← Chapters

အခန်း (၉၅၅-၉၅၆)

Vol. 93 Ch. 955-956

အခန်း (၉၅၅-၉၅၆)

Vol. 93 Ch. 955-956

​အခန်း (၉၅၅) မိသွားခြင်း

"ငါက ဘာမှ လာလုတာ မဟုတ်ပါဘူး။ ကောင်းကင်မှာ တိမ်တိုက်တွေ မြင်လို့ လာကြည့်တာ၊ ဒီရောက်မှ နင်တို့ တိုက်ပွဲအကြောင်း ပြောနေတာ ကြားတာ" ချန်ယုက တုလျန်ကို ပြန်ဖြေလိုက်သည်။

​ဤနေရာတွင် ရှိနေသူများအတွက် တုလျန်တစ်ယောက်တည်းနှင့်ပင် အခြေအနေကို ပြန်စဉ်းစားနေကြရပြီ ဖြစ်ရာ ချန်ယုပါ ထပ်မံ ရောက်ရှိလာခြင်းက အခြေအနေကို ပို၍ပင် ဆိုးရွားသွားစေခဲ့၏။

​တုလျန်သည် လုံချန်း၏ အနားတွင် ရပ်တန့်လိုက်ပြီး သားရဲလူသား အင်ပါယာမှ မိန်းကလေးကို လှည့်ကြည့်လိုက်သည်။

​"မင်း ခုနက တစ်ခုခု ပြောနေသလိုပဲ။ အခုထိ စိတ်ဝင်စားသေးရင်တော့ ငါ့သူငယ်ချင်း ကိုယ်စား ငါနဲ့ပဲ ဆက်လိုက်ရအောင်လေ။ လာခဲ့စမ်းပါ" သူက တည်ငြိမ်သော အပြုံးဖြင့် ဆိုလိုက်၏။

​ထိုမိန်းကလေးမှာ သူမထံသို့ ကျရောက်လာသော တုလျန်၏ မျက်လုံးအစုံကြောင့် ရင်ခုန်သံများ မြန်လာခဲ့သည်။ သူမသည် ကြောက်ရွံ့ပြီး နောက်ဆုတ်မသွားလိုသဖြင့် လက်သီးကို တင်းတင်းဆုပ်ကာ တုလျန်အား ပြန်လည် စိုက်ကြည့်လိုက်၏။ သို့သော် သူမ၏ ပါးစပ်မှ မည်သည့် စကားလုံးမျှ ထွက်မလာခဲ့ချေ။

​တုလျန်၏ မျက်လုံးများကို ကြည့်လိုက်ရချိန်တွင် သူမသည် သူမ၏ ခြေဖဝါးအောက်မှ မြေပြင်ကြီး ပျောက်ကွယ်သွားသကဲ့သို့ ခံစားလိုက်ရပြီး စကားတစ်ခွန်းမျှ ပြောနိုင်စွမ်း မရှိတော့ချေ။

​"ဟက်... တစ်ယောက်ယောက်က သတ္တိရှိမယ်လို့ ငါ ထင်နေတာ၊ ငါ မှားသွားတာပဲ" တုလျန်က မျက်လုံးကို ဝေ့ရမ်းရင်း ဆိုလိုက်သည်။

​"ဒါနဲ့... ခုနက တိမ်တိုက်တွေက ဘာလဲ။ ဒီမှာ တကယ်ပဲ ရတနာ ရှိတာလား" သူက လုံချန်းကို မေးလိုက်၏။

​"ဒီမှာ ရတနာ မရှိပါဘူး။ အဲဒီတိမ်တိုက်တွေက အခု သေသွားပြီဖြစ်တဲ့ သူတော်စင် အဆင့် သားရဲတစ်ကောင် ဖန်တီးခဲ့တာ" လုံချန်းက ပြန်ဖြေလိုက်သည်။

​"ဒီလောက်အထိ ကျယ်ပြန့်တဲ့ ဧရိယာကို ဖုံးလွှမ်းနိုင်တဲ့ သားရဲလား။ မဆိုးဘူးပဲ။ မင်းတို့အားလုံး ဝိုင်းတိုက်ကြတာလား။ ပန်းကရော ဘယ်မှာလဲ" တုလျန်က ထပ်မံ မေးမြန်းလိုက်၏။

​"မဟုတ်ဘူး။ အဲဒီသားရဲကို တစ်ယောက်တည်းကပဲ အနိုင်ယူခဲ့တာ။ တခြားသူတွေက အဲဒီလူဆီကနေ ပန်းကို လာလုနေကြတာ" လုံချန်းက ပြောပြလိုက်သည်။

​တုလျန်က ခေါင်းညိတ်လိုက်၏။ သူသည် ထိုနေရာတွင် ရှိနေသူ အားလုံးကို လေးစားသော အကြည့်ဖြင့် ကြည့်လိုက်သည်။

​"လုတာလား... ဒါ ငါ့ပုံစံ မဟုတ်ဘူး။ သူတော်စင် အဆင့် သားရဲကို တစ်ယောက်တည်း သတ်နိုင်တဲ့သူက အဲဒီပန်းနဲ့ ထိုက်တန်ပါတယ်။ ဒါနဲ့... ဘယ်သူက သတ်လိုက်တာလဲ" သူက မေးမြန်းလိုက်၏။

​အခြားသူများမှာ လုံချန်း၏ ယခင်စကားအရ ပန်းမှာ ပင်းလွီထံတွင် ရှိသည်ဟု ထင်မှတ်ကာ သူမအား လှမ်းကြည့်လိုက်ကြသော်လည်း ပင်းလွီကမူ လုံချန်းကိုသာ စိုက်ကြည့်နေ၏။

​"အခုတော့ နင့်ရဲ့ သူငယ်ချင်းတွေ ရောက်လာပြီလေ။ နင်က အခုထိ လူဖျံလုပ်နေတုန်းပဲလား" သူမက လုံချန်းကို မေးလိုက်သည်။

​"ဘာ... လူဖျံ ဟုတ်လား" လုံချန်းက ပြန်လည် မေးခွန်းထုတ်လိုက်၏။ သူ၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာခဲ့သည်။ "ငါ့ဆီမှာ ပန်းရှိတာလေ။ အဲဒါက ဘာလို့ လူဖျံဖြစ်ရမှာလဲ"

​"နင်က အခုထိ ဝန်မခံသေး..." ပင်းလွီမှာ သူ၏ စကားကို အသေအချာ မစဉ်းစားဘဲ အော်ဟစ်လိုက်မိရာမှ စက္ကန့်အနည်းငယ် ကြာမှသာ သူ ပြောလိုက်သည့် အဓိပ္ပာယ်ကို နားလည်သွားခဲ့သည်။

​"ဟမ်... နင် ဝန်ခံလိုက်တာလား" သူမက မေးလိုက်၏။

​"ဘာကို ဝန်ခံရမှာလဲ။ ငါ့ဆီမှာ ရှိတာပေါ့" လုံချန်းက ပြုံးလျက် ပြန်ဖြေလိုက်သည်။

​'ကံမကောင်းတာက အဲဒီသုံးယောက်က အခုထိ ရောက်မလာသေးဘူး။ ဘာလို့ ဒီလောက်တောင် ကြာနေရတာလဲ' သူက မုန့် ညီအစ်ကိုများနှင့် ကျီရှန်တို့ မည်သည့်နေရာတွင် ရှိနေကြောင်း တွေးတောနေမိ၏။

​"မင်း တစ်ခု ရှာတွေ့ခဲ့တာလား။ ငါ မင်းကို အထင်သေးခဲ့မိတာပဲ။ သူတော်စင် အဆင့် သားရဲကို မင်းတစ်ယောက်တည်း မရင်ဆိုင်နိုင်ဘူးလို့ ငါ ထင်ခဲ့တာ။ တကယ်ကို အံ့သြစရာကောင်းတယ်။ ငါ့အဖွဲ့ဝင်တစ်ယောက် ဖြစ်ရကျိုးနပ်ပါတယ်" တုလျန်က ကျေနပ်စွာ ရယ်မောရင်း လုံချန်းကို ခေါင်းညိတ်ပြလိုက်သည်။

​"ဒါဆို သူတို့က မင်းပိုင်တဲ့အရာကို လုဖို့ ဝိုင်းနေကြတာပေါ့။ မိုက်တယ်။ နောက်ဆုံးတော့ စိတ်ဝင်စားစရာ ဖြစ်လာပြီ။ ငါ လောင်းကြေးကို မြှင့်လိုက်ဦးမယ်" သူက ဆိုကာ လက်နှစ်ဖက်ကို မြှောက်လိုက်၏။

​သူ၏ လက်ထဲတွင် ရွှေရောင်ပန်း နှစ်ပွင့် ပေါ်လာခဲ့သည်။

​"လူစုံနေပြီဆိုတော့ ငါ့အတွက် တစ်ခုခု ပျော်စရာဖြစ်အောင် လုပ်ပေးကြပါ။ ငါ့ကို အနိုင်ယူနိုင်ရင် ငါ့ဆီက သုံးရွက်ရွှေပန်း နှစ်ပွင့်တင်မကဘဲ ဖေကျန်ဆီက ပန်းကိုပါ မင်းတို့ကို ပေးမယ်" သူက ကြေညာလိုက်၏။

​"ဘာ... သုံးပွင့်တောင်လား။ ငါတို့ဆီမှာ တစ်ပွင့်တောင် မရှိသေးဘူး၊ သူတို့ဆီမှာ သုံးပွင့်တောင် ရှိနေတာလား"

​"ဒီလူတွေကို သတ်နိုင်ရင် ငါတို့ ထိပ်ဆုံးအဆင့်ကို အလွယ်တကူ ရမှာပဲ။ အချိန်ကလည်း သိပ်မကျန်တော့ဘူး။ နောက်ထပ် ရွှေရောင်ပန်းတွေကို ရှာတွေ့ဖို့ဆိုတာ ခက်ခဲတယ်။ ဒါက အကောင်းဆုံး အခွင့်အရေးပဲ"

​အားလုံးမှာ တစ်ဦးမျက်နှာ တစ်ဦး ကြည့်လိုက်ကြ၏။ သူတို့၏ မျက်လုံးများတွင် လောဘရိပ်များ ထင်ဟပ်နေသော်လည်း တွေဝေနေကြဆဲ ဖြစ်သည်။

​တုလျန်သည် သူတို့၏ တွန့်ဆုတ်မှုကို မြင်သောအခါ သက်ပြင်းမချဘဲ မနေနိုင်ခဲ့ချေ။ ကောင်းမွန်သော တိုက်ပွဲတစ်ပွဲရဖို့ ထိုမျှပင် ခက်ခဲရသည်လော။ သူတို့ မည်သည်ကို ကြောက်နေကြသနည်း။ ထိုမျှထိ ဆွဲဆောင်မှု ပေးထားသည်ကိုပင် သူ့အား မတိုက်ရဲကြသေးချေ။

​"ချန်ယု... နင့်ဆီမှာရော ရှိသေးလား" သူက မေးလိုက်၏။

​"အင်း... ငါ့ဆီမှာ တစ်ပွင့်ရှိတယ်" ချန်ယုက ပြန်ဖြေလိုက်သည်။ သူမသည် သူ မည်သို့လုပ်ချင်သည်ကို နားလည်သဖြင့် သူမ၏ သုံးရွက်ရွှေပန်းအား ထုတ်ပြလိုက်၏။

​"ကောင်းပြီ။ မြင်ကြပြီလား။ မင်းတို့ ဒီပန်းလေးပွင့်လုံးကို ရနိုင်တယ်။ ငါ့ကို အနိုင်ယူနိုင်ရင် မင်းတို့ တစ်ဖွဲ့လုံး ထိပ်ဆုံးအဆင့်ကို ရောက်မှာပဲ။ အခုထိ လက်တွန့်နေကြဦးမှာလား" သူက ထိုနေရာရှိ လူများကို မေးလိုက်၏။

​"ဟက်... ဒီအခွင့်အရေးကို ငါတို့ အဆုံးရှုံးမခံနိုင်ဘူး" နောက်ဆုံးတွင် လေဟုန်ကမ္ဘာမှ တစ်စုံတစ်ယောက်က လောဘဇောတိုက်ကာ အော်ဟစ်လိုက်တော့သည်။

​"အားလုံးပဲ၊ ငါတို့က ပြိုင်ဘက်တွေဆိုပေမဲ့ အခုတော့ ငါတို့ ပူးပေါင်းရမယ်။ ဒီလူကို အတူတူ တိုက်ခိုက်ကြရအောင်။ သူ့ကို အလဲမထိုးနိုင်ရင် ငါတို့ထဲက ဘယ်သူမှ ဒီပန်းလေးပွင့်ကို ရမှာ မဟုတ်ဘူး။ သူ့ကို နိုင်မှ ငါတို့ အချင်းချင်း ပြန်ခွဲကြတာပေါ့" ရွှေရောင်ဆံပင်နှင့် အမျိုးသားက သူ၏ ဓားကို မြှောက်ကာ ပြောဆိုလိုက်၏။

​"ဟုတ်တယ်၊ သူက အရမ်း သန်မာလွန်းတယ်။ အတူတူ မပူးပေါင်းရင် ငါတို့ ဘာမှ ရမှာ မဟုတ်ဘူး။ အခုပဲ သူ့ကို အတူတူ တိုက်ခိုက်ကြစမ်း"

​နောက်ထပ် တစ်ဦးကလည်း ထိုအဆိုပြုချက်ကို ထောက်ခံလိုက်၏။

​'ဟားဟားဟား... နောက်ဆုံးတော့ တိုးတက်မှု ရှိလာပြီပဲ။ ပထမအဆင့် တစ်လျှောက်လုံး ငါ ဘာမှ လုပ်ရမှာ မဟုတ်ဘူးလို့ ထင်နေတာ။ သားရဲတွေနဲ့ပဲ တိုက်နေရတာ တကယ် ပျင်းဖို့ကောင်းတယ်။ လာကြစမ်း၊ အားလုံး အတူတူ လာခဲ့ကြစမ်း' တုလျန်က သူ၏ လက်ချောင်းများကို ချိုးကာ လျှာဖြင့် သပ်ရင်း စိတ်လှုပ်ရှားစွာ တွေးလိုက်မိ၏။

​လူအချို့က ပူးပေါင်းရန် သဘောတူကြသော်လည်း ငြင်းဆိုသူများလည်း ရှိပေသည်။

​"ငါ မပါဘူး" ပင်းလွီက ပြောကာ သူမ၏ အဖွဲ့ဝင်များနှင့်အတူ ထိုနေရာမှ ထွက်ခွာသွားခဲ့သည်။ သူမ မထွက်ခွာမီ လုံချန်းကို နောက်ဆုံးတစ်ကြိမ် လှမ်းကြည့်သွားရန်လည်း မမေ့ခဲ့ချေ။

​သူမသည် တုလျန်၏ သတင်းများကို ကြားဖူးထားသဖြင့် လက်တွေ့ မစမ်းသပ်လိုတော့ချေ။ အကယ်၍ ဤနေရာတွင်သာ သေသွားခဲ့လျှင် သူတို့ ကမ္ဘာအတွက် မည်သည့်အဆင့်မှ ရတော့မည် မဟုတ်သလို ရှိပြီးသား ပန်းလည်း ဆုံးရှုံးသွားရလိမ့်မည် ဖြစ်သည်။

​ပင်းလွီ ထွက်သွားပြီးနောက် နောက်ထပ် အဖွဲ့တစ်ဖွဲ့လည်း ထွက်သွားခဲ့ပြန်၏။ ၎င်းတို့မှာ သားရဲလူသားများ ဖြစ်ကြသော်လည်း ပင်းလွီနှင့်တော့ မတူချေ။ ၎င်းတို့မှာ နာမည်ခံသာ ထွက်သွားခြင်းဖြစ်ပြီး တိုက်ပွဲအပြီးတွင် ပြန်လာကာ အမြတ်ထုတ်ရန် ကြံစည်ထားကြသူများ ဖြစ်ပေသည်။

​အဖွဲ့အချို့ ထွက်သွားပြီးနောက် ကျန်ရှိနေသူများမှာ လက်နက်များကို အသင့်ပြင်လိုက်ကြ၏။

​"ကောင်းပြီလေ... မင်းတို့ပဲ ပျော်လိုက်ကြတော့။ ငါကတော့ အေးအေးဆေးဆေးပဲ ထိုင်ကြည့်နေမယ်" လုံချန်းက တုလျန်ကို ပြောကာ နောက်သို့ ဆုတ်လိုက်သည်။ သူသည် ကျောက်တုံးတစ်တုံး အနားတွင် ထိုင်ကာ တုလျန်၏ အစွမ်းကို ကြည့်ရှုရန် ပြင်လိုက်၏။ သေခြင်းတရား မျက်လုံးက မည်မျှထိ ထူးခြားကြောင်း သူ သိချင်နေပေသည်။

​ချန်ယုသည်လည်း နောက်သို့ ဆုတ်ကာ လုံချန်း၏ အနားသို့ လျှောက်လာပြီး သစ်ပင်ကို မှီကာ ရပ်လိုက်၏။

​"နင့်ရဲ့ ဝိညာဉ်ဓားက ပျက်စီးသွားတာလား" ချန်ယုက အမှတ်မထင် မေးလိုက်သည်။

​"အင်း..." လုံချန်းက စတင်တော့မည့် တိုက်ပွဲကို အာရုံရောက်နေသဖြင့် မည်သည်မျှ မစဉ်းစားဘဲ ဖြေလိုက်မိ၏။ ထို့နောက်မှ ဖေကျန်တွင် ဝိညာဉ်ဓား မရှိသည်ကို သူ သတိရသွားခဲ့သည်။

​"အင်း... ငါ့ရဲ့ ဝိညာဉ်ဓားက ပျက်စီးသွားလို့ပါ။ အဲဒါကြောင့် သုံးလောကကနေ ဒီကို မယူလာခဲ့တာ။ ဒုတိယအဆင့် ကျမှပဲ ရတော့မယ်" သူက အမြန် ပြန်လည် ရှင်းပြလိုက်သည်။

​ဖေကျန်တွင် ဝိညာဉ်ဓား မရှိသော်လည်း သူ့တွင် အိမ်၌ ရှိ မရှိကိုမူ ချန်ယု သိနိုင်မည် မဟုတ်ဟု သူ တွေးကာ ထိုသို့ ဖြေလိုက်ခြင်း ဖြစ်၏။ ချန်ယုက မည်သို့မျှ ပြန်မပြောဘဲ ခေါင်းညိတ်လိုက်သည်။

​သူမက သူ့ကို သံသယဝင်နေကြောင်းနှင့် သူမ၏ မေးခွန်းများမှာ အမြဲတမ်း ထောင်ချောက်ဆင်ထားတတ်ကြောင်း လုံချန်း သတိပြုလိုက်မိ၏။ သူသည် သူမ၏ အနားတွင် ရှိနေစဉ် ပို၍ သတိထားရန်နှင့် ယခင်ကဲ့သို့ အမှားမျိုး ထပ်မလုပ်ရန် ဆုံးဖြတ်လိုက်သည်။

​စက္ကန့်အနည်းငယ် ကြာပြီးနောက် ချန်ယုက သူမ၏ နှုတ်ခမ်းလှလှလေးကို ဖွင့်ကာ မေးလိုက်ပြန်၏။

​"နင် ဖေကျန်ကို ဘာလုပ်လိုက်တာလဲ"

​"ဘာကို ဆိုလိုတာလဲ" လုံချန်းက မည်သည်မျှ မသိသလို ဟန်ဆောင်ကာ မေးလိုက်သည်။ သူ၏ စိတ်ထဲတွင် လုံးဝ မတည်ငြိမ်သော်လည်း အပြင်ပန်းတွင်မူ လုံးဝ တည်ငြိမ်နေပေသည်။

​"ငါ့မေးခွန်းက ရိုးရိုးလေးပါ။ နင် ဖေကျန်ကို ဘာလုပ်လိုက်တာလဲ။ ပြီးတော့ နင်က ဘာလို့ သူ့ပုံစံနဲ့ ဟန်ဆောင်နေရတာလဲ" ချန်ယုက ထပ်မံ မေးမြန်းလိုက်လေသည်။

​အခန်း (၉၅၆) ဆန္ဒများ

ချန်ယုသည် လုံချန်းအား ဖေကျန်ကို မည်သို့ လုပ်လိုက်ကြောင်း တည့်တိုးပင် မေးမြန်းလိုက်၏။

​'သူက ဘာလို့ ဒီလောက်တောင် သေချာနေရတာလဲ။ ဝိညာဉ်ဓား ကိစ္စကြောင့်လား' လုံချန်းသည် စိတ်ထဲမှ တွေးတောနေမိသော်လည်း သူမအား ပြန်မဖြေဘဲ ရှေ့တွင် စတင်တော့မည့် တိုက်ပွဲကိုသာ ပို၍ စိတ်ဝင်စားသည့်အလား တုလျန်ကိုသာ စိုက်ကြည့်နေခဲ့သည်။

​"ငါပြောတာ နင်ကြားတယ်ဆိုတာ ငါသိတယ်။ ဟန်ဆောင်မနေပါနဲ့တော့။ အမှန်အတိုင်း ပြောစမ်းပါ" ချန်ယုက ထပ်မံ၍ တိုက်တွန်းလိုက်ပြန်သည်။

​လုံချန်းသည် ဤတစ်ကြိမ်တွင်မူ လျစ်လျူရှုထား၍ မရတော့ကြောင်း သိလိုက်သဖြင့် ချန်ယုကို လှည့်ကြည့်လိုက်၏။ သူ၏ မျက်နှာတွင် စဉ်းစားခန်း ဝင်နေသည့် အမူအရာတစ်ခု ရှိနေပေသည်။

​"နင် ရူးသွားတာလား၊ ဘာလားပဲ။ နင် ဘာကို ဆိုလိုတာလဲ" သူက လုံးဝ မသိသလို ဟန်ဆောင်ကာ မေးလိုက်သည်။

​"နင်က ဖေကျန် မဟုတ်ဘူးဆိုတာ သိသာလွန်းပါတယ်။ နင်က ဘယ်သူလဲဆိုတာတော့ ငါ မသေချာဘူး။ ဒါပေမဲ့ ဒီမှာ သံသယဖြစ်စရာ လူတစ်ယောက်ပဲ ရှိတယ်။ အဲဒါ ငါ့ကို တိုက်ခိုက်ခဲ့တဲ့ လူပဲ။ ဒါပေမဲ့ အဲဒီလူက ဒီက ပြိုင်ပွဲဝင် အဖွဲ့တွေထဲက တစ်ယောက်မှ မဟုတ်ဘူး။ အဲဒီလို သန်မာတဲ့ လူငယ်တစ်ယောက်က ဘာလို့ အဖွဲ့တွေထဲမှာ မပါဝင်ဘဲ ဖေကျန် ပျောက်ဆုံးနေရတာလဲ။ အဲဒါ နင်ပဲလို့ ငါ ခံစားမိတယ်" ချန်ယုက ပြတ်သားစွာ ဖြေကြားလိုက်၏။

​"ငါ ထင်တဲ့အတိုင်းပဲ... နင်တော့ ရူးနေပြီ။ မဟုတ်ကဟုတ်ကတွေ လျှောက်ပြောနေတာပဲ။ ငါက ဖေကျန် မဟုတ်ဘူး ဟုတ်လား" လုံချန်းက ရယ်မောရင်း ဆိုလိုက်သည်။ သူသည် အလွယ်တကူ ဝန်ခံရန် မရည်ရွယ်ချေ။

​"တကယ်လို့ မင်းက ဖေကျန် အစစ်ဆိုရင် သူ့ရဲ့ စေ့စပ်ထားတဲ့သူ နာမည်ကို ပြောပြစမ်း" ချန်ယုက အေးအေးဆေးဆေးပင် မေးခွန်းထုတ်လိုက်၏။ "နင် ဖြေနိုင်ရင် ငါ မှားသွားပါတယ်လို့ ယုံကြည်လိုက်မယ်"

​လုံချန်းသည် ထိုစကားကို ကြားသောအခါ မိမိကိုယ်မိမိ မျက်နှာဖြတ်ရိုက်လိုက်ချင်စိတ် ပေါက်သွားတော့သည်။ 'ငါက ဖေကျန်ရဲ့ ရည်းစားနာမည်ကို ဘယ်လိုလုပ် သိမှာလဲ။ သူ့မှာ ရည်းစားရှိတာရော သေချာလို့လား' လုံချန်း၏ စိတ်ထဲတွင် စိုးရိမ်ပူပန်မှုများ ရှိနေသော်လည်း၊ သူ၏ မျက်နှာမှာမူ အမြဲတမ်းကဲ့သို့ပင် တည်ငြိမ်နေဆဲ ဖြစ်၏။

​"ငါ နင်နဲ့ ကစားမနေချင်ဘူး။ နင် ငါ့ကို လာနောက်နေတာပဲ။ ငါ့မှာ အချိန်မရှိဘူး" သူက ထိုမေးခွန်းကို ကလေးကလားဟု ဆိုကာ ဖြေရန် ငြင်းဆိုလိုက်သည်။

​သူ၏ စိတ်ထဲတွင်မူ တုလျန်ကို ကျိန်ဆဲနေမိ၏။ 'ဒီတိုက်ပွဲက ဘာလို့ အခုထိ စမလာသေးတာလဲ' တိုက်ပွဲသာ စတင်လိုက်ပါက သူသည် တိုက်ပွဲကို အာရုံစိုက်နေသည့်ဟန် ဆောင်နိုင်မည် မဟုတ်လော။

​သို့သော် တိုက်ပွဲစတင်ရန်မှာ တုလျန်အပေါ်၌သာ မူတည်နေသည် မဟုတ်ပေ။ သူသည် အရင်ဆုံး စတင်တိုက်ခိုက်မည့်သူ မဟုတ်သလို အခြားအဖွဲ့များမှာလည်း အစီအစဉ်များ ဆွဲနေကြဆဲ ဖြစ်ပေသည်။

​"နင် ပြန်မဖြေတာကပဲ ငါ့ရဲ့ သံသယကို အတည်ပြုပေးလိုက်တာလို့ ငါ ယူဆလိုက်မယ်" ချန်ယုက ဆိုလိုက်၏။ "ဒါဆို ဖေကျန်က ဘယ်မှာလဲ။ နင် သူ့ကို သတ်ပစ်လိုက်ပြီလား"

​လုံချန်းသည် သက်ပြင်းတစ်ချက်ကို အရှည်ကြီး ချလိုက်မိသည်။ ကောင်းလေသည်... ထိုမိန်းကလေးက သိသွားပြီဆိုလျှင် သူ တတ်နိုင်သည့်အရာ မရှိတော့​ပေ။ သူမသာ တုလျန်ကို သွားပြောလိုက်ပါက ဤကဲ့သို့သော မေးခွန်းများဖြင့် သူသည် အတုအယောင် ဖြစ်ကြောင်း အလွယ်တကူ သိသွားပေလိမ့်မည်။ သူ လွတ်မြောက်နိုင်မည့် တစ်ခုတည်းသော နည်းလမ်းမှာ ချန်ယုကို သူ၏ ဘက်တော်သား ဖြစ်လာအောင် စည်းရုံးရန်သာ ရှိတော့သည်။

​"အင်း... သူ သေပြီ။ အခုလောက်ဆို ငရဲရောက်နေလောက်ပြီ" သူက အမှန်အတိုင်း ဝန်ခံလိုက်၏။

​"နင့်ရဲ့ ရည်ရွယ်ချက်က ဘာလဲ။ ဘာလို့ ဒီလို လုပ်ရတာလဲ" ချန်ယုက ဆက်လက် မေးမြန်းလိုက်သည်။

​"ပြီးတော့... နင်က ဘယ်သူလဲ" သူမ၏ စိတ်ထဲတွင် မေးခွန်းများစွာ ရှိနေပြီး သူ၏ ရည်ရွယ်ချက်နှင့် မည်သူမည်ဝါ ဖြစ်သည်ကို သိလိုနေခြင်း ဖြစ်၏။

​"သူက ငါနဲ့ ပတ်သက်တဲ့ လူတစ်ယောက်ကို သတ်ခဲ့လို့ ငါ သူ့ကို သတ်လိုက်တာ။ သူက သေသင့်တဲ့ သစ္စာဖောက် လူယုတ်မာ တစ်ယောက်ပဲ" လုံချန်းက မတ်တတ်ရပ်ကာ သူ၏ လက်မောင်းများကို ပျင်းရိစွာ ဆန့်တန်းရင်း ပြန်ဖြေလိုက်၏။

​"ငါ သူ့နေရာမှာ အစားဝင်လိုက်ရတဲ့ အကြောင်းရင်းကတော့ ဖုန်းရှုကို ဒီပြိုင်ပွဲမှာ ထိပ်ဆုံးအဆင့် ရအောင် ကူညီပေးချင်လို့ပဲ။ ငါ့မိန်းမကလည်း ဖုန်းရှုကပဲ။ ငါ အဲဒီကို သွားချင်ပေမဲ့ ဧကရာဇ်ရဲ့ ခွင့်ပြုချက်မပါဘဲ ဒီကမ္ဘာကနေ ထွက်သွားလို့ မရဘူးလေ" သူက ဆက်လက် ပြောဆိုလိုက်သည်။ သူသည် အမှန်နှင့် အမှားကို ရောနှောကာ သူ၏ အထောက်အထားကို ဖုံးကွယ်ထားခဲ့၏။

​ဖေကျန်နှင့် သုံးလောက အင်ပါယာတို့ ကြံစည်ခဲ့သော ကြယ်တာရာနှင့် ချန်တီ စစ်ပွဲအကြောင်းကို သူ ပြောပြနိုင်သော်လည်း မပြောခဲ့ချေ။ အခြေအနေအား အသေအချာ မသိဘဲနှင့် အရာအားလုံးကို ထုတ်ဖော်ရန် မသင့်တော်ပေ။

​အကယ်၍ သူသည် ကြယ်တာရာ ဘက်တော်သား ဖြစ်ကြောင်းနှင့် စစ်ပွဲမှာ ပြီးဆုံးသွားပြီဖြစ်ကြောင်း ပြောလိုက်ပါက ထိုမိန်းကလေးသည် သူ့ကို သတ်ရန် ကြိုးစားပေလိမ့်မည်။ သူသည် ထိုကဲ့သို့သော စွန့်စားမှုကို မလုပ်လိုချေ။

​"ငါ ဒီက ဧကရာဇ်ကို အမှားလုပ်ထားမိလို့ သူက ငါ့ကို အလွယ်တကူ ပေးမထွက်ဘူး။ အဲဒီကို သွားနိုင်မယ့် တစ်ခုတည်းသော နည်းလမ်းက ဖေကျန်ရဲ့ နေရာကို ယူပြီး ဒုတိယအဆင့် ပြိုင်ပွဲကို ဖုန်းရှုမှာ ကျင်းပအောင် လုပ်ဖို့ပဲ"

​"အခုတော့... နင် ငါ့ရဲ့ ပုံရိပ်ယောင် ရုပ်ဖျက်ထားတာကို ဖွင့်ချပြီး ငါ့ကို ဒုက္ခပေးလို့ ရနေပြီ။ ဒါပေမဲ့ နင် အခုထိ အဲဒီလို မလုပ်သေးဘူး။ ငါ့မေးခွန်းအချို့ကိုလည်း နင် ပြန်ဖြေဖို့ အချိန်တန်ပြီ။ နင် ငါ့ကို ဘာလို့ အခုထိ ဖွင့်မချသေးတာလဲ" သူက ချန်ယုကို မေးလိုက်၏။

​ထိုအချိန်တွင်ပင် တုလျန်နှင့် အခြားသူများအကြား တိုက်ပွဲမှာ စတင်သွားခဲ့လေပြီ။

​"ဟက်... အမှန်အတိုင်း ပြောရရင် နင်က ငါ့ကို စော်ကားပြီး လွတ်အောင် ပြေးနိုင်တဲ့ ပထမဆုံးလူပဲ။ ငါ နင့်ကို တကယ် စိတ်ဝင်စားတယ်။ နင့်အကြောင်း ပိုသိချင်ပြီး ငါတို့ စခဲ့တဲ့ တိုက်ပွဲကိုလည်း အဆုံးသတ်ချင်သေးတယ်။ အခွင့်အရေးကို အဆုံးရှုံးမခံနိုင်လို့ နင့်ကို ဖွင့်မချတာပါ" ချန်ယုက အေးအေးဆေးဆေး ပြန်ဖြေလိုက်၏။

​"စိတ်ဝင်စားစရာပဲ။ ဒါဆို နင် ငါ့ကို ဖွင့်မချဘူးပေါ့"

​"ငါတို့ အဆင့်ကောင်းကောင်း ရအောင် နင် ကူညီနေသရွေ့တော့ ငါ ဖွင့်မချပါဘူး။ ငါက ဖေကျန်နဲ့ ဘာမှ ပတ်သက်တာ မဟုတ်ဘူး။ နင်က သူ့ထက် ပိုသန်မာတာဆိုတော့ နင် ရှိနေတာက ပိုတောင် ကောင်းသေးတယ်။ နင် ငါတို့ကို သစ္စာမဖောက်ဘဲ ငါတို့ တိုက်ပွဲ မပြီးခင် ထွက်မပြေးဘူးလို့ ကတိပေးရင် ငါ နင့်ကို ဖွင့်မချဘူး။ အမှန်တော့... ငါ နင့်ကို ကူတောင် ကူညီဦးမှာ" ချန်ယုက အတည်ပြုလိုက်သည်။

​ချန်ယု၏ စကားများတွင် အလေးအနက် ရှိနေသည်ကို ခံစားလိုက်ရသဖြင့် လုံချန်းမှာ စိတ်သက်သာရာရသွားခဲ့၏။ သူမ လိုချင်သည်မှာ တိုက်ပွဲတစ်ပွဲတည်း ဆိုလျှင်တော့ ၎င်းမှာ အကောင်းဆုံး မဟုတ်လော။

​"ကောင်းပြီ။ ငါ နင်နဲ့အတူ ဖုန်းရှုကို ရောက်သွားတဲ့အခါ နင်နဲ့ ကောင်းကောင်း တိုက်ခိုက်ပေးမယ်လို့ ကတိပေးတယ်"

​လုံချန်းနှင့် ချန်ယုတို့ သဘောတူညီမှု ရနေစဉ်မှာပင် တုလျန်၏ တိုက်ပွဲမှာ အရှိန်တက်နေခဲ့ပြီ ဖြစ်သည်။ အဖွဲ့ပေါင်း ၁၅ ဖွဲ့ခန့်မှာ တုလျန်ကို အရပ်မျက်နှာ အသီးသီးမှ ဝိုင်းရံကာ တိုက်ခိုက်ရန် ပြင်ဆင်လိုက်ကြ၏။

​"တုလျန်... နင်က သန်မာကောင်း သန်မာလိမ့်မယ်၊ ဒါပေမဲ့ နင့်ရဲ့ မောက်မာမှုက နင့်ကို ဒုက္ခပေးလိမ့်မယ်။ အခုတော့ နင့်ရဲ့ မောက်မာမှုအတွက် ခံစားရမယ့် အချိန်ပဲ" ကျားလက်သည်းများ ရှိသည့် သားရဲလူသား မိန်းကလေးက တုလျန်ထံသို့ ခုန်ဝင်ကာ ဆိုလိုက်၏။

​သားရဲလူသား အင်ပါယာမှ လည်ပင်းရှည်ရှည်နှင့် အမျိုးသားကလည်း တစ်ပြိုင်နက်တည်း တိုက်ခိုက်လိုက်သည်။ သားရဲလူသားများသည် ခွန်အားကြီးမားမှုကြောင့် လူသိများကြပြီး ၎င်းတို့မှာ အနီးကပ် တိုက်ခိုက်မှုများအတွက် တာဝန်ယူထားကြသူများ ဖြစ်ပေသည်။

​"မိုက်တယ်" တုလျန်၏ မျက်နှာပေါ်တွင် ပြုံးစိစိ အမူအရာတစ်ခု ပေါ်လာခဲ့သည်။ သူသည် သားရဲလူသားများထံသို့ ပထမဆုံး ခြေလှမ်းကို လှမ်းလိုက်၏။

​"ဒီလောက် မလွယ်ဘူး"

​ထာဝရ အမှောင် အင်ပါယာမှ ဆံပင်အမည်းရောင်နှင့် အမျိုးသားတစ်ဦးက မြေပြင်ကို လက်သီးဖြင့် ထိုးချကာ ကြားဖြတ် တိုက်ခိုက်လိုက်သည်။

​မြေပြင်တွင် အက်ကြောင်းများ ပေါ်လာခဲ့ပြီး ထိုအက်ကြောင်းများထဲမှ အနက်ရောင် ကြိုးများစွာ ထွက်ပေါ်လာခဲ့လေသည်။

All Chapters