← Chapters

အခန်း (၂၈၁-၂၈၂)

Vol. 29 Ch. 281-282

အခန်း (၂၈၁-၂၈၂)

Vol. 29 Ch. 281-282

အခန်း (၂၈၁) နန်ကုန်းကျွင်းအား သုတ်သင်ခြင်း

နန်ကုန်းကျွင်းမှာ အရေးနိမ့်သွားခဲ့ပေပြီ။ သူ၏ ကျရှုံးမှုမှာ အလွန်ပင် လျင်မြန်လှသလို ပြတ်သားလွန်းလှ၏။

"ခင်ဗျားကို မြင်လိုက်တဲ့ အချိန်ကတည်းက ခင်ဗျားဟာ မိသားစုအပေါ် သံယောဇဉ် မရှိတဲ့လူမျိုးဆိုတာ ကျွန်တော် သိခဲ့တယ်... အဲ့ဒါကြောင့် ခင်ဗျားရဲ့ ကိုယ်ပိုင်သမီးအပေါ်မှာတောင် လက်ရဲဇာတ်ရဲ ရှိနေတာဟာ ဘာမှ အံ့သြစရာ မရှိပါဘူး..."

ဝူလီက ခေါင်းကို ဖြည်းညင်းစွာ ခါလိုက်၏။ ရွှေရောင်မိုးကြိုး ပျံသန်းဓားများမှာ အလွန်ပင် များပြားလှရာ ဓားပေါင်း တစ်ထောင်ခန့် ပျောက်ကွယ်သွားလျှင်ပင် နန်ကုန်းကျွင်းအနေဖြင့် ချက်ချင်း သတိထားမိနိုင်မည် မဟုတ်ချေ။

ဝူလီ၏ စကားကို ကြားလိုက်ရချိန်တွင် နန်ကုန်းကျွင်း၏ မျက်နှာမှာ အလွန်ပင် ကြည့်ရဆိုးသွားသည်။ သို့သော် ယခုအချိန်မှာ မျက်နှာပျက်နေရမည့် အချိန် မဟုတ်တော့ချေ။ နောက်တစ်စက္ကန့်တွင် ဝူလီက စွမ်းအင်များကို ထုတ်ဖော်လိုက်ရာ နန်ကုန်းကျွင်း၏ သန့်စင်ခြင်းသုံးပါး ကိုယ်ပွားများသည် ရွှေရောင်မိုးကြိုး ပျံသန်းဓားများ၏ ထိုးနှက်မှုကြောင့် ချေမှုန်းခံလိုက်ရပြီး ဟင်းလင်းပြင်ထဲတွင် ပျောက်ကွယ်သွားကြတော့၏။

ကျန်ရှိနေသော တာအိုကိုယ်ပွား သုံးခုကို သုတ်သင်ပြီးနောက် ရွှေရောင်မိုးကြိုး ပျံသန်းဓားပေါင်း ၁၆,၀၀၀ သည် နန်ကုန်းကျွင်းဆီသို့ တည့်တည့်မတ်မတ် ဦးတည်သွားလေသည်။

ဤအချိန်တွင် နန်ကုန်းကျွင်းသည် အကြံကုန် ဂယောင်ချောက်ခြား ဖြစ်နေခဲ့ပြီဖြစ်ရာ ဆက်လက် တောင့်ခံထားနိုင်ခြင်း မရှိတော့ပေ။ ရွှေရောင်မိုးကြိုး ပျံသန်းဓားဝင်္ကပါ၏ တိုက်ခိုက်မှုကြောင့် သေဆုံးရတော့မည်ကို မြင်လိုက်ရသောအခါ နန်ကုန်းကျွင်းသည် ဟစ်အော်ကာ ပြောဆိုလိုက်တော့သည်။

"ရပ်လိုက်တော့... ဝမ်အာ... ငါက မင်းရဲ့ အဖေလေ... ဒီလူက ငါ့ကို သတ်တာကို မင်း တကယ်ပဲ ကြည့်နေနိုင်မှာလား..."

နန်ကုန်းကျွင်းသည် အသက်ရှင်သန်ခွင့် ရလိုရငြား နန်ကုန်းဝမ်၏ ဖခင်ဖြစ်သည်ဟူသော အချက်ကို အသုံးချကာ အော်ဟစ်လိုက်ခြင်းပင်။

ရွှေရောင်မိုးကြိုး ပျံသန်းဓား ၁၆,၀၀၀ သည် နန်ကုန်းကျွင်းနှင့် အလွန်နီးကပ်သော နေရာတွင် ရပ်တန့်သွားသည်။ ဝူလီသည် နန်ကုန်းဝမ် (ခေါ်) ချင်ဝမ်ဘက်သို့ လှည့်ကြည့်ကာ သူမ၏ အဖြေကို စောင့်ဆိုင်းလိုက်၏။

အကယ်၍ ချင်ဝမ်က မည်သို့ပင် ဖြေဆိုစေကာမူ ဝူလီကတော့ ရပ်တန့်မည် မဟုတ်ဘဲ နန်ကုန်းကျွင်းကို သေမင်းထံ ပို့ဆောင်မည်သာ ဖြစ်သည်။ အကြောင်းမှာ သူသည် နန်ကုန်းကျွင်းကို စတင် တိုက်ခိုက်ခဲ့ပြီးဖြစ်ရာ နန်ကုန်းကျွင်းအား အသက်ရှင်လျက် ထားခဲ့ရန် အစီအစဉ် မရှိသောကြောင့်ပင်။

ထိုအခိုက်တွင် ချင်ဝမ်သည် မည်သည့် အမူအယာမျှ မပြဘဲ တည်ငြိမ်စွာပင် ပြောလိုက်၏။

"မဟုတ်ဘူး... ရှင်က ကျွန်မရဲ့ အဖေ မဟုတ်ဘူး... ရှင့်မှာက သွေးသားတော်စပ်မှုပဲ ရှိတာ... ကျွန်မကို ပြုစုပျိုးထောင်ပေးခဲ့တာနဲ့ လိုအပ်တဲ့ အရင်းအမြစ်တွေ အားလုံးက ကျွန်မ အမေ ပေးခဲ့တာ... အဲ့ဒါကြောင့် ဖခင်ကြီး... အေးအေးချမ်းချမ်းပဲ အနားယူလိုက်ပါတော့..."

ချင်ဝမ်၏ အကြည့်တစ်ချက်ကို မြင်သည်နှင့် ဝူလီက ချက်ချင်း နားလည်သွားပြီး ရွှေရောင်မိုးကြိုး ပျံသန်းဓားကို အသုံးပြုကာ နန်ကုန်းကျွင်းကို သူ တုံ့ပြန်ချိန်ပင် မရလိုက်ခင်မှာပင် သုတ်သင်လိုက်တော့သည်။

နန်ကုန်းကျွင်းသည် သေဆုံးသွားချိန်အထိ သူ၏ မျက်လုံးများတွင် အသက်ရှင်လိုစိတ်များ ပြည့်နှက်နေဆဲပင်။ လျိုထျန်းရွှေအင်မော်တယ် ကနဦးအဆင့်မျှသာရှိသော လူတစ်ယောက်၏ လက်ထဲတွင် သူ သေဆုံးရလိမ့်မည်ဟု ဘယ်တုန်းကမှ ထင်မှတ်မထားခဲ့ချေ။

နန်ကုန်းကျွင်း ကျဆုံးသွားသည်နှင့် တစ်ပြိုင်နက် နန်ကုန်းမိသားစု တစ်ခုလုံးသည် တစ်ခုခုကို အာရုံခံမိသွားပုံရပြီး ဝူလီနှင့် ချင်ဝမ်တို့ ရှိရာနေရာသို့ ကြည့်ကာ အပြေးအလွှား ရောက်ရှိလာကြတော့သည်။

နန်ကုန်းကျွင်း ကျဆုံးသွားသည့် ခဏမှာပင် ဝူလီနှင့် ချင်ဝမ်တို့သည် သူ၏ ခန္ဓာကိုယ်အတွင်းမှ အပြင်သို့ နေရာရွှေ့ပြောင်း ထွက်ခွာလာခဲ့ကြသည်။

"အခု ငါတို့ ဒီကနေ ထွက်သွားသင့်လား... မသွားသင့်ဘူးလား..."

ဝူလီက ချင်ဝမ်ကို မေးခွန်းထုတ်သည့် လေသံဖြင့် ကြည့်လိုက်သည်။ ချင်ဝမ်က ခေါင်းကို ခါယမ်းလိုက်၏။

"ကျွန်မ အမေက နန်ကုန်းမိသားစုထဲမှာ ကွယ်လွန်ခဲ့တာ... ကျွန်မ အမေ ဘယ်လို သေဆုံးခဲ့ရလဲဆိုတာကို သိဖို့ လိုအပ်တယ်..."

ထိုစကားကို ကြားသောအခါ ဝူလီသည် ချင်ဝမ်၏ ရွေးချယ်မှုကို နားလည်သွားပြီး ဘေးတွင် ရပ်နေလိုက်သည်။

မကြာမီမှာပင် နန်ကုန်းမိသားစုမှ အစွမ်းထက်သော ပုဂ္ဂိုလ် အများအပြားသည် ဝင်းအတွင်းသို့ ပျံသန်းဝင်ရောက်လာကြရာ ချင်ဝမ်သည် ခါးသီးစွာ ပြုံးလိုက်မိသည်။

သူမ၏ အမေ ကွယ်လွန်စဉ်က နန်ကုန်းမိသားစုမှ ဤမျှ များပြားသော ပုဂ္ဂိုလ်များ သူမ၏ စံအိမ်သို့ လာရောက်ခဲ့လိမ့်မည် မဟုတ်သော်လည်း ယခုအချိန်မှာ ထိုအကြောင်းများကို တွေးနေရမည့် အချိန် မဟုတ်တော့ပေ။

ချင်ဝမ်သည် ကောင်းကင်ပေါ်ရှိ နန်ကုန်းမိသားစု အကြီးအကဲများကို မော့ကြည့်ကာ ဖြည်းညင်းစွာပင် မေးမြန်းလိုက်၏။

"အကြီးအကဲတို့... ကျွန်မ အမေ ဘယ်လို သေဆုံးခဲ့တာလဲ..."

ချင်ဝမ်၏ စကားကို ကြားသောအခါ ရောက်ရှိနေသော အကြီးအကဲများသည် သူမကို အထင်အမြင်သေးသော အကြည့်များဖြင့် ကြည့်လိုက်ကြသော်လည်း တည်ငြိမ်စွာပင် ပြန်လည် မေးမြန်းလိုက်ကြသည်။

"ဂိုဏ်းချုပ်ကော ဘယ်မှာလဲ..."

သူတို့၏ စိတ်ထဲတွင် ချင်ဝမ်သည် သူတို့နှင့် စကားပြောရန်ပင် ထိုက်တန်သူ မဟုတ်ပေ။ သူတို့ ဤနေရာသို့ လာရခြင်းမှာလည်း သူတို့၏ ခေါင်းဆောင်ဖြစ်သူ နန်ကုန်းကျွင်းကြောင့်သာ ဖြစ်သည်။

ချင်ဝမ်က ခေါင်းကို ဖြည်းညင်းစွာ ခါလိုက်၏။

"ကျွန်မ မေးနေတာက ကျွန်မ အမေ အတိအကျ ဘယ်လို သေဆုံးခဲ့တာလဲ လို့..."

"ဟွန့်... မင်း အမေက မိစ္ဆာသားရဲတွေရဲ့ လက်ချက်နဲ့ လူသားအင်မော်တယ် အဆင့်မှာတင် သေဆုံးခဲ့ရတာပဲလေ... ဒါက နန်ကုန်းမိသားစုမှာ လူတိုင်းသိတဲ့ ကိစ္စ မဟုတ်ဘူးလား..."

အင်မော်တယ် အရှင်မြတ် ကနဦးအဆင့်ရှိသော အကြီးအကဲတစ်ဦးက အေးစက်စက် အမူအယာဖြင့် ပြောဆိုလိုက်သည်။

ချင်ဝမ်သည် ထိုစကားကို ကြားသောအခါ အံ့သြသွားခြင်း မရှိပေ။ နန်ကုန်းကျွင်းသည် နန်ကုန်းမိသားစု တစ်ခုလုံးနှင့် ကြိုတင် ပူးပေါင်းကြံစည်ထားပြီး ဖြစ်လိမ့်မည်ဟု သူမ ထင်မှတ်ထားခဲ့သည်။

ထို့ကြောင့် သူမသည် ဝူလီဘက်သို့ လှည့်ကြည့်လိုက်သည်။ အကြည့်တစ်ချက်ဖြင့်ပင် ဝူလီသည် ချင်ဝမ်၏ ဆိုလိုရင်းကို နားလည်သွား၏။ အမှန်စင်စစ် ဤကာလအတွင်း ၎င်းတို့နှစ်ဦးမှာ အလွန်ပင် လက်တွဲညီလှရာ စိတ်ချင်း ဆက်နွှယ်နေကြပြီပင်။

နောက်တစ်စက္ကန့်တွင် ဝူလီသည် ရှေ့သို့ တစ်လှမ်းတက်ကာ ချင်ဝမ်၏ ရှေ့တွင် ကာကွယ်ရပ်လိုက်ပြီး လက်ကို ဝှေ့ယမ်းကာ ရွှေရောင်မိုးကြိုး ပျံသန်းဓားကို ဆင့်ခေါ်လိုက်သည်။

"လူကြီးမင်းတို့... အမှန်အတိုင်း ပြောတာက ခင်ဗျားတို့အတွက် အကောင်းဆုံး ဖြစ်လိမ့်မယ်... မဟုတ်ရင်တော့ ခင်ဗျားတို့ကို သေမင်းဆီ ပို့ဆောင်ဖို့ ကျွန်တော် ဝန်လေးနေမှာ မဟုတ်ဘူး..."

"ဟွန့်... မင်းက လေလုံး အတော်ထွားတာပဲ... လျိုထျန်းရွှေအင်မော်တယ် တစ်ယောက်က ငါတို့ကို ဘယ်လိုများ သေမင်းဆီ ပို့မလဲဆိုတာ ငါ ကြည့်ချင်သေးတယ်..."

ဝူလီ၏ စကားကို ကြားသောအခါ အင်မော်တယ် အရှင်မြတ် ကနဦးအဆင့်ရှိ အကြီးအကဲက အထင်အမြင်သေးစွာဖြင့် ဟားတိုက်လိုက်သည်။

အခြား အကြီးအကဲများကလည်း သဘောတူညီစွာ ခေါင်းညိတ်လိုက်ကြ၏။ သူတို့၏ မျက်လုံးထဲတွင် ဝူလီမှာ လျိုထျန်းရွှေအင်မော်တယ် အဆင့်မျှသာ ရှိပြီး သူတို့ကဲ့သို့ အင်မော်တယ် အရှင်မြတ်များအတွက် မည်သည့် ခြိမ်းခြောက်မှုမျှ မရှိနိုင်ဟု ယူဆထားကြသည်။

ထိုစကားကို ကြားသောအခါ ဝူလီလည်း ခေါင်းကို ခါလိုက်မိသည်။ လူများမှာ အမှန်တရားကို မသိမချင်း ခေါင်းမာတတ်ကြစမြဲပင်။

နောက်တစ်စက္ကန့်တွင် ဝူလီ၏ လက်တစ်ချက် ဝှေ့ယမ်းလိုက်မှုနှင့်အတူ ရွှေရောင်မိုးကြိုး ပျံသန်းဓားပေါင်း ၁၈,၀၀၀ သည် ပြန်လည် ထွက်ပေါ်လာပြီး ရှေ့ရှိ နန်ကုန်းမိသားစု အကြီးအကဲများထံသို့ သတ်ဖြတ်ရန် ဦးတည်သွားတော့သည်။

"ဘာ... ဒီကလေးက ထူးဆန်းလိုက်တာ... အင်မော်တယ် အရှင်မြတ် အဆင့်ရှိတဲ့ မှော်လက်နက်တွေ အများကြီး ရှိနေတာပဲ..."

"မဟုတ်သေးဘူး... အဓိက ပြဿနာက အင်မော်တယ် အရှင်မြတ် မှော်လက်နက်တွေ များနေတာ မဟုတ်ဘူး... ဒီကလေးက ဘယ်လိုလုပ်ပြီး ဒါတွေကို ထိန်းချုပ်နေနိုင်တာလဲ..."

"မကောင်းတော့ဘူး... ဒီလက်နက်တွေက ငါတို့ကို တိုက်ခိုက်နေပြီ..."

သူတို့ထံသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်လာသော ရွှေရောင်မိုးကြိုး ပျံသန်းဓားများကို မြင်သောအခါ အကြီးအကဲများ၏ မျက်နှာမှာ ပျက်သွားပြီး ၎င်းတို့၏ အစွမ်းရှိသမျှ အသုံးပြုကာ ကာကွယ်ရန် ကြိုးစားကြတော့သည်။

နန်ကုန်းမိသားစုတွင် အင်မော်တယ် အရှင်မြတ် အထွတ်အထိပ်အဆင့်ရှိသူမှာ နန်ကုန်းကျွင်း တစ်ဦးတည်းသာ ရှိသည်။ နန်ကုန်းကျွင်းပင်လျှင် ကြာရှည် မတောင့်ခံနိုင်ခဲ့ရာ ကျန်ရှိသော အကြီးအကဲများအဖို့ ပြောနေစရာပင် မလိုတော့ချေ။ ထို့ကြောင့် ရွှေရောင်မိုးကြိုး ပျံသန်းဓားများ ကျရောက်လာသည့် ခဏမှာပင် အင်မော်တယ် အရှင်မြတ် အောက်အဆင့်ရှိသော အကြီးအကဲ အများအပြားမှာ သတ်ဖြတ်ခြင်း ခံလိုက်ရတော့သည်။

ဤသည်ကို မြင်သောအခါမှသာ ဝူလီမှာ သူတို့ကို အမှန်တကယ် သတ်ဖြတ်ရန် ကြံရွယ်ထားခြင်းဖြစ်ကြောင်း သိသွားကြပြီး အလွန်အမင်း ထိတ်လန့် တုန်လှုပ်သွားကြတော့သည်။

ဝူလီက ဤအချိန်တွင် ထပ်မံ ပြောဆိုလိုက်သည်။

"ခင်ဗျားတို့ အမှန်အတိုင်း ပြောမယ်ဆိုရင်တော့ ကျွန်တော် ရပ်တန့်ဖို့ စဉ်းစားပေးမယ်..."

ဝူလီ ပြောပြီးသည်နှင့် တစ်ပြိုင်နက် အကြီးအကဲ တစ်ဦးက အလျင်အမြန်ပင် ပြောလိုက်တော့သည်။

"ဒါက တတိယသခင်မလေး လုပ်ခဲ့တာပါ... ချင်ယွဲ့ဟွာက 'တတိယသခင်မလေး' လို့ပဲ ပြောလိုက်နိုင်ပြီး သူတို့ရဲ့ လက်ချက်နဲ့ သေဆုံးသွားခဲ့ရတာပါ..."

အကြီးအကဲ၏ စကားကို ကြားလိုက်ရချိန်တွင် ချင်ဝမ်၏ မျက်နှာမှာ အလွန်ပင် ကြည့်ရဆိုးသွားခဲ့သည်။

ဝူလီသည် ချင်ဝမ်၏ ထူးခြားသော အမူအယာကို သတိထားမိသော်လည်း ဘာမှ မပြောခဲ့ပေ။ သူ၏ အမြင်တွင် ချင်ဝမ် ပျော်ရွှင်နေဖို့ကသာ အရေးကြီးဆုံးပင် ဖြစ်သည်။

ချင်ဝမ်၏ မိခင် သေဆုံးရသည့် အကြောင်းရင်းကို ပြောပြပြီးနောက် အကြီးအကဲက အော်ဟစ်လိုက်၏။

"ကျွန်တော် အမှန်အတိုင်း ပြောပြီးပါပြီ... ကျေးဇူးပြုပြီး အရှင်သခင်... ခင်ဗျားရဲ့ နတ်ဘုရား အစွမ်းတွေကို ပြန်ရုပ်သိမ်းပေးပါ..."

"စိတ်မကောင်းပါဘူး... ကျွန်တော်က စဉ်းစားပေးမယ်လို့ပဲ ပြောခဲ့တာ... ခင်ဗျားရဲ့ အဖြေက ကျွန်တော့်ကို စိတ်ကျေနပ်မှု မပေးနိုင်ဘူး... အဲ့ဒါကြောင့် ခင်ဗျားလည်း သွားသင့်တဲ့နေရာကိုပဲ သွားလိုက်ပါတော့..."

ဝူလီက ခေါင်းကို ဖြည်းညင်းစွာ ခါလိုက်၏။ သူသည် အစကတည်းက ရပ်တန့်ရန် ရည်ရွယ်ချက် မရှိခဲ့ပေ။ သူ တစ်ခုခုကို စတင်ခဲ့ပြီဆိုလျှင် အမြစ်ပြတ် သုတ်သင်ရန် အမြဲ အဆင်သင့် ရှိနေရမည် ဖြစ်သည်။ ဤသည်မှာ ဝူလီ၏ ကိုယ်ပိုင် အတွေးအခေါ်နှင့် ဘဝခံယူချက်ပင် ဖြစ်တော့သည်။

အခန်း (၂၈၂) ကံကြမ္မာအလှည့်အပြောင်းနှင့် မိခင်အတွက် ကလဲ့စား

မကြာမီပင် ရောက်ရှိနေသော နန်ကုန်းမိသားစုဝင်များနှင့် အကြီးအကဲ အားလုံးသည် ရွှေရောင်မိုးကြိုး ပျံသန်းဓားဝင်္ကပါအောက်တွင် အသက်ပျောက်ခဲ့ရလေပြီ။

ဝူလီသည် လက်ကို ဝှေ့ယမ်းလိုက်ရာ အကြီးအကဲများ၏ သိုလှောင်လက်စွပ်များသည် သူ၏ ဟင်းလင်ပြင်သိုလှောင်ခန်းထဲသို့ ရောက်ရှိလာတော့သည်။ ဤသည်မှာ သူတို့၏ စစ်နိုင်လက်ဆောင်များ ဖြစ်သလို နောင်တွင် ကျင့်ကြံခြင်းအတွက် အရင်းအမြစ် အမြောက်အမြား လိုအပ်မည် ဖြစ်သည်။ သူ၏ အချိန်နှင့်ဟင်းလင်းပြင် နတ်ဘုရားခန္ဓာကိုယ်သည်လည်း ရှေးဟောင်း မြင့်မြတ်ခန္ဓာကိုယ်ကဲ့သို့ပင် အရင်းအမြစ်များကို သောင်းကျန်းစွာ ဝါးမျိုတတ်သည့် ခန္ဓာကိုယ်မျိုး ဖြစ်ပေသည်။

ဤအရာအားလုံးကို လုပ်ဆောင်ပြီးနောက် ဝူလီသည် ချင်ဝမ်ဘက်သို့ လှည့်ကာ မေးမြန်းလိုက်၏။

"အခု မင်း ဘာဆက်လုပ်ဖို့ အစီအစဉ်ရှိလဲ..."

"ကလဲ့စားချေမယ်... ကျွန်မတို့ ခံခဲ့ရတဲ့ နာကျည်းချက်တွေအတွက် ပြန်ပေးဆပ်ခိုင်းရမယ်..."

ချင်ဝမ်၏ မျက်လုံးများထဲတွင် မုန်းတီးမှုများ ပြည့်နှက်နေသည်။ သူမ၏ ကလေးဘဝတွင် ရရှိခဲ့သမျှမှာ မိခင်၏ မေတ္တာသာ ဖြစ်ပြီး သူမ သန်မာလာအောင် ကြိုးစားခဲ့ခြင်းမှာလည်း မိခင်ဖြစ်သူကို နန်ကုန်းမိသားစုထံမှ ခေါ်ထုတ်သွားနိုင်ရန်သာ ဖြစ်ပေသည်။

သို့သော် သူမ၏ အမေမှာ ထိုအချိန်အထိ စောင့်ဆိုင်းမသွားနိုင်ခဲ့လိမ့်မည်ဟု သူမ မထင်မှတ်ထားခဲ့ချေ။ ယခုအခါ သူမ၏ အမေ မရှိတော့သဖြင့် သူမ၏ တစ်ဦးတည်းသော သွေးမျိုးဆက်အနေဖြင့် ကလဲ့စားချေရန်မှာ သူမ၏ တာဝန်ပင် ဖြစ်သည်။

"နန်ကုန်းမိသားစုကိုရော ဘာလုပ်မှာလဲ..."

"အမြစ်ပြတ် သုတ်သင်မယ်... ကျွန်မအတွက်တော့ နန်ကုန်းမိသားစုဟာ ယုတ်မာမှုတွေရဲ့ စုဝေးရာပဲ... အဲ့ဒါကြောင့် သူတို့ ဆက်ပြီး တည်ရှိနေဖို့ မလိုတော့ဘူး..."

ချင်ဝမ်သည် ရန်စကို အမြစ်ပြတ် ချေမှုန်းရမည်ဟူသော အချက်ကို ကောင်းစွာ နားလည်ထားပေသည်။ အကယ်၍ နန်ကုန်းမိသားစုကို ဆက်လက် ထားရှိခဲ့လျှင် သူမအတွက်သာမက ဝူလီအတွက်ပါ ဘေးအန္တရာယ် ဖြစ်လာနိုင်သောကြောင့်ပင်။

ထိုစကားကို ကြားသောအခါ ဝူလီက ခေါင်းညိတ်လိုက်ပြီး လက်တစ်ချက် ဝှေ့ယမ်းကာ ရွှေရောင်မိုးကြိုး ပျံသန်းဓား ၁၆,၀၀၀ ကို နန်ကုန်းမိသားစု တစ်ခုလုံးအား ဝိုင်းရံထားစေလိုက်သည်။ အင်မော်တယ် အရှင်မြတ်များပင် လွတ်မြောက်ရန် အခွင့်အရေး မရှိတော့ချေ။ ထို့ပြင် နန်ကုန်းမိသားစု၏ အင်မော်တယ် အရှင်မြတ် အားလုံးမှာလည်း အစောပိုင်းကပင် သေဆုံးခဲ့ကြပြီ ဖြစ်ရာ အခြား အစွမ်းထက် ပုဂ္ဂိုလ်များလည်း ကျန်ရှိမနေတော့ပေ။

ထို့ကြောင့် ယခုအချိန်တွင် နန်ကုန်းမိသားစု၌ ဝူလီကို ခြိမ်းခြောက်နိုင်သူ တစ်ဦးမျှ မရှိတော့ချေ။

ရွှေရောင်မိုးကြိုး ပျံသန်းဓားများကို နန်ကုန်းမိသားစုအတွင်း ဖြန့်ကျက်ထားပြီးနောက် ချင်ဝမ်သည် သူမ၏ ငယ်ဘဝက မှတ်မိနေသော သူမ၏ ဖခင်တူ အမေကွဲ အစ်မဖြစ်သူ တတိယသခင်မလေး၏ စံအိမ်ရှိရာသို့ ဦးတည်ထွက်ခွာလာခဲ့သည်။

သူမ နောက်ထပ် လုပ်ဆောင်ရမည့်အရာမှာ သူမ၏ အစ်မဖြစ်သူ နန်ကုန်းယွီကို သတ်ဖြတ်ရန်ပင် ဖြစ်သည်။

မကြာမီတွင် ချင်ဝမ်၏ လမ်းပြမှုဖြင့် ဝူလီ၏ ရှေ့မှောက်သို့ ခန့်ညားထည်ဝါသော တောင်တန်းကြီးတစ်ခု ပေါ်လာတော့သည်။ ချင်ဝမ်နှင့် သူမ၏ မိခင် ချင်ယွဲ့ဟွာတို့ နေထိုင်ခဲ့သော စံအိမ်မှာ ရှေ့ကတောင်တန်းကြီးနှင့် နှိုင်းယှဉ်လျှင် ဆယ်ပုံတစ်ပုံခန့်ပင် မရှိချေ။

"ရယ်စရာကောင်းတယ် မဟုတ်လား... ဖခင်တစ်ယောက်တည်းရဲ့ သမီးတွေ ဖြစ်ပေမဲ့ ရရှိတဲ့ ဆက်ဆံမှုတွေကတော့ ကောင်းကင်နဲ့ မြေကြီးလို ကွာခြားနေတယ်..."

ချင်ဝမ်သည် လှည့်မကြည့်ဘဲ ရှေ့က တောင်တန်းကိုသာ စိုက်ကြည့်ရင်း မိမိကိုယ်ကိုယ် လှောင်ပြောင်သည့် လေသံဖြင့် ပြောလိုက်၏။ ဝူလီက ခေါင်းကို ဖြည်းညင်းစွာ ခါယမ်းလိုက်သည်။

"ဒါက ရယ်စရာ မဟုတ်ပါဘူး... သူက လူကဲခတ် မှားသွားတာပါ... ပါရမီရှင်တစ်ယောက်ဟာ ပြင်ပ အကြောင်းအရာတွေကြောင့် ဘယ်တော့မှ နစ်မြုပ်မသွားဘူး... ... ဒါဟာ နန်ကုန်းမိသားစုရဲ့ ကံကြမ္မာပဲ... မင်း ဒီနေ့လို ဖြစ်လာတာဟာ မင်း ဖြတ်သန်းခဲ့ရတဲ့ အတွေ့အကြုံတွေကြောင့်ပဲလေ..."

'အဲ့ဒီ အကြောင်းအရာတွေကြောင့်ပဲ မင်းက ငါ့ရှေ့ကို ရောက်လာခဲ့တာ...' ဟူသော နောက်ဆုံးဝါကျကိုတော့ ဝူလီက ထုတ်ဖော် မပြောခဲ့ပေ။

ထိုစကားကို ကြားသောအခါ ချင်ဝမ်သည် အလွန်ပင် စိတ်လှုပ်ရှားသွားခဲ့သည်။ နောက်တစ်စက္ကန့်တွင် သူမသည် ရှေ့ကတောင်တန်းဆီသို့ တိုက်ရိုက် ပျံသန်းသွားပြီး လက်ဝါးတစ်ချက် ရိုက်ချက်ဖြင့် ထိုတောင်တန်းကို မြေလှန်ပစ်လိုက်တော့သည်။

သို့သော် နောက်တစ်စက္ကန့်တွင် တောင်တန်းများအတွင်းမှ လူရိပ်တစ်ခု ပျံထွက်လာပြီး အလွန်ပင် ကြည့်ရဆိုးသော အမူအယာဖြင့် ဟိန်းဟောက်လိုက်၏။

"တောက်... ဘယ်သူက ငါ့နယ်မြေကို လာတိုက်ခိုက်ရဲတာလဲ..."

ပေါ်လာသူမှာ အခြားသူမဟုတ်ဘဲ ချင်ဝမ်၏ အစ်မဖြစ်သူ နန်ကုန်းယွီပင် ဖြစ်သည်။

သူမ၏ ရိုက်ချက်ကြောင့် နန်ကုန်းယွီ သေဆုံးမသွားခြင်းအပေါ် ချင်ဝမ်က အံ့သြခြင်း မရှိပေ။ နန်ကုန်းယွီသည် ပေါများသော အရင်းအမြစ်များ၊ ထူးချွန်သော ပါရမီတို့ကို ပိုင်ဆိုင်ထားပြီး သူမထက် နှစ်ပေါင်း တစ်သိန်းခန့်ပင် ပို၍ ကြီးသူဖြစ်ရာ ယခုအခါ လျိုထျန်းရွှေအင်မော်တယ် အလယ်အလတ်အဆင့်သို့ ရောက်ရှိနေခြင်းမှာ ထူးဆန်းသည်တော့ မဟုတ်ချေ။

"ချစ်ရတဲ့ အစ်မကြီး... နှစ်တွေ အကြာကြီး ကြာသွားတာတောင် အရင်အတိုင်း အေးအေးဆေးဆေး ရှိနေတုန်းပဲလား..."

ချင်ဝမ်သည် နန်ကုန်းယွီကို ကြည့်လိုက်သော်လည်း ဒေါသတကြီး ဖြစိမနေခဲ့ပေ။ ဖြစ်နိုင်သည်မှာ သူမ၏ မျက်လုံးထဲတွင် သေလူတစ်ယောက် ဖြစ်နေသောကြောင့်ပင်။ သေလူတစ်ယောက်အပေါ် သက်စောင့်ချီများ သုံးစွဲပြီး ဒေါသထွက်နေရန် သူမ စိတ်မဝင်စားချေ။

ချင်ဝမ်၏ စကားကို ကြားသောအခါ ဖရိုဖရဲ ဖြစ်နေသော နန်ကုန်းယွီသည် ခဏမျှ ကြောင်သွားပြီးမှ ချင်ဝမ်ကို သေချာ စိုက်ကြည့်လိုက်သည်။ အတော်ကြာမှ ချင်ဝမ်ကို မှတ်မိသွားပြီး အထင်အမြင်သေးစွာဖြင့် လှောင်ပြောင်လိုက်တော့သည်။

"ဘာလဲ... မင်းလို ကပြားမက နောက်ဆုံးတော့ ပြန်လာပြီပေါ့... မင်း ဘယ်လိုနည်းနဲ့ လျိုထျန်းရွှေအင်မော်တယ် အဆင့်အထိ ကျင့်ကြံနိုင်ခဲ့လဲဆိုတာ ငါ မသိပေမဲ့ ငါ့အပေါ် လက်ပါရဲတယ်ဆိုတော့... ဖခင်ကြီးရဲ့ အပြစ်ပေးမှုကို မကြောက်ဘူးလား..."

နန်ကုန်းမိသားစုမှ အစွမ်းထက် ပုဂ္ဂိုလ်အားလုံးကို ဝူလီက သုတ်သင်လိုက်ပြီဖြစ်ကြောင်း နန်ကုန်းယွီ မသိသေးပေ။ မဟုတ်လျှင် သူမ ဤသို့ ပြောရဲမည် မဟုတ်ချေ။

သူမနှင့် ချင်ဝမ်ကြားတွင် အဆင့်အတန်း ကွာခြားမှုမှာ အလွန်ပင် ကြီးမားလှသည်။ သူမ၏ မိခင်မှာ မြင့်မြတ်သော အင်မော်တယ် အရှင်မြတ်တစ်ဦး ဖြစ်သည်။ အကယ်၍ ဤအကြောင်းကိုသာ သိသွားခဲ့မည်ဆိုပါက၊ သူမ၏ မိခင်သည် ချင်ဝမ်ကို သေချာပေါက် သတ်လိမ့်မည် ဖြစ်သည်။ သူမ၏ အမြင်တွင် ချင်ဝမ်၏ လုပ်ရပ်မှာ သေတွင်းထဲသို့ ဆင်းနေခြင်းသာ ဖြစ်သည်။

နန်ကုန်းကျွင်းက မည်သို့ ပြောမည်ကိုလည်း နန်ကုန်းယွီအနေဖြင့် စိတ်ပူနေစရာ မလိုချေ။ ဖခင်ဖြစ်သူကို ကိုင်တွယ်ရန်မှာ မိခင်ဖြစ်သူ၏ အလုပ်သာ ဖြစ်သောကြောင့်ပင်။

သို့သော် မိခင်ဖြစ်သူသည် လက်ဖျားပင် လှုပ်စရာ မလိုလိုက်ဘဲ သူမကိုယ်တိုင် ချင်ဝမ်ကို သတ်ဖြတ်နိုင်လိမ့်မည်ဟု တွေးမိသွားသည်။ ထိုသို့ တွေးလိုက်သည်နှင့် နန်ကုန်းယွီသည် ချက်ချင်းပင် ချင်ဝမ်ကို တိုက်ခိုက်တော့သည်။ သူမ၏ တိုက်ကွက်များမှာ အသေအလဲ ဖြစ်သဖြင့် ချင်ဝမ်မှာ ခဏမျှ ခုခံရန် ခက်ခဲသွားခဲ့သည်။

အမှန်စင်စစ် ချင်ဝမ်သည် ကံကြမ္မာမျက်လုံး၏ အကူအညီဖြင့် ကောင်းကင်နှင့်မြေကြီး ရတနာများကို ရှာဖွေကာ ယခုလို အဆင့်ထိ ရောက်ရှိလာခြင်း ဖြစ်သည်။ အခြေခံပိုင်းတွင် ပြောရလျှင် သူမသည် ဤနယ်ပယ်၌ ထိပ်တန်း အင်မော်တယ်များစာရင်းတွင် ပါဝင်နိုင်ရန် ခက်ခဲပေလိမ့်မည်။

နန်ကုန်းယွီ၏ ကျင့်ကြံခြင်းအဆင့်မှာ သူမထက် နယ်ပယ်ငယ် တစ်ခု ပိုမြင့်နေသဖြင့် သူမအနေဖြင့် သရေကျအောင် တိုက်ခိုက်နိုင်သည်မှာပင် အတော်လေး စွမ်းဆောင်နိုင်ခြင်း ဖြစ်ပေသည်။

ဝူလီသည် ဤမြင်ကွင်းကို ကြည့်နေသော်လည်း လှုပ်ရှားခြင်း မရှိပေ။ ဤသည်မှာ ချင်ဝမ်၏ ကိုယ်ပိုင်တိုက်ပွဲ ဖြစ်သည်။ နန်ကုန်းယွီကို ကိုယ်တိုင် သတ်ဖြတ်ပြီး မိခင်အတွက် ကလဲ့စားချေနိုင်မှသာ သူမ၏ စိတ်ဝိညာဉ်မှ အတွင်းမိစ္ဆာကို အောင်နိုင်မည်ဖြစ်ပြီး ဤအခွင့်အရေးကို အသုံးချကာ လျိုထျန်းရွှေအင်မော်တယ် အလယ်အလတ်အဆင့်သို့ တက်လှမ်းနိုင်လိမ့်မည်။

ချင်ဝမ်သည် အချိန်အတော်ကြာ တိုက်ခိုက်ပြီးသည့်တိုင်အောင် သရေကျနေဆဲ ဖြစ်သည်ကို မြင်သောအခါ နန်ကုန်းယွီ၏ မျက်နှာမှာ အနည်းငယ် ပျက်သွားသည်။

"ဒါ ဘယ်လို ဖြစ်နိုင်မှာလဲ... ငါက မင်းထက် အဆင့်တစ်ခု ပိုမြင့်နေတာလေ... မင်းရဲ့ ပါရမီနဲ့ဆိုရင် ဒီလောက်ကြာအောင် ဘယ်လို တောင့်ခံနေနိုင်တာလဲ..."

"ဟွန့်... ကျွန်မကို လျှော့မတွက်နဲ့... ကျွန်မရဲ့ ပါရမီက ရှင့်ထက် ညံ့ချင်မှ ညံ့မှာ... အကယ်၍ နန်ကုန်းမိသားစုရဲ့ အရင်းအမြစ်တွေသာ ကျွန်မဆီ စီးဆင်းခဲ့မယ်ဆိုရင် ကျွန်မဟာ အခုလောက်ဆို အထက်ဘုံတက်နေလောက်ပြီ... နှစ်ပေါင်း တစ်သိန်းကြာတာတောင် အင်မော်တယ်ဘုရင် မဖြစ်သေးတဲ့ အသုံးမကျတဲ့လူနဲ့တော့ မတူဘူးပေါ့..."

ချင်ဝမ်သည် ဓားတစ်ချက်ဖြင့် နန်ကုန်းယွီကို နောက်သို့ လွင့်ထွက်သွားစေခဲ့သည်။ ဝူလီ၏ အကူအညီကြောင့် ချင်ဝမ်တွင် ယခုအခါ အဆင့် ၇ အင်မော်တယ် အရှင်မြတ် မှော်လက်နက် ရှိနေသဖြင့် နန်ကုန်းယွီနှင့် ဤမျှ ကြာအောင် တိုက်ခိုက်နိုင်ခြင်း ဖြစ်သည်။

ဤသည်မှာ ချင်ဝမ်အနေဖြင့် ရွှေရောင်မိုးကြိုး ပျံသန်းဓား၏ စစ်မှန်သော စွမ်းအားကို မထုတ်ဖော်ရသေးခြင်းကြောင့်သာ ဖြစ်သည်။ မဟုတ်လျှင် နန်ကုန်းယွီမှာ သူမ၏ လက်ချက်ဖြင့် သေဆုံးနေသည်မှာ ကြာလှပြီဖြစ်သည်။

ချင်ဝမ်၏ အဓိက ရည်ရွယ်ချက်မှာ နန်ကုန်းယွီနှင့် တိုက်ပွဲကို အသုံးချကာ အဆင့်တက်ရန် ဖြစ်သည်။ ယခုအခါ သူမသည် လျိုထျန်းရွှေအင်မော်တယ် အလယ်အလတ်အဆင့်သို့ ရောက်ရန် ခြေတစ်လှမ်းသာ လိုတော့ရာ ဤတိုက်ပွဲမှာ သူမအတွက် အခွင့်အကောင်းပင်။

သို့သော် နန်ကုန်းယွီ၏ အမြင်တွင်မူ ဤသည်မှာ အလွန်ပင် အရှက်ရစရာ ဖြစ်နေသဖြင့် နောက်တစ်စက္ကန့်တွင် သူမသည် လက်ကို ဝှေ့ယမ်းလိုက်ရာ သိုလှောင်လက်စွပ်အတွင်းမှ အဆင့် ၅ အင်မော်တယ် မန္တန်စက္ကူများ အမြောက်အမြား ထွက်ပေါ်လာတော့သည်။

နန်ကုန်းယွီ၏ စိတ်အာရုံ စေခိုင်းမှုနှင့်အတူ ထိုမန္တန်များမှ စွမ်းအားများ ထွက်ပေါ်လာပြီး ချင်ဝမ်ဆီသို့ ဦးတည်သွားတော့သည်။

All Chapters