ရှောင်ယွိခြေထောက်များကိုဖြတ်လိုက်လျှင်
Vol. 27 Ch. 369
အခန်း (၃၆၉) ရှောင်ယွိခြေထောက်များကိုဖြတ်လိုက်လျှင်
မျက်စိတစ်မှိတ်အတွင်းမှာပင် (၃)လဆိုသောအချိန်က ကုန်ဆုံးသွားသည်။
ကျန်းလန် မရဏဂူအရှေ့တွင် မတ်တတ်ရပ်လျှက် ရှိသည်။ လေနုအေးက တိုက်ခတ်လာသည့်အခါ ကျန်းလန် အေးစိမ့်မှုကို ခံစားလိုက်ရသည်။
နှင်းများက အတော်လေး ထူထပ်စွာ ကျဆင်းနေပြီး တောင်ပေါ်ရှိမြက်ပင်များအားလုံး နှင်းများဖုံးလွှမ်းလျှက် ရှိသည်။ ကျန်းလန်က ခြံဝင်းဆီသို့ လမ်းလျှောက်လာ၏။
မက်မွန်ဝင်္ကပါထဲမှ မက်မွန်ပင်များအားလုံး နှင်းများက ဖုံးအုပ်လို့နေသည်။
"မက်မွန်ပင်တွေစိုက်ပျိုးရင် မက်မွန်ပန်းပွင့်တာကို တွေ့မြင်ရမယ်… ၊ အေးစက်နေတဲ့ဓားသွားဟာ မက်မွန်ပွင့်တွေရဲ့ မွှေးရနံ့နှင့်အတူ ပိုမိုထက်ရှလာ…"
ကျန်းလန် မနေနိုင်စွာ ကဗျာလေးတစ်ပုဒ်ကို ရွတ်ဆိုမိသည်။
သူက ယခုအချိန်ထိ သိုသိုသိပ်သိပ် နေထိုင်ခဲ့သော်လည်း တစ်ချိန်ချိန်မှာတော့ သူ၏ ထက်မြက်မှုက ခွန်လွန်တောင်တွင် တောက်ပထွန်းလင်းလာမည်သာပင်။
သို့သော် ထိုသို့သောနေ့ရက်မျိုးကို သူ မရောက်စေချင်မိပေ။
သူ့အတွက် ထက်မြက်ခြင်းက ကောင်းမွန်သော်လည်း တောက်ပရန်တော့ မလိုအပ်ပေ။
အဘယ်ကြောင့်ဆိုသော် လူတစ်ယောက် ဂုဏ်သတင်းတောက်ပလာပြီဆိုလျှင် များစွာသော ဆိုးရွားသည့်အဖြစ်အပျက်များက နောက်ဆက်တွဲအဖြစ် လိုက်ပါလာမည်မှာ သေချာသလောက်ပင်။
အမှန်တော့ အေးအေးဆေးဆေးဖြင့် အခြေတကျ ဘဝတစ်ခုကို တည်ဆောက်နိုင်ခြင်းလောက် မည်သည့်အရာမှ မကောင်းလှပေ။
"ဂိုဏ်းတူမောင်လေးက ကဗျာတွေရော သိတာပဲလား"
ကျန်းလန်၏အနောက်ဘက်မှ အသံတစ်သံ ထွက်ပေါ်လာသည်။ ရှောင်ယွိ၏ အသံပင် ဖြစ်၏။
လှည့်ကြည့်လိုက်သည့်အခါ သူ့အနောက်ဘက်တွင် ရပ်နေသည့် ရှောင်ယွိကို တွေ့လိုက်ရသည်။
သူမ၏ အဝတ်အစားများက လေထဲတွင် တဖျပ်ဖျပ်လွင့်ပျံနေပြီး သူမက ခြေဗလာဖြင့် နှင်းများထက်တွင် မတ်တတ်ရပ်နေသည်။ ဖိနပ်စီးမထားသောကြောင့် ဖြူဖွေးနူးညံ့သည့် ခြေထောက်အစုံကို တွေ့မြင်နေရသည်။
ကျန်းလန်က…
"ဂိုဏ်းတူအစ်မ ၊ အခုထိ ဖိနပ်မဝယ်ရသေးဘူးလား"
ရှောင်ယွိက ကျန်းလန်ကို လှမ်းကြည့်လိုက်ပြီး ခေါင်းလေးအနည်းငယ် စောင်းလိုက်ရင်း…
"ဂိုဏ်းတူမောင်လေးမှ ဝယ်မပေးတာ"
ကျန်းလန် : “……”
နောက်ဆုံးတော့ ကျန်းလန်က သူ့ခြေထောက်တွင်စီးနင်းထားသည့် မှော်ဝင်ဖိနပ်ကိုချွတ်ကာ ရှောင်ယွိကိုပေးလိုက်ပြီး သူကတော့ နှင်းများထက်တွင် ခြေဗလာဖြင့် ရပ်နေလိုက်သည်။
ရှောင်ယွိက ချက်ချင်းပင် ကျန်းလန်ပေးသည့်ဖိနပ်ကို စီးလိုက်သည်။ မှော်ဝင်ဖိနပ်ဖြစ်သောကြောင့် ဖိနပ်အရွယ်အစားက ရှောင်ယွိခြေထောက်လေးများအတိုင်း သေးငယ်သွားသည်။
ထို့ပြင် မှော်ဝင်ဖိနပ်များက အရောင်ပြောင်းနိုင်သည်ဖြစ်လေရာ ရှောင်ယွိက ဖိနပ်ကို အဖြူရောင်အဖြစ် ပြောင်းလဲလိုက်၏။
"ဂိုဏ်းတူမောင်လေးရဲ့ ဖိနပ်က ကျွန်မခြေထောက်တွေနဲ့ အရမ်းလိုက်တာပဲ"
ရှောင်ယွိ ဖိနပ်ကိုစီးပြီး အနည်းငယ် ခုန်ပေါက်ရင်း ဆိုသည်။
သူမ အလွန်ကျေနပ်လျှက်ရှိသည်။
ဖိနပ်ရသည့်အတွက် ကျေနပ်မိခြင်းလား ၊ ကျန်းလန်၏ လုပ်ရပ်အတွက် ကျေနပ်နေမိခြင်းလား မသဲကွဲပေ။ ဘာပဲ ဖြစ်ဖြစ် သူမ ပြုံးနေလေသည်။
ကျန်းလန်က စနစ်မှရရှိသည့် မှော်ဝင်ဖိနပ်တစ်ရံကို ထုတ်ယူဝတ်ဆင်လိုက်သည်။ သူ့တွင် ထိုသို့သောဖိနပ် များစွာရှိသည်။
ရှောင်ယွိကတော့ မည်သည့်စကားမှ မဆိုတော့ဘဲ သစ်သားဓားလေးကို ကျန်းလန်ရှေ့ ပစ်ချပေးပြီး နှင်းများနှင့်ဆော့ကစားရန် ခြံဝင်းထဲသို့ ပြေးဝင်သွားတော့သည်။
ကျန်းလန်က သစ်သားဓားလေးကို ကောက်ယူလိုက်ရင်း…
"ဒီ နဂါးကတော့လေ ၊ ငါ့ကို သူ့လက်အောက်ငယ်သား ထင်နေလား မသိဘူး"
မည်သို့ပင်ဖြစ်စေ သူက ရှောင်ယွိ အပြုအမူအတွက် စိတ်ပျော်ရွှင်မိသည်ပင်။
ကျန်းလန်က ရှောင်ယွိနောက် လိုက်သွားပြီး တုတ်ထိုးသကြားလုံးများကို ပေးလိုက်သည်။
"ဂိုဏ်းတူအစ်မအတွက်…"
ရှောင်ယွိက တုတ်ထိုးသကြားလုံးများကို လှမ်းယူပြီး တစ်ချောင်းကို ကိုက်စားရင်း နောက်တစ်ချောင်းကိုတော့ လက်တွင်ကိုင်ထားသည်။
သူမက တုတ်ထိုးသကြားလုံးကို အားပါးတရ စားနေရင်း ကျန်းလန်ကို မေးခွန်းထုတ်လာသည်။
"ဂိုဏ်းတူမောင်လေး ၊ အရင်တုန်းက ကျောင်းတက်ဖူးလား"
ကျန်းလန်က စားပွဲနှင့် ထိုင်ခုံများထက်မှ နှင်းများကို သန့်ရှင်းရေးလုပ်နေရင်း…
"အရင်ကတော့ ကျောင်းတက်ခဲ့ဖူးပါတယ်…"
ဟုတ်ပေသည်။
သူ ဘဝကူးပြောင်းမလာခင်က ကျောင်းတက်ခဲ့ဖူးသည်ပဲ မဟုတ်လား။
ကျန်းလန်က ရှောင်ယွိအဆင်သင့်ထိုင်နိုင်ရန်အတွက် သူမထိုင်မည့်နေရာမှ နှင်းများကိုလည်း သန့်ရှင်းရေး လုပ်ပေးလိုက်သည်။
ထို့နောက် ကျန်းလန် ထိုင်ခုံတစ်ခုထက် ဝင်ထိုင်လိုက်သည်။ ရှောင်ယွိကလည်း သူ့ဘေးနားတွင် လာထိုင်လေသည်။
သူမက…
"ကျွန်မငယ်ငယ်တုန်းက ဆရာက ကျောင်းတစ်ကျောင်းကို ခေါ်သွားဖူးတယ် ၊ ပြီးတော့ အဲဒီကျောင်းကဆရာ သင်ပေးတာကို လိုက်ဆိုခိုင်းဖူးတယ် ၊ ဂိုဏ်းတူမောင်လေး … ရှင်ရော စာမသင်ချင်ဘူးလား ၊ ကျွန်မ ရှင့်ကို နဂါးဘာသာစကား သင်မပေးရတာ ကြာပြီလေ"
ကျန်းလန်က…
"ဂိုဏ်းတူအစ်မကလည်း… ဟိုးအရင်ကတည်းက သင်ပေးပြီးနေပြီလေ"
ရှောင်ယွိက…
"ရှင်က ပြောပဲပြောတတ်တာလေ ၊ အရေးကျ သိပ်မှမသိသေးတာ ၊ အခု ကျွန်မက ဂိုဏ်းတူမောင်လေးကို ရေးနည်းသင်ပေးမယ်လေ ၊ အရင်က သင်ပေးခဲ့ဖူးပေမယ့် အရမ်းကြာနေပြီဆိုတော့ မေ့နေလောက်ပြီ"
ကျန်းလန် : "……"
ရုတ်တရက်ကြီးပင် ရှောင်ယွိက အဘယ့်ကြောင့် ထိုကိစ္စကို စိတ်ဝင်စားသွားပါသနည်း။
နှင်းများ ထူထပ်စွာ ကျဆင်းနေသည်ဖြစ်ရာ စာရေးလေ့ကျင့်ရ ပိုမိုလွယ်ကူသောကြောင့် ဖြစ်မည်ထင်သည်။ သူတို့ နှင်းတောထဲတွင် စာရေးနိုင်သည်လေ။
ထိုနေ့ နေ့လည်ခင်းတွင်တော့…
ရှောင်ယွိ၏ သီးသန့်စာသင်ကြားခြင်းအတန်း ပြီးဆုံးသွားသည်။
"ရှင် အများကြီး တိုးတက်လာတာပဲ"
ရှောင်ယွိက ကျေနပ်သွားဟန်ဖြင့် ပြောလိုက်၏။
ကျန်းလန်က မည်သည့်စကားမှ မဆိုဘဲ သစ်သားဓားလေးအတွင်းသို့ နဂါးသုတ်သင်ဓားဝိညာဉ်ထည့်သွင်းပေးရန် အာရုံစိုက်လိုက်သည်။
ရှောင်ယွိနှင့်အတူ လိုက်ကစားပေးနေရသည်ဟု ကျန်းလန် ခံစားနေရသည်။
ရှောင်ယွိကတော့ သူလုပ်ချင်ရာလုပ်ရသဖြင့် ပျော်ရွှင်နေပြီး နှင်းများနှင့် ဆော့ကစားရန် ထွက်ခွာသွားပြန်သည်။ သူမက နှင်းရုပ်များပြုလုပ်လိုဟန် ရှိသည်။
နှင်းများကြားတွင် အလှကြီးလှနေသည့် ရှောင်ယွိကို ကျန်းလန်က လှမ်းကြည့်လိုက်သည်။
သူ ကြည့်နေစဉ်မှာပင် ရှောင်ယွိက လုန်ယွိပုံစံပြောင်းလဲသွားတော့၏။
လုန်ယွိက ရှောင်ယွိထက် အနည်းငယ် အရပ်ပိုမြင့်သည် ၊ ချောမောလှပလွန်းပြီး ရင့်ကျက်ဟန် ရှိသည်။
ထို့ပြင် သူမ၏ရင်အစုံက ရှောင်ယွိကဲ့သို့ ပြားချပ်ချပ်မဟုတ်ဘဲ တောင်မြင့်ကြီးတစ်ခုပမာ အမို့အမောက်များအဖြစ် ပြောင်းလဲသွားသည်။
"လုန်ယွိ ပုံစံပြောင်းလိုက်ပုံထောက်ရန် လုန်ယွိနဲ့တူတဲ့ နှင်းရုပ်လုပ်မလို့လားမသိဘူး"
ကျန်းလန် ခန့်မှန်းလိုက်သည်။
ပြီးနောက် သူက မည်သည်စကားမှ မဆိုဘဲ တိတ်ဆိတ်စွာပင် ကြည့်နေခဲ့သည်။
ညသန်းခေါင်ယံချိန်…။
ထိုအချိန်ရောက်မှ လုန်ယွိ ကျန်းလန်ဘေးနားသို့ရောက်လာပြီး စားပွဲထက်တွင် ခေါင်းတင်ကာ အိပ်စက်ရန် ဟန်ပြင်လိုက်သည်။
"ဂိုဏ်းတူမောင်လေး ၊ ကျွန်မ အိပ်တော့မယ်နော် ၊ ရှင်ကတော့ သစ်သားဓားထဲ ဓားဝိညာဉ်ထည့်ပေးပေါ့"
ကျန်းလန်က သူ့နံဘေးမှ လုန်ယွိကို လှည့်ကြည့်လိုက်သည်။ ထို့နောက် မန္တန်အသုံးပြုကာ ပတ်ဝန်းကျင်မှ လေအေးများကို ကာကွယ်ပေးကာ လုန်ယွိအိပ်စက်သည့် ပတ်ဝန်းကျင်တစ်ခုလုံး နွေးထွေးသွားစေသည်။
ထို့နောက် သူက လုန်ယွိ ပြုလုပ်ထားသည့် နှင်းရုပ်များကို လှမ်းကြည့်လိုက်၏။
နီးကပ်စွာရပ်နေသည့် လူ (၂)ယောက် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်နေသည့် နှင်းရုပ် (၂)ခု ပြုလုပ်ထားခြင်းပင်။
တစ်ယောက်က လုန်ယွိဖြစ်ပြီး တစ်ယောက်က ကျန်းလန် ဖြစ်လေသည်။
နှင်းရုပ်များက ပီပြင်ခြင်းမရှိသည့်တိုင် လုန်ယွိမျက်နှာထက်တွင် အပြုံးရိပ်တစ်ခု ရှိနေသည်မှာ သိသာထင်ရှားသည်။ သူမ ပျော်ရွှင်နေဟန် ရှိလေသည်။
ကျန်းလန် နှင်းရုပ်များထံမှ အကြည့်လွှဲလိုက်ပြီး သူ့နံဘေးတွင် အိပ်ပျော်နေသည့် လုန်ယွိကို စောင်းငဲ့ကြည့်လိုက်သည်။
"နဂါးပုံစံလည်းမပြောင်းဘဲ လူပုံစံနဲ့ အနားမှာ လာအိပ်နေတယ်"
တွေးရင်းဖြင့် ဟိုးအရင်အချိန်က တွေ့ခဲ့ရဖူးသည့် "လုန်ယွိရေချိုးနေသည့်မြင်ကွင်း" ကို သတိရသွားမိသည်။
အမှန်တော့ နဂါးများက အဝတ်အစား ဝတ်စရာမလိုပေ။ လူအသွင်ဖန်ဆင်းလိုက်သည့်အခါ အကြေးခွံများက အဝတ်အစားများအဖြစ် ပြောင်းလဲသွားခြင်းလေလား။
ဟိုစဉ်အခါက ရှောင်ယွိ သူ့ကို ပြန်ပေးခဲ့သည့် မှတ်တမ်းတင်မှော်ဝင်ပစ္စည်းလေးကို ကျန်းလန် ထုတ်ယူလိုက်သည်။ ရှောင်ယွိငယ်စဉ်က နဂါးပုံစံလေးကို သူ ပြန်လည်တွေ့မြင်ချင်သောကြောင့် ဖြစ်သည်။
လွန်ခဲ့သော နှစ်ပေါင်းများစွာက ရှောင်ယွိသည် နဂါးငယ်လေးတစ်ကောင်သာ ဖြစ်သည်။ ထိုနဂါးမယ်လေးက ယခုလို သူ့နံဘေးတွင် အိပ်ပျော်နေလိမ့်မည်ဟု ကျန်းလန် ဘယ်တုန်းကမှ တွေးထင်မထားခဲ့ဘူးပေ။
သူ မှတ်တမ်းတင် မှော်ဝင်ပစစည်းလေးကို ဖွင့်လိုက်သည်။
သို့သော် အထဲမှ ပုံရိပ်ကို မကြည့်ရသေးခင်မှာပင် လက်တစ်ဖက်က သူ့လက်ထဲမှ မှတ်တမ်းတင် မှော်ဝင်ပစ္စည်းလေးကို လုယူသွားလေသည်။
အခြားသူမဟုတ် ၊ လုန်ယွိပင် ဖြစ်၏။
မှတ်တမ်းတင်မှော်ဝင်ပစ္စည်းလေးကို ကိုင်ရင်း သူမပုံစံက ရှောင်ယွိအဖြစ် ပြောင်းလဲသွားသည်။
သူမက ကျန်းလန်ကို အပြင်းအထန် ပြစ်တင်ရှုတ်ချသည့် မျက်နှာထားဖြင့် ကြည့်လိုက်ရင်း…
"ဂိုဏ်းတူမောင်လေး… ၊ ရှင့်ကို ဒီလိုလူစားမျိုးလို့ ထင်မထားခဲ့ဘူး"
ကျန်းလန်မှာ ရှောင်ယွိကိုကြည့်ရင်း ဘာပြန်ပြောရမှန်းမသိ အူကြောင်ကြောင် ဖြစ်သွားသည်။
သူ ဘာများလုပ်ခဲ့လို့လဲ။
"အပြင်မှာ လူတစ်ယောက်လုံး အနားရှိနေတာကို မှတ်တမ်းတင်မှော်ဝင်ပစ္စည်းထဲကပုံကို ထုတ်ကြည့်တာ ဘယ်ကောင်းမလဲ ၊ ကျွန်မ ဒီမှာ ရှိနေတာတောင် ဒီထဲကပုံကို ကြည့်ချင်နေသေးတာလား"
ရှောင်ယွိက ပွင့်ပွင့်လင်းလင်းပင် ဝေဖန်တော့သည်။
ထို့နောက် သူမက မတ်တတ်ထရပ်လိုက်ပြီး ကျန်းလန်ကို လက်ညှိုးထိုးရင်း…
"ဂိုဏ်းတူမောင်လေး… ရှင်က အရမ်းကို ရိုင်းစိုင်းတာပဲ"
ကျန်းလန် : "………"
အချိန်အတော်ကြာပြီးနောက်…
"ရော့… ရှင့်ရဲ့ မှတ်တမ်းတင်မှော်ဝင်ပစ္စည်းကို ပြန်ယူပြီး အထဲကပုံကိုပဲ ကြည့်နေတော့ ၊ ကျွန်မကို စိုက်ကြည့်မနေနဲပတော့ ၊ အိပ်လို့ မရတော့ဘူး"
ပြောပြီးသည်နှင့် ရှောင်ယွိ စားပွဲထက် ဝုန်းကနဲ မှောက်ကာ အိပ်ရန်ဟန်ပြင်တော့သည်။
ကျန်းလန်မှာလည်း သူ့မှော်ဝင်ပစ္စည်းလေးကို ပြန်လည်သိမ်းဆည်းလိုက်ပြီး သစ်သားဓားလေးအတွင်းသို့သာ နဂါးသုတ်သင်ဓားဝိညာဉ် ဆက်လက်ထည့်သွင်းပေးနေလိုက်သည်။
နံနက်ခင်းအချိန်…။
နေရောင်ခြည်များက ကောင်းကင်ကို လွှမ်းခြုံလာသည့်အခါ ညအမှောင်သည် ဇာတ်ခုံပေါ်မှ ဆုတ်ခွာပေးရတော့သည်။ နံနက်အရုဏ်တက်ချိန်က အလွန်မှ ခမ်းနားလှပေ၏။
ကျန်းလန်က သစ်သားဓားလေးကို ဘေးတွင်အသာချရင်း ရှုမျှော်ခင်းကို ကြည့်လေသည်။ ရှောင်ယွိကတော့ သူ့နံဘေးတွင် အိပ်မောကျနေဆဲပင်။
သူမက သွယ်လျသည့် ခြေထောက်များကို ထိုင်ခုံတစ်ခုထက်တွင် ဆန့်တန်းပြီးတင်ထားသည်။ ထိုခြေထောက်များကိုသာ ဖြတ်ပစ်လိုက်လျှင် ခြေထောက်မရှိသည့် နဂါးအစစ်တစ်ကောင်ပမာ ဖြစ်သွားမည်လားဟု ကျန်းလန် တွေးမိပြန်သည်။
ရှောင်ယွိတွင် ခြေထောက်နှင့်လက်များ မရှိတော့လျှင် သူမပုံစံက မူလအတိုင်း နဂါးတစ်ကောင်ပမာ ဖြစ်သွားနိုင်သည်။
ကျန်းလန် ရှောင်ယွိကိုကြည့်ရင်း ပေါက်ကရများ တွေးတောနေစဉ်…
"အင်း…"
ရှောင်ယွိ မျက်လုံးများပွင့်လာပြီး အိပ်ယာမှ နိုးထလာကာ ပျင်းကြောဆန့်ရင်း သမ်းဝေလိုက်၏။
သို့သော်…
သူမ ပျင်းကြောဆန့်သည်ကို ကျန်းလန် ကြည့်နေကြောင်း သတိပြုလိုက်မိသည်နှင့် ချက်ချင်းပင် ရက်ဘတ်ထက်သို့ လက်ဖြင့်အသာယှက်ကာ ဖုံးအုပ်လိုက်သည်။
ပြီးမှ…
လုန်ယွိပုံစံဖြင့်မဟုတ်ဘဲ ဘာမှမရှိသည့် ရှောင်ယွိ ပုံစံဖြင့် ပျင်းကြောဆန့်မိခြင်းဖြစ်ကြောင်း သတိရသွားပြီး ရှက်ကိုးရှက်ကန်း ဖြစ်သွားတော့သည်။
"………"
***
"ဂိုဏ်းတူမောင်လေး ၊ ရှင်ပေးတဲ့ဖိနပ်အတွက် မျှတတဲ့အပေးအယူအဖြစ် ကျွန်မ ဘာပြန်ပေးရမလဲဟင်"
နဝမတောင်ထွတ်မှ ပြန်ခါနီးတွင် ရှောင်ယွိက ကျန်းလန်ကို မေးလိုက်ခြင်းပင်။
ကျန်းလန်က…
"ဒါဖြင့် ဂိုဏ်းတူအစ်မ မျက်လုံးတွေ မှိတ်လိုက်"
ရှောင်ယွိ အံ့အားသင့်သွားသော်လည်း မျက်လုံးများကို မှိတ်လိုက်သည်။
သူမ မျက်လုံးများမှိတ်လိုက်သည်နှင့် ကျန်းလန်က သူမနဖူးကို လက်ဖြင့်တောက်လိုက်၏။
"ဒေါက်…"
"အိုက်ယာ…"
ရှောင်ယွိ သူမနဖူးကို လက်ဖြင့်အုပ်ရင်း ကျန်းလန်ကို မကျေမနပ်ဖြင့် ကြည့်လိုက်သည်။
ကျန်းလန်က ခေါင်းညိတ်လိုက်ရင်း…
"ဒါပဲ… အဲဒါ အကောင်းဆုံးပဲ"
"ဟွန့်… ဘာမှ မဆိုင်ဘူးနော် ၊ ကျွန်မဘက်က ဘာပြန်ပေးရမလဲဆိုတာ ဂိုဏ်းတူမောင်လေး သေချာစဉ်းစားပါ ၊ မဟုတ်ရင် နောက်တစ်ကြိမ်ကျ ကျွန်မ ရှင်နဲ့ အပေးအယူ မလုပ်တော့ဘူး"
ပြောပြီးသည်နှင့် သူမ ဓားကိုစီးနှင်ကာ ကျောက်စိမ်းရေကန်သို့ ပြန်သွားတော့သည်။
ရှောင်ယွိ မြင်ကွင်းမှ ပျောက်ကွယ်သွားသည်နှင့် ကျန်းလန်က ခွန်လွန်တောင် ၊ အဓိကခန်းမဆောင်ကြီးရှိရာသို့ လှမ်းကြည့်လိုက်သည်။
ခန်းမဆောင်ကြီးတွင် ညှိနှိုင်းဆွေးနွေးပွဲတစ်ခု ပြုလုပ်ကြပြန်ပြီ ထင်၏။
ယခုတစ်ကြိမ်တော့ နဂါးမျိုးနွယ်များနှင့်မဟုတ်ဘဲ ဇာမဏီ မျိုးနွယ်များနှင့် ဆွေးနွေးညှိနှိုင်းနေကြခြင်း ဖြစ်လေသည်။