← Chapters

လူသား… မင်းက တကယ်ပဲ လူသားတစ်ယောက် ဟုတ်ရဲ့လား

Vol. 26 Ch. 360

လူသား… မင်းက တကယ်ပဲ လူသားတစ်ယောက် ဟုတ်ရဲ့လား

Vol. 26 Ch. 360

အခန်း (၃၆၀) လူသား… မင်းက တကယ်ပဲ လူသားတစ်ယောက် ဟုတ်ရဲ့လား

ကျန်းလန်၏ ဝိညာဉ်ရောက်ရှိနေရာ မရဏလောက နယ်ခြားနေရာ။

အနက်ရောင်ပုံရိပ်တစ်ခုက လှုပ်ရှားနေပြီး သူ၏ ခန္ဓာကိုယ်က မသိမသာ တုန်ယင်သွားသည်။ သူက သူ့ကိုယ်သူ တည်ငြိမ်သွားစေရန် အကောင်းဆုံးကြိုးစားလိုက်သည်။

သူ အနည်းငယ် အံ့သြတုန်လှုပ်သွားပြီး သူ၏ဝိညာဉ်ကြိုးမျှင်ကပ်လိုက်သွားသည့် သားရဲကောင်မှာ ငရဲတံခါးတွင် သေဆုံးသွားပြီ ဖြစ်သည်။

သို့သော် သူရင်ဆိုင်လိုက်ရသည့်အရာက ဘာမှန်းပင် မသိရှိခဲ့ပေ။ ထိုအရာနှင့်သာ ရင်ဆိုင်ရလျှင် သူ သေချာပေါက် သေဆုံးရမည် ဖြစ်သည်။

သူ ငရဲတံခါး အပြင်ဘက်သို့ မထွက်ရဲတော့ပေ။

ယခု သားရဲနှင့်အတူ တွယ်ကပ်လိုက်ပါသွားသည်က သူ၏ ဝိညာဉ်ကြိုးမျှင်လေးမဟုတ်ဘဲ သူကိုယ်တိုင်သာဖြစ်နေလျှင် ပြင်ပတွင် သူ သေဆုံးသွားမည် ဖြစ်သည်။

သူက ကျန်းလန်ကို ကြည့်လိုက်သည်။

"ဒါပေမဲ့ အပြင်ကို အန္တရယ်ကင်းကင်းနဲ့ထွက်ချင်တယ်ဆိုရင် ဒီလူကို အသုံးချလို့ ရနိုင်တယ် ၊ သူ့ကို မရဏလောကထဲ ဆွဲခေါ်ပြီးရင် ငါက သူ့ခန္ဓာကိုယ်ထဲကို ဝင်သွားလို့ရတယ်"

မရဏလောကမှ တန်ခိုးစွမ်းအားရှင်က တွေးလိုက်သည်။

ထို့နောက် ပတ်ဝန်းကျင်ရှိ အနက်ရောင်အရိပ်များအားလုံးက အင်အားအလုံးအရင်းဖြင့် ကျန်းလန်ကို စတင်တိုက်ခိုက်လိုက်သည်။

ကျန်းလန်ကို သူတို့ကဲ့သို့ဖြစ်လာစေရန် မရဏလောကသို့ ဆွဲခေါ်ရန် ကြံရွယ်ထားကြသည်။

သူတို့အတွက် ကျန်းလန်ကို မရဏလောကသို့ ဆွဲခေါ်ပြီး သူတို့က အပြင်လောကတွင် နေနိုင်လျှင် အကောင်းဆုံး ဖြစ်သည်။ ဤနည်းအားဖြင့် သူတို့အနေဖြင့် ထွက်ခွာရန် အခွင့်အရေး ရရှိမည် ဖြစ်၏။

ကျန်းလန်က ထိုသူများကို ကြည့်လိုက်သည်။ သူတို့အရှိန်အဟုန်ဖြင့် ဝင်ရောက်လာသည်ကို တားဆီးခြင်းမပြုဘဲ တိုက်ခိုက်မှုကို စတင်လိုက်သည်။

တစ်ယောက်ပြီးတစ်ယောက် လက်သီးချက်ကိုပစ်သွင်းကာ နှိမ်နင်းတိုက်ခိုက်ပစ်သည်။

တစ်ဖက်လူကရပ်တန့်ခြင်းမရှိသလို ကျန်းလန်သည်လည်း အမှားမရှိ တိုက်ခိုက်လျှက်ပင်။

အနက်ရောင်အရိပ်များက လုံ၀ လျော့နည်းသွားခြင်း မရှိသလို ကျန်းလန်၏ လက်သီးချက်များကလည်း လုံး၀ အားလျော့သွားခြင်း မရှိပေ။

နှစ်ဖက်စလုံးမှ ချေးမှုန်းရေးစစ်ပွဲကို အပြင်းအထန် ပြုလုပ်လျှက် ရှိတော့၏။

***

မော့ကျန်းသုန့် မရဏဂူရှေ့တွင် မတ်တတ်ရပ်လျှက် ရှိသည်။

သူက တိမ်ဖြူများလွင့်ဝဲနေသည့် ကောင်းကင်ကို မော့ကြည့်လိုက်သည်။

နေနှင့်လ တစ်လှည့်စီထွန်းလင်းပြီး ရာသီလေးခုက အလီလီ ပြောင်းလဲသွားခဲ့သည်။

ထိုကာလများအတွင် ကျိုးကျုန်းထျန်း ခဏမျှရောက်လာပြီး စကားအနည်းငယ်ပြောဆိုသည်မှလွဲ၍ နဝမတောင်ထွတ်သို့ မည်သူမှ ရောက်မလာခဲ့ပေ။

စီးဆင်းနေသည့်ရေပမာ (၃)နှစ်ဆိုသည့်အချိန်က ကုန်ဆုံးသွားသည်။

ယနေ့တော့ မရဏဂူထဲတွင် ပြောင်းလဲမှုအသစ်တစ်ခု ဖြစ်ပေါ်ခဲ့သည်။

ကျန်းလန်၏ ဝိညာဉ်မရဏလောကနယ်ခြားနေရာသို့ ရောက်နေသည်မှာ အချိန် (၅)နှစ် ကြာမြင့်ခဲ့ပြီ ဖြစ်၏။ လွန်ခဲ့သည့် (၅)နှစ်လုံးလုံး ကျန်းလန်၏ရုပ်ခန္ဓာက တည်ငြိမ်နေခဲ့သည်။

ထို့ကြောင့်လည်း မော့ကျန်းသုန့်က ကျန်းလန်ကို ပြန်ဆွဲမခေါ်ခဲ့ပေ။ သူက ဖြစ်ပေါ်လာမည့် ပြောင်းလဲမှုအသစ်များကို စောင့်ဆိုင်းနေခဲ့သည်။

သို့သော် ယနေ့တွင်တော့ ငရဲတံခါးမှ မရဏအငွေ့အသက်များ ပေါက်ကွဲထွက်ခြင်းက ခါတိုင်းထက်ပိုမိုလျှင်မြန်စွာ ရပ်တန့်သွားခဲ့သည်။

"မရဏအငွေ့အသက်တွေ တစ်ဝက်လောက်လျော့သွားပြီ"

မော့ကျန်းသုန့် ရေရွတ်လိုက်သည်။

မရဏအငွေ့အသက်များ ရုတ်တရက် လျော့ကျသွားခြင်းက အနည်းငယ်ထူးဆန်းသလို ခံစားရသည်။ ထို့နောက် သူက ကျန်းလန်ကို ကြည့်လိုက်၏။

ကျန်းလန်၏ အခြေအနေက ပြောင်းလဲသွားပြီဖြစ်ပြီး သူ့ပတ်ဝန်ကျင်ရှိ အရာအားလုံက ငြိမ်သက်လျှက် ရှိသည်။ သူ့အနားသို့ ရောက်လာသည့် မရဏအငွေ့အသက်များကိုပင် ငြိမ်သက်သွားစေသည်အထိ ဖြစ်သည်။

"သူ့စိတ်အခြေအနေ ပြောင်းလဲမှုအဆင့်တစ်ခုကို ရောက်သွားပြီပဲ ၊ အခု သူ့စိတ်စွမ်းအားက ပတ်ဝန်းကျင်က မရဏအငွေ့အသက်တွေအပေါ်ကိုတောင် လွှမ်းမိုးနိုင်စွမ်း ရှိနေပြီ ၊ သူက ပိုပြီးထူးခြားလာတာပဲ ၊ အင်မော်တယ်သာ ဖြစ်လာရင် သိပ်ကို လျှင်လျှင်မြန်မြန် တိုးတက်လာဖို့ ရှိတယ်"

အတွေးနှင့်အတူ မော့ကျန်းသုန့် အတော်လေး စိတ်ကျေနပ်သွားသည်။

သူ့တပည့်က ထူးချွန်လွန်းသည်။

သူ့အနေဖြင့် တပည့်ဖြစ်သူကို အများကြီး သင်ပြပေးစရာမလိုခဲ့ပေ။ သူက ကျန်းလန်ကို အင်မော်တယ်ဖြစ်လာစေရန် ကူညီပေးရုံမျှဖြင့် လုံလောက်ခဲ့သည်။

ကျန်းလန်က ပါရမီရှင်တစ်ယောက် မဟုတ်လေရာ အင်မော်တယ်ဖြစ်လာရန် အလွန်ခက်ခဲသည်။ အင်မော်တယ် ဖြစ်သွားလျှင်တော့ ကျင့်ကြံခြင်းနှင့်ပတ်သက်သည့် အကန့်အသတ်များ နည်းပါးသွားပေလိမ့်မည်။

အစစ်အမှန်အင်မော်တယ်တစ်ပါး ဖြစ်လာပြီးလျှင်တော့ ကျင့်ကြံသူတစ်ယောက်၏ တာအိုကိုနားလည်ခြင်းက ထိုသူ၏ ကျင့်ကြံခြင်းအခြေခံ ဖြစ်လာပေလိမ့်မည်။

တာအိုကိုနားလည်ရာတွင် လုံလောက်အောင် မထူးချွန်လျှင် ရှေ့ဆက်နိုင်မည်မဟုတ်ဘဲ အနာဂတ်က ဝေးကွာနေမည် ဖြစ်၏။

ငရဲတံခါးတွင် ဖြစ်ပေါ်နေသည့် အပြောင်းအလဲများက ကျန်းလန်၏ စိတ်အခြေအနေနှင့် ဆက်စပ်နေသည်။ ကြည့်ရသည်မှာ နယ်ခြားနေရာတွင် အကြောင်းအရာများစွာ ဖြစ်ပျက်နေဟန် ရှိသည်။

ကျန်းလန်က နယ်ခြားနေရာမှ ကိစ္စများကို အာရုံစိုက်နေစဉ် ပြင်ပတွင်တော့ မော့ကျန်းသုန့်က စောင့်ကြည့်ပေးနေခဲ့သည်။ ထို့ကြောင့် ကျန်းလန်အတွက် မည်သည့်ထိခိုက်မှုမှ မရှိခဲ့ပေ။

အကြောင်းအရာအတော်များများကို ယေဘူယျ ကောက်ချက်ချအတည်ပြုပြီးနောက် မော့ကျန်းသုန့် မရဏဂူထဲမှ ထွက်ခွာသွားသည်။

အချိန် (၅)နှစ်ကြာလျှင် ကျန်းလန်ကို ပြန်ဆွဲခေါ်မည်ဟု စဉ်းစားထားခဲ့သော်လည်း ယခုတော့ လုပ်စရာမလိုတော့ပေ။

ကျန်းလန်၏ဝိညာဉ် နယ်ခြားနေရာသို့  ရောက်ရှိသွားခြင်းက ကျန်းလန်ကို ဒုက္ခရောက်စေမည်မဟုတ်ဘဲ ရှားရှားပါးပါး ရရှိသည့် အခွင့်အရေးတစ်ခုသာ ဖြစ်စေလိမ့်မည်။

***

ထိုအချိန်တွင်…

ကျန်းလန်က အဆောက်အဦအပျက်များထက်တွင် မတ်တတ်ရပ်ရင်း သူ့အနားသို့ တိုးကပ်မလာကြတော့သည့် အနက်ရောင်အရိပ်များကို ကြည့်နေသည်။

သူ့စိတ်များက တည်ငြိမ်နေပြီး မည်သည့်ခံစားချက်မှ မရှိပေ။

အချိန် (၃)နှစ်တာကာလအတွင်း တိုက်ပွဲများစွာရင်ဆိုင်ခဲ့ပြီး သူ ပိုမိုရဲရင့်လာခဲ့သလို ရန်သူများကိုလည်း တွန်းလှန်နိုင်ခဲ့သည်။

သူ၏တန်ခိုးစွမ်းအားများကလည်း လျော့နည်းသွားခြင်း မရှိသလို သူ၏စိတ်စွမ်းအားကလည်း မယိမ်းယိုင်ခဲ့ပေ။ သူက မပျက်စီးနိုင်သော ကျောက်ဆောင်တစ်ခုပမာ နေရာတွင် ရပ်လျှက် ရှိသည်။

"လူသား… မင်းက တကယ်ပဲ လူသားတစ်ယောက် ဟုတ်ရဲ့လား"

အနက်ရောင်အရိပ်တစ်ခုက မေးလိုက်သည်။

အခြားသောအနက်ရောင်အရိပ်များမှာတော့ အပြင်သို့ ထွက်မလာရဲတော့ဘဲ အပျက်အစီးမျာကြားတွင် ပုန်းအောင်းနေကြသည်။

သူတို့က မရဏအငွေ့အသက်များစွာကို စုပ်ယူပြီး ကျန်းလန်ကို အဆက်မပြတ် တိုက်ခိုက်ခဲ့ကြသည်။

သို့သော် ကျန်းလန်ကလည်း တစ်ချက်ပင် အားလျော့မသွားခဲ့ပေ။ တိုက်ပွဲပြင်းထန်လာလေ သူကလည်း ပိုမိုအားကောင်းလာလေပင် ဖြစ်သည်။

ကျန်းလန်က အားလျော့သွားခြင်း မရျိသည့်အခါ ရန်သူများက အားလျော့စိတ်ပျက်သွားကြသည်။

အနှီလူသားသည် မြင့်မားသည့် တံတိုင်းတစ်ခုပမာဖြစ်ပြီး သူတို့ မည်သည့်နည်းနှင့်မှ ဖြတ်ကျော်ရန် မဖြစ်နိုင်ပေ။

ကျန်းလန်က မျက်ခုံးများကို တွန့်ချိုးထားရင်း တစ်ဖက်လူကို ကြည့်လိုက်သည်။ အမှန်တော့ မရဏလောကမှ တန်ခိုးစွမ်းအားရှင်က ထင်သလောက် သန်မာခြင်း မရှိပေ။

သူ ပထမဆုံးအကြိမ် ရှေးဟောင်းရေတွင်းကြီးထဲတွင် တွေ့ခဲ့ရသည့် အနီရောင်မျက်လုံးပိုင်ရှင်နှင့် အလွန်ခြားနားသည်။

ကျန်းလန်က သူ့အကန့်အသတ်ကို နားလည်သူ ဖြစ်သည်။ သူက ဤနေရာတွင် ရေရှည်ဆက်လက်နေထိုင်ရန် မဖြစ်နိုင်သလို ရန်သူသည်လည်း အချိန်တိုသာလျှင် ရပ်တည်နိုင်မည် ဖြစ်သည်။

ကျန်းလန်က…

"မင်းတို့အားလုံး ရှုံးသွားပြီ"

သူက ပြောလိုက်ရင်း အနက်ရောင်အရိပ်များရှိရာသို့ ခြေတစ်လှမ်းလှမ်းလိုက်သည်။ သို့သော် အနက်ရောင်အရိပ်များက ချက်ချင်းပင် နောက်ဆုတ်သွားကြသည်။

နှစ်ပေါင်းများစွာ တိုက်ခိုက်ခဲ့ပြီးနောက် သူတို့ အားလုံး ကြောက်ရွံ့နေကြပြီ ဖြစ်သည်။

ကျန်းလန်က အနက်ရောင်အရိပ်များကို လှမ်းကြည့်လိုက်ရင်း…

"ကျုပ် ပြန်တော့မယ် ၊ မင်းတို့ ကျုပ်ကို တိုက်ခိုက်ဦးမှာလား"

အနက်ရောင်အရိပ်က ကျန်းလန်ကို စူးစိုက်ကြည့်နေ၏။

အတန်ကြာမှ…

"ကောင်းပြီ ၊ နောက်မှတွေ့မယ်"

အရာအားလုံး ပြီးဆုံးသွားပြီ ဖြစ်သည်။

ကျန်းလန်ကို တားဆီးရန် သူတို့တွင် အင်အားမရှိကြတော့ပေ။ သူ့ကို ထိုသို့သောလူသားဖြစ်လိမ့်မည်ဟု သူတို့ မထင်မှတ်ခဲ့ကြပေ။

ကျန်းလန် လှည့်ထွက်လာခဲ့သည်။

"လူသား"

ကျန်းလန် ထွက်ခွာသွားခါနီးတွင် အနက်ရောင်အရိပ်တစ်ခုက လှမ်းခေါ်လိုက်သည်။

ကျန်းလန်လှည့်ကြည့်လိုက်တော့ ထိုအရိပ်က စကားဆက်ပြော၏။

"ကောင်းကင်ဘုံတံခါးအကြောင်းကိုရော မင်းသိသလား"

ကျန်းလန်က ဘာမှ ပြန်မပြောဘဲ ထိုအနက်ရောင်အရိပ်ကိုသာ စိုက်ကြည့်နေသည်။

ကောင်းကင်ဘုံတံခါး။

ကောင်းကင်ဘုံတံခါးနှင့်ပတ်သက်ပြီး သူ သိရှိထားသည့် တစ်ခုတည်းသောအရာမှာ ပထမတောင်ထွတ်တွင် ကောင်းကင်ဘုံတံခါး ရှိနိုင်သည်ဆိုသည့်အချက် ဖြစ်သည်။

နဝမတောင်ထွတ်က ငရဲတံခါးနှင့် ချိတ်ဆက်ထားပြီး ပထမတောင်ထွတ်က ကောင်းကင်ဘုံတံခါးနှင့် ချိတ်ဆက်ထားသည်။

ဆရာဖြစ်သူကို မေးကြည့်သည့်အခါ ကျင့်ကြံခြင်းအဆင့် အတိုင်းအတာတစ်ခုထိ မြင့်လားလာလျှင် နားလည်လာမည်ဟု ပြောခဲ့သည်။

အခုထိတော့ သူ နားမလည်သေးပေ။

"မင်း ကောင်းကင်ဘုံတံခါးကို သွားပြီးရှာဖွေကြည့်သင့်တယ်"

အနက်ရောင်အရိပ်က ဆိုသည်။

ထို့နောက် မရဏလောကနယ်ခြားတွင် ရှိနေသည့် အနက်ရောင်အရိပ်များ ပျောက်ကွယ်သွားကြတော့သည်။

ကျန်းလန်က ထိုသူပြောသည့်စကားကို သိပ်လည်းမစဉ်းစားသလို ကောင်းကင်ဘုံတံခါးအကြောင်း သိအောင်ကြိုးစားရန်လည်း ရည်ရွယ်ချက် မရှိပေ။

အနည်းဆုံးတော့ ယခုအချိန်က အချိန်မကျသေးပေ။ အချိန်တန်လျှင် အလိုလို နားလည်လာမည် ဖြစ်သည်။

သူက တန်ခိုးစွမ်းအား လုံလောက်အောင် မမြင့်မားသေးလေရာ ထိုကိစ္စမျိုးတွင် ပါဝင်ပတ်သက်မည် မဟုတ်ပေ။

ထို့ပြင် မရဏလောကမှ တန်ခိုးစွမ်းအားရှင်က မည်သို့သောရည်ရွယ်ချက်ဖြင့် ဤစကားကိုပြောသည်လဲ မသိနိုင်ပေ။

သူက တစ်ဖက်လူပြောသည့်စကားအတိုင်းလိုက်လုပ်မည်ဆိုပါက မည်သို့သော နောက်ဆက်တွဲဆိုးကျိုးများ ဖြစ်ပေါ်လာမည်ကို မသိနိုင်ပေ။

အနည်းငယ် သတိမထားသည်နှင့် သူ ချောက်ထဲကျရမည် ဖြစ်သည်။

***

မရဏလောက နယ်ခြားနယ်မြေတစ်လျှောက် ကျန်းလန် လမ်းလျှောက်လာခဲ့သည်။ သူ ဤနေရာမှ ပြန်နိုင်ပြီဖြစ်ကြောင်း သိရှိလိုက်သည်။

ငရဲတံခါးမှ မရဏအငွေ့အသက်များ ပေါက်ကွဲထွက်ခြင်းမှာလည်း တဖြည်းဖြည်း အားနည်းသွားပြီ ဖြစ်သည်။

အနက်ရောင်အရိပ်များက ကျန်းလန်ကို တိုက်ခိုက်ရန် မရဏအငွေ့အသက်များကို စုပ်ယူကြသည့်အတွက် ထိုမျှမြန်ဆန်စွာ မရဏအငွေ့အသက်များ အားနည်းသွားခြင်း ဖြစ်သည်။

ဤသည်က သူ ထွက်ခွာသွားရန် အခွင့်အရေးပင် ဖြစ်သည်။ မဟုတ်ပါက သူ ဆက်ပြီး စောင့်ရဦးမည် ဖြစ်၏။

သူ ထိုနေရာမှ ထွက်ခွာလိုက်နိုင်သည်နှင့် မျက်လုံးများကို ဖြည်းညင်းစွာ ဖွင့်လိုက်သည်။

ပတ်ဝန်းကျင်ကို အကဲခတ်လိုက်သည့်အခါ သူက ငရဲတံခါးအနီးတွင် ထိုင်နေလျှက်ရှိပြီး သူပြုလုပ်ထားသည့် အစီအရင်အချို့က အသက်ဝင်လျှက် ရှိသည်။

ကျန်းလန်က ထိုအချက်ကို အာရုံမထားပေ။

သူက မရဏဂူထဲသို့ အမှန်တကယ် ပြန်ရောက်လာခြင်း ရှိ မရှိ စစ်ဆေးလိုက်သည်။ သေချာသည်ဆိုတော့မှ စိတ်သက်သာရာရစွာ သက်ပြင်းတစ်ချက် ချလိုက်၏။

သူ အန္တရယ်ကင်းသွားပြီ ဖြစ်သည်။

ထိုအချိန် သူ့မျက်နှာက ချက်ချင်းဖျော့တော့လာပြီး သူ၏တန်ခိုးစွမ်းအားများလည်း အားနည်းလာသည်။

အချိန်ကြာမြင့်စွာ တိုက်ပွဲဝင်ခဲ့ရသည့်အတွက် စိတ်ပင်ပန်းခြင်း၏ ရလဒ်ဖြစ်သည်။ ဝိညာဉ်က ခန္ဓာကိုယ်အတွင်း ပြန်ရောက်လာသည့်အခါ ခန္ဓာကိုယ်သည်လည်း ပင်ပန်းနွမ်းနယ်သွားခြင်း ဖြစ်သည်။

အကန့်အသတ်သာ ကျော်လွန်သွားပါက ရုပ်ခန္ဓာသေဆုံးသွားစေနိုင်သည်။

ကံကောင်းသည်မှာ ရန်သူများတွင်လည်း ကိုယ်ပိုင်အကန့်အသတ်များ ရှိကြသည့်အတွက် သူ အနည်းငယ်မျှသာ အားနည်းသွားရခြင်း ဖြစ်သည်။

ကျန်းလန် အသက်ပြင်းပြင်းရှူပြီး ခဏမျှအနားယူလိုက်သည့်အခါ အနည်းငယ် ပြန်လည်သက်သာလာသည်။

သူက မရဏဂူထဲတွင်ပင် ဆက်လက်ကျင့်ကြံရန် ဆုံးဖြတ်လိုက်သည်။ ငရဲတံခါးက သူ့ကို နောက်တစ်ကြီမ် ခြိမ်းခြောက်နိုင်မည် မဟုတ်တော့ပေ။

ထို့ကြောင့် ထွက်ခွာသွားစရာ အကြောင်း မရှိပေ။

အချိန် (၃)လ ကြာမြင့်ခဲ့ပြီးနောက်…

ကျန်းလန် မျက်လုံးများကို ဖွင့်ကြည့်လိုက်သည်။

သူ၏တန်ခိုးစွမ်းအားများ ပြန်လည်ပြည့်ဝလာပြီဖြစ်ပြီး မျက်နှာက ဖြူဖျော့နေခြင်း မရှိတော့ပေ။ သူ့အခြေအနေက အထွတ်ထိပ်အဆင့် ပြန်ရောက်သွားပြီ ဖြစ်သည်။

သူ မတ်တတ်ရပ်လိုက်ပြီး မရဏဂူအပြင်ဘက်သို့ ထွက်ခွာသွားသည်။

အချိန်အတော်ကြာ တစ်ယောက်တည်း ကျင့်ကြံခဲ့ပြီးနောက် ရှောင်ယွိနှင့် တွေ့ဆုံရဦးမည် ဖြစ်သည်။

ရှောင်ယွိ၏ သစ်သားဓားလေးအတွင်းသို့ နဂါးသုတ်သင်ဓားဝိညာဉ် ထည့်သွင်းပေးရဦးမည် ဖြစ်သည်။ ယခင်တစ်ခေါက် သူထည့်သွင်းပေးလိုက်သည့် ဓားဝိညာဉ်က အချိန် (၂)နှစ်သာ ခံမည် ဖြစ်၏။

သို့သော် သူတစ်ယောက်တည်းကျင့်ကြံနေသည်က အချန် (၂)နှစ်ကျော်လွန်သွားမည်မှာ သေချာသလောက် ရှိသည်။

All Chapters