← Chapters

အခန်း (၄၉၇-၄၉၈)

Vol. 36 Ch. 497-498

အခန်း (၄၉၇-၄၉၈)

Vol. 36 Ch. 497-498

‎အခန်း ( ၄၉၇ ) - နှစ်တစ်ရာ တံခါးပိတ်ကျင့်ကြံခြင်း၊ နတ်ဆိုးနှလုံးသား ပြောင်းလဲမှုနှင့် ကံကြမ္မာကြိုးဆွဲခံရခြင်း

‎

‎

‎

‎ကျင့်ကြံခြင်း၌ အချိန်ကာလဟူသည် မရှိချေ။

‎

‎

‎အထူးသဖြင့် ယခု ကုချန်အတွက် ပို၍ပင် မှန်ကန်လှသည်။

‎

‎

‎ဤအင်မော်တယ် မိုးကြိုးရေကန်ထဲတွင် ဆယ်စုနှစ်များစွာ ကြာမြင့်ခဲ့ပြီဖြစ်သော်လည်း သူ့အတွက်မူ ဤဆယ်စုနှစ်များသည် လက်ဖက်ရည်တစ်ခွက်သောက်ရသည့် အချိန်ထက်ပင် ပိုမိုတိုတောင်းနေသေးသည်။

‎

‎

‎မိနစ်တိုင်း၊ စက္ကန့်တိုင်းကို အလွန်တန်ဖိုးထားရမည်ဖြစ်ရာ အချိန်အနည်းငယ်ကိုပင် ဖြုန်းတီးပစ်ရန် ဝန်လေးနေခဲ့သည်။ နှစ်တစ်နှစ် ကုန်လွန်သွားသည်ဟု ခံစားရရန်မဆိုထားနှင့် စက္ကန့်တစ်ရက်မျှသာ ရှိသေးသကဲ့သို့ပင်။

‎

‎

‎အင်မော်တယ် မိုးကြိုးရေကန်၏ အပြင်ဘက်တွင် ရှာနာနတ်ဆိုးဧကရာဇ်သည် ကုချန်၏ ကျင့်ကြံခြင်းအတွက် လိုအပ်သော စွမ်းအင်များကို ထောက်ပံ့ပေးရန် အမျိုးမျိုးသော နတ်ဘုရားသတ္တုများနှင့် အဖိုးတန်ရတနာများကို ဆက်လက်ချေမွပေးနေခဲ့၏။

‎

‎

‎နှစ်များ ကုန်လွန်သွားခဲ့ပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် နှစ်တစ်ရာနီးပါး ကြာမြင့်ခဲ့လေပြီ။

‎

‎

‎တစ်ချိန်တည်းတွင် အင်မော်တယ် မိုးကြိုးရေကန်ထဲ၌ တိတ်ဆိတ်စွာ ထိုင်နေသော ကုချန်သည် နောက်ဆုံးတွင် သူ၏ခန္ဓာကိုယ်ကို လှုပ်ရှားလိုက်ကာ နောက်တစ်ခဏ၌ မျက်လုံးများကို ဖြည်းညင်းစွာ ဖွင့်လိုက်လေသည်။

‎

‎

‎သူ၏ရှေ့တွင် အဆက်မပြတ် ခုန်လှုပ်နေခဲ့သော နတ်ဆိုးဧကရာဇ်၏ နှလုံးသားသည် ရုတ်တရက် ရပ်တန့်သွားသည်ကို သူတွေ့လိုက်ရကာ လုံးဝ သေဆုံးသွားသည့်အလား ပြာအဖြစ်သို့ ပြောင်းလဲသွားကာ ခြေရာလက်ရာမကျန် ပျောက်ကွယ်သွားတော့သည်။

‎

‎

‎နတ်ဆိုးဧကရာဇ်၏ နှလုံးသားထဲတွင် ပါဝင်သော နတ်ဆိုးဧကရာဇ်အဆင့် တာအိုကို ကုချန်မှ အပြည့်အဝ စုပ်ယူပြီးသွားခြင်း ဖြစ်သည်။

‎

‎

‎ဤနတ်ဆိုးဧကရာဇ်၏ နှလုံးသားသည် ၎င်း၏ နောက်ဆုံးစွမ်းအင်ရင်းမြစ်ကို ဆုံးရှုံးသွားပြီဖြစ်ရာ ကျိန်းသေပေါက် ဆက်လက် တည်ရှိနေနိုင်တော့မည် မဟုတ်ပေ။

‎

‎

‎သို့သော် ကုချန် မျှော်လင့်မထားခဲ့သည်မှာ နတ်ဆိုးဧကရာဇ်၏ နှလုံးသား ပြာအဖြစ် ပြောင်းလဲသွားချိန်၌ သူသည် လေဟာနယ်ထဲမှ တစ်စုံတစ်ရာကို ခံစားလိုက်ရ၏။ ကံကြမ္မာကြိုးများ ဆွဲငင်ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရခြင်းပင်။

‎

‎

‎ထိုခံစားချက်မှာ ဤနတ်ဆိုးဧကရာဇ်၏ နှလုံးသားထဲရှိ တာအိုအားလုံးကို စုပ်ယူပြီးနောက် သူသတိမထားမိဘဲ အကြောင်းအကျိုးတစ်ခုကို ဖန်တီးလိုက်သကဲ့သို့ပင် ဖြစ်သည်။

‎

‎

‎ကံကြမ္မာတာအို၏ လှုပ်ခတ်မှုအောက်တွင် ရီဝေဝေဖြစ်နေစဉ် အဆုံးမဲ့ အမည်းရောင်ချီများ၊ နယ်နိမိတ်မရှိသော နတ်ဆိုးမြူခိုးများကြားထဲတွင် တိတ်ဆိတ်စွာ ရပ်တည်နေသည့် ပေအနည်းငယ် မြင့်မားသော အနက်ရောင် မှော်ကျောက်တုံးတစ်တုံးကို သူ မြင်လိုက်ရသကဲ့သို့ ရှိသည်။

‎

‎

‎ထိုမှော်ကျောက်တုံးသည် မည်မျှကြာမြင့်စွာ တည်ရှိနေခဲ့မှန်း မသိရလောက်အောင်ပင် မလှုပ်မယှက် ရပ်တည်နေလေသည်။

‎

‎

‎နတ်ဆိုးနယ်မြေ စတင်ပေါ်ပေါက်လာကတည်းက ထိုနေရာတွင် ရှိနေခဲ့သည့်ပုံပင်။

‎

‎

‎ဤမြင်ကွင်းသည် ကုချန်၏မျက်စိရှေ့တွင် တစ်ဖျပ်မျှ ပေါ်လာပြီးနောက် ကံကြမ္မာခံစားချက် ပျောက်ကွယ်သွားသည်နှင့်အမျှ လျင်မြန်စွာ ပျောက်ကွယ်သွားလေသည်။

‎

‎

‎သို့သော် ဤအရာက ကုချန်အား သတိဝင်သွားစေခဲ့၏။

‎

‎

‎ဤနတ်ဆိုးဧကရာဇ်၏ နှလုံးသားသည် အပေါ်ယံမြင်ရသလောက် ရိုးရှင်းနေမည်မဟုတ်ကြောင်း သူ ထင်ထားပြီးသားပင်။

‎

‎

‎" အရှင်သခင်... တံခါးပိတ်ကျင့်ကြံခြင်းကနေ ထွက်လာတဲ့အတွက် ဂုဏ်ယူပါတယ်! "

‎

‎

‎ကုချန် မျက်လုံးဖွင့်လာကာ အင်မော်တယ် မိုးကြိုးရေကန်ထဲမှ ထွက်လာသည်ကို မြင်သောအခါ ရှာနာနတ်ဆိုးဧကရာဇ်သည် ချက်ချင်းပင် ဝမ်းသာအားရ ကြွေးကြော်လိုက်၏။ တစ်ချိန်တည်းမှာပင် သူသည် ဝမ်းသာလွန်း၍ ငိုချင်စိတ်ပင် ပေါက်သွားခဲ့ရသည်။

‎

‎

‎ဤနှစ်တစ်ရာကျော်ကာလအတွင်း သူပိုင်ဆိုင်ထားသော အမျိုးမျိုးသော နတ်ဘုရားရတနာ အများစုကို အသုံးပြုခဲ့ရပြီး အားလုံးကို အင်မော်တယ် မိုးကြိုးရေကန်ထဲသို့ ပစ်ထည့်ခဲ့ရသည်။

‎

‎

‎အကယ်၍သာ ကုချန် တံခါးပိတ်ကျင့်ကြံခြင်းမှ ထွက်မလာခဲ့ပါက ရှာနာနတ်ဆိုးဧကရာဇ်သည် သူ၏ နတ်ဆိုးဧကရာဇ်အဆင့် ရတနာအချို့ကိုပါ ထည့်သွင်းရတော့မည့် အခြေအနေပင်။

‎

‎

‎ကံကောင်းထောက်မစွာဖြင့် အရှင်သခင်သည် အချိန်မီ ထွက်လာခဲ့သဖြင့် သူ၏ နတ်ဆိုးဧကရာဇ်အဆင့် ရတနာအချို့မှာ ဘေးအန္တရာယ်မှ လွတ်မြောက်သွားခဲ့ရတော့သည်။

‎

‎

‎" ငါ မေးမယ်... အရင်က ဒီနတ်ဆိုးဧကရာဇ်ရဲ့ နှလုံးသားကို ခွဲခြမ်းစိတ်ဖြာခဲ့တုန်းက ထူးဆန်းတာ တစ်ခုခု သတိထားမိခဲ့သေးလား "

‎

‎

‎အင်မော်တယ် မိုးကြိုးရေကန်ထဲမှ ထွက်လာပြီးနောက် ကုချန်သည် ချက်ချင်းပင် မေးမြန်းလိုက်၏။

‎

‎

‎ကုချန်၏ တည်ကြည်နေသော မျက်နှာကို မြင်သောအခါ ရှာနာနတ်ဆိုးဧကရာဇ်သည် စိတ်ထဲတွင် အံ့အားသင့်သွားကာ မည်သည့်အရာ ဖြစ်ပျက်ခဲ့သည်ကို နားမလည်သော်လည်း အရာအားလုံးကို အမှန်အတိုင်း ပြန်လည် တင်ပြလေသည်။

‎

‎

‎" အရှင်သခင်ကို တင်ပြရရင်... ဒီကျွန်မကတော့ နတ်ဆိုးဧကရာဇ်ရဲ့ နှလုံးသားကို ခွဲခြမ်းစိတ်ဖြာတုန်းက ဘာထူးခြားချက်မှ မတွေ့ခဲ့ရပါဘူး... အရှင်သခင်က ပြဿနာတစ်ခုခုကိုများ တွေ့ခဲ့လို့လား "

‎

‎

‎ရှာနာနတ်ဆိုးဧကရာဇ်သည် အနည်းငယ် ရှုပ်ထွေးသွား၍ အရှင်သခင်မှ အဘယ်ကြောင့် ရုတ်တရက် ဤသို့မေးမြန်းရသည်ကို နားမလည်နိုင်ချေ။

‎

‎

‎ဤနတ်ဆိုးဧကရာဇ်၏ နှလုံးသားသည် နတ်ဆိုးဧကရာဇ်တစ်ပါး သေဆုံးပြီးနောက် ကျန်ရစ်ခဲ့သည့် တာအို၏ အဓိကအနှစ်သာရတစ်ခုမျှသာ မဟုတ်ပါလော။ ဘာပြဿနာများ ရှိနိုင်မည်နည်း။

‎

‎

‎မည်သို့ပင်ဖြစ်စေ သူသည် ၎င်းအတွင်း၌ ပါဝင်သော နတ်ဆိုးဧကရာဇ်အဆင့် စွမ်းအားများကို ပျော်ဝင်စေခဲ့စဉ်က မည်သည့် ထူးခြားမှုကိုမျှ သတိမပြုမိခဲ့ပေ။

‎

‎

‎" ခုနက ငါ ဒီနတ်ဆိုးဧကရာဇ်ရဲ့ နှလုံးသားထဲက စွမ်းအားတွေကို အပြည့်အဝ စုပ်ယူလိုက်တဲ့ အချိန်မှာ... အနာဂတ်က ကြိုးတွေ ဆွဲငင်ခံလိုက်ရသလို ခံစားရပြီး... ငါ့ရဲ့ ကံကြမ္မာမှာ အပြောင်းအလဲ အနည်းငယ် ဖြစ်သွားတယ်လို့ ထင်မိတယ် "

‎

‎

‎ရှာနာနတ်ဆိုးဧကရာဇ်၏ မေးခွန်းကို ရင်ဆိုင်ရာတွင် ကုချန်သည် မည်သည့်အရာကိုမျှ ဖုံးကွယ်ထားခြင်း မရှိဘဲ သူ ခံစားခဲ့ရသမျှနှင့် ကြုံတွေ့ခဲ့ရသမျှ အားလုံးကို နတ်ဆိုးဧကရာဇ် ရှာနာအား ရိုးရှင်းစွာ ပြောပြလိုက်လေသည်။

‎

‎

‎" ဒါက... "

‎

‎

‎ကုချန်၏ပြောစကားများကို နားထောင်ရင်း ရှာနာနတ်ဆိုးဧကရာဇ်၏ မျက်နှာအမူအရာမှာလည်း ရှုပ်ထွေးသွားရသည်။

‎

‎

‎" ဒါ မဖြစ်နိုင်ဘူး... နတ်ဆိုးဧကရာဇ်ရဲ့ နှလုံးသားက ဒီမှာ ရှိနေပြီဆိုတော့ သူ့ရဲ့ ပိုင်ရှင်က သေဆုံးသွားခဲ့ပြီပဲ ဖြစ်ရမယ်... မရေမတွက်နိုင်တဲ့ နှစ်တွေမတိုင်ခင်ကတည်းက သေဆုံးသွားခဲ့တဲ့ နတ်ဆိုးဧကရာဇ်တစ်ပါးက အရှင်သခင်ရဲ့ ကံကြမ္မာကို ဘယ်လိုလုပ်ပြီး အပြောင်းအလဲတွေ ဖြစ်စေနိုင်မှာလဲ... ဒါ မဖြစ်နိုင်ဘူး! "

‎

‎

‎ကုချန်၏စကားများကို နားထောင်ပြီးနောက် ရှာနာနတ်ဆိုးဧကရာဇ်၏ စိတ်ထဲ၌ ပထမဆုံး ပေါ်လာသည့် အတွေးမှာ ဤနတ်ဆိုးဧကရာဇ်နှလုံးသား၏ ပိုင်ရှင်သည် ၎င်းကို ငါးစာအဖြစ် အသုံးပြုကာ ကုချန်အား လျှို့ဝှက်စွာ ပစ်မှတ်ထားနေသည်ဟူ၍ပင် ဖြစ်သည်။

‎

‎

‎သို့သော် ပြဿနာမှာ နတ်ဆိုးဧကရာဇ်၏ နှလုံးသားတစ်ခု ရှိနေသည်ဆိုကတည်းက ၎င်း၏ပိုင်ရှင်သည် သေချာပေါက် သေဆုံးပြီးသား ဖြစ်နေရမည်ဖြစ်သည်။

‎

‎

‎သေဆုံးသွားသော လူတစ်ယောက်က ဆက်ခံသူတစ်ဦးကို မည်သို့ လုပ်ကြံနိုင်မည်နည်း။

‎

‎

‎ထို့အပြင် ဤနတ်ဆိုးဧကရာဇ်နှလုံးသား၏ ပိုင်ရှင်သည် သူ မသေဆုံးမီကတည်းက ဤနှလုံးသားသည် နောက်ဆုံးတွင် ကုချန်၏ လက်ထဲသို့ ရောက်ရှိသွားမည်ကို ကြိုတင် တွက်ချက်ထားနိုင်မည် မဟုတ်ပေ။

‎

‎

‎ဤသည်မှာ လုံးဝ မဖြစ်နိုင်သောအရာပင်။

‎

‎

‎အကယ်၍သာ မှန်ကန်ခဲ့လျှင် ဤနတ်ဆိုးဧကရာဇ်နှလုံးသား၏ ပိုင်ရှင်သည် အစကတည်းက သေဆုံးခဲ့မည် မဟုတ်ချေ။

‎

‎

‎" အဲ့တော့... "

‎

‎

‎" ကျွန်မ ခန့်မှန်းရသလောက်ဆိုရင်... ဒါက ပိုင်ရှင်ဖြစ်သူ သက်ရှိထင်ရှားရှိစဉ်က မကျေမနပ်ဖြစ်ပြီး ကျန်ရစ်ခဲ့တဲ့ အငြိုးဝိညာဉ်စတစ်ခု ဖြစ်နိုင်ပါတယ် "

‎

‎

‎ရှာနာနတ်ဆိုးဧကရာဇ်သည် ခဏတာ စဉ်းစားလိုက်ပြီးနောက် ဖြစ်နိုင်ခြေ အများဆုံးဟု သူယုံကြည်သော ဖြေရှင်းချက်တစ်ခုကို နောက်ဆုံးတွင် ပေးလိုက်လေသည်။

‎

‎

‎နတ်ဆိုးဧကရာဇ်တစ်ပါး ကျဆုံးသွားခြင်းသည် မကျေနပ်မှုများနှင့်အတူ ရှိနေရမည် ဖြစ်သည်။

‎

‎

‎ထိုမကျေနပ်သော အတွေးသည် နတ်ဆိုးဧကရာဇ်၏ နှလုံးသားထဲသို့ အနည်းငယ် ဝင်ရောက်သွားခဲ့ခြင်း ဖြစ်လိမ့်မည်။ ယခုအခါ ကုချန်သည် ဤနတ်ဆိုးဧကရာဇ်၏ နှလုံးသားထဲရှိ တာအိုအား လုံးဝနားလည်သဘောပေါက်ကာ ချေဖျက်လိုက်ပြီဖြစ်ရာ ၎င်းမှာ ပျောက်ကွယ်တော့မည်ပင်။

‎

‎

‎ထိုအချက်ကို သဘောပေါက်လိုက်သောအခါ နတ်ဆိုးဧကရာဇ်၏ နှလုံးသားထဲတွင် ပါဝင်နေသော နတ်ဆိုးဧကရာဇ်၏ မကျေနပ်သည့် အစွဲအလမ်း တစ်စနှစ်စ လှုပ်ရှားလာခြင်းမှာ နားမလည်နိုင်စရာ မရှိလှပေ။

‎

‎

‎" အဲ့လိုလား... "

‎

‎

‎ရှာနာနတ်ဆိုးဧကရာဇ်၏ ရှင်းပြချက်ကို နားထောင်လျက် ကုချန်မှာ သံသယ ဝင်နေမိသည်။

‎

‎

‎အဘယ်ကြောင့်ဆိုသော် သူ၏အမြင်တွင် ယခုလေးတင် ခံစားလိုက်ရသည့် ခံစားချက်သည် နတ်ဆိုးဧကရာဇ်၏ အငြိုးဝိညာဉ်မှ လှုပ်ခတ်မှုတစ်ခု မဟုတ်ကြောင်း ရှင်းလင်းနေကာ သူ့ကိုသာ အတိအကျ ပစ်မှတ်ထားနေသကဲ့သို့ ဖြစ်နေသောကြောင့်ပင်။

‎

‎

‎သို့သော်လည်း ဤနတ်ဆိုးဧကရာဇ်နှလုံးသား၏ ပိုင်ရှင်သည် မသေဆုံးမီကတည်းက သူ့ကို လုပ်ကြံရန် စတင် ကြံစည်နေခဲ့သည်ဟူသောအချက်မှာ အနည်းငယ် အဓိပ္ပာယ်မရှိလွန်းဟုလည်း သူ ခံစားရသည်။

‎

‎

‎တစ်ဖက်လူအနေဖြင့် ဤနတ်ဆိုးဧကရာဇ်၏ နှလုံးသားသည် နောက်ဆုံးတွင် သူ၏လက်ထဲသို့ ရောက်ရှိသွားမည်ကို မည်သို့ သိနိုင်မည်နည်း။

‎

‎

‎ထို့အပြင် တစ်ဖက်လူက အမှန်တကယ်ပင် ဤအရာကို ကြိုတင် တွက်ချက်ထားနိုင်ခဲ့လျှင်တောင် ဘာအကျိုးရှိမည်နည်း။ ကိုယ့်အသက်ကိုယ် ဆုံးရှုံးသွားပြီဆိုလျှင် အကြံအစည် မည်မျှပင်ရှိစေကာမူ အားလုံးက အလကားပင် ဖြစ်သွားမည် မဟုတ်ပါလော။

‎

‎

‎" မိုကျွင်းကို ဒီနတ်ဆိုးဧကရာဇ်ရဲ့ နှလုံးသား ဘယ်ကရခဲ့လဲလို့ မင်း မေးခဲ့သေးလား "

‎

‎

‎သို့သော် စိတ်ချရစေရန် ကုချန်သည် ရှာနာနတ်ဆိုးဧကရာဇ်အား နောက်ထပ် မေးခွန်းတစ်ခု မေးမြန်းလိုက်၏။

‎

‎

‎" ဟင့်အင်း "

‎

‎

‎ရှာနာနတ်ဆိုးဧကရာဇ်မှ ခေါင်းခါပြလေသည်။

‎

‎

‎" မိုကျွင်းက အရင်က ကျွန်မအပေါ် သတိထားနေခဲ့တာဆိုတော့ ကျိန်းသေပေါက် ဒီကိစ္စတွေကို ကျွန်မကို ပြောပြမှာ မဟုတ်ဘူး... ဒီနတ်ဆိုးဧကရာဇ်ရဲ့ နှလုံးသားကို ရပြီးတဲ့နောက်မှာလည်း ကျွန်မက ဒီကိစ္စတွေကို ထပ်ပြီး မတွေးမိခဲ့တော့ဘူးလေ "

‎

‎

‎ရှာနာနတ်ဆိုးဧကရာဇ်ထံ နတ်ဆိုးဧကရာဇ်၏ နှလုံးသားကို မပေးအပ်မီတွင် မိုကျွင်းနတ်ဆိုးအရှင်သည် ကြောက်ရွံ့မှုကြောင့် ရှာနာနတ်ဆိုးဧကရာဇ်အား သက်ဆိုင်ရာ အချက်အလက်များစွာကို သဘာဝကျကျ ဖွင့်ဟပြမည် မဟုတ်ပေ။

‎

‎

‎နတ်ဆိုးဧကရာဇ်၏ နှလုံးသားသည် ရှာနာနတ်ဆိုးဧကရာဇ်၏ လက်ထဲသို့ ရောက်ရှိသွားပြီးနောက်တွင်လည်း ဤအရာများကို မေးမြန်းနေရန် မည်သည့် အဓိပ္ပာယ်ရှိတော့မည်နည်း။

‎

‎

‎နောက်ပိုင်းတွင်မူ မိုကျွင်းနတ်ဆိုးအရှင်သည် ကုချန်၏လက်ချက်ဖြင့် ပေါ့ပေါ့ပါးပါးပင် သုတ်သင်ခံလိုက်ရ၍ သူ တည်ရှိခဲ့သည့် အရိပ်အယောင်မျှပင် မကျန်ရစ်ခဲ့ရာ သဘာဝကျကျပင် သူ့အတွက် မည်သည့်အရာကိုမျှ ရှင်းပြနိုင်စွမ်း ရှိတော့မည် မဟုတ်ချေ။

‎

‎

‎" နတ်ဆိုးအရှင် မိုကျွင်း... "

‎

‎

‎ကုချန်၏အကြည့်များမှာ အဝေးသို့ ရောက်ရှိနေလေသည်။

‎

‎

‎အင်မော်တယ်ဘုရင်တစ်ပါးအနေဖြင့် ထိုကဲ့သို့သော နတ်ဆိုးဧကရာဇ်အဆင့် ကံကြမ္မာအကျိုးပေးမျိုးကို ရရှိခဲ့ခြင်းမှာ ယုံကြည်နိုင်စရာ မရှိလောက်အောင် ကြီးမားလှသော အောင်မြင်မှုတစ်ခုပင် ဖြစ်သည်။

‎

‎

‎သို့သော် ယခုအခါ မိုကျွင်းနတ်ဆိုးအရှင် သေဆုံးသွားပြီဖြစ်ရာ ကုချန်သည် ဤနတ်ဆိုးဧကရာဇ်နှလုံးသား၏ မူလဇာစ်မြစ် အတိအကျကို ဘယ်သောအခါမျှ သိရှိခွင့်မရရန် ကံကြမ္မာ ဖန်တီးထားပြီး ဖြစ်လေတော့သည်။

‎

‎အခန်း ( ၄၉၈ ) - ဘုရင်အဆင့်၏ အထွတ်အထိပ်၊ ကြောက်မက်ဖွယ်ကောင်းသော နည်းလမ်း၊ နတ်ဆိုးဧကရာဇ်အား ကျွန်ပြုခြင်း

‎

‎

‎

‎ကုချန်သည် ခေါင်းခါလိုက်ကာ ထိုနတ်ဆိုးဧကရာဇ်နှလုံးသားနှင့်ပတ်သက်သည့် သူ၏သံသယများကို ခေတ္တဖယ်ထားလိုက်သည်။

‎

‎

‎နတ်ဆိုးဧကရာဇ် နှလုံးသားနောက်ကွယ်တွင် အမှန်တကယ်ပင် ဇာတ်လမ်းတစ်ချို့ သို့မဟုတ် လျှို့ဝှက်ပူးပေါင်းကြံစည်မှုများ ရှိနေလျှင်တောင်မှ နောင်တစ်ချိန် သူ အစွမ်းထက်လာသောအခါ ဂရုစိုက်နေမည် မဟုတ်ပေ။ ထို့ကြောင့် ယခု အများကြီး တွေးနေလည်း အပိုပင်။

‎

‎

‎ချက်ချင်းပင် တံခါးပိတ်ကျင့်ကြံခြင်းမှ ရရှိလာသည်များကို သူ စတင်ရေတွက်လိုက်သည်။

‎

‎

‎ဤတစ်ကြိမ်သည်လည်း ယခင်လိုပင် နှစ်တစ်ရာကြာမြင့်ခဲ့၏။ သို့သော် ပြီးခဲ့သည့်အကြိမ်က ကုချန်၏ ပင်မကိုယ်ပွားနှင့် ကိုယ်ပွားနှစ်ခုတို့ အတူတကွ ကျင့်ကြံခဲ့ကြခြင်းဖြစ်သည်။ ဤတစ်ကြိမ်တွင်မူ နတ်ဆိုးနယ်မြေရှိ ဒုတိယကိုယ်ပွား တစ်ခုတည်းသာ ကျင့်ကြံခဲ့ခြင်း ဖြစ်သည်။

‎

‎

‎တကယ်တော့ ကုချန် အနည်းငယ် နောင်တရမိ၏။ အဘယ်ကြောင့်ဆိုသော် ထုံဟွမ်သစ်သီး၏ အာနိသင်သည် ဒုတိယကိုယ်ပွားအပေါ်၌သာ သက်ရောက်သောကြောင့်ပင်။ ၎င်းကို စားသုံးပြီးနောက် ပင်မကိုယ်ပွားရော၊ တတိယကိုယ်ပွားပါ မည်သည့်ခံစားချက်မျှ မရရှိခဲ့ပေ။

‎

‎

‎သို့မဟုတ်ပါက ဤတစ်ကြိမ်တွင် ပင်မကိုယ်ပွားနှင့် ကိုယ်ပွားနှစ်ခု အတူတကွ တံခါးပိတ်ကျင့်ကြံခဲ့လျှင် ကြီးမားသော နားလည်သိမြင်မှုများကို ရရှိနိုင်မည် ဖြစ်သည်။

‎

‎

‎မည်သို့ပင်ဖြစ်စေ တံခါးပိတ်ကျင့်ကြံခြင်းမှ အကျိုးအမြတ်များမှာ အံ့မခန်းဖြစ်နေဆဲပင်။

‎

‎

‎ဒုတိယကိုယ်ပွား၏ နှစ်တစ်ရာ တံခါးပိတ်ကျင့်ကြံမှုအတွင်း နတ်ဆိုးဧကရာဇ်နှလုံးသားအား နားလည်သဘောပေါက်မှုနှင့် အင်မော်တယ် မိုးကြိုးရေကန်၏ အာနိသင်တို့အပေါ် အားကိုးကာ ၎င်း၏အဆင့်သည် အင်မော်တယ်ဘုရင်အဆင့်၏ အထွတ်အထိပ်သို့ အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့ပြီး ဧကရာဇ်တစ်ပါးဖြစ်လာရန် တံခါးဝကို သိမ်မွေ့စွာ ထိတွေ့နိုင်ခဲ့လေပြီ။

‎

‎

‎ထို့ထက်မက အံ့သြစရာအကောင်းဆုံးမှာ ကုချန်သည် "ကောင်းကင်ဘုံအလုံးစုံ အမှန်တရား နားလည်ခြင်း" ကို ၂၇ ရာခိုင်နှုန်းအထိ အောင်မြင်စွာ တွန်းတင်နိုင်ခဲ့ခြင်းဖြစ်သည်။ ယခင် နှစ်တစ်ရာ တံခါးပိတ်ကျင့်ကြံမှုကိုပါ ထည့်တွက်လျှင် နှစ်ပေါင်းနှစ်ရာအတွင်း ၎င်းကို နားလည်သဘောပေါက်မှုမှာ ၁၀ ရာခိုင်နှုန်းနီးပါးအထိ တိုးတက်လာခဲ့ခြင်း ဖြစ်သည်။

‎

‎

‎ထို့အပြင် "ကောင်းကင်ဘုံအလုံးစုံ အမှန်တရား နားလည်ခြင်း" ကို ၁၀ ရာခိုင်နှုန်းပြည့်တိုင်း စနစ်ထံမှ ဆုလာဘ်တစ်ခု ရရှိမည်ဖြစ်ကြောင်းကိုလည်း ဤတံခါးပိတ်ကျင့်ကြံခြင်းက သူ့ကို သိရှိစေခဲ့သည်။

‎

‎

‎အော်... ဟုတ်သားပဲ၊ သူ မစစ်ဆေးရသေးတဲ့ ဆုလာဘ်တစ်ခု ကျန်နေသေးတာပဲ။

‎

‎

‎ဤအရာကို တွေးမိသောအခါ ယခင်က "ကောင်းကင်ဘုံအလုံးစုံ အမှန်တရား နားလည်ခြင်း" ကို ၂၀ ရာခိုင်နှုန်းအထိ နားလည်ခဲ့စဉ်က စနစ်မှ 'ဧကရာဇ်ယွမ် ထိန်းချုပ်ခြင်းပညာ' ဟုခေါ်သော ကျင့်စဉ်တစ်ခုကို ဆုချီးမြှင့်ခဲ့သည်ကို ကုချန် သတိရသွား၏။ သို့သော် ထိုအချိန်က နားလည်သဘောပေါက်ရန် အချိန်နှင့်အမျှ အပြေးအလွှား ကြိုးစားနေရသဖြင့် စစ်ဆေးရန် အခွင့်အရေး မရခဲ့ပေ။

‎

‎

‎ယခု တံခါးပိတ်ကျင့်ကြံခြင်းမှ ထွက်လာပြီဖြစ်ရာ အကျိုးအမြတ်များကို စစ်ဆေးရမည့်အချိန် ရောက်လာခဲ့ပြီဖြစ်သည်။

‎

‎

‎ကုချန်၏ နတ်ဘုရားအာရုံ အနည်းငယ် လှုပ်ရှားသွားရာ သူ၏အသိစိတ်ပင်လယ် နက်ရှိုင်းသောနေရာတွင် ဧကရာဇ်ယွမ် ထိန်းချုပ်ခြင်းပညာ ဟုခေါ်သော ကျင့်စဉ် ပေါ်လာလေသည်။

‎

‎

‎ရွှေရောင်လင်းလက်နေသော ရှေးဟောင်းတာအိုပုံစံများသည် ကုချန်၏ အသိစိတ်ပင်လယ်အထက်တွင် သပ်ရပ်စွာ စီထားကာ တာအိုပုံစံတစ်ခုစီတိုင်းတွင် မရေမတွက်နိုင်သော ပြောင်းလဲမှုများ ပါဝင်နေသည့်အလား အဆုံးမဲ့တာအို ဥပဒေသများ၏ စွမ်းအားများ ပါဝင်နေ၏။

‎

‎

‎၎င်းမှာ ဧကရာဇ်ယွမ် ထိန်းချုပ်ခြင်းပညာ ဖြစ်သည်။ ၎င်း၏ လျှို့ဝှက်ချက်များကို နားလည်ရန် မိမိ၏နတ်ဘုရားအာရုံဖြင့် စူးစမ်းရန်သာ လိုအပ်သည်။

‎

‎

‎ကုချန်သည် မျက်လုံးများကို အနည်းငယ် မှိတ်လိုက်၍ သူ၏နတ်ဘုရားအာရုံဖြင့် ထိုရွှေရောင် တာအိုပုံစံများထဲသို့ သဘာဝကျကျ စူးစမ်းဝင်ရောက်သွား၏။

‎

‎

‎အချိန်အတော်ကြာပြီးနောက် သူသည် မျက်လုံးများကို ဖြည်းညင်းစွာ ဖွင့်လိုက်ရာ သူ၏မျက်လုံးများထဲတွင် မပျောက်ပျက်နိုင်သော အံ့သြတုန်လှုပ်မှုများ ရှိနေလေသည်။

‎

‎

‎အခြားကြောင့်မဟုတ်ဘဲ ဧကရာဇ်ယွမ် ထိန်းချုပ်ခြင်းပညာသည် ကောင်းကင်ဘုံကို အာခံနိုင်လွန်းသောကြောင့်ပင် ဖြစ်သည်။

‎

‎

‎၎င်းသည် တိုက်ခိုက်ရေးအတွက် ကျင့်စဉ်တစ်ခု မဟုတ်သလို အစွမ်းထက်သော တိုက်ခိုက်ရေးနည်းစနစ်များကိုလည်း မှတ်တမ်းတင်ထားခြင်း မရှိပေ။

‎

‎

‎ကုချန်သည် ဧကရာဇ်ယွမ် ထိန်းချုပ်ခြင်းပညာကို ဖတ်ရှုကြည့်ရာ လုပ်ဆောင်ချက် တစ်ခုတည်းသာ ရှိသည်ကို တွေ့ရသည်။ ၎င်းမှာ မိမိအတွက် အသုံးပြုရန် နတ်ဆိုးဧကရာဇ်များကို အညံ့ခံစေခြင်းပင် ဖြစ်သည်။

‎

‎

‎မှန်ပါသည်။ ဤ ဧကရာဇ်ယွမ် ထိန်းချုပ်ခြင်းပညာသည် နတ်ဆိုးဧကရာဇ်များကို ကျွန်ပြုရန် အသုံးပြုသော ကျင့်စဉ်တစ်ခုသာ ဖြစ်လေသည်။

‎

‎

‎မိမိ ကျွန်ပြုလိုသော နတ်ဆိုးဧကရာဇ်ကို အားနည်းသည့်အခြေအနေသို့ ရောက်ရှိသွားစေရန် နည်းလမ်းရှာရုံသာ လိုအပ်သည်။ ထို့နောက် မိမိ၏အဆင့်သည် တစ်ဖက်လူထက် မနိမ့်ပါက ၎င်းတို့အား ကျွန်ပြုရန် ဧကရာဇ်ယွမ် ထိန်းချုပ်ခြင်းပညာကို အသုံးပြုနိုင်သည်။ ထိုအခါ ကုချန်မှ ရှာနာနတ်ဆိုးဧကရာဇ်ကို ကျွန်ပြုခဲ့သကဲ့သို့ မည်သည့်အခါမျှ သစ္စာမဖောက်တော့မည့် သစ္စာအရှိဆုံး အစေခံများ ဖြစ်လာစေမည်ဖြစ်သည်။

‎

‎

‎နတ်ဆိုးဧကရာဇ်များနှင့် အင်မော်တယ်ဘုရင်များကို ကျွန်ပြု၍မရနိုင်ပေ။ ဤသည်မှာ နတ်ဆိုးနယ်မြေ၏ အဆင့်မြင့်ပုဂ္ဂိုလ်များကြားတွင် လူသိများသော အချက်တစ်ချက် ဖြစ်သည်။

‎

‎

‎သို့သော် ဤကျင့်စဉ်ကို ကျွမ်းကျင်ပါက ထိုအခြေအနေကို ချိုးဖျက်နိုင်မည်ဖြစ်၏။ ၎င်းက ကောင်းကင်ဘုံကို လုံလောက်စွာ အာခံနိုင်စွမ်း ရှိနေခြင်း မဟုတ်လော။

‎

‎

‎ကုချန်မှ ရှာနာနတ်ဆိုးဧကရာဇ်အား သိမ်းသွင်းနိုင်ခဲ့သည့် အကြောင်းရင်းမှာ "ချီတစ်ခုမှ သန့်စင်သူသုံးပါး ခွဲထွက်ခြင်း" ဖြင့် ကိုယ်ပွားသုံးခုကို ပေါင်းစည်းကာ "ကံကြမ္မာပြောင်းပြန်လှန်အမွှေးတိုင်" ကို ထွန်းညှိခဲ့သောကြောင့် ဖြစ်သည်။ ထိုမှတစ်ဆင့် နတ်ဆိုးဧကရာဇ်အဆင့်ကိုပင် ကျော်လွန်လုနီးပါး ကြီးမားသော စွမ်းအားကို ယာယီရရှိခဲ့ခြင်း ဖြစ်သည်။

‎

‎

‎ထိုသို့လုပ်ဆောင်မှသာ ရှာနာနတ်ဆိုးဧကရာဇ်ကို အစေခံအဖြစ် သိမ်းသွင်းနိုင်ခဲ့ခြင်းပင်။ ဤအဆင့်များထဲမှ တစ်ခုခုသာ လိုအပ်သွားပါက အောင်မြင်နိုင်မည် မဟုတ်ပေ။

‎

‎

‎ကုချန်၏ အခြေအနေမျိုးကို ရရှိရန်မှာ လုံးဝ မဖြစ်နိုင်သောအရာပင်။

‎

‎

‎"ချီတစ်ခုမှ သန့်စင်သူသုံးပါး ခွဲထွက်ခြင်း" ဖြစ်စေ "ကံကြမ္မာပြောင်းပြန်လှန်အမွှေးတိုင်" ဖြစ်စေ နတ်ဆိုးနယ်မြေ တစ်ခုလုံးကို ရှာဖွေပါက... မဟုတ်သေး၊ အင်မော်တယ်နယ်မြေ တစ်ခုလုံးကို ရှာဖွေပါကတောင် ၎င်းတို့နှင့် ယှဉ်ပြိုင်နိုင်သော နတ်ဘုရားစွမ်းရည်ကို တွေ့နိုင်မည်မဟုတ်ပေ။

‎

‎

‎ထို့ကြောင့် ကုချန်ကိုယ်တိုင်ပင်လျှင် ရှာနာနတ်ဆိုးဧကရာဇ်ကို အညံ့ခံစေပြီး အစေခံအဖြစ် သိမ်းသွင်းခဲ့သည့် လုပ်ရပ်မျိုးကို ဒုတိယအကြိမ် ပြန်လည်လုပ်ဆောင်နိုင်မည် မဟုတ်တော့ချေ။

‎

‎

‎သို့သော် ယခုအခါ ဤဧကရာဇ်ယွမ် ထိန်းချုပ်ခြင်းပညာကို ကျွမ်းကျင်ခြင်းဖြင့် နတ်ဆိုးဧကရာဇ်တစ်ပါးကို အလွယ်တကူ သိမ်းသွင်းနိုင်မည်ဖြစ်သည်။ နှစ်ဖက်စလုံး တူညီသောအဆင့်တွင် ရှိနေ၍ တစ်ဖက်လူ အားနည်းနေသည့် အခြေအနေတွင် ရှိရန်သာ လိုအပ်သည်။

‎

‎

‎ဤဧကရာဇ်ယွမ် ထိန်းချုပ်ခြင်းပညာသည် ကန့်သတ်ချက်များစွာ ရှိနေ၍ သိပ်အသုံးမဝင်ဟု ထင်ရသော်ငြား ဤကျင့်စဉ်သည် အမှန်တကယ် မည်မျှကြောက်စရာကောင်းကြောင်းကို ကုချန် အလွန်တရာ ကောင်းစွာ သိထားလေသည်။

‎

‎

‎စဉ်းစားကြည့်ပါ။ နတ်ဆိုးဧကရာဇ်အဆင့်ရှိသူ တစ်ဦးမှ ဤဧကရာဇ်ယွမ် ထိန်းချုပ်ခြင်းပညာကို ကျွမ်းကျင်သွားလျှင် မည်သို့ဖြစ်မည်နည်း။

‎

‎

‎ထိုသူသည် ပထမဆုံး နတ်ဆိုးဧကရာဇ်တစ်ပါးကို လျှို့ဝှက်စွာ စီစဉ်ဝိုင်းရံကာ သိမ်းသွင်းရန်သာ လိုအပ်၏။ ထို့နောက် အနာဂတ်တွင် သူရရှိထားသော ပထမဆုံး နတ်ဆိုးဧကရာဇ် အစေခံကို အားကိုး၍ ဒုတိယ နတ်ဆိုးဧကရာဇ်၊ တတိယ နတ်ဆိုးဧကရာဇ်၊ စတုတ္ထ... စသဖြင့် ဆက်လက်သိမ်းသွင်းသွားနိုင်မည် ဖြစ်သည်။

‎

‎

‎နောက်ပိုင်းရောက်လေလေ တူညီသောအဆင့်ရှိ နတ်ဆိုးဧကရာဇ်များကို သိမ်းသွင်းရန် ပိုမိုလွယ်ကူလာလေလေ ဖြစ်မည်။

‎

‎

‎အဘယ်ကြောင့်ဆိုသော် သိမ်းသွင်းခံရသော နတ်ဆိုးဧကရာဇ်များပြားလာသည်နှင့်အမျှ အကူအညီများလည်း ပိုများလာမည်ဖြစ်ရာ နောက်ဆုံးတွင် နတ်ဆိုးဧကရာဇ် အများအပြား အတူတကွ ဖိနှိပ်လာပါက နတ်ဆိုးဧကရာဇ်အဆင့်ရှိသူပင်လျှင် ခုခံနိုင်စွမ်းမရှိဘဲ ချက်ချင်း ဖိနှိပ်သိမ်းသွင်းခံရနိုင်ခြေ ရှိသည်။

‎

‎

‎ရှာနာနတ်ဆိုးဧကရာဇ်နှင့် နတ်ဆိုးဧကရာဇ်ကြီးတို့ကဲ့သို့ပင်။ သူတို့ကြားတွင် နက်ရှိုင်းသော သွေးကြွေးရှိပြီး ရှေးခေတ်ကတည်းက ယခုအထိ တိုက်ခိုက်နေခဲ့သော်လည်း နှစ်ဦးစလုံး အသက်ရှင်လျက် ရှိနေဆဲဖြစ်သည်။

‎

‎

‎ဤအချက်က နတ်ဆိုးဧကရာဇ်အဆင့်ရှိသူကို သတ်ဖြတ်ရန် မည်မျှခက်ခဲကြောင်းကို သွယ်ဝိုက်၍ သက်သေပြနေသည်။

‎

‎

‎သို့သော် ယခု ဤဧကရာဇ်ယွမ် ထိန်းချုပ်ခြင်းပညာရှိနေပြီဖြစ်ရာ ပြိုင်ဘက်ကို သတ်ရန် မလိုအပ်တော့ပေ။ ဤကျင့်စဉ်ကို အသုံးပြုခြင်းဖြင့် ရန်သူကို မည်သည့်အခါမျှ လွတ်မြောက်နိုင်မည်မဟုတ်သော ကိုယ်ပိုင်အစေခံအဖြစ်သို့ ပြောင်းလဲပစ်နိုင်သည်။

‎

‎

‎၎င်း မည်မျှကြောက်စရာကောင်းသည်ကို ထပ်မံရှင်းပြနေရန် လိုအပ်သေးမည်လော။

‎

‎

‎ဤဧကရာဇ်ယွမ် ထိန်းချုပ်ခြင်းပညာ သူ၏လက်ထဲတွင် ရှိနေသည်ဟူသော သတင်းသာ ပေါက်ကြားသွားပါက နတ်ဆိုးနယ်မြေ တစ်ခုလုံးရှိ နတ်ဆိုးဧကရာဇ်များ အားလုံး ရူးသွပ်သွားနိုင်ပြီး ကုချန်ကို နှိမ်နင်းရန် အားလုံးပူးပေါင်းသွားနိုင်သည်ကိုပင် ကုချန် မြင်ယောင်ကြည့်နိုင်သည်။

‎

‎

‎အဘယ်ကြောင့်ဆိုသော် ဤဧကရာဇ်ယွမ် ထိန်းချုပ်ခြင်းပညာ တည်ရှိနေမှုသည် ထိုရှေးဟောင်း နတ်ဆိုးဧကရာဇ်များအတွက် အကြီးမားဆုံး ခြိမ်းခြောက်မှုကြီး ဖြစ်နေသောကြောင့်ပင်။

‎

‎

‎သူတို့ကိုယ်တိုင် ဤအမြင့်ဆုံးကျင့်စဉ်ကို မကျွမ်းကျင်နိုင်လျှင်တောင်မှ အခြားသူတစ်ယောက်၏ လက်ထဲသို့ လုံးဝ အရောက်ခံမည်မဟုတ်ပေ။

‎

‎

‎ကုချန်သည် ရှာနာနတ်ဆိုးဧကရာဇ်ကို တစ်ချက်ကြည့်လိုက်၍ အတွေးထဲသို့ နက်နက်ရှိုင်းရှိုင်း နစ်မျောသွား၏။

‎

‎

‎ယခုအခါ သူသည် ရှာနာနတ်ဆိုးဧကရာဇ်ကို အစေခံအဖြစ် သိမ်းသွင်းထားပြီးဖြစ်ကာ ဤသတင်းကို နတ်ဆိုးနယ်မြေ တစ်ခုလုံးတွင် လျှို့ဝှက်ထားဆဲ ဖြစ်သည်။

‎

‎

‎အနာဂတ်တွင် သူ ပိုမိုအစွမ်းထက်လာပါက ရှာနာနတ်ဆိုးဧကရာဇ်နှင့် ပူးပေါင်းကာ နတ်ဆိုးနယ်မြေရှိ နတ်ဆိုးဧကရာဇ်များကို တစ်ပါးပြီးတစ်ပါး 'ဝါးမျို' နိုင်မည် မဟုတ်ပါလော။

‎

‎

‎နောက်ဆုံးတွင် နတ်ဆိုးနယ်မြေ တစ်ခုလုံးရှိ နတ်ဆိုးဧကရာဇ် အားလုံးကိုပင် သူ၏ အစေခံများအဖြစ် သိမ်းသွင်းနိုင်မည် မဟုတ်ပါလော။

‎

‎

‎နတ်ဆိုးနယ်မြေတစ်ခုတည်းသာမက အင်မော်တယ်နယ်မြေကိုလည်း ထိုနည်းလမ်းအတိုင်း စီမံခန့်ခွဲနိုင်မည် ဖြစ်ရာ ဤကဲ့သို့သော လုပ်ဆောင်မှုမျိုးဖြင့်ဆိုလျှင်.....

‎

‎

‎ထိုအချိန်ရောက်လျှင် အင်မော်တယ်နှင့် နတ်ဆိုးနယ်မြေ နှစ်ခုလုံးမှ အင်မော်တယ်ဧကရာဇ်များနှင့် နတ်ဆိုးဧကရာဇ်များ အားလုံးမှာ 'သူ့လူတွေချည်း' ဖြစ်နေမည်ဆိုပါက အတော်လေး ရယ်စရာကောင်းနေမည်ပင်။

‎

‎

‎ကုချန်မှာ မတွေးဘဲ မနေနိုင်ခဲ့ချေ။

‎

‎

‎" အရှင်သခင်... ဘာလို့ ဒီလောက်တောင် ပျော်နေရတာလဲ "

‎

‎

‎ကုချန်သည် ပျော်ရွှင်စရာ တစ်ခုခုကို တွေးနေဟန်ဖြင့် မျက်နှာပေါ်တွင် အပြုံးတစ်ခု ဖြစ်ပေါ်နေသည်ကို မြင်သောအခါ ရှာနာနတ်ဆိုးဧကရာဇ်မှာ သံသယအပြည့်ဖြင့် တိုးဖွဖွ မေးမြန်းလိုက်မိသည်။

‎

‎

‎" ဘာမှမဟုတ်ပါဘူး "

‎

‎

‎ကုချန်သည် မျက်နှာပေါ်မှ အပြုံးကို ရုပ်သိမ်းလိုက်၍ သူ၏လက်ကို ဖြည်းညင်းစွာ ဝှေ့ယမ်းကာ ထပ်မံပြောဆိုလိုက်၏။

‎

‎

‎" ရယ်စရာကောင်းတဲ့ ကိစ္စတစ်ခုကို တွေးမိသွားလို့ပါ "

All Chapters