← Chapters

အခန်း (၃၀၅-၃၀၆)

Vol. 31 Ch. 305-306

အခန်း (၃၀၅-၃၀၆)

Vol. 31 Ch. 305-306

🫧 Chapter 305

'ဒိုင်း ဒိုင်း ဒိုင်း'

'ဒိုင်း'

အနောက်ဘက်နန်းဆောင် ငရဲပြည်၏ တံခါးဝတွင် ဒိုင်းဒိုင်းမြည်သံများ ဆက်တိုက် ထွက်ပေါ်နေကာဝိညာဉ်တမန်တော် ဆယ်ဂဏန်းခန့်မှာ လမ်း၏ တစ်ဖက်တစ်ချက်စီတွင် တစ်တန်းစီ ရပ်နေကြ၏။

သူတို့ထဲမှ အချို့မှာ အနက်နှင့် အဖြူရောင်စစ်စစ် ပါဝင်သော ယူနီဖောင်းများကို ဝတ်ဆင်ထားကြပြီး အပေါ်အောက် တစ်ဆက်တည်းဖြစ်သော အဝတ်အစားများနှင့် ဆင်တူနေပေသည်။

၎င်းတို့တွင် ကော်လာများ ပါရှိကာ ခါးတွင်လည်း အနက်ရောင် ခါးပတ်ကို ပတ်ထားပြီး ခြေထောက်တွင်လည်း အနက်ရောင် ဘွတ်ဖိနပ်များကို စီးထားကြသည်။

လက်ထဲတွင်မူ ရှုပ်ထွေးသော ပုံစံများ ထွင်းထုထားသည့် ငွေရောင် ပစ္စတိုသေနတ်များကို ကိုင်ဆောင်ထားကြ၏။

အချို့ကမူ အနက်ရောင် အင်္ကျီနှင့် ဘောင်းဘီကို ဝတ်ဆင်ထားကြပြီး အပေါ်မှ အနက်ရောင်နောက်ခံတွင် ရွှေရောင်အနားကွပ်ထားသော ကုတ်အင်္ကျီရှည်ကြီးကို ထပ်ဝတ်ထားကြလေသည်။

သူတို့၏ပုံစံကို မည်သို့ ဆိုရမည်ဆိုလျှင် လူမိုက်ကြီးများ လက်နှစ်ဖက်ဖြင့် စက်သေနတ်များကို ကိုင်ဆောင်ထားကြသကဲ့သို့ဖြစ်ကာ အလွန် သြဇာညောင်းလှပုံပေါ်နေပေသည်။

ထိုအချိန်တွင် ဝိညာဉ်တမန်တော်များ အားလုံးက လက်ကို မြှောက်ထားကြပြီး သေနတ်ပြောင်းဝကို အပေါ်သို့ ချိန်ထားကြ၏။

'ဒိုင်း ဒိုင်း ဒိုင်း'

မီးတောက်များကလည်း ကောင်းကင်ယံသို့ ထိုးတက်သွားကာ သူတို့၏ အထက်ရှိ ကောင်းကင်ယံတွင် အနီရောင်၊ အဝါရောင်၊ ခရမ်းရောင် စသည်ဖြင့် အရောင်အသွေး စုံလင်လှပနေသော မီးရှူးမီးပန်းများ တစ်ပွင့်ပြီးတစ်ပွင့် ပွင့်အာလာကြတော့သည်။

မီးရှူးမီးပန်းများ တောက်ပနေစဉ်အတွင်း စာသားတစ်တန်းကလည်း တဖြည်းဖြည်း ပုံဖော်လာ၏။

'အရှေ့ဘက်နန်းဆောင်မှ မိတ်ဆွေများ၊ အနောက်ဘက်နန်းဆောင်သို့ လာရောက်လည်ပတ်ခြင်းကို ကြိုဆိုပါတယ်'

ထိုဝိညာဉ်တမန်တော် နှစ်တန်းအပြင် ဘေးပတ်လည်တွင်လည်း စိတ်လှုပ်ရှားနေကြသော တစ္ဆေများစွာက ဝိုင်းရံနေကြလေသည်။

သူတို့သည် ကိုယ်ပိုင်ဟန် အပြည့်ရှိသော အဝတ်အစားများကို ဝတ်ဆင်ထားကြပြီး ခေါင်းပေါ်တွင်မူ အမွေးပွ နားရွက်တစ်စုံစီ ရှိနေကြ၏။

နှင်းကဲ့သို့ ဖြူဖွေးသော ယုန်နားရွက်များ ဖြစ်စေ၊ မီးတောက်ကဲ့သို့ နီရဲသော မြေခွေးနားရွက်များ ဖြစ်စေ ပါရှိကြသည်။

ထိုဝိညာဉ်တမန်တော်များပဲ ဖြစ်ဖြစ်၊ ဝိုင်းကြည့်နေကြသော တစ္ဆေများပဲ ဖြစ်ဖြစ် တစ်ယောက်စီတိုင်းမှာ ချောမောလှပသော ယောကျ်ားလေးများနှင့် မိန်းကလေးများသာ ဖြစ်ကြပြီး မျက်စိကျိန်းမတတ် တောက်ပနေကြလေသည်။

အရှေ့ဘက်နန်းဆောင်မှ ဝိညာဉ်တမန်တော် အဖွဲ့နှင့် တောင်ဘက်နန်းဆောင်မှ လီစုန့်နှင့် တန်းရန်တို့သည်လည်း ပါဝင်‌သော အဖွဲ့မှာ ငရဲပြည် လမ်းကြောင်းထဲမှ ထွက်လာသည်နှင့် တစ်ပြိုင်နက် ဤမြင်ကွင်းကို မြင်တွေ့လိုက်ကြရတော့သည်။

"......."

အနောက်ဘက်နန်းဆောင်သို့ ရောက်ကတည်းက သတိဝီရိယ ရှိနေခဲ့ကြသော ဝိညာဉ်တမန်တော်များမှာ စောစောက ကာကွယ်မည့် အနေအထားကိုပင် ပြင်ဆင်လုနီးပါး ဖြစ်သွားခဲ့ကြလေသည်။

လီစုန့်နှင့် တန်းရန်တို့မှာ အပေါ်ယံတွင် မျက်နှာကို တင်းထားသော်လည်း သူတို့၏ လက်ပေါ်ရှိ ချွန်ထက်သော လက်သည်းများမှာမူ အလိုအလျောက် ထွက်ပေါ်လာပြီး ဖြစ်ပေသည်။

အရပ်လေးမျက်နှာရှိ ဒေသများကြားတွင် အဆက်အသွယ် မရှိခဲ့သည်မှာ အလွန် ကြာမြင့်နေပြီ ဖြစ်၏။

ဤတစ်ကြိမ်တွင် မြောက်ဘက်နန်းဆောင်ကသာ ထိုမျှကြီးမားသော ပြဿနာကို မဖန်တီးခဲ့ပါက ဤကဲ့သို့ သွားလာဆက်ဆံမှုမျိုးပင် ရှိလာမည် မဟုတ်ပါချေ။

လီစုန့်နှင့် တန်းရန် တစ္ဆေနှစ်ကောင်သည်လည်း အနောက်ဘက်နန်းဆောင်သို့ ပထမဆုံးအကြိမ် ရောက်ဖူးခြင်း ဖြစ်လေသည်။

စာရွက်စာတမ်းများနှင့် ဖြတ်သန်းခွင့် လက်မှတ်များ ရှိနေလျှင်တောင်မှ အပြည့်အဝ စိတ်ချနိုင်မည် မဟုတ်ပေ။

သူတို့ ထွက်ခွာလာချိန်တွင် အရှင်ကျုံးခွေက သူတို့ကို ပစ္စည်းကောင်း အများအပြား ထည့်ပေးလိုက်သေး၏။

အရှင်ကျုံးခွေ၏ ဆိုလိုရင်းမှာ အပြင်တွင် ရန်ဖြစ်ရသည်ကို မကြောက်ရန်နှင့် သူတို့ကိုယ်တိုင် လျော်ကြေးအဖြစ် မကျန် ရစ်ခဲ့လျှင် ရပြီဟူ၍ဖြစ်သည်။

သို့သော် တစ်ဖက်လူက အရင်လာပြီး အနိုင်ကျင့်မည် ဆိုပါက သူတို့ တောင်ဘက်နန်းဆောင်မှ တစ္ဆေများ အနေဖြင့် လုံးဝ နောက်ဆုတ်မည် မဟုတ်ပါချေ။

သူတို့ ကြွားလုံးထုတ်နေခြင်း မဟုတ်ပေ။

အခြားသော နန်းဆောင်သုံးခုထဲတွင် သူတို့၏ ယမမင်းကြီးထက် တိုက်ခိုက်ရေးစွမ်းရည် ပိုမြင့်မားသူ မရှိပါချေ။

ထိုစဉ်မှာပင် ရွှီယိုကျိတို့ကို ခေါ်ဆောင်လာသော ထိုဝိညာဉ်တမန်တော် ဆယ်ဦးကလည်း သူတို့၏ လက်များကို သေနတ်များဆီသို့ လှမ်းကိုင်လိုက်ကြသည်။

ထို့နောက် သေနတ်ပြောင်းဝကို အပေါ်သို့ ချိန်ကာ ပစ်ခတ်လိုက်ကြ၏။

'ဒိုင်း ဒိုင်း ဒိုင်း'

ထိုအခါ လေထဲတွင် မီးရှူးမီးပန်းများ တစ်ပွင့်ပြီးတစ်ပွင့် ပွင့်အာသွားတော့သည်။

ပြီးနောက် ဦးဆောင်လာသော ဝိညာဉ်တမန်တော်၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာကာ "မင်းတို့ အနောက်ဘက်နန်းဆောင်ကို လာလည်တာ ကြိုဆိုပါတယ်" ဟု ပြောလိုက်၏။

ထိုစကား ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် ခလုတ်တစ်ခုကို ဖွင့်လိုက်သကဲ့သို့ ပင်။

'အား အား အား'

ထိုခဏချင်းတွင်ပင် ဝိုင်းကြည့်နေကြသော တစ္ဆေများ အားလုံးက အသံကုန် အော်ဟစ် အားပေးကြတော့သည်။

သူတို့၏ ခေါင်းပေါ်ရှိ အမွေးပွ နားရွက်လေးများမှာ စိတ်လှုပ်ရှားမှုကြောင့် တုန်ခါနေကြပြီး လက်ထဲတွင်လည်း ယပ်တောင်လေးများကို အသီးသီး ခါယမ်းနေကြလေသည်။

"ကြိုဆိုပါတယ် ကြိုဆိုပါတယ်"

"ကြိုဆိုပါတယ် ကြိုဆိုပါတယ်"

"ဒီဘက်ကို ကြည့်ပါဦး ဒီဘက်ကို ကြည့်ပါဦး"

ထိုအခါ အရှေ့ဘက်နန်းဆောင်မှ ဝိညာဉ်တမန်တော်များမှာ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြ၏။

သူတို့၏ မျက်လုံးများထဲတွင် တောက်ပနေသော မီးရှူးမီးပန်းများ၏ အရိပ်များ ထင်ဟပ်နေကာ တစ်ခုခုကိုတွေးတောနေကြသည်။

"......."

'အနောက်ဘက်နန်းဆောင်နဲ့ အရှေ့ဘက်နန်းဆောင်က ပြဿနာ ရှိတယ်ဆိုတာ မဟုတ်ဘူးလား'

'ရန်ဖြစ်နိုင်တယ် ဆိုတာကရော မဟုတ်ဘူးလား'

ကျန်းလင် ကိုယ်တိုင် ယခင် မုန့်ပေါ် တာဝန်ကို လုပ်ဆောင်ခဲ့စဉ်ကလည်း ယမမင်းနှစ်ပါး တိုက်ခိုက်နေကြသည့် မြင်ကွင်းကို မြင်တွေ့ခဲ့ဖူးလေသည်။

သို့သော် ယခု အခြေအနေအရ ကြည့်မည်ဆိုလျှင် ထင်မှတ်မထားသည့် ပုံစံမျိုး ဖြစ်နေသည် မဟုတ်လော။

လီစုန့်နှင့် တန်းရန်တို့မှာ လက်ချင်းဆွဲထားကာ တိုးတိုးလေး ပြောလိုက်ကြ၏။

"အစ်ကို သူတို့က ငါတို့ကို ကြိုဆိုတယ်လို့ မပြောဘူးနော်"

"ငါတို့ကလည်း ကြိုတင် အကြောင်းကြားမထားဘူးလေ၊ မသိတာက ပုံမှန်ပါပဲ၊ ဒါက မထင်မှတ်ဘဲ ရောက်လာတာ ဆိုတော့ တိုက်ဆိုင်သွားတာက ပိုကောင်းပါတယ်"

ကံကောင်းသည်မှာ သူတို့သည် ဤမျှစည်ကားနေသော မြင်ကွင်းနှင့် ဆုံသွားခြင်း ဖြစ်လေသည်။

ရုတ်တရက် တန်းရန်၏ အကြည့်များက ထိုဝိညာဉ်တမန်တော်များ၏ ခါးရှိ သေနတ်များပေါ်သို့ ကျရောက်သွားပြီး မျက်လုံးများ လင်းလက်သွားတော့သည်။

"အစ်ကို အနောက်ဘက်နန်းဆောင်က တကယ်ကို ကြီးကျယ်ခမ်းနားတာပဲ၊ သူတို့ဆီမှာ ဝိညာဉ်လက်နက်တွေ တကယ် အများကြီးပဲ၊ တစ်ယောက်ကို တစ်လက်တောင် ရှိနေကြတယ်"

"အင်း"

တစ္ဆေလေး နှစ်ကောင်မှာ တိုးတိုးတိတ်တိတ် ပြောဆိုနေရင်းဖြင့် မျက်စိလည်သွားကြလေသည်။

သူတို့သည် အမှန်တကယ်ပင် ဗဟုသုတ တိုးသွားရပေသည်။

အနောက်ဘက်နန်းဆောင်မှာ အချမ်းသာဆုံး ငရဲပြည် ဖြစ်သည်မှာ အမှန်ပင်မဟုတ်လော။

……

လီစုန့်နှင့် တန်းရန်တို့ကို အသာထား၊ ပရိသတ်များပင်လျှင် ကြည့်လို့ မဝနိုင်အောင် ဖြစ်နေကြတော့သည်။

[ရန်မဖြစ်ရင် ပြီးတာပါပဲ၊ ရန်မဖြစ်ရင် ပြီးတာပါပဲ၊ Streamer က တကယ်ကို လှတယ် အဲ မဟုတ်ဘူး ငါပြောချင်တာက ဒီသေနတ်တွေက တကယ်ကို မိုက်တယ်လို့]

[ဒါပေမယ့် အနောက်ဘက်နန်းဆောင်က တကယ်ကို ကြမ်းတာပဲ၊ ယုန်နားရွက်နဲ့ ကောင်မလေးတွေ၊ မြေခွေးမလေးတွေ သောက်ကျိုးနည်း ဒါက ငရဲပြည်ရဲ့ နိဗ္ဗာန်ဘုံပဲ]

[အား အား အား ဟိုဘက်က ဝံပုလွေနားရွက်နဲ့ ဝိညာဉ်တမန်တော်က အရမ်းချောတာပဲ၊ စက်သေနတ်ကြီးနဲ့ ဆိုတော့ ပိုတောင် မိုက်နေသေးတယ်]

ပရိသတ်များမှာ တစ်ချက် ကြည့်လိုက်သည်နှင့် အကြည့်များကို ပြန်မရုပ်သိမ်းနိုင်တော့ပါချေ။

အနောက်ဘက်နန်းဆောင်မှ တစ္ဆေများက သူတို့ကို တကယ် မျက်စိပွင့်သွားစေခဲ့သည်ဟု ဝန်ခံရမည် ဖြစ်၏။

ထိုယူနီဖောင်းများနှင့် အလွန် ခေတ်ဆန်သော ဝတ်စားဆင်ယင်မှုများမှာ အမှန်တကယ်ကို ရှားပါးလွန်းလှပေသည်။

ပရိသတ်များ အားလုံးမှာ အိပ်မက်မက်နေရသကဲ့သို့ စိတ်ကူးယဉ်ဆန်သော ခံစားချက်မျိုး ရရှိနေကြလေသည်။

[ငါ ဆုံးဖြတ်လိုက်ပြီ၊ မနက်ဖြန်ကျရင် အနောက်ပိုင်း ဒေသကို ပြောင်းနေတော့မယ်]

[သောက်ကျိုးနည်း ယောကျ်ားလေးတွေရဲ့ အိပ်မက်ပဲ၊ ငရဲပြည် ရောက်ရင် သေနတ်တောင် ကိုင်လို့ ရနေပါလား]

[အနောက်ဘက်နန်းဆောင်က အရမ်း ခေတ်မီလွန်းတယ်၊ လူ့လောကထက်တောင် ပိုပြီး တိုးတက်မြန်ဆန်နေတာတော့ မဟုတ်ပါဘူးနော်]

ပထမဆုံးအကြိမ် မြင်တွေ့လိုက်ရသော အံ့မခန်း ခံစားချက်များ လွန်မြောက်သွားပြီးနောက် ပရိသတ်များမှာ အရှေ့ဘက်နန်းဆောင်နှင့် တောင်ဘက်နန်းဆောင်တို့ကို မနေနိုင်ဘဲ ပြန်လည် သတိရမိသွားကြ၏။

ရှေးဟောင်းပုံစံ ငရဲပြည်က မဆိုးသကဲ့သို့ ရှေးဟောင်းပုံစံ ဝိညာဉ်တမန်တော်များကလည်း မဆိုးပါချေ။

သို့သော် ခေတ်သစ်ပုံစံ ငရဲပြည်ကလည်း အရမ်းကို ကောင်းမွန်နေသည် မဟုတ်လော။

အထူးသဖြင့် ဟိုဘက်နားရှိ အိမ်ဖော် ဝတ်စုံ ဝတ်ထားသော ကြောင်နားရွက်နှင့် ကောင်မလေးပင် ဖြစ်လေသည်။

ထို့အပြင် နောက်တစ်ဖက်တွင်လည်း အနောက်တိုင်း ဝတ်စုံ ဝတ်ဆင်ထားသော ဝံပုလွေနားရွက်နှင့် လူချော၊ စက်သေနတ် ကိုင်ဆောင်ထားသော အစ်မကြီးနှင့် ဂါဝန် ဝတ်ဆင်ထားသော ယုန်နားရွက်နှင့် လိုလီလေးများ ရှိနေကြသေး၏။

အနောက်ပိုင်း ဒေသသို့ သူတို့ မဖြစ်မနေ သွားရောက် လည်ပတ်ရမည် ဖြစ်ပေသည်။

သို့မှသာ ကိုယ့်ကိုယ်ကိုယ် တာဝန်ကျေမည် မဟုတ်လော။

Streamer တို့ အနောက်ဘက်နန်းဆောင် အတွင်းသို့ ဝင်ရောက်သွားသည်နှင့်အမျှ တိုက်ရိုက်ထုတ်လွှင့်မှု မြင်ကွင်းမှာလည်း စတင် ပြောင်းလဲသွားတော့သည်။

ထို့နောက် ပရိသတ်များက ဗီလာ အိမ်ရာများ၊ မြင့်မားသော အဆောက်အအုံကြီးများကို မြင်တွေ့လိုက်ကြရ၏။

ကောင်းကင်ယံအထက်ရှိ လေကြောင်း ပျံသန်းမှု လမ်းကြောင်းများကိုလည်း တွေ့မြင်လိုက်ရလေသည်။

ဖန်ဖြင့် ပြုလုပ်ထားသကဲ့သို့ တစ်ကိုယ်လုံးမှ အရောင်ခုနစ်မျိုး ဖြာထွက်နေသော ထူးဆန်းသည့် အဆောက်အအုံများကိုလည်း မြင်တွေ့လိုက်ကြရသည်။

ထိုအဆောက်အအုံများ အပြင် ဝင်္ကပါ အစီအရင်များနှင့် တူသော အရာများကိုလည်း တွေ့မြင်ခဲ့ကြရ၏။

ထိုစက်ဝိုင်းပုံ အချပ်ပြား၏ အလယ်တွင် တစ္ဆေများ ရပ်နေကြပြီး ဘေးပတ်လည်မှ အလင်းတန်းများ လင်းလက်သွားသည်နှင့် ထိုတစ္ဆေမှာ ပျောက်ကွယ်သွားတော့သည်။

[သောက်ကျိုးနည်း ငါ ဖုန်းတွေကို မြင်လိုက်ရသလိုပဲ]

ထိုလေကြောင်း ပျံသန်းမှု လမ်းကြောင်းများထဲတွင် တစ္ဆေများ ရံဖန်ရံခါ ပျံသန်းသွားကြသည်ကို မြင်တွေ့ရပေသည်။

မျက်တောင်တစ်ခတ် အတွင်းမှာပင် ပရိသတ်များက ဂိမ်းဆော့နေသော တစ္ဆေများကို မြင်လိုက်ရသကဲ့သို့ ခံစားလိုက်ကြရ၏။

သူတို့ မျက်စိများသွားတာလား၊ ဒါမှမဟုတ် ထင်ယောင်ထင် မှား ဖြစ်သွားတာများလား ဆိုသည်ကို မသိနိုင်တော့ပါချေ။

[ငါလည်း မြင်လိုက်ရသလိုပဲ]

[မင်းတို့ လျှောက်မပြောကြနဲ့၊ ငရဲပြည် ဘဝက ဒီလောက်အထိ သာယာလှပနေဖို့ မဖြစ်နိုင်ဘူး၊ သည်းခံကြ]

[ငါ အနောက်ဘက်နန်းဆောင်ကို သွားချင်တယ် ထွီ ငါပြောချင်တာက အနောက်ပိုင်း ဒေသကို သွားလည်ချင်တယ် လို့ ပြောတာ]

အကယ်၍ ငရဲပြည်တွင် ဂိမ်းဆော့နိုင်မည်၊ တိရစ္ဆာန် နားရွက်နှင့် ကောင်မလေးများ၊ လူချောများ ရှိနေမည်၊ ထို့အပြင် ပျံသန်းနိုင်မည် ဆိုပါက ၊၎င်းအပြင် ရှည်လျားသော သက် တမ်းလည်း ရှိနေမည် ဆိုလျှင် "အဟမ်း အဟမ်း" ပရိသတ်များမှာ ရုတ်တရက် အနည်းငယ် လိုလားတောင့်တလာကြတော့သည်။

(TL/note : me လည်းသွားချင်တယ်လိုစ့်)

[သည်းခံကြ သည်းခံကြ စိတ်လိုက်မာန်ပါ လုပ်တာက မိစ္ဆာပဲ]

[ကောလာဟလတွေကို မယုံကြနဲ့၊ မဖြန့်ကြနဲ့]

[ဟုတ်တယ် ဟုတ်တယ် ငါ ဘာမှ မမြင်လိုက်ရဘူး၊ ငါ Streamer ကို ချစ်တယ်၊ ငါ အရှေ့ဘက်နန်းဆောင်ကို ချစ်တယ်]

……

[မူရင်းစာရေးသူ၏ မှတ်ချက် : ကောလာဟလတွေကို မယုံပါနဲ့၊ မဖြန့်ပါနဲ့။ ဒီဇာတ်လမ်းက စိတ်ကူးယဉ် သက်သက်သာ ဖြစ်ပါတယ်။ အားလုံးပဲ ငရဲပြည်ကို သွားလည်ဖို့ မစဉ်းစားကြပါနဲ့။ ဒီအတွေးက အရမ်းအန္တရာယ်များပါတယ် ]

🫧 Chapter 306

ရောင်စုံကမ္ဘာကြီးက မျက်စိကိုပင် လှည့်စားနေတော့သည်။

တိုက်ရိုက်ထုတ်လွှင့်မှု အခန်းထဲရှိ ပရိသတ်များမှာ သွားရည်ကျမတတ် ဖြစ်နေကြပြီး စိတ်လှုပ်ရှားစွာဖြင့် စာကြောင်းများကို ရိုက်နှိပ်နေကြ၏။

အချို့သော ပရိသတ်များဆိုလျှင် ချက်ချင်းပင် ပစ္စည်းများ သိမ်းဆည်းကာ လေယာဉ်လက်မှတ်ပင် ကြိုတင် မှာယူချင်နေကြပြီ ဖြစ်သည်။

[ဟဲဟဲဟဲ ကျွန်တော် အနောက်ဘက် ဒေသကို သွားလည်ချင်လို့ပါ၊ ဘယ်သူမှ မတားကြနဲ့နော်]

အလှအပ၏ ဆွဲဆောင်မှု ခံနေရသူများအပြင် လူ့လောကမှ သုတေသီ အချို့လည်း တိုက်ရိုက်ထုတ်လွှင့်မှု အခန်းထဲသို့ ရောက်ရှိနေကြလေသည်။

ခေတ်မီ တိုးတက်နေသော ငရဲပြည်ကို ဤသည်က သူတို့ ပထမဆုံးအကြိမ် မြင်တွေ့ရခြင်းပင်။

အဝတ်အစားများ ခေတ်ဆန်နေရုံသာမက တစ်ယောက်ကို သေနတ်တစ်လက်စီ ကိုင်ဆောင်ထားကြသည်ကိုပါ တွေ့ရ၏။

ဤအချက်က မည်သည့်အရာကို ဖော်ပြနေသနည်း။

အနောက်ဘက်နန်းဆောင်၏ ဖွံ့ဖြိုးတိုးတက်မှုက လူ့လောကထက်ပင် ပိုမို လျင်မြန်နေနိုင်ခြေ ရှိသည်ကို ဖော်ပြနေခြင်းပင်။

ထို့ကြောင့် လူ့လောကတွင် အသုံးချနိုင်မည့် အရာများ ရှိမရှိ လေ့လာနိုင်ရန် အမြန် လာရောက် ကြည့်ရှုရမည် မဟုတ်လော။

မည်သို့ပင်ဆိုစေ တစ္ဆေများ၏ သက်တမ်းမှာ လူသားများထက် အများကြီး ပိုရှည်လျားပေသည်။

မည်သည့်အရာမဆို အချိန်ကြာလာသည်နှင့်အမျှ စုဆောင်းမိသွားတတ်သည် မဟုတ်လော။

နေ့စဉ် နည်းနည်းချင်းစီ တိုးတက်လာလျှင်တောင်မှ နှစ်ရာ ထောင်ချီ ကြာမြင့်လာသည့်အခါ ကြောက်မက်ဖွယ် ကောင်းလောက်အောင် ကြီးမားသော ရလဒ်တစ်ခုကို ရရှိလာမည် ဖြစ်သည်။

ယခင်က 'မရဏလောကမှ အံ့ဖွယ်‌နေ့ရက်များ' တိုက်ရိုက်ထုတ်လွှင့်မှု အခန်းကို အရှေ့ဘက်နန်းဆောင်တွင် စတင် ထုတ်လွှင့်ခဲ့စဉ်ကတည်းက လူ့လောကမှ ပညာရှင် အချို့မှာ ဤကိစ္စကို စဉ်းစားခဲ့ဖူးကြ၏။

သို့သော် လှည့်ပတ် ကြည့်ရှုပြီးနောက် သူတို့ လေ့လာနိုင်မည့် အခွင့်အရေး မရှိကြောင်း တွေ့ရှိခဲ့ရသည်။

ခိုးယူ လေ့လာရန်ပင် လုံးဝ မဖြစ်နိုင်ခဲ့ပါချေ။

အကြောင်းမှာ အားလုံးက ငရဲပြည်၏ နည်းစနစ်များ ဖြစ်ကြပြီး တစ္ဆေစွမ်းအင်များနှင့် တစ္ဆေပစ္စည်းများကိုသာ အသုံးပြုထားသောကြောင့် ဖြစ်သည်။

ဤတစ်ကြိမ်တွင် အဆင်ပြေ မပြေ ဆိုသည်မှာ အနောက်ဘက်နန်းဆောင်အပေါ်တွင်သာ မူတည်နေတော့၏။

ထို့အပြင် တစ်ခါမျှ မမြင်ဖူးသေးသော မြောက်ဘက်နန်းဆောင်လည်း ကျန်ရှိနေသေးသည်။

……

တိုက်ရိုက်ထုတ်လွှင့်မှု မြင်ကွင်းထဲတွင်

မီးရှူးမီးပန်းများ ဖောက်ပြီးနောက် အနောက်ဘက်နန်းဆောင်မှ တစ္ဆေများက အရှေ့ဘက်နန်းဆောင်မှ ဝိညာဉ်တမန်တော်များကို ဝန်းရံကာ ရှေ့သို့ ဆက်လျှောက်လာခဲ့ကြသည်။

သူတို့သည် ငရဲပြည်ထဲတွင် တစ်ပတ်ခန့် လှည့်လည် ပြသခံရ ပြီးနောက် တစ္ဆေဈေးတန်းရှိ အကြီးဆုံး သီးသန့် စားသောက်ဆိုင်သို့ ရောက်ရှိလာကြ၏။

ခရီးပန်းလာသဖြင့် ဧည့်ခံကျွေးမွေးမည်ဟု ဆိုသည်လေ။

ထိုအခါ လီစုန့်နှင့် တန်းရန်တို့လည်း အလကား ထမင်းတစ်နပ် လိုက်စားခွင့် ရသွားတော့သည်။

စားသောက်ဆိုင်ရှိ စားပွဲမှာ အထူးပြုလုပ်ထားပုံ ရပေသည်။

ထို့ပြင် ၎င်းက အလျား ဆယ်မီတာ၊ အနံ တစ်မီတာခန့် ရှိကာ စားပွဲ၏ အလယ်ပိုင်းက အနည်းငယ် တုတ်ပြီး ဘေးနှစ်ဖက်က သေးသွယ်သွားကာ လခြမ်းကွေး ပုံစံ ရှိလေသည်။

လခြမ်းကွေး စားပွဲ၏ တစ်ဖက်တွင် အရှေ့ဘက်နန်းဆောင်နှင့် တောင်ဘက်နန်းဆောင်မှ ဝိညာဉ်တမန်တော်များ ထိုင်ကြပြီး ကျန်တစ်ဖက်တွင်မူ အနောက်ဘက်နန်းဆောင်မှ ဧည့်ခံရေး တာဝန်ယူထားသော ဝိညာဉ်တမန်တော်များ ထိုင်ကြသည်။

လခြမ်းကွေး စားပွဲ၏ အစွန်းနှစ်ဖက်၊ လခြမ်းအစွန်း နှစ်ခုကြားတွင် ပုံရိပ်ယောင် တစ်ခုက လေထဲတွင် ရုတ်တရက် ထွက်ပေါ်လာ၏။

အနောက်ဘက်နန်းဆောင်မှ ဦးဆောင်လာသော ထိုဝိညာဉ်တမန်တော်က အနက်ရောင် အင်္ကျီနှင့် ဘောင်းဘီကို ဝတ်ဆင်ထားပြီး အပေါ်မှ အနက်ရောင်နောက်ခံတွင် ရွှေရောင်အနားကွပ်ထားသော ကုတ်အင်္ကျီရှည်ကြီးကို ထပ်ဝတ်ထားကာ ကျောတွင်လည်း စက်သေနတ် တစ်လက်ကို လွယ်ထားလေသည်။

သူ၏ ဆံပင်ပုံစံမှာ ငရဲပြည်တွင် အလွန် ခေတ်စားနေသည်ဟု ဆိုသော ဆံပင်တို ပုံစံမျိုး ဖြစ်၏။

သူ၏ အသားအရေက ဖြူဖွေးနေပြီး မျက်နှာပေါက်ကလည်း ခက်ထန်ပြတ်သားကာ ယောက်ျားပီသသော လူချော တစ္ဆေအမျိုးအစား ဖြစ်ပေသည်။

သူ့ နာမည်မှာမူ ထိုက်ချင် ဖြစ်၏။

ပြီးနောက် "ရုပ်ရှင် ကြည့်ကြမလား" ဟု သူက မေးလိုက်၏။

"ရုပ်ရှင်လည်း ရှိသေးတာလား"

ထိုအခါ တစ္ဆေလက်နက်ရုံမှ အဖွဲ့ဝင် အားစစ်က ထိုပုံရိပ်ယောင် အောက်ရှိ ကျောက်တုံး နှစ်တုံးကို ကြည့်ကာ ချက်ချင်းပင် စိတ်ဝင်စားသွားတော့သည်။

"ဒါပေါ့၊ လူ့လောကမှာ ရှိတာတွေ အကုန်လုံး ငါတို့ဆီမှာ ရှိတယ်၊ လူ့လောကမှာ မရှိတာတွေလည်း ငါတို့ဆီမှာ ရှိတယ်"

ပြီးနောက် ထိုက်ချင်နှင့် အားစစ်တို့ စကားစမြည် ပြောဆိုလိုက်ကြ၏။

အဘယ်ကြောင့်နည်းမေးလျှင် သူတို့၏ အတွေ့အကြုံချင်း ဖလှယ်ရမည်မဟုတ်ပါလော။

ပြီးလျှင် ဗီဒီယိုပြသနိုင်သည့် မှတ်တမ်းကျောက်တုံးများ အကြောင်းနှင့် သူတို့ အနောက်ဘက်နန်းဆောင် ကိုယ်တိုင် ရိုက်ကူးထားသည့် 'သရဲကားများ' အကြောင်းကို ပြောဆိုနေကြလေသည်။

ထိုသို့ ပြောဆိုနေရင်းဖြင့် ထိုက်ချင်သည် ရုပ်ရှင် တစ်ကားကိုလည်း ဖွင့်ပြလိုက်သေးသည်။

ချင်ကျိုးကျိုးကမူ အနောက်ဘက်နန်းဆောင်မှ အခြား ဝိညာဉ်တမန်တော် တစ်ဦး၏ လမ်းညွှန်မှုဖြင့် အစားအ သောက်များကို စတင် မှာယူနေ၏။

စီနီယာ ရွှီယိုကျိသည်လည်း တစ်ယောက်ယောက်နှင့် စကားပြောဆိုနေလေသည်။

ကျန်းလင်ကမူ နေရာမှ ထကာ ပြတင်းပေါက်နားသို့ သွားလိုက်သည်။

ဤစားသောက်ဆိုင်မှာ လေပေါ်တွင် တည်ဆောက်ထားသည့် အဆောက်အအုံ အမျိုးအစား ဖြစ်ပြီး ကောင်းကင်ထက်တွင် ပေါလောပေါ်နေ၏။

အနောက်ဘက်နန်းဆောင်မှ ဝိညာဉ်တမန်တော်များ၏ အဆိုအရ ဤစားသောက်ဆိုင်မှ အောက်ဘက်သို့ ငုံ့ကြည့်လိုက်ပါက တစ္ဆေဈေးတန်း လမ်းမကြီး တစ်ခုလုံးကို အပေါ်စီးမှ မြင်တွေ့နိုင်သည်ဟု ဆိုလေသည်။

အိမ်တိုင်းစေ့ ထွန်းလင်းနေသော မီးရောင်များ။

၎င်းကလည်း ဤသီးသန့် စားသောက်ဆိုင်၏ အဓိက ဆွဲဆောင်မှု တစ်ခုပင် ဖြစ်ပေသည်။

ထိုအခါ တိုက်ရိုက်ထုတ်လွှင့်မှု အခန်း၏ ကင်မရာကလည်း လိမ္မာပါးနပ်စွာဖြင့် ပြတင်းပေါက် အပြင်ဘက်သို့ ရောက်ရှိသွားကာ တစ္ဆေဈေးတန်း၏ ရှုခင်းများကို ပြသပေးလိုက်၏။

တစ်ခဏချင်းတွင်ပင် ပရိသတ်များမှာ ငရဲပြည် နှစ်ခုကို မြင်တွေ့ဖူးပြီး ဖြစ်သော်လည်း ယခုအခါတွင်မူ မျက်လုံးများ ပြူးကျယ်သွားကြတော့သည်။

သူတို့သည် ပါးစပ် အဟောင်းသားဖြင့် အံ့အားသင့်ကာ စိတ်လှုပ်ရှားနေကြကာ မှတ်ချက် ပေးရမည်ကိုပင် မေ့သွားကြလေသည်။

……

အနောက်ဘက်နန်းဆောင်၏ တစ္ဆေဈေးတန်းကို မည်သို့ ပြောရမည်နည်း၊ အတော်လေး ခေတ်မီသော အရောင်အသွေးများ ရှိနေပေသည်။

အလွန်အမင်း ခေတ်မီလွန်းနေပြီး မှော်ဆန်မှုနှင့် သိပ္ပံနည်းကျမှုတို့ ပေါင်းစပ်ထားသော ပုံစံမျိုး ဖြစ်နေ၏။

ကောင်းကင်ယံတွင် ရှည်လျားသော ရထားကြီးများက နဂါးပျံများကဲ့သို့ အထက်အောက် ပျံသန်းသွားလာနေကြသည်။

အလင်းနှင့် အရိပ်များ ရောယှက်နေသည့်ကြားတွင် တစ္ဆေပုံရိပ်များ လင်းလက်သွားသည်ကို တွေ့ရလေသည်။

အောက်ဘက်ရှိ လမ်းမကြီးများထက်တွင်အဆောက်အအုံများမှာ အနိမ့်အမြင့် မညီညာဘဲ စနစ်တကျ တည်ရှိနေကြ၏။

အချို့သော တစ္ဆေများက မော်တော်ဆိုင်ကယ်များ၊ သို့မဟုတ် အခြား ပုံစံရှိသော တစ္ဆေလက်နက်များကို စီးနင်းကာ မြင့်မားသော အဆောက်အအုံ တစ်ခုပေါ်မှ ခုန်ချသွားကြသည်။

တစ်ခါတစ်ရံတွင် ပျံတက်သွားပြီး တစ်ခါတစ်ရံတွင် အောက်သို့ ထိုးဆင်းသွားကြ၏။

ထိုတစ္ဆေလက်နက်များက အဆောက်အအုံများကို ဖြတ်သန်းသွားတိုင်း ထိုအိမ်များ၏ မျက်နှာပြင်ပေါ်တွင် အကွက်လိုက် မီးများ တစ်ကွက်ပြီးတစ်ကွက် လင်းထိန်လာသကဲ့သို့ ဖြစ်သွားလေသည်။

ကြည့်ရသည်မှာ ၎င်းက သီးသန့်ဖြစ်သော ရောင်စုံ လမ်းကြောင်း တစ်ခုကို ဖန်တီးပေးလိုက်ခြင်းပင်။

ထိုတစ္ဆေလက်နက်များ စီးနင်းသွားပြီးနောက် ထိုအကွက်လိုက် မီးများကလည်း တွန်းလှဲလိုက်လျှင် အကုန် ပြိုကျသွားတတ်သော ဒိုမီနို အုတ်ခဲလေးများကဲ့သို့ပင် ရှေ့မှနောက်သို့ တစ်ကွက်ပြီးတစ်ကွက် ပြန်လည် မှေးမှိန်သွားကြတော့သည်။

"ဝူး ဟူး"

ထိုအခါ မြင်ကွင်းကိုကြည့်နေကြသော တစ္ဆေများက အော်ဟစ် အားပေးလိုက်ကြ၏။

ထို တစ္ဆေများ၏ ထူးခြားသော မြည်ဟီးသံများနှင့် အစွန်းရောက် အားကစား တစ်ခုကဲ့သို့ အကွက်လိုက် မီးများ၏ လမ်းကြောင်းများ ပေါင်းစပ်သွားသောအခါ ထူးခြားဆန်းပြားသော မြင်ကွင်း တစ်ခုကို ဖန်တီးပေးလိုက်တော့သည်။

ထို့ပြင် ဆူညံနေသော နေရာများ ရှိသကဲ့သို့ တိတ်ဆိတ်နေသော နေရာများလည်း ရှိပေသည်။

တစ္ဆေ နှစ်ကောင် သုံးကောင်ခန့်က နေရာတစ်ခုတည်းတွင် စုရုံးကာ စကားပြောနေကြသည်လည်း ရှိ၏။

သို့မဟုတ် ဝိညာဉ်လက်နက် တစ်ခုတည်းကို အတူတကွ ထိန်းချုပ်နေကြသည်များလည်း ရှိသည်။

ရံဖန်ရံခါတွင် အားပေးသံများလည်း ထွက်ပေါ်လာတတ်လေသည်။

၎င်းတို့ကိုကြည့်ရသည်မှာ ဂိမ်းဆော့နေကြသကဲ့သို့ ဖြစ်သလို တစ်ခုခုကို အတူတကွ ကြည့်ရှုနေကြသည်နှင့်လည်း တူနေပေသည်။

"ရုပ်ရှင်လား ၊ ကာတွန်းလား ၊ လူ့လောကလား"

……

ကျန်းလင်ကမူ တစ်ခဏမျှ ကြည့်ရှုပြီးနောက် အကြည့်ကို ပြန်ရုပ်သိမ်းလိုက်၏။

ထို့နောက် သူ ပြတင်းပေါက်နားမှ လခြမ်းကွေး စားပွဲသို့ ပြန်ရောက်လာချိန်တွင် ချင်ကျိုးကျိုးက မီနူးကို လက်ညှိုးထိုးကာ ပြောနေသည်ကို အံကိုက် ကြားလိုက်ရလေသည်။

"ဒါရယ်၊ ပြီးတော့ ဒါရယ်၊ ဒီဘက်ကနေ ဒီဘက်အထိ အကုန်လုံး တစ်ပွဲစီ ချပေးပါ"

ရွေးချယ်ပြီးနောက် သူမက ဘေးရှိ အနောက်ဘက်နန်းဆောင်မှ ဝိညာဉ်တမန်တော်ကို လှည့်ကြည့်ကာ "ရမလား" ဟု မေးလိုက်၏။

ကျန်းလင်က တစ်ချက် ကြည့်လိုက်ရာ ချင်ကျိုးကျိုး ညွှန်ပြနေသော ဟင်းပွဲများမှာ မီနူး တစ်ခုလုံးနီးပါး ပါဝင်နေသည်ကို တွေ့လိုက်ရသည်။

အနောက်ဘက်နန်းဆောင်မှ ထိုဝိညာဉ်တမန်တော်မှာ သဘောထား ပြည့်ဝပုံ ရပေသည်။

အနည်းငယ် အံ့သြသွားသည်မှလွဲ၍ မျက်တောင်တစ်ချက်ပင် မခတ်ဘဲ ပြန်ဖြေလိုက်၏။

"ရတယ်၊ အကုန်ချပေးမယ်"

၎င်းမှာ လက်တစ်ချက် ဝှေ့ယမ်းလိုက်ရုံဖြင့် ငွေကြေး အမြောက်အမြား အကုန်အကျ ခံလိုက်ခြင်းပင်။

"......"

ထိုအခါ ချင်ကျိုးကျိုး၊ ကျန်းလင်နှင့် ရွှီယိုကျိတို့မှာ ဆွံ့အသွားကြတော့သည်။

'အနောက်ဘက်နန်းဆောင်က တကယ်ကို ချမ်းသာတာပဲ'

'အရင်းအမြစ်တွေ ပေါများပြီး တစ္ဆေတွေလည်း ချမ်းသာကြွယ်ဝတယ်ပေါ့'

အရှေ့ဘက်နန်းဆောင်မှာ မဆင်းရဲသော်လည်း ဤကဲ့သို့ လက်ဖွာသည့် အချိန်မျိုးကား ရှားပါးလှပေသည်။

"ဟင်းတွေ ချက်ချင်း ရပါမယ်"

သီးသန့် စားသောက်ဆိုင်မှ ဝန်ထမ်းက မီနူးကို ယူပြီးနောက် ပြုံးရွှင်စွာဖြင့် ပြောလိုက်၏။

ထို့နောက် အမှန်တကယ်ပင် ချက်ချင်းရောက်လာတော့ သည်။

သို့သော် ဟင်းပွဲအစား လခြမ်းကွေး စားပွဲပေါ်တွင် ရှုပ်ထွေးသော ပုံစံများ ထွက်ပေါ်လာသည်ကို မြင်လိုက်ရကာ အလင်းရောင်ဖျော့ဖျော့လေး ပျောက်ကွယ်သွားပြီးနောက် စားပွဲပေါ်တွင် အရသာရှိလှသော ဟင်းပွဲများနှင့် အရက်များ တစ်ပွဲပြီးတစ်ပွဲ ပေါ်ထွက်လာတော့သည်။

ထိုခဏချင်းတွင်ပင် မွှေးကြိုင်သော အနံ့အသက်များနှင့် အရက်နံ့များက လေထုထဲတွင် ပျံ့နှံ့သွားလေသည်။

ထူးခြားချက်တစ်ခုမှာ ပန်းကန် တစ်ခု လွတ်သွားတိုင်း နေရာလွတ်တွင် ဟင်းပွဲအသစ် တစ်ခု ထပ်မံ ပေါ်လာ၏။

ပန်းကန်များ ပြန်သိမ်းရန်၊ ဟင်းများ ထပ်ချရန် အကြိမ်ကြိမ် လုပ်ဆောင်နေစရာ မလိုတော့ပါချေ။

ဤလုပ်ရပ်ကို မြင်လိုက်ရသော တိုက်ရိုက်ထုတ်လွှင့်မှု အခန်းထဲရှိ ပရိသတ်များမှာ "စွရမ်း လန်းတယ် ဒီနေ့တော့ ဗဟုသုတ တိုးသွားပြီ" ဟု မနေနိုင်ဘဲ အော်ဟစ်လိုက်ကြတော့သည်။

[အနောက်ဘက်နန်းဆောင် ပီသပါပေတယ်၊ ထမင်းစားပွဲကိုတောင် ဒီလောက် အဆင့်မြင့်အောင် လုပ်ထားတာပဲ]

[ဒါက တယ်လီပို့ အစီအရင် မလား၊ သောက်ကျိုးနည်း တယ်လီပို့ အစီအရင်ကို ဟင်းချတဲ့ နေရာမှာ သုံးတာ ပထမဆုံးအကြိမ် မြင်ဖူးတာပဲ]

[ယူနီဖောင်းဝတ်ထားတဲ့ တိရစ္ဆာန် နားရွက်နဲ့ ကောင်မလေးတွေက လာပြီး ဟင်းချပေးမယ်လို့ ထင်နေတာ]

ပရိသတ်များ ပြောဆိုနေကြစဉ်မှာပင် သီးသန့်ခန်း၏ တံခါးမှာ ထပ်မံ ပွင့်လာသည်ကို မြင်တွေ့လိုက်ရ၏။

ထို့နောက် အဝါရောင်ဖျော့ဖျော့ ဇာဂါဝန်ရှည်များကို ဝတ်ဆင်ထားပြီး အချိုးအစားကျလှသော ကိုယ်လုံးကိုယ် ပေါက် ရှိသည့် မိန်းမလှ တစ္ဆေ လေးငါးဦးခန့် ဝင်ရောက်လာကြလေသည်။

သူတို့၏ မျက်နှာများမှာ လမင်းကဲ့သို့ ဝင်းမွတ်နေပြီး မျက်လုံးများကလည်း စကားပြောနေသကဲ့သို့ ရှိကာ လခြမ်းကွေး စားပွဲပေါ်ရှိ ဝိညာဉ်တမန်တော်များကို အရိုအသေ ပေးပြီးနောက် စတင် ကပြကြတော့သည်။

သူတို့၏ ခန္ဓာကိုယ်မှာမူ နွဲ့နှောင်းလှပနေပြီး နုနယ်သော လက်ချောင်းလေးများဖြင့် လှည့်လည် ကပြနေသည်မှာ ပွင့်အာနေသော ပန်းတစ်ပွင့်နှင့်ပင် တူနေ၏။

ထို့ပြင် ထိုအကအခုန်များနှင့်အတူ သာယာငြိမ့်ညောင်းသော စောင်းသံကလည်း ထွက်ပေါ်လာသေးသည်လေ။

"......."

ထိုသည်ကိုမြင်သော် ပရိသတ်များမှာ ချက်ချင်းပင် စကားမပြောနိုင်အောင် ဖြစ်သွားကြတော့သည်။

ဒါက လာရောက် ဖျော်ဖြေတာပဲ။

အနောက်ဘက်နန်းဆောင်၏ ဤဧည့်ခံမှုမှာ အမှန်တကယ်ကို ကောင်းမွန်လွန်းလှပေသည်။

တစ်ဖက်တွင်မူ

အလကား လိုက်စားခွင့် ရသွားသော လီစုန့်နှင့် တန်းရန်တို့မှာ မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ် လုပ်ကာ သူတို့ အရှေ့ရှိ သေးငယ်သော အစီအရင်များ စုစည်းထားသည့် လခြမ်းကွေး စားပွဲကို စမ်းသပ် ကိုင်တွယ်ကြည့်လိုက်ကြ၏။

နားထဲတွင် ကြားနေရသော စောင်းသံကို နားထောင်ရင်း အရှေ့ရှိ မှတ်တမ်းကျောက်တုံးမှ ပြသနေသော ရုပ်ရှင်ကိုလည်း ကြည့်လိုက်ကြသည်။

နောက်ဆုံးတွင် အရှေ့ဘက်နန်းဆောင်မှ ဝိညာဉ်တမန်တော်များကိုလည်း လှမ်းကြည့်လိုက်ကြလေသည်။

ထို့နောက် တစ္ဆေလေး နှစ်ကောင်၏ မျက်နှာအမူအရာမှာ အစက 'အံ့သြမှု'၊ 'အားကျမှု' များမှနေ၍ တဖြည်းဖြည်း ထူးဆန်းသော အမူအရာသို့ ပြောင်းလဲသွားကြတော့၏။

'ဒီအနောက်ဘက်နန်းဆောင်မှာ လျှို့ဝှက် ကြံစည်မှု တစ်ခုခု ရှိနေတယ်’

All Chapters