← Chapters

အခန်း (၁၆၅-၁၆၆)

Vol. 17 Ch. 165-166

အခန်း (၁၆၅-၁၆၆)

Vol. 17 Ch. 165-166

အခန်း (၁၆၅) မင်္ဂလာဆောင်ရဲ့ လှည့်ကွက်တွေ... ကောင်းကင်နဲ့လူသား ဆုတ်ယုတ်ခြင်းငါးပါး ကို စမ်းသပ်ခြင်း

ဖာတောင်သခင်၏ စိတ်သဘောသဘာဝ လှုပ်ရှားသွားပြီး မေးမြန်းလိုက်သည်။

"မင်းက ဒီလူနဲ့ တွေ့ဖူးပြီးပြီလား"

ကျန်းဝမ်က ဂုဏ်ယူစွာ ပြောဆိုလိုက်သည်။

"အင်း... လွန်ခဲ့တဲ့ ရက်အနည်းငယ်က ဒီလူက မင်းသမီး ယွီကျွင်း ကို လာရှာတယ်လေ... သူက သတို့သားလောင်းဖြစ်ပေမဲ့ မင်းသမီး ယွီကျွင်းကို ဆက်ဆံတဲ့အခါမှာ လူတွေကို မိုင်တစ်ထောင်လောက် ဝေးဝေးမှာ ထားသလိုမျိုး အေးတိအေးစက် ဆက်ဆံတာ"

ကျန်းဝမ်သည် သူမ၏ ထက်မြက်သော အမြင်အတွက် အလွန်ဂုဏ်ယူနေပုံရပြီး အတင်းအဖျင်း ပြောလိုသော အမူအရာ ရှိနေလေသည်။

လင်းရီက အံ့အားသင့်စွာ မေးလိုက်သည်။

"မိုင်တစ်ထောင်လောက် ဝေးဝေးမှာ ထားသလိုမျိုး ဟုတ်လား"

ကျင့်ကြံသူများ၏ လက်ထပ်ခြင်းသည် သာမန်လူများထက် အပြန်အလှန် ချစ်ခင်မြတ်နိုးမှုကို ပို၍ အလေးထားကြလေသည်။ မည်သို့ပင်ဆိုစေ တာအို လက်ထပ်စာချုပ် ချုပ်ဆိုပြီးပါက ပြောင်းလဲ၍ မရနိုင်တော့ချေ။ အကယ်၍ အပြန်အလှန် ချစ်ခင်မှု မရှိပါက အနာဂတ်တွင် ပြဿနာများ သေချာပေါက် ပေါ်ပေါက်လာမည် ဖြစ်လေသည်။ အကယ်၍ သူတို့သည် ရန်ငြိုးဖွဲ့သော ဇနီးမောင်နှံများ ဖြစ်လာပါက တာအို တွင် ပျက်စီးသွားမည်လား ဆိုသည်ကို မသိနိုင်ချေ။

လင်းရီက တွေးတောရင်း ပြောဆိုလိုက်သည်။

"အကယ်၍ အဲဒီလိုဆိုရင် မင်းသမီး ယွီကျွင်း ရဲ့ မင်္ဂလာဆောင်က အချစ်အတွက် မဟုတ်ဘူးပေါ့"

ကျန်းဝမ်က သေချာပေါက် ပြောဆိုလိုက်သည်။

"အချစ်အတွက် မဟုတ်ရင် အကျိုးအမြတ်အတွက်ပဲ ဖြစ်ရမယ်"

ကောင်းကင်နတ်ဆိုး နန်းတော်သည် ထင်ယောင်ထင်မှား တာအို မှတစ်ဆင့် တာအို အတွင်းသို့ ဝင်ရောက်ကြလေသည်။ ထို တာအိုသည် စိတ်သဘောသဘာဝ နှင့် ပတ်သက်သော ကိစ္စရပ်များတွင် အကျွမ်းကျင်ဆုံး ပင် ဖြစ်လေသည်။

လင်းရီက မေးမြန်းလိုက်သည်။

"ဒါဆို ယက္ခ တိုင်းပြည်မှာ မြေကမ္ဘာအင်မော်တယ် စတုတ္ထနယ်ပယ် အစွမ်းထက် ကျွမ်းကျင်သူ တစ်ယောက်က မင်္ဂလာဆောင်နဲ့ လဲလှယ်လောက်တဲ့အထိ တန်ဖိုးရှိတဲ့အရာက ဘာရှိလို့လဲ"

ရှန်ကွမ်းယွီက တွေးတောရင်း ဖြေကြားလေသည်။

"မြေကမ္ဘာအင်မော်တယ် စတုတ္ထနယ်ပယ် က တန်ဖိုးထားတဲ့ အရာဆိုရင် သေချာပေါက် သာမန် မဟုတ်လောက်ဘူး... ခါးသီးခြင်းပင်လယ် ထဲက သတ်ဖြတ်ခြင်းအင်မော်တယ် အကြောင်းကို မင်း ကြားဖူးလား"

လင်းရီက ပြန်လည် ဖြေကြားလိုက်သည်

"သေချာတာပေါ့ ကြားဖူးတာပေါ့"

ရှန်ကွမ်းယွီက ရှင်းပြလေသည်။

"ခါးသီးခြင်းပင်လယ် က ဝိညာဉ် ရှိတယ် ပြီးတော့ အရင်တုန်းက ပြိုင်ဘက်ကင်း သတ်ဖြတ်ခြင်းအင်မော်တယ် တစ်ပါးကို မွေးဖွားပေးခဲ့ဖူးတယ်... ဒီ သတ်ဖြတ်ခြင်းအင်မော်တယ် က သတ်ဖြတ်လိုစိတ် အရမ်း ပြင်းထန်ပြီး လောကမှာ အဆိုးယုတ်ဆုံး သတ်ဖြတ်ခြင်းအင်မော်တယ် ပဲ... ဒါပေမဲ့ ဒီ သတ်ဖြတ်ခြင်းအင်မော်တယ် က ခဏလောက်ပဲ ပေါ်လာပြီး ပျောက်ကွယ်သွားခဲ့တယ်... ငါတို့ တောင်ပင်လယ် အင်မော်တယ်ဂိုဏ်း ရဲ့ အင်မော်တယ် ကျမ်းစာ မှာ ယက္ခ လူမျိုးတွေက သတ်ဖြတ်ခြင်းအင်မော်တယ် ကို စောင့်ရှောက်ဖို့ မွေးဖွားလာတဲ့ မျိုးဆက် ဖြစ်တယ်လို့ မှတ်တမ်းတင်ထားတယ်... အကယ်၍ အဲဒီ သတ်ဖြတ်ခြင်းအင်မော်တယ် ရဲ့ နေရာကို လောကမှာ သိတဲ့သူ ရှိတယ်ဆိုရင် ယက္ခ လူမျိုးတွေက သေချာပေါက် တစ်ယောက် အပါအဝင်ပဲ"

ရှန်ကွမ်းယွီ၏ လှပသော မျက်လုံးများ အနည်းငယ် ကျဉ်းမြောင်းသွားလေသည်။

ကျန်းဝမ်၏ မျက်လုံးများ ဝိုင်းစက်သွားပြီး ပြောဆိုလိုက်သည်။

"ဒီလူရဲ့ မင်္ဂလာဆောင်ကအတုပဲ ပြီးတော့ သူ့ရဲ့ တကယ့် ရည်ရွယ်ချက်က အဲဒီ ကြီးမြတ်တဲ့ သတ်ဖြတ်ခြင်းအင်မော်တယ် လား"

လင်းရီက မျက်မှောင်ကြုတ်ကာ ပြောဆိုလိုက်သည်။

"အဲဒီ ကြီးမြတ်တဲ့ သတ်ဖြတ်ခြင်းအင်မော်တယ်ကလည်း သူ့ရဲ့ နောက်ဆုံး ပန်းတိုင် မဟုတ်လောက်ဘူး"

ဖာတောင်သခင်က လင်းရီကို ကြည့်ကာ မေးမြန်းလိုက်သည်။

"မင်း တခြား ဘာတွေ သိသေးလဲ"

လင်းရီက လေးနက်စွာ ရှင်းပြလေသည်။

"ဒီ တပည့်က ကြွေလွင့်မိုးကြိုး တောင်ကြော ထဲမှာ အံ့သြစရာကောင်းတဲ့ လျှို့ဝှက်ချက်တစ်ခုကို သိခဲ့ရတယ်... ခါးသီးခြင်းပင်လယ် ထဲမှာ ထာဝရအသက်တံခါးတစ်ခု ရှိတယ် အဲဒီအထဲမှာ အင်မော်တယ် အမြစ် ရဲ့ စွမ်းအား ပါဝင်တယ် အဲဒါကို ရရင် သွေးတစ်စက်ကနေ ပြန်လည် မွေးဖွားနိုင်ပြီး မသေနိုင်တဲ့ ဘဝကို ရနိုင်တယ်တဲ့... ဒီ အင်မော်တယ်အမြစ်ကို ယူဖို့ဆိုရင် အဲဒီ ကြီးမြတ်တဲ့ သတ်ဖြတ်ခြင်းအင်မော်တယ်ကို ဝင်္ကပါရဲ့ ဗဟိုချက်အဖြစ် အသုံးပြုပြီး အဆုံးမရှိတဲ့ သက်ရှိ ဝိညာဉ်တွေရဲ့ စွမ်းအားနဲ့ ပေါင်းစပ်ကာ သတ်ဖြတ်ခြင်း ဝင်္ကပါတစ်ခုကို တည်ဆောက်ဖို့ လိုအပ်တယ် လို့ သိရတယ်"

လင်းရီက အသေအချာ ဆက်လက် ခွဲခြမ်းစိတ်ဖြာ ပြလေသည်။

"အကယ်၍ ဒီလူက ကြီးမြတ်တဲ့ သတ်ဖြတ်ခြင်းအင်မော်တယ် အတွက်ပဲ လာတာဆိုရင် ဘာအန္တရာယ်မှ မရှိပါဘူး... အစွမ်းအထက်ဆုံး သတ်ဖြတ်ခြင်းအင်မော်တယ် တောင်မှ ဖိနှိပ်လို့ ရတဲ့ နည်းလမ်း ရှိပါတယ်... ဆရာဘိုးဘေးက လောကမှာ ပြိုင်ဘက်ကင်းတဲ့ သူပါ ကြီးမြတ်တဲ့ သတ်ဖြတ်ခြင်းအင်မော်တယ် လောက်က ယှဉ်နိုင်မယ့်သူ မဟုတ်ပါဘူး... ဒါပေမဲ့ အကယ်၍ ဒီလူက ထာဝရအသက်တံခါးကို တကယ် ရည်ရွယ်ပြီး ဝင်္ကပါ တည်ဆောက်ချင်နေတာဆိုရင် လုံလောက်တဲ့ သက်ရှိ ဝိညာဉ်တွေက ဘယ်မှာ ရှိမယ်လို့ ထင်လဲ"

ကျန်းဝမ် နှင့် ရှန်ကွမ်းယွီတို့၏ လှပသော မျက်လုံးများ ကျယ်သွားပြီး သူတို့၏ နှလုံးသားများ တဒုတ်ဒုတ် ခုန်လာကာ တစ်ပြိုင်နက်တည်း အော်ဟစ်လိုက်ကြသည်။

"ယက္ခတိုင်းပြည်"

ခါးသီးခြင်းပင်လယ်၏ သက်ရှိများအနက် မကောင်းဆိုးဝါး ကျင့်ကြံသူများမှာ လူနည်းစုသာ ဖြစ်လေသည်။ အများဆုံးမှာ ယက္ခလူမျိုးများသာ ဖြစ်လေသည်။ ဝင်္ကပါ ဖွဲ့စည်းရန် ယက္ခလူမျိုးများက သံသယဖြစ်ဖွယ်မရှိ အသင့်တော်ဆုံးသော ယဇ်ကောင်များပင် ဖြစ်လေသည်။

ရှန်ကွမ်းယွီက အလျင်အမြန် ပြောဆိုလိုက်သည်။

"ဒီသတင်းကို မင်းသမီး ယွီကျွင်း ကို ချက်ချင်း သွားပြောရမယ် မင်္ဂလာပွဲကနေ အသုဘပွဲ မဖြစ်သွားရအောင်လို့"

ရှန်ကွမ်းယွီသည် မင်းသမီး ယွီကျွင်း ၏ ဆက်ဆံရေး ကောင်းမွန်မှုအပေါ် အလွန် သဘောကျနေခဲ့ခြင်း ဖြစ်လေသည်။

ကျန်းဝမ်က ရှန်ကွမ်းယွီကို ကြည့်ကာ အေးအေးလူလူ မေးမြန်းလိုက်သည်။

"သက်သေရော"

ရှန်ကွမ်းယွီမှာ ကြောင်အမ်းအမ်း ဖြစ်သွားလေသည်။ ဟုတ်ပေသည်။ သက်သေရော။

အဆိုပါ အချက်များ အားလုံးမှာ လင်းရီ၏ ခန့်မှန်းချက်များသာဖြစ်ပြီး သူတို့တွင် သက်သေ အထောက်အထား လုံးဝ မရှိချေ။ အကယ်၍ ရှန်ကွမ်းယွီက ယွီကျွင်းထံသို့ အလောတကြီး သွားပြီး သူမ၏ ခန့်မှန်းချက်များကို ပြောပြမည်ဆိုပါက ယွီကျွင်းက သူမကို ယုံကြည်မည်လား သို့မဟုတ် သူမ၏ အနာဂတ် ခင်ပွန်းကို ယုံကြည်မည်လား။ ထိုသို့ ပြုလုပ်ခြင်းက ရန်သူကို သတိပေးသကဲ့သို့သာ ဖြစ်သွားမည်ကို သူမ စိုးရိမ်မိလေသည်။

ရှန်ကွမ်းယွီက မေးလိုက်သည်။

"ဒါဆို ငါတို့ ဘာလုပ်သင့်လဲ"

လင်းရီက တစ်ခုတည်းသော အစစ်အမှန်ဝိုင် တစ်အိုးကို ထုတ်ယူကာ လူတိုင်းအတွက် တစ်ခွက်စီ ကိုယ်တိုင် ငှဲ့ပေးရင်း ပြောဆိုလိုက်သည်

"စောင့်ရမှာပေါ့... ကံကောင်းတာက ငါတို့ အခု အထဲရောက်နေပြီ... ပြီးတော့ တစ်ဖက်လူရဲ့ ရည်ရွယ်ချက်ကိုလည်း သိထားပြီလေ... ဒါကြောင့် ငါတို့က ပုံမှန်အတိုင်း စားမယ် သောက်မယ် ပြီးတော့ သုံးရက်ကြာရင် ကျင်းပမယ့် မင်္ဂလာဆောင်ကို တိတ်တဆိတ် စောင့်ကြတာပေါ့"

ကျန်းဝမ် နှင့် ရှန်ကွမ်းယွီ တို့ နှစ်ဦးလုံးက ခေါင်းညိတ်လိုက်ကြသည်။

"ကောင်းပြီ"

သူတို့ လေးဦး စုရုံးကာ မကြာသေးမီက ဖြစ်ပျက်ခဲ့သော စိတ်ဝင်စားဖွယ် ဇာတ်လမ်းများကို ပြောဆိုနေကြပြီး သူတို့၏ စိတ်အခြေအနေများမှာလည်း တဖြည်းဖြည်း တည်ငြိမ်လာခဲ့လေသည်။

ဝိုင်သုံးပတ် လှည့်ပြီးနောက် ရှန်ကွမ်းယွီက စိတ်အားထက်သန်စွာ ပြောဆိုလိုက်သည်။

"ငါတို့ အားလုံးက ဂီတသမားတွေ အဖြစ်နဲ့ ဝင်လာကြတာဆိုတော့... အဲဒီအချိန်ကျရင် ငါတို့ အတူတူ တီးခတ်ကြမယ်ဆိုရင် လှပတဲ့ ဇာတ်လမ်းလေး တစ်ပုဒ် ဖြစ်လာမှာ သေချာတယ်"

လင်းရီက ဖာတောင်သခင်ကို ကြည့်ကာ ပြောဆိုလိုက်သည်။

"တကယ်ပဲ... ဆရာဘိုးဘေးရော တူရိယာ တစ်ခုခုကို တီးခတ်တတ်လား မသိဘူး"

ဖာတောင်သခင်က ရှည်လျားသော ပလွေတစ်လက်ကို ထုတ်ယူကာ နှုတ်ခမ်းတွင် တေ့လိုက်ပြီး ခြံဝင်းတစ်ခုလုံး ပဲ့တင်ထပ်သွားစေမည့် သာယာနာပျော်ဖွယ် ပလွေသံတစ်ခုကို မှုတ်ထုတ်လိုက်ရင်း ပြောဆိုလိုက်သည်

"နည်းနည်းပါးပါးတော့ တတ်တာပေါ့"

ပလွေသံမှာ သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေလေသည်။ ထိုအရာမှာ ဖာတောင်သခင်၏ စိတ်သဘောသဘာဝ ကြောင့်ပင် ဖြစ်လေသည်။ ပလွေမှုတ်နေစဉ်တွင်ပင် ပြိုင်ဘက်ကင်း သတ်ဖြတ်ခြင်းအင်မော်တယ်တစ်ပါး၏ သတ်ဖြတ်လိုစိတ်များက တိုက်ပွဲဝင်ရန် ပြင်ဆင်နေသော စစ်တပ်ကြီးတစ်ခုကဲ့သို့ လှိုင်းတံပိုးများ ထနေလေသည်။ ထိုအရှိန်အဝါက ကျန်းဝမ် နှင့် ရှန်ကွမ်းယွီတို့ကို ချွေးအေးများပင် ပြန်သွားစေခဲ့လေသည်။

ဖာတောင်သခင် သူမ၏ သံစဉ်ကို မှုတ်ပြီးနောက် လင်းရီက ခါးသီးသော အပြုံးဖြင့် ပြောဆိုလိုက်သည်

"ဆရာဘိုးဘေး... ကျွန်တော်တို့က မင်္ဂလာဆောင်မှာ တီးခတ်ပေးရမှာပါ ရန်သူတွေကို သတ်ဖို့ စစ်တိုက်ထွက်တာ မဟုတ်ပါဘူး... အကယ်၍ ဆရာဘိုးဘေးရဲ့ ဒီသံစဉ်က မင်္ဂလာဆောင်မှာ ထွက်လာမယ်ဆိုရင် မင်္ဂလာပွဲကနေ အသုဘပွဲ တကယ် ဖြစ်သွားလိမ့်မယ်"

ဖာတောင်သခင်က သဘာဝကျကျပင် ဖြေကြားလိုက်သည်။

"ငါ ဒီတစ်ပုဒ်ပဲ တတ်တာ"

ဖာတောင်သခင်သည် ပလွေမှုတ်ခြင်းကို တစ်ခါမျှ မသင်ယူခဲ့ဖူးချေ။ ကလေးဘဝက ဤတူရိယာကို ပထမဆုံး ကိုင်တွယ်ဖူးစဉ်က ဤသံစဉ်မှာ သူမ၏ စိတ်ထဲတွင် သဘာဝအတိုင်း ပေါ်လာခဲ့ခြင်းသာ ဖြစ်လေသည်။ သူမသည် ထိုသံစဉ်ကို အလွန် ကောင်းမွန်စွာ မှုတ်နိုင်သည်မှာ သေချာလှပေသည်။

ကျန်းဝမ်က ပြုံး၍ ပြောဆိုလိုက်သည်။

"တောင်သခင်သာ သဘောကျမယ်ဆိုရင် သင့်တော်မယ့် သံစဉ် အနည်းငယ်ကို ကျွန်မ သင်ပေးနိုင်ပါတယ်"

ပြိုင်ဘက်ကင်း သတ်ဖြတ်ခြင်းအင်မော်တယ် တစ်ပါးကို ဂီတသံစဉ်တစ်ခု သင်ပေးရခြင်းမှာ မိမိ၏ ဘိုးဘေးများကိုပင် ဂုဏ်တက်စေမည့် ကိစ္စတစ်ခု ဖြစ်လေသည်။

ဖာတောင်သခင်က ခေါင်းညိတ်လိုက်သည်။

"ကောင်းပြီလေ"

ဖာတောင်သခင်သည် သံစဉ် တစ်ပုဒ်တည်းသာ သိသော်လည်း သူမ၏ အခြေခံမှာ အလွန်ကောင်းမွန်လှပေသည်။ အချိန်တိုအတွင်းမှာပင် သူမသည် ကျန်းဝမ် နှင့် လိုက်ဖက်အောင် တီးခတ်နိုင်နေပြီ ဖြစ်လေသည်။ အဆိုပါအခြေအနေကို မြင်သောအခါ လင်းရီနှင့် ရှန်ကွမ်းယွီ တို့သည်လည်း သူတို့၏ ဇီသာ နှင့် ပလွေရှည်ကို ထုတ်ယူကာ ပါဝင်လာကြလေသည်။

ခဏအကြာတွင် ခြံဝင်းအတွင်း၌ ဂီတသံများ လွင့်ပျံနေပြီး မင်္ဂလာရှိသော ပျော်ရွှင်မှုများဖြင့် ပြည့်နှက်နေလေသည်။ ဤမြင်ကွင်းမှာ ပန်းချီကားတစ်ချပ်ကဲ့သို့ပင်။ လှပသော ခြံဝင်းအတွင်း၌ အမျိုးသားတစ်ဦးနှင့် အမျိုးသမီး သုံးဦးတို့က သဟဇာတဖြစ်စွာ တီးခတ်နေကြပြီး သူတို့၏ အသံများမှာ နားထောင်လို့ ကောင်းကာ အင်မော်တယ် ဆန်ပြီး ကျက်သရေရှိလှပေသည်။ ကြည့်ရသည်မှာရော နားထောင်ရသည်မှာပါ တာအို နှင့်ပင် နီးစပ်နေလေသည်။

ထိုညတွင် လင်းရီနှင့် အခြားသူများ လူစုခွဲလိုက်ကြပြီး သုံးရက်အကြာတွင် ကျင်းပမည့် မင်္ဂလာဆောင်ကို တိတ်တဆိတ် စောင့်ဆိုင်းနေကြလေသည်။ လင်းရီသည် သူ၏ နေအိမ်သို့ ပြန်ရောက်ပြီးနောက် ကျောက်တုံးအင်မော်တယ်၏ တစ္ဆေအင်မော်တယ် စွမ်းအားနှင့် မင်းသမီး ယွီကျွင်း က သူတို့ကို ဧည့်ခံရာတွင် အသုံးပြုခဲ့သော ရွမ်ရှင်း လက်ဖက်ရည် ကို ထုတ်ယူလိုက်လေသည်။

လင်းရီက တွေးတောလိုက်သည်။

"ကောင်းကင်နှင့်လူသား ဆုတ်ယုတ်ခြင်းငါးပါး ရဲ့ စွမ်းအားက တစ္ဆေအင်မော်တယ် အပေါ်မှာ အာနိသင် မရှိဘူးထင်တယ်... ဒီ ရွမ်ရှင်း လက်ဖက်ရည် ကလည်း ကောင်းကင်နှင့်လူသား ဆုတ်ယုတ်ခြင်းငါးပါး ရဲ့ စွမ်းအားကို အတိုင်းအတာတစ်ခုအထိ ဖြေဖျောက်ပေးနိုင်တယ်... အကယ်၍ ဒီနှစ်ခုကို ဝိုင်ထဲ တစ်ပြိုင်နက်တည်း ထည့်လိုက်မယ်ဆိုရင် အာနိသင်က ပိုကောင်းသွားမလား"

လင်းရီက လက်ကို ပေါ့ပေါ့ပါးပါး ဝှေ့ယမ်းလိုက်ရာ ကောင်းကင်နှင့်လူသား ဆုတ်ယုတ်ခြင်းငါးပါး စွမ်းအား တစ်စွန်းမှာ ဆွဲယူခံလိုက်ရပြီးနောက် သူသည် ထိုစွမ်းအားကို သူ၏ ခန္ဓာကိုယ်အတွင်းသို့ တွန့်ဆုတ်ခြင်းမရှိဘဲ လမ်းညွှန်ထည့်သွင်းလိုက်လေသည်။ ကောင်းကင်နှင့်လူသား ဆုတ်ယုတ်ခြင်းငါးပါး ၏ စွမ်းအားကို ဖြေဖျောက်ရန်အတွက် ကောင်းကင်နှင့်လူသား ဆုတ်ယုတ်ခြင်းငါးပါး ကို ကိုယ်တိုင် တွေ့ကြုံခံစားရမည် ဖြစ်လေသည်။ လင်းရီ၏ လုပ်ရပ်မှာ ကောင်းကင်နှင့်လူသား ဆုတ်ယုတ်ခြင်းငါးပါး ၏ စွမ်းအားကို မိမိကိုယ်ပေါ်တွင် စမ်းသပ်ခြင်း ပင် ဖြစ်လေသည်။

အခန်း (၁၆၆) ဒြပ်စင်ငါးပါး ပြောင်းပြန်ဖြစ်ရင် လောကကြီး ပရမ်းပတာဖြစ်မယ်... မြေအောက်ကမ္ဘာ က အပြည့်အဝ တာဝန်ယူရမယ်

ဝှစ်…။

ကောင်းကင်နှင့်လူသား ဆုတ်ယုတ်ခြင်းငါးပါး ၏ စွမ်းအား လင်းရီ၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားသည်နှင့် သူ၏ ရုပ်ခန္ဓာ မှာ တုန်ယင်သွားခဲ့လေသည်။ သူ၏ အတွင်းရှိ အသက်ဓာတ်၊ ရုပ်ခန္ဓာ နှင့် မူလဝိညာဉ်တို့မှာ အံ့အားသင့်ဖွယ် အရှိန်အဟုန်ဖြင့် လျင်မြန်စွာ ကုန်ခမ်းသွားသည်ကို လင်းရီ ခံစားလိုက်ရပြီး သူ၏ စိတ်နယ်ပယ်ပင်လျှင် တိုက်စားခံနေရကာ သူ၏ နှလုံးသားထဲမှ ဝမ်းနည်းမှုနှင့် နာကျင်မှု မြင်ကွင်းများ ပေါ်ထွက်လာလေသည်။

(မူလဝိညာဉ်နဲ့ နတ်ဝိညာဉ်က အတူတူပါ)

ဝုန်း…။

လင်းရီသည် ဝိုင်တာအို ၏ စွမ်းအားကို စုစည်းကာ ကောင်းကင်နှင့်လူသား ဆုတ်ယုတ်ခြင်းငါးပါး ကို ခုခံရင်း ၎င်းတို့၏ အကျိုးသက်ရောက်မှုများကို ဖြည်းညင်းစွာ ခွဲခြမ်းစိတ်ဖြာနေလေသည်။

လင်းရီက တွေးတောလိုက်သည်။

"အသက်ဓာတ်တွေ ကုန်ခမ်းနေတာလား... ငါ့မှာ အသက်မဟာတာအို ရှိတယ်လေ"

လင်းရီ၏ ဝိုင်ဝိညာဉ်၊ ပုံသဏ္ဍာန်မျိုးစုံမှာ အလိုအလျောက် အသက်ဝင်လာပြီး အသက်တာအို ၏ အဆုံးမရှိသော စီးဆင်းမှုကို ပုံဖော်ကာ သူ၏ ခန္ဓာကိုယ်တွင်းရှိ အသက်ဓာတ်များ ကုန်ခမ်းနေမှုကို တားဆီးရန် ကြိုးစားလေသည်။ သို့သော် ဤအရာမှာ လုံးဝ အသုံးမဝင်ခဲ့ချေ။

ကောင်းကင်နှင့်လူသား ဆုတ်ယုတ်ခြင်းငါးပါး စီးဆင်းလာသည်နှင့်အမျှ ထိုစွမ်းအားများသည် လင်းရီ၏ အသက် မဟာတာအို ကို အမှန်တကယ်ပင် လျစ်လျူရှုထားခဲ့လေသည်။

လင်းရီက အံ့အားသင့်စွာ ပြောဆိုလိုက်သည်။

"ကောင်းကင်နှင့်လူသား ဆုတ်ယုတ်ခြင်းငါးပါးကြောင့် ဖြစ်ပေါ်လာတဲ့ အသက်ဓာတ် ကုန်ခမ်းမှုက အရမ်း ပြင်းထန်လွန်းလို့ သေမလိုဖြစ်ပြီးမှ ပြန်လည်ရှင်သန်လာတဲ့ အဆက်မပြတ် အသက်စွမ်းအားတောင်မှ အဲဒါကို မဖိနှိပ်နိုင်ဘူးလား"

အသက်တာအိုသည် ခန္ဓာကိုယ်ကို သန်စွမ်းစေပြီး အခြေခံအုတ်မြစ်ကို ခိုင်မာစေရာတွင် အထိရောက်ဆုံး ဖြစ်လေသည်။ သို့သော် ယခုအခါ အသက် တာအိုက ကောင်းကင်နှင့်လူသား ဆုတ်ယုတ်ခြင်းငါးပါး ကို မဖိနှိပ်နိုင်ခဲ့ချေ။ အသက်ဓာတ်များ ဆက်လက် ကုန်ခမ်းနေဆဲ ပင်။

လင်းရီက ဆက်လက် တွေးတောသည်

"နှစ်ပေါင်းများစွာ ကြာတဲ့အထိ ဘယ်သူကမှ ခါးသီးခြင်းပင်လယ် ရဲ့ စွမ်းအားကို မဖြေဖျောက်နိုင်ခဲ့တာ အံ့သြစရာ မဟုတ်တော့ပါဘူး... အကယ်၍ အသက်တာအိုတောင်မှ မလုပ်နိုင်ဘူးဆိုရင် တခြား ဘယ်အရာက ဒီ ကောင်းကင်နှင့်လူသား ဆုတ်ယုတ်ခြင်းငါးပါး ကို ဖြေဖျောက်နိုင်မှာလဲ"

လင်းရီသည် ကောင်းကင်နှင့်လူသား ဆုတ်ယုတ်ခြင်းငါးပါး နှင့် ပတ်သက်၍ ပို၍ပို၍ စပ်စုလိုစိတ် ဖြစ်ပေါ်လာလေသည်။ သူ၏ စိတ်များ အလျင်အမြန် အလုပ်လုပ်နေပြီး ရွမ်ရှင်း လက်ဖက်ရည် ကို ကောက်ယူကာ တစ်ကျိုက် သောက်လိုက်လေသည်။ ထို့နောက် သူ၏ ခန္ဓာကိုယ်အတွင်းရှိ ကောင်းကင်နှင့်လူသား ဆုတ်ယုတ်ခြင်းငါးပါး စွမ်းအား တစ်စွန်းမှာ ဖြည်းညင်းစွာ တိုက်စားခံနေရကြောင်း သူ အံ့အားသင့်စွာ တွေ့ရှိလိုက်ရလေသည်။

လင်းရီက ရေရွတ်လိုက်သည်။

"နည်းနည်း စိတ်ဝင်စားစရာ ကောင်းလာပြီ... ဒီ ရွမ်ရှင်းလက်ဖက်ရည် ရဲ့ အာနိသင်က ဖြေဖျောက်တာ မဟုတ်ဘဲ တိုက်စားတာပဲ"

သေချာစွာ အရသာခံပြီးနောက် လင်းရီသည် ကောင်းကင်နှင့်လူသား ဆုတ်ယုတ်ခြင်းငါးပါး၏ စွမ်းအား နောက်ထပ်တစ်စွန်းကို ထပ်မံ ထည့်သွင်းလိုက်ပြန်လေသည်။ ဤစွမ်းအား ပေါက်ကွဲထွက်လာပြီးနောက် လင်းရီသည် တစ်ခုတည်းသော အစစ်အမှန်ဝိုင်ထဲသို့ တစ္ဆေအင်မော်တယ်၏ စွမ်းအားကို ပေါင်းထည့်ကာ တိုက်ရိုက် သောက်ချလိုက်လေသည်။

ဝှစ်….။

တစ္ဆေအင်မော်တယ်ဝိုင် သူ၏ ပါးစပ်ထဲသို့ ဝင်ရောက်သွားသည်နှင့် လင်းရီသည် သူ၏ ခန္ဓာကိုယ်တွင်းရှိ ကောင်းကင်နှင့်လူသား ဆုတ်ယုတ်ခြင်းငါးပါး မှာ အမှန်တကယ်ပင် ပျက်ပြယ်သွားပြီး ပျောက်ကွယ်သွားကြောင်း တွေ့ရှိလိုက်ရလေသည်။ မူလ ဖျက်ဆီးနိုင်သော အာနိသင်မှာ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်လေသည်။

လင်းရီက ကောက်ချက်ချလိုက်သည်။

"ရွမ်ရှင်း လက်ဖက်ရည်က ကောင်းကင်နှင့်လူသား ဆုတ်ယုတ်ခြင်းငါးပါးကို တိုက်စားနိုင်တယ်... ဒါပေမဲ့ တစ္ဆေအင်မော်တယ် ရဲ့ စွမ်းအားကတော့ ကောင်းကင်နှင့်လူသား ဆုတ်ယုတ်ခြင်းငါးပါး ကို ပျက်ပြယ်သွားစေနိုင်တယ်... ဘယ်လိုလုပ် ဒီလောက်တောင် ထူးဆန်းနေရတာလဲ"

လင်းရီ၏ အမူအရာမှာ ပို၍ပင် အံ့အားသင့်သွားခဲ့လေသည်။ စွမ်းအား နှစ်မျိုးစလုံးသည် ကောင်းကင်နှင့်လူသား ဆုတ်ယုတ်ခြင်းငါးပါး အပေါ်တွင် အံ့ဖွယ် အကျိုးသက်ရောက်မှုများ ရှိကြသော်လည်း ၎င်းတို့၏ လုပ်ဆောင်ပုံမှာ လုံးဝ ကွဲပြားခြားနားနေလေသည်။

လင်းရီက ဆက်တွေးသည်။

"ပထမတစ်ခုက တွန်းထုတ်တယ် ဒုတိယတစ်ခုက ပေါင်းစပ်တယ်... ဒီနှစ်ခုကြားမှာ ဆက်စပ်မှု ရှိနေမလား"

လင်းရီသည် ရွမ်ရှင်း လက်ဖက်ရည်ကို နောက်တစ်ကျိုက် ထပ်သောက်ကာ အရသာခံလိုက်ပြီးနောက် တစ္ဆေအင်မော်တယ် ဝိုင်ကို နောက်တစ်ကျိုက် ထပ်သောက်လိုက်ပြန်လေသည်။

လင်းရီက သန္နိဋ္ဌာန်ချလိုက်သည်။

"နောက်တစ်ခါ"

ဤတစ်ကြိမ်တွင် လင်းရီသည် ကောင်းကင်နှင့်လူသား ဆုတ်ယုတ်ခြင်းငါးပါး ၏ စွမ်းအား သုံးခုကို အပြည့်အဝ ထည့်သွင်းလိုက်လေသည်။ ကောင်းကင်နှင့်လူသား ဆုတ်ယုတ်ခြင်းငါးပါး စွမ်းအား သုံးခု၏ လွှမ်းမိုးမှုအောက်တွင် အကျိုးသက်ရောက်မှုမှာ ပို၍ပင် ကြောက်မက်ဖွယ်ကောင်းလာပြီး လင်းရီကို မျက်တောင်တစ်ခတ်အတွင်းမှာပင် ကောင်းကင်နှင့်လူသား ဆုတ်ယုတ်ခြင်းငါးပါး ၏ လက္ခဏာများ ပြသလာစေခဲ့လေသည်။

လင်းရီသည် ပေါ့ဆရန် မဝံ့ရဲဘဲ ရွမ်ရှင်း လက်ဖက်ရည် ကို နောက်တစ်ကျိုက် ထပ်သောက်လိုက်လေသည်။ ကံမကောင်းစွာဖြင့် ကောင်းကင်နှင့်လူသား ဆုတ်ယုတ်ခြင်းငါးပါး စွမ်းအား သုံးခု တစ်ပြိုင်နက်တည်း ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာသောအခါ ရွမ်ရှင်း လက်ဖက်ရည်၏ ကန့်သတ်ချက်ကို ကျော်လွန်သွားခဲ့ပြီ ဖြစ်လေသည်။ ရွမ်ရှင်း လက်ဖက်ရည် ပင်လျှင် ကောင်းကင်နှင့်လူသား ဆုတ်ယုတ်ခြင်းငါးပါး ကို လုံးဝ ဖြေဖျောက်ရန် ခက်ခဲနေလေသည်။

ဝုန်း…။

လင်းရီသည် ညီညွတ်မှုကို လက်ခံကာ သေချာစွာ အာရုံခံလိုက်ပြီးနောက် သူ၏ မျက်လုံးများ ရုတ်တရက် လင်းလက်သွားခဲ့လေသည်။

အင်္ဂါငါးပါး..

သေချာစွာ အာရုံခံပြီးနောက် လင်းရီသည် ရွမ်ရှင်း လက်ဖက်ရည် ၏ စွမ်းအားက ကောင်းကင်နှင့်လူသား ဆုတ်ယုတ်ခြင်းငါးပါး ကို မဖိနှိပ်နိုင်တော့သည့်အခါတွင် ထိုစွမ်းအားသည် လင်းရီ၏ အင်္ဂါငါးခုဆီသို့ တဖြည်းဖြည်း စုစည်းသွားကြောင်း တွေ့ရှိလိုက်ရလေသည်။ လင်းရီ၏ အင်္ဂါငါးခုကို ကာကွယ်ပေးထားခြင်း ပင် ဖြစ်လေသည်။ ဤအရာက ကောင်းကင်နှင့်လူသား ဆုတ်ယုတ်ခြင်းငါးပါး ၏ အကျိုးသက်ရောက်မှုကို အနည်းငယ် အားနည်းသွားစေခဲ့လေသည်။

လင်းရီက နားလည်သွားပြီး ပြောဆိုလိုက်သည်။

"ငါ နားလည်ပြီ... ကောင်းကင်နှင့်လူသား ဆုတ်ယုတ်ခြင်းငါးပါး က ကျင့်ကြံသူတစ်ယောက်ရဲ့ အင်္ဂါငါးခု အပေါ်မှာ အလုပ်လုပ်တာပဲ... စီနီယာ ကျောက်တုံးအင်မော်တယ်က တစ္ဆေအင်မော်တယ် ဖြစ်လို့ သူ့ရဲ့ ရုပ်ခန္ဓာ ကို လွန်ခဲ့တဲ့ အချိန်အတော်ကြာကတည်းက ဆုံးရှုံးခဲ့ပြီးပြီ... တစ္ဆေအင်မော်တယ် ရဲ့ ခန္ဓာကိုယ်က ပုံသဏ္ဍာန်လည်း မရှိဘူး အစစ်အမှန်လည်း မဟုတ်ဘူး အင်္ဂါငါးခုလို့ ခေါ်တာတွေက စွမ်းအားတွေရဲ့ ပြယုဂ်တွေ သက်သက်ပဲ... ဒါကြောင့် ကောင်းကင်နှင့်လူသား ဆုတ်ယုတ်ခြင်းငါးပါး က သူ့အပေါ် အာနိသင် မရှိတာပေါ့"

လင်းရီ၏ မျက်လုံးများ ပို၍ ပို၍ တောက်ပလာလေသည်။

လင်းရီက ဆက်လက် ခွဲခြမ်းစိတ်ဖြာသည်။

"လူတစ်ယောက် မွေးဖွားလာတဲ့အခါ သူတို့ရဲ့ ခေါင်းက လုံးပြီး ခြေချောင်းတွေက လေးထောင့်ကျတယ်၊ ကောင်းကင်နဲ့ မြေကြီးနဲ့ တူတယ်... ယင် က အောက်ဆင်းပြီး ယန် က အထက်တက်တယ်၊ အဲဒါကလည်း ကောင်းကင်နဲ့ မြေကြီးရဲ့ ယန္တရားတွေ ပါဝင်နေတာပဲ... ဒါကြောင့် ကောင်းကင်နဲ့ မြေကြီးမှာ ဒြပ်စင်ငါးပါး ရှိသလို လူ့ခန္ဓာကိုယ်မှာလည်း ဒြပ်စင်ငါးပါး ရှိတယ်... ကျောက်ကပ်က ရေ၊ နှလုံးက မီး၊ အသည်းက သစ်သား၊ အဆုတ်က သတ္တု နဲ့ ဘေလုံးက မြေကြီး ပဲ... ရေက သစ်သားကို ဖြစ်စေတယ် သစ်သားက မီးကို ဖြစ်စေတယ် မီးက မြေကြီးကို ဖြစ်စေတယ် မြေကြီးက သတ္တုကို ဖြစ်စေတယ် သတ္တုက ရေကို ဖြစ်စေတယ် ဒါက ဒြပ်စင်ငါးပါး ရဲ့ အပြန်အလှန် ဖြစ်ပေါ်မှုပဲ၊ သဘာဝအတိုင်း အဆုံးမရှိဘူး... ဒါပေမဲ့ လူတစ်ယောက်ရဲ့ ဒြပ်စင်ငါးပါး ကို ပြောင်းပြန် ဖြစ်သွားစေမယ့် အရာတစ်ခုခု ရှိနေမယ်ဆိုရင်ရော"

လင်းရီက သူ့ဘာသာ ရေရွတ်လိုက်လေသည်။

လင်းရီက ဆက်တွေးသည်။

"အကယ်၍ ဒြပ်စင်ငါးပါးသာ ပြောင်းပြန် ဖြစ်သွားမယ်ဆိုရင် လောကကြီးမှာ သဘာဝကျကျပဲ ကြီးမားတဲ့ ပရမ်းပတာတွေ ဖြစ်လာမှာပေါ့... ရေက မီးကို အနိုင်ယူတယ် မီးက နှလုံးနဲ့ သက်ဆိုင်တယ်... အကယ်၍ မီးသာ မရှိတော့ဘူးဆိုရင် စိတ်နယ်ပယ်က သဘာဝကျကျပဲ ထိခိုက်သွားမှာပေါ့... မီးက သတ္တုကို အနိုင်ယူတယ် သတ္တုက အဆုတ်နဲ့ သက်ဆိုင်တယ်... အကယ်၍ သတ္တုသာ မရှိတော့ဘူးဆိုရင် မူလချီ တွေ သဘာဝကျကျပဲ ပြန့်ကျဲသွားမှာပေါ့... သတ္တုက သစ်သားကို အနိုင်ယူတယ် သစ်သားက အသည်းနဲ့ သက်ဆိုင်တယ်... အကယ်၍ သစ်သားသာ မရှိတော့ဘူးဆိုရင် အသက်ဓာတ်က သဘာဝကျကျပဲ ပြတ်တောက်သွားမှာပေါ့... သစ်သားက မြေကြီးကို အနိုင်ယူတယ် မြေကြီးက ဘေလုံးနဲ့ သက်ဆိုင်တယ်... အကယ်၍ မြေကြီးသာ မရှိတော့ဘူးဆိုရင် ရုပ်ခန္ဓာ က သဘာဝကျကျပဲ ဆွေးမြေ့သွားမှာပေါ့... မြေကြီးက ရေကို အနိုင်ယူတယ် ရေက ကျောက်ကပ်နဲ့ သက်ဆိုင်တယ်... အကယ်၍ ရေသာ မရှိတော့ဘူးဆိုရင် မူလဝိညာဉ်က သဘာဝကျကျပဲ ရှုံးနိမ့်သွားမှာပေါ့"

ကျောက်တုံးအင်မော်တယ်၏ အသံ ထွက်ပေါ်လာသည်။

"မင်းကောင်လေး တကယ့်ကို လွန်လွန်းတယ်... မင်းက ကောင်းကင်နှင့်လူသား ဆုတ်ယုတ်ခြင်းငါးပါးကို တကယ်ပဲ မြင်သွားတာပဲ"

ကျောက်တုံးအင်မော်တယ်မှာ လင်းရီ၏ အခန်းထဲတွင် တိတ်ဆိတ်စွာ ပေါ်လာခဲ့ခြင်း ဖြစ်လေသည်။

လင်းရီက ပြုံး၍ ပြောဆိုလိုက်သည်။

"စီနီယာလည်း အဲဒီရဲ့သော့ချက်ကို မြင်ခဲ့မယ်လို့ ကျွန်တော် ထင်ပါတယ်"

ကျောက်တုံးအင်မော်တယ်က ဂုဏ်ယူစွာ ဆိုသည်။

"ဒါက သဘာဝကျတာပေါ့"

သူက ဆက်ပြောသည်။

"ပြောရရင်တော့ ဒေါသထွက်စရာပဲ မြေအောက်ကမ္ဘာ ဘိုးဘေးရဲ့ ပါရမီနဲ့ အရည်အချင်းက ငါ့ထက် ဆယ်ဆလောက် ဆိုးပေမဲ့ သူက နှစ်ပေါင်းများစွာ ကြာနေပြီဖြစ်တဲ့ တစ္ဆေအိုကြီး တစ်ကောင် ဖြစ်နေတုန်းပဲ အကယ်၍ သူသာ တားမြစ်နယ်မြေထဲမှာ နေ့တိုင်း သေချင်ယောင်ဆောင် မနေခဲ့ဘူးဆိုရင် ဒီ ပဟေဋ္ဌိက လွန်ခဲ့တဲ့ အချိန်အတော်ကြာကတည်းက ဖြေရှင်းပြီးသား ဖြစ်နေလောက်ပြီ... မဟုတ်ရင် ငါ့ရဲ့ ဝိညာဉ်ကုန်းမြေက ခါးသီးခြင်းပင်လယ် ရဲ့ စွမ်းအားကြောင့် ဘယ်လိုလုပ် ဒုက္ခရောက်နေပါ့မလဲ"

ကျောက်တုံးအင်မော်တယ်သည် မြေအောက်ကမ္ဘာ ဘိုးဘေးကို ခေါင်းအစ ခြေအဆုံး အထင်သေးနေခဲ့လေသည်။

တစ္ဆေအင်မော်တယ်များမှာ လောကတွင် အလွန် ရှားပါးလှပေသည်။ မြေအောက်ကမ္ဘာ ဘိုးဘေးနှင့် ကျောက်တုံးအင်မော်တယ် ဟူ၍ လောကတွင်နှစ်ဦးတည်းသာ ရှိကောင်း ရှိနိုင်ပေသည်။

ကျောက်တုံးအင်မော်တယ်သည် ကောင်းကင်နှင့်လူသား ဆုတ်ယုတ်ခြင်းငါးပါးက တစ္ဆေအင်မော်တယ်များအပေါ် အာနိသင် မရှိကြောင်း တွေ့ရှိသောအခါ သူက ထိုအချက်ကို သေချာစွာ စဉ်းစားတွေးတောခဲ့လေသည်။ သို့သော် သူ၏ စဉ်းစားပုံမှာ လင်းရီကဲ့သို့ ခန္ဓာကိုယ်မှ စတင်ခဲ့ခြင်း မဟုတ်ချေ။ မည်သို့ပင်ဆိုစေကာမူ တစ္ဆေအင်မော်တယ်များတွင် ရုပ်ခန္ဓာ မရှိချေ။ တစ္ဆေအင်မော်တယ်များမှာ အမြစ်မရှိသော အင်မော်တယ်များ ဖြစ်ကြပြီး မူလဝိညာဉ် တစ်ခုတည်းသာ ပိုင်ဆိုင်ကြလေသည်။ သို့သော် ကောင်းကင်နှင့်လူသား ဆုတ်ယုတ်ခြင်းငါးပါး က ကျင့်ကြံသူတစ်ဦး၏ မူလဝိညာဉ် ကို ဖျက်ဆီးနိုင်ကြောင်း ထင်ရှားလှရာ ၎င်းသည် တစ္ဆေအင်မော်တယ်များအပေါ် အသုံးမဝင်ဘူးဟု မဆိုနိုင်ချေ။

ထို့ကြောင့် ကျောက်တုံးအင်မော်တယ်က တွေးတောပြီးနောက် ကောင်းကင်နှင့်လူသား ဆုတ်ယုတ်ခြင်းငါးပါးသည် မူလဝိညာဉ် အပါအဝင် ကျင့်ကြံသူ တစ်ကိုယ်လုံးအပေါ် အကျိုးသက်ရောက်စေရန်အတွက် ရုပ်ခန္ဓာကို တံတားတစ်စင်းအဖြစ် အသုံးပြုရန် လိုအပ်ကြောင်း ကောက်ချက်ချလိုက်လေသည်။ ထိုအချက်ကို အခြေခံ၍ ကျောက်တုံးအင်မော်တယ် သည်လည်း အင်္ဂါငါးခု အကြောင်းကို တွေးမိသွားခဲ့၏။ ထို့နောက် ဒြပ်စင်ငါးပါး ၏ အပြန်အလှန် ဖြစ်ပေါ်မှုနှင့် အနိုင်ယူမှုများ အကြောင်းကိုပါ တွေးမိသွားခဲ့လေသည်။

ကျောက်တုံးအင်မော်တယ်သည် ဤအချက်ကို သိမြင်ပြီးနောက် လင်းရီနှင့် ဆွေးနွေးရန် မစောင့်နိုင်တော့သော်လည်း လင်းရီ ကိုယ်တိုင်ကလည်း ဒြပ်စင်ငါးပါး ၏ အပြန်အလှန် ဖြစ်ပေါ်မှုနှင့် အနိုင်ယူမှုများ၏ နိယာမကို တွေးမိနေလိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့ချေ။

လင်းရီက ပြုံး၍ ပြောဆိုလိုက်သည်။

"အဲဒီလိုဆိုရင် ကောင်းကင်နှင့်လူသား ဆုတ်ယုတ်ခြင်းငါးပါး က အဲဒီလောက် ကြောက်စရာ မကောင်းတော့ပါဘူး"

ကျောက်တုံးအင်မော်တယ်က ထောက်ခံလိုက်သည်။

"တကယ်ပါပဲ... ကောင်းကင်နှင့်လူသား ဆုတ်ယုတ်ခြင်းငါးပါးက လူ့ခန္ဓာကိုယ်ထဲက ဒြပ်စင်ငါးပါး ကို ပြောင်းပြန် ဖြစ်သွားစေပြီး အပြန်အလှန် ဖြစ်ပေါ်ရာကနေ အပြန်အလှန် အနိုင်ယူတဲ့ အခြေအနေကို ပြောင်းလဲသွားစေတာပဲ... ဒါကြောင့် ဆန့်ကျင်ဘက်ကို လုပ်ပြီး ခန္ဓာကိုယ်ထဲက ဒြပ်စင်ငါးပါး ကို လိုက်နာလိုက်မယ်ဆိုရင် ကောင်းကင်နှင့်လူသား ဆုတ်ယုတ်ခြင်းငါးပါး ကို သဘာဝအတိုင်း ဖြေဖျောက်နိုင်မှာပါ"

အရင်တုန်းက လင်းရီ တစ္ဆေအင်မော်တယ် ဝိုင်ကို သောက်လိုက်သောအခါ ကောင်းကင်နှင့်လူသား ဆုတ်ယုတ်ခြင်းငါးပါး မှာ ပျက်ပြယ်သွားပြီး ပျောက်ကွယ်သွားရခြင်းမှာ တစ္ဆေအင်မော်တယ် စွမ်းအားက ဒြပ်စင်ငါးပါး နှင့် ကိုက်ညီနေသောကြောင့် ပင် ဖြစ်လေသည်။

လင်းရီက ချက်ချင်းပင် တစ္ဆေအင်မော်တယ် ၏ စွမ်းအားကို လမ်းညွှန်အဖြစ် အသုံးပြုကာ ဒြပ်စင်ငါးပါး ၏ အပြန်အလှန် ဖြစ်ပေါ်မှုနှင့် ကိုက်ညီသော ပါဝင်ပစ္စည်းများကို ဝိုင်ထဲသို့ ပေါင်းထည့်လိုက်လေသည်။ အချိန်တိုအတွင်းမှာပင် ဝိုင်မှာ အဆင်သင့် ဖြစ်သွားခဲ့လေသည်။ လင်းရီက ဝိုင်တစ်ကျိုက် သောက်လိုက်ရာ ကောင်းကင်နှင့်လူသား ဆုတ်ယုတ်ခြင်းငါးပါး ၏ လက္ခဏာများ ချက်ချင်းပင် ပျောက်ကွယ်သွားလေတော့သည်။

All Chapters