← Chapters

အခန်း (၁၃၃-၁၃၄)

Vol. 14 Ch. 133-134

အခန်း (၁၃၃-၁၃၄)

Vol. 14 Ch. 133-134

အခန်း ၁၃၃ နတ်ဆိုးနှစ်ကောင် အသွင်ပြောင်းခြင်း ကပ်ဘေးကို ကျော်ဖြတ်မည်

"ဦးရီးတော်... ဘာကိစ္စများ ရှိလို့ ဒီကို ရောက်လာတာလဲ..."

ခြံဝင်းအတွင်းသို့ ရောက်ရှိလာသူကို မြင်ချိန်၌ နန်ကုန်းယွီ အနည်းငယ် အံ့အားသင့်သွားပြီးနောက် ပြုံးကာ ပြောဆိုလိုက်သည်။

မှန်ပေ၏။ ရောက်လာသူများမှာ နန်ကုန်းအောက်ထျန်းနှင့် မိန်းမစိုး ယန်တို့ပင် ဖြစ်သည်။

နန်ကုန်းအောက်ထျန်းက ခေါင်းကို အနည်းငယ် ခါယမ်းလိုက်သည်။

"မင်းရဲ့ သီချင်းက အရမ်း ညှိုးငယ်နေလို့ ငါ လာကြည့်တာပါ..."

ဤစကားကို ကြားချိန်၌ နန်ကုန်းယွီက အနည်းငယ် ခေါင်းယမ်းလိုက်သည်။

"ဦးရီးတော်... စိတ်မပူပါနဲ့... အမေ့ကို ခဏလောက် မတွေ့ရရုံလေးပါ... လုံးဝ မတွေ့ရတော့တာမှ မဟုတ်တာ... စိတ်ပြေလက်ပျောက်ဖြစ်အောင် တေးသွားတစ်ပုဒ်လောက် တီးခတ်လိုက်တော့ ယွီအာ အခု အများကြီး သက်သာသွားပါပြီ..."

နန်ကုန်းအောက်ထျန်းက အနည်းငယ် ခေါင်းညိတ်ကာ ပြုံးလိုက်သည်။

"မင်းက ကောင်လေးတစ်ယောက်အနေနဲ့ အတော်လေး ကြီးပြင်းလာပုံပဲ... ချီးကျူးစရာပဲ..."

နန်ကုန်းယွီက အနည်းငယ် ပြုံးကာ ပြောဆိုလိုက်သည်။

"လူတွေက အမြဲတမ်း ကြီးပြင်းလာရမှာပဲ မဟုတ်ဘူးလား..."

"ဒါ အမှန်ပဲလေ..."

"..."

နန်ကုန်းအောက်ထျန်းသည် နန်ကုန်းယွီနှင့် မိနစ်အနည်းငယ်မျှ စကားပြောဆိုပြီးနောက် သူက အမှန်တကယ်ပင် အခြေအနေဆိုး မရှိကြောင်း မြင်တွေ့ရသဖြင့် ထွက်ခွာသွားခဲ့သည်။

နန်ကုန်းယွီက ချင်းလင်နှင့် စူးရှင်းမုန်းတို့ကို တစ်ချက် ကြည့်လိုက်သည်။

"မင်းတို့နှစ်ယောက်လည်း ကျင့်ကြံဖို့ သွားကြတော့... ဝိညာဉ်ပြောင်းလဲခြင်းအဆင့်ကို မရောက်မချင်း တံခါးပိတ်ကျင့်ကြံတဲ့နေရာကနေ ထွက်မလာနဲ့ဦး... ဝိညာဉ်အရှင်မြတ်အဆင့်ကို အမြန်ဆုံးရောက်အောင် ကြိုးစားကြ..."

ဤသို့ပြောဆိုနေစဉ် သူ၏မျက်လုံးများတွင် ညှိုးငယ်သော အရိပ်အယောင်တစ်ရပ် ပေါ်လာခဲ့၏။

"အမေက ငါ့ကို လာကြိုဖို့ ဘယ်တော့ လူလွှတ်မလဲ မသိဘူးနော်..."

"ဟုတ်ကဲ့ပါ သခင်လေး..."

စူးရှင်းမုန်းတို့ နှစ်ဦးက တစ်ခဏမျှ တွန့်ဆုတ်သွားပြီးနောက် ခေါင်းညိတ်ကာ လှည့်ထွက်သွားကြသည်။

သူတို့၏ လက်ရှိ ကျင့်ကြံမှုအဆင့်က လိုဏ်ဂူကောင်းကင်အဆင့် အထွတ်အထိပ်တွင်သာ ရှိသေးရာ ဝိညာဉ်အရှင်မြတ်အဆင့်နှင့် အတော်လေး ကွာဝေးနေသေးသည်။

ထို့ပြင် သခင်လေးသည် အပေါ်ယံမြင်ရသကဲ့သို့ ရိုးရှင်းသူ မဟုတ်ကြောင်း သူတို့ ဝေဝါးစွာ ခံစားမိပြီး သူတို့၏ စိတ်ထဲတွင် အလျင်စလိုဖြစ်မှုတစ်ရပ် ပေါ်ပေါက်လာခဲ့သည်။

သို့သော် ဤအခိုက်အတန့်တွင် နန်ကုန်းယွီက ရုတ်တရက် ပြောဆိုလိုက်၏။

"နေဦး... ဒါတွေက အဖွားက ငါ့ကို ပေးခဲ့တာတွေ... မင်းတို့နှစ်ယောက် လာပြီး ခွဲယူသွားကြ..."

နန်ကုန်းယွီက စကားပြောရင်း အနိမ့်ဆုံးအဆင့် ဝိညာဉ်ခြင်ဆီ ၇၂ ခုကို ထုတ်ယူလိုက်သည်။

"မင်းတို့ရဲ့ ပါရမီတွေက ထူးခြားတယ်... ဒါတွေကို မင်းတို့ရဲ့ လိုဏ်ဂူတွေထဲမှာ ထားရှိခြင်းက ကျင့်ကြံမှုကို ပိုမြန်ဆန်စေလိမ့်မယ်..."

"သခင်လေး... ဒါက သခင်လေးအတွက်လေ... ကျွန်မတို့က..."

ချင်းလင် စကားမဆုံးမီ နန်ကုန်းယွီက လက်ဝှေ့ယမ်းကာ ဖြတ်ပြောလိုက်သည်။

"အဓိပ္ပာယ်မရှိတာတွေ မပြောနဲ့တော့... ငါ့ရဲ့ လိုဏ်ဂူထဲမှာလည်း ရှိပါသေးတယ်... ဒါတွေကို ယူသွားပြီး မင်းတို့ရဲ့ ကျင့်ကြံမှုကို အမြန်မြှင့်တင်လိုက်ကြ..."

"ကျေးဇူးတင်ပါတယ် သခင်လေး..."

နန်ကုန်းယွီ၏ စကားကို ကြားချိန်၌ သူတို့နှစ်ဦးက ထပ်မံမငြင်းဆန်တော့ဘဲ ဝိညာဉ်ခြင်ဆီ ၃၆ ခုစီကို ယူကာ လိုဏ်ဂူထဲသို့ ထည့်လိုက်ကြသည်။

ကောင်းကင်နှင့် မြေကြီး၏ ဝိညာဉ်စွမ်းအင်သည် အနည်းငယ် ရှားပါးပေ၏။ သူတို့၏ ဝိညာဉ်အမြစ် ပါရမီက မည်မျှပင် ကောင်းမွန်စေကာမူ သူတို့၏ ကျင့်ကြံမှုအမြန်နှုန်းက ကန့်သတ်ချက် ရှိနေဆဲဖြစ်လေသည်။ ယခုအခါ ဤဝိညာဉ်ခြင်ဆီ၏ အကူအညီဖြင့် သူတို့က ပို၍မြန်ဆန်စွာ ကျင့်ကြံနိုင်ပေလိမ့်မည်။

သူတို့နှစ်ဦးက နန်ကုန်းယွီအား ကျေးဇူးတင်စွာဖြင့် ကြည့်လိုက်ကြပြီး စိတ်ထဲတွင် အတွေးပေါင်းများစွာဖြင့် ကျင့်ကြံခြင်းအခန်းသို့ ထွက်သွားကြ၏။

သူတို့နှစ်ဦး ထွက်သွားသည်ကို ကြည့်ရင်း နန်ကုန်းယွီက ခေါင်းကို အနည်းငယ် ခါယမ်းလိုက်သည်။

ယခုအခါ သူတို့နှစ်ဦးသည် လိုဏ်ဂူကောင်းကင်အဆင့် အထွတ်အထိပ်တွင် ရှိနေပြီး ချွဲချိုက်အာနှင့် ယင်ရွှမ်တို့မှာမူ ဝိညာဉ်သန္ဓေသားပြောင်းလဲခြင်းအဆင့် နောက်ပိုင်းအဆင့်၏ အထွတ်အထိပ်တွင် ရှိနေကာ လူအသွင်ပြောင်းရန် ခြေတစ်လှမ်းသာ လိုတော့ပေ၏။

သူ ဤသို့တွေးနေစဉ်မှာပင် သူ၏ ဝိညာဉ်သားရဲနှစ်ကောင်ဖြစ်သော ချွဲချိုက်အာနှင့် ယင်ရွှမ်တို့ ပျံသန်းလာသည်ကို မြင်လိုက်ရသည်။

"သခင်... ကျွန်မတို့ အဆင့်တက်လှမ်းဖို့ လိုနေပြီလို့ ခံစားရတယ်... အဆင့်တက်လှမ်းဖို့ နေရာတစ်ခု ရှာဖို့ လိုတယ်..."

နန်ကုန်းယွီက အနည်းငယ် ခေါင်းညိတ်လိုက်ပြီး ဆေးလုံးနှစ်လုံးကို ပစ်ပေးလိုက်သည်။

"ဒါက အဖွား ပေးခဲ့တဲ့ အဆင့်ကိုး ကပ်ဘေးပြောင်းလဲခြင်း ဆေးလုံးပဲ... သူက မိုးကြိုးကပ်ဘေးကို မင်းတို့ကိုယ်ပိုင် အသုံးပြုနိုင်အောင် ပြောင်းလဲပေးနိုင်တယ်... မင်းတို့ကို ဒဏ်ရာမရအောင် တားဆီးပေးနိုင်ပြီး ဝိညာဉ်ကြောကို ပိုကောင်းကောင်း ပေါင်းစည်းနိုင်ဖို့လည်း ကူညီပေးလိမ့်မယ်..."

"ကျေးဇူးတင်ပါတယ် သခင်..."

နတ်ဆိုးနှစ်ကောင်က ဆေးလုံးများကို အမြန်သိမ်းဆည်းလိုက်ပြီး နန်ကုန်းယွီအား ကျေးဇူးတင်စွာဖြင့် ခေါင်းငုံ့အရိုအသေပေးလိုက်ကြသည်။

နန်ကုန်းယွီက အနည်းငယ် ခေါင်းညိတ်လိုက်ပြီး လက်ကို ဝှေ့ယမ်းကာ ပြောဆိုလိုက်သည်။

"မြို့ပြင်ကိုသွားပြီး ကပ်ဘေးကို ကျော်ဖြတ်ကြ... မင်းတို့ကို ကာကွယ်စောင့်ရှောက်ပေးမယ့်လူကို ငါ ရှာပေးမယ်..."

"ကျေးဇူးတင်ပါတယ် သခင်..."

သူတို့နှစ်ဦးက ခေါင်းညိတ်လိုက်ပြီးနောက် တိုက်ရိုက်ပင် ပျံသန်းထွက်ခွာသွားကြ၏။

နန်ကုန်းယွီက တစ်ခဏမျှ စဉ်းစားလိုက်ပြီးနောက် ဆက်သွယ်ရေး ကျောက်စိမ်းပြားကို ထုတ်ယူကာ မိန်းမစိုး ယန်အား သွားရောက်စောင့်ကြပ်ပေးရန် နန်ကုန်းအောက်ထျန်းထံ တောင်းဆိုလိုက်သည်။

မိန်းမစိုး ယန်သည် ယခုအခါ ဝိညာဉ်အရှင်မြတ် အစောပိုင်းအဆင့်တွင် ရှိနေပြီး နန်ကုန်းအောက်ထျန်း၏ အနီးကပ် အစေခံလည်း ဖြစ်၏။ သူ ရှိနေသဖြင့် မည်သူကမျှ အဆင်အခြင်မဲ့ ပြုမူရဲမည် မဟုတ်ချေ။

သေချာပေါက် သူက ပြဿနာတစ်စုံတစ်ရာ မပေါ်ပေါက်စေရန်အတွက် တိရှားစစ်သူကြီးအဖွဲ့မှ သာမန် နတ်ဘုရားအရိပ်တမန်တော် နှစ်ဦးကိုလည်း စောင့်ကြည့်ရန် စေလွှတ်ထားခဲ့ပေသည်။

ဤအရာအားလုံးကို လုပ်ဆောင်ပြီးနောက် နန်ကုန်းယွီက တစ်ခဏမျှ စဉ်းစားလိုက်ပြီး ယင်ရွှမ်ကို ကူညီရန် ဆုံးဖြတ်လိုက်သည်။

သူက မျိုးဗီဇဆေးလုံးတစ်လုံးကို လဲလှယ်လိုက်ပြီး နေရာဟင်းလင်းပြင် လောကနိယာမ စွမ်းအားကို အသုံးပြု၍ ယင်ရွှမ်ထံသို့ နေရာရွှေ့ပြောင်းပေးလိုက်ကာ သတင်းစကားပါးလိုက်သည်။

ထို့နောက် သူက အခန်းထဲသို့သွားကာ ထိုင်လိုက်ပြီး လက်ဖက်ရည်တစ်ခွက် ဖျော်ကာ အရသာခံ သောက်သုံးနေလိုက်တော့သည်။

...

ဖုန်းရှန်း ခန်းမဆောင်။

နန်ကုန်းအောက်ထျန်း ပြန်ရောက်သည်မှာ မကြာသေးသော်လည်း နန်ကုန်းယွီထံမှ သတင်းစကားတစ်ခု ရရှိလိုက်သဖြင့် သူ ရယ်မောလိုက်မိသည်။

သူက မိန်းမစိုး ယန်ကို ကြည့်ကာ ပြောဆိုလိုက်သည်။

"မိန်းမစိုး ယန်... ယွီအာရဲ့ ဝိညာဉ်သားရဲနှစ်ကောင်က အသွင်ပြောင်းခြင်း ကပ်ဘေးကို ကျော်ဖြတ်ဖို့ မြို့ပြင်ကို ထွက်သွားကြတယ်... သွားပြီး သူတို့ကို ကာကွယ်ပေးလိုက်ပါ..."

"အမိန့်တော်အတိုင်းပါ အရှင်မင်းကြီး..."

မိန်းမစိုး ယန်က ထပ်မမေးတော့ဘဲ ဖုန်းရှန်း ခန်းမဆောင်မှ ထွက်ခွာသွားခဲ့သည်။ သူ၏ သိစိတ်ဝိညာဉ်ဖြင့် ချွဲချိုက်အာနှင့် ယင်ရွှမ်တို့၏ တည်နေရာကို အတည်ပြုပြီးနောက် အလျင်အမြန် သွားရောက်ခဲ့သည်။

...

ချင်းယို ဧကရာဇ်မြို့တော် မြောက်ဘက်တံခါးအပြင်ဘက်။

ချွဲချိုက်အာ၏ ကျောပေါ်တွင် နားခိုနေသော ယင်ရွှမ်က ရုတ်တရက် သူမ၏ ပါးစပ်ထဲတွင် ဖောင်းကားလာသည်ကို ခံစားလိုက်ရပြီး သူမ၏ အမူအရာက အနည်းငယ် ပြောင်းလဲသွားသည်။

သို့သော် ထိုအချိန်မှာပင် သူမ၏ နားထဲတွင် အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။

"ဒါက သူတော်စင်အဆင့် သွေးမျိုးဆက်ဆေးလုံးပဲ...ဒါက မင်းရဲ့ ဘိုးဘေးသွေးမျိုးဆက် အခြေအနေကို ပြန်ရောက်သွားအောင် ကူညီပေးနိုင်တယ်…မမေ့ပါနဲ့"

ထိုရင်းနှီးနေသော အသံကို ကြားချိန်၌ ယင်ရွှမ်၏ မျက်လုံးများက ရုတ်တရက် ပြူးကျယ်သွားပြီး ပါးစပ်ထဲရှိ အရာကို အမြန်မျိုချလိုက်သည်။

သူမက ကျန်းပေ့မင်းသားစံအိမ်ရှိရာဘက်သို့ လှည့်ကြည့်လိုက်ရာ သူမ၏ မျက်လုံးများတွင် အံ့အားသင့်မှုများ ပြည့်နှက်နေသော်လည်း ကျေးဇူးတင်မှုများက ပို၍များပြားနေခဲ့သည်။

နန်ကုန်းယွီက သူမကို လိမ်ညာစရာ အကြောင်းမရှိသဖြင့် နန်ကုန်းယွီ၏ စကားများကို သူမ သံသယမရှိခဲ့။

ထိုအချိန်မှာပင် အောက်ဘက်မှ အသံတစ်သံက မေးမြန်းလာသည်။

"မင်း နည်းနည်း ထူးဆန်းနေသလိုပဲ... ဘာဖြစ်လို့လဲ..."

ယင်ရွှမ်က အမြန်စိတ်တည်ငြိမ်အောင်ထားလိုက်ပြီး မဖုံးကွယ်ဘဲ ပြောဆိုလိုက်၏။

"သခင်ရဲ့ ကြင်နာမှုကို ကျေးဇူးတင်မိလို့ပါ..."

ဤသည်ကို ကြားချိန်၌ ချွဲချိုက်အာက ဆက်မမေးတော့ချေ။ နောက်ဆုံးတွင်တော့ သူမလည်း ထိုသို့ပင် ခံစားနေရသောကြောင့် ဖြစ်သည်။

ပြောရမည်ဆိုလျှင် သူမ၏ သွေးမျိုးဆက် နိုးထလာနိုင်ခြင်းက ထိုခန့်မှန်းရခက်သော သခင်၏ အကူအညီကြောင့်လည်း ဖြစ်နိုင်ပေသည်။

သားရဲနှစ်ကောင်က စကားထပ်မပြောတော့ဘဲ မြောက်ဘက်သို့ တန်းတန်းမတ်မတ် ပျံသန်းသွားကြသည်။

ထိုအချိန်မှာပင် အဝေးမှ ပုံရိပ်တစ်ခု လျင်မြန်စွာ ပေါ်လာပြီး မျက်တောင်တစ်ခတ်အတွင်း သူတို့၏ အနောက်မလှမ်းမကမ်းသို့ ရောက်ရှိလာသည်။

သားရဲနှစ်ကောင်က လှည့်ကြည့်လိုက်ရာ ရောက်လာသူက အနည်းငယ် ခေါင်းညိတ်ပြသည်ကို မြင်တွေ့လိုက်ရသည်။

"အရှင်မင်းကြီးရဲ့ အမိန့်အရ မင်းတို့ကို ကာကွယ်စောင့်ရှောက်ပေးဖို့ ငါ လာခဲ့တာပါ..."

ဤသည်ကို ကြားချိန်၌ ချွဲချိုက်အာနှင့် ယင်ရွှမ်တို့က အနည်းငယ် ခေါင်းညိတ်လိုက်ကြ၏။ ရောက်လာသူကို သူတို့ မှတ်မိပေသည်။ သူက အခြားသူမဟုတ်ဘဲ အရှင်မင်းကြီး၏ အနီးကပ် အစေခံပင် ဖြစ်၏။

မိန်းမစိုး ယန်။

သားရဲနှစ်ကောင်က လူသားဘာသာစကားဖြင့် ပြောဆိုလိုက်ကြသည်။

"ကျေးဇူးတင်ပါတယ် စီနီယာ ယန်..."

မိန်းမစိုး ယန်က စကားထပ်မပြောတော့ဘဲ သူ၏ အငွေ့အသက်ကို ဖုံးကွယ်ကာ အကွာအဝေးတစ်ခုမှ လိုက်ပါသွားခဲ့သည်။

မကြာမီ ယင်ရွှမ်နှင့် ချွဲချိုက်အာတို့သည် မိုင်ပေါင်းထောင်ချီဝေးသော ချင်းယို ဧကရာဇ်မြို့တော်ပြင်ပသို့ ရောက်ရှိလာကြပြီး တစ်ဦးနှင့်တစ်ဦး သိပ်မဝေးလွန်းသော သင့်လျော်သည့် နေရာတစ်ခုစီကို ရှာဖွေတွေ့ရှိခဲ့ကြသည်။

ကပ်ဘေးပျက်သုဉ်းခြင်းအဆင့် ကျော်ဖြတ်ရသော မိုးကြိုးကပ်ဘေးနှင့်မတူဘဲ အသွင်ပြောင်းခြင်း မိုးကြိုးကပ်ဘေးသည် ထိုမျှ မရှုပ်ထွေးလှချေ။ မိုးကြိုးကပ်ဘေးမှ အသက်ရှင်ကျန်ရစ်သရွေ့ ကောင်းကင်နှင့် မြေကြီး၏ စွမ်းအင်ကို အသုံးပြုကာ ဝိညာဉ်အမြစ်ကို ပေါင်းစည်း၍ အသွင်ပြောင်းနိုင်ပေသည်။

တင်းကျပ်စွာပြောရလျှင် အသွင်ပြောင်းခြင်း မိုးကြိုးကပ်ဘေးသည် သားရဲနတ်ဆိုးမျိုးနွယ်အတွက် ကောင်းကင်နှင့် မြေကြီး၏ စမ်းသပ်မှုတစ်ခု ဖြစ်လေသည်။ အကယ်၍ အောင်မြင်ပါက လူအသွင်ပြောင်းကာ ဝိညာဉ်အမြစ်ကို ပေါင်းစည်း၍ ဆက်လက်ကျင့်ကြံနိုင်မည်ဖြစ်ပြီး ကျရှုံးပါက ပြာကျသွားမည်ဖြစ်သည်။

သို့သော် အသွင်ပြောင်းခြင်း မိုးကြိုးကပ်ဘေးသည် ထိုမျှ တင်းကျပ်မှု မရှိလှချေ။ ၎င်းက ဝိဉာဥ်သားရဲမျိုးနွယ် အသီးသီး၏ ဝိညာဉ်ပြောင်းလဲခြင်းအဆင့်သို့ တက်လှမ်းစဉ် အခြေအနေအပေါ် မူတည်ပြီး ကျော်ဖြတ်နိုင်ခြေ အလွန်မြင့်မားပေသည်။

ထို့ပြင် အသွင်ပြောင်းခြင်း မိုးကြိုးကပ်ဘေးသည် ကပ်ဘေးပျက်သုဉ်းခြင်းအဆင့်၏ မိုးကြိုးကပ်ဘေးနှင့်မတူဘဲ နောက်ဆုံး မိုးကြိုးကပ်ဘေးကို အခြားသူများ၏ အကူအညီဖြင့် အားဖြည့်ပေးနိုင်ပေသည်။

ကပ်ဘေးပျက်သုဉ်းခြင်းအဆင့်၏ မိုးကြိုးကပ်ဘေးသည်လည်း ကောင်းကင်နှင့် မြေကြီး၏ စမ်းသပ်မှုတစ်ခု ဖြစ်သော်လည်း တစ်ကြိမ်စတင်သည်နှင့် ၎င်း၏ အကွာအဝေးအတွင်းရှိ မည်သူမဆိုအတွက် မိုးကြိုးကပ်ဘေး၏ စွမ်းအားက တိုးပွားလာမည်ဖြစ်ပြီး ကပ်ဘေးကို ကျော်ဖြတ်နေသူနှင့်အတူ စမ်းသပ်မှုကို ခံယူရမည်ဖြစ်သည်။

ပါဝင်သူများ၏ ကျင့်ကြံမှုအဆင့် မြင့်မားလေလေ မိုးကြိုးကပ်ဘေး၏ စွမ်းအားက ပိုမိုအားကောင်းလေလေဖြစ်ပြီး နှစ်ဦးစလုံး သေဆုံးသွားနိုင်ချေ အလွန်များပြားပေသည်။

ချွဲချိုက်အာနှင့် ယင်ရွှမ်တို့သည် ကပ်ဘေးကို ကျော်ဖြတ်ရန် ၎င်းတို့၏ နေရာ အသီးသီးကို ရှာတွေ့ပြီးနောက် အချင်းချင်း တစ်ချက်ကြည့်ကာ ဝိညာဉ်ပြောင်းလဲခြင်းအဆင့်သို့ တက်လှမ်းရန် တင်ပျဉ်ခွေ ထိုင်လိုက်ကြသည်။

အခန်း ၁၃၄ သားရဲနှစ်ကောင် လူအသွင်ပြောင်းခြင်း

အသွင်ပြောင်းခြင်း ကပ်ဘေးဆိုသည်မှာ ဝိဉာဥ် သားရဲမျိုးနွယ်များ ဝိညာဉ်ပြောင်းလဲခြင်းအဆင့်သို့ တက်လှမ်းချိန်တွင် ကျော်ဖြတ်ရသော မိုးကြိုးကပ်ဘေး စမ်းသပ်မှုများဖြစ်ပြီး ယင်ရွှမ်တို့ကမူ ဝိညာဉ်ပြောင်းလဲခြင်းအဆင့်သို့ အရင်တက်လှမ်းရန် လိုအပ်ပေသည်။

သားရဲနှစ်ကောင်က ဝိညာဉ်သန့်စင်ခြင်းဆေးလုံး တစ်လုံးစီ ထုတ်ယူကာ မျိုချလိုက်ပြီး ဝိညာဉ်ပြောင်းလဲခြင်းအဆင့်သို့ စတင်တက်လှမ်းလိုက်ကြသည်။

အဝေးမှ။

နတ်ဆိုးနှစ်ကောင်၏ လုပ်ရပ်များကို စောင့်ကြည့်နေသော မိန်းမစိုး ယန်က မျက်ခုံးကို အနည်းငယ် ပင့်လိုက်သည်။

"ကျန်းပေ့တပ်က လျှို့ဝှက်ဆန်းကြယ်တဲ့သူနဲ့ ပစ္စည်းတွေ အတော်များများ အရောင်းအဝယ် လုပ်ခဲ့ပုံပဲ... မဟုတ်ရင် သခင်လေးက ဘာလို့ ဝိညာဉ်သန့်စင်ခြင်း ဆေးလုံးကို ဝိညာဉ်သားရဲနှစ်ကောင်ကို ပေးရမှာလဲ..."

ဝိညာဉ်သန့်စင်ခြင်း ဆေးလုံးသည် ဝိညာဉ်ပြောင်းလဲခြင်းအဆင့်သို့ တက်လှမ်းရန်နှင့် ဝိညာဉ်ပြောင်းလဲခြင်းအဆင့်ကို မြှင့်တင်ရန်အတွက်ပင် ဖြစ်၏။ ချင်းယိုအင်ပါယာ၏ ဘဏ္ဍာတိုက်တွင်ပင် ကျင့်ကြံသူများ ကျင့်ကြံရန်အတွက် အသုံးပြုသော တန်ဖိုးကြီး ဆေးလုံးများ များများစားစား မရှိပေ။

သို့သော် ဤသည်က နန်ကုန်းယွီသည် ဤဝိညာဉ်သားရဲနှစ်ကောင်ကို အလွန်နှစ်သက်ပုံရကြောင်းကိုလည်း ပြသနေပေသည်။

များများစားစား မတွေးတောတော့ဘဲ မိန်းမစိုး ယန်က မလှမ်းမကမ်းမှ ဆက်လက်စောင့်ကြပ်နေခဲ့ပြီး နတ်ဆိုးနှစ်ကောင်ကို သာမန် သားရဲများ သို့မဟုတ် ဝိညာဉ်သားရဲများ မနှောင့်ယှက်စေရန်အတွက် မှေးမှိန်သော အငွေ့အသက်ကို ထုတ်လွှတ်ထားခဲ့သည်။

...

အချိန်များ ကုန်လွန်သွားခဲ့သည်။

မွန်းတည့်ချိန်ဖြစ်ပြီး ကောင်းကင်ကြီးက ကြည်လင်နေသည်။

သို့သော် ဤအခိုက်အတန့်တွင် ချင်းယို ဧကရာဇ်မြို့တော် မြောက်ဘက် မိုင်ထောင်ချီအကွာ၌ ဝိညာဉ်ပြောင်းလဲခြင်းအဆင့် အငွေ့အသက် အသစ်နှစ်ခုနှင့် နတ်ဆိုးစွမ်းအင် အငွေ့အသက်များ ရုတ်တရက် ပေါ်ထွက်လာခဲ့သည်။

မျက်တောင်တစ်ခတ်အတွင်း လေများတိုက်ခတ်လာပြီး တိမ်များစုရုံးလာကာ ကြည်လင်နေသော ကောင်းကင်ကြီးသည် ချက်ချင်းပင် တိမ်မည်းများ ဖုံးလွှမ်းသွားပြီး မိုးကြိုးများ ဟိန်းဟောက်လာခဲ့၏။

"သူတို့ လာပြီ..."

မိန်းမစိုး ယန်က မျက်လုံးများကို အနည်းငယ် မှေးကျဉ်းလိုက်ပြီး တစ်စုံတစ်ခုကို ရေရွတ်လိုက်သည်။

"ဝုန်း..."

"ဝုန်း..."

တိမ်တိုက်များကြားမှ မိုးကြိုးသံများ ဟိန်းဟောက်ထွက်ပေါ်လာပြီး မိုင်ထောင်ချီအတွင်းရှိ သက်ရှိအားလုံးကို လန့်ဖြန့်သွားစေကာ အားလုံးက မော့ကြည့်လိုက်ကြသည်။

ချင်းယို ဧကရာဇ်မြို့တော်အတွင်းရှိ လူများစွာက မော့ကြည့်လိုက်ကြရာ သူတို့၏ အကြည့်များက ခန့်မှန်းရခက်ပြီး သူတို့၏ အတွေးများကို မသိရှိနိုင်ပေ။

"ဒါက ကပ်ဘေးကို ကျော်ဖြတ်နေတာလား... အခြေအနေအရ ကြည့်ရတာ ဒါက ကိုးခုမြောက် မိုးကြိုးကပ်ဘေးရဲ့ သရုပ်သဏ္ဌာန် ဖြစ်ရမယ်... သွားကြည့်ရအောင်..."

"အသွင်ပြောင်းခြင်း မိုးကြိုးကပ်ဘေးလား... သွားကြည့်ရအောင်..."

"ဝိဉာဥ်သားရဲမျိုးနွယ်က လူအသွင်ပြောင်းနေတာပဲ... သူ့မှာ ပိုင်ရှင်ရှိမလား မသိဘူး..."

တာအိုအသံတစ်သံ ထွက်ပေါ်လာပြီး ပုံရိပ်တစ်ခုက ဧကရာဇ်မြို့တော်မှ လျင်မြန်စွာ ထွက်ခွာသွားကာ သက်တန့်ရောင်အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲပြီး ပျောက်ကွယ်သွားခဲ့၏။

...

ကျန်းပေ့မင်းသားစံအိမ်။

နန်ကုန်းယွီ၏ အကြည့်က နက်ရှိုင်းပြီး ခန့်မှန်းရခက်နေ၏။

"စနေပြီလား... သွေးမျိုးဆက် တကယ်ပဲ ထူးချွန်ပါတယ်... ဒါပေမဲ့ ဘယ်လောက်အထိ ရောက်နိုင်မလဲ..."

"ရှဲဒိုးချမ်း... ဟိုဘက်က နတ်ဘုရားအရိပ်တမန်တော်တွေကို အကြောင်းကြားလိုက်... မိန်းမစိုး ယန်ကလွဲပြီး သစ္စာဖောက်တဲ့စိတ် ရှိတဲ့သူတိုင်းကို သက်ညှာမှုမရှိဘဲ သတ်ပစ်ဖို့အမိန့်ပေးလိုက်"

"နားလည်ပါပြီ..."

...

ချင်းယို ဧကရာဇ်နန်းတော်။

နန်ကုန်းအောက်ထျန်းက မြောက်ဘက်သို့ မော့ကြည့်လိုက်ပြီး ခေါင်းကို အနည်းငယ် ခါယမ်းလိုက်ကာ အစီရင်ခံစာများကို ဆက်လက် စစ်ဆေးရန် ခေါင်းငုံ့လိုက်သည်။

...

"ဝုန်း..."

နားကွဲမတတ် ဟိန်းဟောက်သံနှင့်အတူ မွေးကင်းစကလေးငယ်နှစ်ဦး၏ လက်မောင်းလုံးခန့် တုတ်ခိုင်သော မိုးကြိုးများက ကောင်းကင်မှ ကျဆင်းလာခဲ့သည်။

ဤသည်ကို မြင်ချိန်၌ ချွဲချိုက်အာနှင့် ယင်ရွှမ်တို့ နှစ်ဦးက ကပ်ဘေးပြောင်းလဲခြင်း ဆေးလုံးကို အမြန်မျိုချလိုက်ကြသည်။

ကပ်ဘေးပြောင်းလဲခြင်း ဆေးလုံးသည် သူတို့၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားသည်နှင့် တစ်ပြိုင်နက် မှေးမှိန်သော စုပ်ယူအားတစ်ခုက သူတို့၏ အရေပြားပေါ်တွင် ချက်ချင်း ပေါ်လာခဲ့သည်။

ထိုအချိန်မှာပင် မိုးကြိုးများက သူတို့ကို ရိုက်ခတ်သွားပြီး ယိမ်းယိုင်သွားစေခဲ့သည်။

သို့သော် ထိုသို့ပင်ဖြစ်သည်။

မိုးကြိုးများ သူတို့နှင့် ထိတွေ့သွားသည့် အခိုက်အတန့်တွင် သူတို့ ခန္ဓာကိုယ်ပေါ်ရှိ စုပ်ယူအားက ရုတ်တရက် တိုးလာပြီး မိုးကြိုးများကို သူတို့၏ ခန္ဓာကိုယ်ထဲသို့ စုပ်ယူသွားခဲ့သည်။

လျှို့ဝှက်ဆန်းကြယ်ပြီး နက်နဲသော အငွေ့အသက်တစ်ခုက သူတို့၏ ခန္ဓာကိုယ်ထဲတွင် ပေါ်လာကာ ကပ်ဘေးမိုးကြိုးကို လျင်မြန်စွာ ပြောင်းလဲပေးပြီး သူတို့၏ ခန္ဓာကိုယ်များကို သန့်စင်ပေးကာ သူတို့၏ ဝိညာဉ်အမြစ်များ ဖွဲ့စည်းခြင်းကို လှုံ့ဆော်ပေးခဲ့သည်။

ဤသည်ကို မြင်တွေ့ချိန်၌ သားရဲနှစ်ကောင်မှာ ဝမ်းသာအားရဖြစ်သွားခြင်းကို မတားဆီးနိုင်ခဲ့ဘဲ သခင်၏ လက်ဆောင်အတွက် တိတ်တဆိတ် ကျေးဇူးတင်သွားကြသည်။

ကပ်ဘေးမိုးကြိုးသည် သူတို့၏ ခန္ဓာကိုယ်များမှ ပျောက်ကွယ်သွားပြီးနောက် ကောင်းကင်မှ နောက်ထပ် ကပ်ဘေးမိုးကြိုး ကျမလာသေးသဖြင့် သားရဲနှစ်ကောင်မှာ ကောင်းကင်သို့ မော့ကြည့်မိသွားကြသည်။

သူတို့၏ လုပ်ရပ်များကို ဒေါသထွက်နေသည့်အလား ကပ်ဘေးတိမ်တိုက်များမှ မိုးကြိုးဟိန်းဟောက်သံများ ပဲ့တင်ထပ်လာပြီး ကပ်ဘေးမိုးကြိုး နှစ်ကြောင်း ထပ်မံကျဆင်းလာခဲ့သည်။

ယခင်အတွေ့အကြုံများအရ နတ်ဆိုးနှစ်ကောင်မှာ ယခုတစ်ကြိမ်တွင် တည်ငြိမ်နေခဲ့ပြီး ကပ်ဘေးမိုးကြိုးသည် သူတို့ကို ယိမ်းယိုင်သွားအောင်ပင် မလုပ်နိုင်ခဲ့ပေ။

မိုးကြိုးသည် သူတို့၏ ခန္ဓာကိုယ်များထဲသို့ ချက်ချင်း စုပ်ယူခံလိုက်ရပြီး ထိုလျှို့ဝှက်ဆန်းကြယ်သော အငွေ့အသက်အောက်တွင် သူတို့၏ ခန္ဓာကိုယ်များကို သန့်စင်ရန်နှင့် ဝိညာဉ်အမြစ်များ ဖွဲ့စည်းခြင်းကို အားပေးရန် အရင်းအမြစ်များအဖြစ် ပြောင်းလဲသွားခဲ့သည်။

ဤမြင်ကွင်းကို အဝေးမှ စောင့်ကြည့်နေသော မိန်းမစိုး ယန်မှာ အနည်းငယ် အံ့အားသင့်သွားသည်။

"သူတို့ ခုနက ဘာဆေးလုံး သောက်လိုက်တာလဲ... အရင်က တစ်ခါမှ မမြင်ဖူးဘူး..."

"ပြီးတော့ အဲ့ဒီဆေးလုံးက သူတို့ကို ကပ်ဘေးမိုးကြိုးတွေ ပြေလျော့သွားအောင် ကူညီပေးနေတယ်လို့ အမြဲ ခံစားနေရတယ်..."

မိန်းမစိုး ယန်က မျက်လုံးများကို အနည်းငယ် မှေးကျဉ်းလိုက်သော်လည်း ကျင့်ကြံသူများ အဝေးမှ အဆက်မပြတ် ချဉ်းကပ်လာနေသည်ကို ခံစားမိသဖြင့် သူ၏ အမူအရာက အနည်းငယ် လေးနက်သွားသည်။

သူက သက်တန့်ရောင်အလင်းဖြင့် အဝေးမှ ချဉ်းကပ်လာနေသော ကျင့်ကြံသူကို လှည့်ကြည့်လိုက်ပြီး အေးစက်စွာ ပြောဆိုလိုက်သည်။

"အရှင်မင်းကြီးရဲ့ အမိန့်အရ ငါက ကျန်းပေ့မင်းသားရဲ့ ဝိညာဉ်သားရဲကို ကာကွယ်စောင့်ရှောက်သူပဲ... မသက်ဆိုင်တဲ့သူတွေ အကုန်လုံး ချက်ချင်း ထွက်သွားကြပါ..."

ဤသည်ကို ကြားချိန်၌ အဝေးမှ သက်တန့်ရောင်အလင်းများ ရပ်တန့်သွားပြီး ကျင့်ကြံသူများက လေထဲတွင် ဝဲပျံနေကြသည်။

သူတို့က မိန်းမစိုး ယန်ကို တစ်ချက်ကြည့်လိုက်ရာ သူတို့၏ အမူအရာများ အနည်းငယ် ပြောင်းလဲသွားပြီး ချက်ချင်းပင် လှည့်ထွက်သွားကြသည်။

မိန်းမစိုး ယန်က ပြောပြီးပြီဖြစ်ရာ သူတို့က မည်သို့ နားမလည်ဘဲ ရှိမည်နည်း။ ဤဝိညာဉ်သားရဲနှစ်ကောင်မှာ ပိုင်ရှင်ရှိပြီးဖြစ်ကာ ကျန်းပေ့မင်းသား နန်ကုန်းယွီ ပိုင်ဆိုင်ခြင်းဖြစ်သည်။

ပိုင်ရှင်ရှိပြီးဖြစ်သော ဝိညာဉ်သားရဲများကို အရှင်ဖမ်း၍ မရနိုင်သဖြင့် ၎င်းတို့၏ တန်ဖိုးမှာ များစွာ လျော့ကျသွားပေသည်။

ဝိညာဉ်သားရဲကို သတ်ဖြတ်၍ ၎င်း၏ ဝိညာဉ်ပစ္စည်းများနှင့် အသားများကို ရယူနိုင်လျှင်ပင် ၎င်းသည် ကျန်းပေ့မင်းသား နန်ကုန်းယွီ၏ ဝိညာဉ်သားရဲ ဖြစ်​ေလသည်။ မည်သူက ထိုသို့ လုပ်ရဲမည်နည်း။

မိန်းမစိုး ယန်၏ စကားက အမှန် သို့မဟုတ် အမှား ဖြစ်နိုင်သလား ဆိုလျှင်တော့...

သူတို့က မိန်းမစိုး ယန်ကို မသိနိုင်သော်လည်း သူ၏ဝိညာဉ်အရှင်မြတ်အဆင့် အငွေ့အသက်က အတုအယောင် မဖြစ်နိုင်ကြောင်းကိုတော့ သိရှိကြပေသည်။ သူက မိန်းမစိုး ယန် မဟုတ်လျှင်ပင် သူတို့ ရန်စနိုင်သော သူတစ်ယောက် မဟုတ်ချေ။

မျက်တောင်တစ်ခတ်အတွင်း ရောက်လာသော ကျင့်ကြံသူအားလုံးမှာ တစ်ယောက်မှ မကျန်ရစ်ဘဲ ထွက်ခွာသွားကြ၏။

နောက်မှလာသော ကျင့်ကြံသူမှာ လမ်းခုလတ်တွင် အခြေအနေကို သိရှိသွားပြီး ချက်ချင်းပင် လှည့်ပြန်သွားခဲ့သည်။

အရာအားလုံးက လုံးဝ တည်ငြိမ်နေပုံရသည်။

သို့သော် လျှို့ဝှက်စွာ စောင့်ကြည့်နေသော ကျင့်ကြံသူ အတော်များများမှာ လျှို့ဝှက်ဆန်းကြယ်စွာ သေဆုံးသွားခဲ့ကြသည်။

ဤအရာအားလုံးသည် သဘာဝကျကျ မည်သူမျှ မသိရှိလိုက်ကြချေ။

...

ယင်ရွှမ်နှင့် သားရဲနှစ်ကောင်တို့က ဤဘက်ခြမ်းတွင် ရှိနေသည်။

ကိုးခုမြောက် မိုးကြိုးကပ်ဘေး ကျဆင်းလာသော်လည်း နတ်ဆိုးနှစ်ကောင်မှာ အန္တရာယ်ကင်းရုံသာမက အထိအခိုက်ပင်မရှိခဲ့ချေ။

ထို့ပြင် ကပ်ဘေးမိုးကြိုး၏ လှုံ့ဆော်မှုအောက်တွင် သွေးမျိုးဆက်ဆေးလုံးကိုလည်း ယင်ရွှမ်က သန့်စင်နိုင်ခဲ့သည်။

ဤအခိုက်အတန့်တွင် သူမ၏ ပုံသဏ္ဌာန်သည် ငွေရောင် ခြေသည်းလေးချောင်းပါ နဂါးတစ်ကောင်အဖြစ် ပြောင်းလဲသွားပြီး သူမ၏ ဝမ်းဗိုက်ပေါ်ရှိ ငွေခရမ်းရောင် အကြေးခွံတစ်ခုက တောက်ပနေခဲ့သည်။

ထိုအချိန်မှာပင် ကပ်ဘေးတိမ်တိုက်များ ရုတ်တရက် ကွဲသွားခဲ့သည်။

ကောင်းကင်မှ ရွှေရောင်အလင်းတန်းနှစ်ခု ကျဆင်းလာပြီး ချွဲချိုက်အာနှင့် ယင်ရွှမ်တို့နှစ်ကောင်ကို ချက်ချင်း ဖုံးလွှမ်းသွားခဲ့သည်။

ရွှေရောင်အလင်းတိုင်အောက်တွင် မိန်းကလေးနှစ်ဦး၏ ကိုယ်တွင်းရှိ မွေးကင်းစ ဝိညာဉ်အမြစ်များက လျင်မြန်စွာ ပေါင်းစည်းဖွဲ့စည်းသွားပြီး သူတို့၏ ရုပ်ပိုင်းဆိုင်ရာ ပုံသဏ္ဌာန်များက လျင်မြန်စွာ ပြောင်းလဲသွားခဲ့၏။

ခဏအကြာတွင် ရွှေရောင်အလင်းတိုင်များ ပျောက်ကွယ်သွားပြီး လှပသော ပုံရိပ်နှစ်ခုက တစ်နေရာတည်းတွင် ပြန်လည်ပေါ်လာခဲ့သည်။

မိန်းကလေးတစ်ဦးသည် အရောင်အသွေးစုံလင်သော ငှက်မွေးဝတ်ရုံကို ဝတ်ဆင်ထားပြီး သူမ၏ အသားအရေသည် သိုးဆီဥကျောက်စိမ်းကဲ့သို့ ဖြူဖွေးကာ လရောင်များ စီးဆင်းနေသည့်အလား မှေးမှိန်သော အလင်းရောင်များ ဖြာထွက်နေခဲ့သည်။

သူမ၏ မျက်နှာသည် နူးညံ့ပြီး အလွန်လှပသော မျက်နှာသွင်ပြင်များ၊ အဝေးမှ တောင်တန်းများကဲ့သို့ မျက်ခုံးများ၊ ချယ်ရီသီးကဲ့သို့ နှုတ်ခမ်းများနှင့် ဆွဲဆောင်မှုရှိသော အပြုံးလေးဖြင့် အနည်းငယ် ပင့်တက်နေသော နှုတ်ခမ်းတို့ ရှိနေပေသည်။

သူမ၏ ဆံပင်များက ရေတံခွန်ကဲ့သို့ နောက်ကျောတွင် ဖြာကျနေပြီး အရောင်ခုနစ်ရောင်ဖြင့် တောက်ပနေသည်။

သူမ၏ ခန္ဓာကိုယ်အချိုးအစားက အလွန်လှပပြီး သူမ၏ လွင့်ပျံနေသော ဝတ်ရုံများအောက်တွင် ဆွဲဆောင်မှုရှိပြီး ညှို့ငင်နိုင်သော ကျော့ရှင်းသည့် ကောက်ကြောင်းများ ရှိနေပေသည်။

အခြားမိန်းကလေးတစ်ဦးသည် ငွေဖြူရောင် ဂါဝန်ရှည်တစ်ထည်ကို ဝတ်ဆင်ထားပြီး သူမ၏ အဝတ်အစားများက လေထဲတွင် လွင့်ပျံနေကာ လောကီအညစ်အကြေးများကင်းစင်သော အရည်အသွေးများကို ထုတ်လွှတ်နေသဖြင့် နတ်သမီးတစ်ပါး လူ့ပြည်ဆင်းလာသည့်အလားပင်။

သူမ၏ အသားအရေက နှင်းကဲ့သို့ ဖြူဖွေးကာ ကြည်လင်နေပြီး အထိအတွေ့လေးတစ်ခုဖြင့်ပင် ကျိုးပဲ့သွားနိုင်လောက်အောင် နူးညံ့နေပုံရ၏။ သူမ၏ ငွေဖြူရောင် ဆံကေသာရှည်က ခါးအထိ ဖြာကျနေပြီး ဆံပင်အနည်းငယ်က သူမ၏ ပခုံးများကို ညင်သာစွာ ထိတွေ့နေကာ ငွေဖြူရောင်အလင်းဖြင့် တောက်ပနေပေသည်။

အနည်းငယ် အေးစက်သော သူမ၏ မျက်နှာသွင်ပြင်များတွင် နူးညံ့သော မျဉ်းကြောင်းများနှင့် အလွန်လှပသော ကောက်ကြောင်းများ ရှိနေပြီး သဘာဝတရား၏ လက်ရာမြောက် ဖန်တီးမှုတစ်ခုပင်ဖြစ်လေသည်။

သူမ၏ မျက်လုံးများက ညကောင်းကင်ရှိ ကြယ်များ တောက်ပနေသည့်အလား တောက်ပပြီး နက်ရှိုင်းကာ မြင်တွေ့ရသူတိုင်းကို ဆွဲဆောင်နိုင်ပေသည်။

သူမ၏ နှာတံက ဖြောင့်စင်းပြီး သူမ၏ နှုတ်ခမ်းများက ပန်းရောင်သန်းကာ နူးညံ့နေသဖြင့် ၎င်းတို့၏ နူးညံ့မှုကို မြည်းစမ်းကြည့်ချင်စိတ် ပေါက်သွားစေသည်။

သူမတွင် သွယ်လျပြီး အချိုးကျသော ခန္ဓာကိုယ်၊ ကျော့ရှင်းသော ကိုယ်ဟန်အမူအရာ ရှိပြီး အမူအရာတိုင်းတွင် မွန်မြတ်သော အရည်အသွေးများ ထုတ်လွှတ်နေခဲ့သည်။

သူတို့၏ တူညီချက်မှာ သူတို့အားလုံးက ကျောက်စိမ်းဖြူကဲ့သို့ ဖြူဖွေးပြီး သေးငယ်လှပကာ အလွန်ကောင်းမွန်စွာ ဖန်တီးထားပြီး ဆွဲဆောင်မှုရှိသော အလင်းရောင်များ ဖြာထွက်နေသည့် ခြေဗလာဖြင့် ဖြစ်နေခြင်းပင်။

သူတို့ မြေပြင်ပေါ်သို့ ဆင်းသက်လိုက်သည့် အခိုက်အတန့်တွင် သူတို့နှစ်ဦးစလုံးက ကိုယ့်ကိုယ်ကိုယ် ငုံ့ကြည့်လိုက်ကြပြီး သူတို့၏ မျက်နှာများပေါ်တွင် ဝမ်းသာမှု အချို့ ပေါ်လာခဲ့သည်။

သူတို့ နောက်ဆုံးတော့ လူအသွင်ပြောင်းနိုင်ခဲ့ပြီ။

"ယင်ရွှမ်... ငါ လှလား..."

ချွဲချိုက်အာက မလှမ်းမကမ်းရှိ ယင်ရွှမ်ကို မော့ကြည့်ကာ မေးမြန်းလိုက်ရာ သူမ၏ အမူအရာက အနည်းငယ် စိုးရိမ်နေခဲ့သည်။

All Chapters