← Chapters

တစ္ဆေတိုင်းပြည်ကိုတုံ့ပြန်ခြင်း

Vol. 26 Ch. 352

တစ္ဆေတိုင်းပြည်ကိုတုံ့ပြန်ခြင်း

Vol. 26 Ch. 352

အခန်း (၃၅၂) တစ္ဆေတိုင်းပြည်ကိုတုံ့ပြန်ခြင်း

နဝမတောင်ထွတ်အစွန်း…။

"ကျောက်စိမ်းရေကန်နတ်ဘုရားမ အင်မော်တယ်ဖြစ်သွားပြီဆိုတော့ မင်းလည်း အင်မော်တယ်အဆင့်တက်ဖို့ ဖိအားတွေ ခံစားရသလား"

ကျန်းလန် လက်ဆောင်ပေးသည့် သေရည်အိုးကိုယူလိုက်ရင်း မော့ကျန်းသုန့်က ကျန်းလန်ကို မေးလိုက်ခြင်း ဖြစ်သည်။

နောက်ထပ် အနှစ် (၁၀၀) ဆိုလျှင် သူ့တပည့်လေးက မိုးကောင်းကင်စမ်းသပ်ခံရခြင်းကို ရင်ဆိုင်ရတော့မည် ဖြစ်သည်။ ထို့ကြောင့် မေးမြန်းကြည့်ရန် လိုအပ်လေ၏။

အနည်းဆုံးတော့ ကျန်းလန်၏ အခြေအနေကို အကြမ်းဖျင်းမှန်းဆကြည့်နိုင်မည် ဖြစ်သည်။

ကျန်းလန်က…

"ဟုတ်… နည်းနည်းပါးပါးလောက်ပါပဲ…"

အမှန်ပင် စိတ်ဖိစီးမှုအနည်းငယ်တော့ ရှိသည်ပင်။

ထိုအချိန်ရောက်လျှင် ဘာဖြစ်မည်ကို သူ မသိရှိနိုင်ပေ။ အခက်အခဲအနည်းငယ်တော့ ရင်ဆိုင်ရမည်ဖြစ်လေရာ စိတ်ဖိစီးမှုအနည်းငယ်ရှိသည်ကတော့ ပြောစရာမလိုပေ။

နောက်ထပ် နှစ်ပေါင်း (၁၀၀) ဆိုလျှင် ငရဲတံခါးသည်လည်း မရဏအငွေ့အသက်များ ထပ်မံပေါက်ကွဲထွက်ဦးမည် ဖြစ်သည်။

ထိုအချိန်မျိုးတွင် သူက ပြင်ပလောကသို့ ထွက်ခွာမည်ဆိုလျှင် သတိတစ်ချက်လစ်သည်နှင့် အန္တရယ်ကြုံရမည် ဖြစ်သည်။

မော့ကျန်းသုန့်က စိတ်ဝင်စားသွားဟန်ဖြင့်…

"နည်းနည်းပဲရှိတယ် ဟုတ်လား"

ကျန်းလန်က ခေါင်းငုံ့လိုက်ရင်း…

"မိုးကောင်းကင်စမ်းသပ်ခံရခြင်းဆိုတာက မဖြစ်မနေရင်ဆိုင်ရမယ့်အရာဆိုတာ ဆရာလည်း သိတာပဲလေ ၊ စိတ်ဖိစီးမှု နည်းနည်းလောက်ကတော့ ရှိတာပေါ့"

မော့ကျန်းသုန့်က ပြုံးလိုက်ပြီး ဆက်မမေးတော့ပေ။

အတန်ကြာမှ သူက စကားလမ်းကြောင်း ပြောင်းလိုက်၏။

"ဒါဖြင့် ကျောက်စိမ်းရေကန်နတ်ဘုရားမနဲ့ လက်ထပ်ရမှာကိုရော စိတ်ဖိစီးမှုရှိသလား"

ကျန်းလန်က…

"ဆရာ… ဆရာ့မှာ အဲဒီကိစ္စမျိုးတွေနဲ့ပတ်သက်ပြီး အတွေ့အကြုံလေးဘာလေး မရှိဘူးလား"

သူက ဆရာဖြစ်သူ၏ အချစ်ရေးကိစ္စများကို တစ်ခါမှ မေးမြန်းဖူးခြင်း မရှိပေ။

ယခု တိုက်ဆိုင်စွာပင် ဆရာဖြစ်သူက မေးမြန်းလာသည်ဖြစ်ရာ သူက အခွင့်အရေးကို အသုံးချလိုက်ခြင်း ဖြစ်သည်။

မော့ကျန်းသုန့်က…

"အင်း… မင်း ကျောက်စိမ်းရေကန်နတ်ဘုရားမနဲ့ အဆင်ပြေအောင် ဘယ်လိုနေထိုင်ရမလဲ သိချင်ရင်တော့ မင်းရဲ့ ဆရာဒေါ်လေး ကျူးချင်နဲ့ ဆရာဒေါ်လေး မြောင်ယွဲ့တို့ကို မေးကြည့်လေ ၊ တစ်ခုခုတော့ သိရမှာပေါ့"

"……"

ကျန်းလန် ပါးစပ်ပိတ်သွားသည်။

ဆရာဖြစ်သူ၏ စကားအရဆိုလျှင် သူက ချစ်ရေးချစ်ရာကိစ္စမျိုးတွင် အတွေ့အကြုံမရှိပေဘူးလား။

ဆရာ့အနေဖြင့် ဆရာဒေါ်လေးမြောင်ယွဲ့နှင့်ပတ်သက်ပြီး မည်သို့ ထင်မြင်ယူဆသည်ကို မေးမြန်းကြည့်ချင်မိသော်လည်း အချိန်စောသေးသည်ဟု တွေးမိသည်။

မော့ကျန်းသုန့်က…

"မကြာခင် ငရဲတံခါးကနေ မရဏအငွေ့အသက်တွေ ပေါက်ကွဲထွက်တော့မယ် ၊ သတိထားဖို့ မမေ့ပါနဲ့"

ကျန်းလန်က စိတ်ချရသူဖြစ်သော်လည်း ဆရာတစ်ယောက်အနေဖြင့် သတိပေးရန် လိုအပ်သည်။ ဘယ်လောက်ပင် လိမ္မာသည့်တပည့်ဖြစ်ပါစေ ဂရုတစိုက်သတိပေးရမည်က သူ့တာဝန်ပင်။

ကျန်းလန်က ခေါင်းညိတ်လိုက်ရင်း…

"ဟုတ်ကဲ့ပါ ဆရာ"

***

ဆရာဖြစ်သူထံမှ ပြန်လာပြီးနောက် ကျန်းလန် မရဏဂူသို့ ထွက်လာခဲ့သည်။

သူ ဂူထဲဝင်လိုက်သည်နှင့် မရဏအငွေ့အသက်များ ထူထပ်စွာ ထွက်ပေါ်နေကြောင်း ခံစားလိုက်ရသည်။ သို့သော် ထိုအငွေ့အသက်များက အရင်ကထက်ပိုပြီး သန့်စင်လျှက် ရှိသည်။

ကျင့်ကြံခြင်းအတွက် အလွန်အကျိုးရှိသလို အန္တရယ်လည်း ရှိလာနိုင်သည်။

အမှန်တော့ ငရဲတံခါးက လူအတော်များများအတွက် အန္တရယ်များသည့်နေရာတစ်ခု ဖြစ်သည်။ ကျန်းလန်နှင့် ကျင့်ကြံခြင်းအဆင့် တူသူများထဲတွင် ဤနေရာသို့ လာရောက်ရဲသူ တစ်ယောက်မှ မရှိပေ။

သို့သော် ဤကဲ့သို့ ထူးခြားသည့်နေရာမျိုးတွင် ပုန်းအောင်းကျင့်ကြံနေမည့် သူကဲ့သို့သောလူစားများ ရှိနိုင်သေးသည်လားဆိုသည်ကတော့ ကျန်းလန်လည်း မသိနိုင်သည့်ကိစ္စဖြစ်သည်။

အခြားသူများကို ဘယ်တော့မှ လျှော့မတွက်သင့်ပေ။ ဘဝင်မြင့်ခြင်းက အန္တရယ်ရှိသည့်အရာ ဖြစ်သည်။

ကျန်းလန် မရဏဂူထဲတွင် တင်ပျဉ်ခွေထိုင်ရင်း ဆက်လက်ကျင့်ကြံနေသည်။

သူက ကောင်းကင်ဘုံခြေလှမ်းကိုးလှမ်းတန်ခိုးစွမ်းအားနှင့် နွားရိုင်းကိုးကောင်စွမ်းအားကို မိုးကောင်းကင်အင်မော်တယ် ၊ အလယ်ဆင့်နှင့် ညီမျှအောင် ဆက်လက်ကျင့်ကြံနေသည်။

ကျင့်ကြံခြင်းအဆင့် မြင့်တက်လာသည်နှင့်အမျှ မန္တန်ပညာနှင့် အခြားတန်ခိုးစွမ်းအားများသည်လည်း အားကောင်းလာရန် လိုအပ်သည်။

လူတစ်ယောက်ကျင့်ကြံခြင်းအဆင့်တက်သွားပါက တန်ခိုးစွမ်းအားလိုက်ပါပြောင်းလဲသွားသည့် မန္တန်များနှင့် ကျင့်စဉ်များ ရှိသလို လိုက်ပါပြောင်းလဲခြင်းမရှိသည့် မန္တန်များနှင့် ကျင့်ကြံသူများလည်း ရှိလေ၏။

ရွှေပြဒါးအမြုတေအဆင့်တွင် ရွှေပြဒါးအမြုတေအဆင့် ရန်သူတစ်ယောက်ကို တိုက်ခိုက်ရန် အသုံးပြုနိုင်သည့် မန္တန်အချို့နှင့် တန်ခိုးစွမ်းအားအချို့ဆိုလျှင် အင်မော်တယ်ဖြစ်လာပြီးနောက်ပိုင်း အသုံးမဝင်တော့ပေ။

သို့သော် နွားရိုင်းကိုးကောင်စွမ်းအားကတော့ မတူကွဲပြားသည်။  ထိုစွမ်းအားက သူ၏ ကျင့်ကြံခြင်းအဆင့် မြင့်တက်လာသည့်အတိုင်း လိုက်ပါမြင့်တက်လာသည်။

ရွှေပြဒါးအမြုတေ ၊ အလယ်ဆင့်တွင် ရွှေပြဒါးအမြုတေ ၊ နောက်ဆုံးအဆင့်ကို တိုက်ခိုက်နိုင်သည်။

ယခု မိုးကောင်းကင်အင်မော်တယ် ၊ အလယ်ဆင့်တွင် မိုးကေင်းကင်အင်မော်တယ် ၊ နောက်ဆုံးအဆင့်ကို တိုက်ခိုက်နိုင်သည်ဟု ကျန်းလန် ခံစားရသည်။

နွားရိုင်းကိုးကောင်စွမ်းအားမှ ကျန်းလန် အခြေခံတည်ဆောက်ခြင်းအဆင့်မှ မိုးကောင်းကင်အင်မော်တယ် ၊ အလယ်ဆင့်အထိ အသုံးပြုခဲ့သည့် စွမ်းအားတစ်ခု ဖြစ်သည်။

၎င်းနွားရိုင်းကိုးကောင်စွမ်းအားကို အန္တရယ်ကိုးသွယ်စွမ်းအားအဖြစ်လည်း ပြောင်းလဲနိုင်သေးသည်။

သို့ဖြစ်ရာ ကျန်းလန်အနေဖြင့် မိုးကောင်းကင်အင်မော်တယ် ၊ နောက်ဆုံးအဆင့် ကျင့်ကြံသူတစ်ယောက်ကို သေချာပေါက် သတ်ဖြတ်ပစ်နိုင်ပေလိမ့်မည်။ သို့သော် မိုးကောင်းကင်အင်မော်တယ်အဆင့် အောင်မြင်ထားသူများကိုတော့ သတ်ဖြတ်ပစ်နိုင်ပါမည်လား မသေချာပေ။

ရွှေခန္ဓာကျင့်စဉ် အောင်မြင်သွားလျှင်တော့ တန်ခိုးစွမ်းအားများ ပိုမိုတိုးတက်လာမည် ဖြစ်သည်။

အချိန်ကာလကြာလာသည်နှင့်အမျှ ငရဲတံခါးမှ မရဏအငွေ့အသက်များက ပိုမိုလျှင်မြန်စွာ ပြည့်လျှံလာသည်။

ကျန်းလန် မရဏဂူထဲတွင် ကျင့်ကြံနေသည်မှာ အချိန် (၂)နှစ် ရှိပြီ ဖြစ်သည်။ ထိုအချိန်ကာလအတွင်း မရဏအငွေ့အသက်များသည်လည်း နှစ်ဆတိုးထူထပ်လာ၏။

ထို့အတူ သူ၏ကျင့်ကြံခြင်းကလည်း အရှိန်အဟုန်ဖြင့် မြင့်တက်လာသည်။ မြန်လွန်းသည်ဟု မဆိုသာသော်လည်း အချိန် (၂)နှစ်အတွင်း ကြီးမားသည့် တိုးတက်မှုများ ရရှိခဲ့သည်။

နောက်ထပ် အနှစ် (၂၀၀) မှ (၃၀၀) အတွင်း မိုးကောင်းကင်အင်မော်တယ် အောင်မြင်သည့်အဆင့်သို့ တက်ရောက်နိုင်ရန် ကျန်းလန် မျှော်လင့်ထားသည်။

မန္တန်များနှင့် တန်ခိုးစွမ်းအားများကိုလည်း အဆင့်မြှင့်တင်ပြီးပြီဖြစ်လေရာ လက်ရှိတွင် ကျန်းလန်၏ အခြေအနေက အထွတ်ထိပ်သို့ရောက်ရှိနေသည်။

ကျန်းလန်က နေ့စဉ်ရက်ဆက် မရပ်မနား ကျင့်ကြံခဲ့သည်။

ရှောင်ယွိရောက်လာသည့်အချိန်များတွင်သာ ကျန်းလန်က အပြင်သို့ထွက်ပြီး သူမ၏ သစ်သားဓားလေးအတွင်းသို့ နဂါးသုတ်သင်ဓားဝိညာဉ်ထည့်သွင်းပေးလေ့ရှိသည်။

ကျန်အချိန်များတွင်တော့ မရဏဂူထဲတွင်သာ အချိန်ကုန်ဆုံးစေခဲ့သည်။

ယနေ့တွင်တော့…

ကျန်းလန်က သားရဲဥလေးနှင့် ရေသဖန်းပင်လေးကို ဝိညာဉ်ဆေးရည်များလောင်းပေးရန် အပြင်သို့ ခဏထွက်ခဲ့ပြီးနောက် မရဏဂူထဲသို့ပြန်လာကာ ဆက်လက်ကျင့်ကြံခဲ့သည်။

ထိုအချိန် ရုတ်တရက် ထွက်ပေါ်လာသည့် အသံများကို ကြားလိုက်ရသည်။

သူ သေသေချာချာ နားထောင်ကြည့်သည့်အခါ လူများစွာက သူ၏ နတ်ဘုရားရာထူးကို ခေါ်ဆိုနေကြခြင်း ဖြစ်ကြောင်း သိလိုက်ရသည်။

တစ္ဆေတိုင်းပြည်တွင် ယာဇ်ပူဇော်ခြင်းအခမ်းအနား စတင်နေပြီဖြစ်ကြောင်း ကျန်းလန် သိရှိလိုက်သည်။

သူက မရဏဂူထဲတွင် တင်ပျဉ်ခွေထိုင်ရင်း နတ်ဘုရားရာထူးတွင် ရှိနေသည့် အလင်းစက်လေးများကို စစ်ဆေးကြည့်လိုက်သည်။

တစ္ဆေတိုင်းပြည်မှ လူငယ်လေး ချင်းမုကို ကိုယ်စားပြုသည့် အလင်းစက်လေးက တောက်ပနေသည်ကို တွေ့ရ၏။

"တစ္ဆေတိုင်းပြည်ရဲ့ တိုင်းပြည်ကံကြမ္မာချီစွမ်းအားနဲ့ အပေးအယူလုပ်ထားတဲ့အချိန် ရောက်ပြီထင်တယ်"

ကျန်းလန် တွေးလိုက်သည်။

အကယ်၍ ဤကိစ္စ ချောချောမွေ့မွေ့ ပြီးဆုံးသွားပါက သူ၏ နတ်ဘုရားရာထူးကို အပြည့်အ၀ ထိန်းချုပ်နိုင်တော့မည် ဖြစ်သည်။

ထိုသို့ဆိုလျှင် သူ့တွင် စိတ်ပူပန်စရာ အကြောင်း မရှိတော့ပေ။

အဆင်မပြေလျှင်တော့…

အခြားနည်းလမ်းတစ်ခု စဉ်းစားရမည် ဖြစ်လေ၏။

သို့မဟုတ် နတ်ဘုရားရာထူးကို အပြည့်အ၀ ထိန်းချုပ်နိုင်ရန် အချိန်စောင့်ရမည် ဖြစ်သည်။

ကျန်းလန် တောင်နှင့်ပင်လယ် ကြေးမုံမှန်ကို ထုတ်ယူလိုက်သည်။

တောင်နှင့်ပင်လယ် ကြေးမုံမှန်ကို အသုံးမပြုလျှင် တစ္ဆေတိုင်းပြည်၏ အခြေအနေကို မသိမြင်နိုင်ဘဲ တုံ့ပြန်မှုပြုလုပ်နိုင်မည် မဟုတ်ပေ။

မကြာမီ တောင်နှင့်ပင်လယ်ကြေးမုံထက်တွင် မြင်ကွင်းများ စတင်ထွက်ပေါ်လာသည်။

မြင်ကွင်းက ကျယ်ပြန့်လွန်းသဖြင့် အရင်လို ရှင်းလင်းခြင်းမရှိပေ။ ကျန်းလန်က ချင်းမုရှိနေသည့် နေရာကို ရှာဖွေကြည့်လိုက်သည်။

ထိုနေရာက မြင်ကွင်းက အရှင်းလင်းဆုံးမြင်ကွင်းဖြစ်သည်။

တစ္ဆေတိုင်းပြည်၏ မြို့တော်ခန်းမရင်ပြင်ထက်တွင် လူပေါင်းများစွာ စုရုံးရောက်ရှိနေသည့် မြင်ကွင်းကို တွေ့မြင်ရသည်။

ရင်ပြင်ထိပ်ရှိ စင်မြင့်ထက်တွင် နတ်ဘုရားရုပ်တု (၂)ခု ရှိနေ၏။

ရုပ်တုတစ်ခုက လက်နှစ်ဖက်ကို နောက်ပစ်ထားပြီး နောက်ရုပ်တုတစ်ခုကတော့ လက်သီးကို တင်းတင်းဆုပ်ထားကာ ရန်သူကို ထိုးနှက်တိုက်ခိုက်တော့မည့်အလား ထင်မှတ်ရသည်။

ဧကရာဇ်ယိုတုနှင့် ပြိုင်ဘက်ကင်း လက်သီးနတ်ဘုရားပင် ဖြစ်၏။

စင်မြင့်အောက်တွင်တော့ ပူဇော်သက္ကာများနှင့် လှူဖွယ်ပစ္စည်းများဖြင့် ပူဇော်ထားသည်ကို တွေ့မြင်ရသည်။

"တစ္ဆေတိုင်းပြည်ရဲ့ တိုင်းပြည်ကံကြမ္မာချီစွမ်းအား ပြောတဲ့အတိုင်းဆိုရင်တော့ ငါ့အလုပ်က မိုးရွာသွန်စေတဲ့မန္တန်အသုံးပြုပေးဖို့ပဲ ၊ အခု သူတို့က မိုးရွာဖို့ ဆုတောင်းနေကြတာ ဖြစ်ရမယ်"

ကျန်းလန် တွေးလိုက်သည်။

ထို့နောက် သူ ပတ်ဝန်းကျင်ကို တစ်ချက်လေ့လာလိုက်လေရာ ခြောက်သွေ့ပတ်ကျားအက်နေသည့် မြေပြင်ကို တွေ့မြင်လိုက်ရသည်။

တစ္ဆေတိုင်းပြည်က မိုးခေါင်ရေရှားဒဏ်ကို ဆိုးရွားစွာ ခံစားနေရဟန် ရှိသည်။

သို့သော်…

သူ၏တန်ခိုးစွမ်းအားလောက်ဖြင့် တစ္ဆေတိုင်းပြည်တစ်ခုလုံး မိုးရွာသွန်းစေရန် ပြုလုပ်နိုင်ပါမည်လား မသေချာပေ။

ခဏမျှ စဉ်းစားပြီးနောက် ကျန်းလန်က ကတိပေးထားသည့်အတိုင်း ပြုလုပ်ပေးရန်သာ ဆုံးဖြတ်လိုက်သည်။ သူ့အနေဖြင့် အခြားအကြောင်းများ စဉ်းစားစရာမလိုဘဲ မိုးရွာသွန်းစေသည့် မန္တန်ကို အသုံးပြုပေးလိုက်ရုံသာ ရှိသည်။

ဧကရာဇ်ယိုတုအနေဖြင့် နတ်ဘုရားရာထူးတစ်ခု ရယူလိုလျှင် တစ္ဆေတိုင်းပြည်၏ကိုးကွယ်မှုစွမ်းအားကို အသုံးပြုရမည် ဖြစ်သည်။

သို့သော် သူက ပြိုင်ဘက်ကင်းလက်သီးနတ်ဘုရားကို အသုံးပြုပြီး ဖြတ်လမ်းကိုလိုက်ချင်သည်ဆိုလျှင်တော့ သူကိုယ်တိုင်လည်း အကောင်းဆုံးကြိုးစားရမည်ပင်။

ကျန်းလန်က တောင်နှင့်ပင်လယ်ကြေးမုံမှန်ကို ကြည့်နေပြီး ချက်ချင်း မတုံ့ပြန်ခဲ့ပေ။ ယာဇ်ပူဇော်ပွဲ၏ အရေးပါဆုံးအချိန်ကို သူက စောင့်ဆိုင်းနေခဲ့သည်။

ထိုအချိန် တစ္ဆေတိုင်းပြည်မှ အကြီးအကဲက နတ်ဘုရားရုပ်တုများရှေ့တွင် လက်ကိုဆန့်တန်းလိုက်ရင်း...

"ကြီးမြတ်လှစွာသော ဧကရာဇ်ယိုတု ၊ စွမ်းအားကြီးမားလှပါသော ပြိုင်ဘက်ကင်းလက်သီးနတ်ဘုရား ၊ ကျေးဇူးပြုပြီး ကျွန်ုပ်တို့ရဲ့ ရိုးဖြောင့်တဲ့ ဆုတောင်းသံတွေကို နားညောင်းတော်မူပါ"

"မိုးရွာသွန်းစေပြီး ကျွန်ုပ်တို့ တစ္ဆေတိုင်းပြည်မှ ပြည်သူများကို လန်းဆန်းစေပါ ၊ အသစ်သော အသက်ဓာတ်စွမ်းအားများ ပေးအပ်တော်မူပါ"

"ကျေးဇူးပြု၍ မိုးရွာသွန်းစေပြီး ကျွန်ုပ်တို့ တစ္ဆေတိုင်းပြည်မှ ပြည်သူများကို လန်းဆန်းစေပါ ၊ အသစ်သော အသက်ဓာတ်စွမ်းအားများ ပေးအပ်တော်မူပါ"

"ကျေးဇူးပြု၍ မိုးရွာသွန်းစေပြီး ကျွန်ုပ်တို့ တစ္ဆေတိုင်းပြည်မှ ပြည်သူများကို လန်းဆန်းစေပါ ၊ အသစ်သော အသက်ဓာတ်စွမ်းအားများ ပေးအပ်တော်မူပါ"

"ကျေးဇူးပြု၍ မိုးရွာသွန်းစေပြီး ကျွန်ုပ်တို့ တစ္ဆေတိုင်းပြည်မှ ပြည်သူများကို လန်းဆန်းစေပါ ၊ အသစ်သော အသက်ဓာတ်စွမ်းအားများ ပေးအပ်တော်မူပါ"

***

များစွာသောဆုတောင်းရွတ်ဆိုသံမျာကို ကျန်းလန် ကြားလိုက်ရသည်။

သူ ရရှိထားသည့် နတ်ဘုရားရာထူးသည် နံ့သာပေါင်းပူဇော်ခြင်းနှင့် သက်ဆိုင်ခြင်း မရှိသော်လည်း တစ္ဆေတိုင်းပြည်၏ လုပ်ရပ်ကတော့ များစွာ သက်ရောက်မှု ရှိစေသည်။

ဤသည်က ကံတရားလည်း ဖြစ်ကောင်းဖြစ်နိုင်သည်။

သူရရှိထားသည့် နတ်ဘုရားရာထူးက တစ္ဆေတိုင်းပြည်မှ ရရှိခဲ့ခြင်း ဖြစ်လေရာ တင်နေသည့်အကြွေးကို ပြန်လည်ပေးဆပ်ရမည်ပင်။

ထိုအချိန်မှာပင် ကျန်းလန်က လက်ကိုအသာဆန့်ထုတ်ကာ တောင်နှင့်ပင်လယ်ကြေးမုံမှန်ကို ထိတွေ့လိုက်ပြီး မိုးရွာသွန်းစေသည့်မန္တန်ကို အသုံးပြုလိုက်သည်။

"တိမ်တွေညို့ပြီး မိုးရွာစေ…"

All Chapters