← Chapters

အခန်း (၉-၁၀)

Vol. 1 Ch. 9-10

အခန်း (၉-၁၀)

Vol. 1 Ch. 9-10

အခန်း(၉)

ယဲ့ယီက အဘိုးကြီးနဲ့ယူထားတာ မဟုတ်လား

ကုရှီချန်းသည် ကုမ္ပဏီ အလုပ်များ ပြီးရန် ရက်အတော်ကြာ အပြင်တွင် အလုပ်ရှုပ်ခဲ့ရသည်။

ယဲ့ယီ ကုစဲ့ လေးကို အနိုင်ကျင့်မကျင့်ကိုလည်း သူမသိပေ။

ကုရှီချန်း သူ့ဖုန်းကို ဖွင့်ပြီး တိုက်ရိုက်ထုတ်လွှင့်မှု ကို ကြည့်လိုက်သည်။

ယခုချိန်တွင် ယဲ့ယီ နှင့် ကုစဲ့တို့ နှစ်ယောက်စလုံး တီဗွီကြည့်နေကြပြီး ၊ သူတို့နှစ်ယောက် အတော်လေး သင့်မြတ်နေကြ၏။

ကုရှီချန်း ယခင်အပိုင်းတို့ကို ပြန်ကြည့် လိုက်သည်။

ယဲ့ယီ သရုပ်ဆောင်နေသည် ဟူသော ကောမန့်ကို တွေ့လိုက်ရသော အခါတွင် သူ အံ့ဩမှုကြောင့် မျက်လုံးပင်ပြူးသွားသည်။

ယဲ့ယီ သရုပ်ဆောင်နေသည့် အပိုင်းကို သူထပ်ခါတလဲလဲ ပြန်ကြည့်နေတော့သည်။

သူ ပြန်ကြည့်လေလေ သူ ပို၍ အံ့အားသင့်လေလေဖြစ်သည်။

ယဲ့ယီ ၏ သရုပ်ဆောင်စွမ်းရည်နှင့် ပတ်သက်၍ သူ နားလည်ထားသည်မှာ သိပ်မဆိုးသော်လည်း ဤအဆင့်ထိ ရောက်ရန်မဖြစ်နိုင်ဟု သူထင်ပါ၏။

ကုရှီချန်း ယဲ့ယီ ယခင်က သရုပ်ဆောင်ခဲ့သည့် ဗီဒီယိုတို့ကို သူ့ကွန်ပျူတာထဲတွင် ရှာဖွေကာ လက်ရှိဗီဒီယိုနှင့် နှိုင်းယှဉ်ကြည့်လိုက်သည်။

ကုရှီချန်းကြည့်လေလေ တစ်ခုခု လွဲမှားနေမှန်း သူခံစားလာရလေလေ ဖြစ်သည်။

ယဲ့ယီ သရုပ်ဆောင်မှုတို့သည် အဆင့်ဆင့် တိုးတက်လာသည်နှင့် မတူပဲ လူအသစ်တစ်ယောက် အဖြစ် ပြောင်းလဲသွားသကဲ့သို့ ခံစားရ၏။

ယခင်က ယဲ့ယီ၏ အတွေးတို့ကို ရုတ်တရက် သူ ကြားနိုင်ခဲ့သည်ကို ပြန်အမှတ်ရမိပြီး ဤအမျိုးသမီးမှာ အကြောင်းရင်းတစ်ခုခုတော့ ရှိရမည်ဟု ကုရှီချန်း ခံစားလိုက်ရသည်။

ကုရှီချန်း သူ့လက်ထောက်ကို ခေါ်လိုက်သည်။

“အိမ်ပြန်ဖို့ လေယာဉ်လက်မှတ် ကြိုစာရင်းပေးလိုက်”

ဤအမျိုးသမီး လုပ်နေသည်များကို သူကိုယ်တိုင် သွားကြည့်ချင်လာသည်။ သူမ ကုစဲ့ကို ထိခိုက်ရန် ရည်ရွယ်ချက်ရှိနေသေးပါက သူ ညှာတာမည် မဟုတ်ချေ။

ညနေတွင် ရိုက်ကူးရေးအဖွဲ့သည် အစီအစဉ်တွင် ပါဝင်သူတို့ကို ကိုယ်တိုင် ဟင်းမချက်ခိုင်းတော့ချေ။

ယဲ့ယီ အိမ်ထိန်းအစ်မလင်းကိုသာ ဟင်းချက်စေပြီး စားရန် အသင့် စောင့်နေလိုက်သည်။

တစ်ဖက်တွင် လန်ရွှယ် ကိုယ်တိုင်ကိုယ်ကျ ချက်ပြုတ်နေရသည်။

ဤအခေါက်တွင် သူမယောကျ်ား ရှိနေသော်လည်း သားဖြစ်သူကို ခေါ် ပြီး ဂိမ်းဆော့နေသောကြောင့် လန်ရွှယ် တစ်ယောက်တည်း မီးဖိုချောင်ထဲတွင် အလုပ်ရှုပ်နေတော့၏။

ကြည့်ရှုသူတစ်ချို့ကလည်း ဝေဖန်လာကြသည်။

[လန်ရွယ် ရဲ့ယောကျ်ားက ဘာမှ မကူညီတတ်ဘူးလား။ အရမ်းလွန်တာပဲ]

[လန်ရွှယ်က အိမ်အကူတစ်ယောက် ဖြစ်နေသလို ထင်ရတယ်]

တခြားအင်တာနက်အသုံးပြုသူများသည် ချန်ထျန်မင်း အတွက် ဆင်ခြေပေးကြသည်။

[သူက CEO လေ။နေ့စဉ် အလုပ်တွေ ထောင်နဲ့ချီရှိတယ်။ အခုလို အချိန်ရတော့ သားနဲ့အချိန်ဖြုန်းဖို့ လိုတာပေါ့]

[သူက သာမန်နေ့တွေမှာ အရမ်းပင်ပန်းမှာပေါ့။ အိမ်ရောက်ရင် နည်းနည်းလောက် အနားယူတာ မမှားပါဘူး]

[ဟုတ်တယ် ဟုတ်တယ် ချစ်ကြောင်းပြဖို့ ဟင်းချက်ဖို့မှ မလိုတာ]

ထမင်းစားနေစဉ် လန်ရွှယ်တို့မိသားစုသည် ယနေ့ လိုက်လျောညီထွေရှိသည့် ဖျော်ဖြေပွဲအကြောင်းကိုပါ မှတ်ချက်ပေးကြသည်။

လန်ရွှယ်ကို ဆက်လက်ချီးကျူးနေကြသည့် ဖန်များမှလွဲ၍ အခြားသူတို့သည် တိုက်ရိုက်ထုတ်လွှင့်မှုမှ ထွက်ခွာသွားကြ၏။

ယဲ့ယီ နှင့် ကုစဲ့တို့ ‘စားချိန်၊ အိပ်ချိန် စကားမပြောရ’ ဟူသည့် စည်းမျဉ်းအတိုင်း လိုက်နာပြီး အစားပေါ်တွင် အာရုံစိုက်နေကြသည်။

နောက်ဆုံးတွင် ယဲ့ယီဘက်တွင် ပန်းကန် ပြောင်ရှင်း သွားသော်လည်း လန်ရွှယ်ဘက်တွင် မနက်ကအတိုင်း သိပ်မစားခဲ့ပေ။

မှတ်ချက်များထဲတွင် ချီးမွမ်းသံတို့ ပြည့်နေဆဲဖြစ်သော်လည်း ကြည့်ရှုသူဦးရေကတော့ ကျဆင်းနေ၏။ ကျက်သရေ ရှိသည်မှာ ကောင်းသော်လည်း အလွန် ပျင်းစရာကောင်းလွန်းနေ၍ပင်။

ညစာစားပြီးသည်နှင့် ရိုက်ကူးရေးအဖွဲ့ ခဏတာထပ်ရိုက်ပြီး အနားယူချိန်နီးသောကြောင့် ထွက်ခွာသွားကြသည်။

ရိုက်ကူးရေးအဖွဲ့ ထွက်သွားသည်နှင့် တစ်ပြိုင်နက် ယဲ့ယီသည် ချက်ချင်း အိပ်ရန် ပြင်တော့၏။

မည်သည့်အရာမှ အလှအပ ထိန်းသိမ်းခြင်းထက် ပို၍ အရေးမကြီးပေ။

ကုစဲ့လည်း သူ့အခန်းသူ ပြန်သွားခဲ့သည်။သူ ဤအမျိုးသမီးနှင့် အတူမနေလိုပေ။

ကုစဲ့ သူ့အခန်းထဲသို့ ရောက်သည်နှင့် ကုရှီချန်း၏ ဖုန်းခေါ်ဆိုမှုကို ရလိုက်သည်။

“ဖေဖေ”

ကုရှီချန်း၏ ဆွဲဆောင်မှုရှိသော အသံသည် ဖုန်းတစ်ဖက်မှ ထွက်ပေါ်လာသည်။

“သူ သားကို အနိုင်ကျင့်သေးလား “

ကုစဲ့သည် အမှန်တိုင်း ပြန်ဖြေလိုက်သည်။

“မကျင့်ပါဘူး ဒါပေမဲ့…”

ကုစဲ့ တုံ့ဆိုင်းသွားသည်။

“ဘာဖြစ်လို့လဲ”

ကုစဲ့သည် ပြောဖို့ အခက်တွေ့နေပြီး၊ ထို့နောက် သူ့အတွေးများကို ကုရှီချန်းအား ပြောပြလိုက်သည်။

“သူ စိတ်မမှန်ဘူးထင်တယ်”

ဖုန်းတစ်ဖက်တွင် ခဏတိတ်ဆိတ်သွားသည်။

“အဖေ မနက်ဖြန်ပြန်လာမယ် စောစောအိပ်တော့”

ယဲ့ယီဘက်တွင်မူ ၊ သူမ အိပ်မက် ကမ္ဘာထဲတွင် နစ်မြောနေပြီး သူမ သားပျိုလေးသည် သူမကို အရူးတစ်ယောက်လို ထင်နေသည်ကိုတော့ မသိရှာပေ။

…

ရိုက်ကူးရေးအဖွဲ့ ထွက်သွားပြီးနောက် လန်ရွှယ် မစောင့်နိုင်တော့ဘဲ ဖုန်းဖွင့်ပြီး လိုင်းပေါ်မှ အခြေအနေကို သွားကြည့်လိုက်သည်။

ယနေ့ တိုက်ရိုက်ထုတ်လွှင့်မှုသည် ပရိသတ်အသစ်များကို ဆွဲဆောင်နိုင်လိမ့်မည်ဟု သူမ တထစ်ချ ယုံကြည်ပါ၏။

သို့သော် အင်တာနက်ပေါ် တက်ကြည့်လိုက်သည့်အခါ ထိပ်ဆုံးမှ ခေါင်းစီးနေရာကို ယဲ့ယီက သိမ်းပိုက်ထားလေသည်။

လန်ရွှယ် လိုင်းပေါ် တက်လိုက်သည်နှင့် ယဲ့ယီ ၏ သရုပ်ဆောင်ထားသော ဗွီဒီယိုကို မြင်လိုက်ရ၏။

လန်ရွှယ် ဒေါသအရမ်းထွက်ကာ ဖုန်းကို ပစ်ပေါက်လိုက်မိသည်။

“ယဲ့ယီ ဆိုတဲ့ဟာမ သူ့သရုပ်ဆောင်စွမ်းရည် ဘယ်တုန်းက ဒီလောက်ကောင်းလာတာလဲ”

လန်ရွှယ် ဖုန်းကို ပြန်ကောက်လိုက်ပြီး သူမ မန်နေဂျာကို ဖုန်းဆက်လိုက်သည်။

“ယဲ့ယီရဲ့လူကြိုက်များမှုကို ဖုံးဖိဖို့ ခေါင်းစဉ်တွေ ဝယ်စမ်း”

ထိုညတွင် #ယဲ့ယီ ၏မပျော်မရွှင်သောအိမ်ထောင်ရေး #ယဲ့ယီ၏ယောကျ်ားတစ်ခါမှ ပေါ်မလာ #ယဲ့ယီ၏အိမ်ထောင်ရေး ပြိုလဲတော့မည်ဟုသံသယရှိ ဆိုသည့် ခေါင်းစဉ်များသည် ယဲ့ယီ၏ သရုပ်ဆောင်စွမ်းရည်ကို ချီးကျူးသည့် ခေါင်းစဉ်များအား တိုက်ရိုက် ဖုံးလွှမ်းသွားခဲ့သည်။

နောက်တစ်နေ့မနက်စောစောတွင်

ရိုက်ကူရေးစချိန်တွင် အစီအစဉ်တင်ဆက်သူက လန်ရွှယ်ကို ယဲ့ယီ၏ သရုပ်ဆောင်အပိုင်းအကြောင်း သူမ၏ ထင်မြင်မှုကို တိုက်ရိုက်မေးလိုက်သည်။

လန်ရွှယ်သည် အတင်း အံကြိတ်နေသော်လည်း ကြင်နာပြီး ရက်ရောသည့်ပုံစံမျိုး ဆက်လက် ဟန်ဆောင်လိုက်သည်။

“ကျွန်မလည်း ရှောင်ယီက ကျွန်မထက် ပိုကောင်းအောင် သရုပ်ဆောင်နိုင်တယ်လို့ ခံစားရတယ်။ သူမ အများကြီး ကြိုးစားထားပုံရတယ်။ ကျွန်မ သူမဆီက သင်ယူစရာတွေ အများကြီးရှိပါသေးတယ်”

လန်ရွှယ်၏ စကားတို့သည် အလွန်တွက်ချက်ထားသည့်ဟန်။ ယဲ့ယီကို ချီးမွမ်းသည့်ပုံပေါက်သော်လည်း တကယ်တမ်းတွင် ယဲ့ယီဟာ ကိုယ်ပိုင်သရုပ်ဆောင်ချက်ကို အကြိမ်ပေါင်းများစွာ လေ့ကျင့်ထားသည်ဟု အဓိပ္ပာယ်ဆောင်နေလေသည်။

မှတ်ချက်များထဲမှ လူတချို့လည်း ယဲ့ယီသည် တမင်လုပ်နေသည်ဟု စတင် သံသယဝင်လာကြသည်။

[လူတစ်ယောက်ရဲ့ သရုပ်ဆောင်စွမ်းရည်က ဒီလောက်ပြောင်းလဲနိုင်လို့လား။ ယဲ့ယီက အကြာကြီးလေ့ကျင့်ထားပြီး လူကြိုက်များအောင် တမင်လုပ်နေတာ ဖြစ်ရမယ်]

[ဘယ်လိုပဲဖြစ်ဖြစ် ယဲ့ယီရဲ့ သရုပ်ဆောင်စွမ်းရည် အဲဒီလောက်ကောင်းလာမယ်လို့ ငါမယုံဘူး]

[ယဲ့ယီက ကျွန်မ ရွှယ် ရဲ့လူကြိုက်များမှုကို တမင်လုနေတာ။ မုန်းစရာကြီး]

အစီအစဉ်တင်ဆက်သူ ဆက်မေးလိုက်သည်။

“ရွှယ်ရေ တစ်နေ့မှာ ရှောင်ယီက မင်းကို ကျော်တက်သွားမှာကို မစိုးရိမ်ဘူးလား”

လန်ရွှယ်သည် သူမအပြုံးကို ဆက်ထိန်းထားပြီး တစ်ဖက်မှာထိုင်နေသည့် ချန်ထျန်မင်း ကို ခဏကြည့်လိုက်သည်။

“သူမ ကျွန်မကို ကျော်တက်သည်ဖြစ်စေ မတက်သည်ဖြစ်စေ ကျွန်မရဲ့ချစ်သူက ကျွန်မနောက်မှာ အမြဲရပ်တည်ပေးနေမှာပဲလေ”

ချန်ထျန်မင်းလည်း အလိုက်သင့်ပြန်ဖြေသည်။

“တကယ်တော့ ကျွန်တော် ရွှယ်ကို အလုပ်မလုပ်ခိုင်းစေချင်တော့ပါဘူး။ မင်းသမီးတစ်ယောက်ဖြစ်တာ တကယ့်ကို ပင်ပန်းတာကိုး။ ဒါပေမယ့် ရွှယ်က သူ့ပရိသတ်တွေ သူ သရုပ်ဆောင်တဲ့ ဇာတ်လမ်းတွေကို အမြဲကြည့်စေချင်တယ်လို့ ပြောတယ်လေ”

မှတ်ချက်များထဲမှ လန်ရွှယ်၏ ပရိသတ်တွေ မယုံနိုင်လောက်အောင် စိတ်လှုပ်ရှားသွားကြသည်။

[အော် ဒါဘယ်လိုမြင့်မြတ်တဲ့ အချစ်မျိုးပါလိမ့်]

[ကျွန်မတို့ ရွှယ်ရဲ့ ပရိသတ်ဖြစ်ရတာကံကောင်းလိုက်တာ]

[ရွှယ်ကို တစ်သက်လုံး ချစ်မယ်]

[တချို့လူတွေရဲ့ ယောကျ်ားတွေက မျက်နှာတောင် ပြဖို့ဆန္ဒမရှိကြဘူး။ သနားစရာကြီး]

[ကျွန်မတို့ ရွှယ်က အလုပ်အကိုင်လည်းအောင်မြင်တယ်၊ ယောကျ်ားကလည်း ချစ်တယ်။ တချို့လူတွေ တော့ မနာလွန်းလို့ သေတော့မယ်]

တစ်ဖက်မှာတော့ လန်ရွှယ်ဆီမှ အကျိုးခံစားခွင့်များ ယူထားသည့် အစီအစဉ်တင်ဆက်သူသည် ယဲ့ယီကို တမင်တကာ ပစ်မှတ်ထားလာကာ မေးလိုက်သည်။

“ရှောင်ယီရဲ့ ယောကျ်ား ဒီနေ့လည်း မ

ပြန်မလာသေးဘူးလား”

ယဲ့ယီ ခေါင်းညိတ်လိုက်သည်။

“ကျွန်မ ယောကျ်ား ဘယ်တော့ပြန်လာမှန်း မသိပေမယ့် တစ်နေ့နေ့တော့ ပြန်လာပါလိမ့်မယ်”

အစီအစဉ်တင်ဆက်သူသည် နောက်ပြောင်ဟန်ဖြင့် ပြောလိုက်သည်။

“ရှောင်ယဲ့ ရဲ့ ယောကျ်ားက အလုပ်ကိစ္စနဲ့ခရီးသွားတာဟုတ်ရောဟုတ်ရဲ့လား။ မျက်နှာပြဖို့ ရှက်နေတာများလား။ တကယ်တော့ သိပ်ကြီးကြီးမားမား ကိစ္စမဟုတ်ပါဘူး။ ကျွန်မတို့ အင်တာနက်အသုံးပြုသူတွေက အသွင်အပြင်ကို သိပ်ဂရုမစိုက်လောက်ပါဘူး”

စကားအနည်းငယ်နှင့်တင် အစီအစဉ်တင်ဆက်သူသည် ကုရှီချန်းဟာ သူ့အသွင်အပြင်ကြောင့် မျက်နှာပြဖို့ ကြောက်နေသည်ဟု သရုပ်ဖော်လိုက်တော့သည်။ ယဲ့ယီသည် လူအိုကြီးတစ်ယောက်နှင့် လက်ထပ်ထားသည်ဟု ထင်ပြီးသား အင်တာနက်အသုံးပြုသူများကိုလည်း ဤအချက်များကြောင့် ပို၍ သေချာသွားစေတော့သည်။

[ယဲ့ယီရဲ့ယောကျ်ားက အဆီပြန်တဲ့လူဝကြီးတစ်ယောက် ဖြစ်ရမယ်။ ဒါမှမဟုတ်ရင် မျက်နှာဘာလို့ မပြရဲတာလဲ]

[ယဲ့ယီက ပိုက်ဆံကြောင့်လက်ထပ်လိုက်တာပဲနေမှာ။သူ ညဘက်မှာ လူအိုကြီးတစ်ယောက်နဲ့ အတူအိပ်ရတော့ အိပ်မက်ဆိုးမမက်ဘူးလား]

[ယဲ့ယီရဲ့ယောကျ်ားက လူအိုကြီးမဟုတ်ရင်တောင် သူ့ကို မကြိုက်တာ သေချာတယ်။ လန်ရွှယ် ရဲ့ယောကျ်ားက အလုပ်ကို တန်းပစ်ပြီး ဇနီးဖြစ်သူရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုကို ချက်ချင်းရောက်လာတယ်]

ကုစဲ့ စိတ်မကောင်းဖြစ်သွားသည်။ ဖခင်ဖြစ်သူအကြောင်း မကောင်းသတင်း ပြောနေသည်ကို မည်သူက သည်းခံနိုင်မည်နည်း။

သူ စကားမပြောသေးခင်မှာပဲ အဝင်မုဒ်တံခါး ပွင့်လာခဲ့သည်။

တံခါးဖြည်းဖြည်းနှင့် ပွင့်လာသည်နှင့်အမျှ အရပ်ရှည်ရှည် ခန့်ညားသည့်ပုံစံတစ်ခု အပြင်ဘက်မှ လမ်းလျှောက်ဝင်လာသည်။

အစီအစဉ်တင်ဆက်သူ မတုံ့ပြန်နိုင်ခင်မှာပင် ကုစဲ့ အပြေးသွား‌လေ၏။

ကုစဲ့ ထိုလူ၏ ခြေထောက်ကို ဖက်လိုက်၏။

“ဖေဖေ နောက်ဆုံးတော့ ပြန်လာပြီပေါ့”

ဤရက်ပိုင်းအတွင်း ယဲ့ယီ ကောင်းကောင်း နေထိုင်လျက် ရှိသည်။ ယခင်လောက် ကြောက်စရာမကောင်းသော်လည်း သူ့ကို စိတ်မသက်မသာ ဖြစ်စရာတော့ ရှိသေးသည်။

ကုရှီချန်း ကုစဲ့၏ ခေါင်းလေးကို ပွတ်သပ်ပြီး ယဲ့ယီရှိရာသို့ တည့်တည့်လျှောက်သွားသည်။

မှတ်ချက်များသည် တစ်မိနစ်ခန့် ဗလာဖြစ်သွားပြီး နောက် ဝုန်းဒိုင်းကြဲသွားလေတော့သည်။

အခန်း (၁၀)

အသန့်အရှင်း ဇီဇာကြောင်သူ။

[ဘုရားရေ ငါ မျက်စိများမှားနေတာလား။ ကု ကုမ္ပဏီက စီအီးအို ကုရှီချန်းနဲ့တူနေတယ်]

[မဖြစ်နိုင်ဘူး၊ မဖြစ်နိုင်ဘူး။ ယဲ့ယီရဲ့ လျှို့ဝှက်ခင်ပွန်းက ကုရှီချန်း ဖြစ်နေတာလား]

[ငါ အိပ်မက်မက်နေတာလား။ ယဲ့ယီက အဘိုးကြီးနဲ့ လက်ထပ်လိုက်တယ်လို့ လူတိုင်းပြောနေကြတာ မဟုတ်ဘူးလား။ ဒါဘယ်လိုဖြစ်တာလဲ]

[ဒီသတင်းအမှားကို ဘယ်သူက လာပြောတာလဲ။ ဒါကို အဘိုးကြီးလို့ ခေါ်တာလား။ ဒီလိုသာဆိုရင် ငါ တစ်ဒါဇင် လောက်တောင် လိုချင်သေးတယ်]

[ ငါ ငိုချင်တယ်။ ကုစီအီးအိုလို ပန်းလေးက ယဲ့ယီဆိုတဲ့ နွားချေးပုံထဲ ဘယ်လိုလုပ် ရောက်သွားတာလဲ]

ယဲ့ယီ လည်း ကုရှီချန်းကို မြင်လိုက်ရသဖြင့် အံ့ဩသွားသည်။

ကုရှီချန်းသည် ယဲ့ယီကို လျစ်လျူရှုကာ အစီအစဉ် တင်ဆက်သူကိုသာ ခေါင်းညိတ်ပြလိုက်ပြီး ကုစဲ့ကိုခေါ်ကာ ဆိုဖာတစ်ဖက်ဆီသို့ သွားထိုင်‌‌နေလိုက်၏။

အစီအစဉ် တင်ဆက်သူသည် ကုရှီချန်းကို တွေ့သည်နှင့် လူအိုကြီးဟု သွယ်ဝိုက်ပြောနေသော စကားကိုပင် ချက်ချင်း မေ့သွားတော့သည်။

အစီအစဉ် တင်ဆက်သူသည် ဟန်ဆောင်အပြုံးကို ဆင်မြန်းလိုက်ပြီး မေးလိုက်၏။

“စီအီးအိုကု၊ အစ်ကိုရဲ့ဇနီးဆီက မနေ့က အလုပ်ကိစ္စနဲ့ ခရီးထွက်နေတယ်လို့ ကြားတယ်၊ အဲဒါ အမှန်ပဲလား”

ယဲ့ယီ စိတ်ထဲမှ ကျိန်ဆဲလိုက်သည်။

ကုရှီချန်းသည် ယဲ့ယီ၏ စိတ်ထဲမှ စကားကို နောက်တစ်ခါ ကြားလိုက်ရပြန်သည်။

[ပြောရရင် ကုရှီချန်းသာ ဒီအစီအစဉ်တင်ဆက်သူက သူ့ကို ရုပ်ဆိုးတဲ့လူအိုကြီးလို့ သွယ်ဝိုက်ပြောတာကို သိသွားရင် ဘယ်လိုမျက်နှာထားမျိုး ဖြစ်သွားမလဲ သိချင်လိုက်တာ ]

ကုရှီချန်း အပေါ်ယံတွင် ခပ်အေးအေးနေလိုက်သည်။ ဤမိန်းမသည် သူ့ကို ရှိုးပွဲကြည့်သလို ကြည့်ချင်နေဟန် ရသည်။

ကုရှီချန်း ခေါင်းညိတ်လိုက်သည်။ “ကျွန်တော် နှစ်ရက်လုံး အလုပ်ကိစ္စနဲ့ခရီးထွက်နေတာ၊ ဒီနေ့မှ အချိန်ရလို့ ပြန်လာတာ”

အစီအစဉ်တင်ဆက်သူ ကုရှီချန်းကို ဆက်မေးလိုက်သည်။

“စီအီးအို ကုက ယဲ့ယီကို ဘယ်လိုလက်ထပ်ဖြစ်သွားတာလဲ။ အစ်ကိုတို့ရဲ့ အချစ်အကြောင်း ပြောပြလို့ရမလား”

ကုရှီချန်း ယဲ့ယီကို တစ်ချက်ကြည့်လိုက်ပြီးနောက် လျစ်လျူရှုကာ ပြန်ပြောလိုက်သည်။

“ပြောစရာသိပ်မရှိပါဘူး”

ကုရှီချန်၏ စကားကြောင့် အဆိုးမြင် ပရိသတ်တို့ ချက်ချင်းပင် ယဲ့ယီကို လှောင်ပြောင်ကြတော့သည်။

[ကုရှီချန်းနဲ့လက်ထပ်ရတယ်ဆိုပေမယ့် သူ့ကို သဘောမကျဘူးဆိုတာ သိသာနေတာပဲ။သနားစရာကြီး]

[ငါ အာလူးကြော်တစ်ထုပ်နဲ့ လောင်းမယ် ဒီနှစ်ယောက် မကြာခင် ကွာရှင်းတော့မှာ]

[ယဲ့ယီက စီအီးအိုကုရဲ့ အားနည်းချက်တစ်ခုခုကို ကိုင်ထားပြီး သူ့ကိုလက်ထပ်ဖို့ ခြိမ်းခြောက်ခဲ့တာလား]

[သူ့ခင်ပွန်းကတောင် မကြိုက်ဘူး။ ယဲ့ယီက တကယ်ကို အရှုံးသမားပဲ]

[စီအီးအို ကုရေ ဒီမကောင်းတဲ့မိန်းမကို အမြန်ကွာရှင်းလိုက်ပါတော့]

အစီအစဉ်တင်ဆက်သူ ယဲ့ယီဆီသို့ တမင်လှည့်ပြီး မေးလိုက်သည်။

”ယဲ့ယီ စီအီအိုကုပြောတာကို ဘယ်လိုသဘောရလဲ”

ယဲ့ယီ ကုရှီချန်းမှာ အစွယ်မပေါက်သေးသော ခွေးပါဟု ပြောလိုက်ချင်သော်လည်း၊ သူမ အပြုအမူကို ထိန်းသိမ်းရမည် ဖြစ်သောကြောင့် ခေါင်းစဉ်ပြောင်းလိုက်သည်။

“သူကအဲ့လိုပါပဲ။ ကျွန်မချစ်သူက နည်းနည်းအကြောက်လွန်ပြီး ရှက်တတ်တယ်လေ”

အပေါ်ယံတွင် ယဲ့ယီ လုံးဝဂရုမစိုက်သကဲ့သို့ ရှိနေသော်လည်း ကုရှီချန်း သူမ စိတ်ထဲက ဆိုးဆိုးရွားရွား ကျိန်ဆဲမှုများကို အတိုင်းသား ကြားနေရသည်။

[ငါက ဘာကို ဘယ်လိုသဘောရရမှာလဲ။ ငါ့ရဲ့ သကြားဖေဖေက ငါ့ကိုနည်းနည်းဝေဖန်တာပဲ ဘာမှမဖြစ်ဘူး။ကွာရှင်းတဲ့အခါ ပိုင်ဆိုင်မှုနည်းနည်းထပ်ရရင် တော်ပြီ။ ငါ့သားလေးကိုပါ ငါ့ဆီလွှဲပေးရင် အကောင်းဆုံးပဲ]

ကုရှီချန်း ကုစဲ့ ပြောသည်မှာ မှန်သည်ဟု ခံစားလိုက်ရ၏။ ဤမိန်းမသည် စိတ်ရောဂါတစ်မျိုးမျိုး ဖြစ်နေဟန်ရသည်။

အစီအစဉ်တင်ဆက်သူသည် ယဲ့ယီကို ကုရှီချန်းဘက်မှ သဘောမကျကြောင်း သက်သေ ပြနိုင်ရန်အတွက် မေးခွန်း အနည်းငယ် ထပ်မေးလိုက်သည်။

သို့သော် ကုရှီချန်းသည် အစီအစဉ်တင်ဆက်သူ၏ ရည်ရွယ်ချက်ကို ရိပ်မိသည်။ သူ့အဖြေများသည် သမားရိုးကျဆန်သောကြောင့် သူတို့နှစ်ဦး ကိုယ်ပိုင်ဆက်ဆံရေးသည် မည်သို့မည်ပုံရှိသည်ကို မှန်းဆရန် လုံးဝ မဖြစ်နိုင်ခဲ့ပေ။

တိုတောင်းသည့် အင်တာဗျူးအပြီးတွင် အိမ်ထိန်းအစ်မလင်းသည်လည်း နံနက်စာ ပြင်ဆင်မှု ပြီးသွားတော့၏။

ဤသို့ဖြင့် မိသားစု သုံးယောက် နံနက်စာတူတူစားခဲ့ကြသည်။

မနက်စာစားချိန်တွင် သုံးယောက်သား မည်သူမှ စကားမပြောကြဘဲ တိတ်ဆိတ်စွာဖြင့် စားသောက်ခဲ့လေ၏။

မနက်စာပြီးသောအခါ အစီအစဉ်တင် ဆက်သူသည် ပထမဆုံးတာဝန်ကိုကြေညာသည်။

ကုရှီချန်းနှင့် ယဲ့ယီသည် ကုစဲ့၏အိမ်စာကို အတူတူ ကြီးကြပ်ရန် ဖြစ်သည်။

အိမ်စာကြီးကြပ်ခြင်းကို ယဲ့ယီ လုံးဝ စိတ်မပူချေ။ ကုစဲ့၏ ဉာဏ်ကောင်းမှု နှင့် ပါးနပ်မှုကြောင့် သူမ အကူအညီကို လိုအပ်လိမ့်မည် မဟုတ်ပေ။

ကုစဲ့ မသိတာရှိရင်တောင် ကုရှီချန်းရှိနေမည် မဟုတ်လော။

သူမ အလှဆင်ရုပ်လေးကဲ့သို့ အေးအေးဆေးဆေး ထိုင်နေရုံသာ ဖြစ်သည်။

ကုစဲ့ အိမ်စာလုပ်နေချိန်တွင် ယဲ့ယီ တက်ဘလက်ကိုင်ကာ ဒရာမာဇာတ်လမ်းတွဲတစ်ခုကို ကြည့်နေလိုက်၏။

ကုရှီချန်းကလည်း ကွန်ပျူတာရှေ့တွင် စာရွက်စာတမ်းများ လုပ်ဆောင်နေကာ ကုစဲ့ကတော့ တိတ်ဆိတ်စွာ သူ့ဟာသူ အိမ်စာ လုပ်နေခဲ့သည်။

သို့သော် အင်တာနက်မှ ပရိသတ်များအတွက် ပြောစရာ အမြဲ ရှိနေသည် မဟုတ်လော။

[ဒါက အိမ်စာကြီးကြပ်တယ်လို့ ဘယ်သူကပြောတာလဲ]

[အနည်းဆုံးတော့ စီအီးအို ကုက သူ့စီးပွားရေးသူ လုပ်နေသေးတယ်။ယဲ့ယီက တက်ဘလက်နဲ့ ဒရာမာကြည့်နေတာက သိပ်မသင့်တော်ဘူး]

အစီအစဉ်တင်ဆက်သူကလည်း မလွှဲသာ၍ သတိပေးလိုက်ရတော့သည်။

“စီအီးအိုကု၊ အိမ်စာကြီးကြပ်တဲ့အခါ ခင်ဗျားရော ဇနီးရော ကလေးအနားမှာ ရှိနေရမယ်၊ ဒါမှ သူနားမလည်တာရှိရင် မေးလို့ရမှာပေါ့”

ကုရှီချန်းသည် သူ့လက်တော့ပ်ကို ပိတ်ပြီး ကုစဲ့အနားကို လျှောက်သွားသည်။

“သား မသိတဲ့ပုစ္ဆာရှိလား”

ကုစဲ့က ခေါင်းခါလိုက်၏။

“မရှိပါဘူး”

ကုရှီချန်းက အစီအစဉ်တင်ဆက်သူကို ကြည့်လိုက်သည်။ သူ့သဘောက ရှင်းသည်။

အစီအစဉ် တင်ဆက်သူသည် နည်းနည်းရှက်သွားသော်လည်း ပြန်ပြောလိုက်ရ၏။

“မေးစရာမရှိရင်တောင် မိဘတွေက အနားမှာရှိနေတော့ ပိုကောင်းတာပေါ့”

နောက်ဆုံးမှာတော့ ယဲ့ယီရော ကုရှီချန်းပါ သူတို့၏ လုပ်လက်စ ကိစ္စများကို ချထားပြီး ကုစဲ့၏အနားတွင် ထိုင်လိုက်ကြသည်။

ကင်မရာသည် ကုစဲ့လုပ်နေသည့်အိမ်စာကို ချဲ့ကြည့်လိုက်သောအခါ သင်္ချာမဟာဗျူဟာ ပြဿနာများ လုပ်နေသည်ကို တွေ့လိုက်ရ၏။

မှတ်ချက်များ:

[ဒါ တမင်ကြိုလုပ်တဲ့ အစီအစဉ်မဟုတ်တာသေချာရဲ့လား။မူလတန်းကျောင်းသားက မဟာဗျူဟာသင်္ချာ လုပ်နေတယ်ပေါ့ ။ ငါ့ကို လာနောက်နေတာပဲ ဖြစ်ရမယ်]

[ယဲ့ယီက လူကြည့်များအောင် ဒီလိုလုပ်နေတာလို့ ငါထင်တယ်]

[တကယ်စိတ်ကုန်တယ်။ နာမည်ကျော်ချင်လို့ ကလေးကိုတောင် အလွတ်မပေးဘူး]

သို့သော် ကုစဲ့သည် ဤမဟာဗျူဟာပုစ္ဆာများတွက်တတ်သည်ကို တဖြည်းဖြည်းသိလာကြသော်လည်း တစ်ချို့မှာ ဇာတ်ညွှန်းဆင်ထားသည်ဟု ပြောနေကြတုန်းပင်။

ယဲ့ယီမှာ မဟာဗျူဟာသင်္ချာနှင့် ပတ်သတ်၍ ဘာမှမသိချေ။ သူမသည် ဘေးနားတွင် ကြိုးစားထိုင်နေသော်လည်း ကြည့်ရင်းကြည့်ရင်း အိပ်ငိုက်လာတော့သည်။

ကုရှီချန်း တိတ်တဆိတ် သတိထားမိသွားသည်။

စက္ကန့်ပိုင်းကြာသောအခါ

ယဲ့ယီသည် ကုရှီချန်း၏ ပခုံးပေါ် တွင် မှီကျသွားကာ အိပ်မောကျသွားသောကြောင့် ကုရှီချန်းခမျာ တစ်ကိုယ်လုံး တောင့်တင်းသွား‌လေ၏။

သူသည် ယဲ့ယီကို ခဏငေးကြည့်ပြီး နှိုးရန် နည်းနည်းလှုပ်ကြည့်သည်။

ယဲ့ယီက‌တော့ အိပ်ကောင်းနေဆဲပင်။

ကုရှီချန်းသည် အားထည့်နှိုးရန် ပြင်လိုက်စဉ် ယဲ့ယီသည် သူ့ကို ရုတ်တရက် ဖက်လိုက်သည်။

ကုရှီချန်းသည် သူ့ကို ကြိုးနှစ်ချောင်းနှင့်ချည်ထားသကဲ့သို့ ခံစားလိုက်ရပြီး ရုတ်တရက် မလှုပ်နိုင်တော့ပေ။

သူ ယဲ့ယီကို ပြတင်းပေါက်မှ ချက်ချင်းပစ်ချင်စိတ်ဖြစ်ပေါ်လာသော်လည်း ကင်မရာများရှိနေသည်ကို သတိရသွားသောကြောင့် စိတ်ကို ချုပ်တည်းလိုက်ရသည်။

ကုရှီချန်း အလွန်ခံစားရခက်နေချိန်တွင် ယဲ့ယီကတော့ ကုရှီချန်း၏ ပခုံးပေါ်တွင်တောင် သက်တောင့်သက်သာ အိပ်နေပြီး သရေတောင် ကျလို့နေ၏။

ကုရှီချန် သောကကြီးစွာခံစားခဲ့ရပြီး တစ်နာရီအကြာမှာတော့ အိမ်စာကြီးကြပ်ချိန် ပြီးဆုံးသွားခဲ့၏။

ကုရှီချန်း သည်းမခံနိုင်တော့ဘဲ ယဲ့ယီကို လှုပ်နှိုးလိုက်သည်။

ယဲ့ယီ သည် အိပ်ချင်မူးတူးနှင့် မေးလိုက်သည်။ “ဘာဖြစ်လို့လဲ”

ကုရှီချန်း ယဲ့ယီ မှီခဲ့သည့်နေရာကို ရွံရှာသည့်ပုံစံနှင့် ပုတ်ခါလိုက်သည်။

“တာဝန်ပြီးပြီ”

ယဲ့ယီသည် မျက်လုံးကိုလက်နှင့် ပွတ်ရင်း ပြောလိုက်သည်။

“အချိန်က သိပ်မြန်တာပဲ”

ကုရှီချန်းသည် သရော်သည့်သဘောနှင့် ရယ်လိုက်သည်။ တစ်ချိန်လုံးအိပ်နေသည့် လူအတွက်တော့ အချိန်သည် မြန်သည်ဟု ထင်မိမှာ မဆန်းပေ။

သူ့ ဂျာကင်ပေါ်မှ သရေကွက်များကိုကြည့်ပြီး ကုရှီချန်း မျက်မှောင်ကြုတ်မိသည်။

ယဲ့ယီသည် ကုရှီချန်းကြည့်ရာကို လိုက်ကြည့်ရာ ဂျာကင်ပေါ်မှ သရေကွက်များသည် အရမ်းကို ထင်ရှားနေ၏။

ယဲ့ယီသည် အလွန်အားနာမိသွားသည်။ သူမသည် ဤအရာကို လုပ်ခဲ့မိလေသလော။

ယဲ့ယီသည် ဘာမှမဖြစ်သလိုနှင့် ရေတစ်ခွက်ကောက် သောက်လိုက်သည်။

သို့သော် သူမ ဖုံးဖိထားသည်ကို လိုက်ဖော်သူကအမြဲရှိလျက်ပင်။

ကုစဲ့သည် သူတစ်ပါးဒုက္ခရောက်နေသည်ကို တမင်ဝမ်းသာအားရနှင့် ပြောသည်။ “ခင်ဗျားအိပ်နေတုန်းက သရေတွေကျနေတာလေ”

ယဲ့ယီ သောက်လိုက်သည့် ရေ များကို ပြန်ထွေးချလိုက်သည်။သူမ မြေကြီးထဲသို့ ဝင်ပုန်းချင်သည်ထိ ရှက်သွား၏။

ဒီကောင်လေး သူ့မျက်နှာကို နည်းနည်းလောက်တောင် မထောက်ထားပါလား။

ဒီလိုဖြစ်သွားမှတော့…

ယဲ့ယီသည် ကုရှီချန်းကို တောင်းပန်သည့် အကြည့်ဖြင့်။

“ယောကျာ်းကလည်း ကျွန်မတို့ လက်ထပ်တာဖြင့်ကြာလှပြီ။ ဒီအသေးအမွှားလေးလောက်တော့ ဂရုမစိုက်ဘူးမလား”

ကုရှီချန်း ခံစားချက်ကင်းမဲ့စွာ စကားတစ်ခွန်း ပြန်ပြောလိုက်သည်။

“ငါက အသန့်အရှင်းနဲ့ပတ်သက်ပြီး ဇီဇာကြောင်တယ်”

All Chapters