အခန်း (၄၇-၄၈)
Vol. 5 Ch. 47-48
🍋 Chapter 47
ယင်းချိုင် နည်းပညာမှ ရရှိလာသော အသံဖိုင်အရ ထိုသူနှစ်ဦး၏ စကားဝိုင်းမှာ အလွန်ပင် ရှင်းလင်းလှသည်။
ကွမ်ဟုန် "အကိုရုံ... ခင်ဗျားခိုင်းတာတွေ အကုန်လုပ်ပြီးပြီ။ ပစ္စည်းတွေလည်း အားလုံး ထည့်ပြီးသွားပြီ"
ဝူခယ်ရုံ "အရမ်းကောင်းတယ်၊ မင်း တကယ်တော်တာပဲ။ ဒီလောက် မြန်မြန်ဆန်ဆန် ပြီးသွားလိမ့်မယ်လို့ ငါ မထင်ထားဘူး"
ကွမ်ဟုန် "ကျိုးထျန်းက ဘာမှ သတိမထားမိပါဘူး။ စကားနည်းနည်း ပြောလိုက်တာနဲ့ သူနဲ့ နီးစပ်သွားတာပဲ"
ဝူခယ်ရုံ "ဒီကောင်က သူ့ကိုယ်သူ အရမ်းတော်တယ် ထင်နေတာ။ မင်း တစ်ခုခု လုပ်သွားတယ်ဆိုတာ သူ ဘယ်တော့မှ ရိပ်မိမှာ မဟုတ်ဘူး"
ကွမ်ဟုန် "ဟဲဟဲ... အကိုရုံအတွက်ဆိုရင် ကျွန်တော်က အစွမ်းကုန် လုပ်ပေးမှာပေါ့။ ဒါနဲ့... ကျိုးထျန်းက တကယ်ပဲ ကံကောင်းလို့ ချမ်းသာလာတဲ့ သူဌေးပေါက်စပါပဲ"
ဝူခယ်ရုံ "ဟွန်း! သူက ကံကောင်းသွားတာ။ ငါ့လူတွေ စစ်ကြည့်တော့ သူ့မိသားစုဆီက အိမ်အလုံး ၂၀ နီးပါး မြေသိမ်းခံရပြီး ယွမ် သန်း ၉၀ နီးပါး လက်ငင်းရခဲ့တာတဲ့"
ကွမ်ဟုန် "ဟာ... တကယ်ကြီးလား၊ ဒါကတော့ တကယ့်ကို ကံကောင်းတာပဲ!"
ဝူခယ်ရုံ "သူ့ရဲ့ ကံကောင်းခြင်းတွေက ဒီမှာတင် အဆုံးသတ်သွားပြီ။ ဒီလိုကောင်တွေ ငါ့ရှေ့မှာ ဒူးထောက်ပြီး နာကျင်ခံစားနေရတာကို ကြည့်ရတာ ငါ အကြိုက်ဆုံးပဲ!"
ကွမ်ဟုန် "အကိုရုံ လက်ဖျားနဲ့ တို့လိုက်ရင်တော့ သူ သွားပြီပေါ့။ ဒါပေမဲ့... ငါတို့ တကယ်ပဲ အဖမ်းမခံရဘူးလား? တက္ကသိုလ်လျှောက်လွှာတွေက အစိုးရက တိုက်ရိုက်ထိန်း ချုပ်ထားတာဆိုတော့ ပြဿနာတက်ရင် ငါတို့ သွားပြီနော်"
ဝူခယ်ရုံ "စိတ်မပူနဲ့... အဲ့ဒီဗိုင်းရပ်စ်က ငါ့လူတွေ အထူးပြုလုပ်ထားတာ။ ဘယ်သူမှ ရှာမတွေ့နိုင်သလို ငါတို့ဆီလည်း ခြေရာခံလို့ မရဘူး။ ငါ အကုန်စီစဉ်ထားပြီးသား၊ မင်း လုပ်စရာရှိတာသာ လုပ်"
ကွမ်ဟုန် "ဒါဆိုလည်း အကိုရုံ ပြောသလိုပေါ့၊ ဒါပေမဲ့ ခင်ဗျား ကတိပေးထားတာက..."
ဝူခယ်ရုံ "ဟားဟား... မင်းအတွက် ယွမ် ၁၀,၀၀၀ ကို အခုပဲ လွှဲပေးလိုက်မယ်။ ပြီးတော့ မင်း မျက်စိကျနေတဲ့ အဲ့ဒီ တက္ကသိုလ်ကျောင်းသူလေးကိုလည်း မင်းဆီ ရောက်လာအောင် ငါ အခုပဲ စီစဉ်ပေးလိုက်မယ်"
ကွမ်ဟုန် "ဟဲဟဲ... ကျေးဇူးပါ အကိုရုံရာ၊ ခင်ဗျားက တကယ့်ကို ရက်ရောတာပဲ။ အဲ့ဒီမိန်းကလေးကို ကျွန်တော် မျက်စိ ကျနေတာ ကြာပြီ၊ အခုမှပဲ အလှည့်ရတော့မယ်"
ဝူခယ်ရုံ "မှတ်ထား... ပိုက်ဆံရှိရင် ဘာမဆို လုပ်လို့ရတယ်။ မိန်းကလေးကိစ္စက အသေးအဖွဲပါ။ ငါ့နောက်လိုက်ရင် မင်းဆီကို မိန်းကလေးတွေ အများကြီး ရောက်လာလိမ့်မယ်။
ဟို လျိုမုယန်ဆိုတဲ့ ကောင်မလေးဆိုရင်လည်း ငါ့ရှေ့မှာ ဟိတ်ဟန်ထုတ်နေတာ၊ တစ်နေ့ကျရင် ငါ သူမကို ကစားပြီးမှ လွှင့်ပစ်လိုက်မယ်။ အဲ့ဒီကျရင် သူမက မင်းအပိုင်ပေါ့"
ကွမ်ဟုန် "ကျေးဇူးပါ အကိုရုံ။ ကျွန်တော် ခင်ဗျားနောက်ကပဲ တစ်သက်လုံး လိုက်ပါ့မယ်!"
ကျိုးထျန်း ဤစကားများကို ကြားလိုက်ရသောအခါ ဒေါသကြောင့် ဖုန်းမျက်နှာပြင်ကိုပင် ချေမွပစ်ချင်စိတ် ပေါက်သွားသည်။
“သူတို့က ငါ့ကိုတင် မဟုတ်ဘဲ မုယန်ကိုပါ ပစ်မှတ်ထားနေတာလား!”
“ပြီးတော့ သူတို့က ငါ့ရဲ့ တက္ကသိုလ်လျှောက်လွှာကို ဖျက်ဆီးဖို့ ကြံနေတာပဲ။ ငါ့ဖုန်းထဲ ဗိုင်းရပ်စ်ထည့်တာက လျှောက် လွှာတင်တဲ့ Password တွေကို ခိုးဖို့ပေါ့လေ”
ကျိုးထျန်းသည် နှစ်စဉ် သတင်းများတွင် ပါလေ့ရှိသော သူငယ်ချင်း သို့မဟုတ် အတန်းဖော်အချင်းချင်း မနာလို၍ တက္ကသိုလ်လျှောက်လွှာကို ခိုးယူပြင်ဆင်ပြီး ဘဝဖျက်ဆီးသည့် ကိစ္စများကို သတိရသွားသည်။
ဤသည်မှာ လူတစ်ယောက်၏ ဘဝတစ်ခုလုံးကို ဖျက်ဆီးပစ်သည့် လုပ်ရပ်ဖြစ်သည်။
ဝူခယ်ရုံသည် ဤနည်းလမ်းကို အသုံးပြုနေခြင်း ဖြစ်ရာ အလွန်ရက်စက်လွန်းလှသည်။ အကယ်၍ သူ့တွင် စနစ်နှင့် ဂျက်ဆီသာ မရှိလျှင် သူသည် ဘာဖြစ်သွားမှန်းပင် သိလိုက်ရမည် မဟုတ်ဘဲ ဘဝပျက်သွားပေလိမ့်မည်။
"ကောင်းပြီလေ... မင်းတို့ နှစ်ယောက်က တော်တော်တော်တာပဲ။ ငါကလည်း ဘယ်လိုလုပ်ပြီး လက်ဆောင် ပြန်မပေးဘဲ နေမလဲ"
ထို့နောက် ဂျက်ဆီကို ချက်ချင်း ဖုန်းဆက်ကာ ထိုသူနှစ်ဦးနှင့် သူတို့၏ မိသားစုများအကြောင်းကို အသေးစိတ် စုံစမ်းခိုင်းလိုက်သည်။
တစ်ချိန်တည်းမှာပင် သူတို့နှစ်ဦးကို "လက်ဆောင်" ပြန်ပေးရန်အတွက် တစ်ခုခုကို ပြင်ဆင်ခိုင်းလိုက်သည်။
ဖုန်းချပြီးနောက် သူ သေချာစဉ်းစားကြည့်သည်။
“မုယန်ကတော့ လောလောဆယ် ဘေးကင်းပါတယ်။ သူတို့က ငါ့ကို အရင်ကိုင်တွယ်ပြီးမှ သူမကို လုပ်မှာဆိုတော့ ငါ့ကို သံသယမဝင်အောင် ရှောင်နေပုံပဲ”
‘လျှောက်လွှာပိတ်တာက မနက်ဖြန် ဇူလိုင် ၁ ရက် ည ၈ နာရီ ဆိုတော့ သူတို့က ငါ့လျှောက်လွှာကို ပြင်မှာကို လျှောက်လွှာပိတ်ခါနီး နောက်ဆုံးမိနစ်မှာ ရွေးလုပ်မှာပဲ။ ဒါမှ ငါ ပြန်ပြင်ဖို့ အချိန်မရတော့မှာလေ။ ’
‘ဒါဆို သူတို့ ည ၇ နာရီ ၅၀ လောက်မှ လှုပ်ရှားကြလိမ့်မယ်။ ငါ လုပ်ရမှာက ဘာမှမသိသလို ဟန်ဆောင်နေဖို့ပဲ’
ကျိုးထျန်း အေးစက်စွာ ပြုံးလိုက်သည်။
‘ဝူခယ်ရုံ... မင်း စောင့်နေလိုက်။ မင်းပြောသလိုပဲ နာကျင်မှုတွေနဲ့ ငါ့ရှေ့မှာ ဒူးထောက်စေရမယ်’
မိနစ်အနည်းငယ်အကြာတွင် ဂျက်ဆီက သတင်းအချက်အ လက်များ ပို့လာသည်။
ကွမ်ဟုန်မှာ သာမန်မိသားစုမှဖြစ်ပြီး မိဘနှစ်ပါးစလုံးမှာ ကုမ္ပဏီဝန်ထမ်းများ ဖြစ်ကြသည်။
သို့သော် ဝူခယ်ရုံ၏အခြေအနေမှာမူ အတော်လေး ထူးခြားသည်။ သူ့ဖခင် ဝူချန်ချိုင်သည် အင်တာနက်နည်းပညာကုမ္ပဏီတစ်ခု၏ ရှယ်ယာ ၁၇ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားသူ ဖြစ်သည်။
၎င်းကုမ္ပဏီမှာ မကြာသေးမီကပင် ကုမ္ပဏီတန်ဖိုး ယွမ် ၁.၂ ဘီလီယံအထိ ရှိလာခဲ့သော ထွန်းသစ်စကုမ္ပဏီတစ်ခု ဖြစ်သည်။
သူတို့၏ "Heart" အမည်ရှိ ဂိမ်းအသစ်မှာလည်း အောင်မြင်မှုရရန် အလားအလာ အလွန်ကောင်းနေသည်။
သို့သော် သူတို့၏ ကောင်းစားသည့်နေ့ရက်များမှာ ကုန်ဆုံးတော့မည်ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် သူတို့သည် မထိသင့်သည့် လူကို လာထိမိသောကြောင့်ပင်။
ကျိုးထျန်းသည် အချက်အလက်များကို ကြည့်ပြီးနောက် ဆုံးဖြတ်ချက် ချလိုက်သည်။
“ဒီဗိုင်းရပ်စ်က သူတို့ကုမ္ပဏီက ထုတ်တာလား... စိတ်ဝင်စားဖို့ ကောင်းသားပဲ”
အချက်အလက်များအရ ယင်းချိုင်ကုမ္ပဏီသည် မူလက တရားမဝင် ကြော်ငြာများမှတစ်ဆင့် အသုံးပြုသူများ၏ ဖုန်းနှင့်ကွန်ပျူတာများတွင် ဆော့ဖ်ဝဲလ်များ အတင်းအဓမ္မ ထည့်သွင်းစေပြီး ပိုက်ဆံရှာခဲ့သည့် ကုမ္ပဏီဖြစ်ကြောင်း သိရသည်။
ယခုအခါ ထိုသမိုင်းဆိုးများကို ဖုံးကွယ်ကာ အောင်မြင်သော ဂိမ်းကုမ္ပဏီအဖြစ် ဟန်ဆောင်နေကြခြင်း ဖြစ်သည်။
ကျိုးထျန်းသည် သူ့ အစီအစဉ်ကို စတင်လိုက်သည်။
တစ်နာရီအကြာတွင် အင်တာနက်ပေါ်၌ "ယင်းချိုင်ရဲ့ တကယ့်ရုပ်မှန်" ဆိုသည့် ဆောင်းပါးတစ်ပုဒ် ပေါ်လာခဲ့သည်။
ထိုဆောင်းပါးတွင် ယင်းချိုင် အတိတ်မှ မကောင်းမှုများကို အသေးစိတ် ဖော်ပြထားသည်။
ထို့နောက် နောက်ထပ် နာရီဝက်အကြာတွင် "ယင်းချိုင်... ငါ့အမေကို ပြန်ပေး!" ဆိုသည့် ဆောင်းပါးတစ်ပုဒ် ထပ်မံ ထွက်ပေါ်လာပြီး လူမှုကွန်ရက်ပေါ်တွင် ဟိုးလေးတကျော် ဖြစ်သွားတော့သည်။
၎င်းမှာ လွန်ခဲ့သော ၇ နှစ်က ယင်းချိုင်၏ တရားမဝင် ကြော်ငြာတစ်ခုကြောင့် ကျန်းမာရေးထုတ်ကုန်အတုများ ဝယ်စားမိပြီး သေဆုံးသွားခဲ့ရသည့် အမျိုးသမီးတစ်ဦး၏ သမီးဖြစ်သူက တရားစွဲခဲ့သော်လည်း ယင်းချိုင်က ပိုက်ဆံသုံးကာ အနိုင်ယူခဲ့သည့် ဖြစ်ရပ်မှန် ဖြစ်သည်။
ဤဆောင်းပါးနှစ်ပုဒ်ကြောင့် လူထု၏ ဒေါသမှာ ပေါက်ကွဲသွားတော့သည်။ ကြော်ငြာကြောင့် လူသေသည်အထိ ဖြစ်ခဲ့ရသော်လည်း တာဝန်မယူခဲ့သည့် ကုမ္ပဏီအပေါ် လူအများက ဝိုင်းဝန်း ရှုတ်ချကြတော့သည်။
တစ်နာရီအတွင်းမှာပင် ထိုဆောင်းပါးများကို ပြန်လည်မျှဝေသူပေါင်း သန်း ၃၀ ကျော် ရှိသွားသည်။
🍋 Chapter 48
မြို့လယ်ခေါင်ရှိ ရုံးအဆောက်အအုံတစ်ခုအတွင်း ဝူချန်ချိုင်သည် ရင်းနှီးမြှုပ်နှံသူများနှင့်အတူ လက်ဖက်ရည်သောက်ရင်း စကားပြောနေကာ အတော်ပင် စိတ်ကျေနပ်နေပုံရသည်။
သူ့ကုမ္ပဏီမှာ အရှိန်အဟုန်ဖြင့် တိုးတက်နေပြီး Series C ရင်းနှီးမြှုပ်နှံမှုရရန်မှာလည်း လက်တစ်ကမ်းအလိုသို့ ရောက်ရှိနေပြီဖြစ်သည်။
သူ့ရှေ့တွင် ထိုင်နေသူများမှာ ဟုန်းတရင်းနှီးမြှုပ်နှံမှုကုမ္ပဏီမှ အကြီးတန်းအရာရှိများဖြစ်ပြီး ယနေ့တွင် ကုမ္ပဏီ၏ အခြေအနေကို လာရောက်စစ်ဆေးခြင်းဖြစ်သည်။
"မစ္စတာဝူ... ခင်ဗျားတို့ ကုမ္ပဏီပတ်ဝန်းကျင်က တကယ်ကို ကောင်းတာပဲ"
"မစ္စတာကျန်းကလည်း ချီးမွမ်းလွန်းနေပါပြီ။ ကျွန်တော်တို့ ဒီကို ပြောင်းလာတာ မကြာသေးပါဘူး။
ကျွန်တော့်ရဲ့ ရည်ရွယ်ချက်က ယင်းချိုင်ရဲ့ လုပ်ဖော်ကိုင် ဖက်တွေအားလုံးအတွက် အကောင်းဆုံး အလုပ်ခွင်ပတ်ဝန်းကျင်ကို ဖန်တီးပေးဖို့ပါပဲ"
"ပြီးတော့ ယင်းချိုင်က ဒီလုပ်ငန်းနယ်ပယ်မှာ အကောင်းဆုံးကုမ္ပဏီဖြစ်လာဖို့ ရည်မှန်းထားပါတယ်"
ဝူချန်ချိုင်သည် ပြင်ဆင်ထားသော စာရွက်စာတမ်းများကို သူတို့ထံ ကမ်းပေးလိုက်သည်။
"မစ္စတာကျန်း... ဒါက ကျွန်တော်တို့ အသစ်ထုတ်လိုက်တဲ့ 'Desperate World' မိုဘိုင်းဂိမ်းရဲ့ စမ်းသပ်မှု အချက်အ လက်တွေပါ။ တစ်ချက်လောက် ကြည့်ပေးပါဦး"
မစ္စတာကျန်းသည် စာရွက်စာတမ်းများကို မိနစ်အနည်းငယ်ကြာ ဖတ်ကြည့်ပြီးနောက် မျက်နှာဝင်းပလာကာ ပိုကျေနပ်သွားပုံရသည်။
"ကောင်းတယ်... တကယ်ကို ကောင်းပါတယ်။ တစ်ချိန်တည်းမှာ ထွက်လာတဲ့ တခြားဂိမ်းတွေနဲ့ ယှဉ်ရင် ခင်ဗျားတို့ရဲ့အသုံးပြုသူအရေအတွက်နဲ့ လှုပ်ရှားမှုနှုန်းကအမြင့်ဆုံးပဲ"
"ဒုတိယနေရာက ဂိမ်းထက် နှစ်ဆလောက်တောင် ပိုများနေတာပါ" ဟု ဝူချန်ချိုင်က ချက်ချင်း ဝင်ထောက်လိုက်သည်။
"ဟားဟား... မစ္စတာဝူရေ၊ ယင်းချိုင်နည်းပညာကတော့ အောင်မြင်မှုတွေ ဆက်တိုက်ရနေတော့မှာပဲ။ ကျွန်တော် ခင်ဗျားတို့အပေါ် အများကြီး မျှော်လင့်ထားပါတယ်"
ထိုစကားကို ကြားလိုက်ရသောအခါ ဝူချန်ချိုင် မျက်နှာမှာ ဝမ်းသာအားရဖြင့် ပြုံးဖြဲသွားတော့သည်။
"မစ္စတာကျန်း... နေ့လယ်စာစားချိန်လည်း နီးပြီဆိုတော့ ကျွန်တော်တို့ ထမင်းစားရင်း စကားဆက်ပြောကြမလား"
မစ္စတာကျန်းက ခေါင်းညိတ်ကာ သဘောတူမည်အပြုတွင် သူ၏အတွင်းရေးမှူးမလေးက ရုတ်တရက် ချောင်းဟန့်လိုက်သည်။ ထို့နောက် သူမ ဖုန်းကို မစ္စတာကျန်း၏ရှေ့သို့ လာချပေးလိုက်သည်။
မစ္စတာကျန်းမှာ ဇဝေဇဝါဖြစ်သွားပြီး အတွင်းရေးမှူးကို ကြည့်လိုက်သည်။
‘ဒီလောက် အရေးကြီးတဲ့အချိန်မှာ ဘာလို့ လာနှောင့်ယှက်ရတာလဲ’
ဖုန်းကို စက္ကန့်အနည်းငယ်ကြာ စိုက်ကြည့်ပြီးနောက် သူ့မျက်နှာမှာ ချက်ချင်းလေးနက်သွားတော့သည်။
ဖုန်းကိုကောက်ကိုင်ကာ သေချာကြည့်လိုက်သည်။
မိနစ်အနည်းငယ်အကြာတွင် သူသည် အတွင်းရေးမှူးနှင့် တစ်ချက် အကြည့်ချင်းဖလှယ်လိုက်ပြီးနောက် ဝူချန်ချိုင်ဘက်သို့ လှည့်လိုက်သည်။
"မစ္စတာဝူ... ကျွန်တော့်မှာ အရေးကြီးကိစ္စတစ်ခု ပေါ်လာလို့ နေ့လယ်စာ အတူမစားနိုင်တော့တာ စိတ်မကောင်းပါဘူး"
ဝူချန်ချိုင်သည် တစ်ဖက်လူ၏လေသံနှင့် အမူအရာပြောင်း လဲသွားသည်ကို ရိပ်မိလိုက်သော်လည်း ပြုံးလျက်ပင် တုံ့ပြန်လိုက်သည်။
"ရပါတယ် မစ္စတာကျန်း... အလုပ်ကိစ္စတွေကို အရင်ဆောင် ရွက်ပါ။ ကျွန်တော်တို့ နောက်တစ်နေ့မှ တွေ့ကြတာပေါ့။ အချိန်တွေ အများကြီး ရှိပါသေးတယ်။ ယင်းချိုင်ကိုလည်း အချိန်မရွေး လာလည်ဖို့ ဖိတ်ခေါ်ပါတယ်"
"ခင်ဗျားက တကယ်ကို ဖော်ရွေတာပဲ။ ဒါဆို ကျွန်တော် သွားလိုက်ပါဦးမယ်"
ဝူချန်ချိုင်သည် မစ္စတာကျန်းတို့ကို တံခါးဝအထိ ကိုယ်တိုင်လိုက်ပို့လိုက်ပြီး သူတို့နှစ်ဦး ထွက်သွားသည်ကို ဇဝေဇဝါဖြင့် ကြည့်နေမိသည်။
"ဘာဖြစ်တာလဲ... အဲ့ဒီမြေခွေးအိုကြီးရဲ့ သဘောထားက ရုတ်တရက်ကြီး ပြောင်းသွားတာပဲ"
အောက်ထပ်သို့ ဆင်းသွားသော မစ္စတာကျန်းမှာမူ တည်ငြိမ်နေဆဲဖြစ်သည်။
"မစ္စတာကျန်း... ကျွန်မတို့ နောက်ထပ် ဘာလုပ်ကြမလဲ ယင်းချိုင်နည်းပညာကို ဆက်ပြီး စောင့်ကြည့်ရမလား" ဟု အတွင်းရေးမှူးက မေးလိုက်သည်။
"လောလောဆယ်တော့ မလောပါနဲ့ဦး။ သူတို့ ဒီပြဿနာကို ဘယ်လိုဖြေရှင်းမလဲဆိုတာ အရင်ကြည့်ကြတာပေါ့။ ဒါ့အပြင် ဒါက ငါတို့အတွက် မကောင်းတဲ့အချက် မဟုတ်နိုင်ဘူး၊ ငါတို့ ရှယ်ယာတွေတောင် ပိုရနိုင်သေးတယ်"
စီးပွားရေးသမားများအတွက် အမြတ်အစွန်းမှာ ပထမဖြစ်ပြီး မည်သည့်အပြောင်းအလဲမဆိုသည် အခွင့်အရေးဖြစ်သဖြင့် သူတို့မှာ လုံးဝ မလောကြချေ။
သို့သော် ဝူချန်ချိုင်မှာမူ ထိုသို့မဟုတ်ပါ။
သူ၏ရုံးခန်းသို့ ပြန်ရောက်ပြီး အင်တာနက်ပေါ်မှ သူ့ကုမ္ပဏီအပေါ် အပြင်းအထန် တိုက်ခိုက်ထားသော သတင်းဆိုးများကို မြင်လိုက်ရသောအခါ မျက်လုံးများ ပြူးထွက်သွားရတော့သည်။
"တစ်ယောက်ယောက် ငါ့ကို ပစ်မှတ်ထားနေပြီ!" ဟု သူ ချက်ချင်း ရိပ်မိလိုက်သည်။
"ဘယ်သူဖြစ်နိုင်မလဲ... တာ့လုံနည်းပညာလား။ ဖြစ်နိုင်တယ်!"
သူသည် ဖြစ်နိုင်ခြေရှိသူများကို လိုက်လံခန့်မှန်းနေမိသည်။ အများဆုံး သံသယဖြစ်ဖွယ်မှာ နာမည်ကြီး မိုဘိုင်းဂိမ်းကုမ္ပဏီအချို့ ဖြစ်ပေလိမ့်မည်။
အမှန်စင်စစ် ပြိုင်ဘက်အချင်းချင်း အောက်လမ်းနည်းဖြင့် တိုက်ခိုက်ခြင်းမှာ ထုံးစံပင်ဖြစ်သည်။
ထို့အပြင် သူ၏အတိတ်မှာလည်း မစင်ကြယ်သဖြင့် အလွယ် တကူ တိုက်ခိုက်ခံရခြင်းဖြစ်သည်။
ယခုအခါ "Desperate World" က အောင်မြင်နေသဖြင့် မနာလိုသူများရှိနေခြင်းမှာ ပုံမှန်ပင်ဖြစ်သည်။
သို့သော် သူသည် အကြိမ်ပေါင်း တစ်ထောင်ပင် ခန့်မှန်းပါစေ၊ ဤအရာမှာ ကျိုးထျန်း၏ လက်ချက်ဖြစ်မည်ဟု သူ လုံးဝ အိပ်မက်ပင် မက်ဖူးမည် မဟုတ်ချေ။
...
"ဟိုး... ယင်းချိုင်နည်းပညာက တော်တော်စွမ်းတာပဲ၊ သတင်းတွေကို ဖြတ်တာတွေ၊ ကွန်မန့်တွေကို ထိန်းချုပ်တာတွေတောင် စလုပ်နေပြီ"
ကျိုးထျန်းသည် ပျံ့နှံ့နေသော သတင်းများစွာ ပျောက်ကွယ်သွားသည်ကို မြင်လိုက်ရသဖြင့် ပြုံးလိုက်မိသည်။
"မင်းတို့ ဖြတ်တာက မြန်မလား၊ ငါ တင်တာက မြန်မလား ကြည့်ကြသေးတာပေါ့"
သူသည် ဂျက်ဆီကို ထိုသတင်းများအား နိုင်ငံတကာတွင်ပါ တင်ခိုင်းလိုက်ပြီး တရုတ်နိုင်ငံအတွင်းသို့ ပြန်လည် ပျံ့နှံ့အောင်လုပ်လိုက်သည်။
ထိုသို့ဆိုလျှင် မည်မျှပင် ဖြတ်ပါစေ၊ အမေရိကန်အထိ သူတို့လက်လှမ်းမီပါမည်လော။
ယင်းချိုင်နည်းပညာမှာ တကယ်ပင် ကျွမ်းကျင်သည်ဟု ဆိုရမည်။ နာရီဝက်အတွင်းမှာပင် ဆောင်းပါးနှစ်ပုဒ်၏အရှိန်အ ဟုန်မှာ သိသိသာသာ ကျဆင်းသွားသည်။
သို့သော် ကျိုးထျန်းမှာ လုံးဝမစိုးရိမ်ပေ။
အဘယ်ကြောင့်ဆိုသော် သူသည် အခြားသူတစ်ယောက်၏ လှုပ်ရှားမှုကိုစောင့်နေသောကြောင့် ဖြစ်သည်။
မိနစ်အနည်းငယ်အကြာတွင် ပျောက်ကွယ်လုနီးပါး ဖြစ်နေသော ဆောင်းပါးများသည် ယခင်ကထက် ပိုမိုပြင်းထန်သော အရှိန်အဟုန်ဖြင့် ပြန်လည်ပေါ်ထွက်လာသည်။
နေရာအနှံ့မှ တိုက်ခိုက်မှုများမှာ မျက်နှာပြင်တစ်ခုလုံးကို လွှမ်းမိုးသွားတော့သည်။ ဤသည်မှာ ဂျက်ဆီတစ်ယောက် တည်း လုပ်နိုင်သော အရာမဟုတ်ပေ။
ဤသည်မှာ ကျိုးထျန်း စောင့်မျှော်နေသော အကူအညီဖြစ်သည့် "အခြားမိုဘိုင်းဂိမ်းကုမ္ပဏီများ" ဝင်ရောက်လာခြင်းပင် ဖြစ်သည်။
"ယင်းချိုင်နည်းပညာက မကြာသေးခင်ကမှ အရမ်းနာမည် ကြီးနေတာဆိုတော့ အခုလို သတင်းဆိုးတွေ ထွက်လာတဲ့အခါ ပြိုင်ဘက်တွေက ဒီအတိုင်း လွှတ်ပေးထားမယ်လို့ ထင်နေတာလား"
ထိုဂိမ်းကုမ္ပဏီများသည်လည်း အားမနည်းကြချေ။
အချို့မှာ အင်အားကြီးကုမ္ပဏီကြီးများ၏ ကျောထောက် နောက်ခံ ပါရှိသဖြင့် အလွန်အစွမ်းထက်လှသည်။
"လေကောင်းတုန်း ရွက်လွှင့်တာပဲ၊ သူတို့က ငါ့ဆီကနေ အခွင့်အရေးယူသလို ငါကလည်း သူတို့ကို အသုံးချတာပဲ"
ယခုအခါ ကျိုးထျန်းက မီးရှို့လိုက်ပြီ ဖြစ်သဖြင့် အခြားကုမ္ပဏီပေါင်း တစ်ဆယ်ကျော်က လေဝင်အောင် ယပ်ခပ်ပေးနေကြရာ မီးတောက်မှာ မည်သို့လျှင် မကြီးမားဘဲ နေပါမည်နည်း။
သူသည် ဆောင်းပါးမတင်မီကပင် အားလုံးကို တွက်ချက်ထားပြီးဖြစ်သည်။ သို့မှသာ သူ၏ လက်ရှိအရင်းအမြစ်များဖြင့် လူထု၏အာရုံစိုက်မှုကို အပြည့်အဝ ရရှိနိုင်မည်ဖြစ် သည်။
"ကောင်းပြီ... ပထမအဆင့်ကတော့ အောင်မြင်သွားပြီ။ အခု ဒုတိယအဆင့်ကို စောင့်ကြတာပေါ့။ ပွဲက အခုမှ စတာပါ၊ ဖြည်းဖြည်းချင်းပဲ ကစားကြတာပေါ့"
ကျိုးထျန်းသည် ဖုန်းကိုချလိုက်ကာ ပြုံးလျက် ကားထဲမှ ထွက်လာခဲ့သည်။ သူ့ စိတ်အခြေအနေမှာ အလွန်ကောင်း မွန်နေပြီး အခွင့်အရေးကောင်းကိုသာ စောင့်နေလိုက်သည်။
နောက်တစ်နေ့ ညနေ ၆ နာရီ။
ညနေစောင်းနေပြီဖြစ်ကာ ကျိုးထျန်းသည် သူ့တက္ကသိုလ်လျှောက်လွှာကို ဖြည့်စွက်ပြီးပြီဖြစ်သည်။
ဖူတန့်တက္ကသိုလ်၊ စီးပွားရေးစီမံခန့်ခွဲမှုဘာသာရပ် ပင် ဖြစ်သည်။
"ဂျက်ဆီ... ငါ လျှောက်လွှာတင်ပြီးပြီ။ အခု အွန်လိုင်းတက်လို့ ရပြီ"
ကျိုးထျန်းသည် ဂျက်ဆီကို ဆက်သွယ်ကာ ကြိုတင်ပြင်ဆင်ထားသော ဆော့ဖ်ဝဲလ်ကို အသက်သွင်းလိုက်သည်။
ဤသည်မှာ ဝူခယ်ရုံနှင့် ကွမ်ဟုန်တို့ကို ကိုင်တွယ်ရန်အတွက် တစ်ရက်အတွင်း ဂျက်ဆီကို အထူးဒီဇိုင်းဆွဲခိုင်းထားသော ဆော့ဖ်ဝဲလ်ဖြစ်သည်။
သူသည် အအေးတစ်မျိုးကို သောက်ရင်း လျိုမုယန်နှင့် စကားပြောနေကာ ဂျက်ဆီထံမှ သတင်းကို စောင့်နေလိုက်သည်။
ည ၇ နာရီ ၅၅ မိနစ်တွင် ဂျက်ဆီမှ ဖုန်းဆက်လာသည်။
"ဆရာကြီး... သူတို့ လှုပ်ရှားပြီ။ ဆရာကြီးရဲ့ အကောင့်ထဲကို ဝင်ပြီး လျှောက်လွှာကို လိုက်ပြင်နေပြီ"
"ကောင်းတယ်... အရမ်းကောင်းတယ်။ ငါ ထင်တဲ့အတိုင်းပဲ။ Mirroring လုပ်တာ အောင်မြင်ရဲ့လား"
"အောင်မြင်ပါတယ်၊ သူတို့ ဘာမှ သတိမထားမိပါဘူး"
"ကောင်းပြီ... ဆက်ပြီး စောင့်ကြည့်နေ။ ည ၈ နာရီကျော်တာနဲ့ ငါတို့လုပ်ထားတဲ့ ခြေရာလက်ရာတွေကို အကုန်ဖျက်ပစ်လိုက်။ ဘယ်သူမှ သိလို့မဖြစ်ဘူး"
"ဟုတ်ကဲ့ပါ ဆရာကြီး"
"ဒါနဲ့... သူတို့ အခု အင်တာနက်ကဖေးမှာ ရှိနေတာလား"
"ဟုတ်ပါတယ် ဆရာကြီး။ ဆရာကြီးက ဘယ်လိုသိတာလဲ"
ကျိုးထျန်းသည် မထီမဲ့မြင် ပြုံးလိုက်သည်။
'လူအတစ်ယောက်တောင် ဒါကို ခန့်မှန်းနိုင်တာပဲ။ ကိုယ့်ကွန်ပျူတာကိုယ် သုံးပြီး ဒါမျိုးလုပ်မလား၊ အဖမ်းခံရအောင် လုပ်သလို ဖြစ်မှာပေါ့'
"အဲ့ဒီ အင်တာနက်ကဖေးရဲ့ ကွန်ရက်ထဲကို အခုဝင်လိုက်ပြီး သူတို့ရဲ့ စီစီတီဗီကင်မရာ မှတ်တမ်းတွေကို အကုန် Backup ယူထားလိုက်"
"ဪ... နားလည်ပြီ၊ သူတို့ မှတ်တမ်းတွေကို ဖျက်ပစ်မှာကို ဆရာကြီးက ကြိုသိနေတာကိုး။ ဟဲဟဲ... အခုပဲ သွားလုပ်လိုက်ပါ့မယ်"
"ကောင်းပြီ... ဒါနဲ့ တခြားအစီအစဉ်ကရော ဘယ်လိုလဲ"
"အကုန်ပြီးပါပြီ။ သူတို့ရဲ့ ခံစစ်ကို ကျွန်တော် အကုန်ဖောက် ထွင်းပြီးပြီ။ ဆရာကြီး အမိန့်ပေးတာနဲ့ ငါးမိနစ်အတွင်း အပြတ်ရှင်းနိုင်ပါတယ်"
"အရမ်းကောင်းတယ်၊ ဒီတစ်ခါတော့ မင်း တကယ်တော်တယ်"
ကျိုးထျန်းက ချီးကျူးလိုက်သော်လည်း ဂျက်ဆီမှာ ရုတ်တရက် တုန်လှုပ်သွားပုံရကာ
"ဆရာကြီးရာ... ဒီတာဝန်က လွယ်လွန်းပါတယ်။ ဘာမှ မခက်ခဲဘူး၊ ကျွန်တော် ပျင်းတောင် ပျင်းသေးတယ်။ တခြား ကိုင်တွယ်ရမယ့် ကုမ္ပဏီတွေ ရှိသေးလား။ ဒီကောင်တွေက အားနည်းလွန်းတော့ အားမရဘူးဗျ"
ကျိုးထျန်းမှာ ခေါင်းပြန်မူးလာသဖြင့် ဖုန်းကို ချက်ချင်း ချလိုက်ရတော့သည်။
‘ထားလိုက်ပါတော့လေ... သူက ကလေးပဲ ရှိသေးတာပဲ။ အမေရိကန်ကို သွားတဲ့အခါကျမှပဲ သူ့ကို ဆွဲထိုးတော့မယ်’
အစီအစဉ်များအားလုံး ပြီးဆုံးသွားပြီဖြစ်ကာ နောက်ဆုံး ပေါက်ကွဲမည့်အချိန်ကိုသာ စောင့်ရတော့မည်။
သူသည် အွန်လိုင်းတက်ကာ ယင်းချိုင်နည်းပညာ၏ အခြေအနေကို စစ်ဆေးကြည့်လိုက်သည်။
ဆောင်းပါးနှစ်ပုဒ်၏ အရှိန်အဟုန်မှာ လုံးဝမငြိမ်သေးဘဲ ဝူချန်ချိုင်ကို အလုပ်ရှုပ်အောင်လုပ်ရန် လုံလောက်နေဆဲဖြစ်သည်။
သူသည် ဝူခယ်ရုံ၏မျက်နှာကို ပြန်လည် မြင်ယောင်လာမိသည်။
"မင်းက ငါ့ကို အတင်းအကျပ် လုပ်ခိုင်းတာပဲ၊ ငါ့မှာ ရွေးချယ်စရာ မရှိဘူး"
ကျိုးထျန်းသည် စာအုပ်အသစ်လေးတစ်အုပ် ထည့်ထားသော ပလတ်စတစ်အိတ်ကို ကိုင်လိုက်သည်။
၎င်းမှာ ဝူခယ်ရုံအတွက် သူ ပြင်ဆင်ထားသော လက်ဆောင်လေးပင်။