← Chapters

အခန်း (၁၃၅-၁၃၆)

Vol. 14 Ch. 135-136

အခန်း (၁၃၅-၁၃၆)

Vol. 14 Ch. 135-136

အခန်း ၁၃၅ ဒါကတော့ အနည်းငယ် လွန်လွန်းနေပြီ

ချွဲချိုက်အာ၏ မေးခွန်းကို ကြားချိန်၌ ယင်ရွှမ်က သူမကို မော့ကြည့်လိုက်သည်။

"အရမ်းလှတယ်... သခင် သေချာပေါက် သဘောကျမှာပဲ."

ဤသည်ကို ကြားချိန်၌ ချွဲချိုက်အာ၏ လှပသော မျက်နှာပေါ်ရှိ စိုးရိမ်မှုများ အနည်းငယ် ပြေလျော့သွားသည်။

"ဒါဆို တော်သေးတာပေါ့..."

သူမ၏ ဝမ်းသာနေမှုကို မြင်ချိန်၌ ယင်ရွှမ်က တစ်ခဏမျှ တွန့်ဆုတ်သွားပြီးနောက် ထိုနည်းတူပင် မေးမြန်းလိုက်သည်။

"ငါရော... ကြည့်ကောင်းလား..."

ချွဲချိုက်အာက ခေါင်းညိတ်ကာ ချီးကျူးလိုက်သည်။

"နတ်သမီးလေးလိုပဲ လွင့်ပျံနေပြီး လှပတယ်... ထူးကဲပြီး သန့်စင်တဲ့ အရည်အသွေးနဲ့ စင်ကြယ်တယ်"

ဤသည်ကို ကြားချိန်၌ ယင်ရွှမ်၏ ပုံမှန်အားဖြင့် အေးစက်သော အမူအရာက နှုတ်ခမ်းထောင့်များတွင် အနည်းငယ် ကွေးညွတ်သွားခဲ့သည်

ချွဲချိုက်အာက အနည်းငယ် ပြုံးလိုက်သည်။

"အမြန်ပြန်သွားရအောင်... သခင်ကို အကြာကြီး စောင့်နေရအောင် မလုပ်နဲ့..."

"ကောင်းပြီ..."

သူတို့နှစ်ဦးက သက်တန့်ရောင်အလင်းအဖြစ် ပြောင်းလဲသွားပြီး မိန်းမစိုး ယန်၏ရှေ့သို့ လျင်မြန်စွာ ဆင်းသက်ကာ အနည်းငယ် ခေါင်းငုံ့လိုက်ကြသည်။

"ကျေးဇူးတင်ပါတယ် စီနီယာ ယန်..."

"လာနှုတ်ဆက်စရာ မလိုပါဘူး..."

မိန်းမစိုး ယန်က ခေါင်းကို အနည်းငယ် ခါယမ်းလိုက်သည်။

"ငါတို့က အမိန့်အတိုင်း လုပ်ဆောင်ခဲ့ရုံပါပဲ... အခု ဒီကိစ္စ ပြီးပြီဆိုတော့ ပြန်ကြရအောင်..."

"ကောင်းပြီ..."

သူတို့သုံးဦးက သက်တန့်ရောင်အလင်းအဖြစ် ပြောင်းလဲသွားပြီး ချင်းယို ဧကရာဇ်မြို့တော်ဆီသို့ အလျင်အမြန် ထွက်ခွာသွားကြသည်။

...

ချင်းယို ဧကရာဇ်မြို့တော်၊ ကျန်းပေ့မင်းသားစံအိမ်။

နန်ကုန်းယွီက တစ်စုံတစ်ခုကို ခံစားမိလိုက်ရာ သူ၏ မျက်လုံးများက အနည်းငယ် တောက်ပသွားပြီး ပြုံးလိုက်မိသည်။

"နတ်ဘုရားဝိညာဉ်အမြစ်ရော နဂါးနတ်ဘုရားဝိညာဉ်အမြစ်ရောက ကောင်းကင်ဝိညာဉ်အမြစ်ထက် မနိမ့်ကျတဲ့ အထူးဝိညာဉ်အမြစ်တွေပဲ... မဆိုးဘူး..."

"ဒါပေမဲ့ ဒီနဂါးနတ်ဘုရားဝိညာဉ်အမြစ်က အမှန်တကယ်ပဲ သတ္တု၊ သစ်၊ ရေ၊ မီး၊ မြေ၊ လေ၊ မိုးကြိုး၊ အလင်း၊ အမှောင်ဆိုတဲ့ ဝိညာဉ်အမြစ်ကိုးခုကို ခန္ဓာကိုယ်တစ်ခုတည်းအဖြစ် အထူးပေါင်းစပ်ထားတာလား... အတော်လေး စိတ်ဝင်စားဖို့ ကောင်းတယ်..."

ဝိညာဉ်အမြစ် လက္ခဏာရပ် ကိုးခုပါဝင်သော ဝိညာဉ်အမြစ် တစ်ခုတည်းကို သူ မြင်တွေ့ရခြင်းမှာ ပထမဆုံးအကြိမ်ပင်။

"ဒါက ငါ့ကို အကြံဉာဏ်တစ်ခု ရစေတယ်... နောက်တစ်ခါ ရွေးချယ်မှုပြုလုပ်ရင် ဒါကို ထည့်သွင်းစဉ်းစားလို့ ရနိုင်တယ်..."

နန်ကုန်းယွီက အနည်းငယ် ပြုံးလိုက်၏။

မကြာမီ သက်တန့်ရောင်အလင်းတန်း နှစ်ခုက ခြံဝင်းအတွင်းသို့ ကျဆင်းလာရာ လူနှစ်ဦး ရောက်ရှိလာခြင်းကို ညွှန်ပြနေသည်။

နန်ကုန်းယွီက မော့ကြည့်လိုက်ပြီး အနည်းငယ် ခေါင်းညိတ်လိုက်ကာ ကျေနပ်သော အမူအရာကို ပြသလိုက်သည်။

"မဆိုးဘူး... မင်းတို့ရဲ့ ကျင့်ကြံမှုကို ခိုင်မာအောင် ကျင့်ကြံခြင်းအခန်းကို သွား... လောဘမကြီးဘဲနဲ့ မာနမကြီးဖို့ မှတ်ထားပါ... ဖြည်းဖြည်းမှန်မှန် ကျင့်ကြံ..."

"ကျေးဇူးတင်ပါတယ် သခင်... ကျွန်မတို့ နားလည်ပါပြီ..."

အမျိုးသမီးနှစ်ဦးက သဘောတူလိုက်ကြပြီး သူတို့၏ မျက်နှာများက အနည်းငယ် ဝမ်းသာနေ၏။ သခင် ကျေနပ်နေသရွေ့ ဒါက အရေးအကြီးဆုံးဖြစ်သည်။ သူတို့၏ တစ်ခုတည်းသော အကြောက်တရားမှာ သခင် သဘောမကျမည်ကိုပင်။

နန်ကုန်းယွီက လက်ဝှေ့ယမ်းလိုက်ပြီး အမျိုးသမီးနှစ်ဦး ထွက်သွားသည်ကို ကြည့်နေလိုက်သည်။

ထို့နောက် သူက မတ်တတ်ထကာ အကြောဆန့်လိုက်ပြီး ခဏလောက် လှဲနေရန် ကုလားထိုင်တစ်လုံးကို ထုတ်ယူရန် ရည်ရွယ်လိုက်သော်လည်း သူ၏ အမူအရာက အနည်းငယ် ပြောင်းလဲသွားပြီး သူ၏ အကြည့်က မင်းသားစံအိမ်ပြင်ပသို့ ရောက်ရှိသွား၏။

သူက ဒီကို ဘာလာလုပ်တာလဲ။

နန်ကုန်းယွီက အနည်းငယ် နားမလည်နိုင်သလို ဖြစ်သွားပြီး ခုံတန်းပေါ်တွင် ပြန်ထိုင်လိုက်သည်။

သူ၏ မျက်လုံးများက အနည်းငယ် တောက်ပသွားပြီး တာအိုယန်နတ်ဆိုးမျက်လုံးက အနည်းငယ် လှုပ်ရှားသွားသော်လည်း သူ၏ အမူအရာက အေးစက်သွား၏။

"မင်း သတ္တိနည်းနည်းတော့ ရှိသားပဲ..."

နန်ကုန်းယွီက ဧည့်သည်၏ ရည်ရွယ်ချက်ကို နားလည်သွားပြီး ပက်လက်ကုလားထိုင်တစ်လုံးကို ထုတ်ယူကာ လှဲလျောင်းပြီး အေးအေးဆေးဆေး စောင့်နေလိုက်သည်။

မကြာမီ ယဲ့ကျင်းလင်က ခြံဝင်းအတွင်းသို့ လျှောက်လှမ်းဝင်လာပြီး ခေါင်းငုံ့ကာ ပြောဆိုလိုက်သည်။

"အရှင်... ရှန်ကွမ်မိသားစုရဲ့ ခေါင်းဆောင် ရှန်ကွမ်ထျန်းရှင်းက လာရောက်လည်ပတ်ပါတယ်..."

"သူ့ကို ဝင်လာခိုင်းလိုက်..."

နန်ကုန်းယွီက မျက်လုံးပင် မပင့်ဘဲ အေးစက်စွာ ပြောဆိုလိုက်သည်။

"ဟုတ်ကဲ့ပါ..."

ယဲ့ကျင်းလင်က အနည်းငယ် နားမလည်နိုင်သလို ကြည့်လိုက်သော်လည်း ချက်ချင်းပင် သဘောတူလိုက်ပြီး လှည့်ထွက်သွားသည်။

မကြာမီ ယဲ့ကျင်းလင်က ရှန်ကွမ်ထျန်းရှင်းကို ခြံဝင်းအတွင်းသို့ ခေါ်ဆောင်လာခဲ့သည်။

သို့သော် ရှန်ကွမ်ထျန်းရှင်း ခြံဝင်းအတွင်းသို့ ဝင်လာချိန်၌ မျက်လုံးပိတ်ကာ အိပ်ချင်ယောင်ဆောင်နေသော နန်ကုန်းယွီကို မြင်လိုက်ရပြီး သူ၏ မျက်ခုံးများ တွန့်ကွေးသွားကာ မကျေနပ်မှုက သူ၏ မျက်နှာပေါ်တွင် အထင်အရှား ပေါ်လွင်နေသည်။

သူက ရှေ့သို့ လှမ်းလာပြီး အခန်းထဲ၌ ထိုင်ကာ အေးစက်စွာ ပြောဆိုလိုက်သည်။

"ကျန်းပေ့မင်းသားဆိုတဲ့အတိုင်းပဲ... ဦးလေး ရောက်လာတာကိုတောင် နှုတ်မဆက်ဘူး... အာဏာပြတာက အတော်လေး ဟန်ကျနေပါရောလား..."

ဤသည်ကို ကြားချိန်၌ နန်ကုန်းယွီက သူ့ကို လုံးဝ သည်းမခံခဲ့ချေ။ မျက်လုံးပင် မပင့်ဘဲ သူက အေးစက်စွာ ပြောဆိုလိုက်၏။

"ဒီခွေးက ဘယ်ကရောက်လာပြီး မင်းသားစံအိမ်မှာ လာဟောင်နေတာလဲ ... ယဲ့ကျင်းလင် ဘယ်မှာလဲ..."

"မင်း..."

ရှန်ကွမ်ထျန်းရှင်း၏ မျက်နှာက ချက်ချင်းပင် နီရဲသွားသည်။

"နန်ကုန်းယွီ... မင်း ငါ့ကို စော်ကားရဲတယ်ပေါ့... ငါက ရှန်ကွမ်မိသားစုရဲ့ ခေါင်းဆောင်၊ မင်းရဲ့ အရင်းခေါက်ခေါက် ဦးလေးကွ..."

"အိုး... ရှန်ကွမ်မိသားစုရဲ့ ခေါင်းဆောင်ပဲ..."

နန်ကုန်းယွီက မျက်လုံးများကို ဖြည်းညင်းစွာ ဖွင့်လိုက်ပြီး လက်ချည်းသက်သက်ဖြင့် ရောက်လာသော ရှန်ကွမ်ထျန်းရှင်းကို တစ်ချက်ကြည့်လိုက်သည်။

"ရှန်ကွမ်မိသားစုရဲ့ ခေါင်းဆောင်က ဒီကို ဘာကိစ္စရှိလို့များ လာတာလဲ မသိဘူး... ဘယ်သူ့ဆီ လာလည်တာလဲ..."

"ဟမ့်... ငါက..."

ရှန်ကွမ်ထျန်းရှင်းက အေးစက်စွာ နှာမှုတ်လိုက်ပြီး စကားပြောရန် ပြင်လိုက်သော်လည်း နန်ကုန်းယွီက လက်ဝှေ့ယမ်းလိုက်သည်။

"ရှန်ကွမ်မိသားစုရဲ့ ခေါင်းဆောင်က ကျန်းပေ့မင်းသားစံအိမ်က လူတစ်ယောက်ဆီကို လာလည်တာ လက်ဆောင်မပါဘူးလား... ဒါက ရှန်ကွမ်မိသားစုရဲ့ ထုံးစံလား..."

"ထူးဆန်းလိုက်တာ..."

"မင်း..."

ရှန်ကွမ်ထျန်းရှင်း၏ မျက်နှာက အနည်းငယ် တွန့်လိမ်သွားသည်။

"နန်ကုန်းယွီ... ငါက မင်းရဲ့ အရင်းခေါက်ခေါက် ဦးလေးလေ... ငါက မင်းဆီ လာလည်ဖို့ လက်ဆောင် ယူလာဖို့ လိုတယ်လို့ မင်း ထင်နေလား... မင်း အဲဒါကို လက်ခံနိုင်လား..."

"ဟင်... ငါ့ရဲ့ အရင်းခေါက်ခေါက် ဦးလေး..."

နန်ကုန်းယွီက နားမလည်သယောင် ဟန်ဆောင်လိုက်သည်။

"ငါ ဘာလို့ မင်းကို မသိရတာလဲ... ငါ မွေးလာတာ ရှစ်နှစ်ရှိပြီ... ငါ့မွေးနေ့တိုင်း အဖွားက ငါ့ဆီ လာလည်တယ်….. လက်ဆောင်တချို့ ယူလာပေးတယ်... ငါ ဘာလို့ မင်းကို အရင်က တစ်ခါမှ မမြင်ဖူးရတာလဲ..."

"မင်း... ငါ..."

ရှန်ကွမ်ထျန်းရှင်းက စကားဆွံ့အသွားပြီး နန်ကုန်းယွီ၏ မေးခွန်းကို မည်သို့ ပြန်ဖြေရမည်ကို မသိတော့ပေ။

မြို့တော်တစ်ခုတည်းမှာ နေထိုင်တဲ့ မိခင်ဘက်က ဦးလေးတစ်ယောက်က တူဖြစ်သူဆီကို ရှစ်နှစ်လုံးလုံး မလာတာ ဖြစ်နိုင်ပါ့မလား။

ဤအခိုက်အတန့်တွင် နန်ကုန်းယွီက မေးစေ့ကို ပွတ်သပ်လိုက်ပြီး ဆက်ပြောသည်။

"အဖွားက သူမမှာ သမီးနှစ်ယောက်ပဲ ရှိတယ်လို့ ပြောတယ်... အမေကလည်း သူမမှာ ပြင်ထွက်လေ့ကျင့်နေလို့ ပြန်မလာသေးတဲ့ ညီမတစ်ယောက်ပဲ ရှိတယ်လို့ ပြောတယ်... သူမက ငါ့မှာ ဦးလေးတစ်ယောက် ရှိတယ်လို့ မပြောခဲ့ပါဘူး..."

ဤသည်ကို ကြားချိန်၌ ရှန်ကွမ်ထျန်းရှင်း၏ မျက်နှာက နီရဲသွား၏။

"နန်ကုန်းယွီ... မင်း..."

"မင်း ဘယ်လောက်တောင် ရဲတင်းနေတာလဲ..."

သို့သော် သူ စကားမဆုံးမီ နန်ကုန်းယွီ၏ မျက်နှာက အေးစက်သွားပြီး ပြင်းထန်စွာ အပြစ်တင်လိုက်သည်။

"ဘယ်လမ်းကြားက ထွက်လာတဲ့ ကောင်လဲ... ငါ့ရဲ့ မိခင်ဘက်က ဦးလေးလို့ ပြောရုံတင်မကဘူး... ငါ့နာမည်ကိုတောင် ခေါ်ရဲသေးတယ်... ဘယ်သူက မင်းကို ဒီလို သတ္တိတွေ ပေးထားတာလဲ..."

ဤသည်ကို ကြားချိန်၌ ရှန်ကွမ်ထျန်းရှင်း၏ အမူအရာက မည်းမှောင်သွားပြီး သူ၏ ခန္ဓာကိုယ်ပေါ်မှ နတ်ဘုရားပေါင်းစည်းခြင်းအဆင့် အလယ်အလတ်အဆင့်၏ အငွေ့အသက်က ရုတ်တရက် ပေါက်ကွဲထွက်လာခဲ့သည်။

သူ၏ မျက်နှာက အလွန်အေးစက်နေပြီး နန်ကုန်းယွီကို ကြည့်လိုက်ရာ သူ၏ အကြည့်က ထက်မြက်နေကာ သူ၏ အသံက ရေခဲကဲ့သို့ အေးစက်နေသည်။

"နန်ကုန်းယွီ..."

သို့သော် ထိုအချိန်မှာပင် ယဲ့ကျင်းလင်က နန်ကုန်းယွီ၏ လမ်းကြောင်းကို ပိတ်ဆို့ကာ လျင်မြန်စွာ ရှေ့ထွက်လာပြီး နတ်ဘုရားပေါင်းစည်းခြင်းအဆင့် နောက်ပိုင်းအဆင့်၏ စွမ်းအင်များကို ထုတ်လွှတ်လိုက်ရာ ရှန်ကွမ်ထျန်းရှင်း၏ ဖိနှိပ်မှုစွမ်းအားကို ချေဖျက်လိုက်ပေသည်။

သူမက ရှန်ကွမ်ထျန်းရှင်းကို အေးစက်စွာ ကြည့်လိုက်သည်။

"ရှန်ကွမ်မိသားစု ခေါင်းဆောင်... ရှင် ဘာလုပ်နေတာလဲ... ရှင်က ကျွန်မတို့ရဲ့ မင်းသားကို ဒဏ်ရာရအောင် လုပ်ဝံတာလား... ရှင့်ရဲ့ ရှန်ကွမ်မိသားစုက အကျိုးဆက်တွေကို ခံနိုင်ရည်ရှိရဲ့လား..."

ဤသည်ကို ကြားချိန်၌ ရှန်ကွမ်ထျန်းရှင်းက ပြင်းပြင်းရှူလိုက်ပြီး ယဲ့ကျင်းလင်ကို အချိန်အကြာကြီး စိုက်ကြည့်နေလိုက်၏။

စွမ်းအားအရဆိုလျှင် သူက ဤလူနှင့် ယှဉ်နိုင်မည်မဟုတ်ချေ။

ထို့ပြင် သူ တိုက်ခိုက်နိုင်လျှင်ပင် နန်ကုန်းအောက်ထျန်း ရောက်လာပါက သူ၏ ကံကြမ္မာက ကောင်းမွန်လိမ့်မည် မဟုတ်ပြန်ချေ။

"နန်ကုန်းယွီ... မင်း ဒီနေ့ ပြောခဲ့တဲ့ စကားတွေက လူကြီးတွေကို မလေးစားဘဲ စော်ကားနေတာပဲ... မင်းတစ်လောကလုံးရဲ့ အထင်အမြင်သေးမှုကို ခံရဖို့သာ စောင့်နေတော့..."

ဤသည်ကို ကြားချိန်၌ နန်ကုန်းယွီက အထင်အမြင်သေးစွာ ပြုံးလိုက်၏။

"လူကြီးတွေ ဟုတ်လား... ငါ့ရဲ့ လူကြီးတွေက ချင်းယို ဧကရာဇ်မိသားစု၊ ငါ့ရဲ့ အဖွားနဲ့ ငါအမေပဲ... မင်းက ဘယ်လို လူကြီးမျိုးလဲ... ဒီကိုလာပြီး အထက်စီးကနေ လာဆက်ဆံနေတာလား..."

"မင်း..."

ရှန်ကွမ်ထျန်းရှင်းက ဒေါသတတကြီး ပြောဆိုလိုက်သည်။

"မင်းက တကယ် ကြီးပြင်းလာပြီပဲ... စကားနားမထောင်ဘဲ မိဘကျေးဇူးကန်းဖို့တောင် ရဲတင်းနေပြီ..."

နန်ကုန်းယွီက တုန်လှုပ်ခြင်းမရှိဘဲ အေးစက်စွာ ပြောဆိုလိုက်၏။

"ပါးစပ်ပိတ်ထားစမ်း... မင်းက လူကြီ မဟုတ်မှတော့ မင်းက ဘာလို့ ဒီလောက်တောင် စကားနားမထောင်ဘဲ ကျေးဇူးကန်းနေတာလဲ... မင်းကိုယ်မင်း အထင်ကြီးအောင် မလုပ်နဲ့... ငါ့မျက်လုံးတွေကို အနှောင့်အယှက် မဖြစ်စေနဲ့..."

"ဟမ့်..."

ရှန်ကွမ်ထျန်းရှင်းက ပြင်းပြင်းရှူလိုက်ပြီး သူ၏ ဒေါသထွက်နေသော စိတ်နှလုံးကို အတင်းအကျပ် တည်ငြိမ်အောင်ထားကာ နန်ကုန်းယွီကို ပြင်းပြင်းထန်ထန် စိုက်ကြည့်လိုက်သည်။

သို့သော် နန်ကုန်းယွီက ပြန်လည်ချေပခဲ့သည်။

"မင်း ဘာကို စိုက်ကြည့်နေတာလဲ... မင်းရဲ့ ခွေးမျက်လုံးတွေကို ကြီးအောင် လုပ်နေတာလား..."

"ဟမ့်..."

ရှန်ကွမ်ထျန်းရှင်းက အေးစက်စွာ နှာမှုတ်လိုက်ပြီး သူ၏ အင်္ကျီလက်စများကို ခါယမ်းကာ ပြောဆိုလိုက်သည်။

"စကားနဲ့ အနိုင်ယူနေတာပဲ... ငါက ခေါင်းဆောင်အနေနဲ့ ရှန်ကွမ်ယွဲ့ရှီးနဲ့ ရှန်ပီယွင်မရှိဘဲ၊ ပြီးတော့ ကျန်းပေ့စစ်တပ် မရှိဘဲ ဒီမိသားစု စီးပွားရေးကို မင်း ဘယ်လို ကာကွယ်မလဲ ဆိုတာကို ကြည့်ချင်တယ်..."

ဤသည်ကို ကြားချိန်၌ နန်ကုန်းယွီက အမူအရာကင်းမဲ့နေပြီး သူ၏ နှုတ်ခမ်းများပေါ်တွင် လှောင်ပြောင်သော အပြုံးတစ်ခု ပေါ်လာကာ သူ့ကို ရွံရှာဖွယ် အကြည့်တစ်ချက်ဖြင့် ကြည့်လိုက်သည်။

အခန်း ၁၃၆ မင်းထွက်မလာသေးဘူးလား

"ကြည့်စမ်း... မြေခွေးအမြီးက ပေါ်နေပြီ..."

နန်ကုန်းယွီက လှောင်ပြောင်သော လေသံဖြင့် ပြောဆိုလိုက်သည်။

"ဒါကြောင့်မို့လို့ ကျန်းပေ့မင်းသားစံအိမ်ကို တစ်ခါမှ မလာဖူးတဲ့လူတစ်ယောက်က ဒီနေ့ ရုတ်တရက် ပေါ်လာတာကိုး... ကျန်းပေ့မင်းသားစံအိမ်ရဲ့ အဓိကတိုင်လုံးကြီး မရှိတော့တဲ့အချိန်မှာ အလကား လာစားချင်တာကိုး..."

ဤနေရာတွင် နန်ကုန်းယွီ၏ အမူအရာက ရုတ်တရက် မည်းမှောင်သွားပြီး သူက အေးစက်စွာ ပြောဆိုလိုက်သည်။

"မင်းက အဲဒီလောက်တောင် တန်ဖိုးရှိလို့လား..."

"ဟမ့်..."

ရှန်ကွမ်ထျန်းရှင်း၏ အမူအရာက မည်းမှောင်သွားပြီး သူက လှောင်ပြောင်လိုက်သည်။

"နန်ကုန်းယွီ... ငါတို့ရဲ့ အဓိက ရည်ရွယ်ချက်က ရှန်ကွမ်ယွဲ့ရှီးနဲ့ ကျန်းပေ့စစ်တပ်က မြင့်မြတ်နယ်မြေကို သွားပြီဆိုတဲ့ သတင်းကို ဖြန့်ဖို့ဆိုရင် လူဘယ်နှစ်ယောက်လောက်က ကျန်းပေ့မင်းသားစံအိမ်ကို မျက်စိကျလာမယ်လို့ မင်း ထင်လဲ..."

"နန်ကုန်းအောက်ချန်ရဲ့ ရန်သူ ဘယ်နှစ်ယောက်လောက်က မင်းကို ဆွဲဖြဲပစ်ချင်နေမလဲ... ဒါကို သေချာ စဉ်းစားဖို့ မင်းကို ငါ အကြံပေးချင်တယ်..."

"ရှင် ရဲတယ်ပေါ့လေ..."

နန်ကုန်းယွီ စကားမပြောနိုင်မီ ယဲ့ကျင်းလင်က ဒေါသတကြီး အပြစ်တင်လိုက်သည်။

"ရှန်ကွမ်ထျန်းရှင်း... ရှင် တော်တော် ရဲတင်းနေပါလား... အရှင်မင်းကြီးက မင်းသမီးနဲ့ သခင်လေးက တံခါးပိတ်ကျင့်ကြံနေတယ်လို့ ပြောထားပြီးသားကို ရှင်က တမင်တကာ ဆန့်ကျင်ပြောဆိုနေတယ်... ရှင့်ရဲ့ ရှန်ကွမ်မိသားစုက အသက်ရှင်ရတာ ငြီးငွေ့နေပြီလား..."

ရှန်ကွမ်ထျန်းရှင်း၏ အမူအရာက အနည်းငယ် ပြောင်းလဲသွားသည်။

"ဟမ့်... ဘာဖြစ်လဲ... ငါက အမှန်တရားကို ပြောနေတာပဲ... ငါ မှားတယ်လို့ ဘယ်သူက ပြောမှာလဲ..."

နန်ကုန်းယွီက ခေါင်းငုံ့ကာ တစ်ခဏမျှ စဉ်းစားလိုက်ပြီးနောက် သူ၏မျက်နှာကို တမင်တကာ မည်းမှောင်စေကာ မော့ကြည့်လိုက်သည်။

"ရှန်ကွမ်ထျန်းရှင်း... မင်း ဘာလုပ်ချင်တာလဲ... ပိုမှန်အောင် ပြောရရင် မင်း ဘာကို လိုချင်တာလဲ..."

"သခင်လေး..."

ယဲ့ကျင်းလင်၏ အမူအရာက အနည်းငယ် ပြောင်းလဲသွားသည်။ သူမက နန်ကုန်းယွီကို လှည့်ကြည့်လိုက်သော်လည်း သူက လက်ကို မြှောက်ကာ တားဆီးလိုက်သည်ကို မြင်လိုက်ရသည်။

"ဒီခွေးကောင် ဘာပြောမလဲဆိုတာ နားထောင်ကြည့်ရအောင်..."

ရှန်ကွမ်ထျန်းရှင်း၏ မျက်နှာက အေးစက်ပြီး တင်းမာနေသည်။

"နန်ကုန်းယွီ... မင်းက ငါ့ကို ခွေးလို့ အမြဲခေါ်နေတာပဲ... ဒါက မင်းသားစံအိမ်ရဲ့ ကြီးပြင်းလာမှုပုံစံလား..."

သူ၏ စိတ်အနှောင့်အယှက်ဖြစ်နေသော အမူအရာကို မြင်ချိန်၌ နန်ကုန်းယွီက တုန်လှုပ်ခြင်းမရှိဘဲ ကုလားထိုင်ပေါ်တွင် ဆက်လက် လှဲလျောင်းနေကာ တည်ငြိမ်စွာ ပြောဆိုလိုက်သည်။

"ငါ့ရဲ့ အထက်တန်းကျတဲ့ အမူအကျင့်တွေက ကိုယ့်လူတွေနဲ့ ကိုယ်ကျင့်တရားရှိတဲ့ သူတွေအတွက်ပဲ သီးသန့် ထားတာ... ဘယ်သူမဆို ငါ့ဆီကနေ ယဉ်ယဉ်ကျေးကျေး ပြောဆိုတာကို မျှော်လင့်လို့ မရဘူး..."

"မင်း..."

ရှန်ကွမ်ထျန်းရှင်း၏ မျက်နှာက ရေပေါက်ကျမတတ် မည်းမှောင်နေပြီး သူ၏ အမူအရာက အလွန် ကြည့်ရဆိုးနေ​ေလသည်။

အကယ်၍ သူ့ရှေ့မှ လူသည် မြင့်မြတ်သော ဘွဲ့ထူးကို ကိုင်ဆောင်ထားသည့် ကျန်းပေ့မင်းသားသာ မဟုတ်ခဲ့လျှင်၊ ပြီးတော့ နန်ကုန်းအောက်ထျန်းက ဤအရာကို အကြောင်းပြချက်အဖြစ် အသုံးပြုကာ သူ၏ ရှန်ကွမ်မိသားစုကို ပြဿနာရှာမည်ကို မစိုးရိမ်ရလျှင် ဤကောင်လေးကို သေချာပေါက် သင်ခန်းစာပေးပြီးလောက်ပြီဖြစ်သည်။

'မဖြစ်သေးဘူး... အရင်းအမြစ်တွေ လုံလောက်ပြီဆိုတာနဲ့ ဒီကျိန်စာသင့်နေတဲ့ ကောင်ကို ရှင်းပစ်ဖို့ လုပ်ကြံသူတွေ ငှားရမယ်...'

ရှန်ကွမ်ထျန်းရှင်းက ဤသို့တွေးလိုက်ချိန်၌ သူ၏မျက်လုံးများတွင် သတ်ဖြတ်လိုသော အရိပ်အယောင်တစ်ရပ် ဖြတ်ပြေးသွားခဲ့သည်။

ယဲ့ကျင်းလင်က သူ၏ သတ်ဖြတ်လိုသော ရည်ရွယ်ချက်ကို ထက်မြက်စွာ ခံစားမိလိုက်ရာ သူမ၏ စိတ်ထဲတွင် သတိပေးခေါင်းလောင်းသံများ ချက်ချင်း ထွက်ပေါ်လာခဲ့သည်။

ဤလူနှင့် တိုက်ခိုက်ရမည်ကို သူမ မကြောက်ရွံ့သော်လည်း တိုက်ပွဲ၏ ဂယက်ရိုက်ခတ်မှုများက မင်းသားကို ထိခိုက်ဒဏ်ရာရစေမည်ကို သူမ စိုးရိမ်မိပေသည်။

ကံကောင်းစွာဖြင့် တစ်ဖက်လူက လောလောဆယ်တွင် လှုပ်ရှားရန် ရည်ရွယ်ထားပုံမပေါ်သဖြင့် သူမ အနည်းငယ် သက်သာရာရသွားသည်။

သို့သော် နန်ကုန်းယွီက သူ လှုပ်ရှားရန် မရဲသည်ကို မြင်ချိန်၌ လှောင်ပြောင်သော အပြုံးတစသက်သာရာရသွားသည်သည်။

"အဓိပ္ပာယ်မရှိတာတွေ မပြောနဲ့တော့ ရှန်ကွမ်မိသားစု ခေါင်းဆောင်... မင်းက ဒီကိုလာပြီး ရဲရဲတင်းတင်း ခြိမ်းခြောက်နေမှတော့ မင်း ဘာလိုချင်တာလဲ ဆိုတာကိုပဲ ပြောပါ..."

ဤသည်ကို ကြားချိန်၌ ရှန်ကွမ်ထျန်းရှင်းသည် နန်ကုန်းယွီနှင့် စကားပြောဆိုပြီး အချိန်မဖြုန်းချင်တော့သဖြင့် တိုက်ရိုက်ပင် ပြောဆိုလိုက်သည်။

"ကျန်းပေ့တပ်က အချိန်တိုအတွင်းမှာ ဝိညာဉ်အရှင်မြတ်အဆင့်ကို တက်လှမ်းဖို့ ဆိုတာ မဖြစ်နိုင်ဘူး... တစ်ခုတည်းသော ဖြစ်နိုင်ခြေက မင်းတို့ ကျန်းပေ့မင်းသားစံအိမ်က ကောင်းကင်ကို ဆန့်ကျင်တဲ့ အခွင့်အရေးကို ရခဲ့ပြီး သူတို့ရဲ့ ဝိညာဉ်အမြစ်ကို ပြောင်းလဲစေခဲ့တာပဲ..."

"ပြီးတော့ တန်ဖိုးကြီးတဲ့ အရင်းအမြစ်တွေနဲ့ အချိန်တိုအတွင်းမှာ သူတို့ကို ဝိညာဉ်အရှင်မြတ်အဆင့်ကို ရောက်အောင် ငါ ကူညီပေးခဲ့တယ်... မင်းရဲ့ ဦးလေးအနေနဲ့ ငါပိုင်ဆိုင်ရမယ့်အရာတွေထဲက ပြားစိတစ်ပြားတောင် ငါ မရခဲ့ဘူး..."

ဤသည်ကို ကြားချိန်၌ နန်ကုန်းယွီက မျက်လုံးများကို လှန်ကြည့်မိသွားသည်။

"မင်းက ဘယ်လိုလုပ် ဒီလောက်တောင် အရှက်မဲ့နိုင်ရတာလဲ... တောင်တန်း တစ်သိန်းထဲမှာ လျှို့ဝှက်ဆန်းကြယ်တဲ့သူကို ကူညီပေးခဲ့လို့ ကျန်းပေ့တပ်ရခဲ့တဲ့ အခွင့်အရေးက ကျန်းပေ့မင်းသားစံအိမ်နဲ့ ဘာဆိုင်လို့လဲ..."

"ပြီးတော့ ငါ့ရဲ့ မိခင်ဘက်က ဦးလေးအနေနဲ့တဲ့လား... မင်းက ထိုက်တန်တယ်လို့ ပြောရဲသေးတယ်ပေါ့... ငါ့အမေမှာ မောင်နှမတွေ မရှိဘူးဆိုတာ မပြောနဲ့ဦး... ရှိတယ်ဆိုရင်တောင် သူမ နန်းတော်ထဲမှာ ရှိနေတုန်းက မင်း ဘာလို့ မလာခဲ့တာလဲ... ငါ မွေးလာတာ ရှစ်နှစ်ရှိပြီ... မင်း ဘာလို့ မလာခဲ့တာလဲ..."

"အခု အမေက မင်းသားစံအိမ်မှာ မရှိတော့မှ မင်းက ဒီကိုလာပြီး ပစ္စည်းတွေ လာတောင်းနေတာလား... ဒီလိုစကားတွေ ပြောရတာ မင်းရဲ့ ယုံကြည်ချက်က နာကျင်မနေဘူးလား... ဒါမှမဟုတ် မင်းမှာ ယုံကြည်ချက် ဆိုတာ လုံးဝ မရှိတော့တာလား..."

ဤသည်ကို ကြားချိန်၌ ရှန်ကွမ်ထျန်းရှင်းက တည်ငြိမ်သွားပုံရ၏။ သူ၏ မျက်နှာပေါ်တွင် ဒေါသနှင့် မကောင်းဆိုးဝါး အရိပ်အယောင်များ ရံဖန်ရံခါ ပေါ်လာသော်လည်း သူက ခုံတန်းပေါ်တွင် အေးအေးဆေးဆေး ထိုင်လိုက်သည်။

သူ၏ အသံက တည်ငြိမ်နေသော်လည်း မျှော်လင့်ချက်နှင့် ပြင်းထန်သော ခြိမ်းခြောက်မှု အရိပ်အယောင်များ ပါဝင်နေသည်။

"ဒါက မိသားစုရဲ့ ကိစ္စမဟုတ်ဘူး... မင်းသားစံအိမ်ရဲ့ ပိုင်ဆိုင်မှုတွေက ငါ့ညီမနဲ့ သက်ဆိုင်တယ်... ပြီးတော့ မိသားစုခေါင်းဆောင်က အဲဒီထဲက တစ်ဝက်ကို ယူရမယ်... ကျန်းပေ့တပ် ရခဲ့တဲ့ အခွင့်အရေးပဲဖြစ်ဖြစ်၊ ကျန်းပေ့မင်းသားစံအိမ် ရခဲ့တဲ့ အခွင့်အရေးပဲဖြစ်ဖြစ် မိသားစုခေါင်းဆောင်ကလည်း တစ်ဝက် ယူရမယ်... မဟုတ်ရင် အကျိုးဆက်တွေကို မင်း သိမှာပါ..."

ဤသည်ကို ကြားချိန်၌ ယဲ့ကျင်းလင်၏ အမူအရာက အလွန်အမင်း ပြောင်းလဲသွားပြီး သူမ၏ မျက်လုံးများတွင် ဒေါသများ ပြည့်နှက်နေသည်။

"ရှန်ကွမ်ထျန်းရှင်း... ရှင်က မိသားစုခေါင်းဆောင် ဖြစ်လို့ ရရမယ်တဲ့လား... ရှင့်မှာ အရှက်မရှိဘူးလား..."

ရှန်ကွမ်ထျန်းရှင်းက သူမကို တစ်ချက်ကြည့်လိုက်ပြီး မျက်မှောင်ကြုတ်ကာ ပြောဆိုလိုက်သည်။

"အခု ငါက မင်းရဲ့ သခင်နဲ့ စကားပြောနေတာ... အဆင့်နိမ့်တဲ့ အစေခံဖြစ်တဲ့ မင်းက ဘာဝင်ပြောနေတာလဲ..."

"ရှင်..."

ယဲ့ကျင်းလင်က စိုးရိမ်တကြီး ဖြစ်သွားသော်လည်း နန်ကုန်းယွီက တားဆီးလိုက်ပြီး ခေါင်းကို အနည်းငယ် ခါယမ်းလိုက်သည်။

"ဒီလိုလူမျိုးနဲ့ ဘာလို့ သွားပတ်သက်နေတာလဲ... ကိုယ့်ကျန်းမာရေးကို ထိခိုက်အောင် မလုပ်နဲ့..."

ဤသည်ကို ကြားချိန်၌ ယဲ့ကျင်းလင်က ပြင်းပြင်းရှူလိုက်သည်။

"သခင်လေး... သူ့ရဲ့ ယုတ်မာတဲ့ အပြုအမူကို အရှင်မင်းကြီးဆီ အကြောင်းကြားပြီး ကူညီပေးဖို့ တောင်းဆိုသင့်တယ်..."

"ဟမ့်..."

သို့သော် ယဲ့ကျင်းလင်၏ စကားကို ကြားချိန်၌ ရှန်ကွမ်ထျန်းရှင်းက လှောင်ပြောင်လိုက်သည်။

"ရယ်စရာပဲ... နန်ကုန်းယွီကို အချစ်ဆုံးဖြစ်တဲ့ ရှန်ကွမ်ယွဲ့ရှီးနဲ့ မယ်တော်ကြီးတို့က ထွက်သွားကြပြီ... သူ့အပေါ် သစ္စာရှိတဲ့ မြောက်ပိုင်းတပ် တစ်ခုလုံးလည်း ထွက်သွားပြီ... နန်းတော်ထဲမှာ ဘယ်သူက သူ့ကို ကူညီမှာလဲ... မင်း ဘာတွေ တွေးနေတာလဲ..."

ဤသည်ကို ကြားချိန်၌ ယဲ့ကျင်းလင်၏ အမူအရာက အနည်းငယ် ပြောင်းလဲသွားပြီး သူမက နန်ကုန်းယွီကို စိုးရိမ်တကြီး လှည့်ကြည့်လိုက်သည်။

သို့သော် ထို့နောက် နန်ကုန်းယွီက ပြုံးလိုက်ပြီး နန်းတော်ရှိရာဘက်သို့ ကြည့်ကာ တိုးတိတ်စွာ ပြောဆိုလိုက်၏။

"ဦးရီးတော်... ယွီအာက သေမတတ် အနိုင်ကျင့်ခံနေရပြီ... ဦးရီးတော်က ထွက်မလာသေးဘူးလား..."

ဤသည်ကို ကြားချိန်၌ ရှန်ကွမ်ထျန်းရှင်းနှင့် ယဲ့ကျင်းလင်တို့က အံ့အားသင့်သွားပြီး လှည့်ကြည့်လိုက်ကြသော်လည်း ထိုနေရာတွင် ဘာမှမရှိသည်ကို တွေ့လိုက်ရသည်။

ဤသည်ကို မြင်ချိန်၌ ယဲ့ကျင်းလင်က စိုးရိမ်ပြီး စိတ်ပျက်နေပုံရကာ မင်းသားက စိတ်ပျက်ရတော့မည်ဟု တိတ်တဆိတ် တွေးလိုက်မိသည်။

ရှန်ကွမ်ထျန်းရှင်းက ပြုံးကာ ပြောဆိုလိုက်သည်။

"အလကားပါပဲ... မင်းက သူ့အတွက် တန်ဖိုးမရှိတော့ဘူး... သူက မင်းကို ကူညီမှာ မဟုတ်ဘူး..."

သို့သော် သူ ဤသို့ပြောလိုက်သည်နှင့် ကြီးမြတ်ပြီး အေးစက်သော အသံတစ်သံက ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

"ဟုတ်လား..."

စကားသံ ဆုံးသွားသည်နှင့် သက်တန့်ရောင်အလင်းတန်း နှစ်ခုက မျက်တောင်တစ်ခတ်အတွင်း ရောက်ရှိလာပြီး အခန်းအတွင်းသို့ ကျဆင်းလာခဲ့သည်။

လူစုက လှည့်ကြည့်လိုက်ရာ ရောက်လာသူများမှာ အခြားမဟုတ်ဘဲ နန်ကုန်းအောက်ထျန်းနှင့် မိန်းမစိုး ယန်တို့ပင် ဖြစ်ပေသည်။

ဤအခိုက်အတန့်တွင် နန်ကုန်းအောက်ထျန်း၏ မျက်နှာက မည်းမှောင်နေပြီး သူ၏ မျက်လုံးများတွင် အရိုးကွဲမတတ် အေးစက်လှသော သတ်ဖြတ်လိုသည့် ရည်ရွယ်ချက်များ ပြည့်နှက်နေသည်။

"ရှန်ကွမ်ထျန်းရှင်း... မင်းက အင်ပါယာရဲ့ လျှို့ဝှက်ချက်တွေကို ပေါက်ကြားအောင် လုပ်ပြီး ကျန်းပေ့မင်းသားကို ရဲရဲတင်းတင်း ခြိမ်းခြောက်ဖို့ ရည်ရွယ်နေတာလား... မင်း သေချင်နေတာလား..."

သူက ရှန်ကွမ်ထျန်းရှင်းကို အေးစက်စွာ စိုက်ကြည့်လိုက်ရာ သူ၏အသံက အာဏာပါသော်လည်း အေးစက်နေပြီး အချိန်မရွေး လူသတ်တော့မည့်အလားပင်။

ဤသည်ကို မြင်ချိန်၌ ရှန်ကွမ်ထျန်းရှင်း၏ အမူအရာက ပြောင်းလဲသွားပြီး သူက ပြင်းပြင်းထန်ထန် ငြင်းဆန်လိုက်သည်။

"ကျွန်တော် မလုပ်ခဲ့ပါဘူး... ကျွန်တော်က ရှန်ကွမ်မိသားစုရဲ့ ခေါင်းဆောင်ပါ... ကျွန်တော် မလုပ်ခဲ့တဲ့ အရာအတွက် ကျွန်တော့်ကို အပြစ်ရှာတာ ဒါမှမဟုတ် သတ်ဖြတ်တာမျိုး လုပ်လို့မရပါဘူး..."

"ဟမ့်..."

နန်ကုန်းအောက်ထျန်းက အေးစက်စွာ နှာမှုတ်လိုက်ပြီး သူ၏ မျက်နှာက အလွန် မည်းမှောင်နေသည်။

"ငါ့မျက်စိနဲ့တပ်အပ် မြင်ခဲ့တာ... လုပ်ငန်းစဉ်တစ်ခုလုံးကို ငါ မြင်တွေ့ခဲ့တာတောင် မင်းက မလုပ်ဘူးလို့ ပြောနေတုန်းပဲလား..."

"ဟမ့်… သက်သေပြစရာ ဘယ်မှာလဲ..."

ရှန်ကွမ်ထျန်းရှင်းက ခေါင်းမာနေသည်။ သူ၏ ရှန်ကွမ်မိသားစုတွင် ဝိညာဉ်အရှင်မြတ်အဆင့် နှစ်ဦးရှိပြီး အခြားမိသားစု အတော်များများနှင့်လည်း ဆွေမျိုးတော်စပ်ထား၏။ နန်ကုန်းအောက်ထျန်းက အဆင်အခြင်မဲ့ ပြုမူရဲမည်ဟု သူ မယုံကြည်ချေ။

နန်ကုန်းအောက်ထျန်းက မျက်မှောင်ကြုတ်လိုက်ပြီး သူ၏ မျက်နှာက အေးစက်သွားသည်။ သူက ကူကယ်ရာမဲ့သလို ခံစားလိုက်ရပြီး နောင်တရသွားသည်။

All Chapters