အခန်း (၁၂၃-၁၂၄)
Vol. 13 Ch. 123-124
အခန်း(၁၂၃) အချိန်ဖျက်ဆီးခြင်းကျင့်စဉ်ကို ထပ်မံအသုံးပြုခြင်း
ကျိုးယွမ်သည် သူ၏လက်ကို ဝှေ့ယမ်းလိုက်ပြီး ရွှေ့လျားနိုင်သော နေရာပြောင်းရွေ့အစီအရင်တစ်ခုကို ဖန်တီးလိုက်လေ၏။
“ဆရာ... ဒါက လူတစ်ယောက်ကို အကူအညီတောင်းပြီး ဖန်တီးထားတဲ့ ကျွန်တော့်ရဲ့ ကိုယ်ပိုင် နေရာပြောင်းရွှေ့အစီအရင်ပါ... ဒီအစီအရင်က ကျွန်တော့်ရဲ့ အရှိန်အဝါကို သိုလှောင်ထားပြီးတော့ မိုင်တစ်သောင်းပတ်လည်အတွင်းမှာ ကျပန်း နေရာပြောင်းရွှေ့ပေးနိုင်တယ်...”
“ကျွန်တော် ကျန်ခဲ့တာက သေဖို့မဟုတ်ဘူး... နတ်ဆိုးကောင်းကင်ဂိုဏ်းရဲ့ အင်အား အမြင့်ဆုံးအဆင့်ကို ရောက်အောင် သေချာလုပ်ဖို့ပဲ...”
ကျိုးယွမ်က ပြုံးလျက် ရှင်းပြလိုက်လေသည်။
ထိုနေရာတွင် ရှိနေသော လူအားလုံးသည် ကျိုးယွမ်ကို အံ့အားသင့်စွာ စိုက်ကြည့်နေကြပြီး သူ၌ ထိုမျှ တန်ဖိုးကြီးမားသော ပစ္စည်းရှိနေလိမ့်မည်ဟု ဘယ်သောအခါကမှ မထင်မှတ်ထားခဲ့ကြချေ။
အစပိုင်းတွင် ကျိုးယွမ်သည် သူ့၌ အသွင်ပြောင်းနိုင်စွမ်းရှိကြောင်း ပြောဆိုချင်ခဲ့သော်လည်း သေချာပြန်လည်စဉ်းစားပြီးနောက် မပြောတော့ရန် ဆုံးဖြတ်လိုက်လေ၏။
ခဏမျှ စဉ်းစားပြီးနောက် ဘိုးဘေး ဓားတစ်ရာ မိစ္ဆာသခင်သည် လက်လှမ်းကာ ကျိုးယွမ်၏ ပခုံးကို ပုတ်လိုက်ပြီး သူ၏ လက်ထဲတွင် သိုလှောင်လက်စွပ်တစ်ကွင်း ပေါ်လာလေသည်။
“ကျိုးယွမ်... ဒီထဲမှာ မင်း စိတ်ဝင်စားလောက်မယ့် အရာတစ်ခု ရှိတယ်... အဲ့ဒါကို မင်းကို ပေးလိုက်မယ်... မင်းကိုယ်မင်း ဂရုစိုက်ဖို့တော့ မှတ်ထား...”
“လွတ်လပ်ပျော်ရွှင်ခြင်း ဘိုးဘေးတို့က နဂါးတောင်နယ်မြေမှာ အချိန်အကြာကြီး နေလို့မရဘူး... ဒါကြောင့် မင်းတို့ ထွက်သွားပြီးတဲ့နောက် ပုန်းအောင်းဖို့ နေရာတစ်ခု ရှာလိုက်...”
ဘိုးဘေး ဓားတစ်ရာ မိစ္ဆာသခင်၏ စကားကို ကြားချိန်၌ ကျိုးယွမ်သည် ပြုံးလိုက်ပြီး ခေါင်းညိတ်ပြလိုက်လေ၏။
ထို့နောက် ကျိုးယွမ်သည် ချောင်းယန်အနီးသို့ ချဉ်းကပ်သွားကာ ပြုံးလျက် ပြောဆိုလိုက်သည်။
“ဆရာ... ဂရုစိုက်ပါနော်...”
ချောင်းယန်က ခေါင်းညိတ်လိုက်ပြီး သူ၏ လက်ကို ဝှေ့ယမ်းလိုက်ရာ သူ၏ လက်ထဲတွင် မှော်အဆောင် ဆယ်ခုထက်မက ပေါ်လာလေ၏။
“ကျိုးယွမ်... ဒါတွေကို သိမ်းထားလိုက်... ဒါတွေက ငါ ဖန်တီးထားတဲ့ မီးအဆောင်၊ ရေခဲအဆောင်နဲ့ မိုးကြိုးအဆောင်တွေပဲ... အကယ်၍ ရုတ်တရက် အသုံးပြုလိုက်မယ်ဆိုရင် အဆောင်တစ်ခုစီတိုင်းက အခြေတည်စိတ်ဝိညာဉ် အထွတ်အထိပ်အဆင့်က ကျင့်ကြံသူတစ်ယောက်ကို ပြင်းပြင်းထန်ထန် ဒဏ်ရာရစေနိုင်တယ်...”
ကျိုးယွမ်သည် အချိန်ဆွဲမနေဘဲ ချက်ချင်းပင် လက်ခံလိုက်လေသည်။
ကျိုးယွမ်သည် လူအားလုံးကို လက်နှစ်ဖက်ယှက်၍ ဂါရဝပြုလိုက်ပြီး ပြောဆိုလိုက်၏။
“အကြီးအကဲတို့... ဂရုစိုက်ကြပါနော်...”
“အကြီးအကဲကျိုး... ဂရုစိုက်ပါ...”
အကြီးအကဲအားလုံးသည် ကျိုးယွမ်ကို တည်ကြည်လေးနက်စွာ လက်ယှက်၍ ဂါရဝပြုလိုက်ကြပြီး ဤအခိုက်အတန့်တွင် သူတို့သည် ကျိုးယွမ်ကို လုံးလုံးလျားလျား အသိအမှတ်ပြုလိုက်ကြလေသည်။
ဂိုဏ်းချုပ် ရှီးမန်ချွေ့ရွှယ်သည် ကျိုးယွမ်ထံသို့ ချဉ်းကပ်လာပြီးနောက် ကျောက်စိမ်းပြားတစ်ခုကို ထုတ်ယူကာ ကျိုးယွမ်အား ကမ်းပေးလိုက်လေ၏။
“ကျိုးယွမ်... ဒီကျောက်စိမ်းပြားကို မင်းကိုယ်ပေါ်မှာ သိမ်းထားလိုက်... ဒီကျောက်စိမ်းပြားက နတ်ဘုရားအသွင်ပြောင်းခြင်း အထွတ်အထိပ်အဆင့် ကျင့်ကြံသူတစ်ယောက်ရဲ့ တိုက်ခိုက်မှု တစ်ကြိမ်ကို ကာကွယ်ပေးနိုင်တယ်... မင်း အန္တရာယ်နဲ့ ကြုံရတဲ့အခါ ဒီကျောက်စိမ်းပြားက အလိုအလျောက် သိရှိနိုင်တယ်...”
ထိုစကားကို ကြားချိန်၌ ကျိုးယွမ်၏ မျက်လုံးများ ချက်ချင်း တောက်ပသွားလေ၏။ ယခုအခါ သူ့၌ အသက်ကယ်ရန် မှော်ပစ္စည်း နောက်တစ်ခု ရရှိသွားပြီ ဖြစ်သည်။
ကျိုးယွမ်က အလျင်အမြန် လက်လှမ်းယူလိုက်ပြီး ကျေးဇူးတင်သည့်အနေဖြင့် လက်နှစ်ဖက်ယှက်ကာ ပြုံးလျက် ပြောဆိုလိုက်လေသည်။
“ကျေးဇူးတင်ပါတယ်... ဂိုဏ်းချုပ်...”
ထိုအခိုက်အတန့်တွင် အကြီးအကဲများသည် တစ်ယောက်ပြီးတစ်ယောက် ဝင်ရောက်သွားကြလေ၏။
လန်ချင်းရွှယ်သည် ကျိုးယွမ်ကို စိုက်ကြည့်နေပြီး မျက်နှာဖုံးအောက်ရှိ သူမ၏ နီရဲသော နှုတ်ခမ်းများကို တင်းကြပ်စွာ ကိုက်ထားလေသည်။
သူမသည် ရှေ့သို့ တက်သွားကာ ကျိုးယွမ်ကို တစ်စုံတစ်ရာ ပြောဆိုချင်ခဲ့သော်လည်း နောက်ဆုံးတွင် သူမ သက်ပြင်းချလိုက်ပြီး လှည့်ကာ အတွင်းသို့ ဝင်သွားလေ၏။
မကြာမီမှာပင် လူအားလုံး ဝင်ရောက်သွားကြလေသည်။
ကျိုးယွမ်သည် လက်သင်္ကေတတစ်ခုကို ဖန်တီးလိုက်ပြီး အဝေးသို့ လက်ဝါးဖြင့် ရိုက်ချလိုက်လေ၏။ အတားအဆီးသည် ချက်ချင်းပင် ကျိုးပဲ့ပျက်စီးသွားပြီး ပျောက်ကွယ်သွားလေသည်။
အတားအဆီး၏ နောက်ကွယ်ရှိ တောင်တန်းသည် ပြိုကျသွားပြီး မည်သည့် အရိပ်အယောင်မျှ ကျန်ရစ်မနေခဲ့ချေ။
ထိုအချိန်တွင် ကောင်းကင်ယံရှိ နတ်ဆိုးကောင်းကင်ဂိုဏ်း၏ အတားအဆီးသည် ပျက်စီးလုနီးပါး အခြေအနေသို့ ရောက်ရှိနေပြီး အချိန်မရွေး ပြိုကျသွားနိုင်ပေသည်။
ကျိုးယွမ်သည် အတားအဆီးကို ရူးသွပ်စွာ တိုက်ခိုက်နေသော ပုံရိပ်များကို ကြည့်နေချိန်တွင် သူ၏ မျက်လုံးများ တဖြည်းဖြည်း အေးစက်သွားပြီး သူ၏ ခန္ဓာကိုယ်အတွင်း၌ သတ်ဖြတ်လိုခြင်း အရိပ်အယောင်များ ပြင်းထန်စွာ တောက်လောင်လာလေ၏။
“ဝုန်း...”
ကျယ်လောင်သော ပေါက်ကွဲသံကြီးတစ်ခု ထွက်ပေါ်လာပြီး နတ်ဆိုးကောင်းကင်ဂိုဏ်း၏ ကာကွယ်ရေး အတားအဆီးသည် အပိုင်းပိုင်းအစစ ကျိုးပဲ့သွားကာ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားများသည် နတ်ဆိုးကောင်းကင်ဂိုဏ်း၏ ပတ်ဝန်းကျင်သို့ တိုက်ခတ်သွားလေသည်။
နတ်ဆိုးကောင်းကင်ဂိုဏ်း၏ အဆောက်အအုံများသည် ပြင်းထန်စွာ ပြိုကျလာပြီး တောင်ထိပ်များသည်လည်း ပျက်စီးလုနီးပါး ဖြစ်သွားလေ၏။
အလွန်ကြောက်မက်ဖွယ်ကောင်းသော သတ်ဖြတ်လိုသည့် အရှိန်အဝါသည် ကောင်းကင်မှ ထွက်ပေါ်လာပြီး နတ်ဆိုးကောင်းကင်ဂိုဏ်း တစ်ခုလုံးကို လွှမ်းခြုံသွားလေသည်။
သို့သော် ကံမကောင်းစွာဖြင့် ယခုအချိန်တွင် နတ်ဆိုးကောင်းကင်ဂိုဏ်း၌ ကျိုးယွမ် တစ်ယောက်တည်းသာ ကျန်ရစ်နေခဲ့လေပြီ။
ကျိုးယွမ်သည် ကောင်းကင်ယံမှ အသံကို ကြည့်လိုက်ပြီး သူ၏ အမူအရာများ အေးစက်သွားကာ ရေရွတ်လိုက်လေ၏။
“ဒီနေ့ နဂါးတောင်နယ်မြေတစ်ခုလုံးကို ငါ တုန်လှုပ်သွားစေရမယ်... အချိန်ဖျက်ဆီးခြင်းကျင့်စဉ်... သက်ဝင်စမ်း...”
ကျိုးယွမ် ရေရွတ်လိုက်ချိန်တွင် ထူးဆန်းဆန်းကြယ်သော အရှိန်အဝါတစ်ခု သူ၏ ခန္ဓာကိုယ်ကို လွှမ်းခြုံသွားလေသည်။
ကျိုးယွမ်သည် လေထဲသို့ ခုန်တက်သွားပြီး ကောင်းကင်ယံရှိ လူအုပ်ကြီးကို အေးစက်သော အကြည့်များဖြင့် စိုက်ကြည့်လိုက်လေ၏။
“လွတ်လပ်ပျော်ရွှင်ခြင်း ဘိုးဘေး... တောက်ပသောလမင်း ဘိုးဘေး... လလုယူခြင်း ဘိုးဘေး... ဒီနေ့ နတ်ဆိုးကောင်းကင်ဂိုဏ်းက မင်းတို့ရဲ့ သင်္ချိုင်း ဖြစ်လာစေရမယ်...”
“သက်တမ်းအနှစ်သုံးရာ... အချိန်ပြောင်းပြန်လှည့်ခြင်း... သက်ဝင်စမ်း...”
ကျိုးယွမ်က လွတ်လပ်ပျော်ရွှင်ခြင်း ဘိုးဘေးဆီသို့ လက်ညှိုးထိုးလိုက်လေ၏။
ကျိုးယွမ် လက်ညှိုးထိုးလိုက်ချိန်တွင် စူးရှသော အော်ဟစ်သံတစ်ခု လွတ်လပ်ပျော်ရွှင်ခြင်း ဘိုးဘေး၏ နှုတ်ခမ်းများမှ ထွက်ပေါ်လာပြီး အဖြူရောင် မီးတောက်များသည် သူ၏ ခန္ဓာကိုယ်မှ ပန်းထွက်လာလေသည်။
လွတ်လပ်ပျော်ရွှင်ခြင်း ဘိုးဘေးသည် သူ့အလိုလို အိုမင်းရင့်ရော်သွားပြီးနောက် မည်သည့် အရိပ်အယောင်မျှ မကျန်ရစ်ဘဲ ပျောက်ကွယ်သွားလေတော့သည်။
ကောင်းကင်တံခါးအဆင့် ကျင့်ကြံသူတစ်ဦး၏ အများဆုံး သက်တမ်းမှာ အနှစ်နှစ်ထောင် ဖြစ်သည်။ ကျိုးယွမ်က အချိန်ဖျက်ဆီးခြင်းကျင့်စဉ်ကို အသုံးပြုကာ တစ်နှစ်ကို ငါးနှစ်နှုန်းဖြင့် လဲလှယ်လိုက်ခြင်းဖြစ်ရာ ၎င်းသည် လွတ်လပ်ပျော်ရွှင်ခြင်း ဘိုးဘေး၏ သက်တမ်း အနှစ် ၁,၅၀၀ ကို လောင်ကျွမ်းစေခြင်းနှင့် ညီမျှပေသည်။
လွတ်လပ်ပျော်ရွှင်ခြင်း ဘိုးဘေးသည် တကယ်တမ်း အသက်မရှည်တော့ချေ။ သူသည် ချက်ချင်းပင် ပြာအဖြစ် ပြောင်းလဲသွားလေ၏။
ရုတ်တရက် ဖြစ်ပေါ်လာသော ဤမြင်ကွင်းကြောင့် လူတိုင်း အံ့အားသင့်သွားကြသည်။ သူတို့သည် ဘာတွေ ဖြစ်သွားသလဲဆိုတာကို မသိကြဘဲ ကျိုးယွမ်ကို ထိတ်လန့်တကြား စိုက်ကြည့်နေရုံသာ တတ်နိုင်ကြလေသည်။
[ဒင်... ကံကြမ္မာတန်ဖိုး ၃၄၆၅၇၊ သက်တမ်း ၀၊ ကျင့်ကြံခြင်းတန်ဖိုး ၅၀၀၀၀၀၀ တိုးလာပါသည်]
စနစ်၏ အသံသည် ကျိုးယွမ်၏ စိတ်ထဲတွင် ပဲ့တင်ထပ်သွားသော်လည်း ကျိုးယွမ်က ၎င်းကို ဂရုစိုက်ရန် အချိန်မရှိခဲ့ချေ။
“သက်တမ်း အနှစ်သုံးရာ... အချိန်ပြောင်းပြန်လှည့်ခြင်း... သက်ဝင်စမ်း...”
ကျိုးယွမ်က တောက်ပသောလမင်း ဘိုးဘေးဆီသို့ လက်ညှိုးထိုးလိုက်ရာ သူသည်လည်း စူးရှစွာ ချက်ချင်း အော်ဟစ်လိုက်လေ၏။ အဖြူရောင် မီးတောက်များသည် သူ၏ ခန္ဓာကိုယ်မှ ပန်းထွက်လာပြီး တောက်ပသောလမင်း ဘိုးဘေးကို ပြာအဖြစ် ပြောင်းလဲပစ်လိုက်လေသည်။
[ဒင်... ကံကြမ္မာတန်ဖိုး ၃၅၅၇၉၊ သက်တမ်း ၀၊ ကျင့်ကြံခြင်းတန်ဖိုး ၅၀၀၀၀၀၀ တိုးလာပါသည်]
“သက်တမ်း အနှစ်လေးရာ... အချိန်ပြောင်းပြန်လှည့်ခြင်း... သက်ဝင်စမ်း...”
ကျိုးယွမ်သည် လလုယူခြင်း ဘိုးဘေးဆီသို့ လက်ညှိုးထိုးလိုက်လေ၏။
လလုယူခြင်း ဘိုးဘေးသည် ထိတ်လန့်သွားပြီး နတ်ဘုရားအသွင်ပြောင်းခြင်းအဆင့် ကျင့်ကြံသူနှစ်ဦးကို သူ၏ ရှေ့တွင် ကာကွယ်ရန် ချက်ချင်း ဆွဲယူလိုက်ကာ သူကိုယ်တိုင်မှာမူ ရူးသွပ်စွာ နောက်ဆုတ်သွားလေသည်။
စူးရှသော အော်ဟစ်သံများသည် လလုယူခြင်း ဘိုးဘေးနှင့် အခြားသော အခြေတည်စိတ်ဝိညာဉ်အဆင့် ကျင့်ကြံသူ နှစ်ဦး၏ နှုတ်ခမ်းများမှ ချက်ချင်း ထွက်ပေါ်လာလေ၏။
အဖြူရောင် မီးတောက်များသည် သူတို့ သုံးဦးစလုံး၏ ခန္ဓာကိုယ်မှ တစ်ပြိုင်နက်တည်း ပန်းထွက်လာပြီး သူတို့၏ မျက်နှာများသည် မျက်မြင်ကိုယ်တွေ့ပင် အိုမင်းရင့်ရော်သွားလေသည်။
အခြေတည်စိတ်ဝိညာဉ် အစောပိုင်းအဆင့် ကျင့်ကြံသူတစ်ဦးမှာ ပြာအဖြစ် အခြေတည်စိတ်ဝိညာဉ် အလယ်အလတ်အဆင့် ကျင့်ကြံသူ နောက်တစ်ဦးမှာမူ ဆံပင်ဖြူများသာ ကျန်ရစ်တော့လေသည်။
လလုယူခြင်း ဘိုးဘေးမှာမူ ပို၍ပင် အိုမင်းရင့်ရော်ကာ ကြောက်မက်ဖွယ်ကောင်းသွားပြီး ယခင်ကထက် အနည်းဆုံး အနှစ်နှစ်ဆယ်ခန့် ပိုမိုအိုမင်းသွားလေသည်။
ထိုအခိုက်အတန့်တွင် လလုယူခြင်း ဘိုးဘေးသည် သူ၏ ဝိညာဉ်ပင် ခန္ဓာကိုယ်မှ ထွက်ခွာသွားလုမတတ် အလွန်အမင်း ထိတ်လန့်သွားရလေ၏။ သူသည် ဆက်လက်နေထိုင်ရန် မရဲဝံ့တော့ဘဲ အဝေးသို့ ရူးသွပ်စွာ ထွက်ပြေးသွားလေတော့သည်။
[ဒင်... ကံကြမ္မာတန်ဖိုး ၁၁၂၄၅၊ သက်တမ်း ၀၊ ကျင့်ကြံခြင်းတန်ဖိုး ၁၂၃၂၅၇၀ တိုးလာပါသည်]
ကျိုးယွမ်သည် သူ၏ ခေါင်းထဲတွင် မူးဝေသည့် လှိုင်းလုံးတစ်ခုကို ခံစားလိုက်ရသော်လည်း ဤကျင့်စဉ်ကို သူ တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ်ခန့် ထပ်မံ အသုံးပြုနိုင်သေးကြောင်း သူ သိနေပေသည်။
ကျိုးယွမ်သည် အဝေးသို့ ရူးသွပ်စွာ နောက်ဆုတ်သွားသော အခြေတည်စိတ်ဝိညာဉ် နှောင်းပိုင်းအဆင့် ကျင့်ကြံသူ ခြောက်ဦးကို ကြည့်လိုက်ရာ သူ၏ မျက်လုံးများတွင် သတ်ဖြတ်လိုခြင်း အရိပ်အယောင်များ လက်လတ်နေလေ၏။
“သက်တမ်း အနှစ်ငါးရာ... အချိန်ပြောင်းပြန်လှည့်ခြင်း... သက်ဝင်စမ်း...”
ကျိုးယွမ် လက်ညှိုးထိုးလိုက်ပြီးနောက် သူ၏ ခန္ဓာကိုယ်သည် ယိမ်းယိုင်သွားကာ သူ၏ ဝိညာဉ်ထဲတွင် ပြင်းထန်သော နာကျင်မှုကို ခံစားလိုက်ရလေသည်။
ယခုတစ်ကြိမ်တွင် သူသည် သက်တမ်း အနှစ် တစ်ထောင်ကျော်ကို တိုက်ရိုက် လောင်ကျွမ်းစေခဲ့သဖြင့် သူ၏ ဝိညာဉ်က အလွန် ကြီးမားသော ဖိအားအောက်သို့ ရောက်ရှိသွားပေသည်။
သို့သော် ဤသည်မှာ သူ ပထမဆုံးအကြိမ် အသုံးပြုခဲ့စဉ်ကထက် များစွာ ပိုကောင်းသည်ဟု ကျိုးယွမ် ခံစားလိုက်ရလေ၏။
အကယ်၍ သူ ထပ်လုပ်ချင်သေးလျှင်လည်း သူ လုပ်နိုင်ကောင်း လုပ်နိုင်ပေလိမ့်မည်။
“အဘိုးချင်... ခင်ဗျားကို အားကိုးရတော့မယ်...”
ကျိုးယွမ်သည် သူ၏ ကိုယ်ပိုင် နေရာပြောင်းရွှေ့အစီအရင်ကို ချက်ချင်း အသက်သွင်းလိုက်လေသည်။ အဘိုးချင်ထံမှ ပြန်လည်ဖြေကြားချက်ကို ရရှိပြီးနောက် ကျိုးယွမ်သည် နေရာပြောင်းရွှေ့အစီအရင်အတွင်းသို့ လှမ်းဝင်သွားကာ ချက်ချင်း ပျောက်ကွယ်သွားလေတော့သည်။
[ဒင်... ကံကြမ္မာတန်ဖိုး ၂၁၂၇၆၊ သက်တမ်း ၀၊ ကျင့်ကြံခြင်းတန်ဖိုး ၂၂၁၁၁၄၄ တိုးလာပါသည်... ဆုလာဘ်- တိုက်ခိုက်ရေးသိုင်း “ဧရာမလူရိုင်းလက်သီး” တစ်ခု ရရှိပါသည်]
စနစ်၏ အသံသည် ကျိုးယွမ်၏ စိတ်ထဲတွင် ထပ်မံ ပဲ့တင်ထပ်လာပြီး ထိုလူခြောက်ဦးထဲမှ တစ်ဦးသာ သေဆုံးသွားကြောင်း ပြသနေလေ၏။
ထိုလူခြောက်ဦးစလုံး သူ၏ လက်ညှိုးတိုက်ခိုက်မှုကို တစ်ပြိုင်နက်တည်း ခံလိုက်ရကြောင်း ကျိုးယွမ် မသိခဲ့ချေ။ အခြား ငါးဦးသည် ချက်ချင်း ဆံပင်ဖြူများ ပြောင်းသွားကြပြီး ရှေ့ဆုံးမှ လူမှာမူပြာအဖြစ် ပြောင်းလဲသွားလေသည်။
ထိုအခိုက်အတန့်တွင် လန်ယွဲ့ဂိုဏ်းနှင့် တောက်ပသောလမင်းခန်းမမှ လူများသည် ထိတ်လန့်သွားကြပြီး အချို့သည် လျှို့ဝှက်ကျင့်စဉ်များကို အသုံးပြုကာ အဝေးသို့ ထွက်ပြေးသွားကြလေသည်။
ယနေ့ ဖြစ်ပျက်ခဲ့သမျှသည် သူတို့အတွက် အလွန် ကြောက်မက်ဖွယ်ကောင်းလှပေသည်။
ထိပ်တန်း ကျင့်ကြံသူများသည် တစ်ဖက်လူ၏ လက်ညှိုးတစ်ချောင်းတည်းဖြင့် တစ်ယောက်ပြီးတစ်ယောက် သုတ်သင်ခံလိုက်ရလေသည်။
ဤထူးဆန်းသော နည်းစနစ်သည် သူတို့၏ နားလည်နိုင်စွမ်းထက် လုံးလုံးလျားလျား ကျော်လွန်နေပြီး ယနေ့ ဖြစ်ပျက်ခဲ့သမျှကို အိပ်မက်ထဲတွင်ပင် သူတို့ ဘယ်တော့မှ မမှတ်မိချင်ကြတော့ချေ။
အခန်း (၁၂၄) နှင်းနယ်မြေသို့ ပြန်လည်ခြေချခြင်း
တောအုပ်ထဲတွင် အာကာသလမ်းကြောင်းတစ်ခု ရုတ်တရက် ပေါ်လာပြီး ကျိုးယွမ်သည် ထိုလမ်းကြောင်းထဲမှ ထွက်ပေါ်လာလေ၏။
ကျိုးယွမ် ယိမ်းယိုင်သွားကာ သူ၏ ဝိညာဉ်သည် ပြင်းထန်သော နာကျင်မှုကြောင့် နှိပ်စက်ခံနေရပြီး အချိန်မရွေး သတိလစ်သွားနိုင်သည်ဟု ခံစားလိုက်ရလေသည်။
ကျိုးယွမ်က အမောတကော အသက်ရှူနေပြီး သူ၏ မျက်နှာမှာ ဖြူရော်နေသော်လည်း သူ သတိလစ်မသွားခဲ့ချေ။ ဤသည်က သူ့ကို အလွန် ဝမ်းမြောက်သွားစေလေသည်။
ထိုအချိန်တွင် ချင်ယောင်သည်လည်း ကျိုးယွမ်၏ ဘေးတွင် ပေါ်လာလေ၏။ ကျိုးယွမ် အချိန်ဖျက်ဆီးခြင်းကျင့်စဉ်ကို အသုံးပြုလိုက်သည့် ကြောက်မက်ဖွယ် မြင်ကွင်းကို သူ ယခုလေးတင် မြင်တွေ့ခဲ့ရခြင်း ဖြစ်သည်။
“ဒါက ဘယ်လို ကြောက်စရာကောင်းတဲ့ ကျင့်စဉ်မျိုးလဲ...”
အဘိုးချင်သည် ၎င်းကို နားမလည်နိုင်ခဲ့ချေ။ သူ၏ မှတ်ဉာဏ်ထဲတွင် ကျိုးယွမ် အသုံးပြုခဲ့သော ကျင့်စဉ်လောက် ကြောက်မက်ဖွယ်ကောင်းသည့် တိုက်ခိုက်ရေးသိုင်းမျိုး မရှိခဲ့ပေ။
ထိုအချိန်တွင် ကျိုးယွမ်သည် သူ၏ ဝိညာဉ်ကို စစ်ဆေးလိုက်ရာ သူ၏ ဝိညာဉ်စွမ်းအင်သည် လုံးလုံးလျားလျား ကုန်ခမ်းလုနီးပါး ဖြစ်နေပြီး ပုံမှန် အထွတ်အထိပ်စွမ်းအား၏ ဆယ်ပုံတစ်ပုံခန့်သာ ကျန်ရစ်တော့ကြောင်း တွေ့ရှိလိုက်ရလေသည်။
သူ သတိလစ်မသွားရခြင်းမှာ ဝိညာဉ်စွမ်းအင် အနည်းငယ် ကျန်ရစ်နေသေးသောကြောင့် ဖြစ်ကြောင်း သဘောပေါက်သွားသဖြင့် ကျိုးယွမ် စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်လေ၏။
ကျိုးယွမ်သည် သူ၏ စနစ် အချက်အလက်များကို စစ်ဆေးလိုက်လေသည်။
[ပိုင်ရှင်: ကျိုးယွမ်]
[ကျင့်စဉ်အဆင့်: အခြေတည်စိတ်ဝိညာဉ် အထွတ်အထိပ်အဆင့်: ၁၆၅၆၅၇၀၃/၆၀၀၀၀၀၀]
[သက်တမ်း: ၂၂/၃၆၂၁၂.၈]
[ပါရမီ: မျိုးရိုးဗီဇပြောင်း မိုးကြိုး ဝိညာဉ်သွေးကြော၊ မျိုးရိုးဗီဇပြောင်း မီး ဝိညာဉ်သွေးကြော၊ ပြုပြင်မွမ်းမံရန် စောင့်ဆိုင်းနေသော ဓာတ်သဘာဝမဲ့ ဝိညာဉ်သွေးကြောတစ်ခု]
[ကံကြမ္မာတန်ဖိုး: ၃၃၇၃၈၅]
[ကျွမ်းကျင်မှုများ: အလယ်အလတ်အဆင့် မီးတောက်မန္တန်၊ အဆင့်နိမ့် ဝိညာဉ်ဖမ်း ဝင်္ကပါ]
[အထူးစွမ်းရည်များ: မျက်နှာ တစ်ထောင် ကျင့်စဉ်၊ အချိန်ကိုဖျက်ဆီးခြင်း နည်းစနစ်၊ အရှိန်အဝါဖုံးကွယ်ခြင်း ကျင့်စဉ် (အဆင့် ၄)]
အလွန်များပြားလှသော ကျင့်ကြံခြင်းတန်ဖိုးများကို မြင်လိုက်ရချိန်တွင် ကျိုးယွမ်၏ မျက်ခွံများ မထိန်းချုပ်နိုင်ဘဲ လှုပ်ရွသွားလေ၏။
“စနစ်... ဘာဖြစ်လို့ ငါ နတ်ဘုရားအသွင်ပြောင်းအဆင့်ကို မရောက်သေးတာလဲ...”
[ပိုင်ရှင်... ပိုင်ရှင်ရဲ့ ကျင့်ကြံခြင်းအဆင့်က လုံလောက်ပေမယ့် ပိုင်ရှင့်ရဲ့ ဝိညာဉ်က အလွန် အားနည်းနေပါတယ်..အခြေတည်စိတ်ဝိညာဉ်ကနေ အဆင့်ကနေ နတ်ဘုရားအသွင်ပြောင်းအဆင့်ကို တက်လှမ်းဖို့အတွက် မူလဝိညာဉ်ကို နတ်ဘုရားစိတ်ဝိညာဉ်အဖြစ် အသွင်ပြောင်းဖို့ လိုအပ်ပါတယ်]
[အခြေတည်စိတ်ဝိညာဉ်က ခန္ဓာကိုယ်ကနေ ထွက်ခွာနိုင်ပေမယ့် အချိန်အကြာကြီး ခွဲထွက်နေလို့ မရပါဘူး... သို့ပေမယ့် မူလဝိညာဉ်ကတော့ ကွာခြားပါတယ်... သူက အခြေတည်စိတ်ဝိညာဉ်ထက် အများကြီး ပိုအားကောင်းပြီး သီးခြားတိုက်ခိုက်နိုင်စွမ်း ရှိပါတယ်]
[မူလဝိညာဉ်က သူ့ရဲ့ တိုက်ခိုက်ရေးစွမ်းအားကို မြှင့်တင်ဖို့အတွက် မူလဝိညာဉ်နဲ့ သက်ဆိုင်တဲ့ ကျင့်စဉ်တွေကို တိုက်ရိုက် ကျင့်ကြံနိုင်ပါတယ်]
[နတ်ဘုရားအသွင်ပြောင်းအဆင့်ကို မတက်လှမ်းနိုင်ရတဲ့ နောက်ထပ် အကြောင်းရင်းတစ်ခုကတော့ ပိုင်ရှင့်မှာ ဓာတ်သဘာဝ မဖြည့်သွင်းရသေးတဲ့ ဓာတ်သဘာဝမဲ့ ဝိညာဉ်သွေးကြော ရှိနေသေးလို့ပဲ ဖြစ်ပါတယ်... ဒါကြောင့် ခန္ဓာကိုယ်တွင်းမှာ စွမ်းအင် မညီမျှမှုတွေ ဖြစ်ပေါ်စေပြီး အဆင့်တက်လှမ်းခြင်းကို တားဆီးနေတာ ဖြစ်ပါတယ်]
စနစ်၏ အသံကို ကြားပြီးနောက် ကျိုးယွမ်သည် နားလည်ကြောင်း ပြသသည့်အနေဖြင့် ခေါင်းညိတ်လိုက်လေ၏။
ကြည့်ရသည်မှာ ယခုမှစ၍ သူ၏ ဝိညာဉ်စွမ်းအင်ကို အားဖြည့်ရန် အာရုံစိုက်ဖို့ လိုအပ်ပေမည်။
အကယ်၍ ဝိညာဉ်ကြောင့်သာ နောက်ကျကျန်ခဲ့မည်ဆိုပါက သူ သေသည်အထိ နောင်တရနေလိမ့်မည်။
ထို့ပြင် သူသည် နောက်ဆုံး ဓာတ်သဘာဝမဲ့ ဝိညာဉ်သွေးကြောအတွက် ဆုံးဖြတ်ချက် မချရသေးချေ။
“စနစ်... လွတ်လပ်ပျော်ရွှင်ခြင်း ဘိုးဘေးနဲ့ တောက်ပသောလမင်း ဘိုးဘေးတို့ကို သတ်ဖြတ်လို့ရတဲ့ ကျင့်ကြံခြင်းတန်ဖိုးက ဘာဖြစ်လို့ ငါးသန်းတည်း ဖြစ်နေရတာလဲ... ဒီထက် ပိုမြင့်သင့်တာ မဟုတ်ဘူးလား...”
[ပိုင်ရှင်... ဒါက အကန့်အသတ်ပါပဲ... အခုကစပြီး ကျင့်ကြံခြင်းတန်ဖိုး ၅ သန်းထက် ကျော်လွန်တဲ့ ဘယ်သူ့ကို သတ်သတ် ၅ သန်းပဲ ရရှိမှာ ဖြစ်ပါတယ်]
[သေချာတာပေါ့... အနာဂတ်မှာ ပိုင်ရှင့်ရဲ့ ကျင့်စဉ်အဆင့် တိုးတက်လာတာနဲ့အမျှ စနစ်ကိုလည်း အဆင့်မြှင့်တင်သွားမှာဖြစ်ပြီး ဒီအများဆုံးတန်ဖိုးကို ကျော်လွန်သွားပါလိမ့်မယ်]
ကျိုးယွမ် ဆွံ့အသွားလေသည်။ စနစ်က သူ့ကို အမြဲတမ်း ကစားနေသည်ဟု ခံစားရသော်လည်း သူ ဘာမျှမတတ်နိုင်ချေ။
ကျိုးယွမ်က သက်ပြင်းချလိုက်ပြီး အဘိုးချင်ကို ပြန်သွားရန် ပြောလိုက်ကာ ရွှေရောင်ရေနဂါးပျံကို သူ့အား ကာကွယ်ရန် စေလွှတ်လိုက်လေ၏။
ရွှေရောင်ရေနဂါးပျံထံမှ ထွက်ပေါ်နေသော ကြောက်မက်ဖွယ်ကောင်းသည့် အရှိန်အဝါသည် မည်သည့် မိစ္ဆာသားရဲကိုမျှ ကျိုးယွမ်အနီးသို့ မချဉ်းကပ်ဝံ့အောင် တားဆီးထားလေသည်။
ထို့နောက် ကျိုးယွမ်သည် နေရာတွင်ပင် တင်ပျဉ်ခွေထိုင်ကာ ငါးရက်တိုင်တိုင် ကျင့်ကြံပြီးနောက်မှ သူ၏ မျက်လုံးများကို ဖွင့်လိုက်လေတော့သည်။
နဂါးတောင်နယ်မြေတစ်ခုလုံး ကမောက်ကမ ဖြစ်သွားပြီဆိုသည်ကို ကျိုးယွမ် မသိခဲ့ချေ။
ရက်အနည်းငယ်အတွင်းမှာပင် လွတ်လပ်ပျော်ရွှင်ခြင်း ဘိုးဘေးနှင့် တောက်ပသောလမင်း ဘိုးဘေးတို့ သေဆုံးသွားသည့် သတင်းက နဂါးတောင်နယ်မြေ တစ်ခုလုံးသို့ ပျံ့နှံ့သွားလေ၏။
လွတ်လပ်ပျော်ရွှင်ခြင်းခန်းမကို ဂိုဏ်းအချို့က ပစ်မှတ်ထားကာ ထိုနေရာတွင် ပြင်းထန်စွာ တိုက်ခိုက်ကြပြီး ကျန်ရစ်နေသော လွတ်လပ်ပျော်ရွှင်ခြင်းခန်းမ၏ တပည့်များအားလုံးကို သုတ်သင်ပစ်လိုက်ကြလေသည်။
တောက်ပသောလမင်းခန်းမသည် နဂါးတောင်နယ်မြေနှင့် ပတ်သက်သော မည်သည့် ကိစ္စရပ်တွင်မျှ ပါဝင်ပတ်သက်ခြင်းမပြုရန် ငြင်းဆိုကာ နှစ်တစ်ရာတိုင်တိုင် တံခါးပိတ်မည်ဟု တိုက်ရိုက် ကြေညာလိုက်လေ၏။
လန်ယွဲ့ဂိုဏ်းကမူ မည်သည့် တပည့်မျှ နဂါးတောင်နယ်မြေ၏ မြောက်ပိုင်းနယ်စပ်သို့ ဝင်ရောက်ခွင့် မပြုကြောင်း ကြေညာလိုက်လေသည်။
နေရာပြောင်းရွှေ့အစီအရင်ဖြင့် အဝေးသို့ ပို့ဆောင်ခံခဲ့ရသော နတ်ဆိုးကောင်းကင်ဂိုဏ်းမှ တပည့်အချို့ သေဆုံးသွားခဲ့ကြသည်။ သူတို့အားလုံးသည် အဓိက အင်အားစုသုံးခုမှ လူများ၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရခြင်း ဖြစ်သည်။
နတ်ဆိုးကောင်းကင်ဂိုဏ်း၏ တပည့်များကို အသုံးပြုကာ တိုက်ခိုက်မှုများကို ဆွဲဆောင်သည့် နည်းဗျူဟာမှာ အတိုင်းအတာတစ်ခုအထိ အလုပ်ဖြစ်ခဲ့သော်လည်း အလွန်အမင်း ထိရောက်မှု မရှိခဲ့ချေ။
နတ်ဆိုးကောင်းကင်ဂိုဏ်းမှ ကျန်ရစ်နေသော တပည့်များသည် ဂိုဏ်းသို့ ပြန်လာကြပြီး မိမိတို့ဆန္ဒအလျောက် ပြန်လည် တည်ဆောက်ခဲ့ကြလေသည်။
ဘိုးဘေး ဓားတစ်ရာမိစ္ဆာသခင်နှင့် သူ၏ အဖွဲ့သည် ကမ္ဘာငယ်လေးတစ်ခုအတွင်း ပုန်းအောင်းနေခဲ့ကြသော်လည်း ဘိုးဘေး ဓားတစ်ရာ မိစ္ဆာသခင်၌ အရန်အစီအစဉ် ရှိနေသေးသည်။ ယင်းမှာ နှင်းနယ်မြေအတွင်းရှိ နှင်းပြိုမြို့ပင် ဖြစ်သည်။
စတုတ္ထမြောက်နေ့တွင် နှင်းနယ်မြေအတွင်းရှိ နှင်းပြိုမြို့မှတစ်ဆင့် ဘိုးဘေး ဓားတစ်ရာ မိစ္ဆာသခင်သည် လျှို့ဝှက် သတင်းအချက်အလက်အချို့ကို ရရှိခဲ့ရာ ထိုအချက်အလက်များက ဘိုးဘေး ဓားတစ်ရာ မိစ္ဆာသခင်နှင့် သူ၏ နောက်လိုက်များကို မှင်တက်သွားစေခဲ့လေသည်။
ရက်အနည်းငယ်ကြာပြီးနောက် ဘိုးဘေး ဓားတစ်ရာ မိစ္ဆာသခင်နှင့် အခြားသူများသည် ထိုကမ္ဘာငယ်လေးထဲမှ ထွက်လာကြပြီး နတ်ဆိုးကောင်းကင်ဂိုဏ်းရှိ ပျက်စီးယိုယွင်းမှုများကို မြင်သောအခါ အလွန်အမင်း ခံစားသွားကြရလေ၏။
ထို့နောက် သေချာပေါက်ပင် ဘာတွေ ဖြစ်ခဲ့သလဲဆိုတာကို သူတို့ ရှာဖွေသိရှိချင်ခဲ့ကြသည်။
လွတ်လပ်ပျော်ရွှင်ခြင်း ဘိုးဘေးနှင့် တောက်ပသောလမင်း ဘိုးဘေးတို့ ဘာဖြစ်လို့ သေဆုံးသွားရသနည်း။
ဘိုးဘေး ဓားတစ်ရာ မိစ္ဆာသခင်နှင့် အခြားသူများ၌ ရေရာမှုမရှိသော သံသယအချို့ ရှိနေခဲ့သော်လည်း ထိုအတွေးမှာ သူတို့ တွေးတောရန်ပင် အလွန် ရူးသွပ်လွန်းလှပေသည်။
ထို့ကြောင့် ကျိုးယွမ်ကို ရှာဖွေခြင်းသည် နတ်ဆိုးကောင်းကင်ဂိုဏ်း တစ်ခုလုံးအတွက် အရေးကြီးဆုံးတာဝန် ဖြစ်လာလေ၏။
သို့သော် ထိုအချိန်မှစ၍ လူအများအပြားသည် ကျိုးယွမ်၏ သတင်းကို ဘယ်သောအခါကမှ ထပ်မကြားရတော့ချေ။
ထို့နောက် ကျိုးယွမ်သည် နတ်ဆိုးကောင်းကင်ဂိုဏ်းသို့ တိတ်တဆိတ် ပြန်လာခဲ့ပြီး ရာထူးကြီးမားသော အဖွဲ့ဝင် အနည်းငယ်သာ ထိုအကြောင်းကို သိရှိခဲ့ကြလေသည်။
ငါးရက်တိုင်တိုင် ကျင့်ကြံပြီးနောက် ကျိုးယွမ်သည် သူ၏ ဝိညာဉ်စွမ်းအင်မှာ မူလအဆင့်၏ သုံးပုံတစ်ပုံခန့်အထိ ပြန်လည် နာလန်ထူလာပြီဟု နောက်ဆုံးတွင် ခံစားလိုက်ရပြီး စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်လေ၏။
သူ့ဝိညာဉ်သည် အားနည်းနေသေးသည်ဟု ခံစားရသော်လည်း အနည်းဆုံးတော့ စူးရှသော နာကျင်မှုကို မခံစားရတော့ချေ။
ကျိုးယွမ်သည် သူ၏လက်ကို ဝှေ့ယမ်းလိုက်ပြီး လွတ်လပ်ပျော်ရွှင်ခြင်း ဘိုးဘေးနှင့် တောက်ပသောလမင်း ဘိုးဘေးတို့ထံမှ ရရှိသော သိုလှောင်လက်စွပ် နှစ်ကွင်းကို ထုတ်ယူလိုက်လေ၏။
သူသည် လူလေးဦးကို သတ်ဖြတ်ခဲ့သော်လည်း သိုလှောင်လက်စွပ် နှစ်ကွင်းသာ ရရှိခဲ့သည်။ ကျန်ရှိသော လက်စွပ်နှစ်ကွင်းကို ကောက်ယူရန် သူ အချိန်မရခဲ့ချေ။
ကျိုးယွမ်၏ နတ်ဘုရားစိတ်ဝိညာဉ်အာရုံသည် လွတ်လပ်ပျော်ရွှင်ခြင်း ဘိုးဘေး၏ သိုလှောင်လက်စွပ်အတွင်းသို့ စီးဝင်သွားရာ သူ၏ မျက်လုံးများ ချက်ချင်း တောက်ပသွားလေ၏။ ဤအဘိုးအိုသည် တကယ်ကို ချမ်းသာလှပေသည်။
အလယ်အလတ်အဆင့် စိတ်ဝိညာဉ်ကျောက်တုံး ဆယ်သန်းကျော်၊ အဆင့်မြင့် စိတ်ဝိညာဉ်ကျောက်တုံး နှစ်သိန်းခန့်နှင့် ထိပ်တန်းအဆင့် စိတ်ဝိညာဉ်ကျောက်တုံး ရာဂဏန်းအချို့ ပါဝင်ပေသည်။
ထို့ပြင် မရေမတွက်နိုင်သော ကျင့်စဉ်များ၊ တိုက်ခိုက်ရေးသိုင်းများနှင့် ဆေးလုံးများလည်း ပါဝင်လေသည်။
ကျိုးယွမ်သည် ၎င်းတို့ကို တစ်ချက် ဝေ့ကြည့်လိုက်ပြီးနောက် တောက်ပသောလမင်း ဘိုးဘေး၏ သိုလှောင်လက်စွပ်ဆီသို့ အာရုံလွှဲလိုက်လေ၏။
မျှော်လင့်ထားသည့်အတိုင်းပင် ကျိုးယွမ် စိတ်ပျက်မသွားခဲ့ချေ။ သူသည် လွတ်လပ်ပျော်ရွှင်ခြင်း ဘိုးဘေးလောက် မချမ်းသာသော်လည်း ကွာဟချက်မှာ အလွန်အမင်း မကြီးမားလှပေ။
သေချာသည်မှာ ဤအဘိုးအိုများသည် ချမ်းသာကြပေသည်။ အကယ်၍ ဓားပြတိုက်မည်ဆိုပါက ဤအဘိုးအိုများကိုသာ အထူး ပစ်မှတ်ထားသင့်သည်။
သူတို့သည် အိုမင်းလာပြီဖြစ်ပြီး သူတို့၏ ပိုက်ဆံများကို အကုန်မသုံးနိုင်တော့သဖြင့် မျိုးဆက်သစ်များအတွက် တစ်စိတ်တစ်ပိုင်း ပေးကမ်းသင့်ပေသည်။
ကျိုးယွမ်သည် အလွန် ဝမ်းမြောက်သွားလေ၏။ ထို့နောက် သူသည် သူ၏ ရုပ်သွင်ကို ပြောင်းလဲလိုက်ပြီး အသက် လေးဆယ်အရွယ် အမျိုးသားတစ်ဦးအဖြစ် ဟန်ဆောင်ကာ တောအုပ်ထဲမှ ထွက်ခွာသွားလေသည်။
ကျိုးယွမ်သည် လန်ယွဲ့ဂိုဏ်းနှင့် တောက်ပသောလမင်းခန်းမတို့၏ အခြေအနေကို စုံစမ်းရန် ပထမဆုံး ထွက်သွားခဲ့ပြီးနောက် နောက်ဆုံးတွင် စိတ်သက်သာရာ ရသွားလေ၏။
သူသည် လန်ယွဲ့ဂိုဏ်းနှင့် တောက်ပသောလမင်းခန်းမကို ဖျက်ဆီးပစ်ရန် ဘယ်သောအခါကမှ မရည်ရွယ်ခဲ့ချေ။ နတ်ဆိုးကောင်းကင်ဂိုဏ်း၏ လက်ရှိအင်အားသည် ထိုအင်အားကြီးနှစ်ခုကို ရင်ဆိုင်ရန် လုံလောက်နေပြီ ဖြစ်သည်။
ပြိုင်ဆိုင်မှုသည် တိုးတက်မှုအတွက် အလွန် အရေးကြီးပေသည်။ နတ်ဆိုးကောင်းကင်ဂိုဏ်း၏ လွှမ်းမိုးမှုသည် ကောင်းသော အရာမဟုတ်ချေ။ ဆန့်ကျင်ဘက်အားဖြင့် ယင်းက ဂိုဏ်း၏ ပျက်စီးခြင်းကိုပင် ဖြစ်စေနိုင်ပေသည်။
ကျိုးယွမ်သည် လွတ်လပ်ပျော်ရွှင်ခြင်းခန်းမတွင် အလွန် ရှေးကျသော စာအုပ်တစ်အုပ်ကို တွေ့ရှိခဲ့ရာ ၎င်းတွင် တောက်ပသောလမင်းခန်းမ၊ လန်ယွဲ့ဂိုဏ်းနှင့် နတ်ဆိုးကောင်းကင်ဂိုဏ်းတို့ကဲ့သို့သော ဂိုဏ်းများ၏ မူလဇာစ်မြစ်များကို အကျဉ်းချုံး မှတ်တမ်းတင်ထားလေသည်။
ဤဂိုဏ်းတစ်ခုစီ၏ နောက်ကွယ်တွင် အခြားနယ်မြေတစ်ခုမှ အရိပ်အယောင်တစ်ခုရှိနေပြီး သူတို့ တစ်ခုစီတိုင်း၌ သူတို့ကို ထောက်ခံအားပေးနေသူ တစ်ယောက် ရှိနေကြပေသည်။
ဤဂိုဏ်းများအားလုံး ပြိုလဲသွားပါက နောက်ကွယ်မှ လူများ ထွက်ပေါ်လာမည်ဖြစ်ပြီး ယင်းက နဂါးတောင်နယ်မြေအတွက် ကောင်းမည် မဟုတ်ချေ။
နဂါးတောင်နယ်မြေ တစ်ခုလုံးရှိ အခြေအနေကို သေချာစွာ စုံစမ်းပြီးနောက် ကျိုးယွမ်က ချက်ချင်း စိတ်သက်သာရာ ရသွားလေ၏။ ထို့နောက် နှင်းနယ်မြေဆီသို့ ဦးတည်ရာ လမ်းကြောင်းကို သိရှိပြီးနောက် သူသည် ထိုနေရာသို့ ချက်ချင်း ထွက်ခွာသွားလေတော့သည်။
ဆယ်ရက် ကြာပြီးနောက် ကျိုးယွမ်သည် နှင်းပြိုမြို့သို့ ပြန်လည်ရောက်ရှိလာခဲ့သည်။
ကျိုးယွမ်၏ ယခင် လည်ပတ်မှုနှင့် နှိုင်းယှဉ်ပါက နှင်းပြိုမြို့သည် များစွာ ပိုမို တိတ်ဆိတ်နေလေ၏။
အကြောင်းရင်းမှာ နတ်ဆိုးကောင်းကင်ဂိုဏ်းမှ တပည့်အားလုံးနီးပါး ဂိုဏ်းကို ပြန်လည်တည်ဆောက်နေကြပြီး မည်သူတစ်ဦးတစ်ယောက်မျှ နှင်းနယ်မြေသို့ မလာကြသောကြောင့်ဖြစ်သည်။
နှင်းပြိုမြို့တွင် တစ်ရက်လုံး အနားယူပြီးနောက် ကျိုးယွမ်သည် နှင်းပြိုမြို့မှ ထွက်ခွာသွားလေ၏။
နှင်းပြိုမြို့၏ တံခါးဝတွင်ရပ်ရင်း ကျိုးယွမ်၏ မျက်လုံးများတွင် အနည်းငယ် တွန့်ဆုတ်နေသည့် အရိပ်အယောင်များ ပေါ်လွင်နေလေသည်။ ဤခြေလှမ်းကို လှမ်းပြီးနောက် သူ ပြန်လာရန် အခွင့်အရေး ရနိုင်ဦးမည်လား ဆိုသည်ကို သူ မသိခဲ့ချေ။
“နှုတ်ဆက်ပါတယ်... နတ်ဆိုးကောင်းကင်ဂိုဏ်း...”
“နှုတ်ဆက်ပါတယ်... နှင်းပြိုမြို့...”