← Chapters

အခန်း ၅၂

Vol. 6 Ch. 52

အခန်း ၅၂

Vol. 6 Ch. 52

အခန်း (၅၂)

အခန်းပိုများ အတင်းအကျပ် ထည့်ခိုင်းခြင်း

လန်ရွှယ် ချန်ထျန်မင်းကို ကူညီသည့် အနေနှင့် စူးယန်ကို ရုပ်ရှင်ရိုက်ကူးရေးအဖွဲ့ထဲသို့ ထိုးထည့်ပေးပြီးပြီးချင်း ချန်ဟောင်ယု သူမကို ထပ်ပြီး ဒုက္ခပေးလာပြန်သည်။

“သားလည်း သရုပ်ဆောင်ချင်တယ်”

ကုစဲ့က ရုပ်ရှင်ရိုက်တော့မည်ကို တခြားလူများဆီမှ ချန်ဟောက်ယု ကြားသိသွားပြီး အိမ်ပြန်ရောက်သည်နှင့် လန်ရွှယ်ကို စတင်ဂျီကျတော့သည်။

လန်ရွှယ်မှာ အလွန် စိတ်ပျက်နေသော်လည်း ကလေးထိန်းရှေ့တွင် ဟောက်ယုကို ချော့မော့ပြောဆိုနေရလေ၏။

“ဟောင်ယု.. သရုပ်ဆောင်ရတာက အရမ်းပင်ပန်းပြီး ဘာမှပျော်ဖို့ မကောင်းဘူးကွယ်။ အားတဲ့အခါကျရင် မင်းဖေဖေနဲ့ မေမေက မင်းကို ကစားကွင်း လိုက်ပို့ပေးမယ်လေ၊ ဟုတ်ပြီလား”

ချန်ဟောင်ယုက ဤအရာများကို ဂရုမစိုက်ပေ။ သူသည် ကုစဲ့ကိုသာ ပြိုင်ဆိုင်ချင်သည်။ သူသည် ကြမ်းပြင်ပေါ်တွင် တန်းထိုင်ချလိုက်ပြီး အတင်းအကျပ် သောင်းကျန်းတော့လေသည်။

“ဂရုမစိုက်ဘူး၊ သား သရုပ်ဆောင်ချင်တယ်။ သရုပ်ဆောင်ချင်တယ်၊ သရုပ်ဆောင်ချင်တယ်၊ သရုပ်ဆောင်ချင်တယ်”

လန်ရွှယ် ချန်ဟောင်ယုကို ဆွဲထူရန် ရှေ့တိုးသွားသော်လည်း သူသည် တမင်တကာပင် လဲလျောင်းနေပြီး အော်ဟစ်ငိုယိုနေသည်။

ချန်ထျန်မင်း အိမ်ပြန်ရောက်လာချိန်တွင် ချန်ဟောင်ယုက ကြမ်းပြင်ပေါ်တွင် လဲနေပြီး လန်ရွှယ်က သူ့ကို ရပ်ကြည့်နေသည်ကို မြင်လိုက်ရသည်။ ချန်ထျန်မင်းက ချက်ချင်းရှေ့တိုးသွားပြီး ချန်ဟောင်ယုကို ဆွဲထူလိုက်သည်။

ချန်ထျန်မင်း လာဆွဲသည့်အခါတွင်တော့ ချန်ဟောင်ယုက စောနက ပြသခဲ့သည့် ဆိုးသွမ်းသော အမူအရာများနှင့် လုံးဝမတူဘဲ လိမ်မာသော ကလေးလေးတစ်ယောက်အတိုင်း ရိုးရိုးသားသားပင် ထရပ်လိုက်သည်။

ချန်ထျန်မင်းက လန်ရွှယ်ကို မကျေမနပ် ကြည့်လိုက်ပြီး မေးလိုက်သည်။

“ဘာတွေဖြစ်နေကြတာလဲ”

လန်ရွှယ် စကားပြောမည့်အလုပ်တွင် ချန်ဟောင်ယုက သူမထက် အရင်ဦးအောင် ပြောလိုက်သည်

“ဖေဖေ... သား သရုပ်ဆောင်ချင်တယ်လို့ အန်တီ့ကို ပြောတာကို အန်တီက သားကို တွန်းချတယ်”

လန်ရွှယ် ချန်ဟောင်ယုကို မယုံနိုင်သကဲ့သို့ကြည့်လိုက်ပြီး အမြန်ပင် ရှင်းပြလိုက်ရသည်။

“ကိုကို... ကျွန်မ သူ့ကို မတွန်းပါဘူး။ သူဘာသာသူ ကြမ်းပေါ်မှာ လဲနေတာပါ။ မယုံရင် အိမ်စေတွေကို မေးကြည့်လို့ရပါတယ်”

“မေးစရာမလိုပါဘူး၊ မင်းကို ငါယုံပါတယ်”

ချန်ထျန်မင်း လန်ရွှယ်ကို ယုံသည်ဟု ဆိုသော်လည်း သူမကို လှည့်၍ပင် မကြည့်ပေ။

ချန်ထျန်မင်း မမြင်နိုင်သည့်နေရာတွင် ချန်ဟောင်ယု လန်ရွှယ်ကို လျှာထုတ်ပြကာ လှောင်ပြောင်လိုက်သည်။ လန်ရွှယ်မှာ ဒေါသထွက်လွန်း၍ လက်သီးကို တင်းတင်းဆုပ်ထားရုံသာ တတ်နိုင်၍ သူ့ကို ဘာမှလုပ်၍မရပေ။

သို့သော် ချန်ဟောင်ယုမှ လန်ရွှယ်ကို ခေါ်ဆိုပုံနှင့် ပတ်သက်၍ ချန်ထျန်မင်းက အလေးအနက်ထားကာ ခပ်တည်တည်ဖြင့် ပြောလိုက်သည်။

“ဟောင်ယု... အန်တီလန်ရွှယ်ကို ‘မေမေ’ လို့ ခေါ်ရမယ်လို့ ဖေဖေ မပြောထားဘူးလား”

ချန်ဟောင်ယုက နှာခေါင်းရှုံ့လိုက်ရင်း ပြောလိုက်သည်။

“သူက သားမေမေ မဟုတ်ဘူး။ သားမေမေက သေသွားတာ ကြာလှပြီ”

ချန်ထျန်မင်းက ချန်ဟောင်ယုကို အပြစ်တင်သည့် အကြည့်ဖြင့် ကြည့်လိုက်သည်။

“ဒီကလေးကတော့... ဖေဖေ ပြောထားတယ်မဟုတ်လား။အန်တီလန်ရွှယ်က မင်းကို သူ့သားအရင်းလို ဆက်ဆံမှာပါ”

“သားမယုံဘူး။ သူက မိန်းမဆိုးကြီး”

ချန်ဟောင်ယုသည် တမင်တကာပင် ချန်ထျန်မင်း၏ နောက်တွင် ပုန်းလိုက်ပြီး လန်ရွှယ်ကို သတိထားကာ ကြည့်နေသည်။

လန်ရွှယ်က တိတ်တဆိတ် လက်သီးဆုပ်ထားမိသည်။

‘ဒီကောင်လေး တကယ့်ကို ကျေးဇူးမသိတဲ့ လူမိုက်လေးပဲ’

ချန်ထျန်မင်းက လန်ရွှယ်ကို အားနာသလိုဖြင့် ပြောလိုက်သည်။

“ဟောင်ယု ဘာတွေဖြစ်နေမှန်း မသိဘူး။ ငါ သူ့ကို သေချာဆုံးမလိုက်ပါ့မယ်”

လန်ရွှယ်က နားလည်ပေးသလို ပြုံးပြလိုက်သည်။

“ရပါတယ်... ဟောင်ယုက ငယ်သေးတာပဲလေ”

ချန်ထျန်မင်း လန်ရွှယ်ကို ကျေးဇူးတင်သည့်အကြည့်နှင့် ကြည့်လိုက်သည်။

လန်ရွှယ်သည် အပြင်ပန်းတွင် ပြုံးနေသော်လည်း အတွင်းစိတ်ထဲတွင် သူတို့သားအဖ နှစ်ယောက်လုံးကို ကျိန်ဆဲနေမိသည်။ ယခင်က ချန်ဟောင်ယုသည် လန်ရွှယ်ကို သိပ်မကြိုက်သော်လည်း အနည်းဆုံး ‘မေမေ’ ဟု ခေါ်ခဲ့သေးသည်။

သို့သော် မန်ရှင်း အိမ်ကို အကြိမ်အနည်းငယ် လာလည်ပြီးနောက်ပိုင်းတွင် သူသည် ထိုသို့မခေါ်တော့ပေ။ ချန်ထျန်မင်းက ချန်ဟောင်ယုကို ဆုံးမမည်ဟု ပြောသော်လည်း လက်တွေ့တွင် ဘာမှမလုပ်ဘဲ ပါးစပ်ကသာ ပြောနေခြင်းဖြစ်သည်။

ထင်သည့်အတိုင်းပင် နောက်အခိုက်အတန့်တွင် ချန်ထျန်မင်းက ထိုကိစ္စကို မေ့သွားပြီး ချန်ဟောင်ယုကို ဂရုတစိုက် မေးတော့သည်။

“ဘာလို့ ရုတ်တရက် သရုပ်ဆောင်ချင်ရတာလဲ”

“ကုစဲ့က ရုပ်ရှင်ရိုက်နေတယ်လို့ သူငယ်ချင်းက ပြောတယ်။ သား သူ့ကို မရှုံးချင်ဘူး”

ချန်ဟောက်ယုက မကျေမနပ် ပြောလိုက်သည်။

ချန်ဟောင်ယု၏ စကားသည် ချန်ထျန်မင်း၏ စိတ်ကို ထိမှန်သွားစေသည်။ ကုကုမ္ပဏီဆီကနေ တောင်ဘက်ဆင်ခြေဖုံး မြေကွက်ကို လုယူနိုင်ခဲ့သည့်အတွက် သူ ပျော်နေပြီးသား ဖြစ်သည်။

ယခု သူ့သားက ကုရှစ်ချန်း၏သားကို နှိပ်ကွပ်ရန် အစပျိုးလာသည့်အခါ သူ ပို၍ပင် ဝမ်းသာသွားသည်။ အကယ်၍ သူတို့သားအဖနှစ်ယောက်သည် ကုရှစ်ချန်းတို့ သားအဖကို အသာစီးရနိုင်ခဲ့လျှင် ပြင်ပလူများက ချန်ထျန်မင်းသည် ကုရှစ်ချန်းကို မယှဉ်နိုင်သည် ဆိုသော စကားများ ထွက်လာဦးမလား ‌ဆိုသည်ကို သူ သိချင်မိသည်။

ချန်ထျန်မင်း ပြုံးပြီး ချန်ဟောင်ယု၏ ခေါင်းကို ပွတ်ပေးလိုက်သည်။

“ငါ့သား ပီသပါပေတယ်။ စိတ်မပူနဲ့ ဖေဖေ မင်းအတွက် ဇာတ်ကောင်တစ်ခု သေချာပေါက် ရအောင်လုပ်ပေးမယ်”

ချန်ဟောင်ယု ပျော်ရွှင်စွာ ချန်ထျန်မင်း၏ လက်မောင်းကို ဖက်လိုက်သည်။

“ဒါဆိုရင် သားရဲ့ ဇာတ်ဝင်ခန်းတွေက ကုစဲ့ထက် ပိုများရမယ်နော်”

“ကောင်းပြီ... အဲ့ဒီရိုက်ကူးရေးအဖွဲ့ထဲမှာ ငါ့သားရဲ့ ဇာတ်ဝင်ခန်းတွေက ကုစဲ့ထက် သေချာပေါက် ပိုများစေရမယ်”

ချန်ထျန်မင်းက တုံ့ဆိုင်းခြင်းမရှိ သဘောတူလိုက်သည်။

ထိုအချိန်တွင် လန်ရွှယ်က ရုတ်တရက် ဝင်ပြောလိုက်သည်။

“ယောကျ်ား... ကျွန်မတို့ ရုပ်ရှင်ထဲမှာ ဇာတ်ဝင်ခန်း အများကြီးပါတဲ့ ကလေးသရုပ်ဆောင်နေရာ မရှိဘူးလေ”

လန်ရွှယ်တို့ ရိုက်ကူးနေသည့် ရုပ်ရှင်သည် လူကြီးအကြောင်း ပြောပြသည့် ဇာတ်လမ်းဖြစ်သည်။ ကလေးသရုပ်ဆောင် အနည်းငယ် ပါဝင်မည် ဖြစ်သော်လည်း အားလုံးသည် အရေးမပါသော နေရာများသာ ဖြစ်ပြီး အလွန်ဆုံးရှိလျှင် ဘေးထွက် ဇာတ်ပို့နေရာလေးများသာ ဖြစ်သည်။ အဓိက ဇာတ်ဆောင်စာရင်းတွင် ကလေးမပါဝင်ပေ။

ချန်ထျန်မင်းက မကျေမနပ်ဖြင့် မျက်မှောင်ကြုတ်လိုက်သည်။

“မရှိရင်လည်း ထပ်ထည့်လိုက်ပေါ့”

လန်ရွှယ်မှာ စကားမပြောနိုင်လောက်အောင် ဖြစ်သွားရသည်။

‘ဇာတ်ကောင်တစ်ခုကို ဒီအတိုင်း ထည့်လိုက်ဖို့ဆိုတာ လွယ်တဲ့ကိစ္စလို့ သူ ထင်နေတာလား’

သို့သော် သူမက ပါးနပ်စွာ ဇာတ်ညွှန်းရေး ဆရာမဘက်ကို အပြစ်လွှဲချလိုက်သည်။

“ဒါပေမဲ့ ဇာတ်လမ်းနဲ့ ဇာတ်ကောင်တွေက အတော်လေး အတည်ဖြစ်နေပြီ။ နောက်ထပ် ဇာတ်ကောင်တစ်ခု ထပ်ထည့်မယ်ဆိုရင် အပြောင်းအလဲတွေ အများကြီး လုပ်ရလိမ့်မယ်။ ဇာတ်ညွှန်းရေးဆရာမက သိပ်ကျေနပ်မှာ မဟုတ်ဘူး”

ချန်ထျန်မင်းက အမှုမဲ့အမှတ်မဲ့ပင် ပြောလိုက်သည်။

“အလွန်ဆုံးရှိရင် ပိုက်ဆံပိုပေးလိုက်ပေါ့။ ဘာပဲဖြစ်ဖြစ် ဟောင်ယုရဲ့ ဇာတ်ကောင်က ကုစဲ့ထက် ပိုပြီး လူချစ်လူခင်ပေါရမယ်၊ ပြီးတော့ ဇာတ်ဝင်ခန်းကလည်း သူ့ထက် ပိုများရမယ်”

အာဏာရှင်ဆန်သော စီအီးအိုတစ်ယောက်အနေဖြင့် ချန်ထျန်မင်းတွင် အခြားမရှိသော်လည်း ပိုက်ဆံကတော့ အလျှံပယ်ရှိသည်။ ထို့အပြင် သူသည် ဟိုင်ထျန်ဖျော်ဖြေရေးကုမ္ပဏီ၏ ရှယ်ယာရှင်တစ်ဦးလည်း ဖြစ်သည်။ ဇာတ်ကောင်တစ်ခုကို ထပ်ထည့်ပေးဖို့ မဆိုနှင့်၊ ဆယ်ခုထည့်ခိုင်းလျှင်တောင် ဇာတ်ညွှန်းရေးဆရာမ အနေဖြင့် ငြင်းဆန်နိုင်မည် မဟုတ်ပေ။

ချန်ထျန်မင်းက ထိုသို့ပြောလိုက်ပြီဖြစ်၍ လန်ရွှယ်လည်း ဘာမှထပ်မပြောတော့ပေ။ သို့မဟုတ်ပါက သူမ ချန်ဟောင်ယုကို ရိုက်ကူးရေးထဲ မဝင်စေလိုသောကြောင့် တမင်တကာ တားဆီးနေသည်ဟု အပြစ်တင်ပေလိမ့်မည်။

ထိုသို့ တကယ်ပင် တွေးမိသော်လည်း ချန်ထျန်မင်းကိုတော့ အသိပေး၍ မဖြစ်ပေ။ သို့သော် ချန်ဟောင်ယုနှင့်အတူ ရုပ်ရှင်ရိုက်ရမည်ကို တွေးမိရုံနှင့်ပင် သူမ အလွန်စိတ်တိုနေမိသည်။ ထိုကလေးသည် လိမ်လိမ်မာမာရှိပြီး ပြဿနာမရှာဖို့ကိုသာ သူမ မျှော်လင့်ရတော့သည်။

သို့သော် ချန်ဟောင်ယု၏ စရိုက်အရ သူသည် ပြဿနာမရှာဘဲနေမည်မှာ ဖြစ်နိုင်ခြေ သုညသာ ရှိသည်။

လန်ရွှယ်သည် လျုံရုံကို ဇာတ်ညွှန်းရေးဆရာမထံ အကြောင်းကြားခိုင်းလိုက်သည့်အခါ ဇာတ်ညွှန်းရေးဆရာမမှာ ပေါက်ကွဲသွားတော့သည်။

“သူတို့ ရူးနေကြတာလား၊ ဒီရုပ်ရှင်ကို အတင်းအကျပ် ရိုက်ခိုင်းတာ တစ်ပိုင်းထားဦး သရုပ်ဆောင်အရည်အချင်း လုံးဝမရှိတဲ့ အမှိုက်တစ်ယောက်နဲ့ တတိယမင်းသားနေရာကို အစားထိုးခိုင်းတာကိုတောင် ကျွန်မ သည်းခံခဲ့ပြီးပြီ။ အခု ဇာတ်ကောင်အသစ် ထပ်ထည့်ခိုင်းပြန်ပြီလား။ ဒါလည်း ရသေးတယ်... ဒါပေမဲ့ တောင်းဆိုချက်တွေကလည်း အများကြီးပဲ ဇာတ်ဝင်ခန်းလည်း အများကြီးပါရမယ်၊ လူလည်း ချစ်ရဦးမယ်တဲ့လား။ တောက်... ဘယ်သူရေးချင်လဲ လာရေးကြ၊ အလုပ်သမားကလည်း အသက်နဲ့ပါပဲ”

တခြားလုပ်ဖော်ကိုင်ဖက်များမှာ သူမ၏ ဒေါသနှင့် မထိမိစေရန် အသက်ပင် ပြင်းပြင်းမရှူရဲကြပေ။ နျင်ရှ ယခုကဲ့သို့ ဒေါသထွက်သည်ကို သူတို့ ပထမဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်သည်။ နျင်ရှသည် စိတ်သဘောထားကောင်းသူဟု လူသိများသူဖြစ်ပြီး ပြီးခဲ့သည့်အကြိမ်က လန်ရွှယ်က သူမကို အကြောင်းမဲ့ ပါးရိုက်ခဲ့သည်ကိုပင် သည်းခံခဲ့သူဖြစ်သည်။ သို့သော် ရွှံ့ရုပ်တောင် ဒေါသရှိသေးလျှင် သွေးသားနှင့် လူသားတစ်ယောက်မှာတော့ ပြောနေစရာပင် မလိုတော့ပေ။

လန်ရွှယ် ရုပ်ရှင်ကို အတင်းအကျပ် ရိုက်ခိုင်းပြီး သူမကို ပါးရိုက်ခဲ့သည့်အတွက် နျင်ရှမှာ စိတ်မကောင်းဖြစ်နေခဲ့သော်လည်း အလုပ်သမားတစ်ယောက်အနေဖြင့် ပိုက်ဆံရှာရန် လိုအပ်နေသေးသည်။ လန်ရွှယ်က တောင်းပန်ခဲ့သည်ဖြစ်၍ လစာအတွက်ကြောင့်သာ သူမ သည်းခံခဲ့ခြင်းဖြစ်သည်။

သို့သော် ယခုတစ်ကြိမ်မှာတော့ အတော်လေး လွန်လွန်းပေသည်။ ဇာတ်လမ်း အလှည့်အပြောင်းများနှင့် သရုပ်ဆောင်များ အားလုံးကို စီစဉ်ပြီးကာမှ ဇာတ်ဝင်ခန်း အများကြီးပါသော ဇာတ်ကောင်ကို ရုတ်တရက် ထည့်ခိုင်းခြင်းမှာ ဇာတ်ညွှန်းတစ်ခုလုံးကို အစမှအဆုံး ပြန်ရေးခိုင်းခြင်းနှင့် အတူတူပင်ဖြစ်သည်။ သူမ၏ ပါးလျလာသော ဆံပင်များကို ကြည့်ရင်း နျင်ရှမှာ ရုတ်တရက် အလုပ်ထွက်ချင်စိတ်များ ပေါက်သွားတော့သည်။

သို့သော် သူမ၏ ကားချေးငွေနှင့် အိမ်ချေးငွေများကို ပြန်တွေးမိပြီး ဆက်သည်းခံကာ လုပ်ရပေဦးမည်။

ဆိုရိုးစကားတစ်ခု ရှိသည် မဟုတ်လော။

“ပိုက်ဆံရှာရတာ ခက်ခဲသလို၊ အစာမကြေတဲ့ အရာတွေကို မျိုချရတာကလည်း ခက်ခဲတယ်”

All Chapters