← Chapters

ငါ့ရဲ့နတ်ဘုရားရာထူးက ထူးခြားနေတာလား

Vol. 27 Ch. 366

ငါ့ရဲ့နတ်ဘုရားရာထူးက ထူးခြားနေတာလား

Vol. 27 Ch. 366

အခန်း (၃၆၆) ငါ့ရဲ့နတ်ဘုရားရာထူးက ထူးခြားနေတာလား

လမ်းမထက်တွင် လမ်းလျှောက်နေသည့် ကျန်းလန် အနည်းငယ် ပဟေဠိ ဖြစ်သွားသည်။ အဘယ့်ကြောင့် တစ္ဆေတိုင်းပြည်မှ တစ္ဆေချီစွမ်းအားက သူ့ကို ရှာဖွေနေရပါသနည်း။

အခြားသူများအနေဖြင့် သူ ကြားသိနိုင်သည့်ဧကရိယာအတွင်းတွင် မဟုတ်လျှင် သူ့ကို ဆက်သွယ်ရန်မှာ မဖြစ်နိုင်ပေ။

တစ္ဆေတိုင်းပြည်တစ်ခုလုံး ဝိုင်းဝန်းဆုတောင်းကြလျှင်ဖြစ်စေ ၊ သို့မဟုတ် စိတ်စွမ်းအားကောင်းသူအချို့က ဆက်သွယ်မှသာ သူ့ထံသို့ အတားအဆီးမရှိ အသံပို့လွှတ်ဆက်သွယ်နိုင်မည် ဖြစ်သည်။

အခြားသောသာမန်လူများ၏ ဆုတောင်းသံများကတော့ ေ၀ဝါးနေပြီး အသုံးမဝင်လှပေ။ ကျန်းလန်ကိုယ်တိုင်သည်ပင် ထိုသို့ဆုတောင်းနေသူများကို ဆက်သွယ်၍ မရနိုင်ပေ။ တစ္ဆေတိုင်းပြည်ကတော့ ချွင်းချက် ဖြစ်၏။

ဥပမာဆိုရသော် ခွန်လွန်တောင်ပတ်ဝန်းကျင်တွင် မဟုတ်လျှင် သူ၏ နတ်ဘုရားရာထူးနာမည်ကို မည်မျှပင် အော်ခေါ်နေပါစေ ကျန်းလန်အနေဖြင့် ကြားသိနိုင်မည် မဟုတ်ပေ။ ကံကြမ္မာအခွင့်ကောင်းရောင်ဝါ (၅)ခုကို ပိုင်ဆိုင်ထားသည့် အဋ္ဌမမင်းသားကတော့ ပြောရခက်သည်။

ယခု တစ္ဆေတိုင်းပြည်မှ တစ္ဆေချီစွမ်းအားက သူ့ကို မည်သို့ ဆက်သွယ်လာပါသနည်း။ မကြာမီ တစ်စုံတစ်ခုကို ကျန်းလန် သတိထားမိသွားသည်။

တစ္ဆေချီစွမ်းအားက သူ့ကို တစ္ဆေတိုင်းပြည်မှ လှမ်းခေါ်နေခြင်း မဟုတ်ပေ။ ခွန်လွန်တောင်ပတ်ဝန်းကျင်မှ သူ့ကို လှမ်းခေါ်နေခြင်း ဖြစ်သည်။

"ဟိုတစ်ခေါက် ငါတို့ ဆုံတွေ့ခဲ့ဖူးတဲ့ ကျောက်ဂူထဲကနေ ခေါ်နေတာလား"

ကျန်းလန် တွေးလိုက်သည်။

ဖြစ်ကောင်းဖြစ်နိုင်ပေ၏။

ကျန်းလန် လမ်းမထက်မှ ချက်ချင်းပျောက်ကွယ်သွားပြီး လူသူမရှိ လမ်းကြားတစ်ခုထဲတွင် ပြန်ပေါ်လာသည်။ ထို့နောက် သစ်ရွက်အမြင်တန်ခိုးစွမ်းအားကို ထုတ်ဖော်အသက်သွင်းလိုက်သည်။

တစ္ဆေချီစွမ်းအားက သူ၏တည်နေရာကို မတွေ့နိုင်ကြောင်း သေချာတော့မှ ကျန်းလန်က တစ္ဆေချီစွမ်းအားတည်ရှိရာနေရာကို အာရုံခံကြည့်လိုက်သည်။

ထင်သည့်အတိုင်းပင် သူတို့ တွေ့ဆုံခဲ့ကြသည့် တောင်စောင်းမှ ကျောက်ဂူထဲတွင် တစ္ဆေချီစွမ်းအား ရောက်ရှိနေခြင်း ဖြစ်သည်။

အမှောင်ထုထဲတွင် တစ္ဆေမျက်နှာကြီးတစ်ခုနှင့် အနက်ရောင်အခိုးအငွေ့များကို တွေ့မြင်လိုက်ရ၏။ တစ်ဖက်လူက သူ၏ နတ်ဘုရားရာထူးကို ခေါ်ရုံသာမက စကားတစ်ခွန်းပါ ထပ်ပြောသည်ကို ကြားလိုက်ရသည်။

"တစ္ဆေတိုင်းပြည်ရဲ့ မိတ်ဆွေဖြစ်တဲ့ ပြိုင်ဘက်ကင်းလက်သီးနတ်ဘုရား ၊ ကျုပ် မင်းကို ပြောစရာရှိတယ်"

ကျန်းလန်က…

"မင်း ကျုပ်ကို ဘာပြောချင်လို့လဲ"

ကျန်းလန်က သူ့ကို လှမ်းကြည့်လိုက်သည်နှင့် တစ္ဆေချီစွမ်းအားကလည်း ချက်ချင်း သတိထားမိသွားသည်။ ယခု သူတို့ ပုံမှန်အတိုင်း စကားပြောဆိုနိုင်ပြီ ဖြစ်သည်။

တစ်ဖက်လူထံမှ ထူးခြားသည့်လှုပ်ရှားမှု တစ်စုံတစ်ရာ မရှိသည့်တိုင် ကျန်းလန်ကတော့ သတိအမြဲရှိနေသည်။

ထိုသူက သူ့ကို တစ္ဆေတိုင်းပြည်၏မိတ်ဆွေဟု ခေါ်နေရုံဖြင့် ကျန်းလန်က ထိုသူ၏စကားကို ယုံကြည်မည် မဟုတ်ပေ။ သူသာ ထိုစကားကို ယုံကြည်မိလျှင် အနာဂတ်တွင် ဆုံးရှုံးမှုများစွာ ကြုံတွေ့ရမည် အသေအချာပင်။

တစ္ဆေတိုင်းပြည်၏ တစ္ဆေချီစွမ်းအားက…

"ကျုပ် နတ်ဘုရားရာထူးတစ်ခု အောင်မြင်စွာရရှိခဲ့ပြီဆိုပေမယ့် အဲဒီ နတ်ဘုရားရာထူးကို ရရှိထားတဲ့ ရုပ်ခန္ဓာမှာ ဆိုးရွားတဲ့ပြစ်ချက်တစ်ခု ရှိနေတယ် ၊ အဲဒါက တစ္ဆေတိုင်းပြည်က ဘယ်ကိုမှ ထွက်သွားနိုင်စွမ်းမရှိဘူး ဖြစ်နေတာပဲ"

ထိုကိစ္စပင်ဖြစ်မည်ဟု မှန်းဆပြီးသားဖြစ်သောကြောင့် ကျန်းလန်က သိပ်ပြီး မအံ့သြမိပေ။

သို့သော် တစ္ဆေတိုင်းပြည်၏ တစ္ဆေချီစွမ်းအားက သူ့ကို ဤကိစ္စပြောပြနေသည်မှာ ရိုးသားပြရန် ကြိုးစားနေခြင်းလေလား။

ထို့ပြင် တစ်ဖက်လူက တစ္ဆေတိုင်းပြည်၏ တိုင်းပြည်ကံကြမ္မာချီစွမ်းအားဆိုသော်လည်း ယခု ဧကရာဇ်ယိုတုဖြစ်နေပြီ ဖြစ်သည်။

ကျန်းလန်က…

"ဘာလို့ တစ္ဆေတိုင်းပြည်က ထွက်မသွားနိုင်ရတာလဲ"

မေးမြန်းလိုက်သည့်တိုင် သူက အကြောင်းအရာများစွာ သိရှိရန် ရည်ရွယ်ချက် မရှိပေ။ ထို့ပြင် စူးစမ်းချင်စိတ်က တစ်ခါတစ်ရံ အသက်ကိုပင်ရန်ရှာနိုင်သည် မဟုတ်ပါလား။

တစ္ဆေတိုင်းပြည်၏ တိုင်းပြည်ကံကြမ္မာချီစွမ်းအားက…

"မသိဘူးလေ ၊ ဒါပေမဲ့ ဘယ်နတ်ဘုရားမှ အဲဒီလို ထွက်သွားလို့မရဘူးတော့ ကျုပ်အတွက် ပြဿနာ မရှိပါဘူး ၊ ဒါပေမဲ့ ဒီကိစ္စမှာ တစ်ခုခု မှားနေတာကမင်းပဲလေ လက်သီးနတ်ဘုရား"

ကျန်းလန် : "……"

"တကယ်ဆိုရင် မင်းရထားတဲ့ နတ်ဘုရားရာထူးက တစ္ဆေတိုင်းပြည်ရဲ့ အကူအညီနဲ့ ရထားတာလေ ၊ ဒါပေမဲ့ မင်းကျတော့ ကျုပ်လိုမျိုး တစ္ဆေတိုင်းပြည်ထဲမှာ ပိတ်မိမနေဘူး ၊ ကျုပ်နားလည်သလောက် ဘယ်နတ်ဘုရားမဆို ကိုယ့်နေရာမှာကိုယ် ပိတ်မိနေကြတာပဲ ၊ ဘယ်ကိုမှ ထွက်မသွားနိုင်ကြဘူး ၊ မင်းတစ်ယောက်ထဲ ထူးခြားနေတာ ၊ ဒီတော့ ပြဿနာက ကျုပ်တို့မဟုတ်ဘူး ၊ မင်းတစ်ယောက်မှာပဲ ဖြစ်နေတာ"

ဧကရာဇ်ယိုတု၏စကားများက ကျန်းလန်ကို အနည်းငယ် အံ့အားသင့်သွားစေသည်။ သူက တကယ်ပဲ အခြားသောနတ်ဘုရားများနှင့် တူညီခြင်း မရှိပေ။

ဧကရာဇ်ယိုတုက…

"တကယ်တော့ နတ်ဘုရားရာထူးဆိုတာ လျှို့ဝှက်ချက်တွေ များလွန်းပါတယ် ၊ ကျုပ်က အခြားသူတွေထက် နောက်ကျပြီးမှ နတ်ဘုရားရာထူးကို ရရှိခဲ့တာဖြစ်သလို ကျုပ်ဦးနှောက်ကလည်း ကောင်းကောင်းအလုပ်မလုပ်ဘူး ၊ ဒီတော့ ကျုပ် အများကြီး မသိပါဘူး ၊ ကျုပ်က တခြားသူတွေလုပ်သလို လိုက်လုပ်ရုံပဲ တတ်နိုင်တာပါ"

သူက ဆက်ပြောသည်။

"အခြားသူတွေနဲ့အတူ အစီအစဉ်တကျရှိနေဖို့က ကျုပ်တို့ တစ္ဆေတိုင်းပြည်ရဲ့ ရည်မှန်းချက်ပါပဲ ၊ ဒါပေမဲ့ မင်းကတော့ ကျုပ်တို့အားလုံးနဲ့ မတူဘူးဖြစ်နေတယ်နော် လက်သီးနတ်ဘုရား ၊ မင်းက လူသားတစ်ယောက်ဖြစ်နေလို့များ အဝေးကို သွားနိုင်တာလား မသိဘူး ၊ ဟွန်း… မင်းတို့လူသားတွေက အကြင်နာတရားကင်းမဲ့ကြတယ်လေ ၊ ဟုတ်တယ်မလား ၊ ကဲ ကဲ… ကျုပ် ပြန်မှ ဖြစ်တော့မယ် ၊ ကျုပ်သွားနိုင်တဲ့ အကန့်အသတ်ကို ကျော်လွန်နေပြီ ၊ ဘာပဲဖြစ်ဖြစ် မင်းနဲ့ တစ္ဆေတိုင်းပြည်ရဲ့ ခင်မင်မှုက ခိုင်မာပါတယ်ကွာ"

"အချိန်ရမယ်ဆိုရင်တော့ မင်းမှာဖြစ်နေတဲ့ထူးခြားမှုတွေကို တစ်ချက်လောက် စစ်ဆေးကြည့်ဖို့ ကြိုးစားကြည့်လိုက်ဦးနော်"

ထို့နောက် ဧကရာဇ်ယိုတု၏အသံ ပျောက်ကွယ်သွားသည်။

တစ်ဖက်လူက ပြန်သွားပြီဖြစ်လေရာ စကားပြောဆိုခြင်း ပြီးဆုံးသွားပြီဖြစ်ကြောင်း ကျန်းလန် သိရှိလိုက်၏။ ဘာပဲဖြစ်ဖြစ် ထိုကိစ္စကို ကျန်းလန် အလေးအနက်ထားကာ တွေးတောမိသည်။

သူ့အတွက် နတ်ဘုရားရာထူးတစ်ခုရရှိရန် အလွန်လွယ်ကူခဲ့ပြီး အခြားသူများကဲ့သို့ အသွားအလာအနေအထိုင် ကန့်သတ်ခံထားရခြင်းလည်း မရှိခဲ့ပေ။ အခြားသူများနှင့် မတူသည်ကတော့ အမှန်ပင် ဖြစ်သည်။

ထို့ပြင် မှော်ဝင်တိမ်တိုက်တောင်စုဝေးပွဲတွင် ဧကရာဇ်ရှီးဟယ်က သူ့ကို နာမည်အသစ်တစ်ခု ပေးခဲ့ဖူးသည်။

"ရှေးဟောင်းအနောက်နန်းတော်မှ ပျက်သုဉ်ခြင်းငရဲဘုံရှစ်ထပ် ဧကရာဇ်လွန်လင်…" ဆိုသည့် အမည် ဖြစ်၏။

ထိုနာမည်ကိုပေးစဉ်တွင် ဧကရာဇ်ရှီးဟယ်က ခွန်လွန်တောင်နာမည်ကိုလည်း အသုံးမပြုခဲ့သလို ၊ တစ္ဆေတိုင်းပြည်နာမည်ကိုလည်း အသုံးမပြုခဲ့ပေ။

ထိုအစား သူက "ပျက်သုဉ်းခြင်းငရဲဘုံရှစ်ထပ်" ဟု သုံးနှုန်းခဲ့သည်။

"ငါ့မှာ ဘာထိန်းချုပ်ခံထားရတာမှ မရှိဘူးဆိုတာ ဧကရာဇ်ရှီးဟယ် သိနေတာလား ၊ ဒါပေမဲ့ တခြားနတ်ဘုရားတွေ ထိန်းချုပ်ခံထားရတယ်ဆိုတာလည်း အမြဲတမ်းတော့ မဟုတ်နိုင်ပါဘူး ၊ တခြား ငါမသိတဲ့အကြောင်းတွေ ရှိနိုင်သေးတာပဲ"

ကျန်းလန် တွေးလိုက်သည်။

ဧကရာဇ်ယိုတုက သူ့ကို တစ်ခုခု နားလည်မှုလွဲနေခြင်းလည်း ဖြစ်နိုင်သည်။ ထို့ပြင် ဧကရာဇ်ရှီးဟယ် သူ့ကိုပေးခဲ့သည့် နတ်ဘုရားရာထူးနာမည်ကလည်း အဓိပ္ပါယ်တစ်ခုခု ရှိရပေမည်။

ဧကရာဇ်ရှီးဟယ်ကို မေးမြန်းကြည့်လျှင်တော့ သိရှိနိုင်သည်။ တစ်ခဏမျှ တုံ့ဆိုင်းနေပြီးနောက် မမေးမြန်းတော့ရန် ဆုံးဖြတ်လိုက်သည်။

သူ့ကို မည်သည့်ထိန်းချုပ်မှုမှ မရှိသည်မှာ သေချာသည်လားဆိုသည့်အချက်ကို အရင်ဆုံး အတည်ပြုရမည် ဖြစ်သည်။ သူ ခွန်လွန်တောင်တွင် ရှိနေလျှင် သူ့ကို တစ်ကြိမ်ကယ်တင်ပေးနိုင်သည်ဟု ဧကရာဇ်ရှီးဟယ်က ပြောခဲ့ဖူးသည်။

ထို့ပြင် သူ့ရှေ့တွင် ဧကရာဇ်ရှီးဟယ်ပေါ်လာတိုင်း ရောင်ဝါတစ်ခုကိုသာ ထုတ်လွှတ်အသုံးပြုလေ့ရှိပြီး လူကိုယ်တိုင် ရောက်လာခြင်း မရှိပေ။

ဧကရာဇ်ရှီးဟယ်၏ အကန့်အသတ်မှာ ခွန်လွန်တောင်မှလွဲပြီး အခြားမည်သည့်နေရာသို့မှ သွားရောက်နိုင်ခြင်းရှိဟန် မတူပေ။

ကျန်းလန် ခွန်လွန်တောင်မှ ထွက်ခွာသွားလျှင်တော့ အခြေအနေတစ်ခုခု ထူးခြားမည် ဖြစ်သည်။ ထိုကိစ္စကို စမ်းသပ်ကြည့်ရန် အချိန်တစ်ခု လိုအပ်သည်။

သို့ပေသိ သူ မည်မျှပင် သိချင်နေပါစေ လက်ရှိအချိန်တွင်တော့ အလောတကြီးလုပ်ဆောင်ရန် မလိုသေးပေ။

ပတ်ဝန်းကျင်က အန္တရယ်ကင်းသည်ကို အတည်ပြုပြီးမှ ကျန်းလန်က သစ်ရွက်အမြင်တန်ခိုးစွမ်းအားကို ဖယ်ရှားလိုက်ပြီး လမ်းမဆီသို့ ပြန်လျှောက်လာခဲ့သည်။

အကြောင်းအရာများစွာအတွက် လက်ရှိအချိန်က အချိန်ကောင်း မဟုတ်သေးပေ။ နောက်ဆုံး သူ သိချင်သည်ဆိုလျှင် ဧကရာဇ်ရှီးဟယ်ကို တိုက်ရိုက်မေးမြန်းကြည့်နိုင်သည်။

ထိုအချိန်ရောက်လျှင် သူ၏ ကျင့်ကြံခြင်းအဆင့် မြင့်မားနေလျှင်တော့ အကောင်းဆုံးပင်။

သူက ဆရာဖြစ်သူနှင့် ရင်ပေါင်တန်းနိုင်သည့် အထွတ်ထိပ်အင်မော်တယ်တစ်ပါး ဖြစ်နေပြီဆိုလျှင်တော ထိုအကြောင်းများကို သိရှိရန် အခွင့်အရေးရမည် ဖြစ်သည်။ ထိုအချိန်ရောက်လျှင် သူက ဧကရာဇ်ရှီးဟယ်ထက် ကျင့်ကြံခြင်းအဆင့် နိမ့်ကျနေဦးတော့ များစွာကွာခြားတော့မည် မဟုတ်ပေ။

တစ်ယောက်နှင့်တစ်ယောက် တန်းတူရှိသည့်အချိန်တွင် ဆွေးနွေးခြင်းက အသင့်တော်ဆုံး ဖြစ်၏။

ထိုအချိန်…

"တုတ်ထိုးသကြားလုံးတွေရမယ်"

ရုတ်တရက် ထွက်ပေါ်လာသည့်အသံကြောင့် ကျန်းလန် လှည့်ကြည့်လိုက်တော့ တုတ်ထိုးအကြားလုံးရောင်းနေသည့် အဘိုးအိုတစ်ယောက်ကို တွေ့လိုက်ရသည်။

တုတ်ထိုးသကြားလုံးရောင်းသူများမှာ အဘိုးအိုများသာ ဖြစ်တတ်ကြပြီး လူငယ်များ ရောင်းသည်ကို ကျန်းလန် မတွေ့ဘူးပေ။

ကျန်လန်က အဘိုးအိုအနားသို့ လျှောက်သွားရင်း…

"အဘိုး ၊ တုတ်ထိုးသကြားလုံး နှစ်ချောင်းပေးပါ"

ကျန်းလန်က တုတ်ထိုးသကြားလုံး (၂) ချောင်းသာ ဝယ်ယူလိုက်သည်။ အများကြီးဝယ်ပါက ရှောင်ယွိ အများကြီးစားမိပြီး နေမကောင်းဖြစ်မည်ကို စိုးရိမ်သောကြောင့် ဖြစ်သည်။

ရှောင်ယွိ ထပ်စားချင်သည်ဆိုလျှင်လည်း သူ့အတွက် ချင်းချန်မြို့ကို ထပ်မံလာရောက်ရသည်က အပန်းမကြီးပေ။

အဘိုးအိုက တုတ်ထိုးသကြားလုံး (၂)ချောင်း ကျန်းလန်ကိုပေးလိုက်ရင်း…

"ကြေးပြား (၈)ပြားကျတယ်"

"ဈေးတက်သွားတာပဲ" ဟု ကျန်းလန် တွေးလိုက်၏။

သို့သော် နှစ်ပေါင်းများစွာကြာမှ အနည်းငယ်မျှသာ ဈေးတက်ခြင်းဖြစ်လေရာ မပြောပလောက်ပေ။ ချင်းချန်မြို့တွင် နေထိုင်သူများက အနည်းနဲ့အများ တည်ငြိမ်သည့်ဘဝကို ပိုင်ဆိုင်ကြသောကြောင့် ကုန်ဈေးနှုန်းလည်း တည်ငြိမ်ခြင်း ဖြစ်သည်။

ကျန်းလန်က..

"အချို့ဒေသတွေမှာ ကပ်ဘေးတွေကျနေတယ်လို့ကြားတယ် ၊ အဲဒါ ဟုတ်လားဗျ"

ထိုသတင်းများကို ကျိုးစူး၏အဖေ ကျိုးပေါ်ထံမှ ကြားထားခြင်းဖြစ်ပြီး သိပ်တော့ မရှင်းလင်းလှပေ။ ထို့ကြောင့် အဘိုးအိုကို မေးကြည့်လိုက်ခြင်း ဖြစ်သည်။

မေးကြည့်မှသာ အဖြစ်အပျက်များကို ပိုမိုသိရှိနိုင်မည် ဖြစ်ပြီး ဤသို့ ကပ်ဘေးများ ကျရောက်နေခြင်းသည် လောကကြီးတစ်ခုလုံး ပျက်စီးခြင်းနှင့် ဆက်စပ်မှု ရှိ မရှိ ဆုံးဖြတ်နိုင်မည် ဖြစ်သည်။

"ကပ်ဘေးတွေ ဟုတ်လား"

အဘိုးအိုက ခဏမျှစဉ်းစားနေရင်း…

"ကျုပ်တို့လို သာမန်လူတွေကတော့ ပြင်ပလောကမှာ ဘာတွေဖြစ်နေလဲဆိုတာ မသိကြပါဘူး ၊ ကျုပ်တို့အတွက် ကောင်းကင်ပြာမြို့တော်ကို သွားဖို့တောင် အတော်လေး ဝေးလွန်းတယ်လေ"

အဘိုးအိုက ဆက်ပြောသည်။

"ဒါပေမဲ့ လွန်ခဲ့တဲ့ ဆယ်စုနှစ်အနည်းငယ်လောက်ကတော့ သဘာဝဘေးအန္တရယ်တွေရော ၊ လူတွေကြောင့် ဖြစ်တဲ့ ဘေးအန္တရယ်တွေရော ပြင်ပလောကမှ ဖြစ်ပျက်နေတယ်လို့ ပုံပြောသူတွေဆီက ကြားခဲ့ဖူးတယ် ၊ ဒီနေရာကိုတော့ အင်မော်တယ်တွေက ကာကွယ်ပေးထားလို့ ကျုပ်တို့က အန္တရယ်ကင်းကင်းနဲ့ နေနိုင်တယ်လေ ၊ ကျုပ်လည်း အသေးစိတ်တော့ မသိဘူး"

ကျန်းလန်က ခေါင်းညိတ်လိုက်သည်။

အဘိုးအိုပြောသည်များက အမှန်ပဲ ဖြစ်၏။ သာမန်လူများအတွက် ကောင်းကင်ပြာမြို့တော်သည်ပင် အလွန်ဝေးကွာသည့် နေရာတစ်ခု ဖြစ်နေပေသည်။

"တုတ်ထိုးသကြားလုံး နောက်တစ်ချောင်းလောက် ပေးပါဦး အဘိုး"

ပြောပြီးသည်နှင့် ကျန်းလန်က အဘိုးအိုကို ကြေးပြား (၁၂) ပြား ထုတ်ပေးလိုက်သည်။

မစားချင်သော်လည်း တစ်ချောင်းလောက်မြည်းကြည့်ရန် တုတ်ထိုးသကြားလုံးတစ်ချောင်း ထပ်ဝယ်လိုက်ခြင်းပင်။ ရှောင်ယွိကို တုတ်ထိုးသကြားလုံးများ အမြဲဝယ်ကျွေးဖြစ်နေလေရာ သူကိုယ်တိုင်လည်း အရသာကို မြည်းစမ်းကြည့်သင့်ပေသည်။

မဟုတ်ပါက ရှောင်ယွိစားနေသည့်ပစ္စည်းမှာ မည်သို့သောအရသာရှိကြောင်း သိရှိမည် မဟုတ်ပေ။

ကျန်းလန်က တုတ်ထိုးသကြားလုံးကို တစ်ကိုက်ကိုက်လိုက်၏။

"ချဉ်လိုက်တာ…"

All Chapters