← Chapters

အခန်း (၁၆၉-၁၇၀)

Vol. 17 Ch. 169-170

အခန်း (၁၆၉-၁၇၀)

Vol. 17 Ch. 169-170

အခန်း(၁၆၉)

သတင်းထောက်အုပ်စုကြီးကမူ ကုတင်ပေါ်ရှိ ကုန်းရှောင်ချင်း၏ပုံကို ဆက်တိုက် ဓာတ်ပုံရိုက်ကူးနေကြ၏။

တုန်မင်ရွှမ် စေတနာဖြင့် သတိပေးလိုက်သည်။

“ဒါက ကုန်းကော်ပိုရေးရှင်းရဲ့ ဒုတိယသခင်လေးကုန်းနော်။ မင်းတို့က ကုန်းကော်ပိုရေးရှင်းက ပြဿနာလာရှာမှာကို မကြောက်ဘူးဆိုရင်တော့ ဆက်ပြီး ရိုက်ကြပေါ့”

ဤစကားများ ထွက်ပေါ်လာပြီးနောက် သတင်းထောက်အများစု ဆက်မရိုက်ရဲကြတော့ပေ။

သို့သော်လည်း အချို့ကမူ တိတ်တဆိတ် ဓာတ်ပုံရိုက်နေကြဆဲ ဖြစ်သည်။

ရူသိုက်ဝိန် အခန်းအတွင်း တစ်ပတ်ပတ်၍ ရှာဖွေခဲ့သော်လည်း ယဲ့ယီ၏ အရိပ်အယောင်ကို မတွေ့ချေ။

အချိန်တန်ပြီဟု မြင်သောအခါ ယဲ့ယီ ယန်နျန့်စီနှင့်အတူ လျှောက်လှမ်းထွက်လာခဲ့ပြီး ဟန်ဆောင်စူးစမ်းလိုသော စိတ်ဖြင့် မေးမြန်းလိုက်လေသည်။

“ဒီမှာ ဘာတွေဖြစ်နေတာလဲ”

ရူသိုက်ဝိန် ယဲ့ယီကို မြင်လိုက်ရသည့်အခါတွင် သူမ သွားများကို အစိတ်စိတ်အမွှာမွှာ ဖြစ်သွားမတတ် ကြိတ်လိုက်မိ၏။

ယဲ့ယီ ရူသိုက်ဝိန် ဘေးမှ ဖြတ်၍ ကုတင်အနီးသို့ တိုက်ရိုက်လျှောက်သွားပြီး အံ့ဩသွားသကဲ့သို့ ပြုမူလိုက်သည်။

“ဘုရားရေ... ဒုတိယသခင်လေးကုန်းရဲ့ မျက်နှာက ဘာဖြစ်လို့ ဒီလောက်တောင် နီရဲနေရတာလဲ။ ဓာတ်ပုံတွေ မရိုက်ကြပါနဲ့တော့။ မြန်မြန် ၁၂၀ ကို ဖုန်းဆက်လိုက်ကြပါဦး”

ထိုအခါမှ လူတိုင်း ပျာပျာသလဲ ဖြစ်သွားကြပြီး တစ်စုံတစ်ဦးက ၁၂၀ သို့ ချက်ချင်း ဖုန်းဆက်တော့သည်။

နောက်ဆုံးတွင် ကုန်းရှောင်ချင်းကို လူနာတင်ယာဉ်ဖြင့် ခေါ်ဆောင်သွားခဲ့လေတော့၏။

အကယ်၍ ယဲ့ယီ သူ့ကို မတုတ်နှောင်မီ စေတနာရှေ့ထား၍ သတိလစ်အောင် မလုပ်ခဲ့ပါက သူ၏ သိက္ခာအားလုံး ကျဆင်းသွားပေလိမ့်မည်။

ဤကိစ္စရပ်သည် အင်တာနက်ပေါ်သို့ ပျံ့နှံ့သွား၏။သို့သော်လည်း ကုန်းမိသားစုက ရေပန်းစားသော ရှာဖွေမှုများကို ချက်ချင်းပင် ဖိနှိပ်ပိတ်ဆို့လိုက်သည်။

ကုမ္ပဏီသို့ ပြန်လည်ရောက်ရှိပြီးနောက် နန်ချင်ဝမ်သည် အခြားသူများထံမှ ထိုဖြစ်ရပ်အကြောင်းကို ကြားထားရဖြစ်သဖြင့် ယဲ့ယီထံ ချက်ချင်း လှမ်းလာပြီး စိုးရိမ်တကြီး မေးမြန်းလိုက်သည်။

“ရှောင်ယီ... နင် ဘာမှမဖြစ်ဘူးမလား”

ယဲ့ယီ ပြုံးလျက် ခေါင်းခါပြသည်။

“စိတ်မပူပါနဲ့။ ကျွန်မက ဘာဖြစ်ရမှာလဲ”

“ဒီရူသိုက်ဝိန်က တကယ့်ကို ယုတ်မာလွန်းတယ်။ သူ အစ်မကို ဖျက်ဆီးပစ်ဖို့ ကြိုးစားနေတာပဲ။ စီအီးအိုကု ပြန်လာရင် ကျွန်တော်တို့ ဒါကို သေချာပေါက် ပြောပြရမယ်”

တုန်မင်ရွှမ် ဒေါသတကြီး ပြောသည်။

“စိတ်မပူပါနဲ့၊ သူ(ရူသိုက်ဝိန်) ကုန်းမိသားစုကို ဖြေရှင်းချက်တစ်ခု ပေးရဦးမယ်”

ကုန်းရှောင်ကျောင်း ကုမ္ပဏီတွင် အလုပ်ကိစ္စရပ်များကို ကိုင်တွယ်ဖြေရှင်းနေစဉ်မှာပင် သူ့ညီလေး ဆေးရုံတက်နေရကြောင်း ဖုန်းဆက်အကြောင်းကြားစာကို ရုတ်တရက် လက်ခံလိုက်ရသဖြင့် သူ လုပ်ဆောင်နေသော အလုပ်များကို ချက်ချင်း ရပ်တန့်ကာ ဆေးရုံသို့ ကားမောင်းထွက်သွား၏။

ကုန်းရှောင်ကျောင်း ဆေးရုံသို့ ရောက်ရှိလာသောအခါ ကုန်းရှောင်ချင်းသည် ဆေးရုံကုတင်ပေါ်တွင် လှဲလျောင်းနေပြီး ရူသိုက်ဝိန်က သူ့ကုတင်ဘေးတွင် ထိုင်နေသည်။

ရူသိုက်ဝိန်သည် ကုန်းရှောင်ကျောင်းကို စကားပြောဆိုချင်နေသော်လည်း ကုန်းရှောင်ကျောင်းကမူ အခြေအနေကို မေးမြန်းရန် ဆရာဝန်ထံသို့ တိုက်ရိုက် သွားရောက်ရှာဖွေ၏။

ကုန်းရှောင်ချင်း စိတ်ကြွဆေး ခတ်ခံထားရခြင်းဖြစ်ကြောင်း ဆရာဝန်ထံမှ ကြားသိရသောအခါ ကုန်းရှောင်ကျောင်း အလွန်အမင်း ဒေါသထွက်သွားသည်။

သူ စံပြ ညီချစ်သမားတစ်ဦး ဖြစ်ရာ သူ့ညီလေး နိုင်ငံအတွင်းသို့ ပြန်လည်ရောက်ရှိလာပြီး မကြာမီမှာပင် သူ့မျက်စိအောက်၌ ဆေးခတ်ခံရခြင်းကို သူ ရှင်းလင်းစွာ စုံစမ်းစစ်ဆေးရလေမည်။

ကုန်းရှောင်ကျောင်း လူနာခန်းသို့ ပြန်လည်ရောက်ရှိလာသောအခါမှသာ ရူသိုက်ဝိန်ကို သတိပြုမိသည်။

ကုန်းရှောင်ကျောင်း လေသံကို ထိန်းချုပ်ရန် အတတ်နိုင်ဆုံး ကြိုးပမ်းရင်း တတ်နိုင်သမျှ ညင်သာစွာ မေးမြန်းလိုက်၏။

“သိုက်ဝိန် ဒီနေ့ တကယ်ပဲ ဘာဖြစ်ခဲ့တာလဲ”

ရူသိုက်ဝိန် အပြစ်ကင်းစင်ဟန် ဆောင်လျက် ပြောလိုက်သည်။

“ရှောင်ချင်းက ယဲ့ယီကို အမြဲတမ်း သဘောကျနေတာ မဟုတ်လား။ တိုက်တိုက်ဆိုင်ဆိုင် ယဲ့ယီက ဒီပရဟိတပွဲကို တက်မယ်ဆိုတော့ သူတို့ နှစ်ယောက်ထဲ ရှိနေမဲ့ အခွင့်အရေးတစ်ခုကို ဖန်တီးပေးဖို့ ငါက စဉ်းစားမိရုံပါ။ ငါ ထွက်သွားပြီး မကြာခင်မှာပဲ ရှောင်ချင်း တစ်ခုခု ဖြစ်သွားလိမ့်မယ်လို့ ဘယ်သူ ထင်မှာလဲ”

ကုန်းရှောင်ကျောင်း ရူသိုက်ဝိန်ကို စူးစမ်းသော မျက်လုံးများဖြင့် ကြည့်လိုက်၏။

“ရှီချန်းက ယဲ့ယီကို သဘောကျတာ နင် သိနေတာပဲ။ ဘာဖြစ်လို့ ယဲ့ယီနဲ့ ရှောင်ချင်းတို့ကို တွဲပေးဖို့ ကြိုးစားနေရသေးတာလဲ”

ရူသိုက်ဝိန်၏ မျက်ဝန်းများ ချက်ချင်းပင် နီမြန်းလာပြီး ကုန်းရှောင်ကျောင်းကို အလွန်အမင်း မကျေမနပ်ဖြစ်ဟန်ဖြင့် ကြည့်ကာ ပြောလိုက်၏။

“ငါက အာချန်းကို သဘောကျလာတာ နှစ်ပေါင်းများစွာ ရှိနေပြီလေ။ ဘာဖြစ်လို့ ဘယ်ကမှန်းမသိ ပေါ်လာတဲ့ မိန်းမတစ်ယောက်က သူ့ကို လုယူသွားနိုင်ရတာလဲ။ ပြီးတော့ ရှောင်ချင်းကလည်း သူ့ကို သဘောကျနေတာပဲ။ ငါ သူတို့ကို တွဲပေးဖို့ ကူညီတာ ဘာမှားလို့လဲ”

စင်စစ်အားဖြင့် သူမသည် သူ နှစ်ပေါင်းများစွာ တိတ်တဆိတ် ချစ်မြတ်နိုးခဲ့ရသော အမျိုးသမီး ဖြစ်၏။

ရူသိုက်ဝိန်၏ နီမြန်းနေသော မျက်ဝန်းများကို မြင်လိုက်ရသည့်အခိုက် ကုန်းရှောင်ကျောင်း၏ နှလုံးသား ချက်ချင်းပင် ပျော့ပြောင်းသွားသည်။

“နင် ရှီချန်းရဲ့ စရိုက်ကို သိသားပဲ။ သူ တစ်ယောက်ယောက်ကို ချစ်မိသွားရင် ဘယ်တော့မှ ပြောင်းလဲမှာ မဟုတ်ဘူး”

ရူသိုက်ဝိန် သူမလက်ကို လက်သည်းများ အသားထဲသို့ စိုက်ဝင်စေသည်အထိ ဆုပ်လိုက်မိ၏။

ကုန်းရှောင်ကျောင်း ရူသိုက်ဝိန်ကို ကြည့်ရင်း နောက်ဆုံးတွင် မည်သည့်အရာမျှ မပြောရက်တော့ချေ။

“နင် အရင်ပြန်နှင့်လိုက်ပါ။ ဒီကိစ္စကို ငါ ကိုင်တွယ်လိုက်မယ်”

ရူသိုက်ဝိန် ထွက်ခွာသွားပြီးနောက် ကုန်းရှောက်ကျောင်း ပြတင်းပေါက်အနီးတွင် မတ်တတ်ရပ်လျက် သူမ ထွက်ခွာသွားသော အရိပ်အယောင်ကို ကြည့်ရင်း ကိုယ့်ကိုယ်ကိုယ် လှောင်ပြောင်သော လေသံဖြင့် ရေရွတ်လိုက်မိတော့၏။

“ငါကလည်း နင့်ကို သဘောကျလာတာ နှစ်ပေါင်းများစွာ ရှိနေပြီ မဟုတ်လား”

နောက်တစ်နေ့တွင် ရူသိုက်ဝိန် စားသောက်ဆိုင်တစ်ခုသို့ တစ်ဦးတည်း ဝင်ရောက်လာသည်။

သူမ သီးသန့်ခန်းသို့ ရောက်ရှိပြီးနောက် မကြာမီမှာပင် တံခါးကို အခြားသူတစ်ဦးက တွန်းဖွင့်လိုက်၏။

လျှောက်လှမ်းဝင်ရောက်လာသူမှာ လန်ရွှယ်ပင် ဖြစ်သည်။

“စီအီးအိုရူ ကျွန်မကို ရှာရတဲ့ အကြောင်းရင်း ရှိလို့လား”

လန်ရွှယ်သည် သူမ ရှေ့မှ အမျိုးသမီးကို သတိကြီးစွာ ကြည့်လိုက်လေသည်။

မနေ့ညက တစ်စုံတစ်ဦး သူမအား ဆက်သွယ်ရန် အချက်အလက်များကို ရုတ်တရက် ပေးအပ်ခဲ့ပြီး ဤနေရာသို့ လာရောက်ရန် ပြောကြား၏။

အကယ်၍ ယဲ့ယီကို ဖြိုလဲရန် ကူညီပေးနိုင်ကြောင်း ဖော်ပြထားခြင်း မရှိပါက သူမ လာရောက်လိမ့်မည် မဟုတ်ပေ။

ရူသိုက်ဝိန် အေးအေးလူလူပင် ပြောလိုက်သည်။

“ကျွန်မက မစ္စလန်နဲ့ ပူးပေါင်းဆောင်ရွက်မှုတစ်ခု လုပ်ချင်လို့ပါ”

“ဘာပူးပေါင်းဆောင်ရွက်မှုမျိုးလဲ”

ရူသိုက်ဝိန် လန်ရွှယ်ကို ကြည့်ကာ တစ်လုံးချင်းစီ ပြောလိုက်၏။

“ရှင်နဲ့ ကျွန်မ အတူတူပူးပေါင်းပြီး ယဲ့ယီကို ချေမှုန်းကြရအောင်”

“ကျွန်မက ဘာဖြစ်လို့ ရှင်နဲ့ ပူးပေါင်းရမှာလဲ။ ကျွန်မအတွက် ဘာအကျိုးအမြတ် ရှိလို့လဲ”

လန်ရွှယ် မိုက်မဲသောသူ မဟုတ်ချေ။

ရူသိုက်ဝိန် သူမနှင့် ပူးပေါင်းဆောင်ရွက်လိုခြင်းသည် သူမတွင် ရည်ရွယ်ချက်တစ်ခုခု ရှိနေရလေမည်။

ထို့ကြောင့် သူမအနေဖြင့် အမြင့်ဆုံး အကျိုးအမြတ်ကို ရရှိရန် အတတ်နိုင်ဆုံး ကြိုးပမ်းရပေမည်။

ရူသိုက်ဝိန် လန်ရွှယ်နှင့် စကားအရှည်ကြီး မပြောတော့ဘဲ သူမ အတွေးများကို တိုက်ရိုက်ပင် ပြောကြားတော့၏။

“ရှင်သာ ကျွန်မကို ယဲ့ယီကို ချေမှုန်းဖို့ ကူညီပေးနိုင်မယ်ဆိုရင် ရှင့်ကို နိုင်ငံတကာ ထိပ်တန်းမင်းသမီးနေရာ ရောက်အောင် ကျွန်မ ကူညီပေးနိုင်ရုံတယ်။ ဒါတင်မကဘူး။ ချန်ကတော်နေရာကို ဘယ်သူမှ လာမလုရဲအောင် ကူညီပေးနိုင်တယ်”

လန်ရွှယ် ရူသိုက်ဝိန်၏ စကားကို ယုံကြည်လိုက်၏။

သူမ မလာမီက ရူသိုက်ဝိန်၏ နောက်ခံအကြောင်းအရာကို အနည်းငယ် စုံစမ်းစစ်ဆေးဖူးသည်။

ရူမိသားစု၏ လုပ်ငန်းအများစုမှာ ပြည်ပတွင် ရှိသော်လည်း ပြည်တွင်းရှိ ကုမ္ပဏီအများအပြားနှင့် ပူးပေါင်းဆောင်ရွက်မှုများ ရှိကြပြီး မှောင်ခိုလုပ်ငန်းအချို့ပင် ပါဝင်ကြလေ၏။

“ဒါဆို ရှင် ဘာလိုချင်တာလဲ”

လန်ရွှယ်ကလည်း ရူသိုက်ဝိန်ကို ပွင့်ပွင့်လင်းလင်းပင် မေးမြန်းလိုက်သည်။

ရူသိုက်ဝိန် သူမ လက်ချောင်းများကို ကစားရင်း ဆိုလိုက်လေ၏။

“ကျွန်မက ကုရှီချန်းကိုပဲ လိုချင်တာ”

“ကျွန်မကို ဘာလုပ်ပေးစေချင်တာလဲ”

ရူသိုက်ဝိန် လန်ရွှယ် အနားသို့ တိုးကပ်သွားပြီး စကားအချို့ကို တိုးတိုးတိတ်တိတ် ကပ်ပြောလိုက်သည်။

လန်ရွှယ်၏ မျက်လုံးများ ထိတ်လန့်မှုကြောင့် ပြူးကျယ်သွားသော်လည်း နောက်ဆုံးတွင်မူ သူမ ခေါင်းညိတ်ပြလိုက်၏။

အခြားတစ်ဖက်တွင် ကုန်းရှောင်ကျောင်းသည် ဤကိစ္စရပ်ကို စုံစမ်းစစ်ဆေးနေ၏။သို့သော်လည်း မည်သည့်အကြောင်းကြောင့်မသိ ထိုနေ့က စောင့်ကြည့်ကင်မရာများ ဖျက်ဆီးခံထားရ၏။ မည်သည့်သဲလွန်စကိုမျှ မရှာဖွေနိုင်ခဲ့ချေ။

ကံကောင်းထောက်မစွာ ကုန်းရှောင်ချင်း ဘာမှမဖြစ်ဘဲ နောက်တစ်နေ့ နံနက်တွင် နိုးထလာခဲ့သည်။

“နေလို့မကောင်းတဲ့ နေရာမျိုး ရှိသေးလား”

ကုန်းရှောင်ကျောင်း ကုန်းရှောင်ချင်းအတွက် ရေတစ်ခွက် ငှဲ့ပေးရင်း စိုးရိမ်တကြီး မေးမြန်းလိုက်၏။

ကုန်းရှောင်ချင်း ဝေဝေဝါးဝါး ပုံစံမျိုးဖြင့် မေးလိုက်သည်။

“အစ်ကို ကျွန်တော် ဘာလို့ ဆေးရုံရောက်နေတာလဲ”

ကုန်းရှောင်ကျောင်း၏ မျက်နှာအမူအရာမှာ အလွန်ပင် လေးနက်နေသည်။

“မနေ့က ဘာဖြစ်ခဲ့လဲဆိုတာ မင်းမှတ်မိသေးလား”

ကုန်းရှောင်ချင်း ဖြည်းညှင်းစွာ ပြန်လည်စဉ်းစားလိုက်သည်။

“မနေ့က အစ်မသိုက်ဝိန်က ကျွန်တော့်ကို ပြောစရာ ရှိတယ်ဆိုလို့ ကျွန်တော်တို့ နှစ်ယောက်လုံး အခန်းတစ်ခုထဲ ဝင်သွားကြတာ။ အဲဒီနောက် အစ်မသိုက်ဝိန်က အလုပ်ကိစ္စ ရှိလို့ အပြင်ထွက်သွားတယ်။ နောက်တော့ စားပွဲထိုးတစ်ယောက်က ကျွန်တော့်ကို ရေတစ်ခွက် လာပေးတယ်။ အဲဒါကို သောက်ပြီးတော့ ကျွန်တော် နည်းနည်း... အဲဒီနောက်ပိုင်း ဘာဖြစ်သွားလဲဆိုတာ ကျွန်တော် မသိတော့ဘူး”

“အဲဒီစားပွဲထိုး ဘယ်လိုပုံစံလဲဆိုတာ မင်း မှတ်မိလား”

ကုန်းရှောင်ချင်း ခေါင်းခါပြလိုက်သည်။

“ကျွန်တော် သတိမထားမိဘူး။ အစ်ကို ဘာဖြစ်ခဲ့လို့လဲ”

“မင်း ဆေးခတ်ခံရတာလေ”

ကုန်းရှောင်ချင်း ကုန်းရှောင်ကျောက်ကို ထိတ်လန့်စွာ ကြည့်လိုက်၏။

“ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”

သို့သော်လည်း သူ့အစ်ကိုမှာ နောက်ပြောင်တတ်သော လူမျိုးမဟုတ်သည်ကို သိရှိသဖြင့် သူ သတိကြီးစွာမေးမြန်းလိုက်သည်။

“ဒါဆို ကျွန်တော် ဘာမှမလုပ်မိဘူးမလား”

ကုန်းရှောင်ကျောင်း ခေါင်းခါပြလိုက်၏။

ကုန်းရှောင်ချင်း သက်ပြင်းချနိုင်ရုံသာ ရှိသေးစဉ်မှာပင် ကုန်းရှောင်ကျောင်းက ဆက်ပြောလေ၏။

“တစ်ယောက်ယောက်က မင်းကို တုတ်ထားပြီး မီဒီယာတွေက ဓာတ်ပုံရိုက်သွားကြတယ်။ ဒါပေမဲ့ ငါ ရေပန်းစားတဲ့ ရှာဖွေမှုတွေကို ဖယ်ပစ်လိုက်ပါပြီ”

“အား... ဘယ်သူက ကျွန်တော့်ကို ဒုက္ခပေးချင်ရတာလဲ”

ကုန်းရှောင်ချင်း စိတ်ဓာတ်ကျသွားသည်။

မနေ့ညက လူအများကြီး ရှိနေခဲ့ရာ ယဲ့ယီလည်း သေချာပေါက် သိရှိသွားပေလိမ့်မည်။

သူ၏ သိက္ခာအားလုံး ဆုံးရှုံးသွားခဲ့လေပြီ။

“ငါ ဒီကိစ္စကို ဆက်ပြီး စုံစမ်းသွားမှာ”

ကုန်းရှောင်ကျောင်း သူ့ကို နှစ်သိမ့်ပေးလိုက်၏။

ကုန်းရှောင်ချင်းသည် စောင်ဖြင့် သူခေါင်းကို ခြုံလိုက်ပြီး မည်သူ့ကိုမျှ ထပ်မံမတွေ့ချင်တော့ချေ။

ကုန်းရှောက်ကျောင်း ရူသိုက်ဝိန်ကို သံသယမဝင်ဘဲ မနေခဲ့ပေ။ သို့သော်လည်း အတူတကွ ကြီးပြင်းလာခဲ့ကြသော သံယောဇဉ်ကြောင့် ရူသိုက်ဝိန် ဤကဲ့သို့သော ကိစ္စရပ်မျိုးကို လုပ်ဆောင်လိမ့်မည်ဟု သူ မယုံကြည်နိုင်သေးချေ။

ယခုအခါတွင်မူ သူ ပွဲ၌ ရှိနေခဲ့သော ဝန်ထမ်းအားလုံးကို တစ်ဦးချင်းစီ သွားရောက်မေးမြန်းရန်သာ တတ်နိုင်တော့သည်။

သို့သော်လည်း ထိုနေ့က စားပွဲထိုး ရာဂဏန်းမျှ ရှိနေပြီး စောင့်ကြည့်ကင်မရာများလည်း ပျက်စီးနေသဖြင့် လူတစ်ယောက်ကို ရှာဖွေရန် ကြိုးပမ်းခြင်းကား သမုဒ္ဒရာထဲ အပ်ရှာသကဲ့သို့ပင် ဖြစ်နေ၏။

ကုန်းရှောင်ကျောင်းသည် ဤကိစ္စမှာ တစ်စုံတစ်ဦးက တမင်တကာ စီစဉ်ထားခြင်းဖြစ်ကြောင်း သိ၏။

သို့မဟုတ်ပါက စောင့်ကြည့်ကင်မရာများ အဘယ်ကြောင့် ဤမျှလောက် တိုက်ဆိုင်စွာ ပျက်စီးနေပါမည်နည်း။

အခန်း(၁၇၀)

ဂျက်နီစစ် မီဒီယာ။

သူမ ရှေ့တွင် ထိုင်နေသော ကုန်းရှောင်ကျောင်းကို ကြည့်လျက် ယဲ့ယီ စိတ်အေးလက်အေးဖြင့် လက်ဖက်ရည်တစ်ငုံ သောက်လိုက်၏။ ထို့နောက် သူမ ဖြည်းညှင်းစွာ ပြောလိုက်သည်။

“ကုန်းမိသားစု သခင်လေးက ကျွန်မနဲ့ ဆွေးနွေးစရာ ကိစ္စတစ်ခုခု ရှိလို့လား”

ကုန်းရှောင်ကျောင်း သူမကို လာရောက်ရှာဖွေခြင်း၏ ဆယ်ပုံကိုးပုံခန့်သည် ကုန်းရှောင်ချင်း၏ ကိစ္စကြောင့်ဖြစ်သည်ကို ယဲ့ယီ သိ၏။

သို့သော် သူမကိုယ်တိုင်မှာလည်း ဤကိစ္စတွင် နစ်နာသူ ဖြစ်သည်။

ကုန်းရှောင်ကျောင်း အနေဖြင့် ယဲ့ယီကို ပထမဆုံးအကြိမ် လူကိုယ်တိုင် မြင်တွေ့ဖူးခြင်းဖြစ်၏။

သူ့သူငယ်ချင်းကောင်း သူမကို သဘောကျနေကြောင်း သိရှိစဉ်က ယဲ့ယီအကြောင်းကို အနည်းငယ် စုံစမ်းခဲ့ဖူးသော်လည်း လူကိုယ်တိုင် မြင်တွေ့လိုက်ရသည့်အခါတွင်မူ ယဲ့ယီသည် ဖန်သားပြင်ထဲကထက် ပိုမိုလှပနေသည်ကို သူ တွေ့သွား၏။

ကုရှီချန်းနှင့် ကုန်းရှောင်ချင်းတို့ နှစ်ဦးစလုံး သူမကို စွဲလမ်းခဲ့ကြသည်မှာ အံ့ဩစရာ မဟုတ်ချေ။

“ကျွန်တော် မေးချင်တာက ပွဲကျင်းပတဲ့နေရာမှာ သံသယဖြစ်စရာကောင်းတဲ့ လူတစ်ယောက်ယောက်ကို မစ္စယဲ့ တွေ့မိလားလို့ပါ။ ပွဲခင်းထဲက စောင့်ကြည့်ကင်မရာတွေ ပျက်နေတာမလို့ ရှောင်ချင်းကို ဘယ်သူ ဆေးခတ်ခဲ့လဲဆိုတာ ကျွန်တော်တို့ မသိရလို့ပါ”

ကုန်းရှောင်ကျောင်း၏ စကားကို ကြားသောအခါ ယဲ့ယီ မျက်ခုံးတစ်ဖက်ကို ပင့်လိုက်မိသည်။

ရူသိုက်ဝိန်သည် တကယ့်ကို ပါးနပ်လှ၏။ သူမ အလုပ်တစ်ခုကို လုပ်ဆောင်ရာတွင် မည်သည့်သဲလွန်စကိုမျှ ချန်ထားခဲ့ခြင်း မရှိချေ။

အချို့သော ကိစ္စရပ်များကို ယဲ့ယီ သိထားသော်လည်း ကုန်းရှောင်ကျောင်း ရူသိုက်ဝိန်ကို တိတ်တဆိတ် ချစ်မြတ်နိုးနေကြောင်း ယန်နျန့်စီထံမှ ကြားသိထား၏။

သူမ ပြောကြားမည့်စကားများကို ကုန်းရှောင်ကျောင်း ယုံကြည် မယုံကြည် ဆိုသည်ကို မသိနိုင်ပေ။

သို့သော်လည်း ကုန်းရှောင်ကျောင်း သူ့ညီလေးအတွက် အမှန်တကယ် စိုးရိမ်ပူပန်နေသည်ကို မြင်ရခြင်းကြောင့်လည်းကောင်း သူသည် ကုရှီချန်း၏ သူငယ်ချင်းကောင်းတစ်ဦး ဖြစ်ခြင်းကြောင့်လည်းကောင်း နောက်ဆုံးတွင် ယဲ့ယီသည် သူမသိရှိထားသောအချက်အားလုံးကို ကုန်းရှောင်ကျောင်းအား ပြောပြလိုက်တော့၏။

“ပွဲတုန်းက စားပွဲထိုးတစ်ယောက်က ကျွန်မကို လာရှာပြီးတော့ ရူသိုက်ဝိန်က အခန်း နံပါတ် ၆၀၂ ကို လာခဲ့ဖို့ ပြောတယ်”

ယဲ့ယီ စကားကို ကြားသောအခါ ကုန်းရှောင်ကျောင်းက မသိစိတ်ကပင် မေးမြန်းမိသွား၏။

“သိုက်ဝိန်က ဘာဖြစ်လို့ မင်းကို ရှာရမှာလဲ”

နောက်တစ်ခဏတွင် သူ တစ်စုံတစ်ခုကို ရုတ်တရက် သဘောပေါက်သွားသည်။

သို့သော်လည်း သူ့အတွေးများကို ချက်ချင်းပင် ပြန်လည်မောင်းထုတ်လိုက်ရ၏။

“ဒါ မဖြစ်နိုင်တာ၊ သိုက်ဝိန်က အဲဒီလို လူမျိုးမဟုတ်ပါဘူး”

ယဲ့ယီသည် စိတ်ထဲတွင် လက် ရမ်းပြလိုက်မိ၏။

‘ ကြည့်ပါလား ငါ ပြောပြတော့လည်း နင်က မယုံဘူးလေ’

“ဒါဆိုရင် ရှောင်ချင်းကို ကြိုးတုတ်ထားခဲ့တာက မင်းပေါ့”

ကုန်းရှောင်ကျောင်း ယဲ့ယီကို ကြည့်လိုက်ရာတွင် သူ့လေသံထဲတွင် မရည်ရွယ်ထားသော ဒေါသအငွေ့အသက်အချို့ ပါဝင်နေ၏။

ယဲ့ယီ ဤအရာကို ရယ်ချင်စရာကောင်းသည်ဟု ခံစားလိုက်ရသည်။

ဤနေရာတွင် အမှန်တကယ် နစ်နာသူမှာ သူမပင် မဟုတ်ပါလော။

‘ဒီလို အပြစ်တင်တဲ့ လေသံက ဘာသဘောလဲ’

ယဲ့ယီ ခပ်အေးအေးပင် ပြောလိုက်၏။

“ဒုတိယသခင်လေးကုန်းက ကျွန်မအပေါ် စော်ကားလာတာကို ကျွန်မက ငြိမ်ခံနေရမှာလား”

ထို့အပြင် အကယ်၍ သူမသာ ကုန်းရှောင်ချင်းကို သတိလစ်အောင် မလုပ်ခဲ့ပါက မီဒီယာများ ရိုက်ကူးသွားမည့်အရာမှာ အဝတ်ဗလာဖြစ်နေသော ဒုတိယသခင်လေးကုန်း၏ ပုံရိပ်သာ ဖြစ်ပေလိမ့်မည်။

ကုန်းရှောင်ကျောင်း ထိုအခိုက်အတန့်တွင် သူ စိတ်လှုပ်ရှားမှု လွန်ကဲသွားခဲ့ကြောင်း သဘောပေါက်သွားပြီး ယဲ့ယီကို ပျာပျာသလဲ တောင်းပန်လိုက်သည်။

“မစ္စယဲ့ ကျွန်တော် တကယ်ပဲ တောင်းပန်ပါတယ်။ ကျွန်တော့်စိတ်ခံစားချက်တွေ နည်းနည်း ပြင်းထန်သွားလို့ပါ။ ဒါနဲ့ မေးခွင့်ပြုပါ မစ္စက ဘာဖြစ်လို့ စားပွဲထိုးရဲ့ စကားကို နားထောင်ပြီး အဲဒီအခန်းကို သွားခဲ့ရတာလဲ။ တစ်ယောက်ယောက်ရဲ့ ထောင်ချောက် ဖြစ်နေမှာကို မကြောက်ဘူးလား”

ယဲ့ယီ ကုန်းရှောင်ကျောင်း မချိပြုံးဖြင့်ကြည့်ကာ ဖြေကြားလိုက်၏။

“ဘာလို့လဲဆိုတော့ ရူသိုက်ဝိန်က ကုစဲ့ အမေအရင်း ဘယ်သူလဲဆိုတာ သူ သိတယ်လို့ ပြောခဲ့လို့ပဲ”

ကုန်းရှောင်ကျောင်းသည် ကုစဲ့ အမေအရင်းဟူသော စကားလုံးကို ကြားလိုက်ရသည့်အခါတွင် သူ့မျက်လုံးများ မရည်ရွယ်ဘဲ ပြူးကျယ်သွားခဲ့ပြန်၏။ သို့သော်လည်း သူ လျင်မြန်စွာပင် ပြန်လည်တည်ငြိမ်သွားသည်။

“ဒီကိစ္စကို ကျွန်တော် သေချာပေါက် စုံစမ်းသွားမှာပါ။ ပြီးတော့ မစ္စယဲ့အနေနဲ့ ဒီအကြောင်းကို လောလောဆယ် ရှီချန်းကို မပြောပြဖို့ မျှော်လင့်ပါတယ်”

အကယ်၍ ကုရှီချန်းသာ ဤအကြောင်းကို သိရှိသွားပါက ကုန်းရှောင်ချင်းပင် ကြီးမားသော တန်ဖိုးကို ပေးဆပ်ရပေလိမ့်မည်။

ကုရှီချန်း အစွဲအလမ်းကြီးကြောင်း ကို ကုန်းရှောင်ကျောင်း ကောင်းစွာသိ၏။

သို့သော်လည်း ကုန်းရှောင်ကျောင်း ယဲ့ယီ၏ စကားကို ယုံကြည်ရန် ဝန်လေးနေဆဲ ဖြစ်နေ၏။

ဤနေရာတွင် အထင်လွဲမှားမှုတစ်ခုခု ရှိနေရမည် ။ရူသိုက်ဝိန်သည် ထိုကဲ့သို့လူမျိုး လုံးဝမဖြစ်နိုင်ချေ။

“ဒီကိစ္စကို လျှို့ဝှက်ထားပေးဖို့ ကျွန်မ ကူညီနိုင်ပါတယ်။ ဒါပေမဲ့ နောက်တစ်ကြိမ် ထပ်ပြီး ဒီလိုမျိုး ဖြစ်လာဦးမယ်ဆိုရင်တော့ ကျွန်မက စကားပြောရလွယ်မဲ့ လူမျိုး မဟုတ်တော့ဘူးနော်”

ယဲ့ယီ လေသံက အလွန်ပင် လေးနက်နေသည်။

ယခုအကြိမ်တွင် သူမအနေဖြင့် ကုရှီချန်း၏ မျက်နှာကို ထောက်ထားသောကြောင့်သာ ကုန်းရှောင်ချင်းကို အရေးမယူခဲ့ခြင်းဖြစ်၏။

သို့သော် သူမကို မည်သူမဆို အနိုင်ကျင့်နိုင်သည်ဟု ဆိုလိုခြင်းမဟုတ်ပေ။

ရူသိုက်ဝိန်နှင့် ပတ်သက်၍မူ အကယ်၍ သူမ ဤကဲ့သို့သော လှည့်ကွက်ကလေးများကို ထပ်မံလုပ်ဆောင်ပါက သူမ လှည့်ကွက်လေးများနှင့်အတူ ကစားပေးလိုက်ရုံသာ ရှိတော့၏။

သူ မထွက်ခွာမီတွင် ကုန်းရှောင်ကျောင်း ကုန်းကော်ပိုရေးရှင်းအောက်ရှိ လုပ်ငန်းအားလုံးတွင် အသုံးပြုနိုင်သော ကတ်ပြားတစ်ခုကို ယဲ့ယီအား ပေးအပ်ထားသည်။

သို့သော်လည်း ကုန်းကော်ပိုရေးရှင်းသည် အဓိကအားဖြင့် ဆေးဘက်ဆိုင်ရာလုပ်ငန်းကို လုပ်ကိုင်ခြင်းဖြစ်၏။ ထို့ကြောင့် ကုန်းရှောင်ကျောင်း သူမကို ကျိန်ဆဲနေခြင်းလောဟု ပင်တွေးတောမိတော့၏။

ညနေပိုင်းတွင် ယဲ့ယီ ကုရှီချန်းထံမှ ဗီဒီယိုဖုန်းခေါ်ဆိုမှုတစ်ခုကို လက်ခံရရှိခဲ့သည်။

ဖုန်းလိုင်း၏ အခြားတစ်ဖက်တွငကုရှီချန်းမှာ ရေချိုးပြီးခါစ ပုံစံမျိုး ဖြစ်နေပြီး ရေချိုးဝတ်စုံကို ဝတ်ဆင်ထားကာ သူ၏ ဆွဲဆောင်မှုရှိသော ဝမ်းဗိုက်ကြွက်သားရှစ်ခုကို ခပ်ရေးရေး လေးမြင်တွေ့နေရ၏။

ဖုန်းမျက်နှာပြင်ပေါ်ရှိ ယဲ့ယီကို ကုရှီချန်းက အလိုလိုက်လိုသော မျက်လုံးများဖြင့် ကြည့်နေ၏။

“ဒီရက်ပိုင်း ကိုယ့်ကို သတိရလား”

ယဲ့ယီ ကုရှီချန်း မေးခွန်းကို ပြန်မဖြေပေ။

သူမ လောလောဆယ်တွင် ကုရှီချန်း၏ ဝမ်းဗိုက်ကြွက်သားများကို ကြည့်ရှုရန် အလုပ်ရှုပ်နေသဖြင့် ခဏတာမျှ တုံ့ပြန်ရန် မေ့လျော့နေလေ၏။

ကုရှီချန်း သူ၏ ဝမ်းဗိုက်ကြွက်သားများကို တိတ်တဆိတ် ဖုံးကွယ်လိုက်သောအခါမှသာ ယဲ့ယီ အနည်းငယ် နှမြောတသဖြစ်သွားရသည်။

ယဲ့ယီ၏ မျက်နှာအမူအရာလေးကို မြင်သောအခါ ကုရှီချန်း ရယ်မောလိုက်တော့သည်။

“အလျင်မလိုနဲ့ကွာ။ ကိုယ် နိုင်ငံထဲ ပြန်ရောက်တဲ့အခါ မင်း စိတ်ကြိုက် ပေးကြညမ့်မယ် “

ယဲ့ယီ ခပ်တိုးတိုး ချောင်းဟန့်လိုက်၏။

“ကျွန်မက အဲ့ဒီလို အပေါ်ယံတွေကို မက်မောတဲ့ လူလို့ ရှင်ထင်နေတာလား”

ကုရှီချန်း သူမကို တိတ်ဆိတ်စွာ စိုက်ကြည့်နေခဲ့ပြီး စာနာနားလည်မှုရှိစွာ အမှန်တရားကို ထုတ်မပြောတော့ပေ။

“ဒီရက်ပိုင်း တစ်ခုခု ဖြစ်ခဲ့သေးလား”

ယဲ့ယီ ခေါင်းခါပြလိုက်သော်လည်း သူမ စိတ်ထဲတွင်မူ သူ့ကို လှောင်ပြောင်နေသည်။

[ရှင့်ငယ်သူငယ်ချင်းက ကျွန်မကို ကုန်းရှောင်ချင်း ကုတင်ပေါ် ပို့ဖို့ ကြိုးစားနေတာလေ။ကျွန်မလည်လို့ပေါ့ မဟုတ်ရင် ရှင်အူတိုလို့ အူတောင်ရှိမှာ မဟုတ်တော့ဘူး]

ကုရှီချန်း ယဲ့ယီ၏ စိတ်ကို ကြားလိုက်ရသည့်အခါတွင် သူ့မျက်နှာအမူအရာ ချက်ချင်းပင် မည်းမှောင်သွား၏။ ထို့နောက် သူ တည်ကြည်လေးနက်သော လေသံဖြင့် မေးမြန်းလိုက်၏။

“တကယ်ပဲ ဘာမှမဖြစ်တာ သေချာလား”

“စိတ်ချပါ၊ တကယ် ဘာမှမဖြစ်ပါဘူး”

[ကျွန်မက ကုန်းရှောင်ကျောင်းကို ဒီအကြောင်း ရှင့် ကိုမပြောပြပါဘူးလို့ ကတိပေးပြီးသား၊ ကျွန်မက ကတိတည်တဲ့ လူမျိုးပါ]

ကုရှီချန်း၏ မျက်နှာအမူအရာမှာ ပိုမိုဆိုးရွားလာခဲ့သည်။

သူမသည် အခြားသူများအတွက်နှင့် ဤအကြောင်းကို သူ့အား ဖုံးကွယ်ထားလေ၏။

ကုရှီချန်း ဤနေရာရှိ အလုပ်ကိစ္စရပ်များကို ပိုမိုမြန်ဆန်အောင် လုပ်ဆောင်ရန် လိုအပ်နေပြီဟု ခံစားလိုက်ရတော့သည်။ သို့မဟုတ်ပါက သူ၏ အနာဂတ်ဇနီးလောင်းလေး မည်သည့်အချိန်တွင် အခြားသူတစ်ဦးနှင့်အတူ ထွက်ပြေးသွားမည်ကို မည်သူမျှ မသိနိုင်ချေ။

“ဒါနဲ့ နောက်နှစ်ရက်နေရင် ကျွန်မ ရုပ်ရှင်ရိုက်ကူးရေးအဖွဲ့ထဲ ဝင်ရတော့မယ်”

ယဲ့ယီသည် သူမ ပျော်ရွှင်မှုကို ကုရှီချန်းနှင့် မျှဝေလိုက်သည်။

ကုရှီချန်း သူ့စိတ်ခံစားချက်ကို ပြန်လည်ထိန်းညှိလိုက်ပြီး ညင်သာစွာ ပြောလိုက်၏။

“ကောင်းတာပေါ့”

ယဲ့ယီ အကြောင်းပြချက်မရှိ ဂုဏ်ယူဝင့်ကြွားနေတော့၏။

စင်စစ်အားဖြင့် သူမကို ချီးမွမ်းဖူးသူ မရှိခဲ့ခြင်း မဟုတ်သော်လည်း ကုရှီချန်းထံမှ ချီးမွမ်းစကားကို ကြားရခြင်းမှာမူ အနည်းငယ် ကွဲပြားခြားနားသည်။

ယဲ့ယီ ကုရှီချန်းနှင့်အတူ အချိန်အတော်ကြာ စကားစမြည် ပြောဆိုပြီးနောက်မှသာ ဖုန်းချလိုက်၏။

ဖုန်းချပြီးနောက် အချိန် စောသေးသဖြင့် သူမ ကုစဲ့ထံ ဖုန်းခေါ်ဆိုလိုက်သည်။

ဖုန်းလိုင်း ချိတ်ဆက်မိသည်နှင့်တစ်ပြိုင်နက် သူမ ချက်ချင်း ဖုန်းချပစ်လိုက်၏။

သူမလည်း မတတ်နိုင်ပေ။ သူမ၏ နဂိုမူရင်း ပုံစံကို ထိန်းသိမ်းရန်အတွက် ဤဖုန်းခေါ်ဆိုမှုကို ကုစဲ့ကသာ ပြုလုပ်ရလိမ့်မည်။

မကြာမီမှာပင် ကုစဲ့ ယဲ့ယီထံ ဗီဒီယိုဖုန်းခေါ်ဆို လာ၏။

ထိုကလေးက အလွန်အမင်း မကျေမနပ်ဖြစ်နေသော ပုံစံမျိုးဖြင့် မေးလိုက်၏။

“မေမေ ဖုန်းခေါ်တုန်းက သား ချက်ချင်း ကိုင်မလို့ ပြင်နေတာကို ဘာလို့ ဖုန်းချပစ်ရတာလဲ”

ကုစဲ့၏ မျက်နှာအမူအရာလေးကို မြင်လိုက်ရသောအခါ ယဲ့ယီ၏ နှလုံးသား ကြေကွဲမတတ် ခံစားလိုက်ရသော်လည်း အလွန်အမင်း အေးစက်တည်ငြိမ်ဟန် ဆောင်နေရ၏။

“ငါ ခလုတ်မှား နှိပ်မိသွားလို့”

[ဝူးဝူးဝူး သေစမ်း၊ ငါ့ချစ်သားလေးကို ငါက ဖုန်းစခေါ်တာလို့ ပြောပြ ချင်လိုက်တာ]

ကုစဲ့ ယဲ့ယီ၏ စိတ်ကို ကြားလိုက်ရသဖြင့် သူ မျက်နှာပေါ်တွင် ကြီးမားသော အပြုံးတစ်ခု ချက်ချင်း ပေါ်ပေါက်လာသည်။

“ဒါ သားရဲ့ အမှားပါ မေမေ။ သား မေမေ့ဆီကို အရင်ဆုံး ဖုန်းမခေါ်မိလို့ပါ”

ယဲ့ယီ၏ နှလုံးသား အရည်ပျော်မတတ် ခံစားလိုက်ရတော့၏။

[အား... ချစ်စရာ ကောင်းလိုက်တာ]

သို့သော်လည်း အပေါ်ယံတွင်မူ ယဲ့ယီသည် အေးစက်တည်ငြိမ်သော ပုံစံကို ဆက်လက် ထိန်းသိမ်းထား၏။

“မင်းအဖေရဲ့ အဲဒီ ငယ်သူငယ်ချင်းလေးက ဒီရက်ပိုင်း မင်းတို့အိမ်ကို လာသေးလား”

All Chapters