← Chapters

သေပြီးသားလူတွေနဲ့ ဘာဆွေးနွေးရဦးမှာလဲ

Vol. 25 Ch. 358

သေပြီးသားလူတွေနဲ့ ဘာဆွေးနွေးရဦးမှာလဲ

Vol. 25 Ch. 358

အခန်း (၃၅၈) သေပြီးသားလူတွေနဲ့ ဘာဆွေးနွေးရဦးမှာလဲ

မော့ကျန်းသုန့်က တိတ်ဆိတ်ငြိမ်သက်စွာပင် ရေတွင်းပျက်ကြီးကို ကြည့်နေသည်။

ရေတွင်းပျက်ကြီးက နက်ရှိုင်းပြီး ကြောက်မက်ဖွယ်ရာဖြစ်သလို မရဏလောကနှင့် ချိတ်ဆက်ထားသည့် သေးငယ်သောအက်ကွဲကြောင်းလေးတစ်ခု ဖြစ်ပေါ်နေသည်။

ထိုနေရာမှ မရဏသားရဲတစ်ကောင်ခန့် ထွက်လာနိုင်ခြေရှိသေးသည်။

သို့သော် ထိုအချက်က ပြဿနာ မဟုတ်ပေ။

မော့ကျန်းသုန့်က တောအုပ်တစ်ဖက်ဆီသို့ အသာလှမ်းကြည့်လိုက်ရင်း ခပ်တိုးတိုးလေသံဖြင့်…

"အရင်ကဆိုရင်တော့ ခွန်လွန်တောင်က ဒီလိုကိစ္စတွေကို မျက်ကွယ်ပြုထားလိမ့်မယ် ၊ ဒါပေမဲ့ အခုတော့ အခြေအနေတွေက မတူတော့ဘူး ၊ မတည်မငြိမ်ဖြစ်စေမယ့်အရာတွေအားလုံးကို ကျုပ်တို့က ချေမှုန်းပစ်ရမှာပဲ"

သူ့စကားဆုံးသွားသည်နှင့် အဖြူရောင်ဝတ်ဆင်ထားသည့် နတ်လူသားမျိုးနွယ်လူရွယ်က လေထဲသို့ ပျံသန်းထွက်ပေါ်လာသည်။

သူက လေထဲတွင် မတ်တတ်ရပ်ရင်း…

"ခွန်လွန်တောင် ၊ အဓိကတောင်ထွတ်ကြီး (၉)ခုက တောင်သခင်တွေက တကယ်ထူးခြားတာပဲ ၊ အရင်က ခွန်လွန်တောင်က ဒီလောက် အင်အားမကြီးပါဘူး ၊ မင်းတို့တွေ ခွန်လွန်တောင်ကို သိမ်းပိုက်ပြီးတဲ့နောက်မှာ အရာအားလုံးက ပြောင်းလဲသွားတာပဲ"

သူက မော့ကျန်းသုန့်ကို လှမ်းကြည့်လိုက်ပြီး…

"ဒါပေမယ့် ကျုပ်သိချင်တာနဲ့ပတ်သက်ပြီး အဖြေကို အခုပဲ သိလိုက်ရပါပြီ ၊ ဒီတော့ ကျုပ်က တောင်သခင်ကို အကြံတစ်ခုပေးချင်ပါတယ် ၊ အနာဂတ်မှာ ကျုပ်တတ်နိုင်တာ…"

"ဟူး…"

နတ်လူသားမျိုးနွယ်မှာ သူ့စကားပင် ဆုံးအောင်မပြောလိုက်နိုင်ပေ။

မမြင်ရသည့် လက်ကြီးတစ်ဖက်က သူ့ထံရောက်ရှိလာပြီး သူ၏ ခန္ဓာကိုယ်တစ်ခုလုံးကို ဖမ်းဆုပ်လိုက်သောကြောင့် ဖြစ်သည်။

လက်ကြီးက ထိုသူ၏ ခန္ဓာကိုယ်ကို ဆုပ်ညှစ်ပစ်လိုက်သည်။

"ဘန်း"

နတ်လူသားမျိုးနွယ်၏ ခန္ဓာကိုယ်တစ်ခုလုံး ကြေမွသွားပြီး မော့ကျန်းသုန့်၏ လက်ချောင်းများအတွင်းမှ သွေးများ စီးကျလာ၏။

မော့ကျန်းသုန့်က သူ့လက်ကို ဖြည်းညင်းစွာ ရုတ်သိမ်းလိုက်သည်။ သူက တစ်ဖက်လူ၏ အဓိပ္ပါယ်မရှိသည့်စကားများကို နားထောင်ရန် ရည်ရွယ်ချက် မရှိပေ။

နတ်လူသားမျိုးနွယ်လူရွယ်မှာ ခန္ဓာကိုယ်တစ်ခုလုံး အမှုံ့ဖြစ်သွားပြီး သွေးရောင်လွှမ်းသည့်ဝတ်ရုံဖြူသည် မြေပြင်ထက်သို့ ပြုတ်ကျသွားသည်။

အဖြူရောင်ဝတ်လူရွယ်မှ တစ်ချက်ပင်တိုက်ခိုက်ခွင့်မရလိုက်ဘဲ မော့ကျန်းသုန့်၏ တစ်ဖက်သတ် သတ်ဖြတ်ခြင်းကို ခံခဲ့ရသည်ပင်။

နတ်လူသားမျိုးနွယ်လူရွယ်မှာ အစပိုင်းတွင် နတ်မိစ္ဆာများနှင့် ပူးပေါင်းရန် အစီအစဉ်မရှိသော်လည်း နောက်ပိုင်းတွင် အတူတကွပူးပေါင်းပြီး ခွန်လွန်တောင်ကို ဒုက္ခပေးရန် စီစဉ်ခဲ့သည်။

ယခုတော့ မော့ကျန်းသုန့်လက်ချက်ဖြင့် အသက်ပျောက်ခဲ့ရပေပြီး

ထိုခဏတွင်…

မော့ကျန်းသုန့် နောက်လှည့်ကြည့်လိုက်သည့်အခါ လူ (၃)ယောက် သူ့အနားချဉ်းကပ်လာသည်ကို တွေ့လိုက်ရသည်။ သူတို့၏ ခန္ဓာကိုယ်များတွင် သွေးများစွန်းထင်းပေကျံလျှက် ပြင်းထန်သည့် တိုက်ပွဲတစ်ခု ဆင်နွှဲလာကြဟန် ရှိသည်။

မော့ကျန်းသုန့်က လက်ကိုပြန်လည်ရုတ်သိမ်းလိုက်ပြီး ထိုသူ (၃)ယောက်ကို စိုက်ကြည့်လိုက်သည်။

"မင်းတို့တွေ ဘာလို့ ဒီကိုရောက်လာကြတာလဲ"

သူ၏အသံက တည်ငြိမ်နေပြီး အေးစက်သည့်အရိပ်အငွေ့အနည်းငယ် ပါဝင်နေသည်။

"ကလန်"

အဋ္ဌမမင်းသားလက်ထဲမှ လှံရှည်မှာ မြေပြင်ထက်ပြုတ်ကျသွား၏။

နဝမတောင်ထွတ်မှ တောင်သခင်နှင့် သူ ထပ်ဆုံတွေ့ရပြန်ပြီ။ ကံကောင်းသည်မှာ ယခုတစ်ကြိမ် သူ့တစ်ယောက်တည်း မဟုတ်ခြင်း ဖြစ်သည်။

ကောင်ငယ်လေးမှာလည်း ထိတ်လန့်ပြီး နောက်သို့ ခြေနှစ်လှမ်းခန့် ဆုတ်သွားသည်။ သူ၏သားရဲပင်ကိုယ်သိစိတ်တွင် အကြောက်တရားများ ဖြစ်တည်လာခဲ့သည်။

လုကျန်းသည်ပင် လက်များအနည်းငယ်တုန်တုန်ယင်ယင် ဖြစ်သွားရသည်။

လုကျန်းက…

"ဆရာဦးလေး ၊ ကျွန်တော်တို့ မြေအောက်နတ်ဆိုးတွေနဲ့ တိုက်ခိုက်နေကြတာပါ ၊ တိုက်ခိုက်နေတုန်း ဒီနေရာက အလင်းရောင်တွေထွက်လာတာနဲ့ သူတို့ကို လွှတ်ပေးလိုက်ပြီး အခြေအနေလာကြည့်ကြတာပါ"

မော့ကျန်းသုန့်က မည်သည့်စကားမှ မပြောဘဲ ဘေးဘက်သို့ တစ်ချက်လှမ်းကြည့်လိုက်သည်။

ထို့နောက် သူ၏ခန္ဓာကိုယ်ကို တစ်ချက်လှုပ်ရှားလိုက်ပြီး အခိုးအငွေပအများအသွင်ဖြင့် ပျောက်ကွယ်သွားသည်။

"မင်းတို့ တောင်ပေါ်ပြန်ပြီး တိုက်ပွဲအကြောင်း သတင်းပို့လိုက်ကြ"

မော့ကျန်းသုန့်၏အသံကိုသာ ကြားလိုက်ရသည်။

လုကျန်းက ဦးညွှတ်အရိုအသေပြုလိုက်ရင်း…

"ဟုတ်ကဲ့ပါ ဆရာဦးလေး"

မော့ကျန်းသုန့် ထွက်ခွာသွားတော့မှ အဋ္ဌမမင်းသား စိတ်သက်သာရာရသွားပြီး သက်ပြင်းတစ်ချက် ချလိုက်သည်။ ယောက်ဖ၏ဆရာက ကြောက်စရာကောင်းလွန်းလှသည်။

ယနေ့ သူတစ်ယောက်တည်းသာဆိုလျှင် အကြောက်လွန်သွားနိုင်သည်။

ထိုစဉ်..

"အသုံးကို မကျဘူး ၊ ကြေက်တတ်လိုက်တာများ လှံတောင်လွတ်ကျတယ် ၊ ဒါလား မွေးရာပါအင်မော်တယ်"

ကောင်ငယ်လေးက လုန်မန်ကို လှောင်ပြောင်လိုက်သည်။

"မင်းရော ဘာထူးလဲ ၊ ကြောက်စရာကောင်းတဲ့ ချုန်ချီသားရဲကြီးဆိုပြီး ခြေနှစ်လှမ်းတောင် နောက်ဆုတ်သွားတာလေ ၊ ကျုပ်က ဂုဏ်ယူပေးရမှာလား"

အဋ္ဌမမင်းသားက မျက်နှာပြောင်ပြောင်ဖြင့်ပင် လှံကို ပြန်ကောက်ယူလိုက်သည်။ ယောက်ဖ၏ဆရာကို သူ ကြောက်ရွံ့သည်မှာ သဘာဝကျသည်ပဲ။ ဘာမှ ရှက်စရာမရှိပေ။

မကြောက်ကြသူများက အသက်ပျောက်နေကြပြီ မဟုတ်လား။

လုကျန်းက…

"အရမ်းတန်ခိုးစွမ်းအားမြင့်မားတာပဲ ၊ ကျုပ်သာ ဆရာဦးလေးနဲ့ တိုက်ခိုက်ခွင့်ရမယ်ဆိုရင် အရမ်းစိတ်လှုပ်ရှားစရာ ကောင်းမှာပဲ"

လုကျန်း၏နှုတ်ခမ်းများက တွန့်ကွေးကာ ပြုံးနေပြီး မျက်ဝန်းများက တလက်လက်တောက်ပလျှက်ရှိသည်။

အဋ္ဌမမင်းသားနှင့် ကောင်ငယ်လေးတို့ တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြသည်။ သူတို့ စကားပြောဘဲ စိတ်ထဲမှ အတွေးများ ဖလှယ်လိုက်ကြ၏။

"ရူးသွပ်နေတဲ့သူ"

လုကျန်းသည်လည်း သေရည်အသောက်လွန်ပြီး ရူးသွပ်သွားပြီထင်၏။

သို့တည်းမဟုတ်…

မော့ကျန်းသုန့်ကို အကြောက်လွန်ပြီး ရူးသွပ်သွားခြင်းများလေလား။

***

မြေအောက်နတ်ဆိုး (၂)ယောက်မှာ တောအုပ်ထဲမှ ထွက်ပြေးလာကြသည်။

ယခုပင် တန်ခိုးစွမ်းအားမြင့်မားလွန်းသူတစ်ယောက် တောအုပ်ထဲသို့ ဆင်းသက်လာသည်ကို ခံစားခဲ့ကြရသည် မဟုတ်ပါလား။

မိန်းကလေးဟန်ယွင်က…

"နတ်မိစ္ဆာတွေ ရူးသွားကြပြီထင်တယ်"

ဟန်ယန်က...

"အဲဒါ နတ်မိစ္ဆာတွေချည်းပဲမဟုတ်ဘူး ၊ သူတို့ဘက်က ကူညီတဲ့သူတွေလည်း ရှိရမယ် ၊ မရဏအငွေ့အသက်တွေ တကယ်ကြီးထွက်လာတာ မင်းလည်းမြင်တာပဲလေ ၊ ငါတို့သာဆိုရင် ခွန်လွန်တောင်က ရိပ်မိသွားအောင် အဲဒီလောက် ပေါ်တင်ကြီးလုပ်မှာ မဟုတ်ဘူး"

သူတို့ (၂)ယောက်မှာလည်း ထိတ်လန့်လျှက် ရှိကြသည်။

သူတို့သည်လည်း ပြဿနာဖြစ်သည့်နေရာနှင့် အနီးအပါးတွင်ရှိနေခဲ့လော ရန်သူလက်မှ လွတ်မြောက်နိုင်ပါမည်လား မပြောတတ်ပေ။

တစ်ဖက်လူက သူတို့ကို အရေးမစိုက်လျှင် ကေငာ်းမည်ဖြစ်သော်လည်း အရေးစိုက်လာခဲ့လျှင် သေချာပေါက် အသက်ပျောက်သွားနိုင်သည်။

ဟန်ယွင်က…

"အဲဒီပုဂ္ဂိုလ်က ကျွန်မတို့ကို လိုက်မရှာလောက်ဘူး မဟုတ်လား ၊ ပြီးတော့ ဟို အစစ်အမှန်အင်မော်တယ် ခွန်လွန်တပည့်လည်း မရှိလောက်တော့ဘူး ထင်တယ်"

သူတို့က ရေခဲပုစဉ်းရင်ကွဲတောအုပ်အပြင်သို့ ရောက်ရှိသွားကြသည့်တိုင် ခြေလှမ်းများကို မရပ်တန့်ရဲကြပေ။ သူတို့ လွတ်မြောက်အောင် ဆက်လက်ပြေးလွှားလျှက် ၇ှိကြသည်။

သူတို့ ခွန်လွန်တောင် ပတ်ဝန်းကျင်မှ ထွက်ခွာပြီး တတ်နိုင်သမျှ ဝေးဝေးသို့ ပြေးချင်ကြသည်။

ဟန်ယန်က နောက်သို့ လှည့်ကြည့်လိုက်ရင်း…

"အဓိက ပြဿနာက ကျုပ်တို့ရှိနေတာကို ခွန်လွန်တောင်ကလူတွေ သိသွားတာပဲ ၊ သူတို့နဲ့တောင် တိုက်ခိုက်ခဲ့ကြတာဆိုတော့ ၊ အခု ဘာဖြစ်မလဲဆိုတာ မပြောနိုင်တော့ဘူး"

"မြေအောက်ရှိုးပြီး ပြေးရအောင်"

ပြောပြီးသည်နှင့် ဟန်ယွင်က မြေအောက်သို့ ချက်ချင်း ဝင်ရောက်သွားသည်။ မြေအောက်ရှိုးပြီးပြေးခြင်းက ပိုမိုအန္တရယ်ကင်းမည် မဟုတ်ပါလား။

သို့သော် သူတို့ မြေအောက်သို့ မရောက်မီမှာပင် ကြီးမားပြင်းထန်လှသည့် တန်ခိုးစွမ်းအားကြီးတစ်ခုက မြေပြင်ထက်သို့ ကျရောက်လာပြီး သူတို့ကို မြေကြီးအောက်မျ တွန်းထုတ်ပစ်လိုက်သည်။

ဟန်ယန်နှင့် ဟန်ယွင် ထိတ်လန့်တုန်လှုပ်သွားကြပြီး ခုခံရန် ကြိုးစားလိုက်ကြသည်။ သို့သော် ရုတ်တရက်ထွက်ပေါ်လာသည့် ပြင်းထန်လှသောတန်ခိုးစွမ်းအားကို ခုခံရန် မဖြစ်နိုင်ခဲ့ပေ။

သူတို့အဖြစ်က နေနှင့်လကို ယှဉ်ပြိုင်ရန် ကြိုးစားနေသည့် ပိုးစုန်းကြူးတစ်ကေင်ပမာ ဖြစ်သည်။

"ဘန်း"

သူတို့ (၂)ယေက်မှာ ကူရာကယ်ရာမဲ့စွာဖြင့်ပင် မြေကြီးထဲမှ တွန်းထုတ်ခံလိုက်ရပြီး လေထဲဝဲပျံကာ မြေပြင်ထက်သို့ အရှိန်ဖြင့် ပြုတ်ကျသွားကြသည်။

"ဒုန်း"

သူတို့ (၂)ယောက် မြေပြင်ထက်မှ လူးလဲထလိုက်ကြသည်။

ဟန်ယန်က တုံ့ဆိုင်းမနေဘဲ ချက်ချင်းပင် လျှို့ဝှက်တန်ခိုးစွမ်းအားတစ်ခုကို အသုံးပြုပြီး မြေအောက်ပြိတ္တာကြီးတစ်ကောင်ကို ဆင့်ခေါ်လိုက်သည်။

ထိုအချိန် ကောင်းကင်ထက်မှ လူတစ်ယောက်ဆင်းသက်လာသည်ကို သူတို့ တွေ့မြင်လိုက်ရသည်။

ထိုသူက အေးဆေးတည်ငြိမ်ဟန်ရှိသည့် လူရွယ်တစ်ယောက်ဖြစ်သည်။

နဝမတောင်ထွတ်၏တောင်သခင် မော့ကျန်းသုန့်။

ထိုသူကို တွေ့လိုက်သည်နှင့် ဟန်ယန်နှင့် ဟန်ယွင်တို့မှာ နောက်သို့အနည်းငယ် ဆုတ်မိသွားကြသည်။

ထိုအချိန် သူတို့ဆင့်ခေါ်ထားသည့် မြေအောက်ပြိတ္တာကြီးက သူတို့နောက်တွင် ရှိနေပြီး တိုက်ခိုက်ရန်အတွက် တန်ခိုးစွမ်းအားများကို စုစည်းနေသည်။

ထိုသတ္တဝါကြီးက သူတို့လွတ်မြောက်ရန်အတွက် နောက်ဆုံး အားကိုးရာဖြစ်သည်။

ဟန်ယန်က မော့ကျန်းသုန့်ကို လှမ်းကြည့်လိုက်ပြီး…

"အကြီးအကဲ ၊ ကျုပ်တို့ကြားမှာ နားလည်မှုလွဲတာဖြစ်မှာပါ"

မော့ကျန်းသုန့် က ဟန်ယန်၏ စကားကို အရေးမစိုက်ပေ။ သူတို့ကြားတွင် နားလည်မှုလွဲခြင်းက မည်သည့်အခြေအနေကို ဦးတည်စေနိုင်ပါသနည်း။

မော့ကျန်းသုန့်၏ အကြည့်များက အနောက်ဆီမှ ကြီးမားသည့် မြေအောက်ပြိတ္တာကြီးဆီသို့ ကျရောက်သွားသည်။ ထိုသတ္တဝါကြီးက တန်ခိုးစွမ်းအားများကို စုစည်းနေလေ၏။

မော့ကျန်းသုန့်က…

"ဒီနေရာမှာတော့ မင်းတို့တွေ တန်ခိုးစွမ်အားအများကြီး စုစည်းလို့ရနိုင်မယ်မထင်ဘူး"

မြေအောက်ပြိတ္တာကြီး၏ မျက်လုံးများက တစ်လက်လက် တောက်ပလာသည်။

သူက မော့ကျန်းသုန့်ကို ကြည့်လိုက်ပြီး ပါးစပ်ကိုဟကာ စကားပြောလိုက်သည်။

"ကျုပ်တို့ ဆွေးနွေးကြည့်နိုင်ပါတယ် ၊ ဖြစ်နိုင်စရာက…"

"ဘန်း"

မမြင်ရသောလက်တစ်ဖက်က မြေအောက်နတ်ဆိုး (၂)ယောက်နှင့် ထိုကြီးမားသည့် မြေအောက်ပြိတ္တာကြီးကိုပါ ဖမ်းယူဆွဲညှစ်ပစ်လိုက်သည်။

စုစည်းထားသည့် တန်ခိုးစွမ်းအားများ ပြိုကွဲသွားပြီး သွေးများက နေရာအနှံ့သို့ စီးဆင်းသွားသည်။ မြေအောက်နတ်ဆိုးများနှင့် မြေအောက်မိစ္ဆာကြီးမှ တစ်စစီကြေမွကာ ပျောက်ကွယ်သွားကြသည်။

မော့ကျန်းသုန့်က လက်ကို ပြန်လည်ရုတ်သိမ်းလိုက်၏။

သူက အစိတ်စိတ်အမွှာမွှာ ကွဲကြေသွားသည့် မြေအောက်ပြိတ္တာကြီးကို ကြည့်လိုက်ပြီး နက်ရှိုင်းသည့်လေသံဖြင့် ပြောလိုက်သည်။

"သေပြီးသားလူတွေနဲ့ ဘာဆွေးနွေးရဦးမှာလဲ"

ထို့နောက် မော့ကျန်းသုန့် လှည့်ထွက်သွားလေတော့သည်။

အရင်ကဆိုလျှင် သူ့အနေဖြင့် ထိုသူများကို အရေးစိုက်မည် မဟုတ်ပေ။ ယခုတော့ မရဏအငွေ့အသက်များ ပေါက်ကွဲထွက်နေချိန်တွင် ရန်သူများအားလုံးကို သတ်ဖြတ်ပစ်ခဲ့ပြီ ဖြစ်သည်။

***

နဝမတောင်ထွတ်။

ခြံဝင်းထဲတွင် ရှောင်ယွိရှိနေလေသည်။

သူမက သားရဲဥလေးနှင့် ရေသဖန်းပင်လေးကို ဝိညာဉ်ဆေးရည်များ လောင်းပေးလျှက် ရှိသည်။

တစ်ချိန်တည်းမှာပင် သူမက မရဏဂူရှိရာသို့ လှမ်းကြည့်လိုက်၏။ သို့သော် ကျန်းလန်၏ အရိပ်အယောင်ကို လုံး၀ တွေ့မြင်ရခြင်း မရှိပေ။

ထို့နောက် သူမက ဆံပင်ရှည်များကို စည်းနှောင်လိုက်ပြီး အင်္ကျီလက်များကို ပင့်တင်လိုက်သည်။ သူမ အိမ်ကို သန့်ရှင်းရေးပြုလုပ်ရန် ဆုံးဖြတ်လိုက်သည်။

ရှောင်ယွိက အိမ်ကို တစ်ချက်ကြည့်ရင်း ရေရွတ်လိုက်သည်။

"ပြိုမကျနဲ့နော် အိမ်လေး ၊ မဟုတ်ရင် ငါက အိမ်ပြိုကျအေင်လုပ်တယ်ဆိုညပီး ဂိုဏ်းတူမောင်လေးက အထင်လွဲဦးမယ်"

ထို့နောက် သူမက သန့်ရှင်းရေးစတင်ပြုလုပ်လိုက်သည်။

လက်ထပ်ပြီးလျှင် သူမက ကျန်းလန်နှင့်အတူ နေထိုင်ရမည်ဟု လင်စီးယာက ပြောပြဖူးသည်။

သို့ဆိုလျှင် ဤအိမ်လေးက သူတို့ (၂)ယောက် နေထိုင်ရမည့်အိမ်လေး ဖြစ်လာနိုင်သည်။ ထို့ကြောင့် သူမက သန့်ရှင်းရေး လုပ်ပေးရမည် ဖြစ်သည်။

ကျန်းလန်က သန့်ရှင်းရေးလုပ်လျှင် မန္တန်ပညာအသုံးပြုလေ့ မရှိပေ။ ထို့ကြောင့် သူမကလည်း မန္တန်ပညာအသုံးမပြုဘဲ သန့်ရှင်းရေးလုပ်ရန် ဆုံးဖြတ်လိုက်သည်။

အလုပ်များအားလုံး ပြုလုပ်ပြီးသည့်နောက် ရှောင်ယွိ မရဏဂူရှိရာသို့ လှမ်းကြည့်လိုက်ပြန်သည်။

နောက်ဆုံးတွင်တော့ သူမ ဓားကိုစီးနှင်ပြီး ကျောက်စိမ်းရေကန်သို့ ပြန်သွားလေတော့သည်။

ရှောင်ယွိက နေ့စဉ် မနက်မိုးလင်းသည်နှင့် နဝမတောင်ထွတ်သို့ ရောက်လာပြီး ညအချိန်အထိ နေထိုင်ရင်း ကျန်းလန် ထွက်လာမည့်အချိန်ကို စောင့်မျှော်နေခဲ့သည်။

ကျန်းလန် ထွက်မလာသေးဘူးဆိုလျှင်လည်း သူမက ဂိုဏ်းတူမောင်လေး တံခါးပိတ်ကျင့်ကြံခြင်း ပြီးဆုံးသည်အထိ ဆက်လက်စောင့်ဆိုင်းနေမည်ပဲ ဖြစ်လေ၏။

All Chapters