေလိမ့်မည်။ သို့သော် ကျင့်ကြံသူများအတွက်တော့ အလွန်တိုတောင်းသည့် အချိန်ဖြစ်သည်။

သူ့အသက်သည်ပင် (၅၀၀) ပြည့်ခါနီးပြီ ဖြစ်လေရာ သာမန်လူသားတစ်ယောက် (၅)ဘဝစာခန့် ရှိနေပြီ ဖြစ်သည်။

သို့သော်လည်း…

သူ့ဘဝက အနည်းငယ် အရောင်မှေးမှိန်သည်။ အချိန်အများစုကို တစ်ယောက်တည်းကျင့်ကြံခြင်းဖြင့် ကုန်ဆုံးခဲ့သည်။

သူ့တွင် စိတ်လှုပ်ရှားစရာလည်း ဘာမှ မရှိလေရာ နဝမတောင်ထွတ်တွင်သာ အေးချမ်းစွာ ကျင့်ကြံနေခဲ့သည်။

ဤအချိန်ကာလများအတွင်း ရှောင်ယွိကတော့ သူ့အနားအမြဲ ရှိနေပေးခဲ့သည်။ ရှောင်ယွိသည်သာ သူ့အတွက် စိတ်လှုပ်ရှားစရာ ဖြစ်ခဲ့ရသည်။

သူ့တွင် ရည်မှန်းချက် ကြီးကြီးမားမား သိပ်မရှိသော်လည်း လိုအပ်သည့်အရာများကိုတော့ တာဝန်ကျေအောင် ပြုလုပ်ပေးခဲ့သည်။

ခဏအကြာတွင်…

ကျန်းလန် သေရည်ဆိုင်ရှေ့သို့ ရောက်လာသည်။

ဆိုင်အတွင်း ဝင်ခါနီးမှာတော့ သေရည်အိုးပေါက်ခွဲပစ်လိုက်သံကို ကြားလိုက်ရသည်။

"ဖီ… ခွေးချေးတွေကျ နေတာပဲ ၊ ဒီဆိုင်က သေရည်ရောင်းတာ မဟုတ်ဘူး ခွေးချေးရောင်းတာလား”

လုန်ရဲ့၏ ကြမ်းတမ်းသောအသံကြီး ထွက်ပေါ်လာသည်။

လမ်းလျှောက်ဝင်လာသည့် ကျန်းလန်၏ ခြေလှမ်းများက တံခါးဝတွင် ရပ်တန့်သွား၏။ သူက အထဲမဝင်သေးဘဲ တံခါးဝတွင ်စောင့်ေလေသည်။

"ဘုန်း"

ကျယ်လောင်သော ပေါက်ကွဲသံတစ်သံနှင့်အတူ သေရည်ဆိုင်ထဲမှ နဂါးဟိန်းသံကြီးတစ်သံပါ ထွက်ပေါ်လာသည်။

ထို့နောက် လုန်ရဲ့နှင့် ဖီရှိုး ကောင်းကင်ထက်သို့ ပျံသန်းသွားသည်ကို တွေ့လိုက်ရသည်။

ထိုအခါမှသာ ကျန်းလန် သေရည်ဆိုင်ထဲသို့ ဝင်လာခဲ့၏။

သူ သေရည်ဆိုင်တွင် ကူညီပြီး အလုပ်လုပ်ခဲ့စဉ်ကလည်း ထိုသို့သောအဖြစ်အပျက်မျိုးနှင့် ကြုံတွေ့ခဲ့ရသည်ပင်။ ထိုစဉ်က သူ ဝိညာဉ်ကျောက်တုံးအနည်းငယ် ဆုံးရှုံးခဲ့ရသည်။

“ဒီ နဂါးက ဘာလို့ ဒီမှာ ရှိနေရသေးတာလဲ ၊ သူက နဂါးနန်းတော်ကို မပြန်နိုင်သေးဘူးလား”

“လည်တာတော့လည်တယ် ၊ အဘိုးမရှိတဲ့အချိန်မှ သေရည်လာလာသောက်တယ် ၊ သောက်ပြီးရင်လည်း မူးပြီးရမ်းသေးတယ် ၊ ဒီပုံအတိုင်းသာဆို ဖီရှီုးလက်ချက်နဲ့ ငါ့ ဝိညာဉ်ကျောက်တုံးတွေလည်း ပြောင်တော့မှာပဲ”

ကျန်းလန် သေရည်ဆိုင်ထဲ ဝင်လိုက်သည်နှင့် ကောင်ငယ်လေး၏ ညည်းညူသံကို ကြားလိုက်ရသည်။

သူ့ကို ကြည့်ရသည်မှာ ဒေါသထွက်နေပုံပင်။

လုန်ရဲ့ကလည်း ခွန်လွန်တောင်မှ ထွက်ခွာသွားခြင်း မရှိသေးပေ။ သူက အဋ္ဌမမင်းသားကို ကာကွယ်ရန်အတွက် ဤနေရာတွင် နေထိုင်နေခြင်း ဖြစ်သည်။

သို့သော် သူ့ကိုတော့ ခွန်လွန်တောင်က ထိန်းချုပ်ထားခြင်း မရှိလေရာ သူနေချင်သလို လွတ်လွတ်လပ်လပ် နေခွင့် ရှိလေသည်။

"အစ်ကိုကြီး"

ကောင်ငယ်လေးက ကျန်းလန်ကို တွေ့သည်နှင့် နှုတ်ဆက်လိုက်သည်။

“အဘိုးက ညနေစောင်းတဲ့အထိ ပြန်လာမှာ မဟုတ်သေးဘူး ၊ ဒါကြောင့် အကောင်းစားသေရည်လိုချင်ရင်တော့ စောင့်ရလိမ့်မယ်”

ကျန်းလန် ခေါင်းညိတ်ပြလိုက်သည်။

ဇာမဏီမျိုးနွယ်ကောင်မလေးက ဆိုင်သန့်ရှင်းရးလုပ်နေသည်ကို ကျန်းလန် တွေ့လိုက်ရသည်။

သူမက ကောင်ငယ်လေးကဲ့သို့ ပွစိပွစိ ပြောဆိုခြင်းမျိုး မပြုလုပ်တတ်ပေ။ လုပ်စရာရှိသည့် အလုပ်ကိုသာ အာရုံစိုက်လျှက် ရှိသည်။

ကောင်ငယ်လေးက ဝိညာဉ်ကျောက်တုံးများ ဆုံးရှုံးရသည့်အတွက် ညည်းညူနေသော်လည်း ဇာမဏီကောင်မလေးကတော့ ဝိညာဉ်ကျောက်တုံးပင် ရှိဟန် မတူပေ။

သေရည်ဆိုင်ပိုင်ရှင်အဘိုးအိုက သူမကို စောင့်ရှောက်ပေးသည်ဖြစ်ရာ သူမက သေရည်ဆိုင်အတွက် ပိုက်ဆံမယူဘဲ အလုပ်လုပ်ပေးနေခြင်း ဖြစ်သည်။

သူမတွင် ကံကြမ္မာအခွင့်ကောင်းရောင်ဝါ ရှိနေသည့်အတွက် ခွန်လွန်တောင်က သူမကို ထိန်းသိမ်းထားခြင်း ဖြစ်သည်။

သူမ ရောက်ရှိလာစဉ်က လွယ်ကူသော်လည်း ယခုတော့ ခွန်လွန်တောင်မှ ထွက်ခွာသွားရန် ခက်ခဲနေပြီ ဖြစ်သည်။

ကောင်ငယ်လေးကတော့ ထိုသို့ မဟုတ်ပေ။

ဧကရာဇ်ရှီးဟယ်ကောင်းမှုဖြင့် ကောင်ငယ်လေးက သူ့ထံမှ ကံကြမ္မာအခွင့်ကောင်းရောင်ဝါကို ရရှိထားသူ ဖြစ်သည်။ထိုကံကြမ္မာအခွင့်ကောင်းရောင်ဝါက မည်မျှအသုံးဝင်သည်ကို ကျန်းလန်လည်း မသိရှိပေ။

"ကောင်းပြီ…"

ကျန်းလန် ထောင့်တစ်နေရာသို့ သွားလိုက်ပြီး ဆိုင်ရှင်အဘိုး ပြန်လာသည်အထိ စောင့်ဆိုင်းနေရင်း မျက်လုံးများကို မှေးမှိတ်ထားလိုက်သည်။

သူက နာမ်ဝိညာဉ်သေရည်ဆိုင်ကို ဆက်လက်လေ့လာရင်း တိတ်ဆိတ်စွာပင် စောင့်ဆိုင်းလျှက် ရှိသည်။

နာမ်ဝိညာဉ်သေရည်ဆိုင်ကို လေ့လာခြင်းက မဟာတာအိုကို နားလည်ရန် အထော်အကူပြုသည်။

သူ၏ မဟာတာအိုကို နားလည်ခြင်းက ပြီးပြည့်စုံရန် နီးစပ်နေပြီ ဖြစ်သော်လည်း နောက်ဆုံးအဆင့်ဖြစ်သည့် တာအိုပဲ့တင်ထပ်ခြင်းအဆင့်သို့ မရောက်နိုင်သေးပေ။

သို့သော် ဤသည်က အစပဲရှိသေးသည်။

သူက အမှန်တကယ် တန်ခိုးစွမ်းအားမြင့်မားသူတစ်ယောက်ဖြစ်လိုပြီး အင်မော်တယ်လမ်းကို အဆုံးထိ လျှောက်လှမ်းချင်သည်။

ကိုယ်ပိုင်တာအိုလမ်းကြောင်းကို လျှောက်လှမ်းလိုပြီး သူ၏ ကိုယ်ပိုင်တာအိုတရားကို မွေးဖွားကာ မိုးကောင်းကင်တာအိုမှ အသိအမှတ်ပြုခြင်းကို ရယူလိုသည်။

***

ကျန်းလန်၏ စိတ်အစဉ်သည် တုန်ခါမှုမရှိသော ရှေးဟောင်းရေတွင်းတစ်ခုထဲမှ ရေအလား ငြိမ်သက်အေးချမ်းနေသည်။

ထိုအချိန်…

တစ်စုံတစ်ယောက် အနားသို့ကပ်လာကြောင်း ခံစားလိုက်ရသည်။

သူ မျက်လုံးဖွင့်ကြည့်လိုက်တော့ လူ (၃)ယောက်ကို တွေ့လိုက်ကြသည်။

တစ်ယောက်က မင်းမျိုးမင်းနွယ်ပမာ ရောင်ဝါရှိသည့် လူရွယ်တစ်ယောက်ဖြစ်ပြီး နောက်တစ်ယောက်မှာတော့ ဂုဏ်သရေရှိ အမျိုးသမီးတစ်ယောက် ဖြစ်သည်။

သူတို့နောက်တွင်တော့ မရှိမှုအာကာသအဆင့် စစ်ဗိုလ်ချုပ်တစ်ယောက် ရှိနေ၏။

"သူတို့တွေကိုး…"

ထိုသူများမှာ ခွန်လွန်တောင်မှ ဂိုဏ်းတူညီလေးတစ်ယောက်၏ မိဘများဖြစ်ကြောင်း ကျန်းလန် မှတ်မိသွားသည်။

ကျန်းလန်က…

"ဘာများ လိုအပ်တာ ရှိပါသလဲ"

"အနှောက်အယှက်ပေးမိတာ တောင်းပန်ပါတယ် သခင်လေး ၊ ဒီမှာ ထိုင်ခုံတွေမရှိလို့ ဒီကသခင်လေး ထိုင်နေတဲ့ စားပွဲမှာ ခဏလောက်ထိုင်လို့ရမလားဗျာ"

ကျိုးစူး၏ဖခင် ကျိုးပေါ်က နှိမ့်ချသည့်လေသံဖြင့် မေးလိုက်သည်။

ကျန်းလန် အံ့အားသင့်သွားပြီး ပတ်ဝန်းကျင်ကို တစ်ချက်အကဲခတ်ကြည့်လိုက်သည်။

သေရည်ဆိုင်တွင် ဧည့်သည်များ ပြည့်နေခြင်းကြောင့် ထိုင်စရာနေရာမရှိခြင်း မဟုတ်ဘဲ အခြားသော စားပွဲနှင့် ကုလားထိုင်များ မရှိသောကြောင့် ဖြစ်လေသည်။

စားပွဲနှင့် ထိုင်ခုံများ ဘယ်ရောက်သွားပါသနည်း။

လုန်ရဲ့နှင့် ဖီရှိုးတိုက်ခိုက်မှုကြောင့် ပျက်စီးကုန်သဖြင့် ပြုပြင်ရန် ဆိုင်အနောက်ဘက် ပို့ထားဟန် ရှိသည်။

ကျန်းလန်က ခေါင်းညိတ်လိုက်ရင်း…

"ကျေးဇူးပြုပြီး ထိုင်ပါဗျာ"

ကျန်းလန်က လူတိုင်းအပေါ် ကောင်းကောင်းမွန်မွန် ဆက်ဆံလေ့ရှိသူဖြစ်သည်။ ဤနည်းအားဖြင့် ရန်သူများ နည်းပါးစေမည်ဖြစ်ပြီး အကြောင်းမရှိဘဲ ရန်သူတိုးမည် မဟုတ်ပေ။

အရင်အချိန်များကို ပြန်စဉ်းစားကြည့်လိုက်တော့ ရှောင်ယွိက ထိုအကြောင်းများကို နားမလည်ခဲ့ပေ။ အခုအချိန်ထိလည်း နားလည်ဟန် မရှိသေးပေ။

"ကျေးဇူးပါပဲ ၊ ကျုပ်နာမည်က ကျိုးပေါ်ပါ ၊ သူကတော့ ကျုပ်အမျိုးသမီး ၊ ဟိုဘက်ကတော့ ကျုပ်တို့ရဲ့ လက်ထောက်ပါ"

ကျိုးပေါ်က ရိုးရိုးရှင်းရှင်းပင် မိတ်ဆက်စကားဆိုသည်။

ကျိုးသခင်မကလည်း ကျန်းလန်ကို ခေါင်းညိတ်နှုတ်ဆက်သည်။

ကျန်းလန်ကလည်း ပြန်လည်ခေါင်းညိတ်လိုက်ရင်း…

"ကျုပ်နာမည်က ကျန်းလန်ပါ"

ထိုသူများအားလုံးက ကျန်းလန်လောက် ကျင့်ကြံခြင်းအဆင့်မမြင့်မားကြသော်လည်း သူ့အတွက် ဘာအဓိပ္ပါယ်မှ မရှိပေ။

ကျိုးပေါ်နှင့် ကျိုးသခင်မတို့ ထိုင်ခုံတွင် ထိုင်လိုက်ကြပြီးသည့်နောက် ကျန်းလန်က သူတို့ကို အရေးမစိုက်တော့ပေ။ သူက သေရည်ဆိုင်ပိုင်ရှင်အဘိုးအို ပြန်လာချိန်အထိ စောင့်ဆိုင်းရင်း နာမ်ဝိညာဉ်သေရည်ဆိုင်ကို ဆက်လက်လေ့လာရန် ဆုံးဖြတ်လိုက်သည်။

သို့သော် ကျိုးပေါ်က ကျန်းလန်ကို တစ်ချက်အကဲခတ်ရင်း…

"ဒီကသခင်လေး… ၊ ကျုပ်တို့ အရင်က တွေ့ဖူးကြသလား"

သူ့အသံက အေးဆေးတည်ငြိမ်ပြီး အလျင်လိုခြင်းမရှိသလို ရန်လိုခြင်းလည်း မရှိပါပေ။

All Chapters