ဆူညံခြင်း
Vol. 24 Ch. 232
ဒေါ်လေးကျောက်သည် ကြေးပြားများကို ချက်ချင်းပင် သိမ်းလိုက်ပြီးနောက် ပြောလိုက်လေသည်။
“သခင်မက ကျွန်မ နောက်ကျလို့ ပြောတာ မဟုတ်လား... ကျွန်မ နောက်ကျတာကိုပဲ ကြည့်ပြီးတော့၊ ကျွန်မ အလုပ် ကောင်းကောင်း လုပ်တာကိုကျတော့ မမြင်ဘူးပေါ့လေ...”
လျူရှောင်ရူသည် သူမ၏ ရှုပ်ထွေးလှသော အလုပ်အစီအစဉ်ကို တစ်ချက် လှမ်းကြည့်လိုက်၏။ နောက်ဆုံးတွင်မူ သူမသည် ပြတ်သားသော သဘောထားဖြင့်ပင် ပြောဆိုလိုက်လေသည်။
“ဒေါ်လေးကျောက်ရယ်... လူငှားပြီး အလုပ်ခိုင်းတယ် ဆိုတာ တစ်ဦးနဲ့တစ်ဦး သဘောတူမှ ဖြစ်တာလေ... ကျွန်မကတော့ တစ်ရက်စာ လစာ ပိုပေးလိုက်ပါပြီ... အကယ်၍ မကျေနပ်ဘူး ဆိုရင်လည်း၊ အဲ့ဒီ အပိုပေးတဲ့ ပိုက်ဆံကို ပြန်ပေးလိုက်ပေါ့လေ...”
ဒေါ်လေးကျောက်သည် ထိုစကားကို ကြားသောအခါ ခါးကို ထောက်ကာ ပြောလိုက်လေသည်။
“ကျွန်မကို ပေးပြီးသား ပိုက်ဆံကို ဘာလို့ ပြန်တောင်းရမှာလဲ... ဒါဟာ ကျွန်မ ရသင့်ရထိုက်တဲ့ အရာပဲလေ...”
“ဒါဆို ဒေါ်လေးက ဘာဖြစ်ချင်လို့လဲ...”
လျူရှောင်ရူက မေးမြန်းလိုက်သည်။
ဒေါ်လေးကျောက်က ယုံကြည်မှု အပြည့်ဖြင့် ပြောလာ၏။
“ကျွန်မ ဒီမှာပဲ ဆက်ပြီး အလုပ်လုပ်ချင်တယ်... ပြီးတော့ လစာကိုလည်း တိုးပေးရမယ်နော်...”
အခြားသော အလုပ်သမား သုံးဦးစလုံးမှာမူ ဒေါ်လေးကျောက်အား အံ့သြသော မျက်လုံးများဖြင့် ကြည့်လိုက်မိကြကုန်၏။ သို့သော်လည်း ဒေါ်လေးကျောက်ကမူ လက်လျှော့မည့် ပုံစံမျိုး မရှိဘဲ ရင်ကို ကော့ကာ ပြောဆိုလိုက်လေသည်။
“ညည်းက မိန်းမသားတစ်ယောက်တည်းနဲ့... ဒီ လမ်းကြားထဲမှာ အလုပ်ရုံ ဖွင့်ထားတာလေ... အကယ်၍သာ ကျွန်မကို လစာ မတိုးပေးဘူး ဆိုရင်တော့... ကျွန်မရဲ့ မိသားစုဝင်တွေ အကုန်လုံးကို လွှတ်ပြီးတော့ ဒီမှာ ပြဿနာ လာရှာခိုင်းမှာပေါ့လေ...”
ဒေါ်လေးကျောက်၏ မိသားစုမှာ ဟုန်ယဲ့ လမ်းကြား အနီးတွင် နေထိုင်ကြသူများ ဖြစ်ပေသည်။ သူမ၏ အိမ်တွင် အမျိုးသား များစွာ ရှိသဖြင့် သူမသည် ထို ပတ်ဝန်းကျင်တွင် အမြဲတမ်း ဗိုလ်ကျနေခဲ့သူ ဖြစ်ချေသည်။ ထို့ကြောင့်လည်း သူမသည် ဤမျှအထိ ယုံကြည်မှု ရှိနေခြင်းပင်။
လျူရှောင်ရူ၏ မျက်နှာမှာ ချက်ချင်းပင် ညိုးငယ်သွားရ၏။ ကွမ်အန်းမြို့နယ်မှာတုန်းကလည်း ဆိုင်ဖွင့်လျှင် အမြဲတမ်း ပြဿနာများနှင့် ရင်ဆိုင်ခဲ့ရသည်။ မမျှော်လင့်ဘဲ မြို့တော်ကို ရောက်လာသော်လည်း ငြိမ်သက်စွာ နေထိုင်ခွင့် မရသေးသည်မှာ အမှန် ပင်။
“ဒေါ်လေးကတော့ တကယ်ကို အနိုင်ကျင့်တတ်တာပဲနော်... ကိုယ့်ရဲ့ အရှုံးအတွက်တော့ ကိုယ်တိုင်ပဲ တာဝန်ယူရမှာပေါ့... ဒေါ်လေး စိတ်ထဲမှာ ဘာတွေပဲ တွေးနေပါစေ... ကျွန်မကတော့ ဒေါ်လေးကို ဆက်ပြီး မခန့်နိုင်တော့ပါဘူးလေ...”
လျူရှောင်ရူက ပြတ်သားစွာပင် ပြောဆိုလိုက်လေသည်။
ဤမျှအထိ ပြဿနာ ရှာတတ်သော သူမျိုးကို သူမအနေဖြင့် လုံးဝ ဆက်မထားနိုင်သည်မှာ သေချာလှပေသည်။
“ကောင်းပြီလေ... ညည်းက ဒီလောက်တောင် သတ္တိ ရှိနေမှတော့... တို့လူတွေ လာပြီး ဒီအလုပ်ရုံကို ဖျက်ဆီးတာကို စောင့်နေလိုက်ပေါ့လေ...”
ဒေါ်လေးကျောက်သည် ပိုက်ဆံများကို ယူကာ ပြေးထွက်သွားလေတော့သည်။ နျိုနျိုက စိုးရိမ်တကြီးဖြင့် ပြောလိုက်၏။
“အဒေါ်လျူ... သမီးကြောင့် အဒေါ် ဒုက္ခရောက်သွားပြီလား... သမီးသာ စကားမပြောခဲ့ရင်တော့ ဒီလောက်အထိ ဖြစ်မှာ မဟုတ်ပါဘူးနော်...”
လျူရှောင်ရူကမူ နျိုနျိုအား အပြစ်မတင်သည့်အပြင် ကလေးမလေး၏ ခေါင်းကို ပုတ်ပေးရင်း ပြောလိုက်လေသည်။
“ဒီလို လူမျိုးကတော့ ဘယ်အချိန် ဖြစ်ဖြစ် ပြဿနာ ရှာမှာပဲလေ... ကိစ္စမရှိပါဘူး... အဒေါ် ဖြေရှင်းနိုင်ပါတယ်လေ...”
သူမသည် ကျန်ရှိသော အလုပ်သမား သုံးဦးကို လှမ်းကြည့်လိုက်ပြီး ထိုအထဲမှ တစ်ဦးအား ငွေစအချို့ ပေးလိုက်ကာ မှာကြားလိုက်လေသည်။
“မြန်မြန် သွားစမ်းပါဦး... ရုံးတော်ကို သွားပြီးတော့ တစ်ယောက်ယောက်က ဒီမှာ ပြဿနာ လာရှာနေတယ်လို့ သွားပြောလိုက်စမ်းပါ...”
ထို အမျိုးသမီးသည် ငွေကို ယူကာ အပြင်သို့ ထွက်ရန် ပြင်လိုက်စဉ်မှာပင် ဆိုင်ရှင်လော်နှင့် မျက်နှာချင်းဆိုင် တိုက်မိမတတ် ဖြစ်သွားရလေသည်။
“ရုံးတော်ကို သွားစရာ မလိုပါဘူး... ရှန်းယွဲ့အဆောင်ကို သွားပြီး လူခေါ်ခိုင်းလိုက်ပါလေ...”
ဆိုင်ရှင်လော်က အိမ်ထဲသို့ ဝင်ဝင်ချင်းမှာပင် သူ၏ အစေခံအား မှာကြားလိုက်လေသည်။
ရှန်းယွဲ့အဆောင် ဆိုသည်မှာ သူ ဖွင့်လှစ်ထားသော စားသောက်ဆိုင်ပင် ဖြစ်ချေသည်။ ထိုနေရာတွင် လူအင်အား များပြားလှသလို အမျိုးသား အစေခံများလည်း အများအပြား ရှိသည်။ လျူရှောင်ရူသည် ဆိုင်ရှင်လော်အား မြင်လိုက်ရသောအခါ မျက်နှာတွင် နေရခက်သော အမူအရာများ ပေါ်ထွက်လာရလေသည်။ သူမက မေးမြန်းလိုက်၏။
“ဘာလို့ ရုံးတော်ကို မသွားခိုင်းရတာလဲ...”
ဆိုင်ရှင်လော်က စိတ်ရှည်စွာဖြင့် ရှင်းပြလိုက်လေသည်။
“ဒီရက်ပိုင်းမှာ ရုံးတော်ကလည်း အလုပ်များနေတာလေ... ဒီလို ကိစ္စသေးသေးလေးတွေ အတွက်ဆိုရင်တော့ သူတို့တွေမှာ ကိုင်တွယ်ဖို့ အချိန် ရှိမှာ မဟုတ်ပါဘူးလေ...”
လျူရှောင်ရူလည်း ထပ်မံ၍ မပြောတော့ပေ။ ကျောက်မိသားစုဝင်များမှာ အရင်ဆုံး ရောက်ရှိလာခဲ့ကြချေပြီ။ လျူရှောင်ရူသည် သားအကြီးဆုံး တစ်ဦးတည်းသာ လာလိမ့်မည်ဟု ထင်မှတ်ထားသော်လည်း မမျှော်လင့်ဘဲ သန်မာလှသော အမျိုးသား လေးဦး ရောက်ရှိလာခဲ့ခြင်း ပင်။
ဖြစ်နိုင်သည်မှာ သူတို့သည် အမျိုးသမီး အနည်းငယ်ကို ကိုင်တွယ်ရန်အတွက် လေးဦး ဆိုလျှင် လုံလောက်ပြီဟု ယူဆထားကြပုံ ရပေသည်။ သို့သော်လည်း သူတို့ ရောက်ရှိလာချိန်တွင်မူ ကြိုတင် ပြင်ဆင်ထားသော ဆိုင်ရှင်လော်ကို မြင်တွေ့လိုက်ရသဖြင့် အနည်းငယ် ကြောင်အသွားကြရ၏။ သို့သော်လည်း သူတို့သည် အလျင်အမြန်ပင် ပြန်လည် တည်ငြိမ်သွားကြပြီး မိမိတို့ဘက်မှ အသာစီး ရနေဆဲဟု ယူဆလိုက်ကြလေသည်။
“တို့ မေမေကို အလုပ် ဆက်မပေးချင်တဲ့အပြင်... အနိုင်ကျင့်နေတာဆို ဟုတ်ရဲ့လား...”
ကျောက်မိသားစုမှ သားအကြီးဆုံး ဖြစ်သူက အရပ်မြင့်မြင့် ကိုယ်လုံးကြီးကြီးဖြင့် လျူရှောင်ရူအား မေးမြန်းလိုက်လေသည်။ လျူရှောင်ရူသည်လည်း လက်ထဲတွင် တံမြက်စည်းကို ကိုင်ထားလျက် ထိုသူတို့အား မကြောက်မရွံ့ဘဲ အကျိုးအကြောင်းများကို ထပ်မံ ပြောပြလိုက်၏။ သို့သော်လည်း ကျောက်မိသားစုဝင်များသာ အကျိုးအကြောင်း သိတတ်သူများ ဆိုလျှင်မူ ဤမျှအထိ မျက်နှာပြောင်တိုက်ကာ ပြဿနာ လာရှာကြမည် မဟုတ်ပေ။
ခေတ္တအတွင်းမှာပင် နှစ်ဦးနှစ်ဖက်မှာ ရန်ဖြစ်တော့မည့် ပုံစံမျိုး ဖြစ်လာသဖြင့် ဆိုင်ရှင်လော်က အလျင်အမြန်ပင် တားမြစ်လိုက်ရလေသည်။
“ကဲ... စိတ်အေးအေး ထားကြပါဦး... တို့တွေက ပိုက်ဆံ ရှာနေကြတဲ့သူတွေပဲလေ... ပြောစရာ ရှိရင်လည်း ကောင်းကောင်းမွန်မွန် ပြောကြတာပေါ့လေ...”
ဆိုင်ရှင်လော်က ပြုံးလျက် ပြောဆိုလိုက်သည်။
ကျောက်မိသားစုမှအကြီးဆုံးသားကမူ ချက်ချင်း လက်မပါသေးဘဲ ပြောလိုက်လေသည်။
“တို့တွေက မြို့တော်သားတွေလေ... နင်တို့လို တခြားမြို့က လာတဲ့သူတွေက တို့တွေကို အနိုင်ကျင့်ချင်နေတာလား... တို့တွေသာ ရုံးတော်ကို သွားတိုင်မယ် ဆိုရင်တော့... ညည်းတို့လည်း ဒုက္ခရောက်ကုန်မှာပေါ့နော်...”
သို့သော်လည်း လျူရှောင်ရူကမူ ပြောလိုက်၏။
“ဒီလူတွေက ပိုက်ဆံကို အတင်း ညှစ်ယူချင်နေတာလေ... သူတို့နဲ့ စကားပြောနေတာ အပိုပါပဲလေ... ချချင်ရင်လည်း ချလိုက်ပေါ့... ကျွန်မကတော့ မကြောက်ပါဘူးနော်...”
ဆိုင်ရှင်လော်သည် လျူရှောင်ရူအား အံ့သြစွာ လှမ်းကြည့်လိုက်ပြီးနောက် တိုးတိုးလေး ပြောလိုက်လေသည်။
“စိတ်မလှုပ်ရှားပါနဲ့ဦး... တို့လူတွေ လာတဲ့အခြေအနေကို ခဏလောက် စောင့်ပါဦးနော်...”
လျူရှောင်ရူကမူ မျက်နှာကို လွှဲထားလိုက်၏။ ဆိုင်ရှင်လော်က ထပ်ပြောလိုက်ပြန်သည်။
“နျိုနျိုလေးလည်း ဒီမှာ ရှိနေတာလေ... အကယ်၍သာ မျက်စိမပါတဲ့သူတွေနဲ့ တွေ့လို့ ကလေးကို ဒဏ်ရာရအောင် လုပ်မိရင် ဘယ်လိုလုပ်မလဲ...”
လျူရှောင်ရူလည်း ထိုအခါမှ စကားကို ရပ်လိုက်ပြီး ဆိုင်ရှင်လော်အား ရှေ့ထွက် ဆွေးနွေးခွင့် ပေးလိုက်လေတော့သည်။ ခေတ္တမျှ ကြာပြီးနောက်တွင်မူ လမ်းကြားအတွင်းမှ ခြေသံများစွာ ထွက်ပေါ်လာခဲ့ချေပြီ။ လူအုပ်ကြီးကို မြင်လိုက်ရသည်နှင့် ကျောက်မိသားစုဝင်များမှာမူ ကြောင်အသွားကြရလေသည်။
ဆိုင်ရှင်လော်သည် ရောက်လာသော သူများကို မြင်လိုက်ရသည်နှင့် ယုံကြည်မှုများ ပေါ်ထွက်လာပြီး ကျောက်မိသားစုမှ အကြီးဆုံးသားကို ဘေးသို့ ဆွဲခေါ်ကာ တိုးတိုးလေး ပြောလိုက်လေသည်။
“မင်းရဲ့ အမေက ဘယ်လို လူမျိုးလဲ ဆိုတာကိုတော့... ငါ့ထက် မင်း ပိုသိမှာပါနော်...”
ကျောက်မိသားစုမှအကြီးဆုံးသားသည် မိမိ၏ မိခင်မှာ အလုပ်လုပ်ရာတွင် ပျင်းရိတတ်မှန်း သိရှိသော်လည်း ဤမျှ ကောင်းမွန်လှသော အလုပ်ကိုမူ လက်မလွှတ်နိုင်ဘဲ ရှိနေဆဲ ဖြစ်ချေသည်။
“ကျွန်တော့် မေမေက အလုပ်ကို ကြိုးစားတာပါလေ...”
သူ ထိုသို့ ပြောဆိုနေစဉ်မှာပင် ဆိုင်ရှင်လော်က ဖြတ်ပြောလိုက်လေသည်။
“ဒီလိုမျိုး အဓိပ္ပာယ် မရှိတာတွေကို မပြောပါနဲ့တော့... မင်းတို့ ကျောက်မိသားစုဝင်တွေ ရဲ့ အကြောင်းကို ငါ ကောင်းကောင်း သိပါတယ်လေ... ဒီမှာက ငါ့လူတွေ ပိုများနေတာနော်... မင်းက တကယ်ပဲ ငါနဲ့ ယှဉ်ချင်နေတာလား... အလွန်ဆုံး ရှိလှရင် ငါ့ရဲ့ ရှန်းယွဲ့အဆောင်ကို ခေတ္တ ပိတ်ထားလိုက်ပြီးတော့... ငါ့လူတွေ အကုန်လုံးကို ဒီမှာပဲ မင်းနဲ့ အပြိုင် စောင့်ခိုင်းထားလိုက်မှာပေါ့လေ...”
“ဒါပေမဲ့ မင်းတို့ တကယ်ပဲ ရုံးတော်အထိ တိုင်မယ် ဆိုရင်တော့... မင်းတို့ အမေ ရထားတဲ့ ပိုက်ဆံတွေကိုလည်း ငါတို့က ပြန်တောင်းရမှာပေါ့လေ... မင်းတို့ ညီအစ်ကိုတွေလည်း နောင်ကျရင် အပြင်မှာ အလုပ်ရှာဖို့ ဆိုတာ လုံးဝ စဉ်းစားမနေနဲ့တော့... မင်းတို့ တကယ်ပဲ ဆက်ပြီး ပြဿနာ ရှာချင်နေသေးတာလား...”
အကယ်၍ ဆိုင်ရှင်လော်က ထိုစကားကို အစကတည်းက ပြောခဲ့လျှင်မူ ကျောက်မိသားစုဝင်များမှာ နားထောင်ကြလိမ့်မည် မဟုတ်ပေ။ သို့သော်လည်း ယခုအခါတွင်မူ အစေခံ များစွာ ရောက်ရှိနေပြီ ဖြစ်ရာ သူတို့ လေးဦးမှာ မည်သို့မျှ မယှဉ်နိုင်မှန်း သိသာနေသည်။
“ကျွန်တော့် မေမေလည်း ဒဏ်ရာ ရခဲ့တာလေ... ဒီအတိုင်းတော့ အဆုံးရှုံးခံလို့ မရပါဘူးနော်...”
ကျောက်မိသားစုမှ အကြီးဆုံးသားက ခေါင်းမာဟန်ဖြင့် ပြောဆိုလိုက်လေသည်။
ဆိုင်ရှင်လော်ကလည်း ပြတ်သားစွာပင် ပြောလိုက်၏။
“မင်း အမေက ပျင်းနေတာတောင် ပိုက်ဆံရသွားတာလေ... ဒဏ်ရာက ဘယ်မှာ ရလို့လဲ... တို့ ဆိုင်ရှင်လျူကသာ မင်းတို့ရဲ့ အနိုင်ကျင့်တာကို ခံရတာလေ... မင်းတို့က စကားကို နားမလည်ကြဘူး ဆိုရင်တော့... ချကြတာပေါ့လေ...”
ထိုသို့ ပြောပြီးနောက်တွင်မူ ဆိုင်ရှင်လော်သည် သူ၏ လူများကို အချက်ပြရန် ပြင်လိုက်လေသည်။ သူ တကယ်ပဲ လုပ်တော့မည်ကို မြင်သောအခါ တစ်ဖက်လူမှာမူ အလျင်အမြန်ပင် တောင်းပန်လိုက်လေတော့သည်။
“မလုပ်ပါနဲ့ဦး... ကောင်းကောင်းမွန်မွန် ပြောကြတာပေါ့လေ... ကျွန်တော် အဲ့ဒီလို ဆိုလိုတာ မဟုတ်ပါဘူး..”
ဆိုင်ရှင်လော်က သူ့အား အေးစက်သော မျက်နှာထားဖြင့် ကြည့်နေတော့၏။ ကျောက်မိသားစုမှအကြီးဆုံးသားမှာမူ အရင်က ခက်ထန်ခဲ့သမျှ ပျောက်ကွယ်သွားရပြီး တဖက်လူတွင် လူအင်အား များပြားနေသဖြင့် ထပ်မံ၍ အကျပ်မကိုင်ရဲတော့ပေ။ သူသည် ခေါင်းညိတ်ပြကာ ဆိုင်ရှင်လော်အား ပြောလိုက်လေသည်။
“ကျွန်တော် အခုပဲ လူတွေကို ပြန်ခေါ်သွားပါ့မယ်လေ...”
လူတိုင်း ထွက်ခွာသွားချိန်တွင်မှ ဆိုင်ရှင်လော်က လက်ဝှေ့ယမ်းကာ ရှန်းယွဲ့အဆောင်မှ လူများကိုပါ ပြန်လွှတ်လိုက်လေသည်။ သူသည် အလုပ်ရုံအတွင်းသို့ ဝင်လာပြီးနောက် လျူရှောင်ရူအား ပြောလိုက်၏။
“ဒီ အလုပ်ရုံ အတွက် ဆိုရင်တော့... လူအချို့ကို ဝယ်ယူထားတာမျိုးပဲဖြစ်ဖြစ်၊ ဒါမှမဟုတ်ရင်လည်း အဝေးက လူတွေကိုပဲ ငှားတာမျိုး ဖြစ်ဖြစ် လုပ်သင့်တယ်လေ... အနီးအနားက လူတွေကို ငှားမယ် ဆိုရင်တော့... သူတို့ရဲ့ နောက်ခံကို သေသေချာချာ သိထားဖို့ လိုတာပေါ့...”
လျူရှောင်ရူကမူ စကားမပြောဘဲ ငြိမ်သက်နေတော့၏။ ဆိုင်ရှင်လော်သည် ထိုအခါမှသာ တစ်ခုခု ထူးဆန်းနေမှန်း သတိပြုမိလိုက်ပြီး မေးမြန်းလိုက်လေသည်။
“ကိုယ် ဘယ်နေရာမှာများ အမှားလုပ်မိလို့လဲ...”
“ဘာမှ မဟုတ်ပါဘူးလေ... တို့တွေက ပူးပေါင်းဆောင်ရွက်နေတဲ့ သူတွေပဲ မဟုတ်လား... အဲ့ဒီအတွက်နဲ့များ ကျွန်မကို အပြစ်တင်ချင်နေတာလား...”
လျူရှောင်ရူက ပြန်လည် မေးမြန်းလိုက်သည်။
ဆိုင်ရှင်လော်သည် ထို တည့်တိုးဆန်လှသော စကားများကို ကြားရသောအခါ ဘာကြောင့်မှန်း မသိသော်လည်း စိတ်ဆိုးမာန်ဆိုးဖြင့်ပင် မေးလိုက်မိ၏။
“မင်းမှာကော ကိုယ့်အပေါ် ဘာတွေများ မကျေနပ်တာ ရှိလို့လဲ... တိုက်ရိုက်ပဲ ပြောစမ်းပါဦး... တို့တွေရဲ့ သံယောဇဉ်အရ ဆိုရင်ရော ထုတ်ပြောလို့ မရဘူးလား...”
လျူရှောင်ရူက မကျေမနပ်ဖြင့် ပြောလိုက်၏။
“ကျွန်မတို့ကြားမှာ ဘာတွေများ ပတ်သက်မှု ရှိနေလို့လဲ... ဘာမှ မရှိပါဘူးနော်...”
ဆိုင်ရှင်လော်မှာမူ ခဏတာ ဆွံ့အသွားရရှာ၏။ နျိုနျိုသည် ဘေးတွင် ရပ်နေရင်း ထိုနှစ်ဦးအား ခေါင်းလေးစောင်းကာ လှည့်ပတ် ကြည့်ရှုနေမိတော့၏။ ကလေးမလေးသည် ထိုနှစ်ဦးကြားမှ အငွေ့အသက်မှာ အလွန်ပင် ထူးဆန်းနေသည်ဟု တွေးတောနေမိလေတော့သည်။