ယဲ့ယီသည် စာအုပ်တစ်အုပ်ထဲသို့ ကူးပြောင်းသွားခဲ့ပြီး ဖျော်ဖြေရေးလောကမှ နှုတ်ထွက်ပေးရန် အင်တာနက်တစ်ခုလုံးမှ ဟစ်ကြွေးနေသော ရက်စက်ကြမ်းကြုတ်သည့် မိထွေးတစ်ဦးဖြစ်လာ၏။ တစ်ပါးသူ၏စိတ်ကို ဖတ်ပေးသည့် စနစ်မှာ အသုံးပြုသူ၏စိတ်ကို ဖတ်ပေးသည့် စနစ်တစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည်။ ထို့နောက်မှာတော့..... ယဲ့ယီ “ငါနင့်လို ကလေးမျိုးကို မကြိုက်ဘူး” ဒါလည်း ယဲ့ယီပဲ ဒါပေမဲ့ သူ့ရဲ့အတွင်းစိတ် ‘ ဝါး ဘယ်လိုတောင် ဉာဏ်ကောင်းပြီး အေးစက်စက် အထာကျကျ ကလေးလေးလဲ။ မာမီ မင်းကို အရမ်းချစ်တယ်နော်’ ကုစဲ့ “ဘာလဲဟ” ယဲ့ယီ “ယောကျ်ား ကျေးဇူးပြုပြီး မကွာရှင်းလို့ ရမလားဟင်” ဒါလည်း ယဲ့ယီပဲ ဒါပေမဲ့ သူ့ရဲ့အတွင်းစိတ် ‘ကွာရှင်းဖို့ အသင့်ဖြစ်နေပြီ။ နစ်နာကြေးသာ ကောင်းကောင်းပေးစမ်းပါ။ ကောင်ချောလေးတွေအများကြီး ငါ့ကို စောင့်နေတယ်’ ကုရှီချန်း “....” နောက်ပိုင်းမှာတော့.... သူမက လျှာစောင်းထက်လာသလို ထိပ်တိုက်ရင်ဆိုင်ပြီး တန်ပြန်တိုက်ခိုက်တတ်လာခဲ့သည်။ ဖန်များ : ငါတို့ချစ်တယ်ဟေ့။ ငါတို့ ယဲ့ပေါင်က ရိုးသားပွင့်လင်းတာပါနော်။ ထို့နောက် သူမက မှင်တက်အံ့ဩဖွယ် သရုပ်ဆောင်အရည်အချင်းများ ပြသလာ၏။ ဖန်များ : ဖျော်ဖြေရေးလောကက ယဲ့ပေါင်မရှိဘဲ မရပ်တည်နိုင်ဘူး။ ထို့ထက်နှောင်းပိုင်းတွင်တော့..... စာချုပ်က သက်တမ်းကုန်သွားပြီး သူမလည်း ခင်ပွန်းဖြစ်သူနှင့် ကွာရှင်းလိုက်တော့သည်။ တစ်နိုင်ငံလုံး၏အချမ်းသာဆုံး အမျိုးသား မစ္စတာကုကတော့ သူ့ကလေးနှင့်အတူ ဒူးတစ်ဖက်ထောက်ပြီး သူမကို ထွက်မသွားဖို့ တောင်းပန်နေတော့သည်။

