← Chapters

အခန်း (၂၄၇-၂၄၈)

Vol. 25 Ch. 247-248

အခန်း (၂၄၇-၂၄၈)

Vol. 25 Ch. 247-248

အခန်း။ ၂၄၇

ထိုသို့ပြောရင်း သူက ခပ်လှောင်လှောင် ရယ်မိုက်လိုက်ကာ "ဒီကောင်ကို မျိုးဆက်ပြန့်ပွားဖို့အတွက် အသုံးချမယ်ဆိုရင် ကျွန်တော်တို့ စကားကို နားထောင်မယ့် ပုံသဏ္ဌာန်မဲ့မျိုးနွယ်ဝင် သွေးချင်းတစ်စုကို မွေးမြူနိုင်မယ့် အခွင့်အရေးရှိတာပေါ့"

ကလေးငိုသံသခင်၏ မျက်နှာထက်မှ သံသယများ အရည်ပျော်သွားပြီး တဟားဟား ရယ်မောလိုက်ကာ "ကျန်းဟန်... မင်းရဲ့ အတွေးက ကောင်းပေမဲ့ အချက်အလက်တချို့တော့ လိုနေသေးတယ်။ ဒီရှေးဟောင်းမျိုးနွယ်စုတွေဆိုတာ မျိုးရိုးတစ်ခုကနေ တစ်ခုကို ဆက်ခံတဲ့အခါ သူတို့မှာ သွေးမျိုးဆက်ပါတဲ့ ရင်သွေးကိုသာ ရရှိပြီးသားဆိုရင် နောက်ထပ် ထပ်မမွေးနိုင်တော့ဘူးကွ"

ထိုသို့ပြောပြီးနောက် သူက မေးကို အနည်းငယ်ပင့်ကာ ထန်းဖန်ကို ပြုံးကြည့်ရင်း မေးလိုက်

သည်။

"လုလင်လေး... မင်းမှာ အိမ်ထောင်ရှိပြီလား"

ထန်းဖန်သည် ဤအချိန်တွင် အမှန်အတိုင်းပြောရလောက်အောင် မိုက်မဲသူမဟုတ်သဖြင့် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ပြီး "မရှိသေးပါဘူး ဒါပေမဲ့ ကျွန်တော့်နှလုံးသားထဲမှာ ချစ်ရသူတစ်ဦး ရှိနေပြီမို့ တခြားတစ်ယောက်နဲ့ လက်ထပ်ဖို့တော့ မစဉ်းစားပါနဲ့"

ကလေးငိုသံသခင်က တဟားဟား ရယ်မောရင်း သူ၏ လက်သည်းများကို ဝှေ့ယမ်းကာ "ဟိုမှာ ဒီအတိုင်း ရပ်မနေနဲ့ လာထိုင်ကြစမ်းပါ။ မင်းတို့ လူသားအသား မစားချင်ရင်တောင် ထူးကဲချီပါတဲ့ ဝိုင်နဲ့ လက်ဖက်ရည်ကို သောက်လို့ရပါတယ်။ နောက်ကလူတွေကို စောင့်ရင်းနဲ့ပေါ့"

စုန်ယန်နှင့် ထန်းဖန်တို့လည်း အမြန်ပင် လျှောက်သွားကြသည်။ စုန်ယန်က ထိုင်စရာနေရာတစ်ခု ရှာလိုက်၏။

ထန်းဖန်သည် သူနှင့် အခြေအနေတူဟန်တူသော မလှမ်းမကမ်းမှ သက်လတ်ပိုင်း အမျိုးသားကို တစ်ချက်ကြည့်လိုက်ကာ ခေတ္တမျှ တုံ့ဆိုင်းသွားသည်။ သို့သော် မိစ္ဆာအိုကြီး ကျန်းဟန်၏ ဘေးတွင် ထိုင်ခြင်းက ပို၍ ဘေးကင်းလိမ့်မည်ဟု တွေးတောမိသဖြင့် စုန်ယန်ရှိရာသို့ လျှောက်သွားလိုက်သည်။

သို့သော် သူ မထိုင်ရသေးမီမှာပင် အဝေးမှ ကလေးငိုသံသခင်က လက်ဝှေ့ယမ်းကာ "သူငယ်ချင်းလေး... ငါ့ဘေးမှာပဲ လာထိုင်ပါ" ဟု ပြောလိုက်သည်။

ထန်းဖန်၏ မျက်နှာပေါ်တွင် ခါးသီးသော အပြုံးတစ်ခု ပေါ်လာတော့သည်။

ကလေးငိုသံသခင်က တဟားဟား ရယ်မောကာ "လာပါကွာ ငါက မင်းကို သဘောကျလို့ပါ။ ဘိုးဘေးကြီးနဲ့ စကားစမြည် ပြောကြတာပေါ့။ မင်းက ဘယ်လို မိန်းကလေးမျိုးကို ကြိုက်တတ်လဲ"

ထန်းဖန်သည် ရွေးချယ်စရာမရှိဘဲ အမြီးခြောက်ချောင်းပါသော မြေခွေးနီမိစ္ဆာကြီး၏ ဘေးတွင် ရေခဲတုံးကြီး တစ်တုံးကဲ့သို့ တောင့်တောင့်ကြီး ဝင်ထိုင်လိုက်ရပြီး မလှုပ်ရဲရှာပေ။

ကလေးငိုသံသခင်သည် လူသားအသားများ ချက်ပြုတ်ထားသော အိုးကို ရုတ်တရက် ဖယ်ရှားလိုက်ပြီး လက်ရာမြောက်လှသော လက်ဖက်ရည်ဝိုင်းလေးတစ်ခုဖြင့် အစားထိုးလိုက်သည်။

စားပွဲပေါ်ရှိ ပစ္စည်းများမှာ ရှေးဟောင်းအငွေ့အသက်များဖြင့် ထူးခြားပြောင်မြောက်လှသည်။ လက်ဖက်ရည် စားပွဲပေါ်တွင် မြူဖြူများ မှုတ်ထုတ်နေသော ဖားပြုတ်ရုပ်လေးတစ်ရုပ်ရှိပြီး အအေးဓာတ်များ ပျံ့လွင့်နေသဖြင့် ဝေဝါးထူးဆန်းနေသည်။

ကလေးငိုသံသခင်သည် ကျွမ်းကျင်လှသော လက်ဟန်များဖြင့် လက်ဖက်ရည်ကို ဖျော်စပ်ကာ ထန်းဖန်အတွက် တစ်ခွက် ငှဲ့ပေးလိုက်ပြီး ပြုံးလျက် "သူငယ်ချင်းလေး... ဒါက မင်းအတွက် အကျိုးရှိလိမ့်မယ်" ဟု ပြောလိုက်သည်။

ထန်းဖန်မှာ မငြင်းရဲဘဲ သောက်လိုက်ရရှာ၏။

တစ်ဖက်တွင်မူ အဝေးမှ သစ်ပင်အိုကြီးအနီး၌ ထိုင်နေသော စုန်ယန်မှာ စိတ်ထဲမှ တိုးတိုးလေး သက်ပြင်းချလိုက်မိသည်။

အကယ်၍ သူသာ ထိုစဉ်က ကျန်းဟန်ကို မသတ်ခဲ့ဘဲ မမျှော်လင့်ထားသော အလှည့်အပြောင်းကြောင့် ကျန်းဟန်အဖြစ် အထင်မှားမခံခဲ့ရပါက ယခုအချိန်တွင် ကလေးငိုသံသခင်၏ သူငယ်ချင်းလေးဟု အခေါ်ခံရပြီး လက်ဖက်ရည် အငှဲ့ခံနေရသူမှာ သူကိုယ်တိုင်ပင် ဖြစ်ပေလိမ့်မည်။

ထန်းဖန်လေးမှာမူ သူ့အတွက် သတ်မှတ်ထားသော ဇာတ်ညွှန်းထဲသို့ ဝင်သွားရရှာသည်။

စုန်ယန်သည် မျက်လုံးများကို မှိတ်ထားကာ တရားထိုင်နေသည့် ဟန်ပန်ဖြင့် ပြင်ပလောကကို စိတ်မဝင်စားသကဲ့သို့ နေလိုက်သည်။

သို့သော် ထိုလက်ဖက်ရည်ထဲတွင် တစ်ခုခုသာ မပါပါက သူသည် နောက်ကသစ်ပင်ကို ဝါးစားပစ်မည်ဟု လောင်းကြေးထပ်ရဲသည်။ ထန်းဖန်အတွက်မူ သူ တတ်နိုင်သမျှ ကူညီခဲ့ပြီးပြီဖြစ်ကာ သေမလား ရှင်မလားဆိုသည်မှာ သူနှင့် မဆိုင်တော့ပေ။

သူသည် မျက်နှာမဲ့မျက်နှာဖုံးအတွင်းရှိ လျှို့ဝှက်ကျင့်စဉ်ကို လိုချင်မိသည်မှာ အမှန်သော်လည်း ထိုအရာမရှိဘဲလည်း နေနိုင်သည်။ အဆိုးဆုံးမှာ ထိုကျင့်စဉ်ကို မရရှိရုံသာ ရှိပေမည်။

စုန်ယန်ရှိရာဘက်တွင် တိတ်ဆိတ်နေသော်လည်း အခြားတစ်ဖက်မှာမူ ရယ်မောသံ၊ စကားပြောသံများဖြင့် လက်ဖက်ရည်ဝိုင်းလေးမှာ အသက်ဝင်နေသည်။ ကလေးငိုသံသခင်သည် ဤကဲ့သို့သော လက်ဖက်ရည်ပွဲများ ကျင်းပရာတွင် အလွန်ဝါရင့်သူဖြစ်ကြောင်း သိသာလှသည်။

အတော်ကြာပြီးနောက် ကလေးငိုသံသခင်က ရုတ်တရက် မေးလိုက်သည်။

"ကျန်းဟန်... လမ်းမှာ ထူးထူးခြားခြား တစ်ခုခုများ တွေ့ခဲ့သေးလား"

စုန်ယန်သည် မျက်လုံးများကို ဖွင့်လိုက်ပြီး မျက်လှည့်နယ်မြေတွင် ကြုံတွေ့ခဲ့ရသော အဖြစ်အပျက်များကို ပြန်ပြောပြလိုက်သည်။

ကလေးငိုသံသခင်က ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် "အချိန်ကိုက်ပဲ... ငါ မင်းကို အဲဒီအကြောင်း ပြောပြရသေးတာပေါ့" ဟု ပြောလိုက်သည်။

သူက ဆက်လက်၍ "ဒီကောင်းကင်နဲ့ မြေကြီးကြားမှာ နိယာမတွေ ရှိတယ်။ ပြန်လည်ဝင်စားတဲ့ ဝိညာဉ်တွေက သူတို့ရဲ့ အတိတ်ဘဝက အကျိုးအကြောင်း အကြွေးတွေကို သယ်ဆောင်သွားခွင့်မရှိဘူး။ ဒါပေမဲ့ ကြီးမားတဲ့ စွဲလမ်းမှုတစ်ခု ရှိနေရင်တော့ အဲဒါက ပျောက်ကွယ်မသွားဘူး။ ဒါကြောင့် ကမ္ဘာလောကမှာ ဒီစွဲလမ်းမှုတွေကို ဖယ်ရှားပစ်ဖို့အတွက် ဒုက္ခပင်လယ်ဆိုတာ ရှိလာရတာပဲ။

အကယ်၍ ဒုက္ခပင်လယ်က မတော်တဆ လူ့ပြည်လောကနဲ့ ဆက်သွယ်မိသွားရင် ကောင်းကင်နဲ့ မြေကြီးက ဒုက္ခပင်လယ်ရဲ့ လျှံထွက်လာတဲ့ အရှိန်အဝါတွေကို ထိန်းသိမ်းဖို့အတွက် လျှို့ဝှက်

နယ်မြေတစ်ခုကို အလိုအလျောက် အသက်သွင်းလိုက်တယ် ဒါမှမဟုတ် ဖန်တီးလိုက်ကြတယ်။

ဒါပေမဲ့ ဒုက္ခပင်လယ်ရဲ့ အရှိန်အဝါဆိုတာ လျှို့ဝှက်နယ်မြေတစ်ခုတည်းနဲ့ ထိန်းထားနိုင်တာမျိုး မဟုတ်ဘူး။ အတိတ်ဘဝက စွဲလမ်းမှုပိုင်ရှင်ဟာ လူ့ပြည်ကိုပြန်ပြီး သူဖြစ်ချင်တာကို လုပ်ချင်သလိုမျိုးပဲ၊ အဲဒီအရှိန်အဝါတွေကလည်း အပြင်ဘက်ကို အဆက်မပြတ် ထိုးဖောက်ဖို့ ကြိုးစားကြတယ်။

ဒါကြောင့် သူတို့က လျှို့ဝှက်နယ်မြေတွေကို တစ်ခုပြီးတစ်ခု ဖောက်ထွက်ကြတယ်။ အပြင်

ဘက်က လျှို့ဝှက်နယ်မြေတွေကလည်း တစ်ထပ်ပြီးတစ်ထပ် စုပုံလာကြတာက အကျိတ်အခဲတွေလိုပဲ ထူထပ်ပြီးရှုပ်ထွေးသွားတော့တာပဲ။

ဒါကို အကျိတ်နယ်မြေလို့ ခေါ်တယ်။ အဲဒီ အကျိတ်နယ်မြေက ဝိညာဉ်နယ်မြေပဲ"

စုန်ယန်မှာ ခဏမျှ မှင်တက်သွားမိသည်။ အဘယ်ကြောင့်ဆိုသော် ကလေးငိုသံသခင် ပြောပြနေသော စကားလုံးများမှာ သူ မျက်လှည့်နယ်မြေအတွင်း၌ ကြားခဲ့ရသော ရှင်းပြချက်များနှင့် တစ်ပုံစံတည်းနီးပါး တူညီနေသောကြောင့်ပင်။

ကလေးငိုသံသခင်က ဆက်ပြောသည်။

"အရင်တုန်းက ဝိညာဉ်နယ်မြေတွေဟာ ရိုးရှင်းတဲ့ အကျိတ်နယ်မြေတွေသာ ဖြစ်တတ်ကြတယ်။ လျှို့ဝှက်နယ်မြေ နှစ်ခု သုံးခုလောက်သာ ထပ်နေပြီး ဒုက္ခပင်လယ်ကို ပိတ်ဆို့ထားနိုင်ခဲ့ကြတယ်။

ဒါပေမဲ့ ချန်ဝမ်ဝိညာဉ်နယ်မြေကတော့ မတူဘူး။ ချန်ဝမ်ကျားမျိုးနွယ်စုဟာ မူလကတည်းက ဝိညာဉ်ရေးရာမှာ ကျွမ်းကျင်တဲ့ မျိုးနွယ်ဖြစ်သလို အချိန်ကြာလာတာနဲ့အမျှ သူတို့က မရေမတွက်နိုင်တဲ့ ဝိညာဉ်သရဲတွေကိုလည်း စုဆောင်းထားခဲ့ကြတယ်။ အဲဒီထဲမှာ သွေးနီရောင်နန်းတော်အဆင့် ဝိညာဉ်တွေတင်မကဘဲ... ခရမ်းရောင်နန်းတော်အဆင့် ဝိညာဉ်တွေတောင် ပါဝင်နေတယ်။

သူတို့တွေက လုံးဝ စည်းလုံးညီညွတ်သွားကြပြီး ခွဲထုတ်ဖို့ အလွန်ခက်ခဲသွားတယ်။ ဒုက္ခပင်လယ်ဆီကိုလည်း အပေါက်တွေ အမြဲတမ်း ဖောက်နေကြတော့တာပဲ။ ဒါကြောင့် အတွင်းထဲက အရှိန်အဝါတွေ ယိုစိမ့်မှုက ပိုပိုပြီး ပြင်းထန်လာသလို အကျိတ်နယ်မြေထဲက လျှို့ဝှက်နယ်မြေ အရေအတွက်ကလည်း ပိုပိုများလာခဲ့တာပဲ။

မင်း ကျရောက်သွားတဲ့ မျက်လှည့်အတတ်နဲ့ မင်းမြင်ခဲ့တဲ့ မျက်လှည့်ကမ္ဘာဟာ အဲဒီယိုစိမ့်မှုကြောင့် ဖြစ်ပေါ်လာတဲ့ နောက်ဆက်တွဲတစ်ခုပဲ။ မင်းမြင်ခဲ့တဲ့ သတ္တဝါဆန်းကိုတော့ ဒုက္ခပင်လယ်ရဲ့ ချန်အာမီလို့ ခေါ်တယ်"

စုန်ယန်က မနေနိုင်ဘဲ "ဒါဆိုရင် အကျိတ်နယ်မြေထဲမှာ အဲဒီ ချန်အာမီတွေ အများကြီး ရှိနေမှာပေါ့" ဟု မေးလိုက်သည်။

ကလေးငိုသံသခင်က "ချန်အာမီ တစ်ကောင် ဖြစ်လာဖို့အတွက် အချက်အလက်တွေက အလွန်ရှုပ်ထွေးတာမို့ လွယ်လွယ်နဲ့တော့ မဖြစ်လာပါဘူး။ သူတို့ အများစုက အကျိတ်နယ်မြေရဲ့ အစွန်အဖျားမှာပဲ လှည့်လည်နေတတ်ကြတယ်။ ဘာလို့လဲဆိုတော့ သူတို့က လူ့ပြည်ကို ရောက်ဖို့ အသည်းအသန် လိုလားနေကြလို့ပဲ..."

ဤသို့ပြောရင်း အမြီးခြောက်ချောင်းပါ မြေခွေးနီအဘိုးကြီးမှာ မျက်လုံးများလန်သွားကာ စိတ်ပျက်လက်ပျက်ဖြင့် "လူ့ပြည်မှာက လူတွေအများကြီးရှိသလို အကျိုးအကြောင်း အကြွေးတွေလည်း အများကြီးရှိတာကိုး။ တရားပြ လမ်းညွှန်ပေးတာကို အလုပ်တစ်ခုလို မှတ်ယူထားတဲ့ ဒီသတ္တဝါဆန်းတွေအတွက်တော့ အဲဒီနေရာက နိဗ္ဗာန်ဘုံပဲလေ။ ဒါကြောင့် သူတို့က ဒုက္ခပင်လယ်ရဲ့ ယိုစိမ့်လာတဲ့ အရှိန်အဝါတွေရဲ့ ရှေ့ဆုံးမှာ အမြဲတမ်း ရှိနေတတ်ကြတာ" ဟု ပြောလိုက်သည်။

သူ့ဘေးရှိ သမင်မိစ္ဆာက ရယ်မောလျက် "ကျန်းဟန်... မင်းတစ်ယောက်တည်း မဟုတ်ပါဘူး။ ငါတို့ ဝင်လာတုန်းကလည်း အဲဒီတရားပြတာကို ခံခဲ့ရတာပဲ။ ဒါပေမဲ့... မင်းသာ အာရုံထဲမှာ နစ်မျောမသွားဘူးဆိုရင် အချိန်တန်ရင် သူ့အလိုလို ပြန်ထွက်လာလို့ ရပါတယ်။

မင်း သတ်လိုက်တဲ့ ချန်အာမီက ငါတို့ ဝင်လာတုန်းက သတ်ခဲ့တဲ့ ကောင်လည်း ဖြစ်နေနိုင်တာပဲ" ဟု ပြောလိုက်သည်။

စုန်ယန်မှာ အံ့အားသင့်သွားပြီး "အဲဒီအကောင်က သတ်လို့မရဘူးလား" ဟု မေးလိုက်သည်။

သမင်မိစ္ဆာက "သတ်လို့မရဘူး။ အနည်းဆုံးတော့... ငါတို့ သတ်နိုင်တဲ့ အရာမျိုး မဟုတ်ဘူး" ဟု ပြန်ဖြေသည်။

အခန်း။ ၂၄၈

ကလေးငိုသံသခင်က “ဒါပေမဲ့ သိပ်တော့ စိတ်မပူပါနဲ့။ အဲဒီအကောင်ကို သတ်လို့မရဘူးဆိုပေမဲ့ မင်းသာ သူ့ရဲ့ ပထမဆုံးမျက်လှည့်ကို တောင့်ခံနိုင်ရင် နောက်ပိုင်းမှာ သူ့ရဲ့အန္တရာယ်က အများကြီး လျော့သွားပြီ။ မင်းက သူ့ရဲ့မျက်လှည့်တွေကို လုံးဝဥပေက္ခာပြုနိုင်တယ်ဆိုတာ သူသိသွားရင် မင်းကို ထပ်ပြီး တိုက်ခိုက်တော့မှာ မဟုတ်ဘူး” ဟု ပြောလိုက်သည်။

သူတို့ စကားပြောနေစဉ်မှာပင် ဓားခုတ်တောင်ကုန်းဘက်မှ လှိုင်းကယက်တစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။

စုန်ယန် လှည့်ကြည့်လိုက်သောအခါ ကျင့်ကြံသူ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး လမ်းအဝင်ဝတွင် ပေါ်လာသည်ကို တွေ့လိုက်ရသည်။ ဤမြင်ကွင်းမှာလည်း ယခင် မျက်လှည့်နယ်မြေထဲ၌ ပေါ်လာခဲ့ဖူးသည်။

သူသည် ဝတ်ရုံနက်နှင့် အမျိုးသမီးကျင့်ကြံသူကို အလိုအလျောက် အကဲခတ်မိသွားသည်။ သူမ၏ ကိုယ်လုံးကိုယ်ပေါက်မှာ သေးသွယ်ပြီး မျက်နှာမှာ ချစ်စရာကောင်းသလို တစ်ဖက်တွင်လည်း အေးစက်စက်နိုင်လှသည်။ သူမသည် ဂျူနီယာညီမလေး ရှောင်ကျိုနှင့် ရုပ်ချင်းမတူသော်လည်း ကိုယ်ဟန်အနေအထားမှာမူ အလွန်ပင် ဆင်တူနေသည်။

သို့သော် စုန်ယန် ဇဝေဇဝါ ဖြစ်သွားမိသည်။

အဘယ်ကြောင့်ဆိုသော် မျက်လှည့်ထဲတွင် ဤအမျိုးသမီးမှာ သုံ့ပန်းတစ်ယောက်ဖြစ်

သော်လည်း ယခုလက်တွေ့တွင်မူ သူမ ထုတ်လွှင့်နေသော အရှိန်အဝါမှာ ခရမ်းရောင်နန်းတော်အဆင့် ဖြစ်နေသောကြောင့်ပင်။ သူမသည်လည်း သူ့ကဲ့သို့ပင် မိစ္ဆာတို့၏ လက်ပါးစေတစ်ဦးဖြစ်ကြောင်း ပြောနေစရာပင် မလိုတော့ချေ။

မှန်းဆချက်အတိုင်းပင် ထိုအမျိုးသမီးသည် လျင်မြန်စွာ လျှောက်လာပြီး အဝေးမှ ဦးညွှတ်နှုတ်ဆက်ကာ "ဆရာသခင်၊ ဗိုလ်ချုပ်ကြီး၊ လူကြီးမင်းတို့..." ဟု ပြောလိုက်သည်။ သူမသည် စုန်ယန်ထက်ပင် မိစ္ဆာအများအပြားကို ပိုမိုသိကျွမ်းဟန်တူသည်။

နှုတ်ဆက်ပြီးနောက် သူမသည် စုန်ယန်ကို အသာအယာ ခေါင်းငြိမ့်ပြကာ "ဟန်ယွီလင်ပါ" ဟု မိတ်ဆက်သည်။

စုန်ယန်ကလည်း "ကျန်းဟန်ပါ" ဟု ပြန်လည်နှုတ်ဆက်လိုက်၏။

စကားပြောပြီးနောက် အမျိုးသမီးကျင့်ကြံသူ ခေါ်ဆောင်လာသော ရတနာရှာဖွေသူမှာလည်း အလိုက်တသိပင် ယခင်က ဖမ်းဆီးခံထားရသော သက်လတ်ပိုင်းလူကြီးရှိရာသို့ သွားရောက်

ပူးပေါင်းသည်။

အမျိုးသမီးမှာမူ စုန်ယန်၏ မျက်နှာချင်းဆိုင်နေရာတွင် ဝင်ထိုင်လိုက်သည်။

အဖွဲ့သားများသည် ထိုနေရာတွင် ရက်အတော်ကြာအောင် ဆက်လက်စောင့်ဆိုင်းနေခဲ့ကြသည်။

ဓားခုတ်တောင်ကုန်းဘက်မှ လူသစ်များ တစ်သုတ်ပြီးတစ်သုတ် ထပ်မံရောက်ရှိလာသည်။ အများစုမှာ သွေးနီရောင်နန်းတော်အဆင့်များဖြစ်ကြပြီး စုစုပေါင်း ၅၃ ဦးအထိ ရှိလာသည်။ ဤအရေအတွက်မှာ နန်ဝူဓားဂိုဏ်းရှိ အကြီးအကဲများထက် ငါးဆခန့် ပိုများနေသည်။

သို့သော် မြေခွေးနှင့် ဝံပုလွေမိစ္ဆာတို့ ထိန်းချုပ်ထားသော တိုင်းပြည် ၁၅ ပြည်နှင့် ယှဉ်လျှင်မူ ဤအရေအတွက်မှာ အလွန်အမင်း များပြားလှသည်တော့ မဟုတ်ပေ။ စိတ်ဝင်စားစရာကောင်းသည်မှာ ထို ၅၃ ဦးစလုံးမှာ ဂိုဏ်းဝတ်စုံအသီးသီးကို ဝတ်ဆင်ထားကြပြီး သူတို့၏ ဂိုဏ်းအမည်များကိုလည်း အထင်အရှား မြင်တွေ့နေရခြင်းပင်။

စုန်ယန်က ဝေ့ဝဲကြည့်လိုက်သောအခါ သူတို့သည် မတူညီသော ဂိုဏ်းပေါင်း ၅၃ ဂိုဏ်းမှ လာကြသူများဖြစ်ကြောင်း တွေ့ရသည်။ အများစုမှာ ခါးသီးသော မျက်နှာထားများ ရှိနေကြသဖြင့် သူတို့သည် ကိုဘ့်ဆန္ဒအလိုအလျောက် လာကြသူများမဟုတ်ဘဲ အထက်သံတမန်၏ အမိန့်ကို မလွန်ဆန်နိုင်၍ ရောက်လာကြသူများဖြစ်ကြောင်း သိသာလှသည်။

သူ၏အကြည့်များက ထိုလူများကို ဝေ့ကြည့်နေစဉ်မှာပင် သူ့ကို ပြန်လည်စိုက်ကြည့်နေသော အကြည့်တစ်ခုနှင့် ဆုံမိသွားသည်။

စုန်ယန် ကြည့်လိုက်သောအခါ ဟန်ယွီလင် ဖြစ်နေသည်။ သူမသည် အကြည့်လွှဲမသွားဘဲ ဖော်ရွေသော အပြုံးဖြင့် သူ့ကို တုံ့ပြန်သည်။ စုန်ယန်ကလည်း ပြုံးပြလိုက်၏။

သူ၏ မျက်လုံးများက ထပ်မံရွေ့လျားသွားပြီးနောက် တစ်ခုကို သတိပြုမိလိုက်သည်။ ကလေးငိုသံသခင် တစ်ဦးတည်းသာ ရယ်မောစကားပြောနေသော်လည်း ကျန်ရှိနေသူအားလုံးမှာ မျက်လုံးချင်းဖလှယ်ကာ ဆက်သွယ်နေကြပြီး လူမသိအောင် အုပ်စုငယ်လေးများနှင့် မဟာမိတ်များ ဖွဲ့စည်းနေကြခြင်းပင်။

မိစ္ဆာများက တစ်အုပ်စု။ သွေးနီရောင်နန်းတော်အဆင့်အကြီးအကဲ ၅၃ ဦးမှာလည်း အသီးသီး ကိုယ့်အုပ်စုနှင့်ကိုယ်။

ဟန်ယွီလင်ခေါ်ဆောင်လာသည့် ရတနာရှာဖွေသူမှာမူ ဟိုအရင်ရောက်ရှိနေသည့် သက်လတ်ပိုင်းလူကြီးနှင့် ရောနှောသွားသည်။ ဟန်ယွီလင်ကိုယ်တိုက်ကလည်း သူ့အနားတွင် ရှိနေခြင်းပင်။ တကယ်တော့ ထိုအရာက အဆင့်အတန်းခွဲခြားမှု ပြင်းထန်ပြီး ဝါသနာတူရာ စုမိကြသည့် ပွဲတစ်ပွဲသာလျှင် ဖြစ်သည်။

လောကီနယ်ပယ်တွင် လျှို့ဝှက်သတင်းပို့သည့် နည်းလမ်းများ ရှိသကဲ့သို့ ကျင့်ကြံသူများတွင်လည်း ထိုသို့သော အတတ်ပညာများ ရှိကြသည်။ သို့သော် ဤနေရာ၌မူ မည်သူမျှ ထိုသို့ ခိုးကြောင်ခိုးဝှက် သတင်းမပို့ရဲကြပေ။ အဘယ်ကြောင့်ဆိုသော် ခရမ်းရောင်နန်းတော်အဆင့်အကြီးအကဲများက အကုန်လုံးကို ကြားနိုင်သောကြောင့်ပင်။

သို့သော် ခရမ်းရောင်နန်းတော်အဆင့် အာဏာပိုင်များမှာမူ "စိတ်စွမ်းအားနှင့် တိုက်ရိုက်ဆက်သွယ်နိုင်ကြသည်။ ဤသို့ စိတ်ချင်းဆက်သွယ်ခြင်းမှာ တစ်ဦးနှင့်တစ်ဦး တိုက်ရိုက်ဖြစ်သဖြင့် မည်သူမျှ ကြားဖြတ်နားထောင်၍ မရနိုင်ပေ။

ဟန်ယွီလင်က စိတ်စွမ်းအားနှင့် အရင်ဆုံး စကားစလိုက်သည်။

“မိတ်ဆွေ... မင်းက ဘယ်သခင်တွေဆီမှာ အမှုထမ်းနေတာလဲ”

စုန်ယန်ကလည်း “မင်းကော...” ဟု ပြန်လည်မေးမြန်းလိုက်သည်။

ဟန်ယွီလင်က “ငါက မဟာချီနိုင်ငံရဲ့ နိုင်ငံစောင့် ခရမ်းရောင်နန်းတော် အဖွဲ့ဝင်ပါ။ အမိန့်အရ လာခဲ့တာ” ဟု ပြောကြားသည်။

စုန်ယန်က “တိုက်ဆိုင်လိုက်တာ” ဟု ပြောလိုက်သည်။

ဟန်ယွီလင်က “ဒါဆိုရင် ငါတို့က ဘဝတူတွေပဲပေါ့။ ပိုပြီးရင်းနှီးအောင် နေသင့်တယ်။ ဝိညာဉ်နယ်မြေထဲ ရောက်သွားရင် ငါတို့ မဟာမိတ်ဖွဲ့ကြမလား” ဟု ကမ်းလှမ်းလာသည်။

စုန်ယန်က “လမ်းမှာ ထူးထူးခြားခြား ဘာတွေတွေ့ခဲ့လဲ” ဟု မေးမြန်းလိုက်သည့် အခါတွင်မူ

ဟန်ယွီလင်က “မျက်လှည့်တစ်ခုထဲ ရောက်သွားတယ်လေ။ တော်သေးလို့ လွတ်လာတာ။ အဲဒါ ဘာကြီးလဲတောင် မသိဘူး” ဟု ပြန်လည်ဖြေကြားသည်။

စုန်ယန်က ခပ်အေးအေးပင် “အဲဒါ ဒုက္ခပင်လယ်ရဲ့ တစ္ဆေပုံရိပ်ပဲ” ဟု ရှင်းပြလိုက်သည်။

သူ သိရှိသမျှကို ရှင်းပြလိုက်သည့်အခါတွင်မူ ဟန်ယွီလင်မှာ မှင်တက်သွားပြီး အတန်ကြာမှ ဆဲရေးလိုက်တော့သည်။

“အဲဒီအကောင်စုတ်က ငါ့ကို သတ်တော့မလို့ပဲ... တောက် ကြည့်ရတာ ဒီဝိညာဉ်နယ်မြေကို တိုက်ခိုက်ရတာ မလွယ်ဘူးနဲ့တူတယ်”

စုန်ယန် : ...

ချစ်စရာမျက်နှာ၊ သေးသွယ်သော ကိုယ်လုံး၊ နိုင်ငံစောင့် ခရမ်းရောင်နန်းတော် ကျင့်ကြံသူ၊ မျိုးဆက်တစ်ခု၏ အရှင်သခင်...

ဤအချက်များအားလုံးမှာ ခုနက သူမ ပြောဆိုလိုက်သည့် စကားကြမ်းကြမ်းများနှင့် လုံးဝကို အံမဝင်ခွင်ကျ ဖြစ်နေသည်။

ဟန်ယွီလင်က ရယ်မောရင်း “မိတ်ဆွေ... ငါ့စကားတွေကို စိတ်ထဲမထားပါနဲ့။ မဟာချီနိုင်ငံဆိုတာ ဓားပြတွေ သောင်းကျန်းတဲ့ အရပ်လေ။ အဲဒီမှာ ကျင့်ကြံသူတွေတောင် ဓားပြတိုက်ကြတာဆိုတော့ စကားပြောရိုင်းတာ မဆန်းပါဘူး။ အရင်တုန်းကတော့ ချီနိုင်ငံမှာ အရှင်သခင်တစ်ယောက်လို ဟန်ဆောင်နေရတာပေါ့။ ဒီမိစ္ဆာသခင်တွေ ရှေ့မှာလည်း ရိုရိုသေသေနဲ့ သတိထားနေရတယ်။ မင်းလို ဘဝတူရှေ့မှာမှ စိတ်လွတ်ကိုယ်လွတ် ပြောနိုင်တော့တာ။ အခုမှပဲ ရင်ထဲပေါ့သွားပြီး နေလို့ကောင်းတော့တယ်” ဟု ပြောရင်း အပျိုလေးလေးတစ်ယောက်ကဲ့သို့ ကိုယ်

လက်လှုပ်ရှားလိုက်သေးသည်။

အဆိုပါအချိန်မှာပင် ဓားခုတ်တောင်ကုန်းတစ်ခုလုံး ပြင်းထန်စွာ တုန်ခါသွားသည်။ ဘေးတစ်ဖက်တစ်ချက်ရှိ တောအုပ်များမှာ မြေပုံများကဲ့သို့ လှုပ်ခါနေပြီး မြေပြင်ပေါ်ရှိ ကျောက်ခဲများမှာလည်း စည်မျက်နှာပြင်ပေါ်မှ ပဲစေ့များကဲ့သို့ ခုန်ပေါက်နေကြသည်။

ထို့နောက် ပြင်းထန်သော လေပွေကြီးတစ်ခု တိုက်ခတ်လာပြီး လေငြိမ်သွားသည့်အခါတွင်မူ ၁၀ ပေခန့်နီးပါးမြင့်သော ဝံပုလွေမိစ္ဆာကြီးတစ်ကောင် ပေါ်လာတော့သည်။ အပြင်ဘက်ရှိ သွေးနီရောင်နန်းတော် ကျင့်ကြံသူ ၅၃ ဦးစလုံးမှာ အလန့်တကြားနှင့် ခေါင်းငုံ့နှုတ်ဆက်ကြရသည်။

ဝံပုလွေမိစ္ဆာကြီးက သူတို့ကို ဂရုမစိုက်ဘဲ ကလေးငိုသံသခင်ထံသို့ အသည်းအသန် လျှောက်လှမ်းသွားသည်။

ပြီးနောက် ပါးစပ်မှ အစွယ်များကို ဖြဲပြကာ ရယ်မောလိုက်ရင်း “ဘိုးဘေးတို့... ကုလေး နောက်ကျသွားပါတယ်”

ကလေးငိုသံသခင်က ရယ်မောရင်း “ကုလေး မဆိုးပါဘူး ခရမ်းရောင်နန်းတော် အလယ်အလတ်အဆင့်ကို ရောက်တော့မှာပဲ မဟုတ်လား”

ဝံပုလွေမိစ္ဆာကြီးက ခေါင်းငြိမ့်ပြပြီး “အသုံးမကျတဲ့ အကောင်တွေ... ငါတောင် ဘာမှမလုပ်ရသေးဘူး။ သူတို့က မျက်လှည့်ထဲမှာတင် အသတ်ခံလိုက်ရပြီ”

ပြောပြောဆိုဆိုနှင့် ဝံပုလွေမိစ္ဆာကြီးက လေဟာနယ်ထဲမှ အလောင်း ၇ လောင်းကို ထုတ်ယူကာ မြေပြင်ပေါ်သို့ ပစ်ချလိုက်သည်။ ထိုအရာများအားလုံးမှာ သွေးနီရောင်နန်းတော် ကျင့်ကြံသူများ၏ အလောင်းများပင်။

“အမှိုက်တွေ အကုန်လုံးက အမှိုက်တွေပဲ ငါလာနှိုးတာကိုတောင် မစောင့်နိုင်ဘူး ဒီဂိုဏ်းတွေက အမှိုက်တွေကိုပဲ လွှတ်နေကြတာ... နောက်မှ သူတို့ကို ပညာပေးရမယ်”

ဝံပုလွေမိစ္ဆာကြီးက ဒေါသတကြီး ပြောလိုက်တော့သည်။

All Chapters