← Chapters

အခန်း (၅၃-၅၄)

Vol. 6 Ch. 53-54

အခန်း (၅၃-၅၄)

Vol. 6 Ch. 53-54

အခန်း (၅၃)

နူးညံ့ပြီး စဉ်းစားပေးတတ်သူ

လုံယုက သူ့မော်တော်ဘုတ်ကို ဝှက်ထားရန် လိုအပ်နေချိန်တွင် ယောင်ရန်က ပစ္စည်းများကို စောင့်ကြပ် ရန် နေခဲ့ရခြင်းကြောင့် ရှီရွှမ်းတို့က ပစ္စည်းတွေကို ရွှေ့ပြောင်းပေးရန် လုပ်ခဲ့ကြလေသည်။ ပစ္စည်းအား လုံးကို အလွှာ (၂၀) အထိ သယ်ဆောင်ရန် နှစ်ခါအတက်အဆင်း လုပ်ခဲ့ရပေသည်။

လုံယု ပြန်ရောက်လာပြီးနောက် သူနှင့် ယောင်ရန်တို့နှစ်ဦးသား အေးစက်သောမျက်နှာထားဖြင့် လှေကားများအတိုင်း တက်လာခဲ့ကြလေသည်။

တချို့လူတွေက မအောင့်နိုင်ကြဘဲ လုံယု၏ မော်တော်ဘုတ်ကို ငွေးပေးပြီး ငှားရမ်းရန် တောင်းဆိုနေကြ သည်။ သူတို့၏ တွက်ချက်နေသော မျက်လုံးများကို ကြည့်ပြီး ယောင်ရန်နှင့် လုံယုတို့က သူတို့၏ တောင်းဆို မှုများကို လျစ်လျူရှုကာ ထိုလူများကို လှည့်ပင်မကြည့်ဘဲ အပေါ်ထပ်ကို တက်သွားခဲ့ကြ လေသည်။

သူတို့နှစ်ဦးက အေးစက်စွာ လျစ်လျူရှုနေသည်ကို မြင်သောအခါ သက်လတ်ပိုင်းအရွယ် အမျိုးသမီး တစ်ဦးက သူတို့အား အော်ဟစ်ဆဲဆိုခဲ့ပြီး တခြားသူများကလည်း လိုက်ပါဆဲဆိုကာ အလွှာ (၂၀) က ရက်စက်ပြီး လူမဆန်တဲ့သူတွေဟု လိုက်ပြီးဆဲဆိုခဲ့ကြလေသည်။

လုံယုက မောပန်းနေသောကြောင့် စကားမပြောချင်တော့ဘဲ ယောင်ရန်ကတော့ သူတို့၏ စကားများကို လေအဖြစ် သဘောထားလိုက်လေသည်။ အလွှာ (၂၀) ကို ပြန်ရောက်သောအခါ ယောင်ရန်က အိုင်အို ဒင်း၊ ပတ်တီးနှင့် အနာသက်သာဆေးများ ယူရန် သူမ၏ တိုက်ခန်းကို ပြန်သွားခဲ့လိုက်လေသည်။

ထို့နောက် အခန်း(၂၀၀၁) ကို လာခဲ့ပြီး သူတို့ ပစ္စည်းများ ခွဲဝေနေသည်ကို တွေ့လိုက်ရလေသည်။ ယောင်ရန်က ကျားရှန်းနားကို ချဉ်းကပ်ပြီး ပြောလိုက်သည်၊

"အစ်မကျား ရှင်ရဲ့ ဒဏ်ရာကို သန့်ရှင်းရေးလုပ်ပေးပါရစေ….။"

ကျားရှန်းက သွေးထွက်နေသော သူမ၏လက်မောင်းကို တစ်ချက်ကြည့်လိုက်ပြီး ယောင်ရန်ကို ပြုံးပြကာ ကျေးဇူးတင်စကားပြောလိုက်လေသည်။

"ကျေးဇူးတင်ပါတယ်….။"

ဒဏ်ရာက အရမ်းမနက်သောကြောင့် ပိုးသတ်ပြီး ပတ်တီးစည်းလိုက်ရုံဖြင့် ရက်အနည်းငယ်အတွင်းတွင် ပျောက်ကင်းနိုင်ပေ၏။

သူမက ကျားရှန်းကို အနာကျက်ဆေးကို ပေးလိုက်ပြီး မှလိုက်သည်၊

"အနာဖေးတက်တဲ့အထိ ရက်အနည်းငယ်လောက် ရေမထိအောင်နေလိုက်ပါ….။"

ကျားရှန်းက စနစ်တကျ စည်းထားသော ဒဏ်ရာကို ကြည့်ပြီး မေးလိုက်လေသည်။

"ယောင်ရန်၊ ရှင်က ဆရာဝန်လား….။"

ယောင်ရန်က အိုင်အိုဒင်းနဲ့ ပတ်တီးများကို သိမ်းလိုက်ရင်း ပြန်ဖြေလိုက်လေသည်။

"ကျွန်မက ဟိုင်ချန်မြို့ တက္ကသိုလ်က ဆေးကျောင်းသူပါ။ ဆေးပညာနဲ့ အပ်စိုက်ပညာကို အထူးပြု သင်ယူနေတာပါ…။"

တခြားသူများလဲ ထိုစကားကို ကြားလိုက်သောအခါ အားလုံး စိတ်လှုပ်ရှားသွားကြလေသည်။

ဟွမ်ချန်က သူ့ပေါင်ကို ရိုက်ပြီး စိတ်လှုပ်ရှားစွာဖြင့်ပြောလိုက်လေသည်။

"ကောင်းလိုက်တာ….။ ငါတို့ အခု ဆရာဝန်တစ်ယောက်ကို တကယ်လိုအပ်နေတာ။ ယောင်ရန် မင်းရဲ့ ဆေးပညာအရည်အချင်းတွေနဲ့ဆို ပိုက်ဆံအများကြီး ရှာနိုင်တယ်…။"

သူ့စကားကို ကြားတော့ ယောင်ရန်က ခေါင်းယမ်းပြီး ပြောလိုက်လေသည်။

"ကျွန်မက ကျောင်းသူလေးပဲ ရှိသေးတာမို့ သိပ်အများကြီး မသိပါဘူး။ ဒဏ်ရာသေးသေးလေးတွေနဲ့ ရောဂါအသေးစားတွေကိုတော့ ကုသပေးနိုင်ပေမယ့် ဆရာဝန်လို့ ခေါ်ဖို့တော့ အရည်အချင်း မပြည့်မီ သေးပါဘူး….။"

သူမသည် ယခင်ဘဝက ဆရာဝန်တစ်ဦးအဖြစ် နှစ်ပေါင်းများစွာ အတွေ့အကြုံရှိသော်လည်း ကမ္ဘာပျက် ကပ်၏ အဆုံးသတ်ချိန်တွင်မှာတော့ ဆရာဝန်ဖြစ်ဖို့ ဘယ်တုန်းကမှ မစဉ်းစားခဲ့ပေ။ ဆရာဝန်နဲ့ သူနာပြု များ သည် စစ်သားများပြီးလျှင် ဒုတိယ အသေအပျောက်အများဆုံး ဖြစ်သောကြောင့်ပင်။

ဆေးဝါးရှားပါးသော ဆေးရုံမှာ အလုပ်လုပ်သည်က အလွန် အန္တရာယ်များလှသည်။ သူမ၏ ယခင်ဘဝ အတွေ့အကြုံအရ ဆရာဝန်နှင့် သူနာပြုအများစုသည် သဘာဝဘေးအန္တရာယ်ကြောင့် သေဆုံးရခြင်း မဟုတ်ဘဲ ဆေးရုံများ၌ အဓိကရုဏ်းဖြစ်ပြီး လူနာများ၏ မိသားစုဝင်များက သတ်ဖြတ်ခြင်းကိုခံရခြင်း ကြောင့်ပင် သေဆုံးရသည်ကများပေသည်။

နည်းပါးလှသော လစာအတွက် မမောမပန်း အလုပ်လုပ်ရမည့်အစား ယောင်ရန်က ပစ္စည်းများ ရရှိရန် တခြားနည်းလမ်းများကို ပိုမို ရှာဖွေရန်လိုနေပေသည်။ ထို့အပြင် အစိုးရအတွက် အလုပ်လုပ်ပေးပြီး စည်းမျဉ််များနှင့် တုပ်နှောင်ခံရသည်ကိုလည်း သူမ မလိုချင်ပေ။

ယောင်ရန် ထိုကဲ့သို့ပြောပြီးနောက် လုံယုက ရှီရွှမ်းကို ယောင်ရန်၏ ဝေစုကို ယူခိုင်းလိုက်ပြီး ပေးလိုက် လေသည်။

"မင်းငါ့ကို ပေးထားတဲ့ ပိုက်ဆံတွေနဲ့ ဒီပစ္စည်းတွေကို ဝယ်လာခဲ့တာ။ ဒါက မင်းဝေစု။ ယူလိုက်ပါ…။"

ယောင်ရန်က ပစ္စည်းပုံကို ကြည့်လိုက်သောအခါ ဆန် (၂၀) ကီလိုအိတ် ရှစ်အိတ်၊ ဂျုံ (၁၀) ကီလိုအိတ် သုံး အိတ်၊ ခေါက်ဆွဲခြောက် နှစ်ဖာ၊ ဆေးဝါးအိတ်ငယ် တစ်အိတ်၊ ဆား နှစ်ထုပ်၊ ဟင်းသီးဟင်းရွက် ခြောက်နှင့် မှိုခြောက် အထုပ်များစွာ၊ အရက်ပြန်ခဲ တစ်ဖာတို့ကို ပေးထားသည်ကို တွေ့လိုက်ရသည်။

သူမက ကျန်ရှိနေသော ပစ္စည်းများကို ကြည့်လိုက်သည်။ ထိုအရာများကို ခြောက်ပုံ ခွဲထားသည်ကို တွေ့လိုက်ရသဖြင့် ပြောလိုက်လေသည်။

"ကျွန်မက ဟင်းသီးဟင်းရွက်နဲ့ မှိုတွေ စိုက်ပျိုးထားတာမို့ ဒီဟင်းသီးဟင်းရွက်ခြောက်နဲ့ မှိုခြောက်တွေ ကို ရှင်တို့အားလုံးကို ပေးလိုက်ပါမယ်….။"

"ကျွန်မ အိမ်မှာ ဆေးဝါးတချို့ လဲရှိပါတယ်။ ရှင်တို့ ဒီဆေးဝါးတွေကို ဝေမျှလိုက်ပါ။ ကျွန်မမှာ ဓာတ်ငွေ့ ဘူးတွေလည်း ကျန်သေးတယ်။ ဒါကြောင့် ရှင်တို့ ဒီအရက်ပြန်ခဲတွေကိုလည်း ဝေမျှပြီးယူနိုင်ပါ တယ်…။"

သူမ ပစ္စည်းများကို ခွဲပြီးနောက် ယောင်ရန်က လုံယု၊ ရှီရွှမ်း၊ ဟွမ်ချန်နဲ့ ကျားရှန်းတို့ကို ဆန်တစ်အိတ်စီ ပေးလိုက်ပြီး ပြောလိုက်လေသည်။

"ဒါက ကျွန်မအတွက် ပစ္စည်းတွေ ထွက်ဝယ်ပေးတဲ့အတွက် ရှင်တို့ကို ပေးတဲ့ လုပ်အားခပါ…။"

သူမက ပစ္စည်းအများစုကို ပြန်ပေးသည်ကို မြင်သောအခါ လုံယုက ပြောလိုက်လေသည်။

"ယောင်ရန်… မင်းပဲ ဒီပစ္စည်းတွေကို သိမ်းထားလိုက်ပါတော့…။"

ယောင်ရန်က ခေါင်းခါပြီး ငြင်းဆန်လိုက်လေ၏။

"ညီအစ်ကိုတွေကြားမှာတောင် အရာရာကို ရှင်းရှင်းလင်းလင်း တွက်ချက်ရတယ်။ ကျွန်မ ရှင်တို့ကို ပေးတာက ရှင်တို့ ရသင့်ရထိုက်တာတွေပါ…။"

လုံယုနဲ့ တခြားသူတွေက သူမကို ခဏမျှကြည့်ပြီးနောက် ပစ္စည်းများကို လက်ခံယူလိုက်ကြပြီး သူမ ပြန်ပေးသည့် ပစ္စည်းများကို ခြောက်ပုံ ထပ်ခွဲလိုက်ကြလေ၏။

ဆန် လေးအိတ်၊ ဂျုံ သုံးအိတ်၊ ခေါက်ဆွဲခြောက် နှစ်ဖာနဲ့ ဆား နှစ်ထုပ်သာ ကျန်လေတော့သည်။

ယောင်ရန်က ထရပ်ပြီး ပြောလိုက်လေသည်။

"ရှင်တို့အားလုံး ဘေးကင်းလုံခြုံစွာ ပြန်ရောက်လာကြပြီဆိုတော့ ပျော်ပွဲလေး ကျင်းပကြတာပေါ့။ ကျွန်မ ဟင်းချက်ပေးပါမယ်။ နောက်မှ အတူတူ စားကြမယ်….။"

သူမ ထရပ်လိုက်သည်ကို မြင်တော့ လုံယုကလည်း ထရပ်ပြီး ပြောလိုက်လေသည်။

"ဆန်တွေ ငါဝိုင်းသယ်ပေးပါမယ်…။"

ယောင်ရန်က မငြင်းဘဲ သူတို့နှစ်ဦး ဆန်နဲ့ တခြားပစ္စည်းများကို သူမ၏ တိုက်ခန်းဆီ ရွှေ့ပြောင်းခဲ့ကြလေ သည်။ သူတို့နှစ်ဦး ထွက်သွားသည်ကို ကြည့်ရင်း ဟွမ်ကျိဟွေးက သူ့အစ်ကိုကို မေးလိုက်လေသည်။

"အစ်ကိုကြီး….၊ အစ်ကိုရဲ့ ခေါင်းဆောင် က အရမ်း အေးစက်ပြီး ခက်ထန်တယ်လို့ ပြောခဲ့တာပဲ။ ဘာလို့ သူက အရမ်း နူးညံ့ပြီး စဉ်းစားပေးတတ်တဲ့သူလို့ ကျွန်မ ခံစားနေရတာလဲ….။"

ဟွမ်ချန်က သူ့ညီမကို မျက်လုံးလှန်ကြည့်ကာ စိတ်တိုပြီး၊

"မင်း အသက်ရှည်ချင်ရင် ဒီစကားတွေကို ခေါင်းဆောင်ရှေ့မှာ မပြောမိစေနဲ့။ မဟုတ်ရင် မင်းက ခေါင်းဆောင်ကို စိတ်အနှောင့်အယှက် ဖြစ်စေခဲ့ရင် မင်းအစ်ကို ငါတောင် မင်းကို မကယ်နိုင်ဘူး….။"

ဟွမ်ကျိဟွေးက နှာခေါင်းရှုံ့ပြီး ပြန်ပြောလိုက်လေသည်။

"အစ်ကိုကြီးက တကယ် အသုံးကိုမကျဘူး….။"

သူတို့ ဆက်ပြီး ရန်ဖြစ်နေသည်ကို မြင်သောအခါ တန်ချီချီက စိတ်ပျက်စွာဖြင့် ပြောလိုက်လေသည်။

"အစ်ကိုကြီးချန်၊ ဟွေ့ဟွေ့ ရန်ဖြစ်တာ ရပ်ကြပါတော့….။"

အစ်ကိုနဲ့ ညီမက သူမကို လှည့်ကြည့်ပြီး တစ်ပြိုင်တည်း ပြောလိုက်လေသည်။

"ငါတို့ ရန်မဖြစ်ပါဘူး။ အယူအဆတွေ ဖလှယ်နေကြတာပါ….။"

"...."

တန်ချီချီတွင် ပြောစရာ စကားမရှိတော့ဘဲ သူတို့ကို ဆက်ပြီး မတားတော့ပေ။

မောင်နှမနှစ်ယောက် အချင်းချင်း ပြောဆိုနေကြစဉ် ရှီရွှမ်းက ထရပ်လိုက်ပြီး ပြောလိုက်လေသည်။

"ငါ ဟင်းချက်တော့မယ်…။"

ကျားရှန်းက ချက်ပြုတ်ရာမှာ အရည်အချင်းမရှိသောကြောင့်၊

"ကျွန်မ အိမ်သန့်ရှင်းရေး လုပ်ပါမယ်။" ဟုပြောလိုက်လေသည်။

တန်ချီချီကလည်း လုပ်စရာမရှိသောကြောင့် ထရပ်လိုက်ပြီး ရှီရွှမ်း၏နောက်မှ မီးဖိုချောင်ထဲသို့ လိုက်သွားခဲ့လေသည်။

"အစ်ကိုကြီးရွှမ်း၊ ဟင်းသီးဟင်းရွက်တွေ ဆေးဖို့ ကျွန်မ ကူညီပေးပါရစေ….။"

(၅၄)

ဟော့ပေါ့

တစ်ချိန်တည်းမှာပင် လုံယုသည် ယောင်ရန်၏ တိုက်ခန်းထဲကို ပထမဆုံးအကြိမ် ရောက်ဖူးခြင်းဖြစ် သဖြင့် ဧည့်ခန်းထဲတွင် ဘာမှမရှိဘဲ လွတ်နေသည်ကို မြင်ပြီး အံ့သြသွားမလေသည်။ စားပွဲပုလေး တစ်လုံးနှင့် ဆိုဖာပဲ ရှိသည်ကို မြင်သော်လည်း ဘာမှ မမေးဘဲ နေလိုက်လေသည်။

ယောင်ရန် မီးဖိုချောင်ဘက်ကို သွားသည်ကို မြင်သောအခါ သူလည်း နောက်ကလိုက်သွားပြီး ဆန်အိတ် ကို ကြမ်းပြင်ပေါ်သို့ ချလိုက်လေသည်။

"ရှင် ကူညီပေးတာ ကျေးဇူးတင်ပါတယ်။ ကျေးဇူးတုန့်ပြန်တဲ့အနေနဲ့ ရှင် စားဖို့ တစ်ခုခု ချက်ပေးပါရစေ။ ရှင် ဘာစားချင်တာများ ရှိလဲ…။"

ယောင်ရန်က လက်ဆေးရင်း မေးလိုက်လေ၏။

လုံယုက၊

"ငါ ဘာဖြစ်ဖြစ် စားနိုင်ပါတယ်…။" ပြန်ဖြေလိုက်လေသည်။

ယောင်ရန်က လက်ကို သုတ်ပြီးနောက် အေဗရွန်ဝတ်ရင်း၊

"ဟော့ပေါ့ စားရင်ရော ဘယ်လိုလဲ။ အခု ရာသီဥတုက အေးလာပြီဆိုတော့ ပူပူစပ်စပ် ဟော့ပေါ့ စားဖို့ အသင့်တော်ဆုံးပဲ….။"

လုံယုက မကန့်ကွက်ဘဲ ခေါင်းညိတ်ပြီး ပြောလိုက်လေသည်။

"ကောင်းတာပေါ့။ ငါ ဘာကူပေးရမလဲ…။"

ဟော့ပေါ့သည် အရသာရှိသော်လည်း ပါဝင်ပစ္စည်းများ ပြင်ဆင်ရသည်က အတော်လေး ရှုပ်ထွေး၏။

လုံယုက ကူညီဖို့ ကမ်းလှမ်းပြီးသား ဖြစ်နေခြင်းကြောင့် ယောင်ရန်က ဧည့်ခန်းဘက်ကို လက်ညှိုးထိုးပြီး ဇလုံတစ်လုံးနှင့် ကတ်ကြေးတစ်စုံကို သူ၏လက်ထဲ ထည့်ပေးကာ ပြောလိုက်လေသည်။

"လှေကားထစ်က ဟင်းသီးဟင်းရွက်တွေနဲ့ စိုက်ပျိုးခန်းထဲက မှိုတွေကို ခူးပေးပါဦး….။"

ယောင်ရန်က လုံယုကို သူမ၏ စိုက်ပျိုးခန်းက ဘယ်မှာလဲဆိုသည် မသိဘူးဟု ထင်မိခြင်းကြောင့် ထပ်ပြောလိုက်သည်။

"ဧည့်ခန်းတွေကို စိုက်ပျိုးခန်းတွေအဖြစ် ကျွန်မ သုံးထားပါတယ်…။"

"သိပါပြီ…။"

ယောင်ရန်က ဟော့ပေါ့ရည် ပြင်ဆင်နေချိန်တွင် လုံယုက ဇလုံနှင့် ကတ်ကြေးကို ယူပြီး လှေကားထစ်ဆီ ရောက်လာကာ စိမ်းစိုနေသော ဟင်းသီးဟင်းရွက်များကို တွေ့လိုက်ရသည်။ မြေကြီးပေါ်မှာ ပေါက်နေ သော ဟင်းသီးဟင်းရွက်များကို သူ မမြင်ရသည်မှာ ကြာပြီဖြစ်၏။ သတိပြန်ဝင်လာပြီးနောက် စိုက်ပျိုး အိုးများရှေ့၌ ထိုင်ပြီး ဟင်းသီးဟင်းရွက်များ စတင်ခူးဆွတ်လိုက်လေ၏။

ဟင်းသီးဟင်းရွက် အမျိုးမျိုးကို ဇလုံတစ်ဝက်ခန့် ပြည့်သွားအောင် ခူးပြီးနောက် သူ ဧည့်ခန်းဆီကို သွားလိုက်၏။ တံခါးဖွင့်လိုက်သောအခါ အခန်းတစ်ခုလုံး စိုက်ပျိုးအိုးများနှင့် ပြည့်နေသည်ကို တွေ့ လိုက်ရသည်။ အမျိုးမျိုးသော ဟင်းသီးဟင်းရွက်များနှင့် သစ်သီးများက ဤနေရာတွင် ပေါက်ရောက် နေခဲ့သည်ပင်။

ခရမ်းချဉ်သီးအနည်းငယ်နှင့် ငရုတ်သီးအနည်းငယ် ခူးပြီးနောက် လုံယုက နောက်ထပ် ဧည့်ခန်းတစ်ခုကို သွားလိုက်တယ်။ တံခါးဖွင့်လိုက်သည်နှင့် မီးလုံးသေးသေးလေးတစ်ခုက အခန်းကို လင်းစေသည်ကို တွေ့လိုက်ရ၏။ မှိန်ပျပျ အခန်းထဲတွင် သစ်သားတုံးများစွာကို သေသေချာချာ စီရီထားရှိလေသည်။ ထို သစ်သားတုံးများ၏ မျက်နှာပြင်ပေါ်တွင် အမျိုးမျိုးသော မှိုများက ကျန်းမာသန်စွမ်းစွာ ပေါက်နေလေ၏။

ယောင်ရန် အိမ်တွင်းမှာ မှိုတွေ စိုက်ပျိုးထားခြင်းကို လုံယု အံ့သြသွားခဲ့လေသည်။ ထိုအရာက ခက်ခဲ သည် မဟုတ်သော်လည်း လူတိုင်းလုပ်နိုင်ရန် ခဲယဉ်းလှပေသည်။

"လုံယု…၊ ရှင် ဟင်းသီးဟင်းရွက်နဲ့ မှိုတွေ ခူးပြီးပြီလား….။"

ယောင်ရန်၏ ခေါ်သံကို ကြားသောအခါ လုံယုက မီးဖိုချောင်ဘက်ကို လှည့်ပြီး မေးလိုက်၏။

"မင်း ဘယ်လို မှိုမျိုးလိုချင်တာလဲ။ ဒီမှာ မှိုအမျိုးအစားတွေ အများကြီးပဲ…။"

မီးဖိုချောင်ထဲတွင် ယောင်ရန်က ဟော့ပေါ့ရည်ကို ပြင်ဆင်ပြီးသား ဖြစ်သွားသောကြောင့် သူမထွက်လာ ကြည့်လိုက်၏။ လုံယု တံခါးဝမှာ ရပ်နေသည်ကို မြင်သောအခါ ပြောလိုက်လေသည်။

"ရှင် ဘယ်လိုမှိုမျိုး စားချင်လဲ။ စားချင်တာကို ရွေးခူးလို့ရပါတယ်….။"

ထိုသို့ ပြောပြီးသည်နှင့် သူ၏ အဖြေကို မစောင့်ဘဲ မှိုများ ရွေးရန် အတွင်းကို ဝင်သွားလိုက်လေသည်။ နှစ်မိနစ်ခန့်ကြာပြီးနောက် သူတို့ မှိုတစ်စည်းကို ခူးပြီး မီးဖိုချောင်ကို ပြန်လာခဲ့ကြ၏။ ယောင်ရန်က ဟင်းသီးဟင်းရွက်များကို ယူပြီးပြောလိုက်လေသည်။

"ဒီမှိုတွေ ဆေးကြောဖို့ ကျွန်မကို ကူပေးပါဦး…။"

"အင်း….။"

လုံယု၏ အကူအညီဖြင့် ဟော့ပေါ့ ပါဝင်ပစ္စည်းများကို လျင်မြန်စွာ ပြင်ဆင်ပြီးသွားခဲ့လေသည်။

သူမက အမျိုးမျိုးသော အသား၊ ဟင်းသီးဟင်းရွက်များနှင့် မှိုများ ထည့်ထားသော ပန်းကန်များကို ကြည့်ပြီး ပြောလိုက်လေသည်။

"ဒီမှာပဲ စားကြမလား။ ဒီဟာတွေ အားလုံးကို အခန်း (၂၀၀၁) ကို သယ်သွားရရင် အလုပ်ရှုပ်နေလိမ့် မယ်ထင်တယ်..။"

လုံယု ခေါင်းညိတ်ပြီး

"ငါ သူတို့ကို ခေါ်လိုက်မယ်လေ….။"

"ကောင်းပါပြီ….။"

မကြာခင်မှာပင် လုံယုနဲ့ တခြားသူများ ရောက်လာခဲ့ကြလေ၏။ သူတို့ တစ်ယောက်ချင်းစီက စားစရာ များ ယူလာခဲ့ကြပြီး လုံယုကတော့ ဆိုဒါပုလင်း အနည်းငယ်ကို ယူလာခဲ့လေသည်။

ဟွမ်ကျိဟွေးနဲ့ တန်ချီချီတို့က ယောင်ရန် ဟော့ပေါ့ ပြင်ဆင်ထားသည်ကို မြင်သောအခါ မီးဖိုချောင်ထဲမှ ကျန်နေသော ပါဝင်ပစ္စည်းများ သယ်ယူရန် သူမကို လျင်မြန်စွာ ကူညီပေးလိုက်ကြလေသည်။ စားပွဲ ပုလေးတစ် ခုမှာ ဝိုင်းထိုင်လိုက်ကြပြီး လူ ခုနစ်ယောက်လုံး ဖန်ခွက်တွေ မြှောက်ကာ အတူတူ သောက် ခဲ့ကြလေသည်။

ကျားရှန်းက နူးညံ့သော ငါးအသားကို တစ်ကိုက်စားပြီး ယောင်ရန်ကို လက်မထောင်ပြလိုက်၏။

သူမက စပ်သော ငါးအသားကို မြိုချလိုက်ပြီး မေးလိုက်လေသည်။

"ယောင်ရန်….၊ ဒီငါးက အရသာရှိလိုက်တာ…။ နေရာတိုင်းမှာ မီးတွေပျက်နေတာ။ ရှင့်မှာ ဘယ်လိုလုပ် လတ်ဆတ်တဲ့အသားတွေ ရှိနေတာလဲ….။"

ယောင်ရန်က ဧည့်ခန်းထောင့်ရှိ ရေခဲသေတ္တာအသေးလေးကို လက်ညှိုးထိုးပြလိုက်ပြီး၊

"ကျွန်မမှာ နေရောင်ခြည်သုံး ဂျန်နရေတာ အသေးစားလေး ရှိပါတယ်။ အဲဒီ နေရောင်ခြည်သုံး ဂျန်နရေ တာက အခြေခံ အိမ်သုံးပစ္စည်းတချို့အတွက် လျှပ်စစ်ဓာတ်အားပေးဖို့ လုံလောက်ပါတယ်…။"

တခြားသူများက သူမ၏ မျက်လုံးများ လှည့်သွားသည့်အတိုင်း ထောင့်နားမှာရှိသည့် ရေခဲသေတ္တာကို ကြည့်လိုက်ကြသည်။ လျှပ်စစ်မရှိတော့ အသားအများစု ပုပ်သိုးကုန်၏။ ယောင်ရန်သာမရှိလျင် သူတို့ ဒီနေ့ ဟင်းသီးဟင်းရွက်၊ မှိုနဲ့ အသားလတ်လတ်ဆတ်ဆတ်များ စားနိုင်မည် မဟုတ်ပေ။

စားနေရင်း လုံယုနှင့် တခြားသူများက သူတို့ မနေ့ညက ထွက်သွားပြီးနောက် ဖြစ်ပျက်ခဲ့သည်များကို ယောင်ရန်အား ပြန်ပြောပြကြ၏။ အဆောက်အအုံ (၃) အတွင်းရှိ အခြေအနေက ရှုပ်ထွေးနေပေမယ့် အပြင်ဘက်ရှိ အခြေအနေက ပို၍ဆိုးပေသည်။

သူတို့ လေးယောက်လုံး မိုးသည်းထန်စွာ ရွာနေသော်လည်း စူပါမားကတ်ကို စောစောပင် ရောက်သွား ကြသည်။ ထိုအချိန်တွင် လူသိပ်မများသေးသော်လည်း တဖြည်းဖြည်း များလာခဲ့ပြီး မကြာခင်မှာပင် စူပါမားကတ်တခုလုံး လူများ ပြည့်ကျပ်သွားခဲ့လေ၏။

လူအများအပြားက သူတို့၏ မော်တော်ဘုတ်ကို ခိုးယူချင်ကြသော်လည်း လုံယုနှင့် တခြားသူများက ကိုင်တွယ်ရလွယ်သည့်သူများ မဟုတ်ကြပေ။ သူတို့ မော်တော်ဘုတ်ကို စောင့်ကြပ်ပြီး နောက်ဆုံးမှာ စူပါမားကတ် ဖွင့်တဲ့အထိ စောင့်ခဲ့ရလေ၏။ ဆန်နှင့် ဂျုံမှုန့်ဈေးနှုန်းက အဆ (၂၀) တက်သွားသော်လည်း လူတွေကတော့ စူပါမားကတ်ကို ဆက်ပြီး အပြေးအလွှား လာနေကြဆဲပင်။ ၎င်းတို့ စင်ပေါ်မှာ ရှိသည် ဖြစ်စေ၊ တစ်စုံတစ်ယောက်၏ လက်ထဲမှာ ရှိသည်ဖြစ်စေ ရသမျှ အကုန် လုယူကြလေတော့သည်။

အင်တာနက် မရှိတော့သဖြင့် စူပါမားကတ်များက ငွေသားကိုသာ လက်ခံခဲ့လေသည်။ ငွေသားရှိသူတွေ ကတော့ ပျော်ရွှင်ကြသော်လည်း မရှိသည့်သူများကတော့ ရွှေဆွဲကြိုး သို့မဟုတ် လက်ကောက် တွေနဲ့ သာ ပေးချေနိုင်ပြီး ငွေရှင်းရာတွင် နှေးကွေးပြီး ရှုပ်ယှက်ခက်လာခဲ့လေသည်။

ပိုက်ဆံ၊ လက်ဝတ်ရတနာ သို့မဟုတ် တန်ဖိုးရှိပစ္စည်းများ မရှိသူများကတော့ ပစ္စည်းများကို လုယူပြီး ထွက်ပြေးရုံသာ ရှိတော့သည်။

ထိုနေရာရှိ ရဲအရာရှိများက သတိပေးသည့်အနေဖြင့် သေနတ်ပစ်ဖောက်ပြီး ဆူညံသံကို ခေတ္တ ထိန်းချုပ်လိုက်လေသည်။ သို့သော်လည်း လူအများအပြားတွင် ငွေသားမရှိကြခြင်းကြောင့် မကြာခင် မှာပင် အခြေအနေက ထိန်းချုပ်၍ မရနိုင်ခဲ့တော့ပေ။

ပစ္စည်းများသည် အကန့်အသတ်နှင့်ရှိသောကြောင့် လူများ၏ ဒုတိယလှိုင်းက လျင်မြန်စွာ ပြေးဝင်လာ ပြီး ပစ္စည်းများကို လုယူကာ ထွက်ပြေးကြလေ၏။ လူတိုင်း ကြောက်ရွံ့နေကြပြီး သူတို့ ရရှိထားသော ပစ္စည်းများကို တခြားသူများက လုယူသွားမည်ကို စိုးရိမ်နေကြလေ၏။

ရှုပ်ထွေးသည့် အခြေအနေဖြင့် ပိုဆိုးလာသည်ကို မြင်သောအခါ လုံယုနှင့် တခြားသူများ ထွက်သွားဖို့ ဆုံးဖြတ်လိုက်ကြလေသည်။ သို့သော် ရေထဲမှ လူများကြောင့် ထိုနေရာသည် အိုးထဲက ဖက်ထုပ်များလို လူများနှင့် ပြည့်ကျပ်နေခဲ့လေသည်။

ထိုလူများက အပြေးအလွှား ဆက်၍ လာနေကြလေ၏။ တချို့က သူတို့၏ ပစ္စည်းများကို လုယူချင် ကြပြီး တချို့ကတော့ မော်တော်ဘုတ်ကို လုယူချင်နေကြလေသည်။

All Chapters