← Chapters

အခန်း (၇၁-၇၂)

Vol. 8 Ch. 71-72

အခန်း (၇၁-၇၂)

Vol. 8 Ch. 71-72

အခန်း (၇၁)

အစောင့်အရှောက်

သံသယများ ပြည့်နှက်နေလျက် ရွှီပေါ်အန်းသည် ဘွန်ဆိုင်းကို အလျင်အမြန် ထုတ်ယူကာ သိမ်းဆည်း လိုက်လေသည်။

ဘွန်ဆိုင်းကမ္ဘာထဲရှိ တောင်ပေါ်ရွာများမှ အမျိုးသမီးရွာသူအချို့သည် အိတ်ကြီးအိတ်ငယ်များကို သယ်ဆောင်လျက် အခြားရွာသားများကို တစ်ဦးချင်း နှုတ်ဆက်နေကြသည်ကို သူ လှမ်းမြင်လိုက်ရ လေသည်။

သူတို့ မည်သည့်အရာကို ပြုလုပ်ရန် ကြိုးစားနေကြသနည်းဟု သူ တွေးလိုက်မိလေ၏။

ဤနေရာတွင် အဆင်ပြေနေသည် မဟုတ်ပါလား။ လူဦးရေ လျော့ကျသွားခြင်းမျိုးတော့ မဖြစ်နိုင် လောက်ပါချေ။

ဤအရာက သူ၏ အမွှေးတိုင် ပူဇော်မှုနှင့် ဆုတောင်းပတ္ထနာပြုမှု ရိတ်သိမ်းခြင်းကို မထိခိုက်စေရန်တော့ လိုပေသည်။

သူ၏ ကိုယ်ကျိုးစီးပွားအတွက် စိုးရိမ်စိတ်ဖြင့် ရွှီပေါ်အန်း၏ အာရုံစိုက်မှုသည် ထိုအရာဆီသို့ ချက်ချင်း ပင် ရောက်ရှိသွားခဲ့လေ၏။

“မိန်းမ... လမ်းမှာ ဂရုစိုက်သွားနော်...။”

“ရွှမ်ကျုးရဲ့ အမေ... နင့်မိဘတွေကို ငါက သတိရကြောင်း ပြောပေးပါဦး...။”

“ရွာလူကြီး... ကျွန်မတို့ကို ဤပစ္စည်းတွေ ဝေမျှပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်...။ အမေတို့က ဒီလောက်ကောင်းတဲ့ ဆန်တွေ ဂျုံတွေ တစ်ခါမှ မစားဖူးကြပါဘူး...။”

“ငါ့ကို ဘာလို့ ကျေးဇူးတင်နေမှာလဲ...။ ကျေးဇူးတင်ချင်ရင် တောင်စောင့်နတ်မင်းကြီးကိုပဲ ကျေးဇူးတင် ရမှာ...။ ငါတို့အားလုံး တောင်စောင့်နတ်မင်းကြီးကို ကျေးဇူးတင်ရမယ်...။”

“ဟုတ်ပါတယ်... တောင်စောင့်နတ်မင်းဘိုးဘိုးကြီးကို ကျေးဇူးတင်ပါတယ်...။ ကျွန်မတို့ တစ်မိသားစု လုံး တောင်စောင့်နတ်မင်းဘိုးဘိုးကြီးကို ကျေးဇူးတင်ပါတယ်...။”

“ကျွန်မတို့လည်း တောင်စောင့်နတ်မင်းကြီးကို အရမ်းကျေးဇူးတင်တာပဲ...။ တောင်စောင့်နတ်မင်းကြီး သာ မရှိရင် ကျွန်မတို့ ဒီလောက်ကောင်းတဲ့ အစားအစာတွေကို စားရမှာ မဟုတ်ပါဘူး...။”

“ဒီအရာတွေကို ပြန်ယူသွားရင် ကျွန်မမိသားစုက ကျွန်မအတွက် စိတ်ပူနေတာတွေ သေချာပေါက် ရပ်တန့်သွားမှာပဲ...။”

ထိုစကားများကို ကြားသောအခါ ဤအမျိုးသမီး ရွာသူများသည် သူတို့၏ မိဘများအိမ်သို့ အလည် အပတ် ပြန်သွားရန် ပြင်ဆင်နေကြကြောင်း ရွှီပေါ်အန်း နောက်ဆုံးတွင် နားလည်သဘောပေါက် သွားခဲ့လေတော့သည်။

လူဦးရေ လျော့ကျသွားခြင်း မရှိသရွေ့တော့ ကောင်းမွန်လှပေသည်။ ရွှီပေါ်အန်းသည် ချက်ချင်းပင် သက်ပြင်းချကာ စိတ်အေးသွားခဲ့ရလေ၏။

ရွာလူကြီးသည် လူအုပ်ကြားတွင် မတ်တတ်ရပ်ကာ သူ၏လက်ကို အနည်းငယ် နှိမ့်ချလိုက်ရာ ဆူညံ နေမှုများ အနည်းငယ် ငြိမ်သက်သွားခဲ့လေသည်။

“လူတိုင်းက ငါတို့ရဲ့ ခေါင်ရှန်းရွာကို လာရောက် အိမ်ထောင်ပြုကြတာဟာ ရွာအတွက်တော့ ကောင်းချီး တစ်ခုပါပဲ...။ ဒီနှစ်တွေတစ်လျှောက် ရွာမှာနေရင်း ငါတို့အားလုံး ဆင်းရဲဒုက္ခတွေကို ခံစားခဲ့ကြရတယ်..။ မိသားစုတွေ ထပ်ပြီး စိတ်မပူရအောင် ပြန်သွားလည်ကြတာဟာ ကောင်းတဲ့ကိစ္စပါပဲ...။”

“ဟုတ်ပါတယ်...။ ကျွန်မတို့ရဲ့ မိသားစုတွေက ရွာကိုလာရှာတဲ့အခါ ကျွန်မတို့ကို မတွေ့ရင် တစ်ခုခု ဖြစ်သွားပြီလို့ ထင်သွားမှာကိုလည်း စိတ်ပူမိပါတယ်...။”

“ဒါက အဓိပ္ပာယ်ရှိပါတယ်... အဒေါ်ကွေ့ဖန်း...။ အဒေါ်က စာဖတ်တတ်တယ်...။ ထွက်သွားပြီးတဲ့အခါ ကျွန်မတို့ကို လာရှာတဲ့ ဆွေမျိုးတွေ ပြောင်းရွှေ့သွားမှန်း သိအောင်လို့ ရွာက အိမ်ဟောင်းမှာ စာတစ်ခုခု ရေးထားပေးခဲ့ပါဦး...။”

“ပြဿနာမရှိပါဘူး ဦးလေးရှန်း... စိတ်မပူပါနဲ့...။ ကျွန်မ စိတ်ထဲမှာ မှတ်ထားပါတယ်...။ ကျွန်မ သွားပြီ...။”

“အားလုံးပဲ ဂရုစိုက်သွားကြ...။”

“အဆင်ပြေပါတယ်... ကျွန်မတို့ကို စောင့်ရှောက်ပေးနေတဲ့ တောင်စောင့်နတ်မင်းကြီး ရှိနေတာပဲ...။ ဒီတောင်တန်းတွေထဲမှာ ဘေးကင်းပါတယ်....”

“ဟုတ်ပါတယ်... တောင်စောင့်နတ်မင်းကြီး ရှိနေတာပဲ...။ တောင်တန်းတွေက အလုံခြုံဆုံး နေရာပါ...။”

လူတိုင်းက လက်ပြနှုတ်ဆက်ခဲ့ကြပြီး ထိုမြင်ကွင်းမှာ ခွဲခွာရခက်သော ခံစားချက်များဖြင့် ပြည့်နှက် နေခဲ့လေတော့၏။

ဤရွာသားများက တောင်စောင့်နတ်မင်းဖြစ်သော သူ့အား အကာအကွယ်ပေးရန် အလွန်တရာ ယုံကြည်စွာ မှီခိုနေကြသည်ကို ကြားလိုက်ရသောအခါ ရွှီပေါ်အန်းသည် အနည်းငယ် ရှက်ရွံ့သွား မိခဲ့လေသည်။

ဤရွာသားများသည် သူ့အား အထင်ကြီးလွန်းနေကြလေ၏။

သူသည် ထိုသူများကို ဘွန်ဆိုင်းဥယျာဉ်၏ ကန့်သတ်ထားသော နယ်မြေအတွင်း၌သာ စောင့်ရှောက်ပေး နိုင်စွမ်း ရှိပေသည်။ အပြင်သို့ ရောက်သွားသည်နှင့် တစ်ပြိုင်နက် သူ လုပ်နိုင်သောအရာ ဘာမျှမရှိတော့ ချေ။

မဟုတ်သေးချေ... လုံးဝ နည်းလမ်းမရှိတော့သည်တော့ မဟုတ်ချေ။

ရွှီပေါ်အန်း၏ ခေါင်းထဲတွင် ရုတ်တရက် အကြံဉာဏ်တစ်ခု ပေါ်လာခဲ့ပြီး တောင်စောင့်နတ်မင်း နတ်ကွန်းအောက်ရှိ စောင့်ရှောက်သူ ဝိညာဉ်လေးကို ဆင့်ခေါ်လိုက်လေသည်။

အညိုရောင် ဝက်ဝံကြီးသည် သူတို့နောက်သို့ တိတ်ဆိတ်စွာ လိုက်ပါသွားခဲ့လေတော့၏။

အဓိက ကြိုတင်ကာကွယ်ရမည့်အရာမှာ တောင်တန်းများနှင့် သစ်တောများထဲတွင် ကြုံတွေ့လာနိုင် သော သားရဲတိရစ္ဆာန်များနှင့် တောင်ပေါ်ဓားပြများပင် ဖြစ်လေသည်။

ဤမျှ စွမ်းအားကြီးမားပြီး အရည်အချင်းရှိသော တိုက်ခိုက်ရေးသမားမျိုးနှင့် သူ၏ စောင့်ရှောက်သူ ဝိညာဉ်လေးက သူတို့အနားတွင် ရှိနေသဖြင့် လုံးဝ ဘေးကင်းလုံခြုံသည်ဟု ဆိုနိုင်ပေသည်။

တောင်တန်းများနှင့် သစ်တောများထဲမှ ထွက်ခွာသွားသည်နှင့် အပြင်ဘက်ရှိ ပင်မလမ်းမကြီးများသည် အတော်လေး ဘေးကင်းလုံခြုံလှပေသည်။

အညိုရောင် ဝက်ဝံကြီးနှင့် ရွှီပေါ်အန်းတို့သည် စိတ်ချင်းဆက်သွယ်ထားလေ၏။ ရွှီပေါ်အန်း၏ အမိန့်ကို လက်ခံရရှိသည်နှင့် တစ်ပြိုင်နက် ဝက်ဝံကြီးသည် အနီးအနားရှိ သစ်တောထဲတွင် ချက်ချင်းပင် နေရာ ယူလိုက်လေတော့သည်။

ဤကိစ္စကို စီစဉ်ပြီးနောက် ရွှီပေါ်အန်းသည် ရွာသားများကို တူလို မြေနံရံအိမ်ရာ ပုံစံငယ်ကို ဝေငှပေးရန် ပြင်ဆင်လိုက်လေ၏။

ရုတ်တရက် ဖုန်းမြည်လာပြန်လေသည်။ သူနှင့်အတူ လိုက်ပါလာသော ထျန်ရှောင်ထုန် ခေါ်ဆိုနေခြင်း ဖြစ်သည်ကို မြင်သောအခါ ရွှီပေါ်အန်းသည် မဆိုင်းမတွပင် ဖြေကြားလိုက်လေတော့၏။

ဖုန်းချိတ်ဆက်မိသည်နှင့် တစ်ပြိုင်နက် အလောတကြီး အသံတစ်သံ ထွက်ပေါ်လာခဲ့လေသည်။

“မစ္စတာရွှီ... အနားယူနေတာကို နှောင့်ယှက်မိလို့ တောင်းပန်ပါတယ်...။နောက်တစ်နာရီလောက်နေရင် ဗီဒီယိုကွန်ဖရင့်ကတစ်ဆင့် အန္တရာယ်ကင်းရှင်းရေး ဆောက်လုပ်မှု အခြေအနေ ခွဲခြမ်းစိတ်ဖြာခြင်း အစည်းအဝေးတစ်ခု ရှိမယ်လို့ အုပ်စုကုမ္ပဏီက အကြောင်းကြားလာပါတယ်...။ ဘယ်လိုထင်ပါသ လဲ...။”

ရွှီပေါ်အန်းသည် ဘွန်ဆိုင်းကို ချက်ချင်းပင် သိမ်းဆည်းလိုက်လေ၏။

လုပ်ပိုင်ခွင့် အာဏာရှိသူများသည် မိမိတို့၏ တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်သင့်ပေသည်။

ပြောစရာ ဘာမှမရှိတော့ချေ။ သူ ယခုပင် အလုပ်သွားလုပ်ရတော့မည် ဖြစ်သည်။

...

ဝမ်ကွေ့ဖန်းသည် ရှိရှန်းမြို့ဘေးရှိ ရွာတစ်ရွာမှနေ၍ ခေါင်ရှန်းရွာသို့ အိမ်ထောင်ကျလာသော အမျိုးသမီး တစ်ဦး ဖြစ်လေသည်။

အစောပိုင်းနှစ်များက ခေါင်ရှန်းရွာသည် ပတ်ဝန်းကျင် တစ်ကြောတွင် နာမည်ကြီးသော လူကုံထံရွာ တစ်ရွာ ဖြစ်ခဲ့ပေသည်။

ထိုနှစ်များအတွင်း ဝမ်ကွေ့ဖန်းသည် မနာလို အားကျသည့် အကြည့်များစွာကို ရရှိခဲ့လေ၏။

သူတို့မိသားစုမှ ယောက်ျားဖြစ်သူ လီအာ့ဟူသည် ကျွမ်းကျင်သော မုဆိုးတစ်ဦး ဖြစ်ရုံသာမက လယ်ယာလုပ်ငန်းတွင်လည်း တော်ပြီး မျိုးဆက်တစ်ဆက်ပြီးတစ်ဆက် လက်ဆင့်ကမ်းလာခဲ့သော လက်မှုပညာရပ်ဖြစ်သည့် ဝါးရက်လုပ်ခြင်းတွင်လည်း ကျွမ်းကျင်သူတစ်ဦး ဖြစ်လေသည်။

သူတို့သည် တစ်ရွာလုံးတွင် အကောင်းဆုံးဟု ဆိုနိုင်သော ဘဝမျိုးဖြင့် နေထိုင်ခဲ့ကြလေ၏။

အိမ်ထောင်ကျပြီးနောက် သူသည် သူ၏ ဝါးရက်လုပ်သည့် ကျွမ်းကျင်မှုများကို ဝမ်ကွေ့ဖန်း၏ ဖခင်နှင့် အစ်ကိုနှစ်ယောက်တို့အား ခြွင်းချက်မရှိ သင်ကြားပေးခဲ့လေသည်။

ရှိရှန်းမြို့တွင် ခြင်းတောင်းများ ရောင်းချသည့် ဈေးဆိုင်ငယ်လေး တစ်ဆိုင်ကို ဖွင့်လှစ်နိုင်ခဲ့စေရန်ပင် ဝမ်ကွေ့ဖန်း၏ မိသားစုကို ကူညီပေးခဲ့ရာ ၎င်းမှာ ယောက္ခမမိသားစုကို ချမ်းသာကြွယ်ဝလာစေရန်နှင့် သက်တောင့်သက်သာရှိသော ဘဝကို အတူတကွ ဖြတ်သန်းနိုင်ရန် ကူညီပေးခြင်းဖြစ်သည်ဟု ဆိုနိုင်ပေ သည်။

မကြာသေးမီ နှစ်များအတွင်း ဘေးအန္တရာယ်များ ပိုမိုဆိုးရွားလာသည်နှင့်အမျှ ခေါင်ရှန်းရွာရှိ လူများ၏ အသက်မွေးဝမ်းကျောင်း လုပ်ငန်းများဖြစ်သော အမဲလိုက်ခြင်းနှင့် လယ်ယာစိုက်ပျိုးခြင်းတို့သည် ရပ်တန့်သွားခဲ့ရလေသည်။

အခြားတစ်ဖက်တွင်မူ ဝမ်ကွေ့ဖန်း၏ မိသားစုမှာ ဈေးဆိုင်ငယ်လေးမှ စီးပွားရေးလုပ်ငန်းကြောင့် အဆင်ပြေ ကြီးပွားနေခဲ့လေ၏။

ဤနှစ်များအတွင်း ဝမ်ကွေ့ဖန်းတို့ မိသားစုသည် ဝါးရက်လုပ်သူများ၏ ကျွမ်းကျင်မှုနှင့် သူမ မိသားစု၏ အကူအညီကြောင့်သာ ဝမ်းရေးကို ဖြေရှင်းနိုင်ခဲ့ကြလေသည်။ သူတို့သည် အသက်မွေးဝမ်းကျောင်း ပြုရန် အခြားသို့ ထွက်ခွာသွားရန် ဘယ်သောအခါမှ မစဉ်းစားခဲ့ကြချေ။

မည်သို့ပင်ဆိုစေကာမူ စားစရာ အစားအစာ ရှိနေမည်ဆိုပါက မည်သူက မိမိတို့၏ မိသားစုကို မွေးရပ် မြေမှ ဆွဲခေါ်သွားချင်ပါမည်နည်း။

သို့သော် ဝမ်ကွေ့ဖန်း၏ မိဘမိသားစုမှာ သာမန်အလယ်အလတ် အဆင့်တွင်သာ ရှိသော်လည်း ကိုယ့် ဘာသာကိုယ် ရပ်တည်နိုင်ကာ ဝဝလင်လင် စားသောက်ပြီး နွေးနွေးထွေးထွေး ဝတ်ဆင်နိုင်ကြလေ သည်။

အိမ်ထောင်ကျသွားသော သမီးများ၏ ငွေကြေးအခက်အခဲများကို ရံဖန်ရံခါ ကူညီပေးရသဖြင့် အခြေ အနေမှာ အနည်းငယ် ခက်ခဲလာခဲ့လေ၏။

သို့ရာတွင် သမီးဆိုသည်မှာလည်း မိခင်၏ ခန္ဓာကိုယ်မှ ကျဆင်းလာသော သွေးသားတစ်စပင် ဖြစ်ရာ မည်သို့ လျစ်လျူရှုထားနိုင်ပါမည်နည်း။

မူလအစီအစဉ်မှာ ဝမ်ကွေ့ဖန်းနှင့် သူမ၏ မိသားစုကို မိဘများအိမ်သို့ ပြန်လည်ပြောင်းရွှေ့ကာ အတူ တကွ နေထိုင်စေရန် ဖြစ်ပေသည်။

သို့သော် ခယ်မဖြစ်သူက သဘောမကျသောကြောင့် သူမတို့သည် ထိုအချိန်မှစ၍ ခေါင်ရှန်းရွာတွင်သာ ဆက်လက် နေထိုင်ခဲ့ရလေသည်။

မဟာကျင့်မင်းဆက်တွင် အမျိုးသားများက ဩဇာအာဏာ ရှိကြသော်လည်း ပြဿနာရှာတတ်သော အမျိုးသမီးများမှာ အချိန်တိုင်း၊ နေရာတိုင်းတွင် ရှိနေတတ်ကြလေသည်။

မိသားစုကြီးအတွင်း သဟဇာတဖြစ်စေရန်အတွက် လီအာ့ဟူနှင့် ဝမ်ကွေ့ဖန်းတို့သည် မိန်းမဘက်မှ အိမ်သို့ အတင်းအကျပ် ဝင်ရောက်ခြင်း မပြုခဲ့ကြချေ။

သူသည် မျက်နှာပြောင်တိုက်၍ မိမိ၏ ကလေးနှင့် ကိုယ်ဝန်ရခါစ ချွေးမဖြစ်သူတို့ကိုသာ လွှတ်ထားခဲ့ရာ ထိုအရာကပင် တစ်ဖက်လူ သည်းခံနိုင်စွမ်း၏ အမြင့်ဆုံးအတိုင်းအတာ ဖြစ်နေခဲ့လေပြီပင်။

ထိုအဖွဲ့သည် ဆန်၊ ဂျုံနှင့် အချိုပွဲများ ပြည့်နှက်နေသော ခြင်းတောင်းများနှင့် အိတ်များကို သယ်ဆောင် ကာ ခရီးထွက်လာခဲ့ကြလေ၏။

လမ်းတစ်လျှောက်တွင် လူအများသည် အိမ်ပြန်ချင်စိတ် စောနေသောကြောင့် တစ်စိတ်တစ်ပိုင်းအား ဖြင့် လျင်မြန်စွာ လျှောက်လှမ်းလာခဲ့ကြပေသည်။

ဒုတိယအချက်မှာ လူအများသည် တောင်စောင့်နတ်မင်းကြီး၏ ကာကွယ်မှုကို ရရှိထားသည်ဟု ခံစား ရသော်လည်း အကယ်၍ တောင်စောင့်နတ်မင်းကြီးက တစ်ရေးတစ်မော အိပ်ပျော်သွားခဲ့လျှင် မည်သို့ လုပ်ရပါမည်နည်း။

မည်သူကမျှ မိမိတို့၏ အသက်အန္တရာယ်နှင့် ပတ်သက်၍ နောက်ပြောင်ရဲမည် မဟုတ်ပေ။

တောင်တန်းများနှင့် သစ်တောများကို ဖြတ်သန်းသွားလာရသောအခါ လူအများသည် ရှောင်လွှဲ၍မရဘဲ အနည်းငယ် တင်းမာမှုနှင့် စိုးရိမ်ပူပန်မှုများကို ခံစားခဲ့ရပြီး လမ်းတစ်လျှောက်လုံး တိတ်ဆိတ်စွာပင် လျှောက်လှမ်းလာခဲ့ကြလေသည်။

သစ်တောများထဲမှ ထွက်ခွာလာပြီး ပင်မလမ်းမကြီးပေါ်သို့ ရောက်ရှိသွားသောအခါမှသာ လူအများမှာ စိတ်အေးသက်သာ ဖြစ်သွားကြရလေ၏။

ပင်မလမ်းမကြီးများပေါ်တွင် သားရဲတိရစ္ဆာန်များနှင့် ကြုံတွေ့ရလေ့ မရှိသကဲ့သို့ တောင်ပေါ်ဓားပြ များသည်လည်း ထိုသို့သော ပွင့်လင်းမြင်သာသည့် မြေပြင်မျိုးတွင် လှုပ်ရှားလေ့မရှိခြင်းက ရှေးယခင် ကတည်းက ရှိခဲ့သော ဓလေ့တစ်ခုလို ဖြစ်နေခဲ့သည်။

“ငါ ပြောသားပဲ...၊ တောင်စောင့်နတ်မင်းကြီးရဲ့ အကာအကွယ်ကြောင့် တောင်တန်းတွေနဲ့ သစ်တောတွေ က အရမ်းကို အေးချမ်းပါတယ်လို့...။”

“ဟုတ်ပါတယ်... ရိုးရိုးသားသား ပြောရရင် အစကတော့ တောင်စောင့်နတ်မင်းကြီး တစ်ရေးတစ်မော အိပ်ပျော်သွားပြီး ငါတို့ကို မစောင့်ရှောက်နိုင်မှာကို စိတ်ပူနေခဲ့တာ...။ ငါ အတွေးလွန်သွားပုံရပါတယ် လေ...။”

“ဘယ်လိုလုပ် အဲ့ဒီလို ဖြစ်နိုင်မှာလဲ...။ တောင်စောင့်နတ်မင်းဘိုးဘိုးကြီးက ငါတို့ သွားနေတာကို လက်ပိုက်ကြည့်နေမှာ မဟုတ်ပါဘူး...။”

“အို... ငါက စိတ်ပူလို့ပါ...။”

“ငါတို့ စိတ်ပူလို့မရဘူး...။ တောင်စောင့်နတ်မင်းကြီးကို ခြွင်းချက်မရှိ ယုံကြည်ရမယ်...။ နတ်ဘုရားတွေ ဆိုတာ ယုံကြည်ရင် အလုပ်ဖြစ်ပြီး မယုံကြည်ရင် အလုပ်မဖြစ်ဘူးလို့ လူတွေ ပြောကြတာ ငါ ကြားဖူး တယ်....။”

“ဟုတ်တယ်... ငါလည်း အဲ့ဒီအကြောင်း ကြားဖူးတယ်...။ အားလုံးပဲ ဂရုစိုက်ဖို့ လိုတယ်...။ ဒါ့အပြင် တောင်စောင့်နတ်မင်းကြီးက ငါတို့အပေါ် အရမ်းကောင်းတာဆိုတော့ သူ့ကို မယုံကြည်စရာ အကြောင်း ကို မရှိတာပဲ...။”

“ကောင်းပြီ... အားလုံးပဲ အိမ်ပြန်ပြီး ကိုယ့်အမေတွေကို သွားရှာကြစို့...”

“ဒါဆိုလည်း ပြီးတာပါပဲ...။ နောက်သုံးရက်နေရင် ဒီနေရာမှာပဲ ပြန်ဆုံပြီး အတူတူ ပြန်ကြတာပေါ့...။”

“ကောင်းပါပြီ... ပြဿနာမရှိပါဘူး...။ ရွှမ်ကျုးရဲ့ အမေ... ငါတို့ အတူတူ သွားကြမယ်...။ ငါ ရွာထိပ်မှာ စာတစ်ခုခု အရင်သွားရေးလိုက်ဦးမယ်...။ နင်က နင့်အိမ်ဟောင်းကို ပြန်သွားပြီး နင့်ပစ္စည်းတွေ သွားယူ ပြီးကာမှ ငါ့ကို လာရှာလှည့်...။”

“ကောင်းပြီလေ... ကွေ့ဖန်း...။”

အမျိုးသမီး အချို့သည် နှစ်ယောက်တစ်စု၊ သုံးယောက်တစ်စုဖြင့် ပျော်ရွှင်စွာ အုပ်စုနှစ်စု ခွဲကာ ခရီး ထွက်ခွာသွားခဲ့ကြလေ၏။

အနီးအနားရှိ တောင်တန်းများနှင့် သစ်တောများထဲတွင်မူ အညိုရောင် ဝက်ဝံကြီးတစ်ကောင်သည်

ကျောက်တုံးကြီးတစ်ခုပေါ်၌ ပျင်းရိစွာ ထိုင်နေပြီး ၎င်း၏ လက်ဖဝါးအောက်တွင် ပိန်လှီကာ ဘာမှ နားမလည်သော ခွေးအ တစ်ကောင်ကို ဖိနှိပ်ထားလေသည်။

အမျိုးသမီးများ ထွက်ခွာသွားသည်ကို မြင်သောအခါ ဝက်ဝံကြီးသည် ပိန်လှီနေသော ခွေးအအား စိတ်မရှည်စွာဖြင့် ရိုက်ထုတ်လိုက်လေတော့၏။

လွန်ခဲ့သော အကြိမ်က တောင်စောင့်နတ်မင်းဘိုးဘိုးကြီး ပေးသနားခဲ့သော အရသာရှိလှသည့် အသား ကို စားဖူးပြီးနောက် ယခုကဲ့သို့ မာကျောပြီး ပျက်စီးနေသော အသားမှာ တကယ်ကို အရသာမရှိလှချေ။

ပတ်ဝန်းကျင်ရှိ သစ်တောများထဲတွင် အကြိမ်အနည်းငယ် လှည့်လည်သွားလာပြီးနောက် နောက်ဆုံး တွင် အရသာအတော်လေး ကောင်းမွန်သော ယုန်တစ်ကောင်ကို ရှာတွေ့ခဲ့ပြီး ဗိုက်ဖြည့်လိုက်နိုင် လေသည်။

အညိုရောင် ဝက်ဝံကြီးသည် အားယူ၍ သူ လာခဲ့သောလမ်းအတိုင်း ပြန်ရန် ပြင်ဆင်နေစဉ် ရုတ်တရက် မလှမ်းမကမ်းရှိ သစ်တောထဲမှ နွားတစ်ကောင်၏ အွန်း... အွန်း... ဟူသော အော်သံ ထွက်ပေါ်လာခဲ့ လေ၏။

အညိုရောင် ဝက်ဝံကြီးသည် စိတ်ဝင်တစားဖြင့် ပါးစပ်ကို ဝါးလိုက်ပြီး လေ့လာစောင့်ကြည့်ရန် သတိ ထားကာ ချဉ်းကပ်သွားလိုက်ရာ သစ်တောထဲတွင် ဖြည်းညင်းစွာ ရွေ့လျားနေသော နွားလှည်းတစ်စီးနှင့် နွားနှစ်ကောင်ကို မြင်တွေ့လိုက်ရလေသည်။

တလက်လက် တောက်ပနေသော တုတ်ရှည်တစ်ချောင်းကို ကိုင်ဆောင်ထားသည့် အမျိုးသား တစ်ဦးသည် ပတ်ဝန်းကျင်ကို သတိကြီးစွာဖြင့် စစ်ဆေးကြည့်ရှုနေလေ၏။

အညိုရောင် ဝက်ဝံကြီးသည် ရုတ်တရက် အနံ့ခံလိုက်လေသည်။

*ဟင်... ပျားရည်နံ့ ပါလား...။*

*လှည်းပေါ်မှာ ပျားရည် ပါနေတာလား...။*

အညိုရောင် ဝက်ဝံကြီး၏ မျက်လုံးများ ပြူးကျယ်သွားပြီး လှည်းနောက်ဘက်ရှိ ဖောင်းကြွနေသော ရေစိုခံ တာပေါ်လင်စကြီးကို စိတ်လှုပ်ရှားစွာ ကြည့်လိုက်လေတော့သည်။

အခန်း (၇၂)

အွန်လိုင်းသတင်းအချက်အလက်

လီချိန်းရှီသည် တောတောင်ထဲသို့ ခြေချမိသည်နှင့် တစ်စုံတစ်ခု လွဲချော်နေသည်ကို ခံစားလိုက်ရ၏။

ယနေ့ တောအုပ်ကြီးမှာ ထူးဆန်းစွာ တိတ်ဆိတ်လွန်းနေပေသည်။

ယခင်က မိုးခေါင်ရေရှားမှုကြောင့် တောတောင်ထဲတွင် တိရစ္ဆာန်များစွာ မရှိသော်ငြားလည်း ပိုးမွှားတို့၏ မြည်သံနှင့် ငှက်တို့၏ ပျံသန်းသံများမှာမူ မပြတ်ရှိခဲ့ဖူးလေသည်။

*သည်းထန်စွာ ရွာသွန်းခဲ့တဲ့ မိုးကြောင့်များလား...။*

ထိုသို့တော့ မဖြစ်နိုင်ပေ။ မိုးသည်းထန်စွာ ရွာသွန်းခဲ့သည်မှာ တစ်ညတာပင် ကျော်လွန်ခဲ့ပြီဖြစ်ရာ တိရစ္ဆာန်များ အစာရှာထွက်ခြင်းကို ထိခိုက်စေနိုင်လောက်သည့် အခြေအနေမျိုး မဟုတ်တော့ချေ။

မိုးရွာသွန်းမှုက မိုးခေါင်ရေရှားခြင်းကို ဖြေရှင်းပေးနိုင်ခဲ့ပြီ ဖြစ်၏။

တောအုပ်ကြီးသည် သက်ဝင်လှုပ်ရှားပြီး စိုပြည်နေသင့်သည် မဟုတ်ပါလား...။

ဤမျှအထိ ထူးထူးဆန်းဆန်း တိတ်ဆိတ်နေစရာ အကြောင်းမရှိပေ။

ဤသို့သော အခြေအနေမျိုးတွင် ဖြစ်နိုင်ခြေတစ်ခုသာ ရှိလေသည်။

သားရဲတိရစ္ဆာန်တစ်ကောင်သည် အနီးအနားတွင် အစာရှာဖွေနေခြင်းကြောင့် တိရစ္ဆာန်ငယ်လေးများမှာ လန့်ဖျပ်ကာ ထွက်ပြေးပုန်းအောင်းနေကြခြင်းပင် ဖြစ်နိုင်ပေ၏။

ထိုအခြင်းအရာကို တွေးမိသည်နှင့် လီချိန်းရှီသည် တောင်စောင့်နတ်မင်းကြီး ပေးသနားထားသော နတ်ဘုရားလက်နက် လှံတော်ကို ပိုမိုတင်းကျပ်စွာ ဆုပ်ကိုင်ထားလိုက်လေသည်။

ထိုသားရဲသည် အစာရှာဖွေပြီးနောက် ပြန်လည်ထွက်ခွာသွားပြီလား၊ သို့မဟုတ် ဘာမှမရသေးသဖြင့် အမှောင်ထဲတွင် ပုန်းအောင်းကာ သားကောင်ကို စောင့်ဆိုင်းနေဆဲလား ဆိုသည်ကို သူ မဝေခွဲနိုင် သေးချေ။

အကယ်၍ ဒုတိယအချက်သာ မှန်ခဲ့မည်ဆိုပါလျှင်...။

သူကိုယ်တိုင် ထိုသားရဲ၏ သားကောင် ဖြစ်သွားနိုင်သည် မဟုတ်ပါလား။

လီချိန်းရှီ မျက်မှောင်ကြုတ်ကာ ဟိုဟိုဒီဒီကို ရံဖန်ရံခါ ကြည့်ရှုနေမိလေ၏။

*ဟူး... စွန်းဝေဝေ၏ ဖခင် တောင်းဆိုခဲ့သလို သူတို့နဲ့အတူ ခေတ္တစောင့်ဆိုင်းပြီးမှ ထွက်လာခဲ့ရင် ပိုကောင်းမယ်...။* ဟု လီချိန်းရှီ တွေးတောရင်း သက်ပြင်းချလိုက်မိသည်။

သူတို့နှင့်အတူ လိုက်ပါလာခဲ့လျှင် အစေခံများနှင့် အစောင့်အရှောက်များ ပါလာမည်ဖြစ်ရာ လူများလေ ပို၍ ဘေးကင်းလေ ဖြစ်ပေလိမ့်မည်။

သို့သော် တောင်စောင့်နတ်မင်းကြီး၏ ပစ္စည်းများကို အမြန်ဆုံး ပြန်လည်ပေးအပ်ရန် လိုအပ်လှပေ သည်။

တောင်စောင့်နတ်မင်းဘိုးဘိုးကြီးကို အကြာကြီး စောင့်ခိုင်းထား၍ မဖြစ်ပေ...။

တောင်စောင့်နတ်မင်းကြီးအကြောင်း တွေးမိသောအခါ လီချိန်းရှီ၏ စိတ်ထဲတွင် အလိုအလျောက် တည်ငြိမ်သွားခဲ့ရလေသည်။

“တောင်စောင့်နတ်မင်းဘိုးဘိုးကြီးက တောတောင်တစ်ခုလုံးကို အစိုးရတာပဲလေ...။ အခု ကျွန်တော် မျိုးက တောင်ထဲကို ရောက်နေပြီဆိုတော့ တောင်စောင့်နတ်မင်းကြီးက ကျွန်တော်မျိုးကို သေချာပေါက် ကာကွယ်ပေးမှာပါ...။”

“သေချာပေါက် ကာကွယ်ပေးမှာပါ...။ ကျွန်တော်မျိုးက တောင်စောင့်နတ်မင်းကြီးအတွက် အလုပ် လုပ်ပေးနေတာပဲလေ...။”

ပြန်လာသည့် လမ်းတွင် လီချိန်းရှီသည် ရှိရှန်းမြို့မှ ရွာအတွက် နွားများကို ဝယ်ယူခဲ့သလို ရွာသားများ အတွက် လိုအပ်သည့် နေ့စဉ်သုံး ပစ္စည်းများနှင့် စားသောက်ကုန်များကိုလည်း ဝယ်ယူခဲ့လေသည်။

နွားနှစ်ကောင်ကို မောင်းနှင်လာရသည့်အပြင် လှည်းပေါ်တွင်လည်း ပစ္စည်းများ ပြည့်နှက်နေသဖြင့် ခရီးမှာ ပို၍ နှေးကွေးနေခဲ့လေ၏။

ထို့ကြောင့် ပုံမှန်အားဖြင့် တစ်ဝက်ခန့်သာ ကြာမြင့်မည့် ခရီးမှာ လီချိန်းရှီအတွက် တစ်နေ့ကုန်လုနီးပါး ကြာမြင့်သွားခဲ့ရလေသည်။ သူသည် ညအချိန်တွင်ပင် ခရီးဆက်ခဲ့ရပြီး လမ်းဘေးလက်ဖက်ရည်ဆိုင် တစ်ခုတွင် ခဏမျှသာ အနားယူခဲ့ရလေ၏။

မဟုတ်ပါက သူသည် မွန်းလွဲပိုင်းအချိန်မှသာ ပြန်ရောက်နိုင်တော့မည် ဖြစ်သည်။

လီချိန်းရှီသည် မိမိကိုယ်မိမိ အားပေးစကားဆိုရင်း စိုးရိမ်စိတ်များကို လျှော့ချလိုက်လေသည်။

လီချိန်းရှီ သက်ပြင်းချပြီး စိတ်အေးလက်အေး ဖြစ်သွားစဉ်မှာပင် မြင်းလှည်းကို ဆွဲလာသော မြင်းမှာ ရုတ်တရက် ရပ်တန့်သွားသည်ကို တွေ့လိုက်ရလေသည်။

ထို့နောက် မြင်းသည် ဂဏာမငြိမ် ဖြစ်လာပြီး ခြေထောက်များကို လှုပ်ရမ်းနေကာ မည်သို့ပင် ခိုင်းစေ ကာမူ ရှေ့သို့ လုံးဝ မတိုးတော့ချေ။

လီချိန်းရှီ ကြာပွတ်ကို ကိုင်လိုက်စဉ်မှာပင် မနီးမဝေးရှိ တောအုပ်အတွင်းမှ ကြီးမား၍

ညိုရောင်သန်းသော သတ္တဝါကြီးတစ်ကောင် ထွက်ပေါ်လာသည်ကို မြင်လိုက်ရလေသည်။

ထို့နောက် ထိုသတ္တဝါကြီးသည် သူ့ဆီသို့ ဖြေးဖြေးချင်း ချဉ်းကပ်လာခဲ့လေ၏။

*ဘုရားရေ...။*

*ဝက်ဝံကြီးတစ်ကောင်ပါလား...။*

လီချိန်းရှီသည် မသိစိတ်ဖြင့် မြင်းလှည်းပေါ်မှ ခုန်ဆင်းကာ ထွက်ပြေးရန် ပြင်လိုက်သော်လည်း လှည်းပေါ် တွင် ပါလာသော တောင်စောင့်နတ်မင်းဘိုးဘိုးကြီး အလိုရှိသည့် နှင်းဆီပြာကျောက်ကို ရုတ်တရက် သတိရသွားခဲ့လေသည်။

ဤနှင်းဆီပြာကျောက်တုံးကြီးကို ခက်ခက်ခဲခဲ သယ်ဆောင်လာခဲ့ရခြင်း ဖြစ်သည်။

အကယ်၍ ဝက်ဝံကြီးက မတော်တဆ ဖျက်ဆီးလိုက်လျှင် တောင်စောင့်နတ်မင်းကြီးကို မည်သို့ ရှင်းပြ ရပါမည်နည်း...။

ထို့အပြင် သူသာ ထွက်ပြေးသွားပါက စွန်းဝေဝေတို့ မိသားစုထံမှ ငှားရမ်းလာသော မြင်းလှည်း၊ မြင်းနှင့် အသစ်ဝယ်လာသော နွားနှစ်ကောင်စလုံးသည် ဝက်ဝံကြီး၏ ဖျက်ဆီးခြင်းကို ခံရပေလိမ့်မည်။

ခဏအတွင်းမှာပင် လီချိန်းရှီ ဆုံးဖြတ်ချက် ချလိုက်လေ၏။

သူ သေချာပေါက် ထွက်ပြေး၍ မဖြစ်ပေ။

အကယ်၍ သူ ထွက်ပြေးသွားလျှင် ဤခရီးစဉ်တစ်ခုလုံး အလဟဿ ဖြစ်သွားပေလိမ့်မည်။

သူ မပြေးဘဲ ခုခံမည်ဆိုပါက တောင်စောင့်နတ်မင်းကြီး ပေးသနားထားသော နတ်ဘုရားလက်နက် ရှိနေသလို သူသည် အစားအသောက် ဝဝလင်လင် စားထားသဖြင့် အားအင်ပြည့်ဝနေပြီး လူသားတို့၏ ထက်မြက်သော ဉာဏ်ရည်လည်း ရှိနေပေသည်။

ဤဝက်ဝံကြီးကို တိုက်ခိုက်ရန်မှာ မဖြစ်နိုင်သည်တော့ မဟုတ်ပေ...။

သို့သော် တိုက်ရိုက် ရင်ဆိုင်၍တော့ မဖြစ်ချေ။

သားကောင်ကို မျှားခေါ်ခြင်းမှာ ကျွမ်းကျင်သော မုဆိုးတို့၏ အသုံးများသော နည်းလမ်းတစ်ခု ဖြစ်လေ သည်။

လီချိန်းရှီသည် ယခင်က ဝက်ဝံများကို လိုက်လံဖမ်းဆီးဖူးခဲ့လေ၏။

သူ၏ မှတ်ဉာဏ်ထဲတွင် ဝက်ဝံများကို ငါးကြိမ်တိုင်တိုင် ဖမ်းဆီးဖူးခဲ့သည်ကို ရှင်းလင်းစွာ မှတ်မိနေ ခဲ့လေသည်။

မှန်ပေသည်... သူတစ်ယောက်တည်း ဖမ်းဆီးခဲ့ခြင်းတော့ မဟုတ်ပေ။

အခြားမုဆိုးများနှင့် ပူးပေါင်းကာ ထောင်ချောက်များဖြင့် ဦးစွာ ထိခိုက်ဒဏ်ရာရအောင် လုပ်ပြီးမှ ဖမ်းဆီးခဲ့ခြင်း ဖြစ်လေသည်။

သို့သော် ယခုမူ လီချိန်းရှီသည် ဤဝက်ဝံကြီးကို တစ်ကိုယ်တည်း ရင်ဆိုင်ရမည့် အန္တရာယ်ရှိသော အခြေအနေသို့ ဆိုက်ရောက်နေခဲ့ပြီ ဖြစ်ချေ၏။

လီချိန်းရှီ၏ ဦးနှောက်မှာ လျင်မြန်စွာ အလုပ်လုပ်နေပြီး မကြာမီမှာပင် အနီးအနားတွင် တပ်ဆင်ထား ခဲ့ဖူးသော ထောင်ချောက်ကြီးတစ်ခုကို သတိရသွားခဲ့လေသည်။

အကယ်၍ ဝက်ဝံကြီးကို ထိုနေရာသို့ မျှားခေါ်နိုင်လျှင် သွေးမြေမကျဘဲ အနိုင်ယူနိုင်ပေလိမ့်မည်...။

ထိုသို့ တွေးမိသည်နှင့် လီချိန်းရှီသည် ရွာသားများအတွက် ဝယ်လာသော ပျားရည်များကို ထုတ်ယူကာ လက်ပေါ်သို့ အနည်းငယ် ဆမ်းလိုက်ပြီးနောက် ပျားရည်အိုးကို သယ်ဆောင်လျက် တောအုပ်ထဲသို့ တိုးဝင်ကာ ပျောက်ကွယ်သွားလေတော့၏။

လီချိန်းရှီ၏ အမူအရာမှာ သိသိသာသာ လွန်ကဲနေသဖြင့် ဝက်ဝံညိုကြီး၏ အာရုံကို ချက်ချင်း ဆွဲဆောင် နိုင်ခဲ့လေသည်။

လီချိန်းရှီထံမှ ထွက်ပေါ်နေသော ပြင်းထန်သည့် ပျားရည်နံ့ကြောင့် ဝက်ဝံညိုကြီးသည်လည်း မနေနိုင် တော့ဘဲ နောက်မှ လိုက်လာခဲ့လေ၏။

အကယ်၍ လမ်းမပေါ်တွင်သာ ဆိုလျှင် လီချိန်းရှီသည် ဝက်ဝံညိုကြီးကို မည်သို့မျှ ယှဉ်နိုင်မည် မဟုတ် ပေ။

သို့သော် တောတောင်ထဲတွင် ကြီးပြင်းလာခဲ့သော ကျွမ်းကျင်မုဆိုးတစ်ဦးဖြစ်သည့် လီချိန်းရှီတွင် တောတွင်း အတွေ့အကြုံများစွာ ရှိနေခဲ့လေသည်။

အထူးသဖြင့် ဤရင်းနှီးကျွမ်းဝင်နေသော တောအုပ်ထဲတွင် ဖြစ်၏။

သူသည် သစ်ပင်များ ထူထပ်သော နေရာများသို့ ရည်ရွယ်ချက်ရှိရှိ ဝင်ရောက်သွားပြီး ရံဖန်ရံခါတွင် သစ်ပင်ပေါ်သို့ တက်ကာ အခြားသစ်ပင်များဆီသို့ ကူးပြောင်းသွားခဲ့လေသည်။

ဝက်ဝံညိုကြီးမှာ လျင်မြန်လှသော်လည်း သစ်ပင်တက်ခြင်းမှာ သူ၏ အားနည်းချက် ဖြစ်နေခဲ့လေသည်။ ထို့ကြောင့် ခဏတာအတွင်း လီချိန်းရှီကို မမီနိုင်ဘဲ ကစားခြင်းကိုသာ ခံနေရတော့၏။

ဝက်ဝံညိုကြီးသည် ဒေါသတကြီး ဟိန်းဟောက်လိုက်ပြီး လီချိန်းရှီ ခိုနားနေသော သစ်ပင်ကို တိုက်ခိုက် လိုက်လေသည်။

လီချိန်းရှီသည် သစ်ပင်ပင်စည်ကို တင်းကျပ်စွာ ဆုပ်ကိုင်ထားပြီး သစ်ပင်မှာ ယိမ်းခါသွားသော်လည်း သူကမူ ငြိမ်သက်စွာ ရှိနေခဲ့လေ၏။

ထိုစဉ် လီချိန်းရှီ၏ ကိုယ်ပေါ်မှ ဆီစိမ်စက္ကူထုပ်တစ်ခု ပြုတ်ကျသွားခဲ့လေသည်။ လီချိန်းရှီ ထိုအရာကို ကြည့်ရင်း အလွန်အမင်း နောင်တရသွားမိခဲ့လေ၏။

၎င်းမှာ တောင်စောင့်နတ်မင်းကြီးက ရွာသားများကို ပေးသနားထားသော၊ သူတို့တစ်ခါမျှ မမြည်းစမ်း ဖူးသည့် ထူးခြားဆန်းပြားသော မွှေးရနံ့အသား ဖြစ်ပေသည်။

သူသည် ခရီးဝေးသွားရမည်ဖြစ်သဖြင့် လမ်းတွင် စားရန်အတွက် ပေါင်မုန့်လုံးများနှင့်အတူ ဤအသား အနည်းငယ်ကိုသာ ယူလာခဲ့ခြင်း ဖြစ်ပေသည်။ လမ်းခရီးတွင်လည်း နှမြောသဖြင့် အနည်းငယ်စီသာ စားခဲ့ရလေ၏။

အကြောင်းမှာ တောင်စောင့်နတ်မင်းကြီးက ဤအရာများကို များများစားစား ပေးထားခြင်း မဟုတ်သလို ရွာတွင်လည်း အနည်းငယ်သာ ကျန်တော့သောကြောင့် ဖြစ်ပေသည်။

သူသည် တောင်စောင့်နတ်မင်းကြီးအတွက် အလုပ်လုပ်ပေးရမည်ဖြစ်သဖြင့် အားရှိစေရန် ဤလက်သီး ဆုပ်ခန့်ရှိသော အသားတုံးလေးကို ယူဆောင်လာခဲ့ခြင်း ဖြစ်ပေသည်။

မမျှော်လင့်ဘဲ ဤဝက်ဝံကြီးက အသာလေး ရသွားတော့မည် ဖြစ်၏။

ဆီစိမ်စက္ကူထုပ် ပြုတ်ကျသွားသည်နှင့် ဝက်ဝံကြီးသည် အနံ့ခံကြည့်ကာ ဆွဲဖြဲလိုက်လေသည်။

ထို့နောက် ထိုအသားကို အားပါးတရ ဝါးမျိုလိုက်လေတော့၏။

တစ်လုတ်တည်းနှင့်ပင် လက်သီးဆုပ်ခန့်ရှိသော အသားတုံးမှာ ဝက်ဝံကြီး၏ ဝမ်းဗိုက်ထဲသို့ ရောက်ရှိ သွားလေတော့သည်။

လီချိန်းရှီမှာ ဒေါသထွက်လွန်းသဖြင့် မိမိပေါင်ကိုပင် ပြန်ရိုက်မိသွား၏။

သစ်ပင်အောက်ရှိ ဝက်ဝံညိုကြီးမှာမူ ကြောင်အသွားလေသည်။

ဤအနံ့မှာ ယခင်က တောင်စောင့်နတ်မင်းကြီး ပေးကျွေးခဲ့သော အရသာရှိသည့် အသားနံ့နှင့် တစ်ထေ ရာတည်း တူညီနေခြင်းပင် ဖြစ်၏။

စားလိုက်ရသည့် အရသာမှာလည်း ထိုအတိုင်းပင် ဖြစ်နေသည်။

ဝက်ဝံညိုကြီးသည် အသားစားရင်းနှင့် ရုတ်တရက် ရပ်တန့်သွားခဲ့လေသည်။

“ဟင်... တူနေတာလား...”

*ဒီအရသာရှိသော အစားအစာက တောင်စောင့်နတ်မင်းကြီးထံမှာပဲ ရှိတာမဟုတ်ဘူးလား၊ ဒီလူမှာ ဘယ်လိုလုပ်ပြီး ရှိနေရတာလဲ...။*

*ဖြစ်နိုင်တာက ဒီလူက တောင်စောင့်နတ်မင်းကြီးနဲ့ ရင်းနှီးသူ ဖြစ်နေမလား...။*

*ဖြစ်နိုင်သည်... အလွန် ဖြစ်နိုင်ပေသည်...။*

*ထားလိုက်ပါတော့... တောင်စောင့်နတ်မင်းကြီး ဘာပြောမလဲဆိုတာကို အရင်သွားကြည့်တာ ပိုကောင်းပါတယ်...။*

ဝက်ဝံညိုကြီးသည် မိမိကိုယ်မိမိ ဉာဏ်ကောင်းလှသည်ဟု ချက်ချင်းပင် ဂုဏ်ယူသွားတော့၏။

သူသည် လီချိန်းရှီကို ပစ်ထားခဲ့ပြီး တောင်စောင့်နတ်မင်းနတ်ကွန်းရှိရာဘက်သို့ ဦးတည်ပြေးသွား လေတော့သည်။

“အင်း... ငါသာ မှားသွားရင်လည်း ငါ့ရဲ့အပြေးနှုန်းနဲ့ဆိုရင် ပြန်လာဖို့ အချိန်မီပါသေးတယ်...။”

“အနည်းဆုံးတော့ အဲဒီနှေးကွေးတဲ့ နွားနှစ်ကောင်ကတော့ ငါ့လက်ထဲက မလွတ်နိုင်ပါဘူး...။”

...

ရွှီပေါ်အန်းသည် အစည်းအဝေးမှ ရုံးခန်းသို့ ပြန်ရောက်လာချိန်တွင် ဘွန်ဆိုင်းကမ္ဘာထဲ၌ ဝက်ဝံညိုကြီး ပေါ်လာသည်ကို တွေ့လိုက်ရလေ၏။

သူတို့၏ ဆက်သွယ်မှု နည်းလမ်းမှာ အဆင်ပြေသော်လည်း ဘွန်ဆိုင်း၏ နယ်နိမိတ်အတွင်းမှာသာ ဆက်သွယ်နိုင်ခြင်း ဖြစ်သည်ကို ရွှီပေါ်အန်း သတိပြုမိလိုက်သည်။

ဝက်ဝံညိုကြီး၏ မဝေခွဲနိုင်သော ပြန်ကြားချက်များမှတစ်ဆင့် အဖြစ်အပျက် အစအဆုံးကို ရွှီပေါ်အန်း နားလည်သွားသောအခါ သူ၏ မျက်လုံးများမှာ အံ့အားသင့်မှုကြောင့် ပြူးကျယ်သွားခဲ့ရလေသည်။

*ဟောဗျာ...။*

*ဒီဝက်ဝံမိုက်ကြီးက ဉာဏ်မကောင်းဘူးလို့ ဘယ်သူပြောတာလဲ...။*

*အိုး... ငါကိုယ်တိုင် ပြောခဲ့တာပဲလေ...။*

*ဒါဆိုရင်တော့ ကိစ္စမရှိပါဘူး...။ ငါက သူ့ရဲ့ အထက်လူကြီးဆိုတော့ ဘာပြောပြော ရပါတယ်...။*

*ဒါပေမဲ့ အခုတော့ အဲဒီအတွေးကို ပြန်ရုပ်သိမ်းရလိမ့်မယ်...။ ဒီဝက်ဝံက ငါထင်ထားတာထက် အများ ကြီး ပိုပြီး ဉာဏ်ကောင်းနေသေးတယ်...။*

*ဒါက သေချာပေါက် ဉာဏ်ရည်မြင့်မားတဲ့ အပြုအမူပဲ...။ သူက အသားတုံးလေး တစ်တုံးတည်းနဲ့တင် လီချိန်းရှီနဲ့ ငါနဲ့ သိနေတယ်ဆိုတာကို တွေးမိသွားတယ်...။*

*ဟုတ်သားပဲ... လီချိန်းရှီနဲ့ တွေ့ခဲ့တဲ့ ဝက်ဝံက ရွှီပေါ်အန်းရဲ့ တောင်စောင့်သားရဲလေးပဲ ဖြစ်နေ တာကိုး...။*

*လီချိန်းရှီ ပြန်လာနေပြီပဲ...။*

ရွှီပေါ်အန်း စိတ်လှုပ်ရှားစွာဖြင့် မျှော်လင့်နေမိလေ၏။

လီချိန်းရှီသည် သူ့အတွက် နှင်းဆီပြာကျောက်များကို ဝယ်ယူရန် ခရိုင်မြို့သို့ သွားခဲ့ခြင်း ဖြစ်ပေသည်။

*ဒီတစ်ကြိမ် ပြန်လာရင် သူက ငါ့ကို ဘယ်လို အံ့အားသင့်စရာမျိုး ပေးဦးမလဲ မသိဘူး...။*

ရွှီပေါ်အန်းသည် ပျော်ရွှင်စွာဖြင့် ဝက်အူချောင်းတစ်ချောင်းကို နွှာလိုက်ပြီး အပိုင်းအစတစ်ခုကို လှီးဖြတ် ကာ ဝက်ဝံညိုကြီး၏ ရှေ့တွင် ချပေးလိုက်လေသည်။

သူသည် စိတ်ထဲမှတစ်ဆင့်...၊

“ဒီနေ့ ရွာသားတွေကို ကာကွယ်ပေးတဲ့အတွက် မင်းက တော်တော်လေး အစွမ်းပြနိုင်ခဲ့တယ်... ဒါကြောင့် ဆုလာဘ်အနေနဲ့ အထူးအသားတစ်တုံး ထပ်ပေးမယ်...။ နောက်ကျရင် ဒီထက် ကောင်းတာတွေ ပေးဦး မှာနော်...။” ဟု အမှာစကားပေးပို့လိုက်လေ၏။

ထို့နောက် ရွှီပေါ်အန်း ဖုန်းကို ပြန်ကောက်ကိုင်ကာ နံပါတ်တစ်ခုကို နှိပ်လိုက်လေသည်။

“ငါ့ဆီကို မာလင် အသားဗူး တစ်ဗူးလောက် ပို့ပေးစမ်းပါ...။”

ပြောပြီးသည်နှင့် ရွှီပေါ်အန်း ဖုန်းချလိုက်လေ၏။

ဤသည်မှာ ထိပ်တန်းခေါင်းဆောင်တစ်ဦး၏ အကြွင်းမဲ့ အာဏာကို ပြသခြင်းပင် ဖြစ်၏။ မင်း ဘယ်လို လုပ်မလဲ၊ ဘယ်ကိုသွားမလဲဆိုတာ ငါဂရုမစိုက်ဘူး...။ ငါက ရလဒ်ကိုပဲ ကြည့်မှာ...။

ရလဒ်ကလည်း ချက်ချင်း ထွက်ပေါ်လာခဲ့လေသည်။

၎င်းမှာ အသားဗူးတော့ မဟုတ်ပေ၊ လီချိန်းရှီ သယ်ဆောင်လာသော နှင်းဆီပြာကျောက်တုံးကြီးပင် ဖြစ်ပေ၏။

လီချိန်းရှီသည် ဘွန်ဆိုင်းနယ်မြေထဲသို့ ဝင်ရောက်လာသည်နှင့် တစ်ပြိုင်နက် လှည်းပေါ်တွင် ဘာတွေပါ လာသည်ကို ရွှီပေါ်အန်း ရှင်းလင်းစွာ အာရုံရလိုက်လေသည်။

ထို့နောက် ရွှီပေါ်အန်းမှာ လုံးဝကို ဆွံ့အသွားရလေတော့၏။

*ဘယ်လိုဖြစ်လို့ ဒီလောက်တောင်...။*

All Chapters