အခန်း (၂၇၃-၂၇၄)
Vol. 28 Ch. 273-274
အခန်း (၂၇၃) - ပူးပေါင်း ရှင်းလင်းရေး (၁)
မိခင်သစ်ပင်၏ ကျယ်ဝန်းပြီး နွေးထွေးသော အမြစ်ဧရိယာတွင် ရှောင်လန်နှင့် ရှောင်ယင်းတို့သည် အပြင်ဘက်မှ ဆူညံသံများကြောင့် စိတ်ဝင်စားသွားပြီး အပြင်သို့ ထွက်လာခဲ့ကြသည်။
သူတို့၏ ဦးလေးများ ဦးဆောင်မှုအောက်ရှိ ကြောက်မက်ဖွယ်ကောင်းပြီး ကြမ်းတမ်းပုံရသော နှင်းဝံပုလွေ အဖွဲ့ငယ်များသည် တိုက်ပွဲမတိုင်မီ နောက်ဆုံး စစ်ဆေးမှုများနှင့် လိုက်လျောညီထွေဖြစ်အောင် လေ့ကျင့်မှုများ လုပ်ဆောင်နေသည်ကို ကြည့်ရင်း ကောင်မလေးနှစ်ယောက်သည် အချင်းချင်း လက်များကို တင်းကြပ်စွာ ကိုင်ထားမိကြသည်။
“ဖေဖေနဲ့ ဦးလေးတွေက... စစ်တိုက်ထွက်ကြတော့မလို့လား”
ရှောင်ယင်းက သူမဘေးရှိ ရှောင်လန်ကို အသံတိုးတိုးဖြင့် မေးလိုက်သည်။
သူမ၏ မျက်နှာလေးကိ မော့ကာ စင်မြင့်ပေါ်ရှိ လင်းထျန်းလုံ၏ ကြီးကျယ်ခမ်းနားပြီး ရင်းနှီးမှုရှိသော ပုံရိပ်ကို ကြည့်ရင်း သူမ၏ ခရမ်းရောင်မျက်ဝန်းများထဲတွင် ဖုံးကွယ်မထားနိုင်သော စိုးရိမ်ပူပန်မှုများဖြင့် ပြည့်နှက်နေခဲ့သည်။
“အင်း” ရှောင်လန်က ခေါင်းညိတ်လိုက်၏။
ရှောင်ယင်းထက် ပိုမိုတည်ငြိမ်နေပုံရသော်လည်း သူမ၏ရေခဲပြာမျက်ဝန်းများသည် ရေနက်ချောက်ကမ်းပါးရှိရာ ဦးတည်ချက်ကို ကြည့်နေပြီး သူမ၏ အရောင်ဖျော့ဖျော့ ရွှေရောင်နှင့် ငွေဖြူရောင် ဆံပင်များသည် မိခင်သစ်ပင်၏ ကြယ်ရောင်အောက်တွင် အနည်းငယ် လွင့်မျောနေလေသည်။
“ငါတို့က လိမ်လိမ်မာမာနဲ့ အိမ်ကို စောင့်နေရမယ်၊ ဖေဖေနဲ့ ဦးလေးတွေ နိုင်ပြီး ဘေးကင်းကင်းပြန်လာတာကို စောင့်ရမယ်”
“ဒီတစ်ခေါက် ခံစားချက်က... အရင်တစ်ခေါက်ကထက် ပိုဆိုးတယ်၊ အတင်းအဓမ္မ ပေါင်းစပ်ထားတဲ့ ဟိုအရာတွေက ကြားရုံနဲ့တင် ကြက်သီးထတယ်” ရှောင်ယင်း၏အတွေးများထဲတွင် မသိမသာ တုန်လှုပ်မှုအရိပ်အယောင်တစ်ခု ပါဝင်နေသည်။
“ငါသိတယ်၊ ဒါပေမဲ့ ဝံပုလွေဖေဖေနဲ့ အားလုံးကို ငါတို့ ယုံကြည်ရမယ်၊ သူတို့က တိုက်ပွဲတွေအများကြီး ဖြတ်သန်းခဲ့ပြီး ဘယ်တော့မှမရှုံးဖူးဘူး၊ ဒီတစ်ခေါက်လည်း သေချာပေါက်အောင်မြင်မှာပါ”
ရှောင်လန်၏ တုံ့ပြန်မှုက များစွာ ပိုမိုခိုင်မာပြီး သူမဘေးရှိ ရှောင်ယင်းကို အတတ်နိုင်ဆုံး နှစ်သိမ့်ပေးရန် ကြိုးစားနေသည်။
ကောင်မလေးနှစ်ယောက် စကားဆက်မပြောတော့ဘဲ အချင်းချင်း ပူးကပ်နေကာ မိခင်သစ်ပင်မှ ထုတ်လွှတ်သော ငြိမ်းချမ်းသည့်ရောင်ဝါကို အသုံးပြု၍ အလုပ်များနေသော ဝံပုလွေအုပ်စုကို တိတ်ဆိတ်စွာ ကြည့်ရှုရင်း ထွက်ခွာတော့မည့် မျိုးနွယ်စုဝင်အားလုံးအတွက် သူတို့၏နှလုံးသားထဲမှ ဆုတောင်းပေးနေကြသည်။
အရာအားလုံးကို စီစဉ်ပြီးနောက် လင်းထျန်းလုံသည် ဝံပုလွေဘုရင်၏ ခန်းမဆောင် အမြင့်ဆုံးနေရာသို့ တစ်ဖန်ခုန်တက်ကာ မတ်မတ်ရပ်လိုက်သည်။
ညလေပြည်လေးက သူ၏ ရှည်လျားသော ငွေရောင်အမွေးအမျှင်များကို ဖြတ်သန်းတိုက်ခတ်သွားပြီး အေးစက်သော လရောင်နှင့် တောက်ပသော ကြယ်ရောင်တို့က သူ၏ ခန္ဓာကိုယ်ပေါ်တွင် ရောယှက်နေလေသည်။
ရေနက်ချောက်ကမ်းပါး တည်ရှိရာ အမှောင်ဖုံးလွှမ်းနေသော တောင်တန်းများကို သူကြည့်လိုက်၏။
သူ၏အကြည့်များက ဓားတစ်လက်ကဲ့သို့ စူးရှနေပြီး ဤလေးလံသော လေထုလိုက်ကာကို ထိုးဖောက်ကာ ရူးသွပ်မှုနှင့် ညစ်ညမ်းမှုများ ပုန်းအောင်းနေသည့် မိုင်းတွင်း၏ အနက်ရှိုင်းဆုံးနေရာသို့ တိုက်ရိုက်ကြည့်ရှုလိုနေသကဲ့သို့ပင်။
ယွဲ့ရီ ယူဆောင်လာသော ထောက်လှမ်းရေးသတင်းသည် ရေကန်နက်တစ်ခုထဲသို့ ပစ်ချလိုက်သော ကျောက်ခဲတစ်လုံးနှင့် အလားသဏ္ဍာန်တူသည်။
၎င်းက ကန်အောက်ခြေ၏ မြင်ကွင်းအပြည့်အစုံကို မမြင်နိုင်စေသော်လည်း ၎င်းလှုပ်ခတ်သွားစေသော လှိုင်းလုံးများသည် ရေအောက်တွင် ပုန်းအောင်းနေသော အန္တရာယ်ကို သတိပြုမိစေရန် လုံလောက်သည်။
မနက်ဖြန် သန်းခေါင်ယံတွင် သူကိုယ်တိုင် ဝံပုလွေအုပ်စုကို ဦးဆောင်ကာ ထိုမြူခိုးများကို ဆုတ်ဖြဲပြီး ထိုမိုင်းတွင်းထဲတွင် သက်ရှိများအပေါ် မည်ကဲ့သို့ ယုတ်မာသော လုပ်ရပ်များကို လုပ်ဆောင်နေသလဲဆိုသည်နှင့် ပုပ်ပွနေသော လက်တံများ မည်မျှအထိ ရှည်လျားနေသလဲဆိုသည်ကို ကြည့်ရှုရတော့ပေမည်။
………
သန်းခေါင်ယံအချိန်တွင် ရေနက်ချောက်ကမ်းပါးသည် အသက်ရှူကျပ်စေသော သေမင်းတမန် တိတ်ဆိတ်မှုတစ်ခု ဖုံးလွှမ်းနေခဲ့သည်။
ဖယ်ရှား၍မရနိုင်လောက်အောင် ထူထပ်သော အမှောင်ထုသည် လရောင်ကို ဝါးမြိုထားပြီး အေးစက်သော လေထုထဲတွင် သတ္တု၊ သံချေး၊ အိုဇုန်းဓာတ်တို့၏ စူးရှသော အနံ့များနှင့် ရောနှောနေသည့် အားနည်းသော်လည်း ပုပ်ပွနေသော အနံ့တစ်ခုသာ ပျံ့လွင့်နေကာ ဤနေရာ၏ နိမိတ်မကောင်းမှုကို ထင်ဟပ်ပြသနေသည်။
လင်းထျန်းလုံဦးဆောင်သော ဝံပုလွေအုပ်စု၏ အဓိကတပ်ဖွဲ့သည် ညအမှောင်တွင် စီးဆင်းနေသော ငွေရောင်ဒီရေလှိုင်းတစ်ခုအလား သတ်မှတ်ထားသော ဆုံရပ်သို့ တိတ်ဆိတ်စွာ ရောက်ရှိလာသည်။
ယွဲ့ရီသည် ဤနေရာတွင် ကြာမြင့်စွာ စောင့်ဆိုင်းနေခဲ့ပြီး သူမ၏ ကျက်သရေရှိသော ငွေရောင်ပုံရိပ်သည် အကြွင်းမဲ့ အမှောင်ထုအတွင်းထဲတွင် အလင်းရောင်အရင်းအမြစ်တစ်ခုဖြစ်နေသည့် ပုံပေါ်နေသည်။
ပိုလျှံသော နှုတ်ဆက်စကား တစ်ခွန်းမျှမပါဘဲ နှစ်ဖက်လုံးမှ ခေါင်းဆောင်များသည် စစ်ဆင်ရေး စတင်ကြောင်း အတည်ပြုရန် အပြန်အလှန် အကြည့်တစ်ခုသာ ဖလှယ်ခဲ့ကြသည်။
ယွဲ့ရီက ရှေ့သို့ ပေါ့ပါးစွာ ခြေတစ်လှမ်း လှမ်းလိုက်ရာ သူမ၏ ခရမ်းရောင်သလင်းကျောက် မြေခွေးမျက်ဝန်းများအတွင်း နက်ရှိုင်းပြီး ရှုပ်ထွေးသော ရုန်းများ တောက်ပလာသည်။
သူမကို ဗဟိုပြုကာ မမြင်နိုင်သလို၊ ထိတွေ့၍မရသော်လည်း အလွန်ကျယ်ပြန့်ပြီး အသေးစိတ်ကျသော စိတ်စွမ်းအင် စက်ကွင်းတစ်ခုသည် ဖိတ်စင်သွားသော ပြဒါးရည်များပမာ မိုင်းတွင်းအဝင်ဝဆီသို့ ပျံ့နှံ့သွားသည်။
ပုံရိပ်ယောင်ဖန်တီးခြင်းကို အင်အားအပြည့်အဝဖြင့် လှုံ့ဆော်လိုက်ပြီး ပုံပျက်နေသော စောင့်ကြည့်ကင်မရာများ၊ စွမ်းအင်အာရုံခံကိရိယာများနှင့် အဝင်ဝရှိ ပုံးကွယ်နိုင်သော ကင်းစောင့်များ၏ အမြင်အာရုံနှင့် ခံစားသိမြင်နိုင်စွမ်းအပေါ် ပြီးပြည့်စုံသော ပုံရိပ်ယောင်တစ်ခုကို တိတ်တဆိတ် ဖန်တီးလိုက်သည်။
သူတို့၏ အာရုံထဲတွင် အဝင်ဝပတ်လည်ရှိ အရာအားလုံးသည် လေနှင့် အင်းဆက်များ၏ အသံသာရှိပြီး ပုံမှန်မဟုတ်သော အခြေအနေမရှိဘဲ ပုံမှန်အတိုင်းသာ ရှိနေသည်။
နှင်းဝံပုလွေ ခုနစ်ဆယ်ကျော်၏ စုပေါင်းလှုပ်ရှားမှုကြောင့် မလွဲမသွေ ဖြစ်ပေါ်လာမည့် အားနည်းသော လေစီးကြောင်းများနှင့် တုန်ခါမှုများကိုပင် ဤပုံရိပ်ယောင်စက်ကွင်းက သေချာဖုံးကွယ်ပေးထားသည်။
“အကာအကွယ်ကို ရှာတွေ့ပါပြီ၊ အဓိက အလယ်ဗဟို သုံးခုကို အသက်ရှူချိန်ဆယ်ခါအတွင်း ဖြိုခွဲနိုင်ပါတယ်”
ယင်းဖုန်း၏ အေးစက်ပြီး တိကျသော စိတ်ပိုင်းဆိုင်ရာ သတင်းစကားသည် အယုံကြည်ရဆုံး သြဒီနိတ်တစ်စုံအလား လင်းထျန်းလုံ၏ စိတ်ထဲသို့ ရောက်ရှိလာသည်။
နောက်တစ်ခဏတွင် မိုင်းတွင်းအဝင်ဝအထက်ရှိ ကျောက်နံရံအရိပ်များနှင့် စွန့်ပစ်ထားသော မိုင်းတွင်းသုံး တွန်းလှည်းအစုအဝေးအောက်တွင် အမည်းရောင် ဓားသွားအလင်းတန်းများ ပြိုင်တူနီးပါး တောက်ပသွားသည်။
အစစ်အမှန် တစ္ဆေများပမာ နှင်းခဲအရိပ်လျှို့ဝှက်အစောင့်အရှောက် ကိုးဦးသည် ရန်သူ မသိရှိမီမှာပင် သူတို့၏ပစ်မှတ်များဆီသို့ ချဉ်းကပ်သွားပြီးဖြစ်သည်။
မိုင်းတွင်းအဝင်ဝကို ဖုံးလွှမ်းထားပြီး အလင်းရောင်နှင့် စွမ်းအင်များကို အဆက်မပြတ် လိမ်ကောက်စေနေသော ပွင့်လင်းမြင်သာသည့် အကာအကွယ်သည် ရုတ်တရက် ငိုကြွေးသံကဲ့သို့ ‘တ၀ီဝီ’ ဟူသော အသံများ ထွက်ပေါ်လာကာ ပေါက်ကွဲသွားသော ပူဖောင်းတစ်ခုကဲ့သို့ တိုးညှင်းသော ‘ဖောက်’ ဆိုသည့် အသံဖြင့် လုံးဝ မပျောက်ကွယ်မီ ပြင်းထန်စွာ တောက်ပသွားသည်။
မှိုတက်ပြီး ပုပ်ပွနေသော အနံ့ပြင်းသည့် အဝင်ဝ၏ အစစ်အမှန် အနံ့အသက်များ ချက်ချင်း ထွက်ပေါ်လာသည်။
“လှုပ်ရှားကြမယ်”
ရန့်မြဲ့၏ တိုးညှင်းပြီး အားကောင်းသော အသံသည် ဝံပုလွေအုပ်စု၏ စိတ်စွမ်းအင်ကွန်ရက်အတွင်းတွင် ပေါက်ကွဲထွက်လာပြီး အထွေထွေ ထိုးစစ်တစ်ခုအတွက် ခရာသံအလား ထွက်ပေါ်လာသည်။
မဟာနှင်းအစောင့်အရှောက်ဆယ်ဦးကလည်း ဟိန်းဟောက်သံကို ပြိုင်တူ ထုတ်လွှတ်လိုက်သည်။
သူတို့၏ ကြီးမားလှသော ခန္ဓာကိုယ်များနှင့် ရိုးရှင်းစွာ ချီတက်နေခြင်းမျိုး မဟုတ်ဘဲ ထာဝရရေခဲချပ်ဝတ်တန်ဆာ ဖုံးလွှမ်းထားကာ တစ်ပြိုင်နက်တည်း မောင်းနှင်နေသော စစ်ခံတပ်ဆယ်ခုပမာ ပွင့်နေပြီဖြစ်သော မိုင်းတွင်းအဝင်ဝဆီသို့ မြေကြီးကို အနည်းငယ် တုန်လှုပ်စေသော ခြေလှမ်းများဖြင့် တစ်ပြိုင်နက်တည်း ဝင်ဆောင့်နေကြသည်။
သူတို့ရှေ့ရှိ မဟာနှင်းအကာအကွယ်၏ ရေပြာရောင်အလင်းတန်းသည် ဖျက်ဆီး၍မရသော ရွေ့လျားနံရံတစ်ခုအဖြစ် ချိတ်ဆက်သွား၏။
ပြင်ပအမြင်ကို ဖုံးကွယ်ရန်အတွက် အဝင်ဝတွင် စုပုံထားသော အပျက်အစီးများနှင့် စွန့်ပစ်ဆောက်လုပ်ရေးပစ္စည်းများသည် ဤပေါင်းစပ်စက်ကွင်းနှင့် ထိတွေ့သည့် အခိုက်အတန့်တွင် အမှုန့်ဖြစ်သွားကာ ကျယ်ဝန်းသော လမ်းကြောင်းတစ်ခုကို အတင်းအဓမ္မ ဖောက်ထွင်းလိုက်သည်။
အကာအကွယ် ကျိုးပဲ့သွားချေပြီ။
အစောင့်အရှောက်များ ဝင်တိုက်လိုက်သည်နှင့် တစ်ပြိုင်နက်တည်းနီးပါးတွင် မိုင်းတွင်းအတွင်းပိုင်း နက်ရှိုင်းသောနေရာမှ နာကျင်မှုနှင့် ရူးသွပ်မှုများ ပြည့်နှက်နေပြီး သဘာဝသာမန်သတ္တဝါများထံမှ လုံးဝမဟုတ်သော စူးရှသည့် အော်ဟစ်သံများနှင့်အတူ သိပ်သည်းပြီး ဖရိုဖရဲဖြစ်နေသော ခြေသံများ…..
လက်တံများဖြင့် မြေကြီးကို ရိုက်ခတ်သံနှင့် သတ္တုလက်သည်းများဖြင့် ကျောက်တုံးကို ကုတ်ခြစ်သံများ ရောနှောကာ ပဲ့တင်ထပ်လာသည်။
အမှောင်ထဲတွင် ပရမ်းပတာဖြစ်ပြီး ကြမ်းတန်းသည့် အနီရောင်အလင်းတန်းများ တောက်ပနေသော မရေမတွက်နိုင်သည့် မျက်လုံးအစုံသည် လင်းလက်လာပြီး ဒီရေလှိုင်းတစ်ခုသဖွယ် အဝင်ဝဆီသို့ တိုး၀င်ခုန်အုပ်လာကြသည်။
အမှောင်ထဲမှ ပထမဆုံး ထွက်ပေါ်လာသည်မှာ အလွန်လိမ်ကောက်နေသော မိစ္ဆာအချို့ဖြစ်သည်။
သူတို့သည် ယေဘုယျအားဖြင့် ဝံပုလွေတစ်ကောင်၏ ပုံသဏ္ဌာန်ကို ထိန်းသိမ်းထားသော်လည်း သူတို့၏ ကိုယ်လုံးများမှာ အတင်းအဓမ္မ ဆွဲဆန့်ခံထားရပြီး အရည်ပျော်ကာ အခဲပြန်ဖြစ်သွားသကဲ့သို့ ပုံမှန်မဟုတ်သော အမည်းရောင်ကြေးခွံများဖြင့် ဖုံးလွှမ်းနေသည်။
ဧရာမဖွတ်ကြီးတစ်ကောင်၏ ထူထဲသော အမြီးတစ်ခုက သူတို့နောက်တွင် ရူးသွပ်စွာ ရမ်းခါနေပြီး ကျောက်နံရံများတွင် နက်ရှိုင်းသော ခြစ်ရာများကို ချန်ထားခဲ့သည်။
သူတို့၏ ရှေ့ခြေထောက်များကို ကျောက်သားချပ်ဝတ် ဝက်ဝံ တစ်ကောင်ကဲ့သို့ ကြီးမားလှသော လက်သည်းများနှင့် အစားထိုးထားပြီး လေးလံသော ကျောက်သားချပ်ဝတ်တန်ဆာများ ဖုံးလွှမ်းထားသော်လည်း သူတို့၏အဆစ်များတွင် ကြမ်းတမ်းသော သတ္တုဝက်ဝံပုံသဏ္ဍာန်များ ပေါ်လွင်နေပြီး ဒဏ်ရာများကို ပြုပြင်ရန် အဆက်မပြတ် လှုပ်ရှားနေသည့် ပုပ်ပွနေသော အသားဖုများ ရှိနေသည်။
တိုက်စားနိုင်သော စေးပျစ်သည့်တံတွေးရည်များက သူတို့၏ ပွင့်ဟနေသောပါးစပ်များမှ ကျဆင်းနေပြီး ရူးသွပ်နေသည့်အလား ဟိန်းဟောက်သံများကို ထုတ်လွှတ်နေသည်။
“ပတ်ဝန်းကျင်ကို ရှင်းလင်း၊ တစ်ကောင်မှ အရှင်မထားနဲ့” ထျန်းပင်း၏ဟိန်းဟောက်သံသည် ကျယ်ဝန်းသော အဝင်ဝဧရိယာတွင် မိုးခြိမ်းသံတစ်ခုပမာ ပေါက်ကွဲထွက်လာသည်။
သူ၏ တုတ်ခိုင်သော ရွှေရောင်ရင့်ရင့်ပုံရိပ်က ထိပ်ဆုံးမှဦးဆောင်ကာ အမြောက်ဆံတစ်ခုကဲ့သို့ ထွက်ပေါ်လာသည်။
သူ၏နောက်တွင် သာမန် လုပ်ကြံသတ်ဖြတ်သူ အဖွဲ့ဝင်အားလုံးနှင့် ရေပြာကြေးခွံအစောင့်အရှောက် လေးဦးတို့က မီးလောင်နေသော တောမီးတစ်ခုကဲ့သို့ လိုက်ပါလာသည်။
လမ်းကြောင်းနှစ်ဖက်လုံးနှင့် အဝေးရှိ အရိပ်များထဲမှ အဆက်မပြတ် ထွက်ပေါ်လာနေသည့် အမျိုးမျိုးသော လိမ်ကောက်နေသည့် စမ်းသပ်ခံသတ္တဝါများဆီသို့ အံ့မခန်း အရှိန်အဟုန်ဖြင့် ခုန်အုပ်လိုက်ကြသည်။
အခန်း (၂၇၄) - ပူးပေါင်း ရှင်းလင်းရေး (၂)
လုပ်ကြံသတ်ဖြတ်သူများသည် ရူးသွပ်သောချီတက်ခြင်း ကို အကန့်အသတ်အထိ တွန်းတင်လိုက်ရာ သူတို့၏အမြန်နှုန်းက ရုတ်တရက် ထိုးတက်သွားပြီး မှုန်ဝါးဝါး အရိပ်တစ်ခုအဖြစ် ပြောင်းလဲသွားကာ မိစ္ဆာအုပ်စုထဲသို့ ပြင်းထန်စွာ ဝင်တိုက်လိုက်သည်။
သူတို့၏ လက်သည်းများ လွှဲယမ်းလိုက်သည်နှင့် ရေခဲလက်သည်းသည် ရေခဲအပိုင်းအစများသာ မဟုတ်တော့ဘဲ အေးခဲနေသည့် အသားများနှင့် ကျိုးပဲ့နေသော သတ္တုအစိတ်အပိုင်းများကိုပါ သယ်ဆောင်လာသည်။
ရေပြာကြေးခွံအစောင့်အရှောက်များက နောက်မှ ကပ်လျက် လိုက်ပါလာသည်။ အဆင့်မြှင့်တင်ထားသော မိုးပြာရောင်ဝံပုလွေတိုက်ပွဲဝိညာဉ်က သူတို့ကို မမောပန်းနိုင်သော တိုက်ခိုက်ရေးစက်ယန္တရားများကဲ့သို့ ဖြစ်လာစေသည်။
မိုးပြာရောင်ဝံပုလွေအဆက်မပြတ်ခုတ်ပိုင်းခြင်းကို ထုတ်လွှတ်လိုက်သောအခါ သူတို့၏လက်သည်းအရိပ်များသည် ထိရောက်သော ရိတ်သိမ်းစက်တစ်ခုကဲ့သို့ အလွှာတစ်ခုအဖြစ် အဆက်မပြတ်ပေါင်းစပ်သွားပြီး လုပ်ကြံသတ်ဖြတ်သူများကြောင့် ပြန့်ကျဲသွားသော မိစ္ဆာများကို အပိုင်းပိုင်းဖြတ်တောက်လိုက်သည်။
သူတို့သည် တိုက်စစ်အဖွဲ့၏ ဘေးဘက်များကို ခိုင်မာစွာ ကာကွယ်ထားပြီး ဂူအတွင်းပိုင်းရှိ အဓိကတိုက်ပွဲကို အနှောင့်အယှက်မပေးနိုင်ရန် မည်သည့်မိစ္ဆာမျှ သူတို့ကို ကျော်ဖြတ်မသွားနိုင်အောင် သေချာ ကာကွယ်ထားကြသည်။
ပြင်ပစစ်မြေပြင်တစ်ခုလုံး ချက်ချင်း သွေးထွက်သံယိုဖြစ်သွားကာ အသားကြိတ်စက်တစ်ခုအဖြစ် ပြောင်းလဲသွားပြီး ဝံပုလွေအုပ်စု၏ အဆက်မပြတ် သတ်ဖြတ်မှုအောက်တွင် တိုက်ပွဲလမ်းကြောင်းသည် ဂူထဲသို့ တဖြည်းဖြည်း တွန်းပို့ခံနေရသည်။
ထိုအချိန်တွင် မိုင်းတွင်း အဓိကလမ်းကြောင်းအတွင်းရှိ တိုက်ပွဲသည် ပိုမိုပြင်းထန်ကာ အန္တရာယ်များနေ၏။
မဟာနှင်းအစောင့်အရှောက်များ ဖွဲ့စည်းထားသော အပြာရောင်နံရံသည် ရှေ့သို့တိုးလာနေပြီး ပုပ်ပွစေသည့် စွမ်းအင်ရောင်ခြည်တန်းများနှင့် အက်ဆစ်ဖျန်းနိုင်သော လက်တံများကို ခံနိုင်ရည်ရှိခဲ့သည်။
ရေခဲပေါက်ကွဲခြင်း တန်ပြန်တိုက်ခိုက်မှု လှုံ့ဆော်လိုက်တိုင်း မိစ္ဆာအုပ်စုအတွင်း သေမင်းတမန်ရေခဲပန်းများ ပွင့်လာကာ အနီးသုိ့ချဉ်းကပ်လာသော မည်သည့်မိစ္ဆာကိုမဆို အေးခဲကွဲအက်သွားစေသည်။
ဖွဲ့စည်းပုံ အလယ်ဗဟိုရှိ ရန့်မြဲ့၏ အကြွင်းမဲ့ရေခဲဝိညာဉ်မှ ထွက်ပေါ်လာသော ရေခဲမီးလျှံသည် မြေပြင်တစ်လျှောက် ရှေ့သို့ပျံ့နှံ့သွားပြီး ၎င်းနှင့်ထိတွေ့မိသော မိစ္ဆာများ၏ လှုပ်ရှားမှုများကို မျက်စိဖြင့်မြင်နိုင်လောက်အောင် နှေးကွေးတောင့်တင်းသွားစေသည်။
သွေးမိစ္ဆာနှင့် သွေးအစွယ်တော်အစောင့်အရှောက် ဆယ်ဦးသည် အပြာရောင်နံရံ၏ အရိပ်များထဲတွင် ပုန်းအောင်းနေသော အဆိပ်ပြင်းအစွယ်များနှင့် တူသည်။
သူတို့သည် ကျောက်နံရံများနှင့် ဂူမျက်နှာကြက်များကဲ့သို့ နေရာများမှတစ်ဆင့် မြန်နှုန်းမြင့် ချီတက်ရန် သွေးတိုက်ပွဲအလိုအလျောက်သိစိတ်ကို အသုံးပြုခဲ့ကြ၏။
မဟာနှင်းအစောင့်အရှောက်များက အတားအဆီးတစ်ခုကို ဖြိုခွင်းလိုက်တိုင်း သွေးအစွယ်တော် အစောင့်အရှောက်များသည် ဘေးဘက်များမှ တစ္ဆေများကဲ့သို့ ရုတ်တရက်တိုက်ခိုက်လာကြသည်။
သွေးဆာရူးသွပ်မှု အရှိန်ဖြင့် သွေးလက်သည်းက စွမ်းအင်ဗဟိုချက်များဟု ထင်ရသော အထူးမိစ္ဆာများကို တိကျစွာ ဆုတ်ဖြဲပစ်သည်။
သူတို့ ဖြတ်သန်းသွားရာ နေရာတိုင်းတွင် အပိုင်းပိုင်းပြတ်နေသော အကြွင်းအကျန်များနှင့် လောင်ကျွမ်းနေသော သွေးသတ်ဖြတ်ခြင်းရောင်ဝါများသာ ကျန်ရစ်ခဲ့သည်။
လင်းထျန်းလုံသည် အဖွဲ့၏အနောက်ဘက်နေရာမှ တည်ငြိမ်စွာ လျှောက်လာသည်။
ငွေပြာဧကရာဇ်မျက်ဝန်းများကို အပြည့်အဝ အသုံးပြုကာ စစ်မြေပြင်တစ်ခုလုံး၏ စွမ်းအင်စီးဆင်းမှု၊ အားနည်းချက်နှင့် အခွင့်အရေးတိုင်းကို စောင့်ကြည့်လျက် အတည်ငြိမ်ဆုံး တပ်မှူးတစ်ဦးကဲ့သို့ အခြေအနေတစ်ခုလုံးကို ကြီးစိုးနေ၏။
ယွဲ့ရီကလည်း စစ်မြေပြင်တစ်ခုဆိုသည်ထက် သူမကိုယ်ပိုင်ခြံဝင်းထဲတွင် လမ်းလျှောက်နေသကဲ့သို့ ကျက်သရေရှိစွာ လိုက်ပါလာသည်။
သို့သော် သူမ၏လက်သည်းများဖြင့် လေထဲကို တောက်လိုက်တိုင်း မဟာနှင်းအစောင့်အရှောက်များကို ခိုးကြောင်ခိုးဝှက် တိုက်ခိုက်ရန် ပြင်နေသည့် မိစ္ဆာများ ရုတ်တရက်တောင့်တင်းသွားကာ သူတို့အချင်းချင်း ပြန်လည်တိုက်ခိုက်ကြသည်။ အချို့မှာတော့ စွမ်းအင်စီးကြောင်းများ ပြောင်းလဲသွားတတ်သည်။
ဤသည်မှာ တိကျပြီးထိရောက်သော စိတ်ပိုင်းဆိုင်ရာ ကြီးစိုးမှုကို အသုံးပြုနေခြင်းဖြစ်သည်။
အဖွဲ့သည် မိုင်းတွင်းထဲသို့ ပိုမိုနက်ရှိုင်းစွာ ဝင်ရောက်လာသည်နှင့်အမျှ ခုခံမှုသည် ပိုမိုထူးဆန်းပြီး အားကောင်းလာသည်။
ဥပမာအားဖြင့် သတ္တုချပ်ဝတ်တန်ဆာများ၊ ပုပ်ပွနေသည့် အသားများဖြင့် ဖွဲ့စည်းထားသော ဧရာမ မျောက်ဝံကြီးများသည် တိုက်စားနိုင်သောအရည်များ ပတ်ဖျန်းနိုင်သည့် သတ္တုလက်မောင်းကြီးများကို လွှဲယမ်းကာ ဟိန်းဟောက်နေကြသည်။
ဂူမျက်နှာကြက်မှ တွဲလောင်းကျနေသော အင်းဆက်မျက်လုံးများနှင့် သတ္တုအတောင်ပံများ ပါရှိသည့် ငှက်အုပ်စုများသည် စိတ်၀ိညာဥ်ကို အနှောင့်အယှက်ပေးရန် ကြိမ်နှုန်းမြင့်အသံလှိုင်းများ ထုတ်လွှတ်ကာ အကြောသေစေနိုင်သော ပိုးမွှားများကို ချပေးနေသည်။
မိုင်းတွင်းလမ်းကြောင်းတစ်ခုလုံးသည် ထူးဆန်းပြီး ကြောက်မက်ဖွယ်ကောင်းသော ပြတိုက်တစ်ခုအဖြစ် ပြောင်းလဲနေသည်။
သို့သော် ဝံပုလွေအုပ်စု၏ စနစ်ကျသော ပူးပေါင်းတိုက်ခိုက်မှုနှင့် ယွဲ့ရီ၏ ပုံရိပ်ယောင်၊ စိတ်စွမ်းအင် အနှောင့်အယှက်များအောက်တွင် ဤကာကွယ်ရေးမျဉ်းများသည် တစ်ခုပြီးတစ်ခု ဆုတ်ဖြဲခံနေရလေ၏။
မဟာနှင်းအစောင့်အရှောက်များက မျက်နှာချင်းဆိုင်က ဖိအားကို တောင့်ခံထားပြီး၊ နှင်းခဲအရိပ်လျှို့ဝှက်အစောင့်အရှောက်များသည် ဖုံးကွယ်နေသော စွမ်းအင်ထောင်ချောက်များကို ဖျက်ဆီးနေကြ၏။
သွေးစွယ်ဧကရာဇ်အစောင့်အရှောက်များသည် အရေးကြီးပစ်မှတ်များကို တိကျစွာ ဖြတ်ထုတ်ကာ လုပ်ကြံသတ်ဖြတ်သူများက နောက်ပိုင်းကို ကာကွယ်ပေးထားသည်။
နောက်ဆုံးတွင် အထူစွမ်းအင်ပိုက်များနှင့် စောင့်ကြည့်ရေးဖန်သားပြင်များဖြင့် ပြည့်နေသော လမ်းကြောင်းကို ဖောက်ထွက်ပြီးနောက် ရှင်းလင်းစွာ တည်ဆောက်ထားသော မြေအောက်ခန်းမကျယ်ကြီး တစ်ခုသို့ ရောက်ရှိလာသည်။
အလင်းရောင်များ တောက်ပနေသော ရှုပ်ထွေးသည့် တူရိယာများ၊ အမည်မသိ အစိမ်းရောင်အရည်များပါရှိသော ဖန်အိုးကြီးအများအပြားဖြင့် ပြည့်နှက်နေပြီး ၎င်းတို့ထဲတွင် လိမ်ကောက်နေသည့် ဇီဝတစ်ရှူးများနှင့် တပိုင်းတစ ပြီးစီးနေသော ပေါင်းစပ်မိစ္ဆာများ နစ်မြုပ်နေသည်။
လေထုထဲတွင် တာရှည်ခံဆေးများနှင့် ပုပ်ပွစေသော စွမ်းအင်များ ရောနှောနေသည့် စူးရှသောအနံ့များ ထူထပ်နေသည်။
ဓာတ်ခွဲခန်းခန်းမ၏ အလယ်ဗဟိုတွင် အမြင့်ငါးမီတာခန့်ရှိသော သားရဲကြီးတစ်ကောင် ဖြည်းညင်းစွာ မတ်တတ်ရပ်လာသည်။
၎င်းသည် မိစ္ဆာသားရဲ ဆယ်ကောင်ကျော်၏ အမာကျောဆုံးအရိုးများ၊ အသန်မာဆုံး ကြွက်သားများ၊ သတ္တုပြားများ၊ စွမ်းအင်ပြွန်များနှင့် အနီရောင်အလင်းတန်း တောက်ပနေသည့် သလင်းကျောက်များကို အတင်းအဓမ္မ ပေါင်းစပ်ထားပုံရသည်။
ခေါင်းမရှိဘဲ ရင်ဘတ်တစ်ခုလုံးနီးပါးကို နေရာယူထားသည့် ဧရာမ စက်ရုပ်မျက်လုံးတစ်ခုသာ ရှိပြီး မျက်ဝန်းကို တွန့်လိမ်နေသော သွေးကြောများ ဝန်းရံထားကာ ကျူးကျော်လာသူများကို စူးစိုက်ကြည့်နေသည်။
စက်ရုပ်မျက်လုံးအောက်တွင် အမည်းရောင် အကျိအချွဲများ ကျဆင်းနေကာ အဓိပ္ပာယ်မဲ့သော ဆူညံသံများ ထုတ်လွှတ်နေသည့် ကြီးမားလွန်းသော ပါးစပ်ပေါက်ကြီးတစ်ခု ရှိသည်။
၎င်းနောက်တွင် စပါးကြီးမြွေ အမြီးများ၊ အင်းဆက်ခြေလက်များ၊ အကြေးခွံပါသော ကြာပွတ်များနှင့် လည်ပတ်နေသော လွှများ တပ်ဆင်ထားသည့် စက်ရုပ်လက်မောင်းများ ပါဝင်သော လက်တံရှစ်ခုက ရူးသွပ်စွာကခုန်နေသည်။
[စနစ်အသိပေးချက်]။ ။ပုပ်ပွခြင်း အစုအဝေး · စမ်းသပ်ပုံစံ (အဆင့် ၄၀ ဒုတိယ ဘုရင်အဆင့် အစောပိုင်း)
[စနစ်အသိပေးချက်]။ ။ပင်ကိုစွမ်းရည်များ - ပုပ်ပွခြင်း ကူးစက်မှု၊ စွမ်းအင် စုပ်ယူမှု၊ ကြမ်းတမ်းသော ပြန်လည်ဖွဲ့စည်းမှု။
[စနစ်အသိပေးချက်]။ ။လက္ခဏာရပ်များ - ပျက်စီးဆုံးရှုံးမှုအချို့ကို ခံယူပြီးနောက် ၎င်း၏ခန္ဓာကိုယ်မှ ပုပ်ပွနေသော အရာများကို ခွာချွနိုင်သည်။
စွမ်းအင်တိုက်ခိုက်မှုများ၏ တစ်စိတ်တစ်ပိုင်းကို စုပ်ယူပြီး ကိုယ်ပိုင်ပြုပြင်ခြင်းအဖြစ် ပြောင်းလဲနိုင်သည်၊ သေလုမျောပါးအခြေအနေသို့ ရောက်သောအခါ ကြီးမားသော ညစ်ညမ်းမှုကို ဖြစ်ပေါ်စေရန် ခန္ဓာကိုယ်အစိတ်အပိုင်းများကို ဖောက်ခွဲပစ်သည်။
“ထောက်လှမ်းတွေ့ရှိ... စွမ်းအင်မြင့် သက်ရှိ... ကျူးကျော်ဝင်ရောက်... လုပ်ဆောင်နေ... ရှင်းလင်းရေး ပရိုတိုကော...” အီလက်ထရောနစ် အသံများနှင့် ဇီဝဗေဒဆိုင်ရာ မြည်သံများ ရောနှောနေသည့် ပြတ်တောင်းပြတ်တောင်း အတွေးက ထိုနေရာရှိ လူတိုင်း၏အသိစိတ်ကို ရိုက်ခတ်သွားသည်။
၎င်းက ပထမဆုံး တိုက်ခိုက်မှုကို စတင်လာလေသည်။ တိုက်ခိုက်ရေးစက်များ တပ်ဆင်ထားသည့် စက်ရုပ်လက်တံနှစ်ခုသည် အမြောက်ဆံများကဲ့သို့ ထွက်ပေါ်လာပြီး မဟာနှင်းအစောင့်အရှောက်များ၏ လမ်းကြောင်းကို ဝင်တိုက်လိုက်သည်။
ဧရာမစပါးကြီးမြွေများနှင့် တူသော အခြားအသားစလက်တံနှစ်ခုက မြေပြင်တစ်လျှောက် ရမ်းခါသွားပြီး ဝံပုလွေအုပ်စု၏ ဖွဲ့စည်းပုံကို အနှောင့်အယှက်ပေးရန် ကြိုးစားသည်။
တစ်ချိန်တည်းမှာပင် ၎င်း၏ကိုယ်လုံးပေါ်ရှိ အပေါက်များမှ ပုပ်ပွသည့် အနံ့များ ထုတ်လွှတ်နေသည့် အစိမ်းရောင် စွမ်းအင်လုံးများကို အမြောက်ကျည်များကဲ့သို့ ထုတ်လွှတ်လိုက်သည်။
“ရန့်မြဲ့၊ ရှေ့တန်းကို တောင့်ထား၊ သွေးမိစ္ဆာ၊ လှည့်ပတ်ပြီး သူ့ရဲ့ စွမ်းအင်ဗဟိုချက်တွေနဲ့ လက်တံအမြစ်တွေကို တိုက်ခိုက်၊ ယွဲ့ရီ၊ သူ့ရဲ့ အဓိက တွက်ချက်မှုတွေနဲ့ စွမ်းအင်ညှိနှိုင်းမှုကို အနှောင့်အယှက်ပေး”
လင်းထျန်းလုံ၏ အမိန့်များက စစ်သူကြီးတိုင်း၏စိတ်ထဲသို့ ရှင်းလင်းစွာ ရောက်ရှိသွားသည်။
သူသည် ရုတ်တရက်မှုန်ဝါးသွားပြီး ဗလာဟင်းလင်းပြင် ဝံပုလွေခြေလှမ်းဖြင့် ကြီးမားသော ခန္ဓာကိုယ်နောက်တွင် ပေါ်လာသည်ာ
နက်နဲရေခဲကောင်းကင်ဆုတ်ဖြဲလက်သည်း ပေါ်တွင် မိုးကြိုးနှင့် ရေခဲတို့ ရောယှက်နေပြီး အကြွင်းမဲ့ဖျက်ဆီးခြင်းရောင်ဝါကို သယ်ဆောင်ကာ ဧရာမစက်ရုပ်မျက်လုံးကြီးကို ကုတ်ချလိုက်သည်။
ယွဲ့ရီ၏ အမြီးရှည်ကိုးချောင်းသည် ဒေါင်းတစ်ကောင်ကဲ့သို့ ဖြန့်ကျက်သွားပြီး မျက်ဝန်းများ တောက်ပလာ၏။
စိတ်ပိုင်းဆိုင်ရာ ကြီးစိုးမှုက ကြမ်းတမ်းသော စိတ်စွမ်းအင်စီးကြောင်းအဖြစ် ပြောင်းလဲသွားပြီး အစုအဝေး၏ အသိစိတ်အလယ်ဗဟိုကို အတင်းအဓမ္မ ရိုက်ခတ်သွားသည်။
အစုအဝေး၏ စက်ရုကပမလက်တံများ လှုပ်ရှားမှု နှေးကွေးသွားပြီး စွမ်းအင်အမြောက်ကျည်များတွင် ဟာကွက်များ ပေါ်လာခဲ့သည်။
“အာဝူး”
ရန့်မြဲ့က ဟိန်းဟောက်လိုက်ပြီး ထာဝရရေခဲအကာအကွယ်၏ အလင်းရောင်သည် ဧရာမရေခဲဒိုင်းကြီးအဖြစ် စုစည်းသွားကာ စက်ရုပ်လက်တံနှစ်ခု၏ ထိုးနှက်မှုများကို ကြံ့ကြံ့ခံနိုင်ခဲ့သည်။
ရေခဲဒိုင်း အက်ကွဲသွားသော်လည်း သူက တစ်လှမ်းမျှပင် နောက်မဆုတ်ပေ။ တစ်ချိန်တည်းမှာပင် ရေခဲမီးလျှံက စက်ရုပ်လက်တံနှစ်ခုကို အေးခဲရန် ထိုးတက်သွားသည်။
သွေးမိစ္ဆာနှင့် သွေးအစွယ်တော်အစောင့်အရှောက်များသည် သွေးရောင် အလင်းတန်းများအဖြစ် ပြောင်းလဲသွားပြီး စွမ်းအင်ပြွန်များနှင့် လက်တံများ၏အဆစ်များကို အထူး ပစ်မှတ်ထား တိုက်ခိုက်လိုက်ကြသည်။
သွေးဆာရူးသွပ်မှုက အမြန်နှုန်းကို အကန့်အသတ်အထိ တွန်းတင်လိုက်ပြီး သွေးလက်သည်းက အဓိကဖွဲ့စည်းပုံတိုင်းကို ရက်စက်စွာ ဆုတ်ဖြဲပစ်ကာ သွေးသတ်ဖြတ်ခြင်းရောင်ဝါများက ဒဏ်ရာများကို တိုက်စားနေသည်။