အခန်း (၁၃၁-၁၃၂)
Vol. 14 Ch. 131-132
အခန်း ၁၃၁ မိခင်ဖြစ်သူ ထွက်ခွာခြင်း
စိတ်ပိုင်းဆိုင်ရာ ကြိုတင်ပြင်ဆင်ထားသော်လည်း နန်ကုန်းယွီသည် မိခင်၏စကားကို ကြားချိန်၌ အနည်းငယ် စိတ်ပျက်ဝမ်းနည်းသွား၏။
နန်ကုန်းယွီက မိခင်ဖြစ်သူကို တင်းကြပ်စွာ ဖက်တွယ်ထားဆဲဖြစ်ပြီး သူ၏အသံသည် အနည်းငယ် စိုးရိမ်ပူပန်နေသည်။
"အမေ... ဘယ်သွားမလို့လဲ..."
ရှန်ကွမ်ယွဲ့ရှီး၏ မျက်လုံးများ အနည်းငယ် နီရဲနေပြီး သူမက ပြောဆိုလိုက်သည်။
"အမေတို့ရဲ့ ကျင့်ကြံမှုက ဝိညာဉ်အရှင်မြတ် အလယ်အလတ်အဆင့်မှာ ဖိနှိပ်ခံထားရတာ အချိန်အတိုင်းအတာတစ်ခုရှိပြီ... သားရဲ့ အဖွားနဲ့ တခြားသူတွေက အမေတို့ကို မြောက်ပိုင်းတပ်နဲ့အတူ မြင့်မြတ်နယ်မြေကို အရင်သွားစေချင်နေကြတယ်..."
"ပထမအချက်က သားရဲ့ ကျင့်ကြံမှု ဆက်ပြီးတိုးတက်နိုင်ဖို့ပဲ... ဒုတိယအချက်က အခြေအနေတွေ တည်ငြိမ်သွားပြီး သား လုံခြုံတဲ့ ပတ်ဝန်းကျင်တစ်ခုမှာ ရှိနေချိန်အထိ စောင့်ပြီးမှ မြင့်မြတ်နယ်မြေကို သွားစေချင်တာ..."
"မသွားဘဲ နေလို့မရဘူးလား..." နန်ကုန်းယွီက မေးမြန်းလိုက်ရာ သူ၏အသံတွင် တွန့်ဆုတ်နေမှုများ ပြည့်နှက်နေပေသည်။
ရှန်ကွမ်ယွဲ့ရှီးက နန်ကုန်းယွီကို တွန်းဖယ်လိုက်ပြီး သူ့အား တည်ကြည်လေးနက်စွာ ကြည့်ရှုကာ ပြောဆိုလိုက်သည်။
"ယွီအာ... ဝိညာဉ်အရှင်မြတ်အဆင့်က သက်တမ်း နှစ်တစ်သောင်းပဲ ရှိတယ်ဆိုတာ သား နားလည်ရမယ်... တကယ်လို့ အမေက သားနဲ့အတူ ထာဝရရှိနေချင်တယ်ဆိုရင် အမေတို့ရဲ့ ကျင့်ကြံမှုကို အကန့်အသတ်မဲ့ သက်တမ်းတစ်ခုရောက်တဲ့အထိ ပိုမြင့်တဲ့အဆင့်ကို တက်လှမ်းရလိမ့်မယ်..."
"ဒါပေမဲ့ ဒါကိုရရှိဖို့ သေမျိုးနယ်ပယ်မှာ မဖြစ်နိုင်ဘူး... တစ်ခုတည်းသော နည်းလမ်းက မြင့်မြတ်နယ်မြေကို သွားဖို့ပဲ..."
ဤစကားကို ကြားချိန်၌ နန်ကုန်းယွီက ကောင်းစွာနားလည်သော်လည်း ခွဲခွာရမည်ကို အနည်းငယ် တွန့်ဆုတ်နေခဲ့သည်။
သူက နားလည်သည့်အလား ခေါင်းညိတ်လိုက်သည်။
"ဒါဆို ယွီအာရော လိုက်ခဲ့လို့ ရမလား..."
ရှန်ကွမ်ယွဲ့ရှီးက ခေါင်းကို အနည်းငယ် ခါယမ်းလိုက်သည်။
"မြင့်မြတ်နယ်မြေက အရာအားလုံးက မသိနိုင်သေးတာမို့ သားက လောလောဆယ် မသွားသင့်သေးဘူး... အမေ့စကားကို နားထောင်ပြီး ဝိညာဉ်အရှင်မြတ် နောက်ပိုင်းအဆင့်ကို မရောက်မချင်း အဆင့်မတက်လှမ်းနဲ့ဦးနော်..."
"သားရဲ့ အဖွားက မြင့်မြတ်နယ်မြေက လာတာ... သူမက အမေတို့ကို အခြေချဖို့ ကူညီပေးလိမ့်မယ်... အမေတို့ လုံးဝ အခြေကျသွားပြီဆိုရင် သားကို အဲ့ဒီကို ခေါ်သွားမယ်... ဟုတ်ပြီလား..."
ဤသည်ကို ကြားချိန်၌ နန်ကုန်းယွီ၏ မျက်လုံးများ အနည်းငယ် မှေးမှိန်သွားပေသည်။
"ဒါဆို အမေတို့ ဘယ်တော့ ထွက်သွားမှာလဲ..."
ရှန်ကွမ်ယွဲ့ရှီးက အနည်းငယ် တုံ့ဆိုင်းသွားပြီးနောက် အတင်းအကျပ် ပြုံးကာ နန်ကုန်းယွီ၏ ခေါင်းကို ပုတ်လိုက်သည်။
"ယွီအာက ကြီးပြင်းလာပြီပဲ... လောလောဆယ်တော့ ခွဲခွာဖို့ သင်ယူရလိမ့်မယ်... အချိန်တို ခွဲခွာရခြင်းက ပိုကောင်းတဲ့ ပြန်လည်ဆုံဆည်းမှုအတွက်ပဲလေ... အမေက ဒီနေ့ ထွက်သွားဖို့ ဆုံးဖြတ်ထားတယ်... လိမ္မာတယ်နော် ယွီအာ..."
ဤစကားကို ကြားလိုက်ရချိန်၌ နန်ကုန်းယွီ အနည်းငယ် အံ့အားသင့်သွားပေသည်။
သူက အနည်းငယ် ခေါင်းညိတ်လိုက်ပြီး မိခင်ဖြစ်သူ၏ ပါးပြင်ကို နမ်းကာ ကုတင်ပေါ်တွင် လှဲလျောင်းလိုက်သည်။
"ယွီအာ... တစ်ရေးလောက် အိပ်လိုက်ဦး... အမေ သားကို အကြာကြီး စောင့်ခိုင်းမှာ မဟုတ်ဘူး... ဟုတ်ပြီလား..."
ထိုသို့ပြောပြီးနောက် သူက မိမိကိုယ်ကို အတင်းအကျပ် အိပ်ပျော်စေလိုက်သည်။
ဤသည်ကို မြင်ချိန်၌ ရှန်ကွမ်ယွဲ့ရှီးက မျက်ရည်များ ကျဆင်းလာခဲ့သည်။
"စိတ်မပူပါနဲ့ ယွီအာ... အမေ သားကို အကြာကြီး စောင့်ခိုင်းမှာ မဟုတ်ပါဘူး..."
သူမက ခေါင်းငုံ့ကာ နန်ကုန်းယွီအား နမ်းရှုံ့လိုက်ပြီးနောက် ဆုံးဖြတ်ချက်ချထားသည့်အလား ပြတ်သားစွာ လှည့်ထွက်သွားခဲ့သည်။
အခန်းထဲမှ ထွက်လာချိန်၌ ရှန်ကွမ်ယွဲ့ရှီးသည် ချင်းလင်နှင့် စူးရှင်းမုန်းတို့ကို ကြည့်ကာ လေးနက်သောအသံဖြင့် ပြောဆိုလိုက်သည်။
"ချင်းလင်... ရှင်းမုန်း... သခင်လေးကို သေချာ ဂရုစိုက်ကြနော်..."
"နားလည်ပါပြီ..."
သူတို့နှစ်ဦးက ခေါင်းညိတ်လိုက်ကြသည်။
နှစ်လေးနှစ် ကုန်လွန်သွားခဲ့ပြီဖြစ်ရာ အခြားသူများသည် စူးရှင်းမုန်းအား နန်ကုန်းယွီ၏ အစေခံမလေးအဖြစ် သတ်မှတ်ထားကြရုံသာမက စူးရှင်းမုန်းကိုယ်တိုင်ကလည်း ထိုသို့ပင် မှတ်ယူထားပေသည်။
ထို့ကြောင့် ရှန်ကွမ်ယွဲ့ရှီး၏ စကားကို ကြားချိန်၌ စူးရှင်းမုန်းက သဘောတူညီစွာ ခေါင်းညိတ်လိုက်သည်။
အမှန်တကယ်တော့ လွန်ခဲ့သော သုံးနှစ်ကျော်က စူးရှင်းမုန်းသည် ချင်းလင်၏ အပြောင်းအလဲများကို သတိပြုမိခဲ့ပြီး တာအိုအခွင့်အရေးက သူမ၏ ဘေးနားတွင်ပင် ရှိနေကြောင်း သိရှိသွားခြင်းကြောင့်လည်း ဖြစ်ပေသည်။
လွန်ခဲ့သော သုံးနှစ်က စူးရှင်းမုန်းသည် နန်ကုန်းယွီ၏ အစေခံမလေးအဖြစ် နေထိုင်ရန် ဆုံးဖြတ်ခဲ့သောနေ့တွင် သူမနှင့် အသင့်တော်ဆုံးဖြစ်သော ကျင့်စဉ်တစ်ခုက သူမ၏ စိတ်ထဲတွင် ချက်ချင်း ပေါ်လာခဲ့သည်။
သူမသည် ဝိညာဉ်စုပ်ယူခြင်းအဆင့်သို့လည်း အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့ပြီး မှော်ကျင့်ကြံသူတစ်ဦးအဖြစ် မကျင့်ကြံနိုင်ခဲ့သော ဆယ့်လေးနှစ်တာ အိပ်မက်ဆိုးကို ချိုးဖျက်နိုင်ခဲ့သည်။
ဤအတွက်ကြောင့် နန်ကုန်းယွီက မည်သို့မျှ မပြောဆိုခဲ့သကဲ့သို့ အခြားမည်သူကမျှ မပြောဆိုခဲ့သော်လည်း သူမက နန်ကုန်းယွီအပေါ် ပို၍ပင် ကျေးဇူးတင်မိခဲ့သည်။
သို့သော် ဤအရာအားလုံးက နက်ရှိုင်းစွာ ဖုံးကွယ်နေသော ထိုကောင်လေး နန်ကုန်းယွီထံမှ မြစ်ဖျားခံလာကြောင်း သူမ သိရှိထားပေသည်။
ရှန်ကွမ်ယွဲ့ရှီးက စကားများများစားစား မပြောတော့ဘဲ ယဲ့ကျင်းလင်ကို ဆင့်ခေါ်ကာ ပြောဆိုလိုက်၏။
"အခုကစပြီး မင်းသားစံအိမ်ရဲ့ ကိစ္စရပ်အားလုံးကို မင်းက ကိုင်တွယ်ဖြေရှင်းရမယ်... ငါ့ကို စိတ်ပျက်အောင် မလုပ်နဲ့..."
"ဒီအစေခံက အမိန့်အတိုင်း နာခံပါ့မယ်..."
ယဲ့ကျင်းလင်က ခေါင်းညိတ်လိုက်သည်။
"ဒီအစေခံက တာဝန်ကျေပွန်စွာနဲ့ ကျန်းပေ့မင်းသားစံအိမ်ကို သေချာစီမံခန့်ခွဲပြီး အရှင်မရဲ့ မျှော်လင့်ချက်တွေကို ဖြည့်ဆည်းပေးပါ့မယ်..."
လွန်ခဲ့သော တစ်နှစ်ကျော်ကတည်းက ဒေါ် လေးရှန်သည် သူမအား အချို့သော တာဝန်များကို စတင်လွှဲအပ်ခဲ့ပြီး လွန်ခဲ့သော သုံးရက်က မင်းသားစံအိမ်၏ အိမ်တော်ထိန်းချုပ် ရာထူးနှင့် အာဏာသည်လည်း သူမ၏ လက်ထဲသို့ ကျရောက်လာခဲ့ပေသည်။
မင်းသားစံအိမ်တွင် သူမ နေထိုင်ခဲ့သော ခုနစ်နှစ်ကျော် ကာလအတွင်း သူမ၏ ကျင့်ကြံမှုအဆင့်သည်လည်း နတ်ဘုရားပေါင်းစည်းခြင်းအဆင့် နောက်ပိုင်းအဆင့်သို့ ရောက်ရှိလာခဲ့ရာ ကျန်းပေ့မင်းသားနှင့် ရှန်ကွမ်ယွဲ့ရှီးတို့ကို ကျေးဇူးမတင်ဘူးဆိုလျှင် လိမ်ညာရာ ကျပေလိမ့်မည်။
ရှန်ကွမ်ယွဲ့ရှီးက အနည်းငယ် ခေါင်းညိတ်လိုက်ပြီး ညွှန်ကြားချက် အနည်းငယ် ထပ်မံပေးကာ ဒေါ် လေးရှန်နှင့်အတူ ထွက်ခွာသွားခဲ့သည်။
နန်းတော်အတွင်း၌ ကျီကျစ်ယွီနှင့် ရွှမ်ယွမ်လင်ယွင်တို့က စောင့်ဆိုင်းနေကြပြီဖြစ်သည်။
ရှန်ကွမ်ယွဲ့ရှီး ရောက်လာသည်ကို မြင်ချိန်၌ ရွှမ်ယွမ်လင်ယွင်က မေးမြန်းလိုက်သည်။
"ယွီအာက ဘယ်လိုနေလဲ..."
ရှန်ကွမ်ယွဲ့ရှီးက ခေါင်းကို အနည်းငယ် ခါယမ်းလိုက်သည်။
"အတော်လေး တည်ငြိမ်ပါတယ်... ဒါပေမဲ့ ခဏလောက်တော့ စိတ်မကောင်းဖြစ်နေလိမ့်မယ်လို့ ထင်တယ်..."
ဤသည်ကို ကြားချိန်၌ အခြားသူများက ခေါင်းယမ်းလိုက်ကြသည်။
"သူလည်း ဒီလိုကိစ္စမျိုးကို သင်ယူသင့်တယ်လေ..."
ရှန်ကွမ်ယွဲ့ရှီးက အနည်းငယ် ခေါင်းညိတ်လိုက်ပြီး နန်ကုန်းအောက်ထျန်းကို ကြည့်ကာ ပြောဆိုလိုက်သည်။
"အစ်ကိုတော်... အစ်ကိုတော်က လောလောဆယ် အဲ့ဒီကို သွားမှာမဟုတ်တဲ့အတွက် ယွီအာကို သေချာ ဂရုစိုက်ပေးပါနော်..."
"ဒါက ငါလုပ်သင့်တဲ့ ကိစ္စပါ..." နန်ကုန်းအောက်ထျန်းက ခေါင်းညိတ်လိုက်၏။
ကျီကျစ်ယွီက ရှန်ကွမ်ယွဲ့ရှီးကို ကြည့်လိုက်သည်။
"ယွဲ့ရှီး... ကျန်းပေ့တပ်က..."
"အမေ... သမီး စစ်သူကြီး နန်ကုန်းဝမ်ရှင်းနဲ့ တခြားနှစ်ယောက်ကို အကြောင်းကြားပြီးပါပြီ... ကျန်းပေ့တပ်ကို ဖူကွမ်းမြို့ အပြင်ဘက်မှာ စောင့်နေဖို့ ခိုင်းထားတယ်... သမီးတို့ တိုက်ရိုက် သွားလို့ရပြီ..."
ဤနေရာတွင် ရှန်ကွမ်ယွဲ့ရှီးက နန်ကုန်းအောက်ထျန်းဘက်သို့ လှည့်ကာ မေးမြန်းလိုက်၏။
"အစ်ကိုကြီး... ကျန်းပေ့တပ် ထွက်သွားတဲ့ သတင်းကို မဖြန့်ဘဲ နေပေးလို့ရမလား..."
"ကောင်းပြီ ."
နန်ကုန်းအောက်ထျန်းက ခေါင်းညိတ်လိုက်သည်။ သူက ရှန်ကွမ်ယွဲ့ရှီး၏ စိုးရိမ်ပူပန်မှုများကို သဘာဝကျကျ သိရှိထားသဖြင့် ငြင်းဆန်ခဲ့ခြင်း မရှိခဲ့ပေ။
သို့သော် ရှန်ကွမ်ယွဲ့ရှီးက အရေးကြီးသော သတင်းအချက်အလက် တစ်ခုကို ဖုံးကွယ်ထားခဲ့ကြောင်း သူ မသိရှိခဲ့ချေ။
နန်ကုန်းယွီသည် အပေါ်ယံမြင်ရသကဲ့သို့ အမြုတေဖွဲ့စည်းခြင်း အစောပိုင်းအဆင့် မဟုတ်ဘဲ ဝိညာဉ်အရှင်မြတ် အလယ်အလတ်အဆင့်ပင် ဖြစ်ပေသည်။
ရှန်ကွမ်ယွဲ့ရှီးက ဤအကြောင်းကို အခြားမည်သူ့ကိုမျှ ပြောပြမည်မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် ဤသည်မှာ နန်ကုန်းယွီ၏ ဝှက်ဖဲချပ်များထဲမှ တစ်ခု ဖြစ်သောကြောင့်ပင်ဖြစ်သည်။
စကားများများစားစား မပြောတော့ဘဲ ကျီကျစ်ယွီနှင့် အခြားသူများက ထွက်ခွာသွားကြသည်။
ရှန်ကွမ်ယွဲ့ရှီးနှင့် ဒေါ် လေးရှန်၊ ကျီကျစ်ယွီနှင့် ချင်းကျူ၊ ရွှမ်ယွမ်လင်ယွင်နှင့် ဟန်လီယန်စသည့် လူခြောက်ဦးပါဝင်သော အဖွဲ့သည် တိတ်ဆိတ်စွာ ထွက်ခွာသွားကြသည်။
ရှန်ကွမ်ဖေးဟုန်မှာမူ လွန်ခဲ့သော နှစ်နှစ်ကတည်းက မြင့်မြတ်နယ်မြေသို့ သွားရန် မစောင့်ဆိုင်းနိုင်ခဲ့သဖြင့် ယခုအခါ မည်သည့်နေရာတွင် ရောက်ရှိနေမှန်းပင် မသိရချေ။
ထိုနေ့တွင် ရှန်ကွမ်ယွဲ့ရှီးနှင့် အခြားသူများသည် ကျန်းပေ့စစ်တပ် နှင့်အတူ တိတ်ဆိတ်စွာ အဆင့်တက်လှမ်းခဲ့ကြသည်။ ဝိညာဉ်အရှင်မြတ် နောက်ပိုင်းအဆင့်များက မြင့်မြတ်နယ်မြေသို့ တိတ်တဆိတ် ထွက်ခွာသွားခဲ့ကြပေသည်။
သို့ရာတွင် ပြင်ပလောကအတွက်မူ နန်ကုန်းအောက်ထျန်းက ထိုအဖွဲ့သည် တံခါးပိတ်ကျင့်ကြံနေကြောင်း ပြောဆိုကာ ဤအချက်ကို ဖုံးကွယ်ထားခဲ့သည်။
...
ရှန်ကွမ်ယွဲ့ရှီးသည် ကျန်းပေ့မင်းသားစံအိမ်မှ ထွက်ခွာသွားသည့် အခိုက်အတန့်တွင် နန်ကုန်းယွီက နိုးထလာခဲ့သည်။
သူက ဖြည်းညင်းစွာ သက်ပြင်းချလိုက်ပြီး မေးမြန်းလိုက်သည်။
"ရှဲဒိုးရွှမ်၊ ရှဲဒိုးမင်၊ ရှဲဒိုးဟွမ် နဲ့ ရှဲဒိုးမော့တို့ ဘယ်မှာလဲ..."
"ဒီငယ်သားတို့ ရှိပါတယ်..."
နန်ကုန်းယွီက သူတို့ကို တစ်ချက်ကြည့်လိုက်၏။ သူက ဝိညာဉ်ဧကရာဇ် အလယ်အလတ်အဆင့်သို့ တက်လှမ်းပြီးဖြစ်သော်လည်း တပ်မှူးအဆင့် နတ်ဘုရားအရိပ်တမန်တော်များ၏ ကျင့်ကြံမှုအဆင့်က အုပ်စိုးသူအဆင့် အစောပိုင်းအဆင့်တွင်သာ ရှိနေဆဲဖြစ်သည်။
၎င်းတို့၏ စွမ်းအားက ဤအဆင့်တွင်သာ ကန့်သတ်ခံထားရသလား သို့မဟုတ် တစ်စုံတစ်ရာသော အတားအဆီးတစ်ခုခု ရှိနေသလား ဆိုသည်မှာ မသေချာလှချေ။
ကံကောင်းစွာဖြင့် ယခုအခါ သူက တပ်မှူးအဆင့် နတ်ဘုရားအရိပ်တမန်တော် နှစ်ဦး၊ ထျန်းကန်းစစ်သူကြီးအဆင့် နတ်ဘုရားအရိပ်တမန်တော် ခြောက်ဦးနှင့် တိရှားစစ်သူကြီးအဆင့် နတ်ဘုရားအရိပ်တမန်တော် ဆယ့်နှစ်ဦးတို့ကို ဆင့်ခေါ်ထားပြီးဖြစ်သည်။
ယခုအခါ စစ်သည် လေးဆယ့်ငါးဦးစလုံးသည် အဓိပတိသူတော်စင်အဆင့် အလယ်အလတ်အဆင့်တွင် ရှိနေကြပေပြီ။
ထို့ပြင် နတ်ဘုရားအရိပ်တပ်စု ခုနစ်ရာလည်း ရှိနေသေးရာ စုစုပေါင်း တပ်စု ရှစ်ရာဖြစ်ပြီး သူတော်စင်တစ်ပိုင်း ရှစ်ရာနှင့် ဝိညာဉ်ဧကရာဇ် ရှစ်သောင်းနီးပါး ရှိနေသည်ဟု ဆိုလိုပေသည်။
ဤစွမ်းအားဖြင့်ဆိုလျှင် သူက မည်သူ့ကိုမျှ ကြောက်ရွံ့ပေ။
ကောင်းကင်ဘုံမှလွဲ၍ပေါ့။
နန်ကုန်းယွီက သူတို့လေးဦးကို တစ်ချက်ကြည့်လိုက်ပြီးနောက် အေးဆေးတည်ငြိမ်စွာ ပြောဆိုလိုက်သည်။
"ထျန်းကန်း၊ တိရှားခေါင်းဆောင်နဲ့ တိရှားတို့ကို နတ်ဘုရားအရိပ်တပ်စု တစ်ရာနဲ့အတူ ချန်ခဲ့... မင်းတို့လေးယောက်က ကျန်တဲ့သူတွေကို မြင့်မြတ်နယ်မြေကို ခေါ်သွား..."
"နားလည်ပါပြီ..."
သူတို့လေးဦးက သဘောတူညီစွာ ခေါင်းညိတ်လိုက်ကြသော်လည်း နန်ကုန်းယွီက သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်။
"နေဦး... ငါ စကားပြောလို့ မပြီးသေးဘူး..."
အခန်း ၁၃၂ ။ ကံကြမ္မာက အတော်လေး ရက်စက်လှပေတယ်
ရှဲဒိုးရွှမ်တို့ လေးဦးသည် တိတ်ဆိတ်စွာနေပြီး နန်ကုန်းယွီ ဆက်ပြောမည့်အရာကို စောင့်ဆိုင်းနေကြသည်။
နန်ကုန်းယွီက တစ်ခဏမျှ စဉ်းစားလိုက်ပြီးနောက် တိုက်ရိုက်ပင် ပြောဆိုလိုက်၏။
"ရှဲဒိုးရွှမ်... ရှဲဒိုးမင်... မင်းတို့နှစ်ယောက်က ငါ့အမေနဲ့ ကျန်တဲ့ ခြောက်ယောက်ကို ကာကွယ်ဖို့ တာဝန်ယူရမယ်... သူတို့ကို သေဆုံးတာမျိုး ဒါမှမဟုတ် ဒဏ်ရာအပြင်းအထန် ရတာမျိုး အဖြစ်မခံနဲ့..."
ဤနေရာတွင် နန်ကုန်းယွီက တစ်ခဏမျှ တုံ့ဆိုင်းသွားပြီးနောက် ထပ်လောင်းပြောဆိုလိုက်သည်။
"အနိုင်ကျင့်ခံရတာ ဒါမှမဟုတ် အရှက်ခွဲခံရတာကိုတောင် လုံးဝ အဖြစ်မခံနိုင်ဘူး..."
"နားလည်ပါပြီ..."
ရှဲဒိုးရွှမ်နှင့် အခြားတစ်ဦးက ခေါင်းညိတ်လိုက်ကြသည်။
နန်ကုန်းယွီက ဆက်ပြောသည်။
"ရှဲဒိုးဟွမ်၊ ရှဲဒိုးမော့... မင်းတို့နှစ်ယောက်က လူတွေကို ဦးဆောင်ပြီး မြင့်မြတ်နယ်မြေမှာ ဝိညာဉ်ကျောက်တုံးတွေနဲ့ သန့်စင် ဝိညာဉ်ကျောက်တုံးတွေကို တရားဝင်နည်းလမ်းနဲ့ ရယူပါ... ထျန်းကန်းခေါင်းဆောင်ကို အဖွဲ့ငယ်တစ်ခု ဦးဆောင်ခိုင်းပြီး ကျန်းပေ့စစ်တပ်နဲ့ ဆက်ပြီး ဆက်သွယ်ခိုင်းထား..."
"နားလည်ပါပြီ..."
ရှဲဒိုးဟွမ်တို့ နှစ်ဦးက ခေါင်းညိတ်လိုက်ကြ၏။
နန်ကုန်းယွီက တစ်ခဏမျှ စဉ်းစားလိုက်ပြီးနောက် စီစဉ်စရာ ဘာမှမရှိတော့သည်ကို သတိပြုမိကာ လက်ကို ဝှေ့ယမ်းလိုက်သည်။
"သွားတော့..."
သူ စကားပြောပြီးသည်နှင့် သူတို့လေးဦးသည် မည်သည့်အခါကမျှ မရှိခဲ့ဖူးသည့်အလား ခြေရာလက်ရာမကျန် ပျောက်ကွယ်သွားကြပေသည်။
နန်ကုန်းယွီက ထမလာခဲ့ချေ။ သူ၏ စိတ်ဆန္ဒအရ သူ၏ စိတ်ထဲရှိ အချက်အလက်အလင်းဖန်သားပြင်ကို ကြည့်ရှုလိုက်သည်။
အမည် - နန်ကုန်းယွီ
အသက် - ၈ နှစ်
မျိုးနွယ် - လူသားမျိုးနွယ်
ကျင့်စဉ်အဆင့် - ဝိညာဉ်ဧကရာဇ် အလယ်အလတ်အဆင့်
ဝိညာဉ်အမြစ် - မဟာဟင်းလင်းပြင်ဝိညာဉ်အမြစ်
ခန္ဓာကိုယ် - နတ်ဘုရားအရိပ် တာအိုခန္ဓာ၊ တာအိုယန်နတ်ဆိုးမျက်လုံး
ကျင့်စဉ် - မဟာဟင်းလင်းပြင် မူလပြန်လည်ရောက်ရှိခြင်း ကျင့်စဉ်
ဝိညာဉ်မီးတောက် - ဆေးဖိုဖျက်ဆီးခြင်း သန့်စင်သောမီးတောက်
ဝိညာဉ်သိုင်းပညာ - ငုပ်လျှိုနေသော နက်ရှိုင်းမှု၊ ကောင်းကင်နတ်ဘုရား ဓားသိုင်း (ဧကရာဇ်အဆင့်)၊ လျှို့ဝှက်ဆန်းကြယ်ကောင်းကင်၏ ခြေလှမ်းကိုးရပ် (ဧကရာဇ်အဆင့်)၊ ဓားတစ်သောင်း တစ်ခုတည်းသို့ ပေါင်းစည်းခြင်း (ကောင်းကင်အဆင့်)၊ ခြေရာမဲ့ ခြေလှမ်းလှမ်းအက (ကောင်းကင်အဆင့်)၊ အရိပ်လိုက် ခြေကွက် (မြေကြီးအဆင့်)၊ တစ္ဆေအရိပ် ဓားသိုင်း (မြေကြီးအဆင့်)၊ စောင်းတီးခတ် သတ်ဖြတ်ခြင်း (လူသားအဆင့်)
လောကနိယာမ အစပျိုးပုံစံ - အချိန်ဟင်းလင်းပြင်၊ အလင်း၊ အမှောင်၊ အရိပ်၊ ဓား၊ စောင်း၊ သစ်၊ မီး၊ လေ၊ မိုးကြိုး
စွမ်းအင်နယ်ပယ် - ချိန်ဟင်းလင်းပြင်၊ အလင်း၊ အမှောင်၊ အရိပ်၊ ဓား၊ ဓားရှည်၊ လှံ၊ စောင်း၊ သတ္တု၊ သစ်...
ဒုတိယ အသက်မွေးဝမ်းကျောင်းပညာများ - ဆေးဆရာ (ဧကရာဇ်အဆင့်)၊ အဆောင်ပညာရှင် (ဧကရာဇ်အဆင့်)၊ လက်နက်သန့်စင်သူ (ဧကရာဇ်အဆင့်)၊ ဝင်္ကပါပညာရှင် (ဧကရာဇ်အဆင့်)၊ သရုပ်ဆောင် (အထူးအဆင့်)၊ အဆိပ်ပညာရှင် (အဆင့်မြင့်)၊ သမားတော် (အဆင့်မြင့်)၊ ဂီတပညာရှင်...
လက်နက်များ - ဟင်းလင်းပြင်ငှက်မွေး (သူတော်စင်ရတနာ)၊ လရောင်စီးဆင်းမှု ဒိုင်းလွှား (အဆင့်မြင့် ဝိညာဉ်ရတနာ)၊ စစ်ချန် ဓား (အလယ်အလတ်အဆင့် ဝိညာဉ်ရတနာ)၊ ကျောက်စိမ်းဖြူ ယပ်တောင် (အလယ်အလတ်အဆင့် ဝိညာဉ်ရတနာ)၊ မိခင်နှင့်သားဆန်းကြယ်အပ်များ (အနိမ့်ဆုံးအဆင့် ဝိညာဉ်ရတနာ)၊ လမင်းကြည်လင် ဇီတာ (အနိမ့်ဆုံးအဆင့် ဝိညာဉ်ရတနာ)]
[လက်အောက်ငယ်သားများ - ရှဲဒိုးချမ်း၊ ရှဲဒိုးရွှမ်၊ ရှဲဒိုးမင်၊ ရှဲဒိုးဟွမ်၊ ရှဲဒိုးမော့၊ ထျန်းကန်း စစ်သူကြီး ၁၅၊ တိရှား စစ်သူကြီး ၃၀၊ နတ်ဘုရားအရိပ် တပ်စု ၈၀၀]
[ပစ္စည်းများ - နတ်ဘုရား အသိဉာဏ်အလင်းပွင့်ခြင်း နေရာလွတ်၊ ဝိညာဉ်ချုပ်နှောင်ခြင်း ကတ်ပြား၊ သန့်စင်ဝိညာဉ်ခြင်ဆီ ၂ခု၊ အထွတ်အထိပ် ဝိညာဉ်ခြင်ဆီ ၃၆ခု၊ အဆင့်မြင့် ဝိညာဉ်ခြင်ဆီ ၇၀...]
...
လေးနှစ်တာ ကုန်လွန်ပြီးနောက် သူက အချိန်အများစုကို အလဟဿ အချိန်ဖြုန်းနေခဲ့သော်လည်း သူ၏ ကျင့်ကြံမှုသည် ဝိညာဉ်ဧကရာဇ် အလယ်အလတ်အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်ပေသည်။
သူ၏ ကျင့်ကြံမှုအဆင့် တိုးတက်လာသည်နှင့်အမျှ သူ၏ ထူးခြားသော ပါရမီနှင့် ပေါင်းစပ်လိုက်ချိန်၌ သူက အသိဉာဏ်အလင်းပွင့်ခြင်း သဘောတရားများကို စိတ်ကြိုက် အပြည့်အဝ နားလည်သဘောပေါက်နိုင်ပြီး စွမ်းအင်နယ်ပယ်များကို နားလည်သဘောပေါက်ရန်လည်း အလွန်လွယ်ကူပေသည်။
ဝိညာဉ်ဧကရာဇ် နောက်ပိုင်းအဆင့်တွင်သာ နားလည်သဘောပေါက်နိုင်သော လောကနိယာမကိုပင် သူက လောကနိယာမ အစပျိုးပုံစံ ဆယ်ခုအဖြစ် ပေါင်းစည်းနိုင်ခဲ့သည်။
သေချာပေါက် ဤသည်က သူ အသက်ငါးနှစ်အရွယ်တွင် နတ်ဘုရား အသိဉာဏ်အလင်းပွင့်ခြင်း နေရာလွတ်ကို အခမဲ့ ရရှိခဲ့ခြင်းကြောင့်လည်း ဖြစ်ပေသည်။
နတ်ဘုရား အသိဉာဏ်အလင်းပွင့်ခြင်း နေရာလွတ်သည် သူ့အား ဝင်ရောက်ခွင့်ပြုပြီး ကျင့်စဉ်၊ ဝိညာဉ်သိုင်းပညာ၊ သဘောတရား၊ စွမ်းအင်နယ်ပယ်နှင့် လောကနိယာမတို့ကိုပါ နားလည်သဘောပေါက်စေနိုင်ေလသည်။
နတ်ဘုရား အသိဉာဏ်အလင်းပွင့်ခြင်း နေရာလွတ်သို့ ဝင်ရောက်ခြင်းက နားလည်သဘောပေါက်နိုင်စွမ်းကို ဆယ်ဆ တိုးပွားစေပြီး လောကနိယာမ အစပျိုးပုံစံများကို လျင်မြန်စွာ ဆုပ်ကိုင်ပေါင်းစည်းနိုင်ရန် လွယ်ကူစေပေသည်။
ထို့ပြင် နန်ကုန်းယွီ၏ ခန္ဓာကိုယ်နှင့် သိစိတ်ဝိညာဉ်သည် သာမန် ဝိညာဉ်ဧကရာဇ်များ သို့မဟုတ် သူတော်စင်တစ်ပိုင်းများထက်ပင် များစွာ သာလွန်နေသဖြင့် လောကနိယာမ အစပျိုးပုံစံကို ပေါင်းစည်းနိုင်ခြင်းဖြစ်သည်။
နှမြောစရာပင်။
ပဉ္စမမြောက်နှစ်တွင် ဤနတ်ဘုရား အသိဉာဏ်အလင်းပွင့်ခြင်း နေရာလွတ်ကို ရရှိပြီးကတည်းက နောက်ဆက်တွဲ သုံးနှစ်အတွင်း ကောင်းမွန်သည့်အရာ ဘာတစ်ခုမှ မရရှိခဲ့ချေ။
ဝမ်ဖင်ဟယ်ဟွမ် အချစ်ဆေးမှုန့်၊ နတ်သမီး ဇီရွှင်၏ အတွင်းခံနှင့် ဝိညာဉ်ချုပ်နှောင်ခြင်း ကတ်ပြားစသည့် အရာများရရှိသည်က ဒေါသထွက်စရာကောင်းလှသည်။
ထိုသို့ပြော၍လည်း အပြည့်အဝ မမှန်ချေ။ အနည်းဆုံးတော့ ဝိညာဉ်ချုပ်နှောင်ခြင်း ကတ်ပြားက အတိုင်းအတာတစ်ခုအထိ အသုံးဝင်ပေသည်။ ၎င်းက သူ၏အဆင့်ထက် အဆင့်ကြီးသုံးဆင့်ထက် မပိုသောသူများကို အတင်းအကျပ် ချုပ်နှောင်ကာ သူ၏အလိုကျ ခိုင်းစေနိုင်ပေ၏။
ဝိညာဉ်ချုပ်နှောင်ခြင်း ကတ်ပြားဖြင့် ချုပ်နှောင်ခံရသည်နှင့် တစ်ဖက်လူသည် လုံးလုံးလျားလျား နာခံမည်ဖြစ်ပြီး သူ့အပေါ် လုံးဝ သစ္စာရှိသွားမည်ဖြစ်သည်။
ထို့ပြင် ဤဝိညာဉ်ချုပ်နှောင်ခြင်း ကတ်ပြားက အသိဉာဏ်အလင်းပွင့်ခြင်း သဘောတရားအဆင့် ရတနာတစ်ခု ဖြစ်သည်။ နန်ကုန်းယွီ၏ ကျင့်ကြံမှုအဆင့် မည်သို့ပင်ရှိစေကာမူ အဆင့်ကြီးသုံးဆင့်ထက် မပိုသော ဖြစ်တည်မှုများကို သေချာပေါက် ချုပ်နှောင်နိုင်စွမ်း ရှိပေသည်။
သူက တာအိုဝင်ရောက်ခြင်းအဆင့်သို့ ရောက်ရှိချိန်၌ အုပ်စိုးသူအဆင့်ကို ချုပ်နှောင်နိုင်မည်လား ဆိုသည်ကိုတော့ မသေချာသေးပေ
နန်ကုန်းယွီက များများစားစား မတွေးတောတော့ချေ။ အချိန်ဟင်းလင်းပြင်ကုန်သည်အသင်း ရှိနေသဖြင့် သူ၏ ကျင့်ကြံခြင်းက အမှန်တကယ်ပင် များစွာ ရိုးရှင်းလှပေ၏။
"ဟူး..."
နန်ကုန်းယွီက ညစ်ညမ်းသော လေပြင်းတစ်ချက်ကို မှုတ်ထုတ်လိုက်ပြီး သူ၏ သိစိတ်က အချိန်ဟင်းလင်းပြင်ကုန်သည်အသင်းအတွင်းသို့ ဝင်ရောက်သွားသည်။
သို့သော် ထို့နောက် သူက လက်ကို ထပ်မံဝှေ့ယမ်းလိုက်ရာ အခြားအလင်းဖန်သားပြင်တစ်ခု သူ၏ရှေဝင်ရောက်သွားသည်။
အချိန်ဟင်းလင်းပြင်ကုန်သည်အသင်း
အဆင့် - ၅
ချိတ်ဆက်ထားသူ - နန်ကုန်းယွီ
လက်ကျန် အမှတ်များ - ၁၂၄၆၈၉.၂ ဘီလီယံ
စုစုပေါင်းရရှိခဲ့သော အမှတ်များ - ၂,၄၉၉.၆၁၂၅ ဘီလီယံ
မှတ်ချက် - ဤသည်မှာ အမြင့်ဆုံးအဆင့်ဖြစ်သည်။ ဝိညာဉ်ကျောက်တုံးများနှင့် အမှတ်များကို တန်ဖိုးတူ လဲလှယ်နိုင်ပါသည်။
...
လေးနှစ်တာ ကာလအတွင်း နန်ကုန်းယွီသည် ဆေးလုံးများကို ဆယ်ကြိမ်ထက်မက ပြန်လည်ရောင်းချခဲ့သည်။ သူက အချိန်ဟင်းလင်းပြင်ကုန်သည်အသင်းတွင် လုံလောက်သော အမှတ်များကို စုဆောင်းနိုင်ခဲ့ပြီး ဝိညာဉ်ဧကရာဇ်အဆင့်သို့ တက်လှမ်းပြီးနောက် မနေ့ကပင် အချိန်ဟင်းလင်းပြင်ကုန်သည်အသင်း၏ ပဉ္စမမြောက်အဆင့် ပွင့်လာခဲ့ပေသည်။
အချိန်ဟင်းလင်းပြင်ကုန်သည်အသင်းအတွင်းရှိ တာအိုအဆင့် ကျင့်စဉ်များ၊ ဝိညာဉ်သိုင်းပညာများ၊ အဆောင်များနှင့် ဝင်္ကပါများ၊ ဆေးဖက်ဝင်အပင်များနှင့် ပစ္စည်းများအပြင် သူတော်စင်အဆင့် ဝိညာဉ်အမြစ်နှင့် တာအိုခန္ဓာ စသည်တို့အားလုံး သူ့အတွက် ပွင့်လာခဲ့ပြီဖြစ်သည်။
တစ်နည်းဆိုရသော် ရွှမ်လင်တိုက်ကြီးတွင် ပေါ်ထွက်လာသမျှ မည်သည့်အရာကိုမဆို ဤနေရာ၌ ဝယ်ယူနိုင်ပေသည်။
သေချာပေါက် ဤသည်က သူ့ထံတွင် အမှတ်အလုံအလောက်ရှိနေဖို့တော့ လလိုအပ်၏။
ဥပမာအားဖြင့် သန့်စင်ဝိညာဉ်ခြင်ဆီ တစ်ခုအတွက် အမှတ် တစ်ထရီလီယံ လိုအပ်ပြီး ယခုလောလောဆယ် သူ၏ထံတွင် နှစ်ခုသာ ရှိပေသည်။
တာအိုရတနာများနှင့် တာအိုဆေးလုံးများကဲ့သို့ တာအို သဘောတရားများ ပါဝင်သောအရာများ၏ လဲလှယ်မှုတန်ဖိုးသည် ဆယ်ဆမှ အဆတစ်ရာအထိ မြင့်တက်သွားပြီး အားလုံးက အမှတ် ရာချီသော ထရီလီယံများမှ စတင်ပေသည်။
ပစ္စည်းကောင်းများကို လဲလှယ်ရယူလိုပါက ရှေ့ဆက်ရမည့် ခရီးက ရှည်လျားပြီး ကြမ်းတမ်းလှသည်။
သေချာပေါက် သူက ယခုလောလောဆယ် ထိုအရာများကို သိပ်ပြီးမလိုအပ်လှချေ။ တစ်ခုတည်းသော လိုအပ်နိုင်သည့်အရာမှာ သန့်စင်ဝိညာဉ်ခြင်ဆီသာ ဖြစ်သည်။
လက်ရှိ အဆင့်မြင့် ဝိညာဉ်ခြင်ဆီနှင့် အထွတ်အထိပ် ဝိညာဉ်ခြင်ဆီများပင်လျှင် သူ၏ ဖျက်ဆီးခြင်းကို ခံလိုက်ရပုံပေါ်သည်။ ယခင်အသုတ်သည် မဟာဟင်းလင်းပြင် မူလပြန်လည်ရောက်ရှိခြင်း ကျင့်စဉ်ကြောင့် ပြိုကွဲသွားခဲ့သဖြင့် အသုတ်သစ်တစ်ခုနှင့် အစားထိုးလိုက်ရသည်။
ဤအသုတ်က တစ်နှစ်ပင် ခံမည်မထင်ချေ။
သန့်စင်ဝိညာဉ်ခြင်ဆီက အမှန်တကယ်ပင် ကောင်းမွန်စွာ ပြုလုပ်ထားသော်လည်း ကံမကောင်းစွာဖြင့် ၎င်းတို့ကို အစားထိုး၍ မရနိုင်သေးပေ။
ထို့ပြင် အချိန်ဟင်းလင်းပြင်ကုန်သည်အသင်းက ပဉ္စမမြောက်အဆင့်ကို ဖွင့်လှစ်ပြီးနောက် အထူးစွမ်းရည်တစ်ခုကို ရရှိလာခဲ့သည်။
ယင်းက အချိန်ဟင်းလင်းပြင်ကုန်သည်အသင်း ဌာနခွဲပင် ဖြစ်၏။
နန်ကုန်းယွီသည် သတ်မှတ်ထားသောသူတစ်ဦးအတွက် အချိန်ဟင်းလင်းပြင်ကုန်သည်အသင်း ဌာနခွဲတစ်ခုကို ဖွင့်လှစ်ပေးနိုင်ပြီး ထိုသူ မည်သည့်ပစ္စည်းများကို ဝယ်ယူနိုင်သည် သို့မဟုတ် ဝယ်ယူ၍မရနိုင်သည်ကို သတ်မှတ်ပေးနိုင်ပေသည်။
အချိန်ဟင်းလင်းပြင်ကုန်သည်အသင်း ဌာနခွဲသည် ကုန်ပစ္စည်းများ၏ စျေးနှုန်းကို သုံးဆယ်ရာခိုင်နှုန်း တိုးမြှင့်ထားပြီး ကုန်ပစ္စည်းများ ရောင်းချပြီးနောက် နန်ကုန်းယွီက အမှတ်များ၏ သုံးဆယ်ရာခိုင်နှုန်းကို ရရှိမည်ဖြစ်သည်။
ထို့ပြင် နန်ကုန်းယွီ ရောင်းချလိုသော ပစ္စည်းများကိုလည်း အချိန်ဟင်းလင်းပြင်ကုန်သည်အသင်း ဌာနခွဲတွင်ထားရှိကာ အမှတ်များအဖြစ် ရောင်းချနိုင်လေသည်။
အချိန်ဟင်းလင်းပြင်ကုန်သည်အသင်းက ဆယ်ရာခိုင်နှုန်း ယူမည်ဖြစ်ပြီး ကျန်သည်များက နန်ကုန်းယွီ ပိုင်ဆိုင်မည်ဖြစ်၏။
ဤသည်က အလွန်ကောင်းမွန်သော စွမ်းရည်တစ်ခုဖြစ်ပြီး နန်ကုန်းယွီအတွက် အတော်လေး အဆင်ပြေပေသည်။
နန်ကုန်းယွီက ခေါင်းကို အနည်းငယ် ခါယမ်းလိုက်ပြီး တိုးတိတ်စွာ ရေရွတ်လိုက်သည်။
"အချိန်နည်းနည်းကြာရင် အမေ့အတွက် ဌာနခွဲတစ်ခု ဖွင့်ပေးရမယ်... ဒါပေမဲ့ ဆေးလုံး၊ အဆောင်၊ ရတနာ၊ ဝင်္ကပါ နဲ့ ဝိညာဉ်ခြင်ဆီ စတဲ့ ပထမအဆင့်လေးဆင့်ကိုပဲ ဖွင့်ပေးထားမယ်... တခြားဟာတွေကိုတော့ လောလောဆယ် ဖွင့်ပေးစရာ မလိုသေးဘူး..."
"ပြီးတော့ တာအိုဆေးလုံး ဖော်စပ်ဖို့လည်း ကြိုးစားကြည့်လို့ ရနိုင်တယ်... သန့်စင်ဝိညာဉ်ခြင်ဆီ တချို့ရဖို့အတွက် တာအိုရတနာတွေနဲ့ တခြားပစ္စည်းတွေကို ပြန်ရောင်းရမယ်..."
"ထားလိုက်ပါတော့... နောက်နှစ်ရက်လောက်နေမှပဲ ဆက်ပြောကြတာပေါ့..."
နန်ကုန်းယွီက ခေါင်းကို အနည်းငယ် ခါယမ်းလိုက်ပြီး လှည့်ကာ အချိန်ဟင်းလင်းပြင်ကုန်သည်အသင်းထဲမှ ထွက်လာခဲ့သည်။ ထို့နောက် မတ်တတ်ထကာ အခန်းပြင်သို့ ထွက်လာခဲ့သည်။
"သခင်လေး... ချင်းလင် မျက်နှာသစ်ဖို့ ကူညီပေးပါရစေ..."
နန်ကုန်းယွီ ထွက်လာသည်ကို မြင်ချိန်၌ ချင်းလင်၏ မျက်လုံးများ အနည်းငယ် တောက်ပသွားပြီး သူမက ကြိုဆိုရန် အမြန်ရှေ့တိုးလာခဲ့သည်။
"ကျေးဇူးပဲ..." နန်ကုန်းယွီက သိပ်ပြီး တက်ကြွမှု မရှိလှသော်လည်း သူမကို မငြင်းဆန်ခဲ့ချေ။
ခဏအကြာတွင် စူးရှင်းမုန်းက အစားအစာများ ယူဆောင်လာခဲ့၏။
"သခင်လေး... ဒီနေ့ ကြီးကြပ်ရေးရုံးကို သွားမှာလား..."
"မသွားတော့ဘူး"
နန်ကုန်းယွီက အစားအစာကို တစ်လုပ်စားလိုက်ပြီး ပေါ့ပေါ့ပါးပါးပင် ပြောဆိုလိုက်သည်။
သူ၏ရှေ့ရှိ အစားအစာများကို ကြည့်ရင်း သူက တစ်စုံတစ်ခုကို ရုတ်တရက် သတိရသွား၏။ သူ ကြီးလာလျှင် မိခင်ဖြစ်သူအတွက် ဟင်းချက်ကျွေးမည်ဟု ပြောခဲ့ဖူးသော်လည်း ယခု ဆယ်ကျော်သက်အရွယ်သို့ ရောက်လာချိန်၌ မိခင်ဖြစ်သူက သူ့အား ယာယီ ခွဲခွာသွားခဲ့ပြီဖြစ်သည်။
ကံကြမ္မာက အတော်လေး ရက်စက်လှပေ၏။
နန်ကုန်းယွီက ခေါင်းကို အနည်းငယ် ခါယမ်းလိုက်ပြီး များများစားစား မတွေးချင်တော့ချေ။ သူက အနည်းငယ် စားလိုက်သော်လည်း ရုတ်တရက် စားချင်စိတ် ပျောက်ကွယ်သွားသည်။
သူက လက်ကို ဝှေ့ယမ်းလိုက်ပြီး စူးရှင်းမုန်းအား သိမ်းဆည်းသွားရန် အချက်ပြလိုက်သည်။
စူးရှင်းမုန်းက တစ်ခဏမျှ တွန့်ဆုတ်သွားသည်။
"သခင်လေး... တခြားတစ်ခုခု ထပ်မစားတော့ဘူးလား..."
"မစားတော့ဘူး..."
နန်ကုန်းယွီက မတ်တတ်ထလိုက်ပြီး ခြံဝင်းအတွင်း၌ ထိုင်ကာ လမင်းကြည်လင် ဇီတာကို ထုတ်ယူပြီး ပေါင်ပေါ်သို့ တင်လိုက်သည်။
"ချွင်..."
စောင်းကြိုးများကို တီးခတ်လိုက်ရာ သာယာငြိမ့်ညောင်းသော တေးသွားတစ်ပုဒ် ထွက်ပေါ်လာခဲ့သည်။
သို့သော် တေးသွားက ယခင်က ပျော်ရွှင်မှုများကို ဆုံးရှုံးသွားခဲ့ပြီး ၎င်းအစား ညှိုးငယ်မှု၊ ဝမ်းနည်းမှုနှင့် အထီးကျန်မှု အရိပ်အယောင်များက သာယာသော အသံများအတွင်း၌ ရစ်ဝဲနေခဲ့သည်။
တေးဂီတသည် နန်ကုန်းယွီ၏ အနက်ရှိုင်းဆုံးသော ညှိုးငယ်မှုနှင့် ဝမ်းနည်းပူဆွေးမှု ဇာတ်လမ်းကို ပြောပြနေသည့်အလား ကြေကွဲဖွယ်ရာ ကောင်းလှပေသည်။
လေညင်းလေး တစ်ချက် တိုက်ခတ်သွားကာ သစ်ရွက်များ လှုပ်ခတ်သွားရာ နန်ကုန်းယွီ၏ စောင်းတီးခတ်သံကို အဖော်ပြုပေးနေသည့်အလားပင်။
နန်ကုန်းယွီ၏ လက်ချောင်းများက စောင်းကြိုးများအပေါ်တွင် ကခုန်နေပြီး သူ၏ မျက်လုံးများတွင် ဝမ်းနည်းမှုနှင့် ကူကယ်ရာမဲ့နေသော အရိပ်အယောင်တစ်ရပ် ဖြတ်ပြေးသွားခဲ့သည်။
တေးသွားက ဆက်လက် စီးဆင်းနေသည်နှင့်အမျှ နန်ကုန်းယွီ၏ စိတ်အခြေအနေက တဖြည်းဖြည်း တည်ငြိမ်လာခဲ့သည်။
တေးသွား အဆုံးသတ်သွားချိန်၌ နန်ကုန်းယွီက သူ၏ လမင်းကြည်လင် ဇီတာကို သိမ်းဆည်းလိုက်သည်နှင့် တစ်ပြိုင်နက် လူနှစ်ဦးက သူ၏ ခြံဝင်းအတွင်းသို့ ရောက်ရှိလာခဲ့သည်။