← Chapters

အခန်း (၂၇၅-၂၇၆)

Vol. 28 Ch. 275-276

အခန်း (၂၇၅-၂၇၆)

Vol. 28 Ch. 275-276

အခန်း ၂၇၅ - အင်မော်တယ်အရှင်မြတ်အားလုံး၊ ရှေ့ထွက်လာကြ

"ဒါဆို မျိုးနွယ်စုခေါင်းဆောင် ဇီရဲ့ သဘောထားက ဘယ်လိုရှိပါသလဲ..."

ထိုအချိန်တွင် ကွမ်ချန်က ထပ်မံမေးမြန်းလိုက်သည်။

ဇီယုံသည် မဟာအကြီးအကဲနှင့် အခြားသူများဘက်သို့ လှည့်ကြည့်လိုက်ရာ မည်သူကမျှ မကန့်ကွက်ကြောင်း မြင်ပြီးမှသာ သဘောတူညီစွာ ခေါင်းညိတ်ပြလိုက်သည်။

အကြောင်းမှာ ကောင်းကင်တာအို၏ စွမ်းအားသည် အလွန်ပင် ကြီးမားလှပေသည်။ အထက်ကမ္ဘာနှင့် ပုကျိုးတောင်ရှိ မျိုးနွယ်စုကြီးငါးခုပင်လျှင် ၎င်းကို မလွန်ဆန်နိုင်ချေ။

ထို့ကြောင့် အလင်းရောင်သိမ်းငှက်မျိုးနွယ်က 'ကောင်းကင်တာအိုသစ္စာဆိုခြင်း' ပြုလုပ်ပြီးပါက ခရမ်းမိုးကြိုးသိမ်းငှက်မျိုးနွယ်အတွက် အန္တရာယ်ဖြစ်လာမည့် အရေးကို စိတ်ပူစရာ မလိုတော့ပေ။

ဇီယုံ သဘောတူသည်ကို မြင်ပြီးနောက် ကွမ်ချန်သည် သူ၏နောက်ကွယ်ရှိ အလင်းရောင်သိမ်းငှက်အုပ်စုဘက်သို့ လှည့်ကာ ကြေကွဲဖွယ်ကောင်းသော လေသံဖြင့် အော်ဟစ်လိုက်သည်။

"လွန်ခဲ့တဲ့ သုံးလအတွင်း အမိန့်ကို လက်မှတ်ရေးထိုးခဲ့သူ အားလုံး... ကောင်းကင်တာအို သစ္စာဆိုကြ! ခရမ်းမိုးကြိုးသိမ်းငှက်မျိုးနွယ်နဲ့ ရန်သူမဖြစ်စေရဘူး... မဟုတ်ရင် လမ်းစဉ်တစ်သောင်းရဲ့ မိုးကြိုးကပ်ဘေးသင့်ပြီး အစအနမကျန် ပျက်သုဉ်းစေရမယ်..."

ဤအချိန်တွင် အလင်းရောင်သိမ်းငှက်မျိုးနွယ်ရှိ ကျင့်ကြံခြင်းအဆင့်နိမ့်သူများ အားလုံး မျက်ရည်ကျနေကြသည်။

အင်မော်တယ်အရှင်မြတ်အဆင့်ရှိသူများမှာလည်း ဤခရီးသည် သူတို့၏ နောက်ဆုံးခရီးဖြစ်တော့မည်ကို သိရှိသဖြင့် ဝမ်းနည်းပူဆွေးနေကြရသည်။

သူတို့သည် စကားများများမပြောဘဲ ကတိပြုလိုက်ကြသည်။

'ကောင်းကင်တာအိုသစ္စာဆိုခြင်း' အရ သူတို့သည် ခရမ်းမိုးကြိုးသိမ်းငှက်မျိုးနွယ်၏ ရန်သူအဖြစ် ဆက်လက်တည်ရှိတော့မည်မဟုတ်ဘဲ အကယ်၍ ချိုးဖောက်ပါက မိုးကြိုးကပ်ဘေးဖြင့် အသတ်ခံရမည်ဖြစ်သည်။

မဟာအကြီးအကဲများ၏ စတေးမှုကို သူတို့ အလဟဿ အဖြစ်မခံနိုင်ကြပေ။

ကျိန်ဆိုမှုပြီးသည်နှင့် ကောင်းကင်ယံ၌ ဆက်တိုက်ဆိုသလို ပေါက်ကွဲသံများ ထွက်ပေါ်လာသည်။ ၎င်းမှာ ထိုကျိန်ဆိုမှုကို ကောင်းကင်တာအိုက အသိအမှတ်ပြုလိုက်ခြင်းပင်။

ထို့နောက် ကွမ်ချန်သည် ဆက်လက်အော်ဟစ်လိုက်ရာ သူ၏စကားများတွင် ကြေကွဲဖွယ်ရာ ကြီးမြတ်မှုများ ပြည့်နှက်နေသည်။

" အင်မော်တယ်အရှင်မြတ်အားလုံး... ရှေ့ထွက်လာကြ!"

မဟာအကြီးအကဲ၏ စကားကို ကြားရချိန်တွင် စွမ်းအားရှင်များမှာ မလိုလားသော်လည်း ဤသည်မှာ မျိုးနွယ်စုရှင်သန်ရေးအတွက် တစ်ခုတည်းသော လမ်းစဖြစ်ကြောင်း နားလည်ကြသည်။

သူတို့၏ သေဆုံးမှုက အလင်းရောင်သိမ်းငှက်မျိုးနွယ်၏ အနာဂတ်ကို အာမခံပေးနိုင်မည်ဖြစ်သည်။

"မျိုးနွယ်စုခေါင်းဆောင် ဇီ... ခင်ဗျားရဲ့ ကတိကို တည်ပြီး ကျန်ခဲ့တဲ့ ငါ့မျိုးနွယ်ဝင်တွေကို ထပ်မနာကျင်စေဖို့ မျှော်လင့်ပါတယ်..."

"မင်းတို့ရဲ့ အလင်းရောင်သိမ်းငှက်မျိုးနွယ်က ငါ့မျိုးနွယ်ကို လက်ဖျားနဲ့တောင် မထိသရွေ့ ငါလည်း ကတိတည်ပါတယ်..."

ဇီယုံက အေးစက်စွာ ပြောလိုက်သည်။ သူမအနေဖြင့် သနားကြင်နာမှု မရှိလျှင် တစ်မျိုးနွယ်လုံးကို မျိုးတုံးသတ်ဖြတ်နိုင်သော်လည်း ယခုကဲ့သို့ စတေးမှုကို လက်ခံခြင်းမှာပင် ကရုဏာထားခြင်း ဖြစ်ပေသည်။

ကွမ်ချန်သည် ရှေ့ထွက်လာသော အရှင်မြတ်များဘက်သို့ လှည့်ကာ ဆိုလိုက်သည်။

"မင်းတို့က မျိုးနွယ်စုရဲ့ အနာဂတ်အတွက် စတေးခဲ့တာ... မကြောက်ကြနဲ့... မင်းတို့ရဲ့ နာမည်တွေကို သမိုင်းမှာ ကမ္ပည်းတင်ထားမှာပါ... သွားကြတော့”

ထိုအခါ အင်မော်တယ်အရှင်မြတ်တစ်ဦးသည် ဇီယုံ၏ရှေ့၌ပင် ကိုယ့်ကိုယ်ကိုယ် ဖျက်ဆီး လိုက်လေသည်။ ထို့နောက် ဒုတိယ၊ တတိယနှင့် နောက်ထပ် လူပေါင်းသုံးဆယ်ခန့်သည် မိနစ်ပိုင်းအတွင်းမှာပင် အသက်စွန့်သွားကြသည်။

ကျန်ရှိနေသော မျိုးနွယ်ဝင်များသည် မိမိတို့၏ ဘိုးဘေးများ သေဆုံးသွားသည်ကို မြင်တွေ့ရချိန်တွင် ထိန်းချုပ်မရအောင် ငိုကြွေးနေကြသည်။ သို့သော် သူတို့ လက်စားချေရန် မတတ်နိုင်ကြပေ။

နောက်ဆုံးတွင် ကွမ်ချန် တစ်ဦးတည်းသာ ကျန်ရစ်တော့သည်။ သူသည် ဇီယုံကိုကြည့်ကာ

"ကျေးဇူးပြုပြီး ခင်ဗျားစကားကို မှတ်ထားပါ..." ဟု ပြောပြီးနောက် ခရမ်းရောင်မိုးကြိုးသိမ်းငှက် ရုပ်တုများရှေ့၌ပင် ကိုယ့်ကိုယ်ကိုယ် ဖျက်ဆီးကာ အသက်စွန့်သွားလေတော့သည်။

ဇီယုံသည် သူမ၏လက်ကို ဝှေ့ယမ်းကာ သေဆုံးသွားသူများ၏ ရုပ်အလောင်းများကို ပြာအဖြစ်သို့ ပြောင်းလဲပစ်လိုက်သည်။ သူမ၏ အမြင်တွင် သူတို့ အမှန်တကယ် သေဆုံးသွားသော်လည်း အမှားအယွင်းမရှိစေရန် သတိထားခြင်း ဖြစ်သည်။

"သွားကြစို့... အလင်းရောင်သိမ်းငှက်မျိုးနွယ်က ငါတို့အတွက် ခြိမ်းခြောက်မှု မဟုတ်တော့ဘူး..."

ဇီယုံသည် မဟာအကြီးအကဲများနှင့်အတူ ထွက်ခွာသွားခဲ့သည်။

သူတို့၏ ဘိုးဘွားပိုင်မြေသို့ ပြန်ရောက်သောအခါ ဇီယုံက မဟာအကြီးအကဲကို မေးလိုက်သည်။

"ရှန်းယွီ သေဆုံးမှုနဲ့ ပတ်သက်ပြီး ဘယ်လိုထင်လဲ..."

"အဲဒါက လွယ်ပါတယ်... ရှန်းယွီက ထွက်သွားတဲ့အချိန်မှာ တခြား စွမ်းအားကြီးတဲ့သူ တစ်ယောက်ယောက်နဲ့ ကြုံခဲ့ရတာ ဖြစ်နိုင်တယ်။ အင်မော်တယ်ဧကရာဇ် အလယ်အလတ်အဆင့်လောက် ရှိတဲ့သူနဲ့ တွေ့ပြီး အရင်ကရထားတဲ့ ဒဏ်ရာတွေနဲ့ ပေါင်းလိုက်တော့ အပြန်လမ်းမှာ သေသွားတာ ဖြစ်မှာပါ..."

မဟာအကြီးအကဲက သုံးသပ်ပြသည်။

ဇီယုံလည်း ထိုအချက်ကို သဘောတူလိုက်ပြီး အမိန့်ပေးလိုက်သည်။

"ကောင်းပြီ... အခု အလင်းရောင်သိမ်းငှက်မျိုးနွယ် ပြဿနာ ပြီးသွားပြီဆိုတော့ အားလုံး ကျင့်ကြံခြင်းကိုပဲ အာရုံစိုက်ကြပါ။ အနှစ်တစ်ရာအတွင်း ကြယ်တာရာ ကောင်းကင်ရှေးဟောင်းလမ်းကနေတစ်ဆင့် အထက်ကမ္ဘာကနေ ထွက်ခွာကြမယ်..."

ဇီယုံသည် မျိုးနွယ်စုခေါင်းဆောင်တစ်ဦး ဖြစ်သဖြင့် အရာအားလုံးကို ကြီးကြပ်ရန် နေခဲ့ရမည်ဖြစ်သည်။ မျိုးနွယ်စုတွင် အခြား ဧကရာဇ်တစ်ဦး ပေါ်မလာမချင်း သူမ ဤနေရာကို စွန့်ခွာ၍ မရနိုင်ပေ။

"ဇစ်အန်း... မင်း တကယ်ပဲ အထက်ကမ္ဘာရဲ့ အပြင်ဘက်ကို ရောက်နေတာလား..."

ဇီယုံ၏ မျက်လုံးများတွင် လွမ်းဆွတ်မှုများ ပြည့်နှက်သွားသည်။

ကြယ်တာရာ ကောင်းကင်ရှေးဟောင်းလမ်း၏ ဝင်ပေါက်တွင် အလွန်စွမ်းအားကြီးသော စုပ်ယူအားတစ်ခု ရှိကြောင်း သူမ သိထားသည်။ ချန်ဇစ်အန်းသည် ထိုစုပ်ယူအားကြောင့် အပြင်လောကသို့ ရောက်သွားခြင်း ဖြစ်နိုင်သည်ဟု သူမ တွေးတောနေမိသည်။ သူ သူမကို မှတ်မိနေဦးမလား ဆိုသည်ကိုတော့ သူမ မသိနိုင်ပေ။

ဇီယုံသည် ခေါင်းကို ခါယမ်းလိုက်ပြီး ထိုအကြောင်းကို ဆက်မတွေးတော့ဘဲ ပိုမိုစွမ်းအားကြီးလာရန်နှင့် အင်မော်တယ်ဧကရာဇ် အလယ်အလတ်အဆင့်သို့ ချိုးဖောက်ဝင်ရောက်ရန်သာ အာရုံစိုက်လိုက်တော့သည်။

တစ်ချိန်တည်းမှာပင် ရွှမ်ထျန်းကမ္ဘာ၌ အခြားထူးခြားသော အဖြစ်အပျက်တစ်ခု စတင်နေခဲ့သည်။

အခန်း ၂၇၆ - လီထျန်းရှဲ့၏ ကြီးထွားလာမှု

ဤအချိန်တွင် ချင်းလျန် မြင့်မြတ်နယ်မြေ အတွင်း၌…

နှစ်များစွာ အတွေ့အကြုံများ ရယူပြီးနောက် လီထျန်းရှဲ့သည် အသက်တစ်ရာပင် မပြည့်မီ မဟာဧကရာဇ် အထွတ်အထိပ်အဆင့် သို့ ရောက်ရှိသွားခဲ့သည်။ သူ၏ တိုးတက်မှု အရှိန်အဟုန်မှာ လီထိုက်ပိုင် နှင့် ဝူရွှယ်ယင်းတို့သာမက ချင်းလျန် မြင့်မြတ်နယ်မြေရှိ အကြီးအကဲများကိုပါ အလွန်အမင်း အံ့အားသင့်သွားစေခဲ့သည်။

သို့သော် အချိန်ကြာလာသည်နှင့်အမျှ လီထိုက်ပိုင်နှင့် ဝူရွှယ်ယင်းတို့ ဇနီးမောင်နှံမှာ လီထျန်းရှဲ့ထံတွင် တစ်ခုခု ထူးဆန်းနေကြောင်း သတိပြုမိလာကြသည်။

သူ၏ လူလားမြောက်ခြင်း အခမ်းအနားအပြီးတွင် လီထျန်းရှဲ့သည် လုံးဝ အခြားလူတစ်ယောက် ဖြစ်သွားသကဲ့သို့ပင် ခံစားနေရသည်။

"မောင်... ထျန်းရှဲ့ရဲ့ အပြောင်းအလဲတွေက ဆိုးရွားတဲ့ ကိစ္စတစ်ခုများ ဖြစ်နေမလားဟင်..." ဝူရွှယ်ယင်းသည် လီထိုက်ပိုင်၏ ရင်ခွင်ထဲ၌ မှီတွယ်ရင်း စိုးရိမ်တကြီး မေးမြန်းလိုက်သည်။

ယခုအချိန်တွင် ဝူရွှယ်ယင်းသည် မဟာဧကရာဇ် နှောင်းပိုင်းအဆင့်သို့ ရောက်ရှိနေပြီဖြစ်ကာ အထက်ကမ္ဘာသို့ တက်လှမ်းရန် အနည်းငယ်သာ လိုတော့သည်။

လီထိုက်ပိုင်မှာမူ မဟာဧကရာဇ် အထွတ်အထိပ်အဆင့်တွင်သာ ရှိသေးသော်လည်း သူ၏ စုဆောင်းထားသော စွမ်းအားမှာ အလွန်မြင့်မားနေပြီဖြစ်ရာ 'လူသားအင်မော်တယ် ကနဦးအဆင့်ကိုပင် ယှဉ်နိုင်စွမ်း ရှိနေပြီဖြစ်သည်။

လီထိုက်ပိုင်၏ မျက်နှာပေါ်၌ စိုးရိမ်ရိပ်များ ရှိနေသော်လည်း ဇနီးဖြစ်သူကို နှစ်သိမ့်လိုက်သည်။

"ဒါက ဆိုးရွားတဲ့ ကိစ္စ မဖြစ်နိုင်ပါဘူး။ ထျန်းရှဲ့က ဘိုးဘေးပေးထားတဲ့ ကျင့်စဉ်ကို ကျင့်နေတာဆိုတော့ အဆင်ပြေမှာပါ။ ဖြစ်နိုင်တာက သူ့စွမ်းအားတွေ အရမ်းမြန်မြန် တိုးလာလို့ စိတ်ဓာတ်ပိုင်းက လိုက်မမှီသေးတာ ဖြစ်လိမ့်မယ်..."

"ဟူး... ဘိုးဘေးနဲ့ အဆက်အသွယ် မရတာ တကယ်ကို နှမြောစရာပဲ။ မဟုတ်ရင် ဘိုးဘေးကို မေးကြည့်လို့ ရတာပေါ့..." ဝူရွှယ်ယင်းက သက်ပြင်းချလိုက်သည်။

"ကောင်းပြီ... မဟာဧကရာဇ် အထွတ်အထိပ်အဆင့်ကို အမြန်ဆုံး ချိုးဖောက်ဝင်ရောက်အောင် ကြိုးစားပါ။ ငါတို့ အထက်ကမ္ဘာကို တက်လှမ်းသွားတဲ့အခါကျရင် အဘိုးကို သွားမေးလို့ ရပြီပေါ့..."

လီထိုက်ပိုင်၏ နှစ်သိမ့်မှုကြောင့် ဝူရွှယ်ယင်း ခေါင်းညိတ်လိုက်ရုံသာ တတ်နိုင်တော့သည်။

တစ်ချိန်တည်းမှာပင် ချင်းလျန် မြင့်မြတ်နယ်မြေ၏ အခြား ကျင့်ကြံခြင်း နေရာတစ်ခုတွင်မူ တစ်ပတ်ဝန်းကျင်လုံးမှာ မိစ္ဆာအငွေ့အသက်များဖြင့် ပြည့်နှက်နေသည်။ ထိုနေရာမှာ လီထျန်းရှဲ့၏ ကျင့်ကြံရာ နေရာပင် ဖြစ်သည်။

"ဟင်း... ငါ ပြန်လည်မွေးဖွားလာပြီး မိသားစုတစ်ခုတောင် ရလာလိမ့်မယ်လို့ မထင်ထားခဲ့ဘူး။ ဒါက ငါ့အတွက် ကောင်းသလား၊ ဆိုးသလားဆိုတာတော့ မသိဘူး..."

လီထျန်းရှဲ့သည် ကျင့်ကြံခြင်းမှ နိုးထလာကာ မျက်လုံးများကို ဖွင့်လိုက်သည်။ သူ၏ မျက်ဝန်းများမှာ သူ၏ အသက်အရွယ်နှင့် မလိုက်အောင် ရင့်ကျက်တည်ငြိမ်နေပြီ ဖြစ်သည်။

"ဒါပေမဲ့ ငါ နတ်ဘုရားဧကရာဇ် အဆင့်ကို ချိုးဖောက်ဝင်ရောက်တဲ့ အချိန်မှာ 'ကျောက်တုံးနတ်ဘုရားဧကရာဇ်' က ငါ့ကို ခိုးတိုက်လိမ့်မယ်လို့ လုံးဝ မထင်ထားခဲ့ဘူး ငါ့စွမ်းအားတွေသာ မတည်ငြိမ်သေးလို့ ရှုံးသွားတာ။ စောင့်နေလိုက် ကျောက်တုံးနတ်ဘုရားဧကရာဇ်... ငါ နတ်ဘုရားဧကရာဇ်အဆင့်ကို နောက်တစ်ကြိမ် တက်လှမ်းတဲ့နေ့ဟာ မင်းရဲ့ သေနေ့ပဲ..."

လီထျန်းရှဲ့၏ မျက်လုံးများတွင် ဒေါသရိပ်များ ထင်ဟပ်နေသည်။ သူ၏ လူလားမြောက်ခြင်း အခမ်းအနား ညတွင် သူ၏ ယခင်ဘဝ မှတ်ဉာဏ်များ နိုးထလာခဲ့ခြင်း ဖြစ်သည်။

"ဒါပေမဲ့ ဒီမိသားစုက သာမန်တော့ မဟုတ်ဘူး။ သူတို့ဆီမှာ အင်မော်တယ်မဟာဧကရာဇ် ဖြစ်ခဲ့တဲ့ ငါတောင် မရှိဖူးတဲ့ ကျင့်စဉ်မျိုး ရှိနေတယ်။ ဒီကျင့်စဉ်ရဲ့ အကူအညီနဲ့ ငါ့ရဲ့ ယခင်ဘဝကထက် ပိုပြီး စွမ်းအားကြီးတဲ့ နယ်ပယ်ကို သေချာပေါက် ရောက်နိုင်မှာပါ..."

လီထျန်းရှဲ့၏ မျက်နှာတွင် စိုးရိမ်မှု အနည်းငယ် ပေါ်လာသည်။ သို့သော် သူ ကြောက်ရွံ့သည်မှာ မိဘများကို မဟုတ်ဘဲ သူ၏ 'ဘိုးဘေး' ကို ဖြစ်သည်။ ဝူဟောက်က သူ့အား ဤကျင့်စဉ်ကို ပေးခဲ့ခြင်းဖြစ်ပြီး ယခင်ဘဝက ဗဟုသုတများဖြင့်ပင် သူသည် ဝူဟောက်ကို ဖောက်ထွင်းမမြင်နိုင်သေးချေ။

ထို့ကြောင့် လီထျန်းရှဲ့၏ စိတ်ထဲတွင် ဝူဟောက်သည် ခန့်မှန်း၍မရနိုင်သော စွမ်းအားရှင်ကြီး ဖြစ်နေပြီဖြစ်သည်။ တတ်နိုင်သမျှ ဝူဟောက်၏ ရှေ့၌ မပေါ်လာအောင် သူ သတိထားနေမိသည်။

"ဒါပေမဲ့ သူတို့က ငါ့မိသားစုဝင်တွေပဲလေ။ ငါ တက်လှမ်းသွားတဲ့အခါ သူတို့ကိုပါ နတ်ဘုရားကမ္ဘာကို ခေါ်သွားဖို့ ကြိုးစားရမှာပေါ့..."

ထိုသို့ တွေးကာ သူသည် ကျင့်ကြံခြင်းကို ပြန်လည်စတင်လိုက်သည်။ သူလုပ်ရန် လိုအပ်သည်မှာ တစ်ဆင့်ချင်းစီ ကျင့်ကြံပြီး ခိုင်မာသော အခြေခံအုတ်မြစ်ကို တည်ဆောက်ရန်သာ ဖြစ်သည်။

သူ၏ ယခင်ဘဝက လီထျန်းရှဲ့သည် မိစ္ဆာကောင်းကင်ဧကရာဇ် ဖြစ်ပြီး အထီးကျန်စွာ ရှင်သန်ခဲ့သူ ဖြစ်သဖြင့် ယခုကဲ့သို့ မိသားစုနှင့် ရှိနေရသည်ကို အနည်းငယ် မသက်မသာ ဖြစ်နေမိသည်။

သို့သော် သူသည် မိစ္ဆာလမ်းစဉ်ကို ကျင့်ကြံသော်လည်း အနီးကပ်လူများကို သတ်ဖြတ်ရလောက်အောင် ရက်စက်သူတော့ မဟုတ်ချေ။ အထူးသဖြင့် သူ၏ ဘိုးဘေးက သူ့ကို နောက်တစ်စက္ကန့်မှာတင် အမှုန့်ကြိတ်ပစ်မည်ကို သူ ကောင်းကောင်း သိထားသည်။

လီထျန်းရှဲ့ သတိမထားမိသောအရာမှာ ဝူဟောက်သည် မလှမ်းမကမ်းတွင် ပေါ်လာပြီး သူ့ကို စောင့်ကြည့်နေခြင်းပင် ဖြစ်သည်။

"ကြည့်ရတာ ထျန်းရှဲ့ရဲ့ ယခင်ဘဝ မှတ်ဉာဏ်တွေ နိုးထလာပြီပဲ။ ဒါပေမဲ့ ဝူလီနဲ့ ယီဖန်တို့ရဲ့ မှတ်ဉာဏ်တွေက ဘယ်တော့ နိုးထလာမလဲ မသိဘူး..."

ဝူဟောက် တွေးတောလိုက်သည်။

သူ၏ မျိုးဆက်များထဲတွင် ဝူကျန်းအဲ့နှင့် ဝူယိတောက်တို့သာ ဝင်စားသူများ မဟုတ်ကြဘဲ ကျန်သူများမှာမူ ယခင်ဘဝ မှတ်ဉာဏ်များ ရှိကြသူများ ဖြစ်သည်။

ဝူဟောက်သည် အလောတကြီး မလုပ်ခဲ့ပေ။ ဝူလီသည် အင်မော်တယ်မဟာဧကရာဇ် တစ်ဦး၏ ဝင်စားသူ ဖြစ်သော်လည်း ဝူယီဖန်၏ ယခင်ဘဝ အကြောင်းကိုမူ စနစ်က ထုတ်ဖော်မပြသေးသဖြင့် စောင့်ကြည့်ရုံသာ ရှိသည်။

"လီထျန်းရှဲ့က ရက်စက်တဲ့ မိစ္ဆာလမ်းစဉ်ကို မလိုက်ဘဲ မိသားစုကို တန်ဖိုးထားတာ ကံကောင်းတယ်လို့ ပြောရမယ်။ မဟုတ်ရင်တော့ သူ့ကို ရှင်းပစ်ဖို့ နည်းလမ်းရှာရလိမ့်မယ်..."

ဝူဟောက်သည် အီတာချီ ကဲ့သို့ မိသားစုကို သတ်ကာ တာအိုကို သက်သေပြမည့်သူမျိုးကို မလိုလားပေ။

လီထျန်းရှဲ့သည် အန္တရာယ် မရှိကြောင်း အတည်ပြုပြီးနောက် ဝူဟောက်သည် ရွှမ်ထျန်းကမ္ဘာမှ ထွက်ခွာသွားလေသည်။

အခြားတစ်ဖက်တွင် ဝူလီသည် သီးသန့်လေ့ကျင့်မှုမှ ထွက်လာခဲ့သည်။ သူ၏ လက်ထဲရှိ အဆင့်ခုနစ် 'ရွှေရောင်မိုးကြိုး ပျံသန်းဓား' သောင်းချီကို ကြည့်ကာ အလွန်စိတ်လှုပ်ရှားနေသည်။

သူသည် ရွှေအင်မော်တယ် ကနဦးအဆင့်မှ အထွတ်အထိပ်အဆင့်သို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။

ယခုအခါ သူသည် 'ရွှေရောင်မိုးကြိုး ပျံသန်းဓားဝင်္ကပါ'ကို ကျွမ်းကျင်သွားပြီဖြစ်ရာ အင်မော်တယ်အရှင်မြတ် အဆင့်ကိုပင် သတ်ဖြတ်နိုင်စွမ်း ရှိနေပြီဖြစ်သည်။

"နှမြောစရာပဲ... ဒီဓားတွေက အဆင့်ရှစ် မရောက်နိုင်ဘူး။ မဟုတ်ရင် ကောင်းကင်ဧကရာဇ်ကိုတောင် သတ်လို့ ရမှာ။ ဒါပေမဲ့ အဆင့်ရှစ် ဒါမှမဟုတ် အဆင့်ကိုး အင်မော်တယ်ဧကရာဇ် ဓားတွေကို သုံးပြီး ဝင်္ကပါကို ပြန်လည်မွမ်းမံရင်တော့ အင်မော်တယ် မဟာဧကရာဇ်တောင် ငါ့ကို ယှဉ်နိုင်မှာ မဟုတ်ဘူး..."

ဝူလီသည် တောက်ပသော အနာဂတ်ကို တွေးတောရင်း စိတ်လှုပ်ရှားနေစဉ် နန်ကုန်းဝမ် ပေါ်လာသည်။ သူမသည် ဝူလီကို ရှုပ်ထွေးသော အကြည့်ဖြင့် ကြည့်ကာ အတန်ကြာမှ စကားပြောလိုက်သည်။

"ဝူလီ... ကျွန်မ ထွက်သွားရတော့မယ် ထင်တယ်..."

All Chapters