← Chapters

အခန်း (၆၀၄-၆၀၆)

Vol. 41 Ch. 604-606

အခန်း (၆၀၄-၆၀၆)

Vol. 41 Ch. 604-606

အပိုင်း ၆၀၄

မော့ယန် ဆေးကြောပြီးနောက် မော့ချူးနှင့် နျဉ်ယွိယွမ်တို့က ပါဝင်ပစ္စည်းများကို လှီးဖြတ်လိုက်ကြသည်။

ခရမ်းသီးကို အတုံးလေးများ လှီးသည်၊ ပဲသီးများကို ခြွေသည်၊ ခရမ်းချဉ်သီးနှင့် ရေမှော်ပင်များကို အတုံးလေးများ လှီးကာ ဝက်သားသုံးထပ်သားကိုလည်း အတုံးလေးများ လှီးလိုက်ကြသည်။

ထို့နောက် ငရုတ်သီးမှ အစေ့များကို ဖယ်ထုတ်ကာ အတုံးလေးများ လှီးလိုက်ပြီး ခေါက်ဆွဲပြားများကို ရေနွေးထဲတွင် စိမ်ထားလိုက်သည်။

ဤပါဝင်ပစ္စည်းများကို ပြင်ဆင်ရန်ပင် နာရီဝက်ကျော် ကြာသွားခဲ့သည်။ အဓိက ပြဿနာမှာ ပမာဏ အလွန်များပြားနေခြင်း ဖြစ်သဖြင့် မော့ချူးသည် အိုးနှစ်လုံးပင် ပြင်ဆင်လိုက်ရသည်။

မီးမွှေးပြီးနောက် အိုးပူလာသည့်အခါ မော့ချူး ဆီထည့်လိုက်သည်။ ဆီ အသင့်အတင့် ပူလာသည့်အခါ ခရမ်းသီးကို နူးသည်အထိ အရင်ကြော်လိုက်သည်။ ထို့နောက် ဆီစစ်ကာ ပဲသီးများကို ဆက်ကြော်လိုက်သည်။

ထို့နောက် အိုးထဲတွင် ဆီအနည်းငယ် ချန်ထားကာ ရေမှော်ပင်များကို ထည့်ကြော်လိုက်သည်။ ရနံ့များ ထွက်လာသည့်အခါ ပဲငံပြာရည်၊ ဆား၊ ကြက်သားမှုန့်နှင့် ဟင်းရည်များကို ထည့်လိုက်သည်။

၎င်းတို့အထဲတွင် အခက်ခဲဆုံးမှာ ဟင်းခတ်အမွှေးအကြိုင် ပမာဏကို ထိန်းညှိရခြင်း ဖြစ်သည်။ အိုးအကြီးကြီးဖြင့် ချက်ရသည့် ဟင်းမှာ တစ်ယောက်စာ ချက်ရသည်ထက် အမြဲတမ်း ပိုခက်ခဲလေ့ရှိသည်။

ဟင်းရည် ပွက်ပွက်ဆူလာသည့်အခါ မော့ချူးက လှီးထားသော ဝက်သားများကို ထည့်ကာ ချက်လိုက်သည်။ အသားမှာ အနည်းငယ် နူးသွားသည့်အခါ ခရမ်းသီး၊ ပဲသီးနှင့် ခေါက်ဆွဲပြားများကို ထည့်ကာ ၁၅ မိနစ်ခန့် ထပ်ချက်လိုက်သည်။

နောက်ဆုံးတွင် မော့ချူးသည် ခရမ်းချဉ်သီးနှင့် ငရုတ်သီးများကို ထည့်ကာ ၅ မိနစ်ခန့် ထပ်ချက်လိုက်သည်။ အိုးချခါနီးတွင် နှမ်းဆီအနည်းငယ် ဆမ်းလိုက်ရုံသာ လိုတော့သည်။

အိုးအဖုံးကို ဖွင့်လိုက်သည့်အခါ မွှေးပျံ့လှသော ရနံ့မှာ နှာခေါင်းထဲသို့ တိုက်ရိုက် တိုးဝင်လာခဲ့သည်။

ပါဝင်ပစ္စည်း အမျိုးမျိုး၏ အရသာများမှာ ရောယှက်နေပြီး ထူးဆန်းမနေပေ။ ဆန့်ကျင်ဘက်အနေဖြင့် ၎င်းမှာ သဘာဝကျကျ အရသာ အလွှာလိုက် ရှိနေသည်။ သူမ ပိုမြည်းကြည့်လေလေ၊ ပိုစားကောင်းလေလေ ဖြစ်နေတော့သည်။

ထိုအချိန်တွင်ပင် အိမ်ထဲ၌ လည်ပတ်နေသော သွေးအလင်းသားရဲအုပ်စုမှာ တညီတညွတ်တည်း ပြေးထွက်လာကြသည်။ သူတို့၏ နှာခေါင်းလေးများကို ရှုံ့ကာ မျက်လုံးလေးများ တောက်ပလျက် မော့ချူးကို မျှော်လင့်တကြီး ကြည့်နေကြသည်။

ဝိုင်းဝိုင်းမှာ သူ၏ အထူးအခွင့်အရေးကို ထပ်မံပြသရန် ထွက်လာခဲ့ပြန်သည်။ အခြားသားရဲများ၏ မနာလိုသော အကြည့်များအောက်တွင် ဝိုင်းဝိုင်းသည် ဘဝင်မြင့်စွာဖြင့် ရှေ့သို့ လှမ်းလာပြီး သူ၏ ကိုယ်ပိုင် ပန်းကန်ခွက်ယောက်များကို ကျွမ်းကျင်စွာ ထုတ်လိုက်သည်။

သူသည် ၎င်းတို့ကို မော့ချူးရှေ့တွင် ချလိုက်ပြီး အသံနှစ်ချက် ပေးလိုက်သည်။ “ကျွန်တော့်ကို အရင်ပေး။”

“အေးပါ၊ အေးပါ။” မော့ချူး မငြင်းဘဲ ပြုံးကာ ပန်းကန်အပြည့် ခပ်ထည့်ပေးလိုက်သည်။ “ကိုယ့်ဘာသာကိုယ် စားတော့နော်။”

ဝိုင်းဝိုင်း တကယ်ပဲ ဆာနေတာလား၊ ဒါမှမဟုတ် ဟန်ဆောင်ပြနေတာလား မသိရသော်လည်း သူသည် အလွန်မြန်သော အရှိန်ဖြင့် တစ်လုတ်ပြီးတစ်လုတ် စားနေတော့သည်။

သူသည် ခဏခဏ နှုတ်ခမ်းသပ်ကာ မျက်လုံးလေးများကို မှိတ်ပြီး အရသာခံနေသည်။ သူ၏ ပုံစံမှာ အလွန်ပင် ပေါ့ပါးလွတ်လပ်နေပုံရသည်။ ဒါကို မြင်သည့်အခါ အခြားသားရဲများမှာ အလွန်ပင် စိတ်မရှည် ဖြစ်လာကြသည်။

သူတို့က မစားရသေးဘဲ ဝိုင်းဝိုင်းက သူတို့ရှေ့မှာ ဒီလောက် အရသာရှိရှိ စားပြနေတာကတော့ ရန်စနေသလိုပဲ မဟုတ်လား။

ထို့ကြောင့် မော့ချူး ပန်ကိတ်လုပ်ရန် နောက်သို့ လှည့်လိုက်သည့်အချိန်တွင်ပင် ဝိုင်းဝိုင်းမှာ သားရဲအုပ်စုကြီး၏ ဝိုင်းရံခြင်းကို ခံလိုက်ရတော့သည်။

ဘာပဲဖြစ်ဖြစ် ဝိုင်းဝိုင်း သတိဝင်လာပြီး သူ၏ စားစရာများကို ကာကွယ်ရန် ကြိုးစားသည့်အချိန်တွင် သူ၏ ပန်းကန်ထဲက အရာအားလုံးမှာ ကုန်စင်သွားခဲ့ပြီဖြစ်သည်။ ဟင်းရည်တစ်စက်တောင် မကျန်ခဲ့ပေ။ ချက်ချင်းပင် ဝိုင်းဝိုင်း၏ မျက်နှာပေါ်တွင် မျက်ရည်များ စီးကျလာတော့သည်။

“အာဝူးးး...” မှန်တစ်ချပ်လို ပြောင်လက်နေအောင် လျက်ထားသည့် ပန်းကန်လုံးကို ကြည့်ပြီး ဝိုင်းဝိုင်းသည် ဝမ်းနည်းမှု၊ ဒေါသတို့ဖြင့် အော်ဟစ်ငိုယိုတော့သည်။

'ကြည့် သူက တောင်တွေကိုကျော်၊ ရေတွေကိုဖြတ်ပြီး ဒီကောင်တွေကို ခေါ်ထုတ်လာပေးတာလေ။ အဲဒါကိုတောင် နောက်ဆုံးမှာ သူ့ရဲ့ စားကောင်းသောက်ဖွယ်တွေကို လုစားကြတုန်းပဲလား။ မင်းတို့မှာ အသိတရားတွေ၊ ကိုယ်ကျင့်တရားတွေရော ရှိကြသေးရဲ့လား။ မင်းတို့ ဝါးစားပစ်လိုက်ကြပြီ မဟုတ်လား။'

ဒီအချိန်မှာ ဝိုင်းဝိုင်း တကယ်ငိုချင်သော်လည်း မျက်ရည်က ထွက်မလာပေ။ သူ တကယ်ကို ဝမ်းနည်းနေရှာသည်။

“ဟားဟား...” ဒီမြင်ကွင်းကို ကိုယ်တိုင်မြင်လိုက်ရသည့် ချင်ယွဲ့မှာ အကျယ်ကြီး ရယ်မောတော့သည်။ 'ဟမ့် ဒီအာဏာရှင် ဝိုင်းဝိုင်း တစ်နေ့မှာ ဒီလို ခံရလိမ့်မယ်လို့ ဘယ်သူထင်မှာလဲ။'

အတိတ်ကို ပြန်စဉ်းစားကြည့်လျှင် မော့ချူးကလွဲလို့ ဒီလူစုထဲမှာ သူအနိုင်ကျင့်တာ မခံရဖူးသူ ဘယ်သူရှိသလဲ။ အခုတော့ ဝဋ်လည်ပြီပေါ့။ နောက်ဆုံးတော့ တစ်စုံတစ်ယောက်ရဲ့ အနိုင်ကျင့်တာ ခံလိုက်ရပြီ၊ အုပ်စုလိုက် တိုက်ခိုက်တာတောင် ခံလိုက်ရတာ။ တကယ်ကို ကျေနပ်စရာပဲ။

ဝူးခနဲ အသံနှင့်အတူ ဝိုင်းဝိုင်းသည် ခေါင်းလှည့်ကာ ချင်ယွဲ့ကို ဒေါသတကြီး စိုက်ကြည့်လိုက်သည်။ သူက အရှက်ရလွန်းလို့ ဒေါသတွေထွက်နေသည့်ကြားက ဒီရယ်သံကို ကြားလိုက်ရသည့်အခါ ချက်ချင်းပင် ပေါက်ကွဲသွားတော့သည်။

ဟောက်သံတစ်ချက်နှင့်အတူ သူ ရှေ့သို့ ခုန်အုပ်လိုက်သည်။ ထိုလက်သည်းလေးများမှာ လေတိုးသံပင် ထွက်ပေါ်လာစေသည်။

အခြေအနေ မကောင်းမှန်း သိလိုက်သဖြင့် ချင်ယွဲ့ အမြန်ရှောင်လိုက်ရသည်။ ဝိုင်းဝိုင်းရဲ့ ခန္ဓာကိုယ်လေးက သေးတယ်ဆိုပေမယ့် အလွန်ပင် လျင်မြန်ဖြတ်လတ်လှသည်။ သာမန်လူတစ်ယောက်ကတော့ သူ့ကို ယှဉ်နိုင်ဖို့ တကယ်မလွယ်ပေ။

အင်အားတွေ အများကြီး သုံးလိုက်ရသော်လည်း ချင်ယွဲ့သည် ဤနှောင့်ယှက်နေသော ကောင်လေးကို မဖယ်ရှားနိုင်သေးဘဲ ဆန့်ကျင်ဘက်အနေဖြင့် သူသာ အလွန်အမင်း ပင်ပန်းလာခဲ့သည်။ တစ်ကိုယ်လုံးရှိ အင်္ကျီများမှာ ရွှဲရွှဲစိုနေပြီး ကျောပြင်တွင်လည်း ချွေးများဖြင့် ပြည့်နေတော့သည်။ ဤခံစားချက်မှာ ချင်မိသားစု၏ လေ့ကျင့်ရေးစခန်းတွင် ရှိနေစဉ်ကထက်ပင် ပို၍ ပင်ပန်းလှသည်။

ချင်ယွဲ့ အသက်ကို ခပ်ပြင်းပြင်း ရှူပြီး စိတ်ထဲမှ တွေးမိသည်။ ‘ဒီ၀၀ကစ်ကစ် ဝိုင်းဝိုင်းက အငြိုးအတေး သိပ်ကြီးတာပဲလား။ ငါက ရယ်လိုက်မိရုံတင်ပါ၊ ဒီလောက်အထိ လုပ်ဖို့ လိုလို့လား။’

ခေါင်းလှည့်ကြည့်လိုက်သည့်အခါ အခြား သွေးအလင်းသားရဲများမှာ ဝိုင်းဝိုင်းကို ကူညီရန် ထွက်မလာကြသော်လည်း အစီအရီ ထိုင်ကာ သူတို့တိုက်ပွဲကို တီဗီဇာတ်လမ်းတွဲ ကြည့်နေသည့်အလားပင် စိတ်ဝင်တစား ကြည့်နေကြသည်။

အဓိကအချက်မှာ ကြည့်နေရုံနှင့် မပြီးဘဲ သူတို့၏ မျက်လုံးများမှာ တစ်ခါတရံတွင် မထီမဲ့မြင်ပြုသည့် အကြည့်များဖြင့် တောက်ပနေခြင်းဖြစ်သည်။ 'ဒါက ဘာသဘောလဲ။ သူ့ကို အထင်သေးနေကြတာလား'

သွေးအလင်းသားရဲများအားလုံး - ‘ဟဲဟဲ။ ဒါပေါ့... ဝိုင်းဝိုင်းက သူ့ကိုယ်သူ အများကြီး ထိန်းထားတာတောင် မင်းက သူ့ကို မနိုင်ဘူး။ တကယ် အသုံးမကျတာပဲ။’

“ဖူး...” ချင်ယွဲ့ သွေးတစ်လုပ်အန်မတတ် ခံစားလိုက်ရသည်။ ထိုသားရဲများ၏ မျက်လုံးထဲက ခံစားချက်ကို သူ ဘယ်လို မြင်နိုင်တာလဲလို့ မမေးပါနဲ့၊ ဘာလို့လဲဆိုတော့ သူ အခုအချိန်မှာ ပြိုလဲတော့မလို ဖြစ်နေလို့ပါပဲ။

သားရဲတစ်ကောင်ရဲ့ အထင်သေးတာကို ခံရတာ တစ်မျိုး၊ အခုတော့ အုပ်စုလိုက် အထင်သေးခံနေရတာလား။ ဘာတွေလဲဟ၊ ဒါက ဘာသဘောလဲ။ ငါ့ရဲ့ သိက္ခာလေးကိုတော့ ချန်ပေးကြပါဦးလား။

ချင်ယွဲ့ အာရုံအနည်းငယ် လွတ်သွားသည့်အချိန်တွင် ဝိုင်းဝိုင်း သူ့ကို တိုက်ခိုက်လိုက်သဖြင့် သူလန့်သွားကာ ဘေးသို့ အမြန်ရှောင်လိုက်ရသည်။ ကံမကောင်းစွာဖြင့် သူ တစ်လှမ်း နောက်ကျသွားခဲ့သည်။ “ရှူး...” လုံးလုံးလေးက သူ၏ လက်သည်းဖြင့် အစွမ်းကုန် ကုတ်လိုက်သဖြင့် ချင်ယွဲ့၏ ကောင်းမွန်လှသော အင်္ကျီမှာ ချက်ချင်းပင် နှစ်ပိုင်း ကွဲသွားတော့သည်။

သူ၏ အင်္ကျီ စုတ်ပြတ်သတ်သွားသည်ကို မြင်ရသည့်အခါ ချင်ယွဲ့မှာ ချွေးစေးများ ထွက်လာတော့သည်။ 'ဖက်ခ့်။ ခုနကသာ နည်းနည်း နှေးသွားရင် ငါ့ခန္ဓာကိုယ်ပါ အပိုင်းပိုင်း ပြတ်သွားမလား မသိဘူး။ ဖက်ခ့် ဒါက တကယ်ကို ကြောက်စရာကောင်းတဲ့ အတွေးပဲ။'

ဒါတောင်မှ ဝိုင်းဝိုင်းက ရပ်တန့်မည့် အရိပ်အယောင် လုံးဝမရှိပေ။ အခြေအနေမှာ ပို၍ ပြင်းထန်လာပုံရသည်။ ချင်ယွဲ့ ဆက်မတောင့်ခံနိုင်တော့ပေ။ ဒီအတိုင်း ဆက်သွားရင် ဘာဖြစ်လာမလဲ ဆိုတာ မသိနိုင်တော့ပေ။

ဒီအချိန်မှာ သူ မော့ချူးကို အမြန် အကူအညီတောင်းလိုက်ရသည်။ “ချူးလေး၊ ငါ့ကို အမြန်လာကယ်ပါဦး။ မင်းရဲ့ အိမ်မွေးတိရစ္ဆာန်ကို သေသေချာချာ ထိန်းပေးပါဦး။ မဟုတ်ရင် ဒီမှာ လူသေတော့မယ်။”

ချင်ယွဲ့၏ အော်ဟစ်သံကို ကြားရသည့်အခါ မော့ချူး ခေါင်းခါယမ်းလိုက်မိသည်။ သူမ၏ မျက်လုံးထဲတွင် အပြုံးရိပ်လေးများ ရှိနေသည်။ ချင်ယွဲ့ အကြိမ်အနည်းငယ် အော်ပြီးနောက်တွင်မှ သူမ ကူညီလိုက်သည်။ “ကဲ တော်ပြီ၊ ဆော့မနေနဲ့တော့။ ထမင်းစားရအောင်။”

စာသားလေး တစ်ခုတည်းသာ ဖြစ်သော်လည်း ၎င်းမှာ မှော်ဆန်သော အစွမ်းရှိသကဲ့သို့ သွေးအလင်းသားရဲများနှင့် ဝိုင်းဝိုင်းတို့မှာ လိမ္မာပါးနပ်စွာဖြင့် ခေါင်းလှည့်ကာ အစီအရီ ထိုင်လိုက်ကြသည်။

ဒီလို လိမ္မာနေတဲ့ ပုံစံက ခုနကနဲ့ လုံးဝကို ကွဲပြားခြားနားလှသည်။ ချင်ယွဲ့သာ ကိုယ်တိုင် မမြင်ခဲ့လျှင် ခုနက သားရဲတွေက အတုတွေလို့ ထင်မိမှာ သေချာသည်။

... သွေးအလင်းသားရဲအုပ်စုကြီး တိုးလာသဖြင့် မော့ချူး၏ အစားအစာ ထည့်သည့် ပန်းကန်မှာ ပန်းကန်ပြားလေးမှသည် ဇလုံအကြီးကြီးအထိ ပြောင်းလဲသွားခဲ့သည်။

သေချာသည်တစ်ခုမှာ သူတို့၏ အစားအစာများကိုတော့ သီးသန့်စီ ကျွေးခဲ့သည်။ တကယ်တော့ မော့ချူးအနေဖြင့် သူတို့၏ သန့်ရှင်းရေးကို သေချာမသိသောကြောင့် ဖြစ်သည်။ သို့သော် ထိုသားရဲများကတော့ ဒါကို ဂရုမစိုက်ကြဘဲ ဝက်ကလေးတွေ စားနေသလိုမျိုး ပျော်ပျော်ပါးပါး စားနေကြတော့သည်။

စားနေစဉ်အတွင်း မော့ချူးက ထိုသူငယ်ချင်းသစ်တွေက အစားအစာနဲ့ အဆင်ပြေရဲ့လားဆိုတာကို အထူးဂရုစိုက် ကြည့်နေခဲ့သည်။ နောက်ဆုံးတွင်တော့ သူမ စိုးရိမ်တာ လွန်သွားမှန်း သိလိုက်ရသည်။ သူတို့က အလွန်ပင် ကောင်းကောင်းမွန်မွန် စားနေကြသည်ကိုး။

တကယ်ကိုပဲ။ ဝိုင်းဝိုင်းရဲ့ မိသားစုဝင်တွေဆိုမှတော့ သူတို့ရဲ့ အရသာခံနိုင်စွမ်းက ဘယ်လိုလုပ် ညံ့ပါ့မလဲ။ ဒီလိုနဲ့ ဟင်းအိုးအနည်းငယ်နဲ့ ဖုတ်ထားသောမုန့်အားလုံးကို သူတို့ အကုန်စားပစ်လိုက်ကြသည်။

ဟင်းအိုးကို သေချာကြည့်လျှင် ဆီကွက်လေးတွေတောင် မကျန်အောင် လျက်ထားကြသည်ကို တွေ့ရသည်။ ဒါတောင်မှ ဝိုင်းဝိုင်းရဲ့ အဆိုအရ သူတို့က ဗိုက် ၇၀-၈၀ ရာခိုင်နှုန်းလောက်ပဲ ပြည့်သေးတာတဲ့။

အဲဒီနောက်မှာတော့ မော့ချူးသည် သူမ၏ အရံစားနပ်ရိက္ခာတွေအတွက် စတင်စိုးရိမ်လာတော့သည်။ ဒီလိုသာ စားနေရင် သူမလက်ထဲက အရာတွေက ကြာကြာခံမှာ မဟုတ်ဘူးလေ။

ဝိုင်းဝိုင်းနှင့် မြေခွေးပျံလေးတို့၏ အခန်းမှာ အလွန်ကျယ်သည်။ အခု မြေခွေးပျံလေး ထွက်သွားပြီဖြစ်သဖြင့် သွေးအလင်းသားရဲအများကြီး ထည့်ထားသော်လည်း ဆံ့နေဆဲပင် ဖြစ်သည်။

ဝအောင်စားသောက်ပြီးနောက် သားရဲအုပ်စုမှာ လုံးလုံးလေးနောက်သို့ လိုက်ကာ အခန်းထဲသို့ ဝင်သွားကြသည်။ သူတို့၏ အနီရောင်မျက်လုံးလေးများမှာ တောက်ပနေကြသည်။ 'ဝိုး၊ ဝအောင်စားပြီး နေ့ခင်းဘက် တရေးအိပ်ရတာကတော့ အကောင်းဆုံးပဲပေါ့'

ဒီလို ဝက်လို နေထိုင်မှုပုံစံက သွေးအလင်းသားရဲတွေရဲ့ ဘုံလက္ခဏာ ဖြစ်လောက်သည်။ သူတို့မှာ အစွမ်းထက်တဲ့ ခွန်အားရှိလို့သာ တော်သေးသည်။ မဟုတ်ရင်တော့ ဒီလိုစိတ်ဓာတ်နဲ့ဆို တရေးအိပ်နေတုန်း တခြားသားရဲတွေရဲ့ ဝါးစားတာကို ခံရလောက်ပြီပင်။

အနာဂတ်ရဲ့ အစားပုပ်ကလေးကို ချုပ်ချယ်ခြင်း

အပိုင်း ၆၀၅

ဧည့်ခန်းထဲတွင်မူ နျဉ်ယွိယွမ်သည် မျက်မှောင်ကြုတ်ကာ အလေးအနက် စဉ်းစားနေမိသည်။

“ဗိုလ်မှူးနျဉ်၊ ဘာဖြစ်လို့လဲ။” ချင်ယွဲ့က ခေါင်းငုံ့ကာ သူ၏ စုတ်ပြတ်နေသော အင်္ကျီကို ပြန်ပြင်နေရင်း မေးလိုက်သည်။ သူ ခေါင်းပြန်မော့ကြည့်လိုက်သည့်အခါ နျဉ်ယွိယွမ်၏ တည်ကြည်သော မျက်နှာပေးကို မြင်ရသဖြင့် မစဘဲ မနေနိုင်တော့ပေ။ “မင်းက ခုမှ လက်ထပ်ပြီးကာစ ရှိသေးတာကို အခု ဒီလောက်တောင် ဖြစ်နေရင် နောက်ဆို ဘယ်လိုလုပ်မလဲ။”

နျဉ်ယွိယွမ် ဘာမှပြန်မပြောခင်မှာပင် မော့ယန်က ချင်ယွဲ့ကို အရင် မျက်စောင်းထိုးလိုက်သည်။

“မင်း ခုနက ပြောလိုက်တာ အဘိုးချင်ကို မှော်နယ်မြေကို လိုက်ပို့တုန်းက ဝိုင်းဝိုင်းတို့နဲ့ ဆုံခဲ့တာ ဆိုတာ ဟုတ်လား။” နျဉ်ယွိယွမ် ရုတ်တရက် မေးလိုက်သည်။

“ဟုတ်တယ်လေ။” ချင်ယွဲ့ ခေါင်းညိတ်ပြလိုက်သည်။ နျဉ်ယွိယွမ်၏ မျက်နှာက ပို၍ တည်ကြည်သွားသည်ကို မြင်ရသည့်အခါ သူလည်း မျက်မှောင်ကြုတ်မိသွားသည်။ “ဘာလို့လဲ။ ပြဿနာရှိလို့လား။”

“တစ်ခုခုတော့ မှားနေပြီလို့ ငါ ခံစားနေရတယ်...” နျဉ်ယွိယွမ်က စားပွဲပေါ်ကို လက်ချောင်းဖြင့် ခေါက်ကာ အလေးအနက် စဉ်းစားနေသည်။

ဝိုင်းဝိုင်းက သူ့ရဲ့ မျိုးနွယ်စု တစ်ခုလုံးကို ခေါ်လာတယ်... အဘိုးချင်က မှော်နယ်မြေကို ကိုယ်တိုင်သွားတယ်... ဒီနှစ်ခုကြားမှာ ဆက်နွှယ်မှု ရှိနေမလား။

မော့ချူးလည်း လျှောက်လာပြီး သူတို့ပြောတာကို နားထောင်နေသည်။ “မှော်နယ်မြေမှာ တစ်ခုခု ဖြစ်နေတာလား။”

“မှော်နယ်မြေမှာ တစ်ခုခု ဖြစ်နေတာများလား။” သူတို့နှစ်ယောက်လုံး တပြိုင်နက်တည်း အော်ပြောလိုက်ကြသည်။ အစပိုင်း စကားကို နျဉ်ယွိယွမ်က ပြောလိုက်ခြင်းဖြစ်ပြီး နောက်ဆုံးစကားကိုမူ မော့ချူးက လိုက်ပါပြောဆိုခဲ့ခြင်း ဖြစ်သည်‌။

သူတို့ ပြောလိုက်သည့် စကားလုံးများ အနည်းငယ် ကွဲပြားသော်လည်း ဆိုလိုရင်းကတော့ အတူတူပင် ဖြစ်သည်။

“အလို... လင်မယားတွေပီပီ တကယ်ကို နားလည်မှု ရှိကြတာပဲ။” ချင်ယွဲ့က သူတို့ကို ရယ်မောလိုက်သည်။ ထို့နောက်မှ သူတို့ ပြောလိုက်သည့် စကား၏ အဓိပ္ပာယ်ကို သဘောပေါက်သွားသည်။ “... မှော်နယ်မြေမှာ ပြဿနာတစ်ခုခု ရှိနေတာလား။”

ချင်ယွဲ့ ခဏတာ မှင်တက်သွားပြီးမှ ခေါင်းခါလိုက်သည်။ “ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။” မှော်နယ်မြေက နှစ်ပေါင်း ထောင်ချီ တည်ရှိခဲ့တာလေ။ ဘယ်လိုလုပ် ရုတ်တရက်ကြီး ပြဿနာဖြစ်နိုင်မှာလဲ။ ဒါက မဖြစ်နိုင်တာပဲ။

မော့ယန်ကတော့ ခဏစဉ်းစားပြီးနောက် ဆန့်ကျင်ဘက် အမြင်ကို ပြောလိုက်သည်။ “ငါကတော့ နျဉ်ယွိယွမ်နဲ့ မော့ချူးလေး ပြောတာ ဖြစ်နိုင်တယ်လို့ ထင်တယ်။” 'မဟုတ်ရင်တော့ ဒီလို ရုတ်တရက် အပြောင်းအလဲတွေကို ရှင်းပြဖို့ နည်းလမ်းမရှိဘူး၊ အထူးသဖြင့် ဝိုင်းဝိုင်းက ဘာလို့ သူ့မိသားစုတွေကို ခေါ်လာရတာလဲ။ အစားအသောက် တစ်လုတ်အတွက်တင်လား။'

“ဟင့်အင်း… မဖြစ်နိုင်ဘူး” ချင်ယွဲ့ကတော့ မယုံနိုင်သေးပေ။

မှော်အပင်တွေနဲ့ သားရဲတွေ မရှိရင် သူတို့ ရှင်သန်ဖို့ လိုအပ်တဲ့ အရင်းအမြစ်တွေကို ရနိုင်မှာ မဟုတ်ဘူး။ မှော်နယ်မြေမှာသာ ပြဿနာရှိလာပြီး ဟန်ချက်ပျက်သွားရင် ဘယ်သူက သူတို့ရဲ့ အနာဂတ် လုံခြုံဖို့အတွက်ကို အာမခံနိုင်မှာလဲ။

“ငါတို့ ထင်သလောက် မဆိုးဝါးတာလည်း ဖြစ်နိုင်တာပဲ မဟုတ်လား။” အားလုံး၏ မျက်နှာများ တည်ကြည်သွားသည်ကို မြင်ရသည့်အခါ ချင်ယွဲ့ တိုးတိုးလေး ပြောလိုက်သည်။

“မဖြစ်နိုင်ဘူး။” နျဉ်ယွိယွမ် ခေါင်းခါလိုက်သည်။ သူ၏ ထက်မြက်သော နိုင်ငံရေး အမြင်က ပုံမှန်မဟုတ်သည့် အခြေအနေကို ချက်ချင်း သိရှိစေသည်။ “အခြေအနေသာ မဆိုးဝါးရင် အဘိုးချင်လို လူမျိုးကို အလုပ်ရှုပ်ခံ ခေါ်မှာ မဟုတ်ဘူး။”

ချင်ယွဲ့မှာ ပြန်မပြောနိုင်တော့ပေ။

“ဒါဆိုရင် ကျွန်မ ဝိုင်းဝိုင်းကို အရင်သွားမေးကြည့်လိုက်မယ်။” အခြေအနေ၏ အရေးကြီးပုံကို သဘောပေါက်သွားသဖြင့် မော့ချူး သက်ပြင်းတစ်ချက်ချကာ ရုတ်တရက် ထရပ်လိုက်သည်။

“ကိုယ်လည်း လိုက်ခဲ့မယ်။” နျဉ်ယွိယွမ်လည်း နောက်ကပ်လျက် လိုက်သွားခဲ့သည်။ ကျန်ရှိနေသော ချင်ယွဲ့နှင့် မော့ယန်တို့မှာတော့ တစ်ယောက်ကိုတစ်ယောက် ကြည့်ရင်း အသက်ရှုသံများပါ လေးလံလာခဲ့သည်…

အခန်းထဲတွင် ဝိုင်းဝိုင်းမှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေဆဲပင်။ သူမ၏ ပါးစပ်လေးမှာ အနည်းငယ် ဟနေပြီး အသားပြည့်နေသော ရင်ဘတ်လေးမှာ နိမ့်လိုက်မြင့်လိုက် ဖြစ်နေသည်။ သူမ၏ ပုံစံမှာ တကယ်ကို ပေါက်ကွဲထွက်မတတ် ချစ်ဖို့ကောင်းလှသည်။

မော့ချူး အထဲသို့ ဂရုတစိုက် လှမ်းဝင်လိုက်သည်။ ဖြူဖွေးနုနယ်သော သွေးအလင်းသားရဲများမှာ ကြမ်းပြင်အနှံ့ လဲလျောင်းနေကြသည်။ ထို့ပြင် သူတို့၏ အိပ်စက်သည့် ပုံစံများမှာလည်း အတော်လေး ထူးဆန်းလှသည်။ သူမသာ မှားပြီး နင်းမိသွားရင်တော့ တကယ်ကို အပြစ်ရှိစရာ ဖြစ်လိမ့်မည်ဟု စိုးရိမ်မိသည်။

“ဟူး...” ခက်ခက်ခဲခဲနှင့် ဝိုင်းရံထားသည့်ကြားမှ ဝိုင်းဝိုင်းရှိရာသို့ သူမ လျှောက်သွားလိုက်သည်။ မော့ချူး နှုတ်ခမ်းလေးကို စေ့ထားရင်း ဝိုင်းဝိုင်းကို တွန်းနှိုးလိုက်သည်။ ဒီကောင်လေးကတော့ အခုထိ အိမ်မက်လှလှလေးတွေ မက်နေတုန်း ဖြစ်လိမ့်မည်။

တောက်ပသော အနီရောင်မျက်လုံးလေးများ ပွင့်လာသည့်အခါ သူသည် ဝေခွဲမရဖြစ်နေဆဲပင်။ “အာဝူးး... အာဝူး...” ကလေးသံလေးဖြင့် နှစ်ခါ အော်လိုက်သည့်အသံမှာ လူတွေကို တကယ်ပင် အသည်းယားသွားစေသည်။

မော့ချူး သူ့ကို ညင်သာစွာ ပုတ်လိုက်ပြီး ဧည့်ခန်းသို့ ပွေ့ချီသွားခဲ့သည်။ ဧည့်ခန်းသို့ ဖြတ်သွားသည့်အချိန်တွင် လေတိုက်လိုက်သဖြင့် ဝိုင်းဝိုင်းမှာ ချက်ချင်းပင် နိုးသွားတော့သည်။ သူ မျက်လုံးဖွင့်ကာ ပတ်ဝန်းကျင်ကို ကြည့်လိုက်သည့်အခါ မှင်တက်သွားခဲ့သည်။

'... ဟင်။ သူ အခန်းထဲမှာ အိပ်နေတာ မဟုတ်ဘူးလား။ ဘာလို့ ရုတ်တရက်ကြီး ဒီကို ရောက်နေရတာလဲ' သူ အိမ်မက်မက်နေတာလားဆိုတာ သိနိုင်ဖို့ သူ၏ လက်သည်းလေးများဖြင့် မျက်လုံးကို မသိမသာ ပွတ်သပ်လိုက်သည်။

“စိတ်မပူပါနဲ့၊ ငါ မင်းကို ပွေ့လာတာပါ။” ဒါကို မြင်လိုက်ရသည့်အခါ မော့ချူး မရယ်ဘဲ မနေနိုင်တော့ပေ။ သူမသည် အမွှေးနုလေးများ ဖုံးအုပ်ထားသော သူ၏ ဖြူနုသည့် ဝမ်းဗိုက်လေးကို ပွတ်သပ်ရင်း မေးလိုက်သည်။ “ဝိုင်းဝိုင်း မင်း ဘာလို့ မင်းရဲ့ မိသားစုတွေကို ရုတ်တရက်ကြီး ခေါ်လာရတာလဲ။”

ဤမေးခွန်းကို ကြားလိုက်ရသည့်အခါ ဝိုင်းဝိုင်း၏ မျက်လုံးများမှာ ပြူးထွက်သွားတော့သည်။ သူ၏ မျက်နှာပေါ်တွင် စိုးရိမ်ပူပန်သော အရိပ်အယောင်များ ပေါ်လာခဲ့သည်။ သူ၏ လက်နှစ်ဖက်ဖြင့် အလျင်အမြန်ပင် အမူအရာများ လုပ်ပြကာ မရပ်မနား အော်ဟစ်နေတော့သည်။

“သူ ဘာပြောနေတာလဲ။” စိတ်မရှည်ဆုံးဖြစ်သော ချင်ယွဲ့က အရင်ဆုံး မေးလိုက်သည်။

မော့ချူး ခဏတာ တိတ်ဆိတ်သွားပြီးမှ “ဝိုင်းဝိုင်း ပြောတာကတော့ မှော်နယ်မြေမှာ အန္တရာယ် တစ်ခုခု ဖြစ်တော့မယ်လို့ သူ ခံစားရလို့၊ သူ ရှာတွေ့သမျှ သွေးအလင်းသားရဲတွေအားလုံးကို ကြိုတင် ခေါ်ထုတ်လာခဲ့တာတဲ့။”

“အန္တရာယ်...” ဒါကို ကြားလိုက်ရသည့်အခါ ချင်ယွဲ့၏ မျက်နှာမှာ တောင့်တင်းသွားခဲ့သည်။ ခုနက နျဉ်ယွိယွမ်တို့၏ ခန့်မှန်းချက်ကို သူ ငါးဆယ်ရာခိုင်နှုန်းလောက် ယုံခဲ့သည်ဆိုလျှင် အခု မော့ချူး၏ စကားက နောက်ထပ် သုံးဆယ်ရာခိုင်နှုန်းလောက် ထပ်တိုးစေခဲ့သည်။

“အဲဒါက ဘယ်လို အန္တရာယ်မျိုးလဲလို့ ဝိုင်းဝိုင်း ပြောသေးလား။ ဘယ်အချိန်မှာ ဖြစ်မှာလဲ။” မော့ယန်က အနည်းငယ် ရှေ့သို့ ကိုင်းညွှတ်ကာ အရေးကြီးဆုံး အချက်ကို တိုက်ရိုက် မေးလိုက်သည်။

“မပြောဘူး။” ဤစကားကို မော့ချူးက ပြောလိုက်ခြင်း မဟုတ်ဘဲ နျဉ်ယွိယွမ်က ပြောလိုက်ခြင်း ဖြစ်သည်။

ချင်ယွဲ့က နျဉ်ယွိယွမ်ကို ကြည့်ကာ နှုတ်ခမ်းစူလိုက်သည်။ 'ဟွန်း။ ဒီအချိန်မှာ လာပြီး ရိုပြဖို့ မစဉ်းစားနဲ့။ စိတ်ချင်းဆက်သွယ်နေတာက ဒီအချိန်မှာ အသုံးမဝင်ဘူး၊ ဟုတ်ပြီလား'

“ချူးလေး၊ မင်းရော ဘယ်လိုထင်လဲ။” ချင်ယွဲ့က မော့ချူးကို မျှော်လင့်တကြီး ကြည့်လိုက်သည်။ ကံမကောင်းစွာဖြင့် သူ ရရှိလိုက်သည်မှာ အလားတူ အဖြေမျိုးပင် ဖြစ်နေသည်။

မော့ချူး မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။ “ဝိုင်းဝိုင်းက သူ ဒီလို အန္တရာယ်မျိုးကို ခံစားရတယ်လို့ပဲ ပြောတာ၊ အသေးစိတ် အခြေအနေကိုတော့ သူလည်း မသိဘူးတဲ့။”

“ငါလည်း အဲဒီလိုပဲ ထင်တယ်။” နျဉ်ယွိယွမ်က ခေါင်းညိတ်လိုက်သည်။ “မဟုတ်ရင် ချူးလေးက စစချင်း ပြောကတည်းက ရှင်းရှင်းလင်းလင်း ပြောပြမှာပေါ့။”

လူတွေက မသိစိတ်ကနေ စကားပြောတဲ့အခါ၊ အထူးသဖြင့် ပထမဆုံးအကြိမ်မှာ အဓိက အချက်တွေကို အထူးဂရုစိုက် ပြောလေ့ရှိပြီး တခြား အသေးစိတ်တွေကိုတော့ ချန်လှပ်ထားတတ်ကြသည်။ သို့သော် မော့ချူးက ဒါကို မပြောခဲ့သဖြင့် သူလည်း သဘာဝကျကျပင် မကြားခဲ့ရခြင်း ဖြစ်သည်။

ဒါကြောင့်... အန္တရာယ် ရှိနေတာကိုတော့ သူတို့ သိကြသော်လည်း ဘယ်အချိန်မှာ ဖြစ်လာမလဲဆိုတာ မသိကြပေ။ ဤခံစားချက်မှာ တကယ်ကို ညှဉ်းပန်းနှိပ်စက်ခံနေရသလိုပင်။ အားလုံးမှာ တစ်ယောက်ကိုတစ်ယောက် ကြည့်နေကြပြီး ဘာမှ မပြောနိုင်ကြတော့ပေ။

တိတ်ဆိတ်နေစဉ်မှာပင် ဝိုင်းဝိုင်းက ရုတ်တရက် နှစ်ကြိမ် ဟောက်လိုက်ပြန်သည်။ “ဘာလဲ။” ချင်ယွဲ့က စိတ်လှုပ်ရှားစွာဖြင့် မော့ချူးကို ကြည့်လိုက်သည်။ “ဝိုင်းဝိုင်း တစ်ခုခု မှတ်မိသွားပြီလား။”

“မဟုတ်ပါဘူး။” မော့ချူး ခေါင်းခါယမ်းလိုက်ပြီး သူ၏ ခေါင်းလေးကို ညင်သာစွာ ပွတ်သပ်လိုက်သည်။ “သူက ပြန်အိပ်ချင်နေပြီတဲ့။”

ဝိုင်းဝိုင်းက သူတို့ကို အပြစ်ကင်းစင်စွာ ကြည့်လိုက်ပြီး သမ်းဝေလိုက်သေးသည်။ 'မင်းတို့အားလုံး ငါ့ကို ဘာလို့ ကြည့်နေကြတာလဲ။ ငါ မကြာသေးခင်က ပိုချောလာလို့လား။'

“ကဲ... သွားအိပ်တော့နော်။” မော့ချူးက ပြုံးကာ သူ၏ နှာခေါင်းလေးကို ဆွဲညှစ်လိုက်သည်။ “ဒီနေ့အတွက် ကျေးဇူးတင်ပါတယ်။”

မော့ချူး ပြောလိုက်သည်နှင့် တပြိုင်နက် ဝိုင်းဝိုင်းသည် သူမ၏ ရင်ခွင်ထဲမှ ခုန်ဆင်းကာ အခန်းထဲသို့ တန်းပြေးသွားတော့သည်။ သူ၏ အရှိန်မှာ မယုံနိုင်လောက်အောင် မြန်ဆန်လှသည်။ ကျန်ရှိနေသော လူများမှာတော့ စိတ်ထဲတွင် အတော်လေး ဝေခွဲမရ ဖြစ်နေကြတော့သည်…

“တော်လောက်ပြီ။” နျဉ်ယွိယွမ် လက်ခုပ်တီးလိုက်သဖြင့် အသံထွက်လာခဲ့သည်။ “ငါတို့ အရမ်း အလောတကြီး ဖြစ်နေဖို့ မလိုဘူး။ အသေးစိတ် အခြေအနေကို မသိရသေးပေမယ့် အနည်းဆုံးတော့ ငါတို့ နေနေတဲ့ နေရာက ဘေးကင်းနေသေးတယ်ဆိုတာကိုတော့ အာမခံနိုင်ပါတယ်။”

ဒါက အလကားပြောနေတာ မဟုတ်လား။ ဝိုင်းဝိုင်းက သူ့မိသားစုတွေကို ဒီအထိ ခေါ်လာရဲတယ်ဆိုမှတော့ ဒီနေရာ ဘေးကင်းမယ်ဆိုတာ သူ သေချာပေါက် သိပြီးသားပဲလေ။ ဒါပေမယ့် နျဉ်ယွိယွမ်၏ စကားကို ကြားရသည့်အခါ အားလုံး၏ စိတ်ခံစားချက်မှာ ပိုကောင်းလာခဲ့သည်။

“ဒါဆိုရင် ကျွန်မတို့ စားနပ်ရိက္ခာတွေကို အလုံးအရင်းနဲ့ အရင်ဝယ်ထားသင့်လား။” မော့ချူး မျက်တောင်ခတ်ရင်း တိုးတိုးလေး မေးလိုက်သည်။ အကယ်၍ နောင်တွင် တစ်ခုခု ဖြစ်လာလျှင် သူတို့ အခက်မတွေ့တော့ဘူးလေ။

“ဟုတ်တယ်။” နျဉ်ယွိယွမ် ပထမဆုံး ခေါင်းညိတ်လိုက်သည်။ “ဒီကိစ္စကိုတော့ အစီအစဉ်ထဲမှာ အရင်ဆုံး ထည့်ထားရမယ်။ ဒါပေမယ့် စားနပ်ရိက္ခာ ဝယ်တဲ့အခါမှာ လူသိမများအောင် သတိထားရမယ်၊ တခြားလူတွေက ပြဿနာရှိနေပြီဆိုတာ သိသွားမှာ စိုးလို့။”

“ဒါဆို တခြားလူတွေကိုရော ပြောပြရမလား...” ချင်ယွဲ့ တွန့်ဆုတ်စွာ မေးလိုက်သည်။ ဘာပဲဖြစ်ဖြစ် သူ့မှာ ဆွေမျိုးသူငယ်ချင်းတွေ အများကြီး ရှိသည်။

နျဉ်ယွိယွမ် ခေါင်းလှည့်လိုက်သည့်အခါ သူ၏ မျက်လုံးများမှာ ရုတ်တရက် တင်းမာသွားသည်။ “မင်း သိထားရမှာက ဒီကိစ္စက လုံးဝကို လျှို့ဝှက်ချက်ပဲ။ မဟုတ်ရင် အဘိုးချင်က မင်းတို့ကို ဖုံးကွယ်ထားမှာ မဟုတ်ဘူး။ မင်းသာ လူသိရှင်ကြား လုပ်မိလို့ အထက်လူကြီးတွေ ဒါမှမဟုတ် တခြားလူတွေ သိသွားရင်... ဘာဖြစ်မယ်ဆိုတာ ငါ ထပ်ပြောဖို့ မလိုတော့ဘူး မဟုတ်လား။”

အကြီးအကျယ် ရုန်းရင်းဆန်ခတ်မှုတွေ သေချာပေါက် ဖြစ်လာမှာပဲ။

“ငါ သိပြီ။” ချင်ယွဲ့၏ မျက်နှာမှာ တည်ကြည်သွားပြီး ခေါင်းကို အနည်းငယ် ငုံ့လိုက်သည်။ သူသည် နျဉ်ယွိယွမ်၏ အစွမ်းထက်ပြီး အေးစက်လှသော အရှိန်အဝါကို လုံးဝ မခုခံရဲပေ။

“ဒါပေမယ့် မင်း သူတို့ကို စိတ်ပူနေတယ်ဆိုရင်တော့” ချင်ယွဲ့၏ တုံ့ပြန်မှုကို မြင်သည့်အခါ နျဉ်ယွိယွမ် အနည်းငယ် စိတ်အေးသွားသည်။ “မင်း အရင်းအမြစ်တွေကို ပိုပြီး စုဆောင်းထားပြီးတော့ အချိန်တန်ရင် သူတို့ကို ပေးလိုက်လို့ ရတာပဲ မဟုတ်လား။ အဲဒါဆို မလုံလောက်ဘူးလား။”

“ဟုတ်သားပဲ။” ချင်ယွဲ့မှာ စိုးရိမ်စိတ်ကြောင့် ဝေဝေဝါးဝါး ဖြစ်နေခဲ့ခြင်းဖြစ်သည်။ နျဉ်ယွိယွမ်၏ သတိပေးချက်ကို ကြားလိုက်ရသည့်အခါ သူ ချက်ချင်းပင် သဘောပေါက်သွားတော့သည်။ သူ ထပ်မနေတော့ဘဲ အိမ်သို့ အမြန် ပြန်သွားခဲ့သည်…

အနာဂတ်ရဲ့ အစားပုပ်ကလေးကို ချုပ်ချယ်ခြင်း

အပိုင်း ၆၀၆

ညဉ့်နက်နေပြီ ဖြစ်သော်လည်း နျဉ်ယွိယွမ် မအိပ်သေးပေ။ သူသည် ယနေ့ မော့မိသားစုအိမ်မှာပင် တည်းခိုနေသော်လည်း မော့ချူး၏ အိပ်ခန်းထဲတွင် ရှိမနေပေ။ ထိုအစား သူသည် စာကြည့်ခန်းထဲတွင် ရှိနေပြီး ဝါကျင့်ကျင့် စားပွဲတင်မီးအိမ်လေးကို ဖွင့်ထားသည်။

နျဉ်ယွိယွမ်သည် အချက်အလက်များကို ဖတ်ရှုရန် အလုပ်ရှုပ်နေသည်။ သူသည် ယခင်က ဝန်ထမ်း အပြောင်းအရွှေ့ အချက်အလက် အားလုံးကို ထုတ်ယူကာ သေသေချာချာ ကြည့်ရှုနေသည်။ တစ်ခုချင်းစီကို ယခင် မှတ်တမ်းများနှင့် နှိုင်းယှဉ်ကြည့်လိုက်သည့်အခါ တစ်ခုခု မှားယွင်းနေကြောင်း သူ သတိထားမိလိုက်သည်။

ယခင်က မှော်နယ်မြေထဲသို့ ဝင်ရောက်သည့် စစ်သည်များမှာ တစ်ရက်လျှင် အများဆုံး နှစ်အုပ်စု သို့မဟုတ် သုံးအုပ်စုသာ ရှိခဲ့သည်။ စစ်ဘက်ဆိုင်ရာ ထောက်ပံ့ရေးပစ္စည်းများမှာလည်း သတ်မှတ်ထားသည့် ပမာဏသာ ရှိခဲ့သည်။ သို့သော် လွန်ခဲ့သည့် တစ်လမှစ၍ မှော်နယ်မြေထဲသို့ ဝင်ရောက်သည့် စစ်သည်အရေအတွက်မှာ မပြောင်းလဲသော်လည်း စစ်ဘက်ဆိုင်ရာ ထောက်ပံ့ရေးပစ္စည်းများမှာမူ နှစ်ဆ တိုးလာခဲ့သည်။

ထို့ပြင် ထိုအရေအတွက်မှာ ရုတ်တရက် တိုးလာခြင်း မဟုတ်ဘဲ တဖြည်းဖြည်း တိုးလာခြင်းဖြစ်သည်။ သေသေချာချာ မကြည့်လျှင် မည်သူမျှ သတိထားမိလိမ့်မည် မဟုတ်ပေ။

နျဉ်ယွိယွမ် လက်သီးကို တင်းတင်းဆုပ်လိုက်မိသည်... ပိုလျှံနေတဲ့ ထောက်ပံ့ရေးပစ္စည်းတွေကို ယူသွားတဲ့ စစ်သည်တွေက ဘယ်ကို ရောက်သွားကြတာလဲ။ သူတို့နဲ့ ပတ်သက်တဲ့ အချက်အလက်တွေ လုံးဝ မရှိတော့ဘူး။ ဒါဟာ တခြားလူတွေ သတိမထားမိအောင် တမင်တကာ ဖျက်ဆီးထားတာ ဆိုတာ အလွန် သိသာလွန်းလှသည်။

ပြီးတော့ အဲဒီစစ်သည်တွေက သေဆုံးသွားတာလည်း ဖြစ်နိုင်တယ်... ဒါကို တွေးမိလိုက်သည့်အခါ နျဉ်ယွိယွမ်၏ မျက်လုံးများမှာ မှောင်မိုက်သွားခဲ့သည်။

“မအိပ်သေးဘူးလား။” မော့ချူး တံခါးကို ညင်သာစွာ ခေါက်လိုက်ပြီး နွားနို့ပူပူ တစ်ခွက်နှင့်အတူ အထဲသို့ လှမ်းဝင်လာခဲ့သည်။ သူမ၏ မျက်နှာပေးမှာ အလွန်ပင် နူးညံ့လှသည်။ “လာ ဒါလေး သောက်လိုက်ဦး။”

ချူးလေး သူ့လက်ထဲကို ထည့်ပေးလိုက်သည့် နွားနို့ပူပူလေးကို ကြည့်ရင်း နျဉ်ယွိယွမ်၏ စိတ်ထဲတွင် မသောက်ခင်ကတည်းက နွေးထွေးသွားခဲ့သည်။ သူ နာရီကို ကြည့်လိုက်သည့်အခါ ၁၂ နာရီ ထိုးလုနီးပြီ ဖြစ်သည်။ ပုံမှန်ဆိုလျှင် ချူးလေးမှာ အခုအချိန်ဆို အိပ်ပျော်နေလောက်ပြီ ဖြစ်သည်။

“ကိုယ် မင်းကို နှောင့်ယှက်မိသွားတာလား။” နျဉ်ယွိယွမ် မျက်မှောင်ကြုတ်ကာ အားနာစွာဖြင့် မေးလိုက်သည်။

“မဟုတ်ပါဘူး၊ ကျွန်မလည်း အိပ်မပျော်လို့ပါ။” မော့ချူး ခေါင်းခါလိုက်သည်။ ဘာပဲဖြစ်ဖြစ် စိတ်ထဲမှာ ဒီလိုကိစ္စကြီး ရှိနေတာကိုး။

“မင်း သောက်ပြီးပြီလား။” နျဉ်ယွိယွမ် လက်ထဲက နွားနို့ကို လှုပ်ယမ်းရင်း မော့ချူးကို ကြည့်လိုက်သည်။ သူကတော့ အလုပ်ချိန်တွေကြောင့် ညဉ့်နက်သည်အထိ နေရတာ ကျင့်သားရနေပြီဖြစ်သဖြင့် ဒါကို သောက်သည်ဖြစ်စေ၊ မသောက်သည်ဖြစ်စေ အရေးမကြီးပေ။

သို့သော် မော့ချူးကတော့ ထိုသို့ မဟုတ်ပေ။ သူမ၏ ပင်ပန်းနွမ်းနယ်နေသော ပုံစံကို ကြည့်ပြီး နျဉ်ယွိယွမ် စိတ်မကောင်း ဖြစ်မိသည်။

“စိတ်မပူပါနဲ့။” မော့ချူး ရယ်မောလိုက်သည်။ “ကျွန်မဆီမှာ အစားအသောက်တွေ ရှားပါးနေမယ်လို့ ထင်လို့လား။”

ဟုတ်တာပေါ့။ အရင်းအမြစ်တွေ ပေါများမှုနဲ့ ပတ်သက်ရင် တစ်ပြည်ထောင်စုလုံးမှာ မော့ချူးထက် ပိုပေါတဲ့လူ ရှိမှာ မဟုတ်ဘူးလေ။ ဒါကို ကြားရသည့်အခါ နျဉ်ယွိယွမ် မပြုံးဘဲမနေနိုင်တော့ဘဲ နွားနို့ကို တစ်ကျိုက်တည်းနှင့် ကုန်အောင် သောက်လိုက်တော့သည်။

“မိုးချုပ်နေပြီ။ ကိုယ်တို့ အတူတူ အိပ်ကြမလား။” နျဉ်ယွိယွမ်က ‘အိပ်’ ဆိုသည့် စကားလုံးကို အလွန်ပင် အဓိပ္ပာယ်ပါပါ ပြောလိုက်သည်…

'ဟမ့် နွေးထွေးတဲ့ အချိန်လေး ကုန်သွားတာနဲ့ ဒီလူက လူယုတ်မာပုံစံ ပြန်ဖမ်းနေပြန်ပြီ။' မော့ချူးက သူ့ကို မျက်စောင်းထိုးလိုက်ပြီးနောက် လှည့်ထွက်ကာ အိပ်ခန်းထဲသို့ တန်းသွားတော့သည်။

နျဉ်ယွိယွမ် သူမနောက်မှ လိုက်လာစဉ်မှာပင် သူမက ခြေလှမ်းကို အမြန်သွက်လိုက်ပြီး တံခါးကို ဒိုင်းခနဲ အသံမြည်အောင် ပိတ်လိုက်သည်။ ထို့ပြင် အတွင်းကနေပါ ဂျက်ချလိုက်သေးသည်။

သူမ၏ မျက်နှာပေါ်တွင် မရိုးသော အပြုံးလေးတစ်ခု ပေါ်လာခဲ့သည်။ 'ဟွန့်။ ဒီတစ်ခါတော့ ရှင် ဘယ်လိုမှ ဝင်လာနိုင်မှာ မဟုတ်ဘူးလို့ ကျွန်မ ယုံကြည်တယ်' မော့ချူး ပြုံးလိုက်မိသည်။ 'ရှင် အိပ်ချင်တယ် ဟုတ်လား၊ အဲ့ဆိုလည်း ရှင့်ဘာသာရှင် တစ်ယောက်တည်း အိပ်လိုက်တော့လေ။'

နျဉ်ယွိယွမ် တစ်ယောက်တည်း စောင်နဲ့ ခေါင်းအုံးကို ဖက်ပြီး ချမ်းတုန်စွာ အိပ်နေရမယ့် အဖြစ်ကို တွေးပြီး မော့ချူး တိုးတိုးလေး ရယ်မိသည်…

“ဘာတွေ ရယ်နေတာလဲ။”

“နျဉ်ယွိယွမ်လေ၊ အဲဒီလူကတော့...” မော့ချူးက အမှတ်မထင် ပြန်ဖြေလိုက်မိသည်။ ထို့နောက်မှ တစ်ခုခု မှားနေပြီမှန်း ချက်ချင်း သိလိုက်ရသည်။ သူမ မော့ကြည့်လိုက်သည့်အခါ ဆွံ့အသွားတော့သည်။

'ဘာလဲဟ... နျဉ်ယွိယွမ်က ငါ့ရဲ့တံခါးနောက်မှာ မဟုတ်ဘူးလား။ သူ ဘယ်လိုလုပ်ပြီး ဒီလောက်တိုတဲ့ အချိန်အတွင်းမှာ အခန်းထဲကို ရောက်နေတာလဲ' နျဉ်ယွိယွမ် ဒီလိုမျိုး မလုပ်နိုင်အောင် ပြတင်းပေါက်တွေကိုပါ ပိတ်ထားခဲ့တာကို သူမ သေသေချာချာ မှတ်မိနေသည်။

နောက်ဆုံးတော့ သူ ခိုးဝင်လာနိုင်ခဲ့တာပဲ။ ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ မော့ချူး၏ ဝေခွဲမရဖြစ်နေသော မျက်နှာလေးကို မြင်ရသည့်အခါ နျဉ်ယွိယွမ်၏ စိတ်ခံစားချက်မှာ ချက်ချင်းပင် လန်းဆန်းသွားခဲ့သည်။

'ဒီမိုက်မဲတဲ့ မိန်းကလေးက ဒါကို မစဉ်းစားမိဘူးပဲ။ အရင်က လေ့ကျင့်ရေးတွေ လုပ်တုန်းက ထွက်ပေါက်မရှိတဲ့ သံအိမ်ထဲမှာ ပိတ်လှောင်ထားခံရရင်တောင် သတ်မှတ်ထားတဲ့ အချိန်အတွင်းမှာ သူတို့ လွတ်အောင် ထွက်နိုင်ခဲ့ကြတာလေ။ မဟုတ်ရင် သူတို့ ဘယ်လိုလုပ် လေ့ကျင့်ရေး အောင်မြင်ပါ့မလဲ'

ဒီလို အိမ်လေးကတော့ ပြောစရာမလိုလောက်ပေ။ နျဉ်ယွိယွမ်၏ အမြင်တွင်တော့ ဒါဟာ အချုပ်အနှောင်ကင်းမဲ့စွာ သွားလာနိုင်သည့် အခြေအနေတစ်ခုပင် ဖြစ်သည်။

“ကောင်းပြီ စောစောအိပ်တော့။” နျဉ်ယွိယွမ်က မော့ချူး၏ ပခုံးကို လှမ်းဖက်လိုက်ပြီး သူမကို နောက်ပြောင်နေခြင်းကို ရပ်လိုက်သည်။ သူသည် သူမကို ကုတင်ပေါ်တွင် သေသေချာချာ လှဲလျောင်းစေပြီး စောင်အနားသတ်များကိုပင် ဂရုတစိုက် ပြင်ပေးပြီးမှ ရေချိုးရန် ထသွားခဲ့သည်။

ဆယ်မိနစ်ခန့် ကြာပြီးနောက် ကုတင်တစ်ဖက် နိမ့်ဆင်းသွားသည်ကို မော့ချူး ခံစားလိုက်ရသည်။ သူမ ခေါင်းလှည့်ကြည့်လိုက်သည့်အခါ နျဉ်ယွိယွမ် သူမဘေးတွင် လဲလျောင်းနေသည်ကို တွေ့လိုက်ရသည်။ သူ၏ လက်မောင်းများက သူမ၏ သွယ်လျသော ခါးလေးကို ပိုင်စိုးပိုင်နင်း ပုံစံမျိုးဖြင့် ဖက်ထားသည်။

မော့ချူး အနံ့ကို သေသေချာချာ ရှူကြည့်လိုက်သည်။ နျဉ်ယွိယွမ်၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာသော ရေချိုးဆပ်ပြာရည် အနံ့မှာ သူမ အသုံးပြုထားသည့် အနံ့နှင့် အတူတူပင် ဖြစ်သော်လည်း တစ်မျိုးလေး ထူးခြားနေသလို ခံစားရသည်။

“အိပ်တော့။” နျဉ်ယွိယွမ်သည် သူ့ဘေးကလူ မအိပ်သေးမှန်း သိနေသည်။ သူ လှည့်လိုက်ပြီး သူမ၏ ကျောပြင်ကို အသာအယာ ပုတ်ပေးလိုက်သည်။ လရောင်အောက်တွင် သူ၏ မျက်နှာအမူအရာမှာ မယုံနိုင်လောက်အောင်ပင် နူးညံ့နေတော့သည်။

“အင်း... ဂွတ်နိုက်ပါ။” မော့ချူး ဝေဝေဝါးဝါးဖြင့် ပြန်ထူးလိုက်သည်။ သူမသည် မသိစိတ်ဖြင့် နျဉ်ယွိယွမ်၏ ရင်ခွင်ထဲသို့ မှီဝင်လိုက်ပြီး မကြာမီပင် အိပ်ပျော်သွားတော့သည်။

တစ်ဖက်တွင်မူ ဘေးနားက အမျိုးသားသည် မျက်လုံးများကို ဖွင့်ထားဆဲဖြစ်ပြီး ကိစ္စအဝဝကို အလေးအနက် စဉ်းစားနေသည်။ သူ၏ ညာဘက်လက်မှာလည်း ပင်ပန်းသည်ဟု မထင်ရဘဲ သူမ၏ ဝမ်းဗိုက်အောက်ပိုင်းကို နှိပ်နယ်ပေးနေဆဲပင်…

အဖွဲ့ချုပ်မှာ ငြိမ်းချမ်းမှု မရှိပေ။ မှော်နယ်မြေနှင့် သားရဲဒီရေတို့၏ ခြိမ်းခြောက်မှုအပြင် အခြားသော ဂလက်ဆီများကလည်း သူတို့ကို မရမက လိုချင်နေကြသည်။ ၎င်းအပြင် သူနှင့် ချူးလေးတို့ အရင်က ကြုံတွေ့ခဲ့ဖူးသော ဟင်းလင်းပြင်အက်ကွဲကြောင်းကဲ့သို့သော မမျှော်လင့်ထားသည့် အခြေအနေများစွာလည်း ရှိနေသေးသည်။

ဖုံးကွယ်နေသော အန္တရာယ်များက အမြဲတမ်း တည်ရှိနေခဲ့သည်။ သူသည် ဤကဲ့သို့သော ရာထူးနေရာတွင် ရှိနေသဖြင့် မည်သည့်အခါမျှ ခဏလေးတောင်မှ ပေါ့ဆရန် မဝံ့ရဲပေ။

အခြေအနေအားလုံးကို နောက်တစ်ကြိမ် ပြန်လည်စဉ်းစားပြီးနောက် အခြေအနေကို ထပ်စုံစမ်းရန် မည်သူ့ကို စေလွှတ်ရမည်၊ အခြေအနေကို သိရှိပြီးနောက် မည်သို့ ရင်ဆိုင်ဖြေရှင်းရမည် စသည်တို့ကို စဉ်းစားနေခဲ့သည်။ အားလုံးကို စဉ်းစားပြီးမှသာ သူသည် ဖြည်းဖြည်းချင်း အိပ်ချင်လာတော့သည်။

သူ ခေါင်းလှည့်ကြည့်လိုက်သည့်အခါ မူလက ငြိမ်သက်စွာ အိပ်ပျော်နေသော မော့ချူးသည် သူ၏ ရင်ခွင်ထဲသို့ ရောက်ရှိနေသည်ကို တွေ့လိုက်ရသည်။ သူမ၏ ခန္ဓာကိုယ်လေးမှာ အနည်းငယ် ကွေးနေပြီး အသက်ရှူသံမှာလည်း မှန်မှန်လေးရှိနေကာ မျက်နှာလေးမှာလည်း ပန်းရောင်သန်းနေသည်…

နျဉ်ယွိယွမ်၏ နှလုံးသားမှာ ချက်ချင်း ခုန်သွားတော့သည်။ ချူးလေးကို ဤသို့ ကြည့်နေရရုံနှင့်ပင် သူ တကယ်ကို ပျော်ရွှင်ကြည်နူးမိသည်။

သူမ၏ နဖူးကို ညင်သာစွာ နမ်းလိုက်ပြီးနောက် နျဉ်ယွိယွမ်သည်လည်း ခေါင်းကို မှီလိုက်ကာ မျက်လုံးများကို ဖြည်းဖြည်းချင်း ပိတ်လိုက်တော့သည်။

နောက်တစ်နေ့တွင် မော့ချူးသည် နျဉ်ယွိယွမ်ထက် စောနိုးလာခဲ့ပြီး သူ၏ အိပ်ပျော်နေသော မျက်နှာကို စိတ်ဝင်တစား ကြည့်နေမိသည်။

အမှန်အတိုင်း ပြောရလျှင် နျဉ်ယွိယွမ်သည် အလွန်ချောမောလှသည်။ သူ၏ ကိုယ်ပေါ်ရှိ တည်ငြိမ်ပြီး ခံ့ညားသော အရှိန်အဝါကသာ သူ၏ ရုပ်ရည်ကောင်းမွန်မှုကို ဖုံးကွယ်ထားသကဲ့သို့ ဖြစ်နေခြင်းပင် ဖြစ်သည်။

သို့သော် သူ အိပ်ပျော်နေသည့်အချိန်တွင်မူ သူ၏ ထင်ရှားသော မျက်ခုံးများ၊ ကြယ်ပမာ တောက်ပသော မျက်လုံးများနှင့် ပေါ်လွင်သော မျက်နှာအသွင်အပြင်များမှာ အပြည့်အဝ ပေါ်လွင်နေတော့သည်။

ဒါက မော့ချူး၏ စိတ်ထဲတွင် ဆော့ကစားလိုစိတ်ကို ဖြစ်ပေါ်စေခဲ့သည်။ သူမသည် ခေါင်းငုံ့ကာ နျဉ်ယွိယွမ်၏ နှုတ်ခမ်းများကို အသာအယာ ထိတွေ့ကြည့်လိုက်မိသည်။

နျဉ်ယွိယွမ်ဆီမှ မည်သည့် တုံ့ပြန်မှုမျှ မရှိပေ။ သူသည် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသော အချောအလှ အမျိုးသားတစ်ယောက်ကဲ့သို့ပင် ရှိနေသည်။

ယခင်နှင့် လုံးဝမတူသော နျဉ်ယွိယွမ်၏ အပြစ်ကင်းစင်နေသည့် ပုံစံကြောင့် မော့ချူး၏ စနောက်လိုသည့် စိတ်ဆန္ဒမှာ ပို၍ တိုးလာတော့သည်။

သူမသည် သူ့ကို ဂရုတစိုက် ကျော်ဖြတ်ပြီး မှန်တင်ခုံပေါ်မှ သူမ၏ မိတ်ကပ်အိတ်ကို သွားယူလိုက်သည်။ ထို့နောက် မူလနေရာသို့ ဂရုတစိုက် ပြန်တွားသွားခဲ့သည်။

ဟင်း... သူမ အရင်ဆုံး ဖောင်ဒေးရှင်း အရင်လိမ်းပေးချင်သည်။ သို့သော် သေသေချာချာ ကြည့်လိုက်သည့်အခါ နျဉ်ယွိယွမ်၏ အသားအရေမှာ အလွန်ပင် ကောင်းမွန်နေသည်ကို သတိထားမိလိုက်သည်။ အနာအဆာ လုံးဝမရှိသလောက်ပင်ဖြစ်ပြီး ချွေးပေါက်လေးတွေကိုတောင် မမြင်ရပေ။

အသားအရောင်က အနည်းငယ် အညိုရောင်သန်းနေရုံသာ... သူမသည် ဖောင်ဒေးရှင်း အလွှာပါးပါးလေး လိမ်းပေးလိုက်ရာ နျဉ်ယွိယွမ်၏ အသားအရေမှာ ချက်ချင်းပင် ပိုဖြူကာ ပိုကြည့်ကောင်းသွားတော့သည်။

ထို့နောက် သူမသည် သူ၏ မျက်ခုံးများကို ကြည့်လိုက်သည်။ သူမ နျဉ်ယွိယွမ်၏ မျက်ခုံးကို ဂရုတစိုက် ဆွဲပေးသော်လည်း သူ၏ မျက်ခုံးများမှာ ထူပြီး မည်းနက်နေသဖြင့် သူမ အစွမ်းပြရန် နေရာ သိပ်မရှိလှပေ။

မကြာမီပင် မော့ချူးသည် မျက်ခုံးဆွဲခဲတံကို ပြန်သိမ်းကာ အိုင်းလိုင်နာကို ထုတ်လိုက်သည်။ သူမသည် နျဉ်ယွိယွမ်၏ မျက်ခွံကို အသာမကာ အိုင်းလိုင်နာ လိုင်းပါးပါးလေး ဆွဲပေးလိုက်သည်။ မျက်လုံးအဆုံးကို အနည်းငယ် ရှည်ထုတ်ပေးလိုက်သဖြင့် သူ၏ ပုံစံမှာ ပို၍ ဆွဲဆောင်မှု ရှိသွားစေသည်။

နောက်ဆုံးတွင် သူမသည် နှုတ်ခမ်းနီ ဆိုးပေးလိုက်ပြီး ပါးနီလေး အနည်းငယ် ထည့်ပေးလိုက်သည်။ ကဲ... ပြီးသွားပြီ။

မော့ချူးသည် သူမ၏ လက်ရာကို ကြည့်ကာ တိုးတိုးလေး ရယ်မိသည်။ သူမ ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်မိပြီး သူမ၏ မျက်လုံးထဲတွင်လည်း စိတ်လှုပ်ရှားမှုများ ပေါ်လွင်နေသည်။

နျဉ်ယွိယွမ်၏ မျက်နှာအသွင်အပြင်မှာ လှပမှန်း သူမ အမြဲသိခဲ့သော်လည်း သူ့ကို မိတ်ကပ်လိမ်းပေးလိုက်ခြင်းက ဤကဲ့သို့သော အကျိုးသက်ရောက်မှု ရှိလိမ့်မည်ဟု သူမ မထင်ထားခဲ့ပေ။

ကျန်းမာသန်စွမ်းသော အသားညိုရောင်၊ မျက်လုံးအိမ်ကြီးကြီး၊ အိုင်းလိုင်နာနှင့် နှုတ်ခမ်းနီနီလေး... သူဟာ တကယ့်ကို အလှလေးတစ်ယောက် ဖြစ်သွားပြီး ကျန်းမာသန်စွမ်းကာ ဆွဲဆောင်မှုရှိတဲ့ ပုံစံမျိုးပင် ဖြစ်သည်။

“ဟဲဟဲ...” သူမ ခဏတာ တခစ်ခစ်ရယ်နေပြီးနောက် နောက်ဆုံးတွင် သူမ၏ တာမီနယ်ကို ယူကာ ထောင့်ပေါင်းစုံမှ ဓာတ်ပုံများစွာ ရိုက်လိုက်တော့သည်။

ဤအတွက်ကြောင့် မော့ချူးသည် ထိုဓာတ်ပုံများကို သိမ်းဆည်းရန် ဖိုင်အသစ်တစ်ခုကို သီးသန့် ပြုလုပ်လိုက်သည်။ ထိုဖိုင်၏ အမည်မှာ… ‘ခင်ပွန်းသည်၏ အလှဓာတ်ပုံများ’ ဖြစ်သည်။

All Chapters