← Chapters

အဋ္ဌမမင်းသားကိုရောင်းချခြင်း

Vol. 26 Ch. 364

အဋ္ဌမမင်းသားကိုရောင်းချခြင်း

Vol. 26 Ch. 364

အခန်း (၃၆၄) အဋ္ဌမမင်းသားကိုရောင်းချခြင်း

"အဋ္ဌမမင်းသားက ကျွန်မတို့နဲ့ ပြန်လိုက်ခဲ့မယ်... ဟုတ်လား"

ကျူးချင်က သိချင်စိတ်ဖြင့် မေးလိုက်သည်။

ဘာကြောင့်ထိုသို့ ဖြစ်ရသည်လဲ။

နဂါးမျိုးနွယ်များက အဋ္ဌမမင်းသားကို မလိုချင်တော့ဘူးလား။

လျိုကျင်းက…

"ဟုတ်တယ် ၊ ကျုပ်တို့နဲ့ ပြန်လိုက်ခဲ့ရမယ် ၊ အဋ္ဌမမင်းသားက ကျုပ်တို့ခွန်လွန်တောင်ရဲ့လက်ထဲမှာပဲ ရှိသေးတယ်"

ကျိုးကျုန်းထျန်းက သေရည်တစ်ငုံသောက်လိုက်ရင်း…

"အပြန်လမ်းမှာ နဂါးမျိုးနွယ်တွေက ကျုပ်တို့ကို ခြုံခိုမတိုက်ခိုက်ဘူးဆိုတာ သေချာနိုင်မလား"

သူတို့ ခွန်လွန်တောင်မှ ထွက်ခွာသွားမည်ဆိုလျှင် အခြေအနေများက ပြောရခက်လှသည်။

နဂါးမျိုးနွယ်များဘက်မှ အင်အားအလုံအလောက်ဖြင့်တိုက်ခိုက်မည်ဆိုလျှင် ခွန်လွန်တောင်ဘက်မှ အသာစီးရနိုင်မည် မဟုတ်ပေ။

ခွန်လွန်တောင်ကလည်း ထိုသို့သောတိုက်ပွဲမျိုးကို ကြိုတင်မှန်းဆပြီး တောင်ပေါ်မှလူအားလုံး အပြင်သို့ထွက်ကြမည် မဟုတ်ပေ။

အထူးသဖြင့် ပထမတောင်ထွတ်နှင့် နဝမတောင်ထွတ်မှ တောင်သခင်များက ခွန်လွန်တောင်မှ အဝေးသို့ သွားနိုင်ကြမည် မဟုတ်ပေ။

တံခါးပိတ်ကျင့်ကြံနေသည့် ခွန်လွန်တောင်ဂိုဏ်းချုပ်သည်လည်း ခွန်လွန်တောင်မှ ထွက်ခွာနိုင်မည် မဟုတ်ပေ။

ထိုသို့ဆိုလျှင် အခြားမျိုးနွယ်များနှင့်တိုက်ခိုက်ရန်အတွက် တောင်သခင် (၇)ပါးသာလျှင် ခွန်လွန်တောင်မှ ထွက်ခွာနိုင်ပေလိမ့်မည်။

သို့သော် တောင်သခင် (၇)ပါးတွင် (၃)ပါးမှာ သူတို့၏တောင်ထွတ်တွင် တိတ်တဆိတ်ပုန်းအောင်နေကြပြီး အချို့ကတော့ သဲလွန်စမကျန် ပျောက်ကွယ်နေကြသည်။

တိုတိုဆိုရသော် အခြားနေရာသို့ သွားရောက်နိုင်သည်ဆို၍ တောင်သခင် (၄)ပါးသာလျှင် ရှိသည်။

အခြားသောတန်ခိုးစွမ်းအားရှင်များစွာ ခွန်လွန်တောင်တွင် ရှိပါသေးသည်။ သို့သော် တောင်သခင်များနှင့် ပခုံးချင်းယှဉ်နိုင်သူတစ်ယောက်မျ မရှိပေ။

"သေချာတာပေါ့ ၊ ခွန်လွန်တောင်က ဒီစွန့်စားမှုကိုတော့ ယူရလိမ့်မယ်"

လျိုကျင်းက ကျိုးကျုန်းထျန်း၏ မေးခွန်းကို အတည်ပြုသည်။

ဖုန်းယီရှောက်က…

"ဒါပေမဲ့ ဒီကိစ္စ ချောချောမွေ့မွေ့ဖြစ်သွားမယ်ဆိုရင်တော့ အားလုံးအတွက် အကျိုးရှိလိမ့်မယ် ၊ နဂါးမျိုးနွယ်တွေက ကျုပ်တို့ကို သူသေကိုယ်သေ တိုက်ခိုက်ကြမယ်လို့တော့ မထင်ပါဘူးလေ"

သူက ဆက်ပြောသည်။

"အဋ္ဌမမင်းသားက ခွန်လွန်တောင်မှာနေတာ အရမ်းကြာနေပြီ ၊ ခွန်လွန်တောင်ရဲ့ ထူးခြားတဲ့ရောင်ဝါကိုလည်း ရရှိထားတယ် ၊ အဲဒီရောင်ဝါက နဂါးမျိုးနွယ်တွေအတွက် အရမ်းကို အကျိုးရှိတယ်လေ"

"ဒီတော့ အဋ္ဌမမင်းသားကို ပြန်ခေါ်မယ်ဆိုရင် သူတို့ နဂါးမျိုးနွယ်တွေအတွက် အကျိုးအမြတ်အများကြီးရမှာ"

မြောင်ယွဲ့က…

"ဒါပေမဲ့ ပေးရမယ့်တန်ဖိုးကလည်း အရမ်းများတယ်လေ ၊ သူက ခွန်လွန်တောင်မှာဆက်နေရင် ခွန်လွန်တောင်ရဲ့ ထူးခြားတဲ့ရောင်ဝါကို ထပ်ပြီး ရနေဦးမှာပဲ"

သူမက ဆက်ပြောသည်။

“နှစ်တစ်ရာကြာတိုင်း အဋ္ဌမမင်းသား ခွန်လွန်တောင်ကို တစ်ကြိမ်ပြန်လာရပြီး နဂါးမျိုးနွယ်တွေဘက်က နှစ်တစ်ရာကိုတစ်ကြိမ် ကျေးဇူးတင်တဲ့အနေနဲ့ လက်ဆောင်တစ်ခု ပေးရမယ်ဆိုရင်ရော ၊ ဘယ်လိုလဲ”

“အဲဒါက သူတို့အတွက်ပိုပြီး အကျိုးရှိနိုင်တယ် ၊ အဲဒီလောက်ကတော့ သူတို့လည်း ပေးနိုင်ပါတယ်”

“အရေးကြီးတာကတော့ အဋ္ဌမမင်းသားက တန်ဖိုးမရှိတော့ရင်လည်း သူက ကျွန်မတို့လူဖြစ်နေဆဲပဲလေ ၊ ခွန်လွန်က ဘာအရှုံးမှ မရှိဘူး ၊ ပြီးတော့ အဋ္ဌမမင်းသားက ကျွန်မတို့လက်ထဲမှာဆိုတော့ ဘာပဲဖြစ်ဖြစ် နဂါးမျိုးနွယ်တွေဘက်က ရှုံးပြီးသား ဖြစ်နေတာပဲ မဟုတ်လား”

"ဆိုတော့ ဒီလိုအပေးအယူမျိုးက သူတို့အတွက်တော့ ငြင်းရခက်မှာပဲ ၊ နဂါးတွေဘက်ကလည်း မရိုးရှင်းတာတော့အမှန်ပဲ မဟုတ်လား"

သူမစကားသံထဲတွင် အနည်းငယ် ရယ်သံစွက်လျှက် ရှိသည်။

မည်သို့ပင်ဖြစ်စေ သူမပေးသည့် အကြံဉာဏ်ကတော့ နဂါးမျိုးနွယ်များဘက်မှ ငြင်းစရာ အကြောင်းမရှိနိုင်ပေ။

အသင့်လျော်ဆုံး ညှိနှိုင်းမှုအမျိုးအစားဟု ဆိုနိုင်သည်။

ကျိုးကျုန်းထျန်းက…

"အဋ္ဌမမင်းသားသာ ဘာတန်ဖိုးမှမရှိတော့ရင် ကျုပ်တို့က သူ့ကို လက်စဖျောက်ပစ်လိုက်မှာကို နဂါးတွေဘက်က မစိုးရိမ်ဘူးလား"

ဖုန်းယီရှောက်က ခပ်တိုးတိုးလေသံဖြင့်…

"ဒါက ဘာမှ စိုးရိမ်စရာမရှိဘူးလေ ၊ ကျောက်စိမ်းရေကန်နတ်ဘုရားမက အဋ္ဌမမင်းသားရဲ့ အစ်မဆိုတော့ ၊ ဒီတစ်ချက်တည်းကပဲ အဋ္ဌမမင်းသားအတွက် အန္တရယ်ကင်းနေပြီ"

မည်သူမှ စကားဆက်မပြောကြတော့ပေ။

အဋ္ဌမမင်းသားက သူ့နေရာသူနားလည်သူဖြစ်လေရာ သူတို့ဘက်က လက်ခံထားနိုင်သည်။  ခွန်လွန်တောင်ကို ထိခိုက်စေမည်ကတော့ နောက်ကိစ္စတစ်ခု ဖြစ်၏။

လျိုကျင်းက…

"ဆိုတော့… မင်းတို့အားလုံး ဒီအဆိုပြုချက်ကို သဘောတူကြပြီလား"

ထောင့်တစ်ထောင့်တွင် ထိုင်နေကြသည့် ကျူးချင်နှင့် မော့ကျန်းသုန့်ကို မြောင်ယွဲ့က လှမ်းကြည့်လိုက်သည်။

"အဲဒါက ဒီနှစ်ယောက်အပေါ် မူတည်တယ် ၊ ဒီကိစ္စတွေအားလုံး အကောင်အထည်ဖော်ဖို့က ကျောက်စိမ်းရေကန်နတ်ဘုရားမနဲ့ ကျန်းလန် လက်ထပ်ပြီးမှ ဖြစ်မှာလေ ၊ ဒါမှ နဂါးမျိုးနွယ်တွေဆီကို သွားဖို့ ယုတ္တိရှိရှိ အဖွဲ့တစ်ခုဖွဲ့နိုင်မှာပေါ့ ၊ မဟုတ်ရင် ဒီအပေးအယူလုပ်ဖို့က ခက်ခဲလိမ့်မယ် ၊ အန္တရယ်လည်းအများကြီး ရှိလာနိုင်တယ်"

ကျောက်စိမ်းရေကန်နတ်ဘုရားမက ခွန်လွန်တောင်အတွက် အလွန်အရေးကြီးသည်ဖြစ်လေရာ တောင်သခင်များအနေဖြင့် အမှားအယွင်း မခံနိုင်ပေ။

ကျူးချင်က…

"ဘိုးဘေးနဂါးရဲ့ကောင်းချီးလက်ဆောင်က အသုံးဝင်သလား"

လျိုကျင်းက…

"သူ့ရဲ့ ကောင်းချီးလက်ဆောင်ကိုရမယ်ဆိုရင် လူသားအင်မော်တယ်တစ်ယောက်က အနည်းဆုံး အနှစ် (၁၀၀) စောပြီး အစစ်အမှန်အင်မော်တယ် ဖြစ်လာလိမ့်မယ်"

အနည်းဆုံး နှစ်ပေါင်း (၁၀၀)။

ဤသည်က အလွန်များသည်ဟု ဆိုနိုင်သည်။

လူသားအင်မော်တယ်တစ်ယောက်အနေဖြင့်အစစ်အမှန်အင်မော်တယ်အဆင့်သို့တက်ရောက်ရန် နှစ်ပေါင်း (၄၀၀)ခန့် ကြာနိုင်သည်။

နှစ်ပေါင်း (၁၀၀)ခန့်စောပြီး အစစ်အမှန်အင်မော်တယ်ဖြစ်ခွင့်ရမည်ဆိုလျှင် နှစ်ပေါင်း (၃၀၀)အတွင်း အစစ်အမှန်အင်မော်တယ် ဖြစ်လာပေလိမ့်မည်။

နောက်ပိုင်းတွင် မဟာတာအိုကိုနားလည်ရန်အတွက် အချိန်ပိုမိုရရှိမည် ဖြစ်သည်။

ကျူးချင်က…

"ဒါပေမဲ့ ရှောင်ယွိက ကျောက်စိမ်းရေကန်ကနေ အကြာကြီးထွက်သွားလို့မှ မရတာ"

လျိုကျင်းက…

"နိယာမအားဖြင့်ဆိုရင်တော့ ပြဿနာ မရှိနိုင်ပါဘူး"

သိပ်အများကြီး မဟုတ်သော်လည်း ကျောက်စိမ်းရေကန်နှင့်ပတ်သက်သည့် မှတ်တမ်းမှတ်ရာအချို့ ရှိလေသည်။

သို့သော် ဤကိစ္စကို ကျောက်စိမ်းရေကန်နတ်ဘုရားမနှင့် ဆွေးနွေးရမည် ဖြစ်သည်။

ကျူးချင်က…

"ဒီလိုဆိုရင်တော့ ကျွန်မ ရှောင်ယွိကို အချိန်တန်ရင် မေးကြည့်လိုက်မယ် ၊ အမှန်တော့ သူလည်း အိမ်တစ်ခေါက်လောက်တော့ ပြန်သင့်ပါတယ်လေ"

ရှောင်ယွိက အသက်ငယ်စဉ်ကတည်းကပင် နဂါးနန်းတော်မှ ထွက်ခွာလာခဲ့ရသူ ဖြစ်သည်။

ကျန်းလန်နှင့်လက်ထပ်ပြီးလျှင်တော့ သူမနှင့် နဂါးမျိုးနွယ်များက သက်ဆိုင်ခြင်း မရှိတော့ပေ။ ထို့ကြောင့် သူမ တစ်ခေါက်လောက်တော့ အိမ်ပြန်သင့်လေသည်။

ဆရာဖြစ်သည့်သူမက နဂါးနန်းတော်သို့ တစ်ခေါက်လောက်ပြန်ရန် တိုက်တွန်းလျှင် သူမကလည်း ငြင်းဆန်မည် မဟုတ်ပေ။

နောက်ဆုံးတော့ မော့ကျန်းသုန့်အလှည့် ရောက်လာသည်။

“ကျန်းလန်က အပြင်လောကကို ထွက်လေ့မရှိဘူး ၊ ဒါပေမဲ့ လိုအပ်လို့ ထွက်ရတယ်ဆိုရင်တော့ ငြင်းမှာ မဟုတ်ပါဘူး”

မော့ကျန်းသုန့်က ဆိုသည်။

ကျောက်စိမ်းရေကန်နတ်ဘုရားမ အိမ်ပြန်သည်ကို လိုက်ပါသွားရန်မှာ ကျန်းလန်အတွက် ငြင်းစရာအကြောင်း မရှိပေ။

ခွန်လွန်တောင်အတွက် ၊ ကျောက်စိမ်းရေကန်နတ်ဘုရားမအတွက် ဖြစ်လေရာ သူက သဘောတူမည်ပဲဖြစ်သည်။

သို့သော် သူ့တစ်ယောက်တည်း နဂါးမျိုးနွယ်များထံ သွားရောက်ပြီး ကျင့်ကြံရမည်ဆိုလျှင်တော့…

သေချာပေါက် အကြောင်းပြချက်မျိုးစုံပေးကာ ငြင်းဆန်ပေလိမ့်မည်။

လျိုကျင်းက…

“ဒါဖြင့် ဒီကိစ္စကို အရင်ဆုံး သဘောတူထားကြမယ် ၊ မင်္ဂလာကိစ္စပြီးမှ အသေးစိတ်ကို ဆွေးနွေးကြတာပေါ့”

ပြင်ဆင်ရန် နှစ်ပေါင်း (၁၀၀) ကျော်ခန့် အချိန်ရသေးသည်။

နဂါးမျိုးနွယ်ဘက်မှလည်း သက်ဆိုင်သည့် တန်ဖိုးကို ပေးအပ်ရမည် ဖြစ်သည်။

ထို့ကြောင့် နဂါးများကိုလည်း  ကြိုတင်ပြင်ဆင်ရန် အချိန်ပေးရပေလိမ့်မည်။

***

နဝမတောင်ထွတ်။

ကျန်းလန်က မြက်ပင်ပေါင်းပင်များကို ရှင်းလင်းရန် ဆုံးဖြတ်လိုက်သည်။

အခုထိတော့ သူ့မှာ အရေးတကြီး လုပ်စရာ ဘာမှ မရှိသေးပေ။

အင်မော်တယ်အဆင့်တက်ရန် မိုးကောင်းကင်စမ်းသပ်ခံခြင်းရင်ဆိုင်မည်ဟု အကြောင်းပြကာ ပြင်ပလောကသွားရောက်မည်ကလည်း အနှစ် (၉၀)ခန့် လိုသေးသည်။

သူ အချိန်အတော်ကြာ တစ်ယောက်တည်းကျင့်ကြံရန်ဦးမည် ဖြစ်သည်။

ခွန်လွန်တောင်မှ ထွက်ခွာသွားသည့်အခါ မရှိမှုအာကာသအဆင့် အောင်မြင်သည့်အချိန်သို့ ရောက်ရှိနေရပေမည်။

သို့သော် မိုးကောင်းကင်အင်မော်တယ် အောင်မြင်သည့်အဆင့်နှင့် ရွှေခန္ဓာအောင်မြင်သည့်အဆင့်က မတူညီပေ။ တန်ခိုးစွမ်းအားတွင် မည်သို့ကွဲပြားမှုရှိမည်ကို မသိနိုင်ပေ။

သူရင်ဆိုင်ခဲ့ရသည့် မြေအောက်နတ်ဆိုးကို ကျန်းလန် သတိရမိသည်။ ထိုသူက ရွှေခန္ဓာရရှိထားသူ ဖြစ်သည်။

သူက အလွန်တရာ သန်မာလေသည်။ သို့သော် သူ၏လက်သီးချက်ကိုတော့ မည်သည့်ခုခံမှုမှ မပြုလုပ်နိုင်ခဲ့ပေ။

သူ့တွင် အန္တရယ်ကိုးသွယ်စွမ်းအားပိုင်ဆိုင်ထားလေရာ မည်သည့်အရာကိုမှ စိုးရိမ်စရာ သိပ်မရှိပေ။

ညနေခင်းအချိန်။

ကျန်းလန်သည် နဝမတောင်ထွတ်မှ ခြုံနွယ်ပိတ်ပေါင်းများကို ရှင်းလင်းပြီး ရင်ပြင်ထက်မှ သစ်ရွက်ကြွေများကို ရှင်းလင်းလိုက်သည်။

ယခုတော့ စွန့်ပစ်ထားသည့် နေရာတစ်ခုနှင့် မတူညီတော့ပေ။

ရှောင်ယွိ သန့်ရှင်းရေးလုပ်ပေးထားသည့်အတွက် ခြံဝင်းထဲတွင်တော့ လုပ်စရာ များများစားစား မရှိပေ။

တကယ်တော့ သူမက ကောင်းကောင်းမွန်မွန် သန့်ရှင်းရေးလုပ်ပေးထားသည်ပင်။

ငရဲတံခါးတွင် မရဏအငွေ့အသက်များပေါက်ကွဲမှု များစွာလျော့နည်းသွားပြီး ပြီးဆုံးသွားသည်ဟု ဆိုနိုင်သည်။

သို့ဖြစ်ရာ ကျန်းလန်အနေဖြင့် အလျင်စလို ကျင့်ကြံရန် မလိုအပ်ပေ။

“တစ္ဆေတိုင်းပြည်က နတ်ဘုရားရာထူး ရသွားပြီ ၊ နတ်မိစ္ဆာတွေလည်း နတ်ဘုရားရာထူး ရသွားပြီ ၊ ဆိုတော့ သူတို့ ဆက်ပြီး တိုက်ခိုက်နေကြသေးလား ၊ တိုက်ပွဲတွေရပ်သွားပြီလား မသိဘူး”

ကျန်းလန်က သားရဲဥလေးနှင့် ရေသဖန်းပင်လေးကို ဝိညာဉ်ဆေးရည်များ လောင်းပေးနေရင်း တွေးနေခြင်းပင်။

တိုက်ပွဲများ ရပ်တန့်သွားနိုင်လေသည်။

သို့သော် သူတို့က ယခုမှ နတ်ဘုရားရာထူးကို စတင်ရရှိခြင်း ဖြစ်လေရာ အချိန်တိုအတွင်း ခွန်လွန်တောင်ကို သက်ရောက်နိုင်မည် မဟုတ်ပေ။

အချိန်တစ်ခု ယူရဦးမည် ဖြစ်သည်။

ကျန်းလန်း တပည့်များပြောဆိုသည့်စကားများကို နားထောင်ရန် တောင်ပေါ်မှ ဆင်းရဦးမည် ဖြစ်သည်။

သူလည်း ယခုရက်ပိုင်း အားလပ်နေသည်ပဲမဟုတ်ပါလား။

သူ တုတ်ထိုးသကြးလုံးလည်း သွားဝယ်ရဦးမည် ဖြစ်၏။

သွားရမည့်အနီးဆုံးမြို့က ချင်းချန်မြို့ဖြစ်သည်။

ထို့ထက်ဝေးသောနေရာကတော့ ကြီးမားသောမြို့ကြီးတစ်ခုဖြစ်သည့် ကောင်းကင်ပြာမြို့တော် ဖြစ်သည်။

ချင်းချန်မြို့ငယ်လေးက ကောင်းကင်ပြာမြို့တော်ကြီးနှင့် မယှဉ်နိုင်သော်လည်း ကျန်းလန်အတွက်တော့ ဘာမှ မထူးခြားလှပေ။

သူက ရှောင်ယွိကိုပေးထားသည့် ကတိအတိုင်း တုတ်ထိုးသကြားလုံး ဝယ်ယူလိုခြင်းသာ ဖြစ်သည်။

တကယ်ဆို (၂)ယောက်အတူတူဝယ်ရလျှင် မည်မျှ အဆင်ပြောလိုက်ပါမည်လဲ။

နဂါးပင်ဖြစ်လင့်ကစား အစားအသောက်တစ်မျိုးတည်းကို အလွန်အကျွံစားမိခြင်းက နေမကောင်းဖြစ်စေနိုင်လေရာ ကျန်းလန် အများကြီးဝယ်ရန်တော့ မစဉ်းစားမိပေ။

“ဒါပေမယ့် တွေးကြည့်ရရင် နဂါးတွေရဲ့အစာအိမ်က ဘယ်နားမှာလဲ”

ကျန်းလန် ထိုအကြောင်းများကို တစ်ခါမှ မတွေးဘူးပေ။

တွေးမယ့်တွေးတော့လည်း အူကြောင်ကြောင် ဖြစ်ရသည်။

နဂါးများက ရှည်လျားသည့်ခန္ဓာကိုယ်များရှိလေရာ ရှောင်ယွိ၏ အစာအိမ်သည်လည်း အရမ်းများရှည်လျားနေမည်လား။

ထို့နောက် ခြံဝင်းထဲတွင်ထိုင်ရင်း ကျန်းလန် စာအုပ်အချို့ ဖတ်နေလိုက်သည်။ မန္တန်ပညာနှင့်ပတ်သက်သည့်စာအုပ်များဖြစ်ပြီး သူက အားလုံးကို ဖတ်ရှုရန် ရည်ရွယ်ထားသည်။

ထိုမန္တန်များကို အသုံးပြုရန်အတွက် သူက ဖတ်ရှုနေခြင်း မဟုတ်ပေ။ အမြင်ကျယ်စေရန်အတွက် ဖတ်ရှုနေခြင်း ဖြစ်၏။

သူက ထိုမန္တန်များကို အသုံးမပြုသော်လည်း ရန်သူက အသုံးပြုလိုက်လျှင် သူ့အနေဖြင့် စိတ်ရှုတ်ထွေးသွားနိုင်သည်။

ထို့ကြောင့် ခံစစ်တိုက်ခိုက်သည်ကို နားလည်ရန် လေ့လာရခြင်း ဖြစ်သည်။

များစွာသောမန္တန်များ၏ ယေဘူယျလုပ်ဆောင်ချက်ကို နားလည်သွားလျှင် သူက တိုက်ပွဲများတွင် အဆင်ပြေနိုင်သည်။

သိပ်ပြီး မသိသာလှသည့်တိုင် ဤသို့လေ့လာသည်က သူ့ကိုပိုပြီး သန်မာလာစေမည် ဖြစ်သည်။

သို့သော် ကျင့်ကြံခြင်းလောက်တော့ အရေးမကြီးပေ။

သို့ရာတွင် အချိန်ကြာမြင့်စွာ တိုက်ခိုက်ရသည့် တိုက်ပွဲများတွင် လူတစ်ယောက် အသက်ရှင်သန်ရန် အဆုံးအဖြတ်ပေးနိုင်သည်မှာ မသိသာလှသော သေးငယ်သည့်အရာလေးများပင် ဖြစ်သည်။

သူက ရန်သူကို ဘယ်သောအခါမှ လျှော့တွက်တတ်သူ မဟုတ်ခဲ့ပေ။

All Chapters