စိတ်ပျက်ခြင်း
Vol. 26 Ch. 357
အခန်း (၃၅၇) စိတ်ပျက်ခြင်း
အနက်ရောင်အခိုးအငွေ့များကို ကျန်းလန်က ဖျက်စီးပစ်လိုက်သည်။
ကျန်းလန်၏ တန်ခိုးစွမ်းအားက အပြင်လောကနှင့် သိပ်မကွာပေ။ ကြည့်ရသည်မှာ ရုပ်ခန္ဓာမရှိသော်လည်း စိတ်ဝိညာဉ်က ဤနေရာတွင်ရောင်နေသဖြင့် တန်ခိုးစွမ်းအားလည်း များစွာပြောင်းလဲခြင်း ရှိဟန်မတူပေ။
သို့မဟုတ် ဤနေရာကို လူသားများ ထိန်းချုပ်ထားခြင်း မရှိသောကြောင့်လည်း ဖြစ်နိုင်သည်။
ဤနေရာက မရဏလောကအစပ် ၊ လူ့လောကနှင့် မရဏလောက၏ နယ်ခြားနေရာဖြစ်သည်။
တစ်ဖက်လူက အခိုးအငွေ့မျှသာဖြစ်သလို ကျန်းလန်သည်လည်း ဝိညာဉ်မျှသာ ဖြစ်သည်။ ဤသည်က နှစ်ဖက်စလုံးအတွက် တရားမျှတပြီး တန်းတူညီမျှ ဖြစ်စေသည်။
ထိုသူကို သတ်ဖြတ်ပြီးနောက် ကျန်းလန်က ဆက်လက်တိုက်ခိုက်ခြင်းမပြုတော့ဘဲ ပတ်ဝန်းကျင်မှ အနက်ရောင်အရိပ်များကို အကဲခတ်နေသည်။
သူ လွတ်လမ်းရှာရပေမည်။
ယခုအချိန်ထိတော့ ဤနေရာမှ ထွက်ခွာသွားရန် နည်းလမ်းမတွေ့သေးသလို ထွက်ခွာနိုင်စွမ်းလည်း မရှိသေးပေ။
"မင်းက ဒီလောက်တောင် စွမ်းအားမြင့်မားတာလား"
အသံနှင့်အတူ အမှောင်ထုထဲမှ မိန်းမပျိုတစ်ယောက် ထွက်လာသည်ကို တွေ့လိုက်ရသည်။
"ဒီနေရာက ပုံရိပ်တိုင်းက ငါ့ကို ကိုယ်စားပြုတယ် ၊ မင်း သူတို့အားလုံးကို သတ်ဖြတ်ပစ်နိုင်ပါ့မလား"
ကျန်းလန်က…
"ကျုပ်က အားလုံးကို သတ်ပစ်မယ်ဆိုရင်ရော"
မိန်းမပျိုက ကျန်းလန်ကိုကြည့်ပြီး ရယ်မောလိုက်သည်။
"မင်း ဒီကနေ အပြင်ကိုထွက်ချင်တယ် ၊ ဟုတ်တယ်မလား"
သူမက ဆက်ပြောသည်။
"ငါတို့အားလုံးကိုသတ်ပြီးရင် မင်းထွက်သွားနိုင်လိမ့်မယ်"
ထိုသူက စောစောက ယောကျ်ားလေးတစ်ယောက်ဖြစ်ပြီး ယခုအဘယ့်ကြောင့် မိန်းကလေး ဖြစ်သွားရပါသနည်း။ ကျန်းလန်စိတ်ထဲ ပဟေဠိ ဖြစ်သွားသည်။
ကျန်းလန် အများကြီးစဉ်းစားမနေတော့ဘဲ မိန်းကလေးရှေ့သို့ ရောက်လာပြီး လက်သီးဖြင့် ထိုးချလိုက်သည်။
"ဘန်း"
အနက်ရောင်အခိုးအငွေ့များ ပေါက်ကွဲထွက်သွားသည်။
မိန်းကလေး၏ပုံရိပ်က ပြန်လည်ဖြစ်တည်လာခြင်း မရှိတော့ဘဲ လေထဲတွင် လွင့်မျောသွားသည်။
ကျန်းလန်က…
"အဲဒါက ဖြစ်နိုင်မှာလား"
"ဒါပေါ့ ၊ ဖြစ်နိုင်ပါတယ် ၊ ငါတို့အားလုံးကိုသတ်ဖြတ်ပြီးရင် မင်း ဒီနေရာက ထွက်သွားနိုင်မယ်လို့ မင်းကို မျှော်လင့်ချက်ပေးလိုက်မယ် ၊ ဒါပေမဲ့ ငါတို့အားလုံးကို သတ်ဖြတ်ပြီးလို့မှ မင်းထွက်မသွားနိုင်ဘူးဆိုရင် မင်း အရမ်းစိတ်ပျက်သွားလိမ့်မယ်"
စကားသံနှင့်အတူ အမှောင်ထုထဲမှ သားရဲတစ်ကောင်ထွက်လာပြီး ကျန်းလန်ကို လှောင်ပြောင်သည့်အပြုံးဖြင့် ကြည့်လိုက်သည်။
သူက ကျန်းလန်၏စိတ်ကို ပြိုကွဲအောင် ကြိုးစားနေခြင်း ဖြစ်သည်။
ကျန်းလန်က ကောင်းကင်ထက် ခုန်တက်လိုက်ပြီး ထိုသားရဲကောင်ကို ခြေထောက်ဖြင့် နင်းချေပစ်လိုက်သည်။
"ဘန်း"
ရိုင်းစိုင်းသည့်သားရဲကောင်မှာ ကျန်းလန်၏ ခြေထောက်အောက်တွင် အနက်ရောင်အခိုးအငွေ့များအဖြစ်ပြောင်းလဲကာ ပျောက်ကွယ်သွားသည်။
ကျန်းလန်က တည်ငြိမ်သည့်လေသံဖြင့်…
"ဒါဆို မင်းတို့အားလုံးကို သတ်ဖို့ အချိန်ဘယ်လောက်ကြာမယ်ထင်လဲ"
"မင်းသိလား ၊ မရဏအငွေ့အသက်တွေ ပေါက်ကွဲထွက်နေသရွေ့ ငါတို့က ဘယ်တော့မှ သေမှာ မဟုတ်ဘူး ၊ မင်းပဲ စိတ်ဓာတ်ကျလာပြီး ငါတို့လိုမျိုး သတ္တဝါတစ်ကောင် ဖြစ်လာလိမ့်မယ် ၊ မင်း အခု ယုံကြည်မှုရှိပေမယ့် အနာဂတ်မှ တဖြည်းဖြည်း စိတ်ပျက်အားလျော့လာမှာပဲ"
ကောင်းကင်ထက်တွင် သိန်းငှက်တစ်ကောင်ပျံသန်းလာပြီး ရယ်မောရင်း ပြောလိုက်သည်။
ကျန်းလန်က လက်ကိုဆန့်တန်းကာ သိန်းငှက်ကိုဖမ်းယူလိုက်ပြီး တစ်စစီဆွဲဖြဲလိုက်သည်။
သူ မည်သည့်စကားမှ မပြောတော့ပေ။ တစ်စုံတစ်ခုကို တွေးမိသွားသည့်အခါ ထိုသတ္တဝါများကို စွမ်းအားအသုံးပြုတိုက်ခိုက်၍ မဖြစ်နိုင်ကြောင်း သဘောပေါက်သွားသည်။
လူတစ်ယောက်၏ စိတ်စွမ်းအားကောင်းမွန်ခြင်းက အရာအားလုံး၏ အခြေခံအုတ်မြစ်ဖြစ်သည်။ သူ့စိတ်က ငြိမ်သက်နေပြီး သူ့ဝိညာဉ်ကလည်း ထိခိုက်မှု မရှိပေ။
ထို့ကြောင့် တန်ခိုးစွမ်းအားများစွာလည်း ကုန်ဆုံးသွားခြင်း မရှိခဲ့ပေ။
ကျန်းလန်က ပြုံးလိုက်ရင်း…
"မင်းတို့ ငရဲဆိုတာဘာလဲ သိလား"
"မရဏလောကဆိုတာ ငရဲပဲလေ ၊ ဒီတော့ မရဏလောကလောက် ငရဲကို သိရှိနိုင်တဲ့နေရာ ရှိနိုင်ပါဦးမလား"
ကလေးငယ်လေးနှင့်တူသည့် မှင်ဆာလေးတစ်ယောက်ထွက်လာပြီး ပြောလိုက်သည်။
ကျန်းလန်က သူ့ကို အရေးမစိုက်ပေ။
"ပျက်သုဉ်းခြင်းငရဲကြီးရှစ်ထပ်"
ဟု သူ့နှုတ်မှ ရွတ်ဆိုလိုက်သည်။
"ဘုန်း"
တစ်ဆက်တည်းပင် အဆုံးမရှိသည့် မီးတောက်မီးလျှံများက နေရာတိုင်းတွင် ပျံ့နှံ့ထွက်ပေါ်လာသည်။
"အား အား အား"
မီးတောက်များက မှင်ဆာလေးကို လောင်ကျွမ်းသွား၏။
သူ့ကိုကြည့်ရသည်မှာ နာကျင်ခံစားနေရဟန်ရှိသည့်တိုင် သူက ရယ်သံစွက်လျှက် စကားဆိုလိုက်သည်။
"ကြောက်စရာကောင်းတဲ့ မီးတောက်တွေပဲ ၊ ဒါပေမဲ့ လူသားတွေရဲ့စိတ်က အကန့်အသတ်ရှိတယ် ၊ မင်း စိတ်ပင်ပန်းလာတာနဲ့အမျှ စိတ်ပျက်လာမှာပဲ"
***
လပြည့်ဝန်းက ကောင်းကင်ထက်တွင် တွဲလဲခိုလျှက် ရှိသည်။
မော့ကျန်းသုန့် မရဏဂူရှေ့တွင် မတ်တတ်ရပ်လျှက် ရှိ၏။ သူ ထိုနေရာတွင် မတ်တတ်ရပ်နေသည်မှာ အချိန်အတော်ကြာပြီ ဖြစ်သည်။
ထိုအချိန်…
တစ်စုံတစ်ခုကို သတိပြုမိသွားဟန်ဖြင့် သူ မရဏဂူရှိရာသို့ လှည့်ကြည့်လိုက်သည်။
ထို့နောက် မရဏဂူအတွင်းသို့ ပြန်လည်ဝင်ရောက်သွားပြီး ငရဲတံခါးအနားသို့ ရောက်ရှိသွားလေသည်။
မရဏသားရဲတစ်ကောင် ငရဲတံခါးမှ တွားသွားပြီးထွက်လာ၏။
မော့ကျန်းသုန့်က ထိုသတ္တဝါကို ငုံ့ကြည့်လိုက်သည်။
သူ့အကြည့်ကို ရင်ဆိုင်လိုက်ရသည်နှင့် ထွက်လာသည့် အနက်ရောင်သားရဲမှာ ထိတ်လန့်သွားပြီး ထွက်ပြေးရန် ကြိုးစားလိုက်သည်။ သို့သော် သူ မပြေးနိုုင်မီမှာပင် ပြာမှုန့်အဖြစ် ပြောင်းလဲသွားလေတော့၏။
မော့ကျန်းသုန့်က သားရဲကို အရေးမစိုက်ပေ။
သူက ငရဲတံခါးမှ မရဏအငွေ့အသက်အချို့ ပုံပျက်နေသည်ကို သတိထားပြီး ကြည့်နေ၏။
"ထင်တဲ့အတိုင်းပဲ ၊ နတ်မိစ္ဆာတွေက ဒီနည်းလမ်းကို မငြီးငွေ့သေးဘူးလား မသိဘူး"
မော့ကျန်းသုန့် ရေရွတ်လိုက်သည်။
ထို့နောက် မျက်လုံးများ မှိတ်ထားဆဲဖြစ်သည့် ကျန်းလန်ကို တစ်ချက်ကြည့်လိုက်ပြီး သူ၏ခန္ဓာကိုယ်သည် အခိုးအငွေ့များအဖြစ် ပြောင်းလဲပျောက်ကွယ်သွားတော့သည်။
သူ ထွက်ခွာသွားပြီ ဖြစ်သည်။
***
ရေခဲပုစဉ်းရင်ကွဲတောအုပ်။
တောအုပ်ထဲတွင် အလင်းတန်းများ ထွက်ပေါ်နေပြီး ထိုအလင်းတန်းများက တောအုပ်အလယ်ဗဟိုသို့ ပေါင်းစည်းနေကြသည်။
တောအုပ်အလယ်တွင် ရှိနေသည့် ဖေးယွမ်က မရဏအငွေ့အသက်များ ထွက်ပေါ်နေသည့် ရေတွင်းပျက်ကြီးကို တုန်လှုပ်စွာဖြင့် ကြည့်နေ၏။
မရဏလောကမှ သတ္တဝါများ ထွက်လာခါနီးပြီဖြစ်ပြီး ဖြစ်စဉ်က သူမျှော်လင့်ထားသည်ထက် ပိုမိုမြန်ဆန်နေသည်။
နတ်လူသားမျိုးနွယ်က အောင်မြင်ရန်အတွက် အစွမ်းကုန်ကြိုးစားရမည်ဟု ပြောထားသည်မှာ မမှားယွင်းပေ။ ယခု သူတို့ အချိန်လုပြီးလုပ်ထားသည့် အစီအစဉ်သည် အောင်မြင်နိုင်ခြေမြင့်မားလာပြီ ဖြစ်သည်။
ယခုဆိုလျှင် ငရဲတံခါးမှ အက်ကွဲကြောင်းကို ဖွင့်လှစ်ပြီး မရဏလောကမှသတ္တဝါများကို လွှတ်ပေးနိုင်တော့မည် ဖြစ်သည်။
ထိုအချိန်…
ငရဲတံခါးနှင့် ချိတ်ဆက်ထားသည့် ရေတွင်းပျက်ကြီးအဝမှ စွမ်းအားမြင့်မားလှသည့် ရောင်ဝါတစ်ခု ထွက်ပေါ်လာသည်။
"ခဏလောက် တောင့်ထားကြပါဦး ၊ မကြာခင် ချိတ်ဆက်မှု ပြီးဆုံးတော့မှာပါ"
ဖေးယွမ်က ရေရွတ်လိုက်သည်။
မရဏလောကနှင့် ချိတ်ဆက်မှုပြီးဆုံးသွားပါက သူတို့သည်လည်း အသက်ရှင်ရန် အခွင့်အရေး ရှိလာမည် ဖြစ်သည်။
"ခရက်…"
ရေတွင်းပျက်ထဲမှ အက်ကွဲသံများထွက်ပေါ်လာသည်။
မရဏလောကမှ သတ္တဝါများထွက်လာမည်ကို သူတို့ စောင့်ဆိုင်းနေကြခြင်း ဖြစ်သည်။ ထိုသတ္တဝါများထွက်လာလျှင် ကံကောင်းပါက သူတို့သည်လည်း လွတ်မြောက်နိုင်မည် ဖြစ်သည်။
သို့သော် ယခု အချိန်မကျသေးသောကြောင့် တစ်ဖက်မှလူများ အမြန်ထွက်လာစေရန် အစွမ်းကုန် ကြိုးစားနေရသည်။
ထူထပ်လှသည့် မရဏအငွေ့အသက်လှိုင်းလုံးကြီးများ ရေတွင်းပျက်ကြီးအတွင်းမှ ထွက်ပေါ်လာသည်။
"ခရက်…"
အက်ကွဲသံများ အဆက်မပြတ် ထွက်ပေါ်လာသည်။
"နည်းနည်းပဲလိုတော့တယ် ၊ နည်းနည်းပဲ လိုတော့တယ်"
ဖေးယွမ် စိတ်ထဲမှ အဆက်မပြတ် ရေရွတ်နေမိသည်။
"ခရက်…"
အက်ကွဲသံ ထပ်မံထွက်ပေါ်လာပြီး နောက်ဆုံး အောင်မြင်တော့မည့် အချိန်တစ်ခဏ…။
ထိုအချိန် ကောင်းကင်ထက်မှ အလင်းတန်းတစ်ခု ဆင်းသက်လာသည်ကို တွေ့မြင်လိုက်ကြရသည်။
ဖေးယွမ်တို့ (၂)ယောက် ကောင်းကင်ထက် မော့ကြည့်လိုက်ကြသည်။
လူရိပ်တစ်ခုကို တွေ့မြင်လိုက်ရသော်လည်း ထိုပုံရိပ်က ရောင်ဝါများတောက်ပနေသောကြောင့် မည်သူမည်ဝါဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း မသိရှိနိုင်ပေ။
"ရွှီ"
လျှပ်စီးတစ်ချက်လင်းလက်သွားပြီး ဖေးယွမ်နှင့် ဦးချိုပါသောနတ်မိစ္ဆာတို့၏မျက်လုံးများ လောင်ကျွမ်းသွားကြသည်။
"အား"
သူတို့ (၂)ယောက် ကယောင်ကတမ်းများရေရွတ်ရင်း မျက်လုံးများကို မှိတ်ထားလိုက်ကြသည်။ နာကျင်မှုက အရိုးထဲထိ ထိုးဖောက်ဝင်ရောက်သွားသည်။
ထိုအချိန်…
ရေတွင်းပျက်ကြီးဆီမှ သတ္တဝါတစ်ကောင် တွားသွားပြီး ထွက်လာသည်ကို တွေ့မြင်လိုက်ရသည်။
"အက်ကွဲကြောင်း ပွင့်သွားပြီပဲ ၊ ဒီကောင်တွေ ထွက်လာတော့မယ်"
မော့ကျန်းသုန့်က ရေတွင်းအဝတွင် မတ်တတ်ရပ်ရင်း ထွက်လာသည့် တွားသွားသတ္တဝါကို ကြည့်နေသည်။
ငရဲတံခါးနှင့်ချိတ်ဆက်ထားသည့် ရေတွင်းပျက်အဝမှ ရယ်မောသံထွက်ပေါ်လာ၏။
"ဒီလူသားမျိုးနွယ်ကတော့ အတော်လေး တန်ခိုးစွမ်းအား မြင့်မားတာပဲ"
မော့ကျန်းသုန့်က စကားပြန်မပြောပေ။
သူက မျက်လုံးများကန်းနေပြီဖြစ်သည့် ဖေးယွမ်တို့ (၂)ယောက်ကို ကြည့်လိုက်သည်။
ထို့နောက် လက်တစ်ဖက်ကို အသာဝှေ့ယမ်းလိုက်လေရာ လေပြင်းတစ်ချက် တိုက်ခတ်သွားသည်။ သို့သော် ဖေးယွမ်တို့ (၂)ယောက်မှာတော့ ပြင်းထန်လှသည့် တန်ခိုးစွမ်းအားတစ်ခု သူတို့ထံသို့ ဝင်ရောက်လာသည်ကို ခံစားလိုက်ကြရသည်။
အချိန်ခဏအတွင်းမှာပင် သူတို့၏ အသွေးအသားများကြွေလွင့်ကာ လေပြင်းနှင့်အတူ လွင့်မျောသွားကြပြီး အရိုးများပါ အမှုန့်ဖြစ်ပျောက်ကွယ်သွားကြသည်။
တစ်စက္ကန့်မျှသောအချိန်အတွင်း ပြာမှုန့်အဖြစ် ပြောင်းလဲသွားကြပြီး အော်သံတစ်ချက်ပင် မပြုနိုင်ကြတော့ပေ။
ပြီးမှ မော့ကျန်းသုန့်က ရေတွင်းထဲမှ သတ္တဝါကို ငုံ့ကြည့်လိုက်သည်။
"မင်း အချိန်မှားပြီး ရောက်လာတာပဲ"
မရဏလောကမှ တန်ခိုးစွမ်းအားရှင်းက…
"ဟား ဟား ဟား ၊ မင်းက တန်ခိုးစွမ်းအား မြင့်မားလွန်းတယ် ၊ ဒီတစ်ကြိမ် ကျုပ်တို့ ရှုံးတယ်ဆိုတာ ဝန်ခံပါတယ် ၊ ဒါပေမဲ့ နောက်တစ်ကြိမ်တော့ အခွင့်အရေးရမှာပါလေ"
ထို့နောက် သူက အပြင်သို့ထွက်မလာတော့ဘဲ အထဲသို့ ပြန်ဝင်သွားရန် ဟန်ပြင်လိုက်သည်။
သို့သော် သူ အထဲသို့ ပြန်ဝင်လုဆဲဆဲတွင် မော့ကျန်းသုန့်ထံမှ စကားသံ ထွက်ပေါ်လာသည်။
"နောက်တစ်ကြိမ်ဆိုတာ ရှိတော့မှာ မဟုတ်ဘူး"
"ဟမ်… မင်းစကားက ဘာအဓိပ္ပါယ်လဲ"
မော့ကျန်းသုန့်ထံမှ ထွက်ပေါ်လာသည့် လျှပ်စီးတန်ခိုးစွမ်းအားကို တွေ့မြင်လိုက်ရသည့်အခါ မရဏလောကမှ တန်ခိုးစွမ်းအားရှင်မှာ ရုတ်တရက် ထိတ်လန့်သွားသည်။
"ကျုပ် အခု အပြင်မထွက်တော့ဘူးလို့ ပြောတယ်လေ ၊ မင်းရဲ့စကားက ဘာစကားလဲ"
ထိုစဉ်မှာပင် လျှပ်စီးတစ်ချက်လက်သွားပြီး ရေတွင်းပျက်ထဲသို့ လျှပ်စီးတန်ခိုးစွမ်းအားများ စီးဆင်းဝင်ရောက်သွားသည်။
"အား..."
ပြင်းထန်လှသည့် တန်ခိုးစွမ်းအားတစ်ခုက ရေတွင်းပျက်ကြီး၏ အတွင်းပိုင်းကို ဖျက်စီးပစ်လိုက်ပြီး နာကျင်စွာအော်ဟစ်သံများ ထွက်ပေါ်လာသည်။
"မဟုတ်ဘူး… ၊ ဒီလိုမလုပ်ပါနဲ့ ၊ ကျုပ် ဘယ်တော့မှာ အဲဒီဘက်လောကကို မလာတော့ဘူး ၊ အား… ကျုပ်ကို မသတ်ပါနဲ့"
"ဘန်း"
ငရဲတံခါးနှင့် ချိတ်ဆက်ထားသည့် ရေတွင်းပျက်ကြီးအတွင်းမှ သွေးများပန်းထွက်လာသည်။
ထို့နောက် မည်သည့်အသံမှ မကြားရတော့ပေ။
မော့ကျန်းသုန့်က မျက်ခုံးများကို တွန့်ချိုးထားပြီး ခပ်တိုးတိုးလေသံဖြင့် ပြောလိုက်သည်။
"ငရဲတံခါးကို ချိတ်ပိတ်ထားလို့ မင်းတို့တွေ ဒီဘက်ကိုလာခွင့်မရဘူးလို့ တွေးကြတာကိုး ၊ အမြင်ပြောင်းပြီး ကြည့်မယ်ဆိုရင် ငရဲတံခါးကို စောင့်ရှောက်နေတဲ့ ကျုပ်တို့တွေက မင်တို့တွေထွက်လာတာနဲ့ ရှင်းပစ်မယ်ဆိုတာ သိသင့်တယ်လေ"