← Chapters

အခန်း (၁၃၃-၁၃၄)

Vol. 14 Ch. 133-134

အခန်း (၁၃၃-၁၃၄)

Vol. 14 Ch. 133-134

အခန်း(၁၃၃)အပ်တစ်ထောင်နယ်မြေ၏ ပထမဆုံး အမိန့်

ချူအန်းပု၏ အာရုံခံစားမှုများသည် အလွန် ထက်မြက်ကြောင်း ပြောရမည် ဖြစ်ပေ၏။ အချိန်ခဏအကြာတွင် သူ၏ နောက်တွင် ပုံရိပ် သုံးခု ပေါ်လာလေသည်။

ဤပုံရိပ်သုံးခုမှာ ကောင်းမုချွန်း၊ ကောင်းကော်ကျန်းနှင့် ချင်တျဲ့တို့ပင် ဖြစ်ကြလေ၏။

ချူအန်းပုကို မြင်သောအခါ ချင်တျဲ့၏ သတ်ဖြတ်လိုစိတ်မှာ သိသာထင်ရှားလာလေသည်။

ချူအန်းပုသည် သူ၏ နောက်ကွယ်ရှိ တည်ရှိမှုကို ခံစားမိပြီး ထိတ်လန့်သွားလေ၏။ အနည်းငယ်မျှ တုံ့ဆိုင်းမနေဘဲ သူသည် နေရာပြောင်းရွှေ့ခြင်း အဆောင်တစ်ခုကို အသက်သွင်းလိုက်လေသည်။

သူ၏ ခန္ဓာကိုယ်သည် မျက်စိတစ်မှိတ်အတွင်း ပေထောင်ချီ အကွာသို့ လွင့်စင်သွားပြီး သူ မူလရပ်နေခဲ့သော နေရာမှာ ဓားအရှိန်အဝါတစ်ခုကြောင့် ဧရာမတွင်းကြီးတစ်ခု ဖြစ်သွားလေ၏။

"စီနီယာအစ်ကိုကောင်း... ဒီအဘိုးကြီးက အဲ့ဒီလူနဲ့ ပူးပေါင်းနေတာ..."

ချင်တျဲ့သည် ချူအန်းပုကို ဤနေရာတွင် ဆုံတွေ့ရလိမ့်မည်ဟု ဘယ်သောအခါကမှ မမျှော်လင့်ထားခဲ့ချေ။ ယင်းက ထိုနေ့က တောအုပ်ထူထူထဲတွင် ဖြစ်ပျက်ခဲ့သမျှ အားလုံးကို ချက်ချင်း ပြန်အမှတ်ရသွားစေလေ၏။

ကောင်းကော်ကျန်းသည် ဤအရာများ အားလုံးကို မသိခဲ့ချေ။ တစ်ဖက်လူမှာ ရွှေအမြုတေအဆင့် ကျင့်ကြံသူတစ်ဦးသာဖြစ်ကြောင်း မြင်သောအခါ သူသည် ချင်တျဲ့အပေါ် အထင်ကောင်းစေရန် ဆုံးဖြတ်လိုက်လေသည်။

"စိတ်မပူပါနဲ့ ဂျူနီယာညီမလေး... ညီမလေးအတွက် ဒီလူ့ခေါင်းကို သေချာပေါက် ဖြတ်ပေးမယ်..."

ကောင်းကော်ကျန်းက ညင်သာစွာ နှစ်သိမ့်စကား ပြောဆိုလိုက်လေ၏။

ထိုအခိုက်အတန့်တွင် ကျိုးယွမ် အနည်းငယ် မျက်မှောင်ကြုတ်သွားပြီး သူ၏ အနောက်တွင် အရှိန်အဝါအချို့ကို ခံစားလိုက်ရလေသည်။

ထိုချိန်တွင် ပုံရိပ်တစ်ခုသည် မယုံနိုင်လောက်အောင် မြန်ဆန်စွာ ပေါ်လာပြီး ကျိုးယွမ်ကို ချက်ချင်း ကျော်တက်သွားသဖြင့် သူ့ကို လန့်ဖျပ်သွားစေလေ၏။

ဤလူမှာ ချူအန်းပုဖြစ်ပေသည်။ သူသည် နေရာပြောင်းရွှေ့ခြင်း အဆောင်တစ်ခုကို ထပ်မံ အသုံးပြုလိုက်ပြီး ကျိုးယွမ်၏ ရှေ့သို့ တိုက်ရိုက်ပြေးသွားခဲ့ခြင်း ဖြစ်ပေ၏။

ကျိုးယွမ်၏ နတ်ဘုရားစိတ်ဝိညာဉ်အာရုံသည် သူ၏ နောက်ကွယ်ရှိ ပုံရိပ်သုံးခုကို ဖြတ်သန်းသွားရာ သူ၏ မျက်မှောင်များ အနည်းငယ် တွန့်ကွေးသွားပြီး ခြေလှမ်းများကို ရပ်တန့်လိုက်လေသည်။

အချိန်ခဏအတွင်းမှာပင် ထိုသုံးဦးသည် ကျိုးယွမ်နှင့် မလှမ်းမကမ်းတွင် ရပ်တန့်သွားကြလေ၏။ ကောင်းကော်ကျန်းက ချက်ချင်း ပြောဆိုလိုက်လေသည်။

"အကြီးအကဲ... ဒီလူပဲ... သူ့ကို သတ်လိုက်..."

ကောင်းမုချွန်းသည် လှုပ်ရှားရန် မလောခဲ့ချေ။ ယင်းအစား သူသည် ကျိုးယွမ်ကို သူ၏ နတ်ဘုရားစိတ်ဝိညာဉ်အာရုံဖြင့် စစ်ဆေးလိုက်ရာ ကျိုးယွမ်၏ ကျင့်စဉ်အဆင့်ကို သူ လုံးလုံးလျားလျား မမြင်နိုင်ကြောင်း တွေ့ရှိလိုက်ရသဖြင့် သူ့ကို အနည်းငယ် မျက်မှောင်ကြုတ်သွားစေလေ၏။

"တစ်ဖက်လူရဲ့ ကျင့်စဉ်အဆင့်က ငါ့ထက်တောင် မြင့်နေတာများလား..."

ကောင်းမုချွန်းသည် ခဏမျှ တုံ့ဆိုင်းသွားပြီး ချက်ချင်း လှုပ်ရှားရန် မရဲဝံ့ခဲ့ချေ။

ကျိုးယွမ်သည် ထိုလူ သုံးဦးကို အေးစက်စွာ ကြည့်လိုက်လေ၏။ အကယ်၍ သူတို့က သူ့ကို လက်ဖျားနဲ့တောင် ထိရဲပါက သူတို့ကို အားလုံး သတ်ပစ်ရန် သူ တွန့်ဆုတ်နေမည် မဟုတ်ချေ။

ကောင်းမုချွန်း လှုပ်ရှားခြင်း မရှိသည်ကို မြင်သောအခါ ကောင်းကော်ကျန်း မျက်မှောင်ကြုတ်သွားပြီး ပြောဆိုလိုက်လေသည်။

"အကြီးအကဲ... လှုပ်ရှားလေ... ပြိုင်ဘက်က အခြေတည်စိတ်ဝိညာဉ်အဆင့်မှာပဲ ရှိတာကို..."

ကောင်းကော်ကျန်းသည် ချင်တျဲ့၏ စကားကို အနည်းငယ်မျှ သံသယမဝင်ခဲ့သဖြင့် တိုက်ရိုက် ပြောဆိုလိုက်ခြင်း ဖြစ်ပေ၏။

ဤစကားကို ကြားချိန်တွင် ကောင်းမုချွန်းက ခေါင်းညိတ်လိုက်ပြီးနောက် နတ်ဘုရားအသွင်ပြောင်းခြင်း အစောပိုင်းအဆင့်ရှိသူတစ်ဦး၏ အစွမ်းထက်သော အရှိန်အဝါကို ထုတ်ဖော်လိုက်လေသည်။

"ဒီကိုလာခဲ့စမ်း…”

ကောင်းမုချွန်းသည် အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး ကျိုးယွမ်ကို လှမ်းဖမ်းလိုက်ရာ သူ၏ သတ်ဖြတ်လိုစိတ်မှာ သိသာထင်ရှားနေလေ၏။

ကောင်းမုချွန်း၏ လက်သည်းများဖြင့် အောက်သို့ ရိုက်ချလိုက်ချိန်တွင် စွမ်းအင် ငါးခု ပစ်လွှတ်လိုက်ပြီး အစွမ်းထက်သော လေပြင်း ငါးခုအဖြစ် အသွင်ပြောင်းကာ ကျိုးယွမ်ဆီသို့ တိုက်ရိုက် ဦးတည်လာလေသည်။

အစွမ်းထက်သော လေပြင်း ငါးခုသည် ရှေ့သို့ တိုးလာပြီးနောက် လူ့ဦးခေါင်းခွံ ငါးခုအဖြစ် အသွင်ပြောင်းသွားကာ ၎င်းတို့ထံမှ ကြောက်မက်ဖွယ်ကောင်းသော သတ်ဖြတ်လိုစိတ်များနှင့်အတူ ပေါက်ကွဲသံများ ထွက်ပေါ်လာလေ၏။

အခြေတည်စိတ်ဝိညာဥ်အဆင့်၏ နည်းလမ်းများသည် နတ်ဘုရားအသွင်ပြောင်းခြင်းအဆင့်များနှင့် ယှဉ်လျှင် သဘာဝကျကျ နှိုင်းယှဉ်၍ မရနိုင်ချေ။

ကောင်းမုချွန်း၏ သာမန်တိုက်ခိုက်မှုမှာ ဤမျှ အစွမ်းထက်နေသည်ကို မြင်သောအခါ ချင်တျဲ့သည် မပြုံးဘဲ မနေနိုင်ခဲ့ချေ။

*ဒီလူ သေသင့်တယ်... အကယ်၍ ပြီးခဲ့တဲ့ အကြိမ်က သူသာ မပါခဲ့ရင် ငါက အဘိုးကြီး တစ်ယောက်ရဲ့ အခွင့်အရေးယူတာကို ဘယ်လိုလုပ် ခံရမှာလဲ…*

ကျိုးယွမ် အနည်းငယ် မျက်မှောင်ကြုတ်သွားပြီးနောက် သူ၏ မျက်လုံးများ အေးစက်သွားကာ သတ်ဖြတ်လိုစိတ်တစ်ခု သူ၏ မျက်လုံးများထဲတွင် တဖြည်းဖြည်း ပေါ်လာလေ၏။

တစ်ချိန်တည်းမှာပင် ကျိုးယွမ်၏ မျက်လုံးများတွင် တိုက်ခိုက်လိုစိတ် အရိပ်အယောင်တစ်ခု ပေါ်လာလေသည်။ သူ့ထံသို့ ကမ်းလှမ်းလာသော အခမဲ့ လေ့ကျင့်ရေးဖက်ကို သူ အခွင့်အရေး ယူလိုက်သင့်ပေသည်။

"ခွန်ပန်လွတ်လပ်ပျော်ရွှင်ခြင်း လက်ဝါး..."

ကျိုးယွမ်သည် လက်သင်္ကေတတစ်ခုကို ဖန်တီးလိုက်ပြီးနောက် အထူး စွမ်းအားတစ်ခု သူ၏ ဘယ်ဘက် လက်ဝါးမှ ထွက်ပေါ်လာကာ ကောင်းမုချွန်းဆီသို့ ရိုက်ချလိုက်လေ၏။

ကျိုးယွမ် လက်ဝါးဖြင့် ရိုက်ချလိုက်ချိန်တွင် ဧရာမ ခွန်ပန်ပုံရိပ်ယောင်တစ်ခု လေထဲတွင် ပေါ်လာပြီး ကြောက်မက်ဖွယ်ကောင်းသော ဖိအားများကို ထုတ်လွှတ်လိုက်လေသည်။

ဤဖိနှိပ်မှု အရှိန်အဝါ ပေါ်လာသည့် အခိုက်အတန့်တွင် ချင်တျဲ့နှင့် ကောင်းကော်ကျန်းတို့သည် မထိန်းချုပ်နိုင်ဘဲ ခြေလှမ်း အနည်းငယ် နောက်ဆုတ်သွားကြပြီး ကောင်းမုချွန်းပင်လျှင် သူ့ဆီသို့ ဖိအားတစ်ခု ဝင်ရောက်လာသည်ကို ခံစားလိုက်ရပေ၏။

ဤသည်မှာ ကျိုးယွမ်၏ ကြီးကျယ်ခမ်းနားသော တည်ရှိမှုကြောင့် မဟုတ်ဘဲ ခွန်ပန်ကြောင့် ဖြစ်ပေသည်။

ခွန်ပန်လွတ်လပ်ပျော်ရွှင်ခြင်း လက်ဝါး သိုင်းကွက်သည် ခွန်ပန်၏ ပုံရိပ်ယောင်တစ်ခုကိုသာ စုစည်းပေးသော်လည်း ခွန်ပန်သည် နတ်ဘုရား သားရဲတစ်ကောင်အဖြစ် အလွန်တရာ အစွမ်းထက်လှပေ၏။

ပုံရိပ်ယောင်တစ်ခုမျှသာ ဖြစ်သော်လည်း ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါကို ထုတ်လွှတ်နေပေသည်။

နားကွဲမတတ် ဟိန်းဟောက်သံကြီးနှင့်အတူ ခွန်ပန်၏ ပုံရိပ်ယောင်သည် လူ့ဦးခေါင်းခွံ ငါးခုကို အပိုင်းပိုင်းအစစ ချေမှုန်းပစ်လိုက်သော်လည်း ခွန်းဖန်၏ ပုံရိပ်ယောင်မှာလည်း ပျောက်ကွယ်သွားလေ၏။

ထိုအခိုက်အတန့်တွင် ချင်တျဲ့နှင့် ကောင်းကော်ကျန်းတို့ အံ့အားသင့်သွားကြပြီး ကောင်းမုချွန်းမှာမူ စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်လေသည်။

"ဒီလောက် ငယ်ငယ်ရွယ်ရွယ်နဲ့ အခြေတည်စ်ိတ်ဝိညာဉ် အထွတ်အထိပ်အဆင့်ကို ရောက်နေပြီပဲ... မင်းကို အသက်ရှင်ခွင့် ပေးလို့မဖြစ်ဘူး..."

ကောင်းမုချွန်း၏ မျက်လုံးများတွင် သတ်ဖြတ်လိုခြင်း အရိပ်အယောင်များ လက်လတ်သွားလေ၏။ ကျိုးယွမ်မှာ အလွန် ငယ်ရွယ်ကြောင်း သူ သိရှိပြီး ဖြစ်ပေသည်။

*ဒါပေမဲ့ ဒီလိုလူမျိုးကို ငါတို့ စော်ကားမိမှတော့ သူ့ကို ဖယ်ရှားပစ်ရမယ်... အဲ့ဒီလိုမှ မဟုတ်ရင် သူ အသက်ရှင်နေသေးရင် ကောင်းမိသားစုက အနာဂတ်မှာ ပျက်စီးခြင်းနဲ့ ရင်ဆိုင်ရနိုင်တယ်…*

ကောင်းမုချွန်း ဤအရာကို တွေးမိပြီးနောက် သူသည် လက်သင်္ကေတတစ်ခုကို ဖန်တီးလိုက်ရာ သူ၏ အနောက်တွင် လေပြင်းများ ရုတ်တရက် တိုက်ခတ်လာပြီး သဲများနှင့် ကျောက်ခဲများ နေရာအနှံ့ လွင့်စင်သွားလေ၏။

ကောင်းမုချွန်းက မြေကြီးကို ဆုပ်ကိုင်လိုက်ချိန်တွင် မရေမတွက်နိုင်သော ကျောက်စရစ်ခဲများ၊ မြက်ခင်းများနှင့် အခြား အပျက်အစီးများသည် လေထဲသို့ မြင့်တက်လာပြီး အတူတကွ စုစည်းကာ ပေဆယ်ကျော် ကြီးမားသော ဧရာမ လူကြီးတစ်ဦးကို ဖန်တီးလိုက်လေသည်။

ဤသည်မှာ "တောင်များနှင့် မြစ်များကို စုစည်းခြင်း" ဟုခေါ်သော ကောင်းမိသားစု၏ တိုက်ခိုက်ရေးသိုင်းကွက်တစ်ခု ဖြစ်ပေ၏။

ကောင်းမုချွန်း၏ လက်ချောင်း တစ်ချက် ပုတ်လိုက်ရုံဖြင့် ပေဆယ်ကျော် မြင့်မားသော ဧရာမ လူကြီးသည် ဧရာမ ပုဆိန်ကြီး တစ်လက်ကို ကိုင်ဆောင်ကာ ကျိုးယွမ်ဆီသို့ ခုန်အုပ်သွားလေသည်။

ဧရာမ လူကြီးသည် သူ၏ ဧရာမ ပုဆိန်ကြီးကို မြှောက်ကာ ကျိုးယွမ်အပေါ်သို့ ခုတ်ချလိုက်လေ၏။

ကြောက်မက်ဖွယ်ကောင်းသော လေပြင်းတစ်ခုသည် ဧရာမ ပုဆိန်ကြီးနှင့်အတူ ပတ်ဝန်းကျင်ကို တိုက်ခတ်သွားပြီး ပေဆယ်ကျော် ပတ်လည်ရှိ သစ်ပင်များကို ချက်ချင်း ဖျက်ဆီးပစ်လိုက်လေသည်။

ဤတိုက်ခိုက်မှုသည် အခြေတည်စိတ်ဝိညာဉ် အထွတ်အထိပ်အဆင့် ကျင့်ကြံသူ တစ်ဦးကိုပင် သေချာပေါက် သေဆုံးစေမည် ဖြစ်ပေ၏။ ၎င်းတွင် ကောင်းမုချွန်း၏ အထွတ်အထိပ် စွမ်းအားများ ပါဝင်ရုံသာမက ပတ်ဝန်းကျင်ရှိ ဝိညာဉ်စွမ်းအင်နှင့် မြေကြီးစွမ်းအင်များကိုပါ ဆွဲယူထားလေသည်။

ဧရာမ လူကြီး၏ ကြောက်မက်ဖွယ် တိုက်ခိုက်မှုကို မြင်သောအခါ ချင်တျဲ့သည် ကျိုးယွမ် သေချာပေါက် သေဆုံးပြီဟု တွေးကာ ချက်ချင်း စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်လေ၏။

ကျိုးယွမ်သည် ဧရာမ လူကြီးကို အေးစက်သော အမူအရာဖြင့် ကြည့်လိုက်ပြီးနောက် လက်ညှိုးတစ်ချောင်း ထိုးလိုက်လေသည်။

"လမင်းကျဆင်းခြင်း..."

ကျိုးယွမ် စကားပြောပြီးသည်နှင့် တစ်ပြိုင်နက် ဧရာမ လူကြီးက ပြိုကျသွားလေ၏။

နားကွဲမတတ် ဟိန်းဟောက်သံကြီးနှင့်အတူ မြေပြင် တစ်ခုလုံး ပြင်းထန်စွာ တုန်လှုပ်သွားပြီး ဧရာမ လူကြီးသည် အပိုင်းပိုင်းအစစ ဆုတ်ဖြဲခံလိုက်ရလေသည်။

"ကူမူလက်ညှိုး..."

ကျိုးယွမ်သည် သက်တမ်း အနှစ် နှစ်ရာကို တိုက်ရိုက် လောင်ကျွမ်းစေခဲ့ပြီး ၎င်းမှာ ကူမူလက်ညှိုး လောင်ကျွမ်းနိုင်သည့် အများဆုံး ပမာဏလည်း ဖြစ်ကာ ကောင်းမုချွန်းဆီသို့ လက်ညှိုးထိုးလိုက်လေ၏။

ကောင်းမုချွန်းသည် အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး ကျိုးယွမ်ဆီသို့ လက်သီး တစ်ချက် တိုက်ရိုက် ထိုးချလိုက်ရာ သူ၏ သတ်ဖြတ်လိုစိတ်မှာ သိသာထင်ရှားနေလေသည်။

ထိုအခိုက်အတန့်တွင် ကောင်းမုချွန်းသည် ကျိုးယွမ်ကို သူ သေချာပေါက် သတ်ရမည့်သူအဖြစ် ချက်ချင်း သတ်မှတ်လိုက်လေ၏။

သူတို့၏ လက်သီးများ ဆုံတွေ့ချိန်တွင် ကျိုးယွမ်၏ ထိုးထားသော လက်ညှိုးသည် ချက်ချင်း ပျောက်ကွယ်သွားသော်လည်း စူးရှသော အော်ဟစ်သံတစ်ခု ကောင်းမုချွန်း၏ နှုတ်ခမ်းများမှ ထွက်ပေါ်လာလေသည်။

ကောင်းမုချွန်းသည် မျက်မြင်ကိုယ်တွေ့ပင် အိုမင်းရင့်ရော်သွားလေ၏။

ထိုချိန်တွင် အလင်းတန်း သုံးခုသည် ကျိုးယွမ်၏ လက်ချောင်းထိပ်များမှ ပျံသန်းထွက်လာပြီး ကောင်းမုချွန်းဆီသို့ တိုက်ရိုက် ဦးတည်သွားလေသည်။

ကောင်းမုချွန်းသည် ရူးသွပ်စွာ နောက်ဆုတ်သွားသော်လည်း အခိုက်အတန့်လေး အကြာတွင် သူသည် နေရာတွင်ပင် အေးခဲသွားပြီး သူ၏ မျက်ခုံးများကြားတွင် သွေးထွက်နေသော အပေါက်တစ်ခု ပေါ်လာလေ၏။

ကောင်းမုချွန်းသည် ကျိုးယွမ်ကို မယုံကြည်နိုင်စွာ ကြည့်နေလေသည်။ သူသည် ဂုဏ်သိက္ခာရှိသော နတ်ဘုရားအသွင်ပြောင်းခြင်းအဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်သော်လည်း ဤမျှ လွယ်ကူစွာ သတ်ဖြတ်ခံလိုက်ရလေ၏။

ကောင်းမုချွန်း၏ ခန္ဓာကိုယ်ပေါ်တွင် လျှပ်စီးများ ရုတ်တရက် ပေါ်လာပြီး မီးတောက်များ ထတောက်လာကာ အနောက်သို့ လဲကျသွားလေသည်။

အလင်းတန်း သုံးခုသည် ကျိုးယွမ်၏ လက်ဖဝါးထဲသို့ ချက်ချင်း ပြန်လည် ပျံသန်းလာလေ၏။ ၎င်းတို့မှာ မိုးကြိုးဓား၊ ရွှမ်ထျန်းဓားနှင့် မီးတောက်ဓားတို့မှလွဲ၍ အခြား မဟုတ်ချေ။

[ဒင်... ကံကြမ္မာတန်ဖိုး ၁၂၄၃၂၊ သက်တမ်း ၃၉၊ ကျင့်ကြံခြင်းတန်ဖိုး ၁၄၁၂၃၆၁ တိုးလာပါသည်... တိုက်ခိုက်ရေးသိုင်း "တောင်များနှင့် မြစ်များကို စုစည်းခြင်း" ရရှိပါသည်]

ကျိုးယွမ်သည် စနစ်၏ အသံကို လျစ်လျူရှုကာ လက်ညှိုး တစ်ချောင်း ထိုးလိုက်ပြီး ကောင်းကော်ကျန်း၏ ထိတ်လန့်နေသော အကြည့်များကြားမှ သူ၏ မျက်ခုံးကြားကို တိုက်ရိုက် ထိလိုက်လေ၏။

[ဒင်... ကံကြမ္မာတန်ဖိုး ၁၅၃၈၊ သက်တမ်း ၂၃၁၊ ကျင့်ကြံခြင်းတန်ဖိုး ၁၁၄၃၆၈ တိုးလာပါသည်]

အခန်း (၁၃၄)ကြားပွဲစားနှင့် ဧည့်သည်အကြီးအကဲ

ချင်တျဲ့သည် ထိတ်လန့်တကြားဖြစ်နေပြီဖြစ်ပြီး ရူးသွပ်စွာ ထွက်ပြေးနေလေ၏။ သို့သော် သူမ ဝေးဝေးမသွားနိုင်မီ သူမ၏ ခန္ဓာကိုယ်ထဲတွင် ထုံကျင်မှုတစ်ခုကို ခံစားလိုက်ရပြီး ကောင်းကင်ပေါ်မှ တိုက်ရိုက် ပြုတ်ကျလာလေသည်။

ကျယ်လောင်သော "ဝုန်း" ခနဲ အသံနှင့်အတူ ချင်တျဲ့သည် မြေပြင်ပေါ်သို့ ပြုတ်ကျလာပြီး သူမ၏ တစ်ကိုယ်လုံးတွင် စူးရှသော နာကျင်မှုကို ခံစားလိုက်ရလေ၏။ သူမ၏ ဝိညာဉ်စွမ်းအင် အားလုံးက ချိတ်ပိတ်ခံလိုက်ရပြီ ဖြစ်ပေသည်။

ထိုချိန်တွင် ချင်တျဲ့သည် သူမကို ထိတ်လန့်သွားစေသော မြင်ကွင်းကို မျက်မြင်ကိုယ်တွေ့ မြင်လိုက်ရလေ၏။

ကျိုးယွမ်သည် ကောင်းကော်ကျန်းနှင့် ကောင်းမုချွန်းတို့၏ အလောင်းများကို အတူတကွ ကျွမ်းကျင်စွာ ထားရှိလိုက်ပြီးနောက် အလောင်းများကို မီးရှို့ခြင်း၊ ဝိညာဉ်များကို ဖျက်ဆီးခြင်းနှင့် ပြာများကို ဖြန့်ကြဲခြင်းတို့ကို အလွန်အမင်း ကျွမ်းကျင်စွာ လုပ်ဆောင်လိုက်လေသည်။

ထိုအခိုက်အတန့်တွင် ချင်တျဲ့သည် ကြောက်လန့်လွန်းသဖြင့် သတိလစ်လုနီးပါး ဖြစ်သွားလေ၏။

ကျိုးယွမ်သည် ဤအရာများ အားလုံးကို အေးစက်စွာ အပြီးသတ်လိုက်ပြီးနောက် တစ်နေရာသို့ အေးစက်စွာ စူးစိုက်ကြည့်လိုက်ပြီး တည်ငြိမ်စွာ ပြောဆိုလိုက်လေသည်။

"ထွက်လာခဲ့... မဟုတ်ရင် သေမယ်..."

ကျိုးယွမ် စကားပြောပြီးသည်နှင့် တစ်ပြိုင်နက် ချူအန်းပုသည် မလှမ်းမကမ်းရှိ သစ်ပင်ကြီး တစ်ပင်ပေါ်မှ ပျံသန်းဆင်းသက်လာပြီး သူ၏ မျက်နှာပေါ်တွင် ထိတ်လန့်မှုများ ပြည့်နှက်နေလေ၏။

သူ ထွက်မပြေးရဲခဲ့ချေ။ ဤလူမှာ ကြောက်မက်ဖွယ်ကောင်းလောက်အောင် အစွမ်းထက်ပြီး အကယ်၍ သူသာ ထွက်ပြေးရန် ကြိုးစားပါက သေချာပေါက် သေရမည်ဖြစ်ကြောင်း သူ သိထားပေသည်။

"စီနီယာ... ကျွန်တော်က သူတို့နဲ့ မပါပါဘူး... ကျွန်တော်လည်း သူတို့ရဲ့ လိုက်လံ ဖမ်းဆီးတာကို ခံနေရတာပါ..."

ချူအန်းပုသည် နောင်တများဖြင့် ပြည့်နှက်နေလေ၏။ တိုက်ပွဲကို ကြည့်ရန် သူ ဘာဖြစ်လို့ နေခဲ့ရသနည်း။ အကယ်၍ သူသာ မနေခဲ့ပါက ဤပြဿနာရှိသော နေရာမှ သူ ထွက်သွားသည်မှာ ကြာပြီ ဖြစ်ပေမည်။

ကျိုးယွမ်သည် ချူအန်းပုကို အေးစက်စွာ စူးစိုက်ကြည့်လိုက်ပြီးနောက် တည်ငြိမ်စွာ ပြောဆိုလေသည်။

"အခု သူမက မင်းအပိုင်ပဲ... အဲ့ဒီကို သွားလိုက်..."

ကျိုးယွမ်၏ စကားကို ကြားချိန်တွင် ချူအန်းပုသည် မှင်တက်သွားလေ၏။ အခိုက်အတန့်လေးအတွင်း ဤအရာအားလုံးမှာ အစစ်အမှန်ဖြစ်ကြောင်း သူ မယုံကြည်နိုင်ခဲ့ချေ။

ကျိုးယွမ်သည် ချူအန်းပုကို အေးစက်စွာ စူးစိုက်ကြည့်လိုက်ပြီး သူ၏ ခန္ဓာကိုယ်မှ သတ်ဖြတ်လိုခြင်း အရှိန်အဝါတစ်ခု ထွက်ပေါ်လာကာ အေးစက်စွာ ပြောဆိုလိုက်လေ၏။

"ဘာလဲ... မင်းက ဆန္ဒမရှိဘူးလား..."

"မင်းတို့ရဲ့ ကိစ္စက ငါနဲ့ ဘာဆိုင်လို့လဲ... မင်းက ငါ့ကို ပါဝင်ပတ်သက်အောင် လုပ်ရဲမှတော့ မင်း ပျော်အောင် ငါ လုပ်ပေးရမှာပေါ့..."

ကျိုးယွမ် စကားပြောပြီးနောက် သူ၏ ခန္ဓာကိုယ်သည် ယိမ်းနွဲ့သွားပြီး လက်ညှိုး တစ်ချောင်း ထိုးလိုက်ကာ ချူအန်းပု မတုံ့ပြန်နိုင်မီ သူ၏ ဝိညာဉ်စွမ်းအင်ကို ချိတ်ပိတ်လိုက်လေသည်။

ထို့နောက် သူ၏ ဘယ်ဘက်လက်ဖြင့် ဆုပ်ကိုင်လိုက်ကာ ချူအန်းပုကို မ,တင်လိုက်ပြီး ချူအန်းပု ပါးစပ်ဟလိုက်သည့် အခိုက်အတန့်တွင် ဆေးလုံးတစ်လုံးကို သူ၏ ပါးစပ်ထဲသို့ ပစ်ထည့်လိုက်လေ၏။

ထို့နောက် ကျိုးယွမ်သည် ချင်တျဲ့၏ ပါးစပ်ထဲသို့လည်း ဆေးလုံးတစ်လုံးကို ပစ်ထည့်လိုက်လေသည်။

ဤဆေးလုံး နှစ်လုံးစလုံးသည် အစွမ်းထက်သော ကာမဆေးလုံးများ ဖြစ်ကြပေ၏။ ကျိုးယွမ်သည် ၎င်းတို့ကို မည်သည့်နေရာမှ ရရှိခဲ့မှန်း မသိသော်လည်း ဤနှစ်ဦးသည် ၎င်းတို့ကို ယခုတစ်ကြိမ်တွင် အခမဲ့ ရရှိသွားကြခြင်း ဖြစ်ပေသည်။

*မင်းတို့ နှစ်ယောက်က အချစ်နဲ့အမုန်း ရောယှက်နေတဲ့ ဆက်ဆံရေးမျိုး ရှိတယ်ဆို... ကောင်းပြီလေ... ဒါဆိုရင် မင်းတို့ ကျေနပ်တဲ့အထိ လုပ်ကြတာကို ငါ ကြည့်ရသေးတာပေါ့…*

သို့သော် ကျိုးယွမ်သည် ချူအန်းပုကို အခွင့်အရေးတစ်ခုလည်း ပေးခဲ့ပေသည်။ သူ၏ ဝိညာဉ်စွမ်းအင်သည် တစ်နာရီအတွင်း ပြန်လည် ပွင့်လာမည်ဖြစ်သော်လည်း ထိုအမျိုးသမီးအတွက်မူ အနည်းဆုံး သုံးနာရီ ကြာမည် ဖြစ်ပေ၏။

ထို့နောက် ကျိုးယွမ်သည် သူတို့၏ သိုလှောင်လက်စွပ်များကို ယူဆောင်သွားပြီး ဆေးအာနိသင် ပြလာပြီးနောက် တစ်ယောက်ကိုတစ်ယောက် အပိုင်းပိုင်းအစစ ဆုတ်ဖြဲရန် သူတို့ကို ထားရစ်ခဲ့လေသည်။

ကျိုးယွမ်သည် ထိုလူ လေးဦး၏ သိုလှောင်လက်စွပ်များကို စစ်ဆေးလိုက်ရာ အတော်လေး ကျေနပ်သွားပြီး အထူးသဖြင့် ချူအန်းပု၏ လက်စွပ်ထဲတွင် အဆင့် နှစ်နှင့် အဆင့် သုံး မှော်အဆောင်များ အမြောက်အမြား ပါဝင်လေ၏။

ထိုအထဲတွင် အဆင့်လေး ရေခဲအဆောင် နှစ်ခုကိုပင် ကျိုးယွမ် တွေ့ရှိခဲ့သေးသည်။

ကျိုးယွမ် ထွက်သွားပြီး မကြာမီမှာပင် တိုက်ခိုက်သံများကြောင့် လူများ ဆွဲဆောင်ခြင်း ခံရပြီးနောက် သူတို့သည် အံ့မခန်း မြင်ကွင်းတစ်ခုကို မျက်မြင်ကိုယ်တွေ့ မြင်လိုက်ရလေ၏။

တစ်စုံတစ်ယောက်သည် မှတ်တမ်းတင် ကျောက်တုံးတစ်ခုကို လျှို့ဝှက်စွာ ထုတ်ယူကာ ထိုမြင်ကွင်းကို မှတ်တမ်းတင်လိုက်ပြီးနောက် လျှို့ဝှက်စွာ ပြန်လည် ရောင်းချလိုက်လေသည်။

သေချာသည်မှာ ဤအရာများ အားလုံးသည် မိုင်ဒါဇင်ပေါင်းများစွာ အကွာသို့ ပျံသန်းသွားပြီဖြစ်သော ကျိုးယွမ်နှင့် မသက်ဆိုင်တော့ချေ။ သူသည် စနစ် အချက်အလက်များကို စစ်ဆေးနေလေ၏။

[ပိုင်ရှင်: ကျိုးယွမ်]

[ကျင့်စဉ်အဆင့်: အခြေတည်စိတ်ဝိညာဉ် အထွတ်အထိပ်အဆင့်: ၁၈၁၂၁၃၀၈/၆၀၀၀၀၀၀]

[သက်တမ်း: ၂၃/၃၆၄၈၂.၈]

[စွမ်းရည်: တာအိုတားမြစ်ခြင်း ဝိညာဉ်သွေးကြော၊ မျိုးရိုးဗီဇပြောင်း မိုးကြိုး ဝိညာဉ်သွေးကြော၊ မျိုးရိုးဗီဇပြောင်း မီး ဝိညာဉ်သွေးကြော]

[ကံကြမ္မာတန်ဖိုး: ၃၅၁၃၂၈]

[ကျွမ်းကျင်မှုများ: အလယ်အလတ်အဆင့် မီးတောက်မန္တန်၊ အဆင့်နိမ့် ဝိညာဉ်ဖမ်း ဝင်္ကပါ]

[အထူးစွမ်းရည်များ: မျက်နှာတစ်ထောင်ကျင့်စဉ်၊ အချိန်ကိုဖျက်ဆီးခြင်းနည်းစနစ်၊ အရှိန်အဝါဖုံးကွယ်ခြင်းကျင့်စဉ် (အဆင့် ၄)၊ အဆင့် နှစ် အဆောင်သခင်]

တစ်ရက် ကြာပြီးနောက် ကျိုးယွမ်သည် ဟွိုင်ရွှေမြို့သို့ ရောက်ရှိလာခဲ့လေသည်။

"အလုပ်ခေါ်စာ... လျိုမိသားစုက သခင်မလေးလျိုကို တန်ယန်မြို့ကို မင်္ဂလာဆောင်ဖို့ လိုက်ပို့ပေးမယ့် ဧည့်သည်အကြီးအကဲတွေကို ခေါ်ယူနေပါတယ်..."

"စိတ်ဝင်စားတဲ့သူတွေ လာကြည့်လို့ ရပါတယ်... ဆေးလုံးတွေ၊ ကျင့်စဉ်တွေနဲ့ တိုက်ခိုက်ရေးသိုင်းတွေကို ပံ့ပိုးပေးနိုင်ပါတယ်..."

ကျိုးယွမ်သည် ဟွိုင်ရွှေမြို့၏ တံခါးဝသို့ ရောက်ရှိသည်နှင့် တစ်ပြိုင်နက် တစ်စုံတစ်ယောက်က ကျယ်လောင်စွာ အော်ဟစ်နေသည်ကို သူ ကြားလိုက်ရလေ၏။

ဤစကားကို ကြားချိန်တွင် ကျိုးယွမ်သည် အတော်လေး အံ့အားသင့်သွားလေသည်။ ကုန်ပစ္စည်းများ လိုက်ပါပို့ဆောင်ခြင်း အကြောင်းကို သူ ကြားဖူးသော်လည်း လူတစ်ဦးကို မင်္ဂလာဆောင်သို့ လိုက်ပို့ပေးခြင်းကို သူ ဘယ်သောအခါကမှ မကြားဖူးခဲ့ချေ။ ယင်းက သူ့ကို အတော်လေး စိတ်ဝင်စားသွားစေလေ၏။

ကျိုးယွမ်သည် ရှေ့သို့ တက်သွားပြီး ပြုံးလျက် ပြောဆိုလိုက်လေသည်။

"အစ်ကို... ကြိုက်နှစ်သက်ရာ ဆေးလုံး၊ ကျင့်စဉ် ဒါမှမဟုတ် တိုက်ခိုက်ရေးသိုင်းတွေကို ရွေးချယ်နိုင်တယ်ဆိုတာ သေချာလား..."

ကျိုးယွမ်၏ စကားကို ကြားချိန်တွင် ထိုလူက သူ့ကို အလျင်အမြန် အကဲခတ်လိုက်ပြီးနောက် ပြောဆိုလေ၏။

"တာအိုရောင်းရင်း... ကျွန်တော်တို့ လျိုမိသားစုက ဒီတစ်ကြိမ် ရွှေအမြုတေအဆင့်နဲ့ အထက် ကျင့်ကြံသူတွေကိုပဲ ခေါ်ယူတာပါ... ခင်ဗျားရဲ့ ကျင့်စဉ်အဆင့်ကို မေးလို့ ရမလား..."

ကျိုးယွမ် အနည်းငယ် ပြုံးလိုက်ပြီးနောက် သူ၏ အရှိန်အဝါ အနည်းငယ်ကို ထုတ်လွှတ်လိုက်ရာ အခြေတည်စိတ်ဝိညာဉ် အစောပိုင်းအဆင့် ကျင့်ကြံသူ တစ်ဦး၏ ဖိအားကို ဖော်ပြလိုက်လေ၏။

၎င်းကို မြင်သောအခါ ထိုလူက အလျင်အမြန် ပြုံးလိုက်ပြီး ပြောဆိုလေသည်။

"တာအိုရောင်းရင်း... ကျေးဇူးပြုပြီး စိတ်မဆိုးပါနဲ့... ကျွန်တော်က လျိုမိသားစုရဲ့ ပဉ္စမအကြီးအကဲ လျိုချန်ပါ..."

"အကယ်၍ တာအိုရောင်းရင်းက ကျွန်တော်တို့ လျိုမိသားစုရဲ့ ဧည့်သည်အကြီးအကဲ တစ်ယောက် ဖြစ်လာဖို့ ဆန္ဒရှိတယ်ဆိုရင် ခင်ဗျားရဲ့ ဝန်ဆောင်မှုအတွက် ဆုလာဘ်အဖြစ် အဆင့်ငါး မူလချီ ဆေးလုံး ငါးလုံး ပေးဖို့ ကျွန်တော် ဆန္ဒရှိပါတယ်..."

"သေချာတာပေါ့... အကယ်၍ တာအိုရောင်းရင်းက ကျင့်စဉ်တွေ ဒါမှမဟုတ် တိုက်ခိုက်ရေးသိုင်းတွေကို ကြိုက်တယ်ဆိုရင်လည်း ကျွန်တော် စီစဉ်ပေးနိုင်ပါတယ်..."

ဤစကားကို ကြားချိန်တွင် ကျိုးယွမ်သည် ချက်ချင်း စဉ်းစားလိုက်လေ၏။ သူသည် မည်သို့ပင်ဖြစ်စေ တန်ယန်မြို့သို့ သွားမည်ဖြစ်ရာ ၎င်းမှာ အဆင်ပြေပြီး ဆေးလုံးအချို့ကိုပင် ရရှိနိုင်သဖြင့် ၎င်းမှာ ကောင်းမွန်သော သဘောတူညီချက် တစ်ခု ဖြစ်ပေသည်။

ကျိုးယွမ်က ခေါင်းညိတ်သည်ကို မြင်သောအခါ လျိုချန်က ပြုံးလျက် ပြောဆိုလေ၏။

"တာအိုရောင်းရင်း... ကျေးဇူးပြုပြီး စိတ်မဆိုးပါနဲ့... အခြေအနေ တစ်ခုခု ဖြစ်လာခဲ့ရင် ကောင်းကင်တာအိုကျိန်စာ ဆိုဖို့ လိုအပ်ပါတယ်..."

"ကျိန်စာက အရမ်း ရိုးရှင်းပါတယ်... လမ်းမှာ လျိုမိသားစုကို အန္တရာယ်ဖြစ်စေမယ့် ဘယ်အရာကိုမှ မလုပ်ရဘူးဆိုတာပါပဲ..."

"သေချာတာပေါ့... တကယ်လို့ တာအိုရောင်းရင်းက လုပ်စရာတစ်ခုခု ရှိတယ်ဆိုရင် လမ်းခုလတ်မှာ လွတ်လွတ်လပ်လပ် ထွက်သွားနိုင်ပြီး ဒီစည်းမျဉ်းက ကန့်သတ်ထားမှာ မဟုတ်ပါဘူး..."

တောင်းဆိုချက်မှာ အကြောင်းပြချက် ရှိသဖြင့် ဤလူ၏ စကားများသည် လက်ခံနိုင်ဖွယ်ရှိသည်ဟု ကျိုးယွမ် ယူဆလိုက်လေ၏။

ကျိုးယွမ် ငြင်းဆိုခြင်း မပြုဘဲ ကောင်းကင်တာအို ကျိန်စာကို ဆိုလိုက်လေသည်။ ထို့နောက် လျိုချန်သည် ကျိုးယွမ်အား အနားယူရန် လျိုမိသားစုသို့ သွားရောက်ရန် စီစဉ်ပေးခဲ့ပြီး နောက်နေ့ မနက်စောစောတွင် သူတို့ ထွက်ခွာကြမည် ဖြစ်ပေ၏။

ပိုမို သိရှိပြီးနောက် ကျိုးယွမ်သည် ဇာတ်လမ်း တစ်ခုလုံးကို နောက်ဆုံးတွင် နားလည်သွားလေသည်။

လျိုမိသားစု၏ အကြီးဆုံးသမီးဖြစ်သူ လျိုယန်သည် တန်ယန်မြို့ရှိ ဝမ်မိသားစုသို့ လက်ထပ်ရမည်ဖြစ်ပြီး ဝမ်မိသားစု၏ သခင်လေးသည် သူ့လူများကို ဟွိုင်ရွှေမြို့သို့ ခေါ်ဆောင်လာခဲ့ပြီ ဖြစ်ကြောင်း သိရလေ၏။

သို့သော် ဝမ်မိသားစု၏ သခင်လေးသည် ချောမွေ့သော ခရီးစဉ် မရှိခဲ့ချေ။ သူသည် နှစ်ကြိမ်တိုင်တိုင် တိုက်ခိုက်ခံခဲ့ရပြီး သူ၏ လူ တစ်ဝက်ခန့်ကို ဆုံးရှုံးခဲ့ရလေသည်။

ထို့ကြောင့် လျိုမိသားစုသည် ခေါင်းချင်းဆိုင် တိုင်ပင်ပြီးနောက် ဧည့်သည်အကြီးအကဲများကို ခေါ်ယူရန် အကြံရခဲ့ခြင်း ဖြစ်ပေ၏။ ၎င်းမှာ အခြေခံအားဖြင့် အစောင့်အုပ်စုတစ်ခုကို ခေါ်ယူခြင်းမျှသာ ဖြစ်ပေသည်။

ပွင့်ပွင့်လင်းလင်း ပြောရလျှင် ယခုတစ်ကြိမ် ကမ်းလှမ်းသော ဆုလာဘ်မှာ အတော်လေး မြင့်မားသဖြင့် လာရောက်သူ အတော်များများ ရှိခဲ့လေ၏။

ကျိုးယွမ်၏ ရှေ့တွင် လူ ဆယ့်သုံးဦး ရှိနေပြီ ဖြစ်သည်။ အခြေတည်စိတ်ဝိညာဉ်အဆင့် ကျင့်ကြံသူ ငါးဦးနှင့် ရွှေအမြုတေအဆင့် ကျင့်ကြံသူ ရှစ်ဦး ဖြစ်ပေ၏။ ကျိုးယွမ် အပါအဝင်ဆိုလျှင် ဆယ့်လေးဦး ရှိမည် ဖြစ်ပေသည်။

ကျိုးယွမ်သည် တိုက်ခိုက်သူ၏ ကျင့်စဉ်အဆင့်ကို ပေါ့ပေါ့ပါးပါး မေးမြန်းခဲ့သော်လည်း ကံမကောင်းစွာဖြင့် ထိုလူက မသိခဲ့ချေ။

သို့သော် ဤလူက ကျိုးယွမ်ကို သတင်းအချက်အလက် တစ်ခုလည်း ထုတ်ဖော် ပြောပြခဲ့လေ၏။ ဤသခင်လေးဝမ်၌ အသေးစား ဒဏ်ရာအချို့ ရရှိခဲ့သော အခြေတည်စိတ်ဝိညာဉ်အဆင့် သက်တော်စောင့်တစ်ဦး ရှိကြောင်း သိရလေသည်။

ဤသခင်လေးဝမ်ကို တိုက်ခိုက်ခဲ့သူများထဲတွင် နတ်ဘုရားအသွင်ပြောင်းခြင်းအဆင့်မှ တစ်ဦး သေချာပေါက် ရှိရမည်ဟု ကျိုးယွမ် နားလည်လိုက်လေ၏။

သို့သော် လျိုမိသားစုသည် ယခုတစ်ကြိမ်တွင် သူတို့နှင့်အတူ လိုက်ပါရန် နတ်ဘုရားအသွင်ပြောင်းခြင်းအဆင့် အကြီးအကဲတစ်ဦးကိုလည်း စီစဉ်ပေးမည်ဖြစ်ရာ ယင်းက ကျိုးယွမ်ကို စိတ်အေးသွားစေခဲ့လေသည်။

ကျိုးယွမ်သည် လျိုမိသားစု၏ အိမ်တော်သို့ ရောက်ရှိချိန်တွင် နေရာတိုင်း၌ အနီရောင် မီးပုံးများ ချိတ်ဆွဲထားသဖြင့် ထိုနေရာသည် ပျော်ရွှင်ဖွယ် အငွေ့အသက်များဖြင့် ပြည့်နှက်နေကာ ကျိုးယွမ်ကို ပြုံးသွားစေလေ၏။

ကျိုးယွမ်သည် ဤကဲ့သို့သော ပျော်ရွှင်ဖွယ် အငွေ့အသက်မျိုးကို မခံစားရသည်မှာ ကြာပြီ ဖြစ်ပေသည်။

မကြာမီမှာပင် ကျိုးယွမ်သည် လျိုအိမ်တော်၏ ဘေးဘက် ခြံဝင်းတစ်ခုသို့ ခေါ်ဆောင်ခြင်း ခံရပြီး ထိုနေရာတွင် အစေခံမလေး အချို့ စောင့်ဆိုင်းနေလေ၏။

ထိုညနေတွင်ပင် လျိုချန်သည် အဆင့်ငါး မူလချီ ဆေးလုံး ငါးလုံးကို ကျိုးယွမ်ထံ ကိုယ်တိုင်လာရောက် ပို့ဆောင်ပေးခဲ့ရာ ယင်းက လျိုမိသားစုအပေါ် ကျိုးယွမ်၏ သဘောကျမှုကို အလွန်အမင်း တိုးလာစေခဲ့လေသည်။

လျိုမိသားစုမှာ တကယ့်ကို သတ္တိရှိလှပေသည်။

All Chapters