← Chapters

အခန်း (၆၀၁-၆၀၃)

Vol. 41 Ch. 601-603

အခန်း (၆၀၁-၆၀၃)

Vol. 41 Ch. 601-603

အပိုင်း ၆၀၁

“မနေ့ညက ကောင်းကောင်း အိပ်ပျော်ရဲ့လား။” မော့ယန်၏ မတော်တဆ မေးလိုက်သော ထိုမေးခွန်းကြောင့် ထိုနေရာတွင် ရှိနေသော လူသုံးဦးစလုံး၏ မျက်နှာအမူအရာများ ပြောင်းလဲသွားခဲ့သည်။

“ဟုတ်တယ်... ချူးလေး၊ မင်း နေလို့ သိပ်မကောင်းဘူး မဟုတ်လား။” နျဉ်ယွိယွမ်က လှည့်ကာ မီးဖိုချောင်သို့ လှမ်းသွားရင်း ပြောလိုက်သည်။ “ဒီနေ့ မနက်စာကို ကိုယ်ပဲ ပြင်ပေးမယ်။”

'... နေလို့ မကောင်းဘူး ဟုတ်လား' မော့ယန်မှာ ယခုအချိန်တွင် အလွန်ပင် အကဲဆတ်နေသည်။ ထိုသည်ကို ကြားလိုက်ရသည့်အခါ သူ၏ နှလုံးသားမှာ တစ်ချက် ခုန်သွားခဲ့သည်။

နျဉ်ယွိယွမ်၏ မနက်စာမှာ အနီရောင် ဆီးသီးခြောက်၊ ဝံပုလွေသီး ဆန်ပြုတ်နှင့် ပြောင်းဖူး မုန့်ပြားများ ဖြစ်ကြပြီး ၎င်းတို့အားလုံးမှာ သွေးအားကောင်းစေသော အရာများပင် ဖြစ်သည်…

မနေ့ညက သူတို့နှစ်ယောက် တကယ်ပဲ… ဤကဲ့သို့ တွေးမိသည်နှင့် မော့ယန်သည် သူကိုင်ထားသော ဇွန်းကို တင်းတင်းဆုပ်ကာ နျဉ်ယွိယွမ်ကို မုန်းတီးစွာ စိုက်ကြည့်လိုက်သည်။ ‘ဒီသားရဲတိရစ္ဆာန်ကတော့။’

သူသည် အစားအသောက်ကိုပင် ဂရုမစိုက်နိုင်တော့ပေ။ “ချူးလေး၊ မင်း အရင်စားနှင့်နော်။ ငါနဲ့ နျဉ်ယွိယွမ်နဲ့ မနက်ခင်း လေ့ကျင့်ခန်း သွားလုပ်လိုက်ဦးမယ်။” ‘မနက်ခင်း လေ့ကျင့်ခန်း’ ဆိုသည့် စကားလုံးမှာ သူ၏ လည်ချောင်းထဲမှ အတင်းညှစ်ထုတ်လိုက်ရသကဲ့သို့ အလွန်ပင် လေးလံလှသည်။

“အာ” မော့ချူး မှင်တက်သွားခဲ့သည်။ စားခါနီးမှ မနက်ခင်း လေ့ကျင့်ခန်း သွားလုပ်မယ် ဟုတ်လား။

သူမ ဘာမှမပြောနိုင်ခင်မှာပင် မော့ယန်က နျဉ်ယွိယွမ်ကို အပြင်သို့ ဆွဲထုတ်သွားခဲ့ပြီဖြစ်သည်။

ဤ ‘မနက်ခင်း လေ့ကျင့်ခန်း’ မှာ မတိုလှပေ။ မော့ချူး အစားကို တမင်တကာ ဖြည်းဖြည်းချင်း စားနေခဲ့သော်လည်း နောက်ဆုံးတွင် ဆန်ပြုတ်များပင် အေးစက်သွားသည့် တိုင်အောင် သူတို့ ပြန်မရောက်လာခဲ့ပေ။

မော့ယန်ကတော့ ကြည့်ရတာ လန်းဆန်းနေသော်လည်း၊ နျဉ်ယွိယွမ်မှာမူ ပြုံးနေသော်လည်း သူ၏ ခြေလှမ်းများမှာ အနည်းငယ် ယိုင်နဲ့နေသည်…

“ကျွန်မ ပြန်နွှေးပေးမယ်လေ။” ဒါကို မြင်သည့်အခါ မော့ချူး အမြန်ထပြီး ဆန်ပြုတ်ပန်းကန်များကို မီးဖိုချောင်သို့ သယ်သွားခဲ့သည်။

“ရတယ်၊ ကိုယ်ပဲ လုပ်လိုက်မယ်။” နျဉ်ယွိယွမ်က အမြန် ရှေ့တိုးလာသည်။ သူ၏ လှုပ်ရှားမှုမှာ မြန်ဆန်လွန်းသဖြင့် ဒဏ်ရာကို သွားထိခိုက်သွားပုံရပြီး နာကျင်စွာဖြင့် အသံထွက်လာခဲ့သည်။ သူက ထိုအသံကို ပြန်လည် ထိန်းချုပ်လိုက်သော်လည်း အနည်းငယ်တော့ ထွက်ပေါ်သွားခဲ့သည်။

မော့ယန် နှုတ်ခမ်းကို ဖိလိုက်ပြီး ဘာမှမကြားသယောင် ဟန်ဆောင်နေလိုက်သည်။

“ရပါတယ်၊ ရှင်တို့ သွားနားလိုက်ကြပါ။ ခဏဆို ပြီးပါပြီ။” မော့ချူးလည်း သူတို့နှစ်ဦးကြားက တစ်ခုခုကို ရိပ်မိလိုက်သည်။ အများကြီး မစဉ်းစားဘဲနဲ့တောင် သူမ အစ်ကိုကြီးက နျဉ်ယွိယွမ်ကို ကောင်းကောင်းကြီး ပညာပေးလိုက်ပြီဆိုတာ သူမ သိနေသည်။

ဘာပဲဖြစ်ဖြစ် ညလယ်ခေါင်ကြီး သူများညီမ ကုတင်ပေါ်အထိ တက်ရဲတယ်ဆိုမှတော့ ဘာတွေ တွေးနေမလဲဆိုတာ သိသာနေတာပဲလေ။

“မင်း နေလို့ သိပ်မကောင်းဘူးလေ။ ရေအေးတွေ မကိုင်တာ ပိုကောင်းပါတယ်။” နျဉ်ယွိယွမ် မျက်မှောင်ကြုတ်ကာ မော့ချူး၏ လက်ထဲမှ အိုးလေးကို လုယူလိုက်သည်။ “ဗိုက်ဝပြီဆိုရင် သွားထိုင်နေလိုက်တော့လေ။ ဒါဆိုရင် နေလို့ ပိုကောင်းလာလိမ့်မယ်။”

'ဟမ်...။ ရေအေး မကိုင်ရဘူး ဟုတ်လား' မော့ယန် မျက်မှောင်ကြုတ်လိုက်သည်။ သူ၏ အတွေးများ မှားနေလားဟု သူ စဉ်းစားမိသွားသည်။ သူ မော့ချူးကို အသေအချာ စိုက်ကြည့်လိုက်သည်။ 'ချူးလေးက အဲဒါ လုပ်ထားတဲ့ ပုံစံမျိုး လုံးဝ မပေါက်ဘူးဘဲ။'

သို့သော် မော့ချူးမှာမူ သူ၏ အကြည့်များကြောင့် အနေရခက်နေရသည်။ “အစ်ကို၊ ဘာလုပ်နေတာလဲ။”

မော့ချူး သံသယဖြင့် ပြန်လည် စိုက်ကြည့်သည့် အခါမှသာ မော့ယန် သတိဝင်လာသည်။ သူက လက်ကို အမြန်ယမ်းပြကာ ပျာပျာသလဲ ဖြစ်သွားခဲ့သည်။ “ဘာမှမဟုတ်ပါဘူး၊ ဘာမှမဟုတ်ပါဘူး။ မင်း သွားနားလိုက်တော့နော်။”

မော့ချူး ခေါင်းလှည့်ကာ သူတို့နှစ်ဦးကို ကြည့်လိုက်သည်။ သူတို့ ဘာတွေ ဖြစ်နေကြမှန်း သူမ တကယ်ကို နားမလည်တော့ပေ။ ထို့အပြင် ရာသီလာသည့် ပထမဆုံးရက်ဖြစ်သဖြင့် အနည်းငယ် နာကျင်နေသဖြင့် သူမလည်း ထိုလူနှစ်ယောက်ကို ဂရုမစိုက်နိုင်တော့ဘဲ အပေါ်ထပ်သို့သာ တက်သွားခဲ့သည်။ သူမ၏ နွေးထွေးသော အိပ်ယာလေးကိုသာ ဖက်အိပ်ဖို့ ပြင်ဆင်လိုက်တော့သည်။

“ဖူး...” တံခါး ပိတ်သွားသည့်အခါ နျဉ်ယွိယွမ်သည် ပူနွေးသော ဆန်ပြုတ်ပန်းကန်ကို ကိုင်ကာ လျှောက်လာခဲ့သည်။ သူ၏ နှုတ်ခမ်းထောင့်များမှာလည်း အပြုံးတစ်ခု ပေါ်လာခဲ့သည်။

“ဘာကို ရယ်နေတာလဲ။” မော့ယန်က မျက်လုံးများကို မှေးကျဉ်းကာ မေးလိုက်သည်။

“ခင်ဗျား ဘယ်လို ထင်လို့လဲ။” နျဉ်ယွိယွမ်က ပို၍ ရယ်လိုက်သည်။ “ချူးလေးက မနေ့ညက ရာသီလာနေတာလေ။ သူမက ဘာမှ မဖြစ်...”

ဒါကို ကြားလိုက်ရသည့်အခါ မော့ယန်သည် သူတို့နှစ်ဦးကို အထင်မှားခဲ့ကြောင်း ချက်ချင်း နားလည်သွားတော့သည်။ သူ၏ ခံ့ညားသော မျက်နှာမှာလည်း ရှက်သွေးဖြန်းကာ နီမြန်းသွားခဲ့သည်။

“ကောင်းပြီ မြန်မြန်စားလိုက်ဦး။” နျဉ်ယွိယွမ်က မော့ယန်ကို ဆန်ပြုတ်ပေးလိုက်သည်။ ထို့နောက် သူသည် ထရပ်ကာ ပြန်ရန် ပြင်ဆင်လိုက်သည်။

“ဘယ်သွားမလို့လဲ။” မော့ယန် မေးလိုက်သည်။

“ဌာနချုပ်ကို သွားပြီး တစ်ခုခု ရှင်းပြစရာ ရှိသေးလို့။” နျဉ်ယွိယွမ် အတိုချုပ် ပြောလိုက်သည်။ ထို့နောက် သူသည် ထွက်ခွာသွားခဲ့သည်။

ကျန်ရစ်ခဲ့သော မော့ယန်မှာ အနည်းငယ် နေရခက်သွားသည်။ 'ခုနက သူ တိုက်ခိုက်တုန်းက အညှာအတာမဲ့ လုပ်ခဲ့တာလေ။ အခုဆိုရင် တော်တော်လေး အညိုအမည်း စွဲနေလောက်ပြီ။ ဒါပေမယ့် အဖြစ်မှန်ကတော့ သူထင်ထားတာနဲ့ လုံးဝ တခြားစီ ဖြစ်နေခဲ့တယ်…'

အခြားတစ်ဖက်တွင်မူ နျဉ်ယွိယွမ်သည် မော့မိသားစု နေအိမ်မှ သူ၏ ကားကို မောင်းထွက်လာခဲ့သည်။ မော့ယန်၏ လက်ချက်ကြောင့် နာကျင်နေသော နေရာကို လက်ဖြင့် စမ်းရင်း သူ၏ နှုတ်ခမ်းထောင့်များမှာ ပြုံးယောင်သန်းနေခဲ့သည်။ ‘အင်း... ကောင်းကောင်း လုပ်နိုင်ခဲ့တာပဲ။’

......

ဌာနချုပ်တွင် ဖြစ်သည်။

စကားပုံရှိသည်အတိုင်းပင်… ပျော်ရွှင်စရာ အခမ်းအနားတစ်ခုကို ဆင်နွှဲနေရသည့်အခါ လူတိုင်းမှာ စိတ်ဓာတ်များ တက်ကြွနေကြသည်။

နျဉ်ယွိယွမ်၏ ဆန္ဒများ ပြည့်ဝသွားပြီဖြစ်ကြောင်း လူတိုင်း သိထားကြသည်။ သူသည် မော့ချူးနှင့် လက်ထပ်ပြီး လက်ထပ်စာချုပ်ပင် ရရှိခဲ့လေပြီ။ တစ်ရုံးလုံးရှိ လေထုမှာလည်း ပေါ့ပါးပြီး သာယာကြည်နူးဖွယ် ကောင်းနေတော့သည်။

နျဉ်ယွိယွမ် အထဲသို့ လှမ်းဝင်လိုက်သည်နှင့် လေထုမှာ ချက်ချင်းပင် အရှိန်အဟုန် မြင့်တက်သွားခဲ့သည်။

“ဂုဏ်ယူပါတယ် ဗိုလ်မှူးကြီးနျဉ်၊ မင်္ဂလာပွဲအတွက် ဂုဏ်ယူပါတယ်။” လူတိုင်းမှာ တညီတညွတ်တည်း ထရပ်ကြပြီး သူတို့၏ မျက်နှာများမှာ ဆုတောင်းမေတ္တာများဖြင့် ပြည့်နှက်ကာ လက်ခုပ်တီး ကြိုဆိုလိုက်ကြသည်။

နျဉ်ယွိယွမ်မှာ မှင်တက်သွားသော်လည်း နောက်တော့ မပြုံးဘဲ မနေနိုင်တော့ဘဲ အသာအယာ ခေါင်းညိတ်ပြလိုက်သည်။ “အားလုံးကို ကျေးဇူးတင်ပါတယ်။”

ဌာနချုပ် ဝန်ထမ်းများအဖို့ နျဉ်ယွိယွမ် ပြုံးသည်ကို မြင်ရခဲလှသည်။ ယခုမူ သူ၏ မျက်နှာပေါ်မှ ပေါ့ပါးသော အမူအရာကို မြင်လိုက်ရသည့်အခါ သူတို့အားလုံးမှာ ရင်သပ်ရှုမော ဖြစ်သွားကြတော့သည်။

'ကြည့်ရတာ ဗိုလ်မှူးနျဉ်က အေးစက်တဲ့ လူသားတစ်ယောက်အဖြစ်တင် မဟုတ်ဘဲ နွေးထွေးတဲ့ လူသားတစ်ယောက်အဖြစ်နဲ့လည်း လိုက်ဖက်နေတာပဲ။'

“အားလုံးကို ကျေးဇူးတင်ပါတယ်။” ဆရာကြီးက ပျော်နေသည့်အခါ အရာအားလုံးမှာ ပိုလွယ်ကူသွားတတ်သည်။ နျဉ်ယွိယွမ်က သူ၏ လက်ကို ယမ်းပြကာ “ဒီလအတွက် လူတိုင်းရဲ့ လစာကို နှစ်ဆ တိုးပေးလိုက်မယ်။ ပိုတဲ့ငွေကို ငါ့ရဲ့ ကိုယ်ပိုင်အကောင့်ထဲကပဲ ထုတ်ပေးမယ်။”

"... ဝိုး။" 'ဒါကို ကြားလိုက်ရသည့်အခါ လူတိုင်းမှာ ချက်ချင်းပင် ကြွေးကြော် အော်ဟစ်လိုက်ကြသည်။ ဒါက တကယ့် အကျိုးခံစားခွင့်ပဲ မဟုတ်လား။ ပြီးတော့ အလကား ရတာလေ၊ ဘယ်သူက မပျော်ဘဲ နေမလဲ။'

'နားထောင်ကြည့်ဦး၊ ဒီဆရာကြီး လက်ထပ်လိုက်တာနဲ့ သူတို့ လစာတွေက နှစ်ဆ ဖြစ်သွားတာလေ။ ဒီလို မမြင်ရတဲ့ အကျိုးကျေးဇူးတွေအကြောင်းသာ အပြင်ကို ပျံ့သွားရင်တော့ တခြားလူတွေကတော့ မနာလိုလို့ သေသွားနိုင်တယ်။'

လက်ထပ်ပြီးရင်တော့ တကယ်ကို ကွာခြားသွားတာပဲလို့ တွေးရင်း လူတိုင်း ရင်ထဲကနေ သက်ပြင်းချမိကြသည်။ 'ရေခဲတောင်ကြီးလို အေးစက်လှတဲ့ ဗိုလ်မှူးနျဉ်တောင်မှ နူးညံ့ပျော့ပျောင်းသွားပြီး အရင်ကထက် အများကြီး ပိုပြီး လူသားဆန်လာခဲ့ပြီ။'

လူတိုင်းမှာ ထိုအကြောင်းကို ဆွေးနွေးနေကြဆဲဖြစ်သည်။ အရင်ကဆိုရင် နျဉ်ယွိယွမ်က သူတို့ကို သေချာပေါက် မျက်စောင်းထိုးလိမ့်မည်။ သို့သော် ယခုမူ သူက လုံးဝ ဂရုမစိုက်တော့ဘဲ ပေါ့ပါးသော ခြေလှမ်းများဖြင့် ရုံးခန်းထဲသို့ ဝင်သွားခဲ့သည်။

သူ့နောက်တွင် ကျန်ရစ်ခဲ့သော ကျိုးလင်နှင့် ကျုံးဝမ်တို့မှာ အကြည့်ချင်း ဖလှယ်လိုက်ကြသည်။ သူတို့ မျက်နှာပေါ်ရှိ အတင်းအဖျင်း ပြောချင်နေသည့် အမူအရာများမှာလည်း ပို၍ သိသာလာခဲ့သည်။

'ဝိုးးး။ ကြည့်ရတာ ဘော့စ်က မနေ့ညက မင်္ဂလာဦးညကို အတော်လေး ကောင်းကောင်း ဖြတ်သန်းခဲ့ပုံပဲ။ ဒီနေ့ သူလုပ်နေတဲ့ ပုံစံကို ကြည့်ဦး၊ ရုံးခန်းထဲက လူတွေကိုတောင် သေမတတ် လန့်သွားစေတာ။'

ကျိုးလင်သည် သူ၏ လက်များကို တိတ်တဆိတ် ပွတ်ရင်း နျဉ်ယွိယွမ်နောက်သို့ ရုံးခန်းထဲ လိုက်ဝင်သွားခဲ့သည်။ သူ၏ လည်ပင်းပေါ်ရှိ အနီကွက်လေးကို မြင်လိုက်ရသည့်အခါ သူက ကပ်သီးကပ်သတ် ပြုံးလိုက်သည်။ “ကြည့်ရတာ ဘော့စ်က မနေ့ညက ပြင်းထန်တဲ့ တိုက်ပွဲတစ်ခု ဆင်နွှဲခဲ့ပုံပဲနော်။”

ဒီနေ့ နျဉ်ယွိယွမ် ဝင်လာကတည်းက သူ၏ ကိုယ်နေဟန်ထားမှာ ထူးခြားနေကြောင်း သူ သိနေခဲ့သည်။ 'သိသာပါတယ်၊ ကျွတ်စ်... မနေ့ညက အားတွေ အများကြီး သုံးလိုက်ရပုံပဲ…'

'အိုင်းယား... နှစ်ပေါင်း ၄၀ ကျော်အောင် သူ စောင့်ထိန်းလာခဲ့တဲ့ ဒီလူပျိုကြီးလည်း နောက်ဆုံးတော့ လူပျိုဘဝက ကျွတ်သွားပြီပေါ့။' ဤကဲ့သို့ တွေးမိသည့်အခါ ကျောလင်မှာ မရယ်ဘဲ မနေနိုင်တော့ပေ။

“မင်း ဘာကို ရယ်နေတာလဲ။” နျဉ်ယွိယွမ် အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။ “မင်းပုံစံက အရူးလိုလို နှာဘူးလိုလိုနဲ့။”

ကျိုူလင် ဘာကို အထင်မှားနေသည်ဆိုသည်ကို သူ သဘာဝကျကျ သိထားသည်။ သူ့ရင်ဘတ်ပေါ်က အနီကွက်ကို ပြောတာ မဟုတ်လား။ ကံမကောင်းစွာဖြင့် ၎င်းမှာ မော့ချူးကြောင့် ဖြစ်လာခြင်း မဟုတ်ပေ။ ဆန့်ကျင်ဘက်အနေဖြင့် ၎င်းမှာ သူဘ ယောက်ဖဖြစ်သူ၏ လက်ချက်ကြောင့် ဖြစ်လာသည့် အနုပညာလက်ရာတစ်ခုသာ ဖြစ်သည်။

ဒါပေမယ့် ဒီစကားကို သူ ထုတ်ပြောနိုင်ပါ့မလား။ လုံးဝ မဖြစ်နိုင်ဘူး။ သူလုပ်နိုင်တာကတော့ ကျိုးလင်ကို စကားနဲ့ ထိုးနှက်ပြီး သူကိုယ်တိုင် စိတ်သက်သာရာ ရအောင် လုပ်ဖို့ပဲ။ မျှော်လင့်ထားသည့်အတိုင်းပင် ကျိုးလင်မှာ ထိုစကားကို ကြားရသည့်အခါ ချက်ချင်းပင် ပေါက်ကွဲသွားတော့သည်။

“ဘာ။” သူ၏ လေသံမှာ ချက်ချင်းပင် မြင့်တက်သွားသည်။ ကျိုးလင်က မယုံကြည်နိုင်စွာဖြင့် မျက်လုံးပြူးလိုက်သည်။ “နှာဘူး... နှာဘူး... အရူး... အရူး... ဟုတ်လား။"

'ဘော့စ်က သူ့ကို ပြောနေတာလား။ ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။'

'သူ့ရဲ့ ပန်းလို လှပတဲ့ ရုပ်ရည်နဲ့ဆိုရင် လူအများကြီးကို သတ်နိုင်တယ်လေ။ ဟိုးအရင်ကဆိုရင် သူ လမ်းလျှောက်နေတုန်း အနုပညာလောကထဲကို ဝင်ဖို့ လာခေါ်တဲ့သူတွေတောင် ရှိခဲ့တာလေ၊ ဟုတ်ပြီလား။'

'သူသာ ဘော့စ်နောက်ကို အစောကြီးကတည်းက မလိုက်ခဲ့ရင် အခုဆိုရင် သူ့ရဲ့ ကျော်ကြားမှုက စုန့်ချင်းစုန်းထက်တောင် မလျော့လောက်ဘူး။ ဟင်း... ဘော့စ်က လက်ထပ်ပြီးတာနဲ့ အမြင်အာရုံတွေ ဘာလို့ ဒီလောက် လျော့သွားရတာလဲ။'

ကျိုးလင်သည် နှာခေါင်းရှုံ့လိုက်ပြီး မျက်လုံးကို ကစားလိုက်သည်။ “ဟင်း... ဘော့စ်။ ကျွန်တော်က ဘော့စ်ရဲ့ လက်ထပ်ပွဲအတွက် အသေအချာ စဉ်းစားပေးထားတာကို အခုတော့ ကျွန်တော့်ရဲ့ ဂုဏ်သိက္ခာကို စော်ကားလိုက်တာပဲ။ ထားလိုက်ပါတော့၊ ဒီဆေးကို ကျွန်တော့်အတွက်ပဲ သိမ်းထားလိုက်တော့မယ်။”

“ဆေး ဟုတ်လား။ ဘာဆေးလဲ။” နျဉ်ယွိယွမ်က မျက်ခုံးပင့်ကာ မေးလိုက်သည်။

ကျိုူလင်သည် သူ၏ ခြေထောက်ကို ဂုဏ်ယူစွာ လှုပ်ယမ်းလိုက်သည်။ အတော်ကြာမှ သူက ရှင်းပြလိုက်သည်။ “ဘာဆေး ရှိဦးမှာလဲ။ ဟီးဟီး။ ကျွန်တော့်ကို ညီအစ်ကိုတစ်ယောက်အနေနဲ့ စိတ်ဓာတ်မကောင်းဘူးလို့ မပြောနဲ့ဦး။ ဘော့စ်ရဲ့ ဒီလို အရွယ်အစားနဲ့ဆိုရင် ချူးလေးက ပထမဆုံးအကြိမ်ကို ခံနိုင်ပါ့မလား။ အဲဒါကြောင့် ကျွန်တော်က ဘော့စ်တို့အတွက် အသေအချာ ဆေးရှာထားပေးတာကို အခုတော့ ကျွန်တော့်ကို ဒီလို ဆက်ဆံတယ်ပေါ့။ ကျွတ်စ်... တကယ်ကို စိတ်ပျက်ဖို့ ကောင်းတာပဲ။”

ထို့နောက် ကျိုးလင်သည် သူ၏ မေးကို မြှောက်ကာ ဘော့စ်က သူ့ကို တောင်းပန်လာမှာကို စောင့်နေလိုက်သည်။ 'ဟွန်း။ ဘော့စ်သာ သူ့ကို ပြန်ပြီး မချော့ရင်တော့ ဒီဆေးကို ဘယ်တော့မှ ပေးမှာ မဟုတ်ဘူး။'

ဘော့စ်က သူ့ကို ဉာဏ်ကောင်းသူ၊ နတ်ဘုရားလို တော်သူ၊ ခံ့ညားသူလို့ ချီးမွမ်းနေတာကို တွေးကြည့်ရင်း ကျိုးလင်မှာ အလွန်ပင် ပျော်ရွှင်နေတော့သည်။ 'ဟမ့် ဒီလို အခွင့်အရေးမျိုးက နှစ်ပေါင်း ရာချီမှ တစ်ခါပဲ လာမှာလေ။ ဒါကို အမိအရ မဆုပ်ကိုင်ရင် သူက အရူးပဲ ဖြစ်မှာပေါ့။'

အနာဂတ်ရဲ့ အစားပုပ်ကလေးကို ချုပ်ချယ်ခြင်း

အပိုင်း ၆၀၂

ကံမကောင်းစွာဖြင့် နျဉ်ယွိယွမ်က သူ့ကို လုံးဝ ဂရုမစိုက်ပေ။ ဆန့်ကျင်ဘက်အနေဖြင့် သူသည် အပြင်ဘက်ရှိ ကျုံးဝမ်ကို အချက်ပြလိုက်သည်။ ကျုံးဝမ် လှမ်းဝင်လာသည်နှင့် ကျိုးလင်မှာ လုံးဝ ဆွံ့အသွားတော့သည်။

“အဲဒီဆေးကို မင်းပဲ ကျိုးလင်ကို ပေးလိုက်တာလား။” နျဉ်ယွိယွမ်က ကျုံးဝမ်ကို ကြည့်ကာ မေးလိုက်သည်။ သူ၏ အကြည့်မှာ ကျိုးလင်ကိုပင် တစ်ချက် ဝေ့ကြည့်သွားခဲ့သည်။ ဒီကောင် ဒီဆေးကို ဘယ်က ရလဲဆိုတာ ကျုံးဝမ်ကို မေးရင် သိရမှာပဲ။

ဒါဆို သူ ဘာလို့ ကျုံးဝမ်ကို ခေါ်ရမှာလဲ။ ကျိုးလင်လည်း ထိုအချက်ကို နားလည်သွားသဖြင့် မိမိကိုယ်မိမိ ပြန်ရိုက်ချင်စိတ် ပေါက်သွားသည်။ သူက ဘော့စ်ဆီက အခွင့်အရေး ယူချင်နေတာကိုး။ သူ တကယ်ကို အများကြီး တွေးမိသွားတာပဲ။ ဒီလို ကိစ္စတွေမှာဆိုရင် သူက ဘော့စ်ကို မယှဉ်နိုင်သေးပါဘူး။

“ဟုတ်ကဲ့။” ကျုံးဝမ်က ခေါင်းညိတ်ပြလိုက်သည်။ “သူက အဲဒီဆေးကို ဘောစ့်ကို ပေးလိုက်တာလား။” ကောင်းပြီလေ။ ကျုံးဝမ်၏ စကားကြောင့် အခြေအနေမှာ ပိုဆိုးသွားခဲ့သည်။

“ကျိုးလင်၊ မင်း ဘာပြောချင်သေးလဲ။” နျဉ်ယွိယွမ်မှာ ယခုအချိန်တွင် စိတ်အခြေအနေ ကောင်းနေသည်။ သူသည် ကုလားထိုင်ပေါ်တွင် အေးအေးလူလူ ထိုင်ကာ ခပ်တိုးတိုး မေးလိုက်သည်။

ကျိုးလင်အနေနဲ့ ဘာထပ်ပြောရဲဦးမှာလဲ။ သူသည် ချက်ချင်းပင် အပြုံးတစ်ခု လုပ်ယူလိုက်ပြီး ဆေးဘူးကို လက်နှစ်ဖက်ဖြင့် ရိုရိုသေသေ ကမ်းပေးလိုက်သည်။ “ဘော့စ်၊ ကျွန်တော် အမှားလုပ်မိပါတယ်။ ရော့၊ ဒါက ဆေးဘူးနဲ့ အသုံးပြုပုံ အညွှန်းပါ။”

'ကျေးဇူးပြုပြီး သူ့ကို အပြစ်မယူပါနဲ့။ သူ အခုမှ အေးအေးဆေးဆေး နေနေရတာကို စစ်စခန်းကို ပြန်သွားပြီး လေ့ကျင့်ခန်းတွေ အပြင်းအထန် မလုပ်ချင်တော့ဘူး။'

နျဉ်ယွိယွမ် ကျိုးလင်ကို အေးစက်စွာ တစ်ချက်ကြည့်လိုက်သော်လည်း ဘာမှမပြောခဲ့ပေ။ ခုနကတော့ ဆရာကြီးလို လုပ်နေပြီး အခုကြတော့ မြေးလိမ္မာလေးလို လုပ်နေတာလား။

နျဉ်ယွိယွမ်၏ အကြည့်ကို မြင်လိုက်ရသည့်အခါ ကျိုးလင်မှာ တကယ်ပင် ချွေးစေးများ ထွက်လာခဲ့သည်။ 'ဒါက သူ့အတွက် လွယ်တယ် ထင်နေလား။ သူက စေတနာကောင်းနဲ့ အပင်ပန်းခံ လုပ်ပေးတာကို နောက်ဆုံးတော့ သူ့ရဲ့ ပါးစပ်သရမ်းမှုကြောင့် ဒီလို ဖြစ်ရတာလေ။ ဒါက တကယ်ကို ဝမ်းနည်းစရာ မကောင်းဘူးလား။'

“တကယ်တော့ ကျိုးလင်ကပဲ ဒီဆေးဖော်ဖို့ ကျွန်တော့်ကို သတိပေးခဲ့တာပါ။” ကျုံးဝမ် ဘေးနားမှ ဝင်ပြောပေးလိုက်သဖြင့် ကျိုးလင်၏ ကျေးဇူးတင်သော အကြည့်များကို ချက်ချင်း ရရှိလိုက်သည်။ 'အားးး အရေးကြီးတဲ့ အချိန်ကြရင်တော့ မင်းက တကယ်ကို အားကိုးရတဲ့ ညီအစ်ကိုပဲ။'

“ဟုတ်လား။” ဒါကို ကြားလိုက်ရသည့်အခါ နျဉ်ယွိယွမ် ကျိုးလင်ကို ကြည့်လိုက်သည်။ ဤလူမှာ ချက်ချင်းပင် ဖြောင့်မတ်သော အမူအရာကို လုပ်ပြလိုက်ပြီး ဘေးကိုတောင် မကြည့်ရဲတော့ပေ။

ယခုမူ နျဉ်ယွိယွမ် စိတ်ကျေနပ်သွားခဲ့သည်။ သူသည် လက်လှမ်းကာ ဆေးဘူးကို ယူလိုက်ပြီး ဤကိစ္စကို လက်စသတ်လိုက်သည်။ ထိုသည်ကို မြင်သည့်အခါ ကျိုးလင်မှာ သက်ပြင်းချနိုင်တော့သည်။ နောက်မှ ဘော့စ်က သူ့ကို ပြန်ပြီး အပြစ်ရှာမှာ စိုးရိမ်သဖြင့် သူသည် ကျုံးဝမ်ကို အမြန်ဆွဲခေါ်ကာ အပြင်သို့ ထွက်သွားခဲ့သည်။

“ဟေး၊ ညီအစ်ကို၊ ကျေးဇူးအများကြီး တင်ပါတယ်။” ကျိုးလင် ကျုံးဝမ်၏ ပခုံးကို ကျေးဇူးတင်စွာဖြင့် ပုတ်လိုက်သည်။ သူသာ ခုနက ဝင်မပြောပေးခဲ့ရင် ဒီနေ့တော့ ဘော့စ်ဆီကနေ သေချာပေါက် ပညာပေးခံရတော့မှာလေ။

ကျုံးဝမ်က သူ့ကို ခပ်အေးအေး ပြုံးပြလိုက်သည်။ ရုတ်တရက် သူသည် ခန္ဓာကိုယ်ကို အနည်းငယ် လှည့်လိုက်ပြီး ကျိုးလင်၏ လက်ကို ရှောင်လိုက်သည်။ သူက အလုပ်လုပ်နေသည့် ပုံစံဖြင့် ပြောလိုက်သည်။ “ကျေးဇူးတင်စရာ မလိုပါဘူး။ မင်းကပဲ နောက်ဆုံးပေါ် ဆေးဘက်ဆိုင်ရာ ကိရိယာတွေ ဝယ်ပေးမယ်လို့ ပြောထားတာ မဟုတ်လား။”

'ဘာ… ဘာတွေလဲ' ကျိုးလင်မှာ ချက်ချင်းပင် ဆွံ့အသွားတော့သည်။ 'ဒါက ဘယ်တုန်းက ဖြစ်သွားတာလဲ။ သူ ဘာလို့ မသိရတာလဲ။'

“မင်း ဘာတွေ ပြောနေတာလဲ။ မင်း ဦးနှောက်များ တစ်ခုခု ဖြစ်နေလို့လား။” ကျိုးလင် မျက်မှောင်ကြုတ်ကာ ယဉ်ကျေးမှုမရှိစွာ ပြောလိုက်သည်။ 'အဖွဲ့ချုပ်ရဲ့ နောက်ဆုံးပေါ် ဆေးဘက်ဆိုင်ရာ ကိရိယာတွေက မတန်တဆ ဈေးကြီးတယ်ဆိုတာ လူတိုင်း သိတာပဲ။ သူ့မှာ ကျုံးဝမ်အတွက် ဝယ်ပေးဖို့ ပိုက်ဆံ အပို ဘယ်ရှိပါ့မလဲ။ သူ့မှာ ပိုက်ဆံတွေက အပုံလိုက်ရှိနေတာမှမဟုတ်တာ'

“မဝယ်ပေးဘူးလား။” ကျုံးဝမ်က သူ့ကို တစ်ချက်ကြည့်လိုက်ပြီး နျဉ်ယွိယွမ်၏ ရုံးခန်းဘက်သို့ ပြန်လှည့်သွားခဲ့သည်။ သူ၏ အမူအရာကို မြင်ရုံနှင့် ကျိုးလင်အနေနှင့် ဘာကို နားမလည်ဘဲ ရှိပါ့မလဲ။ သူ သွေးတောင် အန်ချင်စိတ် ပေါက်သွားတော့သည်။

'သေစမ်း ဒါက ဘယ်လို ညီအစ်ကိုမျိုးလဲ။ ဒါက အခွင့်အရေးကို အမိအရယူတဲ့ ဓားပြပဲ။' ကျုံးဝမ် တံခါးခေါက်တော့မည်ကို မြင်သည့်အခါ ကျိုးလင်သည် အမြန်ပင် ရှေ့တိုးကာ သူ့ကို ဝမ်းနည်းစရာ မျက်နှာပေးဖြင့် တားလိုက်ရသည်။ 'သေစမ်း... သူ ထပ်ပြီး ပိုက်ဆံကုန်ရဦးတော့မှာပဲ။'

“ဝယ်ပေးမယ်၊ ဝယ်ပေးမယ် ဟုတ်ပြီလား။”

ဒါကို ကြားလိုက်ရသည့်အခါ ကျုံးဝမ်၏ နှုတ်ခမ်းထောင့်များမှာ ပြုံးယောင်သန်းသွားခဲ့သည်။ ထို့နောက် သူသည် တံခါးခေါက်ရန် ပြင်နေသော လက်ကို ပြန်ချလိုက်သည်။ 'ဟဲဟဲ။ ဒီလိုပဲ စောစောက ပြောရမှာပေါ့။'

ကျိုးလင်မှာ ယခုအချိန်တွင် တကယ်ပင် မျက်ရည်ကျချင်နေတော့သည်။ 'သူ ဘာလို့ သွားပြီး စနောက်မိတာလဲ။ အလကားနေရင်း ပိုက်ဆံတွေ အများကြီး ကုန်သွားရပြီ။'

ယခုအချိန်တွင် ရုံးခန်းထဲရှိ နျဉ်ယွိယွမ်သည် သူ၏ လက်ထဲမှ ဆေးဘူးကို အလွန်ပင် စိတ်ဝင်တစား ကြည့်နေသည်။ အခြားဆေးများကဲ့သို့ အညိုရင့်ရောင် မဟုတ်ဘဲ ဤဆေးမှာမူ ရှားပါးလှသော ပန်းရောင်ဖျော့ဖျော့လေး ဖြစ်နေပြီး အလင်းရောင်ပင် ထွက်နေသကဲ့သို့ ရှိသည်။

သူက အနီးကပ် နမ်းကြည့်လိုက်သည့်အခါ မွှေးပျံ့သော ရနံ့မှာ လေထုထဲတွင် ပျံ့နှံ့သွားခဲ့သည်။ ၎င်းမှာ အလွန်ပင် ထူးခြားလှသည်။

နျဉ်ယွိယွမ်သည် ကျိုးလင်ပေးခဲ့သော အသုံးပြုပုံ အညွှန်းကို ဖတ်ကြည့်လိုက်သည်။ သူ ပိုဖတ်လေလေ၊ သူ၏ မျက်လုံးများမှာ ပို၍ တောက်ပလာလေလေ ဖြစ်တော့သည်...

ဆေးအသုံးပြုပုံကို အသေအချာ လေ့လာပြီးနောက် နျဉ်ယွိယွမ်သည် အလုပ်ထဲတွင်သာ အာရုံနစ်မြုပ်နေတော့သည်။

သူက ဒီအခွင့်အရေးကို အသုံးချပြီး ချူးလေးနဲ့ ဟန်နီမွန်း ထွက်ချင်နေတာလေ။ ဒါပေမယ့် အဲဒါမတိုင်ခင် လက်ရှိအလုပ်တွေကို အရင်ဆုံး အပြတ်ရှင်းရဦးမည်။

အလုပ်တစ်ခုထဲတွင် စိတ်နှစ်ထားသည့်အခါ အချိန်မှာ အလွန်ပင် ကုန်မြန်လှသည်။ နျဉ်ယွိယွမ်လည်း ထိုနည်းအတိုင်းပင်။ အဘိုးဖြစ်သူထံမှ ဗီဒီယိုမက်ဆေ့ချ် ရောက်လာသည့် အခါမှသာ အလုပ်ဆင်းချိန် ရောက်နေပြီမှန်း သူ သတိထားမိတော့သည်။

“အဘိုး၊ ဘာကိစ္စရှိလို့လဲ။”

“ဘာရှိရမှာလဲ။” အဘိုးနျဥ် နှာခေါင်းရှုံ့လိုက်သည်။ “ဒါနဲ့၊ အလုပ်တွေ ဘယ်လိုလဲ။ စစ်တပ်ကို တစ်စုတစ်စည်းတည်း စီမံခန့်ခွဲမယ့်ကိစ္စက တရားဝင် အစီအစဉ်ထဲ ပါလာပြီ။ မင်း ကြိုတင်ပြင်ဆင်မှုတွေ လုပ်ထားဖို့ လိုမယ်။”

အဘိုးနျဥ်က အလုပ်အကြောင်း မေးနေသယောင် ရှိသော်လည်း တကယ်တော့ သူ စိတ်ဝင်စားနေသည်မှာ အခြားအရာ ဖြစ်သည်။ ဗီဒီယိုပိတ်ခါနီးတွင် သူက မပွင့်မလင်း ပြောလိုက်သည်။ “အင်း... မင်းနဲ့ ချူးလေးလည်း လက်မှတ်ထိုးပြီးပြီဆိုတော့ အိမ်ကို တစ်ခေါက်လောက် ပြန်လာဦးမလား။”

ဒါပဲလေ။ ဒါက အဘိုးကြီး ဒီနေ့ ဗီဒီယိုကောလ် ခေါ်ရတဲ့ အဓိက အချက်ပဲ။

နျဉ်ယွိယွမ် စကားပြောရန် ပြင်လိုက်သော်လည်း အဘိုးနျဉ်က ကြားဖြတ်ပြောလိုက်သည်။ “ဒါက ငါမေးချင်တာ မဟုတ်ဘူးနော်။ မင်းအဖေကသာ ငါ့ကို ခေါ်ခိုင်းနေလို့။”

“ဟုတ်ကဲ့။” နျဉ်ယွိယွမ် ခပ်တိုးတိုး ရယ်လိုက်သည်။ “ဒါဆိုရင် အဘိုးကပဲ အဖေ့ကို ပြောပေးပါဦး၊ ကျွန်တော်တို့ သန်ဘက်ခါကြရင် ပြန်လာခဲ့မယ်လို့။”

ချူးလေး၏ ရာသီနာကျင်ကိုက်ခဲမှုမှာ များသောအားဖြင့် ပထမနှစ်ရက်တွင်သာ ပြင်းထန်တတ်သဖြင့် ထို့နောက်တွင်မူ သိပ်ပြီး ပြဿနာရှိမည် မဟုတ်ပေ။ မိသားစုအိမ်ဟောင်းကို ပြန်ဖို့ကတော့ အဆင်ပြေလောက်ပါသည်။

“အေးပါ၊ ငါ ပြောပေးလိုက်မယ်။” အဘိုးနျဥ်က တည်ငြိမ်သော မျက်နှာပေးဖြင့် ဗီဒီယိုပိတ်လိုက်သည်။ သို့သော် လှည့်လိုက်သည်နှင့် သူက အော်ပြောတော့သည်။ “ ရှောင်ဝူ ငါ့ရဲ့ အင်္ကျီအသစ်တွေကို အမြန်ထုတ်ပြီး သေသေချာချာ ပြင်ထားလိုက်။”

“ဟုတ်ကဲ့။” သူ့နောက်က ကိုယ်ရံတော်လေးမှာလည်း ချက်ချင်း ခေါင်းညိတ်ကာ အလုပ်စလုပ်တော့သည်။

“ဟေး၊ ဘာတွေ ဖြစ်နေတာလဲ။ ဘာလို့ ဒီလောက်တောင် ပျာယာခတ်နေရတာလဲ။” အဘိုးအိုချင် လှမ်းဝင်လာပြီးနောက် ရှောင်ဝူ တစ်ပတ်ချာလည် ပြေးလွှားနေသည်ကို မြင်သည့်အခါ သူက မစဘဲ မနေနိုင်တော့ပေ။

“ဪ... ဗိုလ်မှူးနျဉ်နဲ့ ချူးလေးတို့ သန်ဘက်ခါ လာကြမှာမို့လို့ ကြိုတင်ပြင်ဆင်နေတာပါ...” ရှောင်ဝူက ပြုံးကာ တိုးတိုးလေး ရှင်းပြလိုက်သည်။ သူ စကားမဆုံးခင်မှာပင် အဘိုးနျဉ်က ကြားဖြတ်ဟောက်လိုက်သည်။ “မင်း ဘာတွေ လျှောက်ပြောနေတာလဲ။”

“ငါ့အင်္ကျီတွေက နွမ်းနေလို့ အသစ်လဲခိုင်းတာလေ၊ ဒါက ပုံမှန်ပဲ မဟုတ်လား။” အဘိုးနျဉ်က ဝန်မခံသေးပေ။ “ဒါက နျဉ်ယွိယွမ်တို့နဲ့ ဘာဆိုင်လို့လဲ။”

“ဖွီ...” အဘိုးချင် အကျယ်ကြီး ရယ်လိုက်သည်။ “ငါ့ရှေ့မှာ ဘာတွေ ဟန်ဆောင်နေတာလဲ။ မင်းဘယ်လောက်လည်တယ်ဆိုတာကို ငါမသိဘူး ထင်နေလား။”

တကယ့်ကို ခေါင်းမာတဲ့ လူကြီးပဲ။

“ဟေး။” အဘိုးနျဉ် စိတ်မသက်မသာ ဖြစ်သွားသည်။ “ဘာလဲ။ မင်းက ဒီနေ့ အဆူခံချင်လို့ လာတာလား။”

“ဟမ့်... ငါက အားနေတယ် ထင်လို့လား။” အဘိုးချင်က နှာခေါင်းရှုံ့လိုက်ပြီး လက်ဝတ်ရတနာဘူးလေး တစ်ဘူးကို ထုတ်ပေးလိုက်သည်။ “ရော့၊ နျဉ်ယွိယွမ် ကြီးပြင်းလာတာကို ငါကိုယ်တိုင် မြင်ခဲ့တာ။ သူက ငါ့မြေးရင်းလိုပဲ။ ဒါက ချူးလေးအတွက် ငါပေးတဲ့ လက်ဆောင်လို့ မှတ်လိုက်။”

“အို့... မင်း ဒီလောက် လက်ဖွာတာ တွေ့ရခဲသားပဲ။” သူတို့က သူငယ်ချင်းဟောင်းတွေ ဖြစ်ကြသဖြင့် အဘိုးနျဉ်ကလည်း ဟန်ဆောင်ငြင်းမနေဘဲ တိုက်ရိုက်ပင် လက်ခံလိုက်သည်။

အဘိုးချင်က မျက်ခုံးပင့်ကာ ဂုဏ်ယူစွာ ပြုံးလိုက်သည်။ “ငါ့မှာက မြေးလေး၊ငါးယောက် ရှိတာလေ၊ မင်းမှာက နျဉ်ယွိယွမ် တစ်ယောက်တည်း ရှိတာ။ တွက်ကြည့်လိုက်ဦး၊ ဘယ်သူက ပိုနာလဲဆိုတာ။”

“ဟမ့်။” သူတို့နှစ်ဦးမှာ စကားစစ်ထိုးရင်း ပျော်နေကြသည်။ “မင်းမှာ မြေးတွေ အများကြီး ရှိတာတော့ ဟုတ်ပါပြီ၊ ဒါပေမယ့် တစ်ယောက်ယောက်များ လက်ထပ်ပြီးပြီလား။”

“လက်ထပ်ဖို့ နေနေသာသာ၊ ရည်းစားတောင် ရှိကြရဲ့လား မသိဘူး။” အဘိုးနျဉ်က အချက်ကျကျပင် ထိုးနှက်လိုက်သည်။

အဘိုးချင် စကားဆွံ့အသွားတော့သည်။ 'ဟင်း အဲဒီ ကောင်စုတ်တွေကြောင့်ပဲ။'

“နျဉ်ယွိယွမ်ကတော့ အတော်ဆုံးပဲ။ ချူးလေးကို သေသေချာချာ ရွေးနိုင်ခဲ့တာပဲ၊ လက်မှတ်တောင် ထိုးပြီးပြီ မဟုတ်လား။” သူ အနည်းငယ် မနာလိုဖြစ်မိကြောင်း ဝန်ခံရပေမည်။

“အိုး... ဒါပေါ့။” ဒါကို ကြားရသည့်အခါ အဘိုးနျဉ်မှာ မျက်နှာတစ်ခုလုံး ဝင်းပသွားသော်လည်း ဘာမှမဖြစ်သယောင် ဟန်ဆောင်ကာ လက်ယမ်းပြလိုက်သည်။ “ဒါက ချူးလေးက သူ့ကို မပစ်ပယ်လို့ပါကွာ။”

မော့ချူးကို လက်ခံလိုက်ကတည်းက အဘိုးကြီး၏ မြေးချွေးမ အကာအကွယ်ပေးလိုစိတ်မှာ ချက်ချင်း ပေါ်လာခဲ့သည်။ သူပြောသမျှ စကားတိုင်းမှာ နျဉ်ယွိယွမ်ထက် မော့ချူးအပေါ် ပိုပြီး ကျေနပ်နေသည့်ပုံပင် ရှိနေသည်။

“အို့ အခုကြတော့ သူတို့ကို ထောက်ခံနေပြီပေါ့။” အဘိုးချင်က ရင်းနှီးသူဖြစ်သဖြင့် အတိတ်က အကြောင်းကို တိုက်ရိုက်ပင် ဖော်ထုတ်လိုက်သည်။ “ဟိုးအရင်ကတော့ သူတို့ကို ခွဲဖို့ ပြင်နေတာ ဘယ်သူပါလိမ့်...”

“ဒါ... ဒါက ဘယ်တုန်းက ဖြစ်တာလဲ။” ဒါကို ကြားလိုက်ရသည့်အခါ အဘိုးနျဉ် ချက်ချင်း မျက်စောင်းထိုးကာ အရှက်မရှိ ငြင်းတော့သည်။ “သက်သေမရှိဘဲ လျှောက်မပြောနဲ့။”

'... ကောင်းပြီလေ။' အဘိုးချင် သူ့ကို မျက်စောင်းထိုးလိုက်သည်။ 'ဆက်ပြီး ဟန်ဆောင်နေလိုက်ဦး။ သူ့မြေးတွေသာ အသုံးမကျလို့ မဟုတ်ရင် မော့ချူးက နျဉ်မိသားစုဝင် ဖြစ်လာမှာလား ဆိုတာကတော့ စဉ်းစားစရာပဲ။'

အဘိုးချင် ဘာတွေးနေလဲဆိုတာ သူ မသိသော်လည်း အဘိုးနျဉ်ကတော့ တစ်ချိန်တည်းမှာပင် ဂုဏ်ယူပြီး ပျော်နေမိသည်။ သူ့မြေးက ဒီလောက် မြန်ဆန်လိမ့်မယ်လို့ သူ မထင်ထားခဲ့ဘူး။ ကောင်မလေးကို အရပ်ဘက်ရေးရာရုံးကိုတောင် ခေါ်သွားနိုင်ခဲ့ပြီလေ။

ဟုတ်တာပေါ့၊ သူ့လိုပဲ သတ္တိရှိတဲ့ မျိုးရိုးပဲ။

“တော်ပြီ၊ အမြန်ယူထားလိုက်။” အဘိုးချင်က လက်ဆောင်ဘူးကို သူ့သူငယ်ချင်းလက်ထဲ အတင်းထည့်ပေးလိုက်သည်။ “ငါ မှော်နယ်မြေဘက်ကို ရက်အနည်းငယ် သွားနေဦးမယ်။ အရေးကြီးတာရှိရင် မင်းပဲ ကူညီဖြေရှင်းပေးထားဦး။”

ဒါကို ကြားလိုက်ရသည့်အခါ အဘိုးနျဉ် တစ်ခုခု မှားနေပြီဟု ခံစားလိုက်ရသည်။ သူသည် လက်ထဲက ပစ္စည်းကို အမြန်သိမ်းပြီး အလေးအနက် မေးလိုက်သည်။ “ဘာလို့လဲ။ တစ်ခုခု ဖြစ်လို့လား။”

“ငါလည်း သေချာမသိသေးဘူး။” အဘိုးချင် ခေါင်းခါကာ သက်ပြင်းချလိုက်သည်။ “မှော်နယ်မြေမှာ ပြဿနာတစ်ခုခု ရှိနေတယ်လို့ပဲ သတင်းကြားရသေးတယ်။”

အနာဂတ်ရဲ့ အစားပုပ်ကလေးကို ချုပ်ချယ်ခြင်း

အပိုင်း ၆၀၃

တကယ်တော့ အခြေအနေမှာ သူပြောတာထက် အများကြီး ပိုပြင်းထန်လှသည်။ အဘိုးချင်သည် စုံစမ်းရန် လူအုပ်စုအချို့ကို တိတ်တဆိတ် လွှတ်ခဲ့သော်လည်း နောက်ဆုံးတွင် တစ်ယောက်မှ ပြန်မလာခဲ့ပေ။

လူထုကြား ထိတ်လန့်မှု မဖြစ်စေရန်အတွက် အစိုးရက ထိုသတင်းကို ပိတ်ထားလေ့ရှိသည်။ သက်ဆိုင်ရာလူများနှင့် အဆင့်မြင့်အရာရှိ အနည်းငယ်မှလွဲ၍ အသေးစိတ်ကို မည်သူမျှ မသိကြပေ။

အဘိုးချင်က ခပ်ပါးပါးသာ ပြောပြနိုင်ခဲ့သည်။ အဘိုးနျဉ်ကလည်း ထိုအခြေအနေကို နားလည်သဖြင့် ထပ်မမေးတော့ပေ။ “အေးပါ၊ ဒါဆိုလည်း ဂရုစိုက်သွားဦး။ အလုပ်ပြီးရင်လည်း စောစောပြန်လာခဲ့။”

“ကောင်းပါပြီ။” အဘိုးချင် ပြုံးလိုက်သည်။

အခြားတစ်ဖက်တွင်မူ နျဉ်ယွိယွမ်သည် အလုပ်ဆင်းသည်နှင့် သူ၏ တိုက်ခန်းသို့ မသွားဘဲ မော့မိသားစု အိမ်သို့သာ တိုက်ရိုက် သွားခဲ့သည်။

မနက်က ဖြစ်ခဲ့တဲ့ ကိစ္စမှာ မော့ယန်ဘက်က မှားနေသဖြင့် ယခု နျဉ်ယွိယွမ် ဗြောင်ဝင်လာသည်ကို သူ ဘာမှမပြောနိုင်တော့ပေ။ သို့သော် သူ့နောက်ကနေ မျက်စောင်းအကြိမ်ကြိမ် ထိုးဖို့တော့ မမေ့ပေ။

“ချူးလေး၊ ဘယ်လိုလဲ။ နာနေသေးလား။” နျဉ်ယွိယွမ်သည် မော့ယန်၏ အမူအရာများကို လုံးဝ သတိမထားမိဘဲ မော့ချူးအပေါ်တွင်သာ အာရုံစိုက်နေသည်။ သူမ၏ ဖြူဖျော့နေသော မျက်နှာလေးကို ကြည့်ရင်း သူ စိတ်မကောင်း ဖြစ်သွားရသည်။ သူသည် မော့ယန်ရှေ့မှာပင် လက်ဖဝါးဖြင့် သူမ၏ ဗိုက်လေးကို အသာအယာ ပွတ်ပေးနေလိုက်သည်။

အရင်က ချူးလေး အလွန်အမင်း နာကျင်နေသည်ကို မြင်ရသည့်အခါ နျဉ်ယွိယွမ်မှာ အတော်လေး စိုးရိမ်ခဲ့သည်။ သူသည် ကျုံးဝမ်ကိုပင် အကိုက်အခဲပျောက်ကပ်ခွာနှင့် လိမ်းဆေးများ တောင်းခဲ့သော်လည်း နောက်ဆုံးတွင် ဘာမှမထူးခြားခဲ့ပေ။

နောက်ဆုံးတွင်တော့ နျဉ်ယွိယွမ်သည် သူမကို လက်ဖြင့်သာ နှိပ်ပေးနိုင်ခဲ့သည်။ အချိန်ကြာလာသည်နှင့်အမျှ သူသည်လည်း နှိပ်နယ်ပေးသည့်အတတ်ကို ကျွမ်းကျင်လာခဲ့သည်။

အတော်ကြာမှ နာကျင်မှုမှာ အနည်းငယ် လျော့ပါးသွားခဲ့သည်။ မော့ချူးသည် သက်ပြင်းတစ်ချက်ချကာ နျဉ်ယွိယွမ်ကို ကြည့်ပြီး ပြုံးကာ ပြောလိုက်သည်။ “စိတ်မပူပါနဲ့၊ ဒါက တစ်ရက်နှစ်ရက်အတွင်း ပြီးသွားမှာပါ။”

တကယ်တော့ မော့ချူး၏ အခြေအနေမှာ တော်သေးသည်ဟု ပြောရမည်။ သူမ သိဖူးသော ရွယ်တူမိန်းကလေး တစ်ယောက်မှာ ပုံမှန်ဆိုလျှင် ကျန်းမာလန်းဆန်းနေသော်လည်း ရာသီလာချိန်တိုင်း ကုတင်ပေါ်တွင် လူးလိမ့်နေရလောက်အောင် နာကျင်တတ်သူ ဖြစ်သည်။

သူမ၏ မိဘများက သူမကို အတွေ့အကြုံရှိသော တရုတ်ဆရာဝန်ကြီးနှင့် ပြသပြီး ဆေးမြီးတိုများစွာ သောက်ခိုင်းခဲ့သည်။ ထိုဆေးများမှာ အလွန်ပင် ခါးလှသည်။ ထို့အပြင် တစ်နေ့ သုံးကြိမ် သောက်ရသည်မှာ ငရဲကျနေသကဲ့သို့ပင်။

ပိုဆိုးသည်မှာ ဆရာဝန်ညွှန်ကြားချက်အတိုင်း သောက်သော်လည်း ဘာမှမထူးခြားဘဲ ဆက်နာကျင်နေရခြင်းပင်။ နောက်ဆုံးတွင်တော့ တရုတ်ဆရာဝန်ကြီးပင် လက်လျှော့ကာ ဆေးမတိုးလျှင် အိမ်ထောင်ကျသည့်အခါမှသာ ဖြည်းဖြည်းချင်း သက်သာသွားလိမ့်မည်ဟု ပြောခဲ့ရသည်။

ယင်နှင့်ယန် မျှတမှုက ဤနေရာတွင် အထောက်အကူ ဖြစ်လိမ့်မည်ဟု ဆိုကြသည်။ မော့ချူးကတော့ ၎င်းမှာ မည်သို့ အလုပ်လုပ်သည်ကို မသိသော်လည်း ထိုမိန်းကလေးမှာ အိမ်ထောင်ကျပြီးနောက် တကယ်ပင် နာကျင်မှုများ ပျောက်ကွယ်သွားခဲ့သည်။

နျဉ်ယွိယွမ်က မျက်မှောင်ကြုတ်ထားဆဲပင်။ “ဒါပေမယ့် ဒီလိုကြီး ဆက်ပြီး နာနေလို့ ဘယ်ဖြစ်ပါ့မလဲ။”

မော့ချူး လက်လှမ်းကာ သူ၏ မျက်မှောင်များကို ဖြေလျှော့ပေးလိုက်သည်။ “စိတ်မပူပါနဲ့၊ ဖြည်းဖြည်းချင်း သက်သာသွားမှာပါ။”

“ဟင်။” ဒါကို ကြားလိုက်ရသည့်အခါ နျဉ်ယွိယွမ်၏ မျက်လုံးများ တောက်ပသွားပြီး သူမ၏ ရှင်းပြချက်ကို စောင့်နေလိုက်သည်။

“အဲဒါက... ဟိုဟာ...” မော့ချူးမှာ စကားများ ထစ်ငေါ့နေတော့သည်။ နောင်ကြရင် အိမ်ထောင်ရေးသုခ ခံစားရတဲ့အခါ ဒီဝေဒနာတွေ ပျောက်သွားလိမ့်မယ်လို့ နျဉ်ယွိယွမ်ကို သူမ ဘယ်လို ပြောထွက်ပါ့မလဲ။

ဒီအကြောင်းပြချက်သာ ပြောလိုက်ရင် နျဉ်ယွိယွမ်က သူမကို ဝါးစားပစ်မှာ သေချာတယ်…

နျဉ်ယွိယွမ်က ဘယ်လောက်တောင် ပါးနပ်လိုက်လဲ။ ချူးလေး စကားထစ်ပြီး ရှက်နေသည်ကို မြင်သည့်အခါ သူ တစ်ခုခုတော့ မှားနေပြီမှန်း သိလိုက်သည်။ သူက မသိမသာ မေးလိုက်သည်။ “တကယ်လား။ ဘာလို့လဲ။”

“အဲဒါက...” ထိုအချိန်တွင်ပင် တံခါးခေါက်သံ ကြားလိုက်ရသည်။ မော့ချူး ချက်ချင်း ထရပ်လိုက်ပြီး သက်ပြင်းချလိုက်သည်။ “ကျွန်မ တံခါးသွားဖွင့်လိုက်ဦးမယ်။”

တံခါးမှာ ကလစ်ဆိုသည့် အသံနှင့်အတူ ပွင့်သွားခဲ့သည်။

“ချင်ယွဲ့လား” ဘယ်သူလဲဆိုတာ မြင်လိုက်ရသည့်အခါ မော့ချူး အနည်းငယ် အံ့အားသင့်သွားသည်။ “ဒီနေ့ ဘာလို့ ဒီကို ရောက်နေတာလဲ။”

ချင်ယွဲ့သည် မကြာသေးမီက ချင်မိသားစုထံတွင် အထူးလေ့ကျင့်မှုများ ခံယူနေရသည်။ သူသည် အလွန်အမင်း အလုပ်ရှုပ်နေသဖြင့် ယခုတလော အပြင်သို့ ထွက်လာခဲလှသည်ဟု သတင်းကြားထားသည်။

“အင်း... လူတစ်ယောက်ကို လာပို့တာပါ။ မဟုတ်ဘူး။” ချင်ယွဲ့က ခေါင်းခါယမ်းလိုက်ပြီး ရှင်းပြရခက်သော မျက်နှာပေးဖြင့် ရှင်းပြလိုက်သည်။ “သားရဲတစ်ကောင်ကို လာပို့တာပါ။”

'ဟင်... အဲဒါက ဘာလဲ။' မော့ချူး နားမလည်နိုင်ဖြစ်သွားသည်။ 'သူ ဘာတွေ လျှောက်ပြောနေတာလဲ။'

“ထားလိုက်ပါတော့။” ချင်ယွဲ့က ထပ်မရှင်းပြတော့ဘဲ ဘေးသို့ တိုက်ရိုက် ဖယ်ပေးလိုက်သည်။ “ကိုယ့်ဘာသာကိုယ် ကြည့်လိုက်ရင် သိလိမ့်မယ်။”

မော့ချူး၏ အကြည့်မှာ အောက်သို့ ကျသွားသော်လည်း အရာအားလုံးကို သေသေချာချာ မမြင်ရသေးပေ။ သူမသည် ရင်းနှီးနေသော ‘အာဝူးး... အာဝူးး... အာဝူးး...’ ဆိုသည့် အသံနှစ်ချက်ကို အရင်ကြားလိုက်ရသဖြင့် ချက်ချင်းပင် သိလိုက်သည်။ သူမ ဝမ်းသာအားရ အော်လိုက်သည်။ “မင်း ဝိုင်းဝိုင်းကို ပြန်ခေါ်လာပေးတာလား။”

ဟိုးအရင်က ဘာကြောင့်မှန်းမသိဘဲ ဝိုင်းဝိုင်းသည် မှော်နယ်မြေဆီသို့ သွားချင်နေခဲ့သည်။ ပုံမှန်ဆိုလျှင် သူမအနားက မခွာဘဲ ပျင်းလည်းပျင်း၊ စိတ်လည်းတိုတတ်သော ဝိုင်းဝိုင်းကို ဤတစ်ကြိမ်တွင်မူ မည်သူမျှ တားမရခဲ့ပေ။

စိတ်ဝိညာဉ်စားသောက်ဆိုင်နှင့် စားသောက်ကုန်ပြပွဲ လုပ်ငန်းများအပြင် မော့ချူးတွင် လိုက်လံသင်ကြားပေးရမည့် တပည့်သုံးယောက်လည်း ရှိသေးသည်။ ထိုအချိန်က သူမသည် အလွန်အမင်း အလုပ်ရှုပ်နေသဖြင့် ဝိုင်းဝိုင်းနှင့်အတူ မှော်နယ်မြေသို့ မလိုက်နိုင်ခဲ့ပေ။

နောက်ဆုံးတွင်တော့ မော့ချူးသည် စိတ်ဝိညာဉ်အစားအစာများကို အများကြီး ပြုလုပ်ပေးပြီးမှ ထိုကောင်လေးကို လွှတ်လိုက်ရခြင်း ဖြစ်သည်။ သူ ထွက်သွားသည်မှာ အနည်းဆုံး တစ်လခန့် ရှိပြီဖြစ်သည်။

'အခုမှ ပြန်ရောက်လာတာဆိုတော့ သူ ဘယ်လောက်တောင် ပျော်နေလိုက်မလဲ မသိဘူး။ ဒါပေမယ့် လူနဲ့ သားရဲက ဘယ်လိုလုပ် ဆုံကြတာလဲ။'

မော့ချူး၏ မျက်နှာပေါ်ရှိ အံ့အားသင့်မှုကို မြင်လိုက်ရသည့်အခါ ချင်ယွဲ့က ခေါင်းကုတ်ရင်း ပြောလိုက်သည်။ “အဲဒါက... ဒီနေ့ အဘိုးကို မှော်နယ်မြေကို လိုက်ပို့ရင်း ဝိုင်းဝိုင်းနဲ့ တိုက်တိုက်ဆိုင်ဆိုင် ဆုံခဲ့လို့ ပြန်ခေါ်လာပေးတာ၊ ဒါပေမယ့်...”

ချင်ယွဲ့ စကားမဆုံးခင်မှာပင် ဆီးနှင်းလို ဖြူဖွေးနေသော အလုံးလေးတစ်လုံးမှာ မော့ချူးပေါ်သို့ ခုန်တက်လာခဲ့သည်။

မော့ချူးက ၎င်းကို ပွေ့ဖက်လိုက်ပြီးနောက် တစ်ခုခု မှားနေပြီမှန်း ချက်ချင်း ခံစားလိုက်ရသည်။ ထိုကောင်လေးမှာ ထွက်သွားစဉ်ကထက် အများကြီး ပိန်သွားပုံရသည်။

“ငါ မင်းအတွက် စားစရာတွေ အများကြီး ပြင်ပေးထားတာ မဟုတ်ဘူးလား။” မော့ချူး အံ့အားသင့်သွားသည်။ “ဝိုင်းဝိုင်း အစားအသောက်ကြီးတယ်ဆိုပေမယ့် ငါပြင်ပေးလိုက်တာက တစ်နှစ်ခွဲလောက် စားလို့ရတာလေ။ ဘာလို့ ဒီလောက်တောင် ပိန်သွားရတာလဲ။”

ဟုတ်တာပေါ့။ အရင်က မေးသုံးထပ်ရှိတဲ့ လုံးလုံးလေးဟာ အခုတော့ မေးနှစ်ထပ်ပဲ ကျန်တော့လောက်အောင် ပိန်သွားတာပဲ။

“အာဝူးး... အာဝူးး...” မော့ချူးက ဤစိတ်နှလုံးထိခိုက်ဖွယ် အကြောင်းအရာကို ပြောလိုက်သည့်အခါ ဝိုင်းဝိုင်းသည် ပါးစပ်လေးမဲ့ကာ ဝမ်းနည်းပက်လက် ငိုတော့သည်။ 'ဘုရားရေ။ သူ ယူသွားသမျှ စားကောင်းသောက်ဖွယ်တွေအားလုံး အလုခံလိုက်ရတာကိုး။'

'ဟင်။ အလုခံရတယ် ဟုတ်လား' မော့ချူး မယုံကြည်နိုင်စွာဖြင့် ပါးစပ်လေး ဟသွားသည်။

'ဝိုင်းဝိုင်းရဲ့ အာဏာရှင်ဆန်တဲ့ စိတ်ဓာတ်နဲ့ အစွမ်းထက်တဲ့ ခွန်အားကို ဘယ်သူက ယှဉ်ရဲလို့ သူ့ပါးစပ်ထဲက အစာကို လုရဲတာလဲ။ အသက်မရှင်ချင်တော့လို့လား။'

“အာဝူးး...” 'သူတို့ပဲ' လုံးလုံးလေးက သူ၏ ၀၀ကစ်ကစ် လက်လေးဖြင့် နောက်ဘက်သို့ ညွှန်ပြလိုက်ပြီး ခေါင်းလေးကိုမူ မော့ချူး၏ ရင်ခွင်ထဲတွင် မြှုပ်ထားဆဲပင် ရှိသည်။ သူသည် ခေါင်းလေးကို ပွတ်သပ်ရင်း ချော့မြှူမှုကို တောင်းခံနေသည်။

ဝိုင်းဝိုင်း ညွှန်ပြရာနောက်သို့ ကြည့်လိုက်သည့်အခါ မော့ချူးမှာ ချက်ချင်း ဆွံ့အသွားတော့သည်။ 'တစ်ကောင်၊ နှစ်ကောင်၊ သုံးကောင်... ဒါက သွေးအလင်းသားရဲ စစ်တပ်ကြီးပါလား။'

ဟုတ်ပါတယ်။ မော့ချူး၏ ရှေ့တွင် သွေးအလင်းသားရဲအုပ်စုကြီး တစ်ခုလုံး ရှိနေသည်။ သူတို့အားလုံးမှာ ရေဝိုင်းနေသော အနီရောင်မျက်လုံးလေးများကို ပုတ်ခတ်ရင်း သူမကို မျှော်လင့်ချက်အပြည့်ဖြင့် ကြည့်နေကြသည်…

မော့ချူးမှာ ချက်ချင်း ဖိအားအကြီးအကျယ် ခံစားလိုက်ရသည်။ သူမသည် မသိမသာ နောက်သို့ တစ်လှမ်းဆုတ်လိုက်ပြီး ရင်ခွင်ထဲက ကောင်လေး၏ တင်ပါးကို ပုတ်ကာ တိုးတိုးလေး မေးလိုက်သည်။ “ဒါတွေက မင်းရဲ့ မိသားစုလား၊ ဆွေမျိုးတွေလား၊ ဒါမှမဟုတ် သူငယ်ချင်းတွေလား။”

ဝိုင်းဝိုင်း၏ တင်ပါးလေးမှာ တွန့်သွားသည်။ အတော်ကြာမှ သူက လက်ချောင်းလေးတစ်ခု ထောင်ပြလိုက်သည်။ 'အို့... သူတို့အားလုံးက လုံးလုံးလေးရဲ့ မိသားစုတွေပေါ့။ မိသားစုက အတော်လေး ကြီးတာပဲ'

ဒါပေမယ့် ဒီပုံစံက... မော့ချူး အပေါ်ကို ကြည့်လိုက်ပြီး မသိမသာ တံတွေး မြိုချလိုက်မိသည်…

ဒါက ဘယ်လိုလဲဆိုရင် တစ်သက်လုံး ဆာလောင်နေတဲ့ လူတစ်ယောက်က အရမ်း၀ဖြိုးတဲ့ ဘဲပေါင်း တစ်တုံးကို တွေ့လိုက်ရတဲ့အခါ မျက်လုံးတွေ တောက်ပလာသလိုမျိုးပဲ။ သူတို့ ဘယ်လောက်တောင် ဆာနေကြတာလဲ။

“ချူးလေး၊ ဘာဖြစ်လို့လဲ။” မော့ချူး တံခါးနားမှာ ရပ်နေပြီး ပြန်မလာသည်မှာ ကြာပြီဖြစ်သဖြင့် နျဉ်ယွိယွမ် ရှေ့သို့ ထွက်လာကာ အပြင်ကို လှမ်းကြည့်လိုက်သည်။ သူ၏ မျက်လုံးထဲတွင် တွေ့ရခဲသော အံ့အားသင့်မှုများ ဖြတ်ပြေးသွားခဲ့သည်။

ဘာလို့ ဒီလောက်တောင် များပြားတဲ့ သွေးအလင်းသားရဲတွေ ရောက်နေရတာလဲ။ ပုံမှန်ဆိုရင် မှော်နယ်မြေမှာတောင် ဒီသားရဲတစ်ကောင်ကို တွေ့ဖို့ဆိုတာ ကံအရမ်းကောင်းမှ ဖြစ်တာလေ။ ဒီနေ့ ဘာတွေ ဖြစ်နေတာလဲ။

'... သွေးအလင်းသားရဲတွေက လျှော့ဈေးနဲ့ ရောင်းနေတာလား၊ ဒါမှမဟုတ် အများဈေးနဲ့လား'

“ထားလိုက်ပါတော့၊ အားလုံး အထဲကို အရင်ဝင်ခဲ့ကြပါ။” မော့ချူးက ဘေးသို့ ဖယ်ပေးလိုက်သည်။

ဒီလောက်များပြားတဲ့ အုပ်စုကြီးက တခြားလူတွေရဲ့ အာရုံစိုက်မှုကို သေချာပေါက် ရနေလောက်ပြီ။ လူတွေ ပိုမတွေ့ခင် သူတို့ကို အမြန် ဖုံးကွယ်ထားတာ ပိုကောင်းပါလိမ့်မည်။

ထို့ကြောင့် သွေးအလင်းသားရဲအုပ်စုမှာ ကလေးကစားသလိုပင် တစ်ကောင်ပြီးတစ်ကောင် အစီအရီနှင့် အိမ်ထဲသို့ လှမ်းဝင်လာကြသည်။

ဒါကို မြင်လိုက်ရသည့်အခါ ခုနက ဝမ်းနည်းနေသော ဝိုင်းဝိုင်းသည် မော့ချူး၏ ရင်ခွင်ထဲမှ ခုန်ဆင်းလိုက်ပြီး သားရဲအုပ်စု၏ ရှေ့တွင် ရပ်လိုက်သည်။ ဘုရင်လေးတစ်ပါးကဲ့သို့ သူသည် မေးကို အနည်းငယ်မြှောက်ကာ ဟိုဟိုဒီဒီ လမ်းလျှောက်နေပြီး အတော်လေး ဂုဏ်ယူနေသည့်ပုံပင်။

“ရား... ရားး...” ငါ မင်းတို့ကို ငါ့အိမ်ကို လိုက်ပြမယ်။

ခြေလှမ်းတိုင်းတွင် လုံးလုံးလေးမှာ အိမ်ရှင်ပီသစွာဖြင့် အားမနာတမ်း လုပ်ဆောင်နေတော့သည်။ သူ့နောက်တွင်တော့ သွေးအလင်းသားရဲများစွာ အစီအရီ လိုက်လာကြသည်။ သူတို့၏ ပုံစံမှာ တကယ်ကို ဖော်မပြနိုင်လောက်အောင် ချစ်ဖို့ကောင်းလှသည်။

ဒါကို မြင်ရသည့်အခါ မော့ချူး မပြုံးဘဲ မနေနိုင်တော့ပေ။ သူမသည် အင်္ကျီလက်ကို လိပ်တင်လိုက်ပြီး မီးဖိုချောင်ဘက်သို့ လှမ်းသွားကာ ပြောလိုက်သည်။ “နျဉ်ယွိယွမ်၊ ကျွန်မကို ကူညီရမယ် ထင်တယ်။”

ဒီလောက်များပြားတဲ့ သားရဲအုပ်စုအတွက် စားစရာတွေကို သူမတစ်ယောက်တည်း ချက်ပြုတ်ဖို့က တကယ်ကို ခက်ခဲလွန်းလှသည် မဟုတ်ပါလား။

အထူးသဖြင့် ဝိုင်းဝိုင်းနဲ့ စတွေ့တုန်းက အကြောင်းကို သူမ တွေးမိလိုက်သည်။ တကယ့်လူစွမ်းကောင်းပဲ။ သူစားတာက အရမ်းကို ကြမ်းတမ်းလွန်းတာ။ ‘အစားကြီးသူ’ ဆိုတဲ့ စကားလုံးတောင် သူ့ရဲ့ စားသောက်ပုံနဲ့ မယှဉ်နိုင်ဘူး။

ထို့ကြောင့် မော့ယန်ပင် ကူညီရန် စေတနာ့ဝန်ထမ်း လုပ်ခဲ့သည်။ သူ၏ လက်ရာမှာ မမီသဖြင့် တခြားဘာမှ လုပ်စရာ မလိုဘဲ ပါဝင်ပစ္စည်းများကို ဆေးကြောပေးရုံနှင့်ပင် သူ အလုပ်ရှုပ်နေတော့သည်။

မော့ချူးသည် အရသာကို ဂရုမစိုက်နိုင်တော့ဘဲ အများဆုံး ပမာဏဖြင့်သာ ချက်ပြုတ်လိုက်တော့သည်။ သူမသည် မန်ချူးရီးယား စွပ်ပြုတ်ကို ပြုလုပ်လိုက်သည်။ ဟင်းရည်လည်း ပါသည်၊ ဟင်းသီးဟင်းရွက်လည်း ပါသည်၊ အဓိက အစားအစာလည်း ပါသဖြင့် အားလုံး ပြည့်စုံနေသည်။

All Chapters