← Chapters

အခန်း (၁၈၉-၁၉၀)

Vol. 19 Ch. 189-190

အခန်း (၁၈၉-၁၉၀)

Vol. 19 Ch. 189-190

အခန်း ၁၈၉: ဒီလို ဟန်ရေးပြတဲ့သူနဲ့ ဘာလို့ စကားပြောနေရမှာလဲ...

"ဒီအရှိန်အဝါ..."

"ရှီး... ဒါက နတ်ဘုရား ရုပ်ခန္ဓာကိုယ် အမျိုးအစားတစ်ခု မဟုတ်လား..."

"သူ့ရဲ့လေသံကို ကြည့်ရရင် သူက အောက်ဘုံရဲ့ ဒေသခံတစ်ယောက် ဖြစ်ပုံရတယ်... ပြီးတော့ စူးချန်ကဲရဲ့ ဂျူနီယာညီမလေးတောင် ဖြစ်နေတာလား...ဒါက စိတ်ဝင်စားစရာပဲ... ဒီအောက်ဘုံမှာ နတ်ဘုရား ရုပ်ခန္ဓာကိုယ်တစ်ခု မွေးဖွားလာမယ်လို့ ငါ ထင်မထားမိဘူး..."

ဤအချိန်အတောအတွင်းတွင် အောက်ဘုံသို့ ဆင်းသက်လာခဲ့သော ပါရမီရှင်များသည် အရှေ့ပိုင်းနက်နဲသိမ်မွေ့နယ်မြေမှ အဖြစ်အပျက်များအကြောင်း ကြားသိခဲ့ပြီးဖြစ်သည်။ နတ်ဘုရားမီးတောက်နယ်ပယ်တွင် ရှိနေစဉ် သူတော်စင်တစ်ပါးကို သတ်ဖြတ်ခြင်းက စိတ်ဝိညာဉ်နယ်မြေမှာပင် ထိတ်လန့်တုန်လှုပ်ဖွယ်ကောင်းသော စွမ်းဆောင်ချက်တစ်ခုပင်။ သို့ရာတွင် လူအများစုက ထိုအရာကို အလေးအနက် မထားခဲ့ကြဘဲ ဤအောက်ဘုံ ဒေသခံများ၏ ကောလဟာလများသက်သက်အဖြစ် ပယ်ချခဲ့ကြ၏။

"ဘာပဲဖြစ်ဖြစ် တကယ်လို့ ဒီလိုပါရမီရှင်မျိုးသာ မွေးဖွားလာခဲ့ရင် သူတို့ကို စိတ်ဝိညာဉ်နယ်မြေက ကြီးမားတဲ့ အင်အားစုတွေက အစောကြီးကတည်းက ရှာဖွေပြီး ခေါ်ဆောင်သွားလောက်ပြီ... သူတို့က ဘယ်လိုလုပ်ပြီးတော့ ဒီအောက်ဘုံမှာ ရှိနေနိုင်အုံးမှာလဲ..."

ထုယိုယို၏အသံကို ကြားလိုက်ရချိန်၌ ငွေရောင် ဝတ်ရုံဝတ်လူငယ်၏အကြည့်က စူးရှသွားပြီး သူ၏မျက်လုံးအကြည့်ကို ထိုနေရာသို့ ရွှေ့ပြောင်းလိုက်သည်။ ထုယိုယိုကို သူ မြင်သောအခါ သူ တခဏကြာမျှ ကြောင်အမ်းသွားသည်။ သူ၏မျက်လုံးများထဲရှိ ဒေါသက သိသိသာသာ လျော့ကျသွားပြီး ရယ်မောချင်စိတ်ဖြင့် အစားထိုးခြင်း ခံလိုက်ရလေ၏။

"ကျွတ် ကျွတ် ကျွတ်...ဒေသခံတွေကြားမှာ မင်းလို အလှတရားမျိုးကို တွေ့ရမယ်လို့ ငါ မျှော်လင့်မထားခဲ့ဘူး... ဒါက တကယ်ကို ရှားပါးတယ်... အင်း..မဆိုးဘူး.. မဆိုးဘူး... ငါ မင်းကို အခွင့်အရေးတစ်ခု ပေးမယ်..မင်းက ငါ့ရဲ့ ကျေးကျွန် လုပ်ရမယ်... အဲ့ဒီလိုဆိုရင် မင်း အရင်က ပြောခဲ့တဲ့ စော်ကားမှုတွေကို ငါ မကြားခဲ့ဘူးလို့ ဟန်ဆောင်ပေးနိုင်တယ်..."

ငွေရောင်ဝတ်ရုံဝတ်လူငယ်က သူ၏မျက်လုံးကို မှေးစင်းကာ အပြုံးနှင့် ပြောလိုက်သည်။ ဤမိန်းကလေးအတွက် တစ်ယောက်ယောက်က ရှေ့ထွက်၍ ရပ်တည်ပေးမည်ကို သူ စိတ်ပူခြင်း မရှိချေ။ သူ၏နတ်ဘုရားစိတ်အာရုံဖြင့် ပတ်ဝန်းကျင်ကို စစ်ဆေးပြီးဖြစ်ကာ သူ့ထက် ပိုအစွမ်းထက်သော မည်သူ့ကိုမျှ မတွေ့ရှိခဲ့ချေ။ မည်သို့ပင်ဆိုစေကာမူ ဤနေရာသည် အစွန်အဖျားတွင်သာ ရှိနေပေ၏။ အစစ်အမှန် ကြောက်မက်ဖွယ်ကောင်းသော တည်ရှိမှုများက လက်ရှိတွင် ကောင်းကင်တက်လှမ်းခြင်း လမ်းကြောင်း၏ စစ်မှန်သောအဝင်ဝကို ရှာဖွေနေကြခြင်းပင်။

ထို့ကြောင့် သူသည် ဟန်ရေးပြသူတစ်ယောက်အဖြစ် ပြုမူပါက လုံးဝဘေးကင်းသည်ဟု ခံစားလိုက်ရသည်။

ထုယိုယိုက ချက်ချင်းဒေါသထွက်သွားပြီး အော်ဟစ်လိုက်သည်။

"ဟွန့် အိမ်မက်မက်မနေစမ်းနဲ့...ငါက မင်းရဲ့ဘေးအဖွား ဖြစ်လာတာကမှ ပိုကောင်းအုံးမယ်..."

ထိုစကားများ သူမ၏ပါးစပ်မှ ထွက်သွားသည့် အချိန်အခိုက်အတန့်တွင်...

ဘုန်း...

ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါတစ်ခုက ချက်ချင်းပေါက်ကွဲထွက်လာခဲ့သည်။

ရွှီချီက ပြပွဲကို ပျင်းရိငြီးငွေ့စွာ ကြည့်နေခဲ့သော်လည်း ငွေရောင်ဝတ်ရုံဝတ်လူငယ်က ထုယိုယိုကို ဖိအားပေးရန် အရှိန်အဝါအား အသုံးပြုဝံ့သည်ကို မြင်ချိန်၌ သူ၏မျက်ခုံးများ ချက်ချင်းတွန့်ကွေးသွားသည်။

သူက ရှေ့သို့ခြေတစ်လှမ်းလှမ်းကာ ထုယိုယိုကို ကာကွယ်ပေးလိုက်လေသည်။ ထိုကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါသည် သူ၏ကြေးညိုရောင်အရေပြားကို ထိမှန်ချိန်၌ အမှန်တကယ်ကို ပျောက်ကွယ်သွားခဲ့ပေ၏။

ရွှီချီက သူ၏နားကို ကလော်ကာ ခေါင်းစောင်းပြီး ငွေရောင်ဝတ်ရုံဝတ်လူငယ်ကို အရူးတစ်ယောက်အလား စုန်ချည်ဆန်ချည် ကြည့်လိုက်သည်။ ထို့နောက် သူက သွားဖြူဖြူနှစ်တန်း ပေါ်လွင်လာသည်အထိ ပြုံးလိုက်ပြီး လူဆိုးတစ်ယောက်၏အရှိန်အဝါ အပြည့်ပါဝင်သည့် ကျယ်လောင်သောအသံဖြင့် ပြောလိုက်သည်။

"ငါ ပြောမယ် ဂျူနီယာညီမလေး... ဒီလို ဟန်ရေးပြတဲ့သူနဲ့ ဘာလို့ စကားပြောနေရမှာလဲ..."

သူက လက်ညှိုးတစ်ချောင်းကို ဆန့်တန်းလိုက်ကာ ငွေရောင်ဝတ်ရုံဝတ်လူငယ်ကို တိုက်ရိုက်ညွှန်ပြလိုက်သည်။ သူ၏အသံမှာ ခေါင်းလောင်းကြီးတစ်လုံးအလား ရှင်းလင်းပြီး ပဲ့တင်ထပ်နေကာ ရင်ပြင်၏ထက်ဝက်ခန့်အထိ ကြားရလေ၏။

"ဟေ့....ခရမ်းရောင်ဆံပင်နဲ့ ကောင်လေး... ငါက မင်းရဲ့အမေကို ယိုးခဲ့မိလို့လား..."

"..."

ရင်ပြင်တစ်ခုလုံး ချက်ချင်းတိတ်ဆိတ်သွားလေသည်။

ဆူညံသံများအားလုံးသည် မြင်နိုင်စွမ်းမရှိသော လက်ကြီးတစ်ဖက်ကြောင့် ရုတ်တရက် ပြတ်တောက်သွားပုံရသည်။

မရေမတွက်နိုင်သော အကြည့်များက သူတို့အပေါ်သို့ တပြိုင်နက်တည်း ကျရောက်သွားပြီး နားမလည်နိုင်မှု၊ ထိတ်လန့်တုန်လှုပ်မှု၊ ပြပွဲကောင်း တစ်ခုအတွက် မျှော်လင့်ချက်နှင့် အောင့်အည်းမျိုသိပ်ထားသော ရယ်မောသံများဖြင့် ပြည့်နှက်နေသည်။

လီဟော့မဟာနယ်မြေမှ ငွေရောင်ဝတ်ရုံဝတ်လူငယ်သည် သူ၏မောက်မာမှု ချက်ချင်းတောင့်တင်းအေးခဲသွားသည်ကို ခံစားလိုက်ရပြီး သူ၏ မျက်နှာ နီမြန်းသွားသည်။ ထို့နောက် မိုးထိအောင် မြင့်မားသော ဒေါသမီးတောက်တစ်ခုက သူ၏ခန္ဓာကိုယ်မှ ပေါက်ကွဲထွက်လာပေ၏။

"မင်းက သေချင်နေတာပဲ..."

ဤကဲ့သို့ ရိုင်းစိုင်းပြီး တိုက်ရိုက်ကျသောစကားဖြင့် လူပုံအလယ်တွင် အလွန်စော်ကားသော အပုပ်ချမှုကို သူ မည်သည့်အချိန်က ကြုံတွေ့ခဲ့ဖူးသနည်း။

အထူးသဖြင့် ဤသည်မှာ လူရိုင်းတစ်ယောက်ပုံစံမျိုး လုံးလုံးလျားလျား ပေါက်နေသူထံမှပင်။

ငွေရောင်ဝတ်ရုံဝတ် လူငယ်က ဒေါသတကြီး တိုက်ခိုက်လိုက်သည်။ သူ၏လက်ဝါးကို တွန်းထုတ်လိုက်ရာ ပူလောင်သော မီးတောက်များက အနီရင့်ရောင် ဧရာမလက်ဝါးပုံရိပ်ယောင်ကြီးတစ်ခုအဖြစ် ပြောင်းလဲသွားသည်။ ထိုအရာသည် တောင်များကို လောင်ကျွမ်းစေပြီး ပင်လယ်များကို ဆူပွက်စေနိုင်သော ကြောက်မက်ဖွယ်ကောင်းသည့် အပူရှိန်ကို သယ်ဆောင်လာကာ ရွှီချီနှင့်ထုယိုယိုတို့ဆီသို့ ဦးတည်၍ ရိုက်ချလိုက်၏။

သူတော်စင်နယ်ပယ်၏ဖိအားက အထိန်းအကွပ်မရှိ ထွက်ပေါ်လာပြီး ပတ်ဝန်းကျင်လေထုကို ပုံပျက်ကာ လောင်ကျွမ်းစေခဲ့သည်။ အနီးအနားရှိ ကျင့်ကြံသူများ၏မျက်နှာများ ဖြူရော်သွားပြီး နောက်သို့ အကြိမ်ကြိမ် ဆုတ်ခွာသွားခဲ့ကြသည်။

ဤတိုက်ခိုက်မှုမှာ ဒေါသတကြီးဖြင့် စတင်ခဲ့ခြင်းဖြစ်ပြီး သူက သတ်ဖြတ်လိုခြင်း စိတ်ဆန္ဒကို ထုတ်ဖော်ထားပြီးဖြစ်သည်။

ဤရိုင်းစိုင်းသော လူရိုင်းနှင့် ထိုကျေးဇူးကန်းသော မိန်းကလေးကို နေရာတွင်ပင် သူ ပြာအဖြစ် ပြောင်းလဲပစ်လိုသည်။

ပတ်ဝန်းကျင်ရှိ လူအုပ်ကြီးသည် အော်ဟစ်ကာ နောက်ဆုတ်သွားကြလေ၏။ လူအများ၏မျက်လုံးများတွင် စာနာသနားခြင်း သို့မဟုတ် သူတစ်ပါး ဒုက္ခရောက်သည်ကို ဝမ်းသာခြင်းတို့ ထင်ဟပ်နေသည်။

အောက်ဘုံမှ လူငယ်နှင့်မိန်းကလေးကမူ အဆုံးသတ်သွားတော့ပေမည်။

သို့ရာတွင် ရွှီချီကမုရှောင်တိမ်းခြင်း သို့မဟုတ် ဖယ်ရှားခြင်း မပြုခဲ့ချေ။ အရာအားလုံးကို သူ ထိုးထွင်းသိမြင်ပြီးသည့်အလား သူ၏မျက်လုံးများတွင် ဂရုမစိုက်မှု အရိပ်အယောင်တစ်ခု လင်းလက်သွားသည်။ သူသည် လျစ်လျှူရှုသော အပြုံးကိုပင် ထိန်းသိမ်းထားခဲ့လေ၏။ သူက သူ၏ညာဘက်လက်သီးကို ဆုပ်ထားဟန်ဆောင်လိုက်သည်။ သူ၏ ကြေးညိုရောင်အရေပြားအောက်တွင် ရိုင်းစိုင်းသော နဂါးများက သူ၏သွေးကြောများထဲတွင် ပြေးလွှား ဟိန်းဟောက်နေသည့်အလား ခံစားရပြီး အလွန်အမင်း သန့်စင်သော စိတ်ဝိညာဉ်အသွင်ပြောင်းခြင်းနယ်ပယ်မှ စွမ်းအားတစ်ရပ် စတင်၍ စုစည်းလာပေ၏။

သူ၏အသွင်အပြင်မှာ သူ၏ အသက်ကို စွန့်ရန် ဟန်ပြင်နေပုံ ပေါက်နေခဲ့သည်။

ပြိုင်ဘက်၏ သူတော်စင်နယ်ပယ်အရှိန်အဝါမှ ဖိအားအောက်တွင် ထုယိုယို၏အသက်ရှူသံ အနည်းငယ် ပြင်းထန်နေပြီး သူမ၏ မျက်နှာ ဖြူရော်နေသည်။ သူမ၏ရှေ့တွင် မတ်တတ်ရပ်နေသော ရွှီချီကိုကြည့်ကာ သူမ၏စိတ်ထဲတွင် အမြှီးကိုးချောင်းဘိုးဘေး၏ အသံကို ကြားလိုက်ရသည်။ သူမ၏ကြောက်ရွံမှုများ လျော့ပါးသွားပြီး ငွေရောင်ဝတ်ရုံဝတ်လူငယ်ကိုမကျေမနပ်ဖြင့် စိုက်ကြည့်လိုက်၏။

"ခဏနေရင် မင်းရဲ့ ခန္ဓာကိုယ်ထိန်းချုပ်မှုကို ငါ့ဆီ ပေးလိုက်..."

အမြှီးကိုးချောင်း ကောင်းကင်မြေခွေးက အေးစက်တင်းမာစွာ ပြောဆိုလိုက်ရာ သူမ၏ မျက်လုံးများတွင် ကူကယ်ရာမဲ့မှု အရိပ်အယောင်များ အနည်းငယ် ထင်ဟပ်နေသည်။ သူမ၏အမြင်အရ ဤကဲ့သို့ ကလေးဆန်သော ရန်ဖြစ်မှုမျိုးမှာ သူမ ဝင်ရောက်စွက်ဖက်ရန် မလိုအပ်သလောက်နီးပါးပင်။

သို့ရာတွင် အနီရင့်ရောင် လက်ဝါး ရိုက်ချက် ကျဆင်းလာတော့မည့် အချိန်နှင့် ရွှီချီ၏ လက်သီးက တိုက်ခိုက်တော့မည့် အရေးကြီးသော အချိန်အခိုက်အတန့်တွင်...

"ဝီ..."

ထင်ယောင်ထင်မှားတစ်ခုအလား အလွန်တိုးညှင်းသော ဟင်းလင်းပြင်မြည်သံတစ်သံ ထွက်ပေါ်လာသည်။

လောကကြီးကို ထိတ်လန့်တုန်လှုပ်စေမည့် အရှိန်အဟုန် မရှိသည့်အပြင် ကျယ်ပြန့်ပြီး ကြီးကျယ်ခမ်းနားသော ဖိအားများ ယိုစိမ့်ထွက်လာခြင်းလည်း မရှိချေ။

သို့သော် ရင်ပြင်တစ်ခုလုံးရှိ အချိန်မှာ မြင်နိုင်စွမ်းမရှိသော လက်ကြီးတစ်ဖက်၏ ညင်သာစွာ ဖိနှိပ်ခြင်းကို ခံရသည့်အလား ဤအချိန်အခိုက်အတန့်တွင် အဆပေါင်း မရေမတွက်နိုင်အောင် နှေးကွေးသွားပုံရသည်။

ကြောက်မက်ဖွယ်ကောင်းသော အပူရှိန်နှင့် ဖျက်ဆီးခြင်း စွမ်းအားများ ပါဝင်သည့် အနီရင့်ရောင် မီးတောက်လက်ဝါးရိုက်ချက်သည် မမြင်နိုင်သော အတားအဆီးတစ်ခုကို ဝင်တိုက်မိသွားသည့်အလား ရွှီချီ၏ခေါင်းအထက် သုံးပေ အကွာတွင် ရုတ်တရက် ရပ်တန့်သွားသည်။

လက်ဝါးရိုက်ချက်ပေါ်ရှိ ပူလောင်သော မီးတောက်များမှာ အေးခဲနေသော အနီရောင် ဖန်ခွက်အလားဖြစ်နေပြီး လောင်ကျွမ်းနေသောအနေအထားကို ထိန်းသိမ်းထားသော်လည်း တစ်လက်မမျှပင် ရှေ့သို့ဆက်မတိုးနိုင်တော့ချေ။

ငွေရောင်ဝတ်ရုံဝတ်လူငယ်၏ မျက်နှာပေါ်ရှိ ရက်စက်ကြမ်းကြုတ်မှုနှင့် သတ်ဖြတ်လိုခြင်း ရည်ရွယ်ချက်တို့မှာ ချက်ချင်းအေးခဲတောင့်တင်းသွားပြီး အံ့အားသင့်မှုအဖြစ်သို့ ပြောင်းလဲသွားသည်။

မီးတောက်လက်ဝါးရိုက်ချက်နှင့် သူ၏ ဆက်သွယ်မှုမှာ ခုခံ၍မရနိုင်သော စွမ်းအားတစ်ခုကြောင့် လုံးဝပြတ်တောက်သွားကြောင်း သူ တွေ့ရှိလိုက်ရသည်။

သူ ထည့်သွင်းထားသော သူတော်စင်စွမ်းအားသည် ပင်လယ်ထဲသို့ ဝင်ရောက်သွားသော ရွှံ့ နွားတစ်ကောင်အလား အစအနလေးမျှ မကျန်တော့ဘဲ ပျောက်ကွယ်သွားပေ၏။

သူ တစ်ယောက်တည်း အံ့အားသင့်နေသည် မဟုတ်ချေ။

ပြပွဲကို စောင့်ကြည့်နေကြသူများဖြစ်စေ တိတ်တဆိတ် စိုးရိမ်နေသူများဖြစ်စေ ရင်ပြင်ရှိ လူတိုင်းသည် ဤအချိန်အခိုက်အတန့်တွင် ထူးဆန်းသော တုံ့ဆိုင်းနေသည့် ခံစားချက်ကို ခံစားလိုက်ရသည်။

ဤသည်မှာ သူတို့သည် ထူထပ်သော ပယင်း ကျောက်တုံးတစ်တုံးထဲတွင် ပိတ်မိနေသည့်အလားပင်။ သူတို့၏အတွေးများ အလုပ်လုပ်နေဆဲ ဖြစ်သော်လည်း သူတို့၏ခန္ဓာကိုယ်များနှင့် စိတ်ဝိညာဉ်စွမ်းအားများမှာ နှေးကွေးပြီး လေးလံသွားသည်။

ရွှီချီ၏ အဆင်သင့်ဖြစ်နေသော လက်သီးက လေထဲတွင် အေးခဲတောင့်တင်းသွားပြီး ထုယိုယို၏မျက်လုံးဝိုင်းကြီးများက မှိတ်တုတ်မှိတ်တုတ် ဖြစ်သွားသည်။ လူတိုင်း တောင့်တင်းသော ကိုယ်ဟန်အနေအထားတွင် ရှိနေလေ၏။

ထို့နောက်...

ဆန်စက္ကူပေါ်တွင် တိတ်ဆိတ်စွာ ပျံ့နှံ့နေသော မင်အလား ပုံရိပ်တစ်ခုက အေးခဲနေသော အနီရင့်ရောင် လက်ဝါးရိုက်ချက်၏ အထက်တွင် ရုတ်တရက် ထွက်ပေါ်လာသည်။

သူသည် အစိမ်းရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး မင်အလား မည်းနက်သောဆံပင် အရပ်ရှည်ပြီး ဖြောင့်စင်းသော ခန္ဓာကိုယ်နှင့် တည်ငြိမ်သော အမူအရာတို့ ရှိနေသည်။

သူက ဤနေရာနှင့် မသက်ဆိုင်သည့်အလား လွတ်လပ်ပေါ့ပါးစွာ မတ်တတ်ရပ်နေပေ၏။

ဤသည်မှာ တခြားသူမဟုတ်ဘဲ စူးချန်ကဲပင်။

သူသည် မည်သည့်ဖိအားကိုမျှ တမင်သက်သက် ထုတ်လွှတ်မထားသည့်အပြင် ငွေရောင်ဝတ်ရုံဝတ်လူငယ်ကို တစ်ချက်မျှပင် မကြည့်ခဲ့ချေ။

သူက ခေါင်းကို အနည်းငယ်ငုံ့ကာ အံ့အားသင့်မှုမှ အကြောက်တရားသို့ ထို့နောက် အကြောက်တရားမှ အကန့်အသတ်မဲ့ အံ့သြမှုသို့ ပြောင်းလဲသွားသော မျက်နှာရှိသည့် အောက်ဘက်ရှိ ငွေရောင်ဝတ်ရုံဝတ်ပုံရိပ်ကို ငုံ့ကြည့်လိုက်သည်။

ဤသည်မှာ နတ်ဘုရား တစ်ပါးက ဆူညံနေသော ပုရွက်ဆိတ် တစ်ကောင်ကို ကြည့်ရန် သူ၏အကြည့်ကို နှိမ့်ချလိုက်သည့်အလားပင်။

"မင်းက ဘယ်သူလဲ..."

ငွေရောင်ဝတ်ရုံဝတ်လူငယ်၏ မျက်လုံးသူငယ်အိမ်များမှာ မှိုင်းညို့နေပြီး သူက အက်ရှရှအသံဖြင့် မေးလိုက်၏။ သူ၏ခန္ဓာကိုယ်တစ်ခုလုံးတွင် လွန်ကဲသော အကြောက်တရားများဖြင့် ပြည့်နှက်နေပြီး သူ၏ခန္ဓာကိုယ် အထိန်းအကွပ်မဲ့စွာ တုန်ရီနေသည်။

သူ၏ သူတော်စင်နယ်ပယ် နတ်ဘုရားစိတ်အာရုံက ရူးသွပ်စွာ ဗလောင်ဆူနေပြီး ရုတ်တရက် ထွက်ပေါ်လာသော ဤအစိမ်းရောင်ဝတ်ရုံဝတ်လူမှာ အလွန်ကြောက်မက်ဖွယ်ကောင်းသော တည်ရှိမှုဖြစ်ကြောင်း သူ့ကို ပြောပြနေသည်။

ဤှသည်မှာ သူ၏နားလည်နိုင်စွမ်းထက် များစွာကျော်လွန်နေသော အဆင့်တစ်ခုပင်။

သို့ရာတွင် စူးချန်ကဲသည် မည်သည့်အဖြေကိုမျှ မပေးခဲ့ချေ။

သူက မည်သည့် နတ်ဘုရားစွမ်းရည်ကိုမျှ အသုံးမပြုခဲ့ချေ။ သူသည် သူ၏ညာဘက် ခြေထောက်ကို ပေါ့ပေါ့ပါးပါး မြှောက်လိုက်ရုံသာ ဖြစ်ပေ၏။

ထို့နောက် သူက ညင်သာစွာ နင်းချလိုက်ပြီး သူ၏လှုပ်ရှားမှုမှာ နှေးကွေးပြီး ညင်သာသည်။

အခန်း ၁၉၀: အစ်ကိုစူး.. မင်း လုပ်ချင်တာကိုသာလုပ်ပါ.... ကောင်းကင်ကြီး ပြိုကျလာရင်တောင် ငါ မင်းအတွက် ထိန်းထားပေးမယ်...

ဘုန်း...

အလွန်တိုးညှင်းသော ခပ်အုပ်အုပ် အသံတစ်သံ ထွက်ပေါ်လာကာ...

နေရာတွင် အေးခဲတောင့်တင်းနေသော အနီရင့်ရောင် မီးတောက်လက်ဝါး ရိုက်ချက်နှင့် ထိုအရာ၏အောက်ရှိ ငွေရောင်ဝတ်ရုံဝတ်လူငယ်...

သူ၏မျက်နှာပေါ်တွင် မျှော်လင့်ချက်မဲ့မှုများဖြင့် ပြည့်နှက်နေပြီး သူ၏မျက်လုံးသူငယ်အိမ်များ ကျွတ်ထွက်လုမတတ် ပြူးကျယ်နေသည်။

ထို့နောက် ခြေတစ်ချက်တည်းအောက်တွင် သူ ချက်ချင်းပြိုကွဲပြီး ပျောက်ကွယ်သွားခဲ့လေ၏။

အသွေးအသားများ ပန်းထွက်လာခြင်း မရှိသလို အရိုးများကျိုးပဲ့သံလည်း မရှိဘဲ အော်ဟစ်သံလည်း မရှိချေ။

ငွေရောင်ဝတ်ရုံဝတ်လူငယ်နှင့် သူ စတင်ခဲ့သော တိုက်ခိုက်မှုတို့မှာ လုံးလုံးလျားလျား ဖျက်ဆီးခံလိုက်ရပုံရသည်။

သူ ရှိနေခဲ့သော နေရာတွင် အလွန်သန့်ရှင်းသော မြေကွက်လပ်တစ်ခုသာ ကျန်ရှိနေသည်။

စူးချန်ကဲ၏ခြေထောက်က ထိုပြားချပ်သော မြေပြင်ပေါ်တွင် ညင်သာစွာ ကျရောက်နေပြီဖြစ်ပြီး သူ၏အစိမ်းရောင်ဝတ်ရုံသည် ညင်သာစွာ လှုပ်ယမ်းနေကာ အစက်အပြောက်ကင်းပြီး ဖုန်မှုန့်ကင်းစင်နေသည်။

...

သုသာန်တစပြင်ကဲ့သို့ တိတ်ဆိတ်မှုတစ်ခုက ရင်ပြင်တစ်ခုလုံးကို လွှမ်းခြုံသွားသည်။

လူများအားလုံး၏မျက်လုံးများ ပြူးကျယ်နေကာ မြေကွက်လပ်ကို မယုံကြည်နိုင်စွာ ကြည့်နေကြ၏။ ထို့နောက် သူတို့သည် အလယ်ဗဟိုတွင် တိတ်ဆိတ်စွာ မတ်တတ်ရပ်နေသော အစိမ်းရောင်ဝတ်ရုံဝတ်လူဆီသို့ ကြည့်လိုက်ကြသည်။ သူ၏အမူအရာမှာ ရှေးဟောင်းရေတွင်း နက်ကြီးတစ်ခုအလား တည်ငြိမ်နေသည်။

သူသည် ခြေတစ်လှမ်းမျှ မရွှေ့ခဲ့သည့်အပြင် ပတ်ဝန်းကျင်ကိုလည်း မကြည့်ခဲ့ဘဲ သူ၏ခြေထောက်ကိုသာ မြှောက်လိုက်ခြင်းပင်။

"လီဟော့နယ်မြေက လူငယ်ပါရမီရှင်တစ်ဦးဖြစ်ပြီးတော့ ကမ္ဘာအသင်္ချေမှာ အားနည်းသူလို့ မသတ်မှတ်နိုင်တဲ့အပြင် အတုအယောင်သူတော်စင် ကျင့်ကြံခြင်းကို ပိုင်ဆိုင်ထားတဲ့သူ... သူက ဒီအတိုင်းပဲ ပျောက်ကွယ်သွားတာလား... သူ့ရဲ့ခန္ဓာကိုယ်ရော စိတ်ဝိညာဉ်ပါ ဖျက်ဆီးခံလိုက်ရပြီးတော့ ဖုန်မှုန့်လေးတစ်မှုန့်တောင် မကျန်ခဲ့တော့ဘူးလား... ဒါက ဘယ်လို နည်းလမ်းမျိုးလဲ... ဒါက ဘယ်လို စွမ်းအားမျိုးလဲ..."

ရုတ်ချည်းဆိုသလိုပင် ကမ္ဘာအသင်္ချေမှ လူအမြောက်အများက စူးချန်ကဲကို စိုက်ကြည့်လိုက်ကြပြီး သူတို့၏မျက်လုံးများတွင် ကြောက်ရွံ့ရိုသေမှု နက်ရှိုင်းသော ထိတ်လန့်တုန်လှုပ်မှုတို့ဖြင့် ပြည့်နှက်နေသည်။

"ရှီး..."

တစ်စုံတစ်ယောက်က သက်ပြင်းချလိုက်ပြီး သူ၏အသံ တုန်ရီနေပေ၏။

"လက်ဖျောက်တစ်ချက်တည်းနဲ့ အတုအယောင်သူတော်စင်တစ်ပါးကို သုတ်သင်လိုက်တယ်... မဟုတ်ဘူး...သူက ခြေထောက် တစ်ချက်မြှောက်လိုက်ရုံလေးပဲ... ဒါက အစစ်အမှန်သူတော်စင်တစ်ပါးပဲ... ပြီးတော့ အရမ်းအစွမ်းထက်တဲ့ အစစ်အမှန်သူတော်စင်တစ်ပါးပဲ..."

"ဒီလူရဲ့စွမ်းအားက အရမ်းကြောက်စရာကောင်းတယ်..."

"သူက သေချာပေါက် အစစ်အမှန်သူတော်စင် တစ်ပါးပဲ..."

"ယွမ်ယန်နယ်မြေက အစစ်အမှန်သူတော်စင် တစ်ပါးကို တကယ်ကြီး မွေးဖွားနိုင်တယ်ဆိုတာ ယုံကြည်နိုင်စရာ မရှိဘူး..."

"နေပါအုံး...သူက အောက်ဘုံကလို့ မင်း ဘာလို့ ထင်နေတာလဲ... သူက ယွမ်ယန်နယ်မြေမှာ အတွေ့အကြုံယူနေတဲ့ ကြီးမားတဲ့ အင်အားစု တစ်ခုခုက နတ်ဘုရားသားတော်တစ်ပါး မဖြစ်နိုင်ဘူးလား..."

"အဲ့ဒါက အမှန်ပဲ..."

"ကျွတ် ကျွတ် ကျွတ်...ကမ္ဘာအသင်္ချေက ပါရမီရှင်တွေကြားက ဒီရုန်းကန်မှုက တကယ့်ကို ပိုပိုပြီး စိတ်လှုပ်ရှားစရာ ကောင်းလာပြီ... ဒါက အစစ်အမှန်သူတော်စင် လမ်းကြောင်းကို လျှောက်လှမ်းနေတဲ့ ပြိုင်ဘက်ကင်း ကျွမ်းကျင်သူတွေထဲက သုံးယောက်မြောက်ကို ငါ မြင်ဖူးတာပဲ... သူတို့ထဲက ဘယ်သူက ပိုအစွမ်းထက်မလဲ ဆိုတာ ငါ သိချင်မိတယ်..."

"အရှေ့ပိုင်းဒေသက စူးချန်ကဲက နတ်ဘုရားမီးတောက်နယ်ပယ် ကျင့်ကြံဆင့်နဲ့ သူတော်စင် တစ်ပါးကို သတ်ခဲ့တယ်ဆိုတဲ့ ကောလာဟလတွေက အမှန်ပဲ မဟုတ်လား... ဒါက ကောလာဟလတွေထက်တောင် ပိုပြီးကြောက်ဖို့ ကောင်းနေတယ်..."

"ဒါက နတ်ဘုရားမီးတောက်နယ်ပယ်မှာ သူတော်စင်တစ်ပါးကို သတ်ခဲ့တာထက်တောင် ပိုနေသေးတယ်... သူ ခုဏက အသုံးပြုသွားတဲ့ နည်းလမ်းက အတုအယောင်သူတော်စင် တစ်ပါးကို အားစိုက်ထုတ်စရာမလိုဘဲ ဖျက်ဆီးပစ်လိုက်တာပဲ....ဆိုလိုတာက သူက အနည်းဆုံးတော့ အစစ်အမှန်သူတော်စင်တစ်ပါးပဲ... ပြီးတော့ အရမ်းအစွမ်းထက်တဲ့ အစစ်အမှန်သူတော်စင်တစ်ပါးပဲ..."

"ရှီး... အောက်ဘုံက ဒီလိုမွန်းစတားတစ်ကောင်ကို တကယ်ကြီး မွေးထုတ်လိုက်တာလား...သူက ကိုယ့်ကိုယ်ကိုယ် အရှေ့ပိုင်းနက်နဲသိမ်မွေ့နယ်မြေရဲ့သခင်လို့ ခေါ်ရဲတာ အံ့အားသင့်စရာ မဟုတ်တော့ဘူး..."

"မြန်မြန်...ဒီသတင်းကို ပြန်ပို့ကြစမ်း... အရှေ့ပိုင်းဒေသက စူးချန်ကဲက မြောက်ပိုင်းဒေသရဲ့ အလယ်ဗဟိုမှာ ထွက်ပေါ်လာပြီ... သူ့မှာ အစစ်အမှန်သူတော်စင်အဆင့် ကျင့်ကြံခြင်းနဲ့ ကြောက်ဖို့ကောင်းတဲ့ တိုက်ခိုက်ရေး စွမ်းအား ရှိတယ်လို့ ယူဆရတယ်..."

လူအများ ရုတ်ရုတ်သဲသဲ ဖြစ်သွားခဲ့သည်။

မရေမတွက်နိုင်သော နတ်ဘုရားစိတ်အာရုံများ ရောယှက်သွားပြီး သတင်းအချက်အလက်များကို အရပ်မျက်နှာအဘက်ဘက်သို့ အလွန်လျှင်မြန်သော အမြန်နှုန်းဖြင့် ပေးပို့နေလေ၏။

စူးချန်ကဲဟူသော အမည်မှာ လီဟော့မဟာနယ်မြေမှ သူတော်စင်နယ်ပယ် ပါရမီရှင်တစ်ဦးကို ခြေဖြင့်နင်း၍ သတ်လိုက်သော တုန်လှုပ်ဖွယ် မြင်ကွင်းနှင့်အတူ ထွက်ပေါ်လာသည်။ မြောက်ပိုင်းဒေသ၏အလယ်ဗဟိုနှင့် ကမ္ဘာအသင်္ချေမှ ဆင်းသက်လာသော ပါရမီရှင်များအသိုင်းအဝိုင်းတွင် ဤသတင်းသည် လေပြင်းမုန်တိုင်းအလား စတင်၍ ပျံ့နှံ့သွားတော့သည်။

ယခင်က အောက်ဘုံ၏ပါရမီရှင် များကို လှောင်ပြောင်ခဲ့ကြသော ဆင်းသက်လာသူ တချို့၏အမူအရာများ ယခုအချိန်၌ တည်ကြည်လေးနက်လာခဲ့သည်။

တစ်ချိန်တည်းမှာပင် ယွမ်ယန်နယ်မြေ၏ ဒေသခံ ကျင့်ကြံသူများမှာ အံ့အားသင့်တုန်လှုပ်သွားရုံသာမက စိတ်လှုပ်ရှားမှုနှင့် မျှော်လင့်ချက် အရိပ်အယောင်တစ်ခုကိုလည်း ဝေဝါးစွာ ခံစားလိုက်ရသည်။ နောက်ဆုံးတွင် ကမ္ဘာအသင်္ချေမှ ပါရမီရှင်များ စုဝေးရာ ဤနေရာတွင် သူတို့၏ ယွမ်ယန်နယ်မြေနှင့် သက်ဆိုင်သော အမြင့်မြတ်ဆုံး ပုံရိပ်တစ်ခု ထွက်ပေါ်လာခဲ့ပြီး ကောင်းကင်ဘုံများအားလုံး၏ အာရုံစိုက်မှုကို ဆွဲဆောင်နိုင်သော တောက်ပမှုကို ပြသနေခဲ့သည်။

မလှမ်းမကမ်းတွင်ရှိနေသော မူလက ငွေရောင် ဝတ်ရုံဝတ်လူငယ်၏နံဘေးပတ်လည်တွင် စုရုံးနေခဲ့သည့် နတ်ဘုရားမီးတောက်နယ်ပယ် ကျင့်ကြံသူများမှာ ယခုအချိန်၌ သူတို့၏မျက်နှာများ ဖြူရော်နေသည်။ သူတို့၏ ခြေထောက်များ အားနည်းကာ မြေပြင်ပေါ်တွင် ပျော့ခွေကျနေပြီး ထွက်ပြေးရန် သတ္တိပင် မရှိတော့ဘဲ သူတို့သည် နောက်ထပ်ဖျက်ဆီးခံရမည့်သူများ ဖြစ်လာမည်ကို ကြောက်ရွံ့နေကြ၏။

ထုယိုယိုက ပထမဆုံး သတိဝင်လာခဲ့သည်။ သူမသည် တခဏကြာမျှ ရပ်တန့်သွားပြီးနောက် ယခင်က မရှိဖူးသော တောက်ပမှုတစ်ခုက သူမ၏မျက်နှာလေးပေါ်တွင် ပေါက်ကွဲထွက်လာသည်။ သူမက အော်ဟစ်အားပေးကာ ရွှင်လန်းသော သမင်ပေါက်လေး တစ်ကောင်အလား စူးချန်ကဲဆီသို့ ခုန်ပေါက်သွားလေ၏။ သူမက သူ၏လက်မောင်းကို ပွေ့ဖက်ကာ မော့ကြည့်လိုက်ပြီး သူမ၏မျက်လုံးများ တောက်ပနေသည်။

"စီနီယာအစ်ကိုကြီး...နင်က အရမ်းတော်တာပဲ..."

သူမ၏ကြည်လင်သော အသံက အသက်ရှုမွန်းကြပ်စေသော တိတ်ဆိတ်မှုကို ချိုးဖျက်လိုက်သည်။

ရွှီချီသည်လည်း သူ၏လက်သီးကို ရုပ်သိမ်းကာ သူ၏ရှုပ်ပွနေသော ဆံပင်များကို ကုတ်ဖွပြီး ပြုံးလိုက်၏။

"အစ်ကိုစူး...မင်းရဲ့ အဲ့ဒီ ခြေနင်းချက်က တကယ့်ကို ထိရောက်တာပဲ... ငါက ကြွက်သားတွေကို နည်းနည်းဆန့်ထုတ်ရမယ်လို့ မျှော်လင့်နေတာ..."

စူးချန်ကဲက သူ့ကို ထူးဆန်းသော အကြည့်တစ်ခု ပေးလိုက်ပြီး မရယ်ဘဲ မနေနိုင်အောင် ဖြစ်သွားခဲ့သည်။

"မင်းက တော်တော်လေး သတ္တိရှိတာပဲ...အနိုင်မရနိုင်မှန်း သိသိကြီးနဲ့ သူ့ကို ရင်ဆိုင်ရဲတယ်ပေါ့..."

"သူက အမှိုက် သက်သက်ပါ...တကယ်လို့ ငါက သူ့ကို သေအောင် ရိုက်ချင်ရင် ဘယ်လိုလုပ်ပြီးတော့ ငါ မနိုင်ဘဲ နေမှာလဲ..."

ရွှီချီက ကူကယ်ရာမဲ့စွာ ပခုံးတွန့်လိုက်သည်။

ထိုအချိန်တွင် စူးချန်ကဲက သူ၏လက်မောင်းကို တွယ်ဖက်ထားပြီး မျက်နှာတွင် အပြုံးများ ဝေဆာနေသော ထုယိုယိုကို ငုံ့ကြည့်လိုက်၏။

"အဓိပ္ပာယ်မရှိတာ...မင်း ဘာလို့ ဒီအထိ ပြေးလာတာလဲ..."

သူက ထုယိုယို၏ခေါင်းကို ညင်သာစွာ ပုတ်လိုက်ရာ သူ၏လေသံမှာ တည်ငြိမ်နေသော်လည်း အပြစ်တင်လိုသည့် ရည်ရွယ်ချက် သိပ်မရှိချေ။

သို့ရာတွင် စူးချန်ကဲသည် ထုယိုယို၏ အမူအကျင့် ပြောင်းလဲမှုကိုလည်း သတိပြုမိခဲ့သည်။

ဤကောင်မလေး၏ နတ်ဘုရား ရုပ်ခန္ဓာကိုယ်သည်လည်း နိုးထလာမှုကို တွေ့ကြုံခဲ့ရခြင်းဖြစ်မည်ဟု သူ တွေးတောလိုက်သည်။

ဤသည်မှာ ယုတ္တိရှိပေ၏။ အ​ကြောင်းအရင်းမှာ ကံကြမ္မာသမီးတော်များ အားလုံးထံတွင် ကိုယ်ပိုင်အခွင့်အရေးများ ရှိနေသောကြောင့်ပင်။

"ငါက စီနီယာအစ်ကိုကို လွမ်းလို့ပါ..."

ထုယိုယို၏မီးခိုးပြာရောင် မျက်လုံးများ တောက်ပနေကာ ကိုယ့်ကိုယ်ကိုယ် ဖြောင့်မတ်မှန်ကန်ကြောင်း ကြေညာလိုက်ပြီး ထပ်ဖြည့်ပြောလိုက်သည်။

"ပြီးတော့ စီနီယာအစ်မကိုရောပဲ... အို... ပြီးတော့ စီနီယာအစ်ကိုရွှီချီက လမ်းမှာ ငါနဲ့ မတော်တဆ တွေ့ခဲ့တာ..."

ထိုအချိန်မှာပင် နင်ဖူယောင်က ထိတ်လန့်တုန်လှုပ်ပြီး ကြောင်အမ်းနေဆဲဖြစ်သော နင်ဟောင်ကို ဆွဲခေါ်ကာ အလျင်အမြန် လျှောက်လှမ်းလာသည်။

"စီနီယာအစ်မ...."

ထုယိုယို၏အကြည့်က နင်ဖူယောင် ဝတ်ဆင်ထားသော သိသိသာသာ ကြီးမားပြီး ယောက်ျားဆန်သော အစိမ်းရောင်ဝတ်ရုံကို ကြည့်လိုက်သည်။ သူမ၏မျက်လုံးဝိုင်းကြီးများက ကျီစယ်နောက်ပြောင်လိုဟန်ဖြင့် မှိတ်တုတ်မှိတ်တုတ် ဖြစ်သွားလေ၏။ သူမက နင်ဖူယောင်၏နားအနီးသို့ကပ်သာ သူမတို့နှစ်ဦးသာ ကြားနိုင်သော တိုးညှင်းသည့် လေသံဖြင့် တီးတိုးပြောလိုက်သည်။

"အို ကံဆိုးလိုက်တာ... စီနီယာအစ်မ ဒီ အဝတ်အစားအသစ်က နင်နဲ့ သိပ်မလိုက်ဖက်ဘူးနော်... နင်က စီနီယာအစ်ကိုနဲ့ ငါ့ရဲ့နောက်ကွယ်မှာ မဖွယ်မရာ တစ်ခုခု ခိုးလုပ်ခဲ့တာလား..."

"နင်.. ဘာအဓိပ္ပာယ်မရှိတာတွေ ပြောနေတာလဲ..."

နင်ဖူယောင်၏ပါးပြင်များသည် ရင့်မှည့်နေသော မက်မွန်သီးတစ်လုံးအလား ချက်ချင်းနီရဲသွားသည်။ သူမက လက်များကို အသည်းအသန် ဝှေ့ယမ်းလိုက်ပြီး သူမ၏ မျက်လုံးများက ဟိုဒီဝေ့ဝိုက်နေကာ သူမ၏ဓား ခန္ဓာကိုယ် ပထမဆုံး ဖွဲ့စည်းစဉ်က သူမ ပြသခဲ့သော အေးစက်သည့် ထက်ရှမှုမျိုး လုံးဝမရှိတော့ချေ။

နင်ဟောင်ကမူ စူးချန်ကဲကို နတ်ဘုရား တစ်ပါးကို ကြည့်နေသည့်အလား ကြည့်နေပြီး သူ၏မျက်လုံးသူငယ်အိမ်များတွင် နားမလည်နိုင်မှု အရိပ်အယောင်တစ်ခုဖြင့် ပြည့်နှက်နေသည်။

သူက တကယ်တော့ ဘယ်သူလဲ... သူက လွန်ခဲ့တဲ့ လဝက်ကမှ နတ်ဘုရားမီးတောက်နယ်ပယ် ကျင့်ကြံခြင်းပဲရှိတာ မဟုတ်လား...

သူက ဘယ်လိုလုပ်ပြီး ဒီလောက်ထိမြန်မြန် တိုးတက်နိုင်တာလဲ... သူ့ရဲ့စွမ်းအားက တကယ်ပဲ ဒီလောက်ထိ ကြောက်စရာကောင်းတဲ့ အဆင့်တစ်ခုကို ရောက်သွားပြီလား...

"ကောင်းပြီလေ... နင်မိသားစုဆီကို အရင်သွားကြမယ်... အဲ့ဒီရောက်မှ ငါတို့ ဖြည်းဖြည်းချင်း စကားပြောလို့ ရပါတယ်..."

စူးချန်ကဲက တီးတိုးပြောလိုက်သည်။

ဤစကားကို ကြားသောအခါ နင်ဖူယောင်က အလျင်အမြန် ခေါင်းညိတ်လိုက်ပြီး သူမ၏ မျက်လုံးများတွင် ကျေးဇူးတင်မှုများ ထင်ဟပ်နေခဲ့သည်။

သို့ရာတွင် ရွှီချီက စူးချန်ကဲ၏နောက်သို့ လျှောက်လှမ်းသွားကာ သူ၏ပခုံးကို ပုတ်ပြီး ပြောလိုက်သည်။

"အစ်ကိုစူး... မင်း လုပ်ချင်တာကိုသာ လုပ်ပါ... ကောင်းကင်ကြီး ပြိုကျလာရင်တောင် ငါ မင်းအတွက် ထိန်းထားပေးမယ်..."

"ကောင်းပြီလေ..."

စူးချန်ကဲက ခပ်ဖျော့ဖျော့ ပြုံးလိုက်၏။

"စီနီယာအစ်ကိုရွှီချီက နောက်တစ်ခါ ကြွားနေပြန်ပြီ..."

ထုယိုယိုက ရွှီချီကို ကြည့်ကာ နှုတ်ခမ်းစူပြီး ရယ်မောလိုက်သည်။

ရွှီချီက ပခုံးတွန့်ကာ စကားမပြောဘဲ ပြုံးရုံသာ ပြုံးလိုက်သည်။

နောက်တစ်စက္ကန့်တွင်...

စူးချန်ကဲက အချိန်မဖြုန်းတော့ဘဲ ဖရိုဖရဲချီစီးကြောင်းများက သူတို့အုပ်စုကို နောက်တစ်ကြိမ် ရစ်ပတ်သွားခဲ့သည်။

သူ မထွက်ခွာမီ သူက ရင်ပြင်၏ ထောင့်တစ်နေရာကိုကြည့်ကား ပေါ့ပေါ့ပါးပါး တစ်ချက်ဝေ့ကြည့်လိုက်၏။

ထိုနေရာတွင် အရိပ်များနှင့် ရောနှောလုနီးပါး ဖြစ်နေသော မှုန်ဝါးဝါးပုံရိပ်တစ်ခုက အနည်းငယ် တုန်ရီသွားပြီးနောက် အလျှင်အမြန် ပျောက်ကွယ်သွားတော့သည်။

စူးချန်ကဲက သူ၏အကြည့်ကို ရုတ်သိမ်းလိုက်ကာ သူ၏အမူအရာမှာ တည်ငြိမ်နေဆဲပင်။

သူ ခြေတစ်လှမ်း လှမ်းလိုက်ရာ သူတို့ငါးဦး၏ ပုံရိပ်များက ဆူညံပြီး ရုန်းရင်းဆန်ခတ်ဖြစ်နေသော ရင်ပြင်မှ ချက်ချင်းပျောက်ကွယ်သွားခဲ့သည်။ ဤသည်မှာ သူတို့သည် ထိုနေရာတွင် တစ်ကြိမ်တစ်ခါမျှ မရှိခဲ့ဖူးသည့်အလားပင်။

Book 19 end.

All Chapters