← Chapters

ကိုယ်ပိုင်တာအိုလမ်းစဉ်အသိအမှတ်ပြုခံရခြင်း

Vol. 28 Ch. 387

ကိုယ်ပိုင်တာအိုလမ်းစဉ်အသိအမှတ်ပြုခံရခြင်း

Vol. 28 Ch. 387

အခန်း (၃၈၇) ကိုယ်ပိုင်တာအိုလမ်းစဉ်အသိအမှတ်ပြုခံရခြင်း

လူသူကင်းမဲ့သည့် ကျောက်တုံးသစ်တော ၊ မြောက်ပိုင်း။

ကျောက်တုံးမိစ္ဆာအုပ်စုတစ်စုသည် မြေအောက်မှထွက်ပေါ်လာပြီး ကျောက်တုံးသစ်တောထဲသို့ ဝင်လာကြသည်။

"မြောက်ပိုင်းက ကျောက်တုံးတွေ တဖြည်းဖြည်းနည်းလာနေပြီ ၊ အရှေ့ပိုင်းကို သွားကြရအောင် ၊ ဒါဆိုရင် ဒီနေရာက ကျောက်တုံးတွေ ကျုပ်တို့ ရွှေ့ပစ်လိုက်တယ်ဆိုတာ ဘယ်သူမှ ရိပ်မိကြမှာ မဟုတ်တော့ဘူး"

ကျောက်တုံးမိစ္ဆာတစ်ယောက်က ပြောလိုက်သည်။

ထို ကျောက်တုံးမိစ္ဆာ၏အမည်က စစ်ယန်ဖြစ်ပြီး ကျောက်တုံးများကို ရွှေ့ရာတွင် ကြီးကြပ်ရသည့် တာဝန်ခံဖြစ်သည်။

"နှစ်တွေအများကြီးကြာနေပြီ ၊ ဒါက ဘယ်တော့အဆုံးသတ်မှာလဲ"

ရုတ်တရက် ကျောက်တုံးမိစ္ဆာတစ်ယောက်က ညည်းညူလိုက်သည်။

"စစ်ပွဲကသာ ပြီးသွားတယ် ၊ ငါတို့မှာ အလုပ်များနေရတုန်းပဲ ၊ စစ်ပွဲပြီးသွားရင် အေးအေးဆေးဆေးနေရတော့မယ်လို့ ထင်ထားတာကွာ"

နောက်ထပ် ကျောက်တုံးမိစ္ဆာတစ်ယောက်က ပြောလိုက်သည်။

စစ်ယန်က...

"ကဲ ကဲ ... မြန်မြန်လုပ်ပြီး မြန်မြန်အလုပ်ဖြတ်လိုက်ကြ ၊ ဒီအလုပ်က မင်းတို့ကျင့်ကြံခြင်းအတွက်လည်း အထောက်အကူပြုပါတယ်ကွာ"

"အရင်တုန်းက နှစ်ပေါင်း (၁၀၀)မှာ အနှစ် (၃၀)လောက်ပဲ ကျောက်တုံးရွှေ့တဲ့အလုပ် လုပ်ရတယ် ၊ အခုတော့ နှစ်ပေါင်း (၅၀)ကျော်နေပြီ"

"အေးလေ ၊ ကျင့်ကြံခြင်းအဆင့်ကလည်း နည်းနည်းလေးပဲ တိုးတက်လာတာပါ ၊ ကျောက်တုံးသယ်နေရမယ့်အစား စစ်တိုက်ရတာကမှ ကောင်းဦးမယ်"

ညည်းညူပြောဆိုကြပြီးနောက် သူတို့ စတင်အလုပ်လုပ်ကြသည်။

စစ်ယန်က...

"ဆူဆူညံညံမလုပ်ကြနဲ့ ၊ သတိထားပြီးသွားကြ ၊ ကျောက်တုံးတွေကို မရွှေ့ခင်လည်း စုံစမ်းတာတွေ ဘာတွေ လုပ်ကြဦး ၊ အင်မော်တယ်အဆင့်နဲ့အထက် ကျင့်ကြံသူတွေရှိတဲ့နေရာဆိုရင် ဝေးဝေးရှောင်ကြ ၊ ဒါမှ မင်းတို့ အသက်ရှင်နိုင်လိမ့်မယ်"

အခြားသူများကလည်း သူ့စကားကို နာခံကြသည်။

ဤနေရာတွင် မရေမတွက်နိုင်သည့် သားရဲဆိုးများရှိလေရာ မည်သည့်အရာနှင့် ရင်ဆိုင်ရမည်ကို ဘယ်သူမှ မသိနိုင်ကြပေ။

သတိထားသည်က အမှန်ဆုံး ဖြစ်သည်။

"မြူခိုးတွေပေါ်လာရင်း ဒီအတိုင်း ပုံမှန်ပဲလမ်းဆက်လျှောက်သွားဖို့ မမေ့ပါနဲ့ ၊ မြူခိုးတွေက ပြောင်းလဲမှုတစ်စုံတစ်ခုကို ဖြစ်လာရင်လည်း ဒီအတိုင်းရပ်နေလိုက်ရင် အားလုံး အဆင်ပြေသွားလိမ့်မယ် ၊ ဘာမှ မဖြစ်တော့ဘူး”

စစ်ယန်က ဤနေရာသို့လာတိုင်း ထိုစကားကို ထပ်ခါထပ်ခါ မှာကြားတတ်လေရာ သူတို့ ဟိုးအရင်ကတည်းက ကြားဖူးပြီးသားစကားများ ဖြစ်၏။

သို့ရာတွင် ကျောက်တုံးသစ်တော၏ မြောက်ဘက်နှင့် အရှေ့ဘက်က အတာ်အတန်အလှမ်းဝေးလေရာ သွားရောက်ရန် အချိန်အနည်းငယ်ကြာသည်။

မြူခိုးများနှင့်ရင်ဆိုင်ရလျှင် ချက်ချင်းမတ်တတ်ရပ်နေလိုက်ပါက အန္တရယ်မရှိတော့ပေ။ သူတို့ လူသားများကို အသုံးပြုပြီး ထိုအချက်ကို စမ်းသပ်သုတေသနာ ပြလုပ်ခဲ့ပြီး ဖြစ်သည်။

ဤသို့ပြုလုပ်မှသာ အသေအပျောက် နည်းပါးမည် မဟုတ်ပါလား။

***

ကျန်းလန် မျက်လုံးများကို မှိတ်ထားပြီး  ကျင့်ကြံနေသည်။

သို့သော် ပတ်ဝန်းကျင်တွင် သူ ပြုလုပ်ထားသည့် အစီအရင်များကိုတော့ အမြဲအာရုံစိုက်ထားသည်။ တစ်စုံတစ်ယောက် သူ့အနားချဉ်းကပ်လာသည်နှင့် သေချာပေါက် သိရှိမည်ပင်။

သူ၏စိတ်အာရုံက တာအိုနယ်မြေသို့ ရောက်ရှိနေသည်။

ညအချိန်ဖြစ်သည့်တိုင် ကောင်းကင်ထက်တွင် အလင်းရောင်များ ထွန်းလင်းလာသည်။

ထိုသို့တွေ့ကြုံသည်နှင့် ကျန်းလန်က ပြင်ဆင်မှုများကို ပြလုပ်လိုက်ပြီး ပထမဆုံးခြေလှမ်းကို စတင်လိုက်သည်။

သူ၏ စိတ်အစဉ်က ကြေးမုံမှန်အလား တည်ငြိမ်နေ၏။

အကြိမ်းပေါင်းများစွာ လျှောက်လှမ်းခဲ့သည့် သူ့ခြေထောက်အောက်မှလမ်းကြောင်းက ယခုဆိုလျှင် ရှင်းလင်းနေပြီ ဖြစ်သည်။

ယခု ခရီးစဉ်တွင် မတော်တဆမှုများ မရှိပါက တစ်ကြိမ်လျဗာက်လှမ်းရုံဖြင့် သူ၏ ကိုယ်ပိုင်တာအိုလမ်းစဉ်သည် မိုးနဲ့မြေမ အသိအမှတ်ပြုမှုကို ခံရမည် ဖြစ်သည်။

လက်ရှိအခိုက်အတန့်တွင်တော့ သူက ခြေလှမ်းတစ်လှမ်းချင်း လှမ်းလျှက် ရှိသည်။

ကောင်းကင်ထက်မှ နီရဲသည့် နေရာင်ခြည်တစ်ခု ထွက်ပေါ်လာသည်။ ထိုအရာက မဟာတာအို မွေးဖွားလာခြင်းပင် ဖြစ်သည်။

ကျန်းလန်က နေရောင်ဆီသို့ ဦးတည်လျှောက်လှမ်းသွားနေပြီး နေရောင်ကလည်း ကျန်းလန်ရှိရာသို့ ရွေ့လျားလာနေသည်။

သူ့ ခြေထောက်များက မှန်မှန်ပင် ရွေ့လျားနေသည်။

သူ့ ပတ်ဝန်းကျင်မှ မြက်ပင်များနှင့် သစ်ပင်များက စတင်ကြီးထွားလာပြီး အသက်ဓာတ်စွမ်းအားများနှင့် ပြည့်နက်နေသည်။

ကျန်းလန် တောင်နှင့်မြစ်ရေများကို ဖြတ်ကျော်လာချိန် အနီရောင်နေဝန်းသည်လည်း ကောင်းကင်ထက်မှ မြင့်တက်လာသည်။

အလင်းရောင်က ကျန်းလန်၏ခန္ဓာကိုယ်ထက်သို့ တောက်ပစွာ ဖြာလင်းကျနေသည်။

ထိုအချိန် ကျန်းလန်၏ ခန္ဓာကိုယ်မှ တာအိုလမ်းစဉ်ထွက်ပေါ်လာပြီး ကောင်းကင်ထက်မှ တာအိုတရားသည်လည်း ဆင်းသက်လာသည်။

တာအိုလမ်းစဉ် (၂)ခုသည် ဟန်ချက်ညီစွာ ပဲ့တင်ထပ်လျှက် ရှိသည်။

ထို့နောက် အလင်းရောင်များအားလုံး ပျောက်ကွယ်သွား၏။

တောက်လောင်နေသည့် နေမင်းကြီးကတော့ ကောင်းကင်ထက်တွင် မြင့်မားစွာ ရှိနေဆဲပင်။

ထို့နောက် ကျန်းလန် ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်သည်။

ပန်းများနှင့် သစ်ပင်များတဖြည်းဖြည်း သူ့ခြေထောက်အောက်တွင် ထွက်ပေါ်လာကြသည်။

သိပ်မကြာမီ သစ်ရွက်များက အဝါရောင်အဖြစ် စတင်ပြောင်းလဲလာပြီး သစ်ရွက်များစတင်ကြွေကျသည်။

ကျန်းလန်ကတော့ ရပ်တန့်ခြင်းမရှိ ရှေ့ဆက်လျှောက်လှမ်းနေဆဲပင်။

ထိုအချိန် လေပြင်းများတိုက်ခတ်လာပြီး နှင်းများလည်း ကျဆင်းလာသည်။

အချိန်ခဏအတွင်းမှာပင် ကျန်းလန်သည် နှင်းများဖုံးလွှမ်းနေသည့် မြေပြင်ထက် လမ်းလျှောက်လျှက် ရှိသည်။

ပတ်ဝန်းကျင်တွင် နှင်းများကျဆင်းနေသည်ကို ကျန်းလန်က တစ်ချက်အကဲခတ်လိုက်သည်။

နေဝင်တော့မည်ဖြစ်ပြီး ကောင်းကင်က မှောင်လုနီးပြီ ဖြစ်၏။

ရာသီဥတုကလည်း ညှိုးလျော်ခြောက်သွေ့သည့် ဆောင်းရာသီ ဖြစ်သည်။

အနီရောင်နေမင်းဆီ ဦးတည်လမ်းလျှောက်နေသည့် ကျန်းလန်မှာ ရာသီလေးခုကို ဖြတ်ကျော်ကာ ဘဝခရီးကို ဖြတ်သန်းနေခဲ့သည်။

ကျန်းလန် သူ့ကိုယ်သူ ပြန်ကြည့်လိုက်မိသည့်အခါ သူက အသက်အရွယ်အိုးမင်းနေပြီကို တွေ့မြင်လိုက်ရသည်။

သူ့ဘ၀ ဆုံးခန်းတိုင် နေဝင်ချိန်ရောက်တော့မည့်အလားပင်။

ထိုအချိန်မှာပင်...

နေလည်းဝင်သွားသလို ဆောင်းရာသီလည်း ကုန်ဆုံးသွားသည်။ ထို့အတူ သူ့ဘဝသည်လည်း အဆုံးသတ်သွားခဲ့သည်။ ကျန်းလန်သည် အချိန်ကာလ ၊ ရာသီလေးလီနှင့် နောက်ဆုံးတွင် သေခြင်းတရားကို တွေ့ကြုံခံစားခဲ့ရသည်။

အရာအားလုံးပြီးဆုံးသွားသည့်အခိုက်တွင် မဟာတာအိုက အလင်းတန်းတစ်ခု ထုတ်လွှတ်လိုက်သည်။ အလင်းသည် ကောင်းကင်သို့ ပျံတက်သွားကာ အရပ်ရပ်သို့ ပျံ့နှံ့သွားသည်။

တစ်ချိန်တည်းမှာပင် လူသူကင်းမဲ့သည့် ကျောက်တုံးသစ်တောထက်တွင် မိုးကြိုးတစ်စင်း ပစ်ချလိုက်၏။

ကောင်းကင်ထက်မှ အလင်းတန်းများ ဆင်းသက်လာပြီး မဟာတာအို၏ အငွေ့အသက်များ ထွက်ပေါ်လာသည်။

မိုးနဲ့မြေက ကျန်းလန်၏ ကိုယ်ပိုင်တာအိုလမ်းစဉ်ကို အတည်ပြုပြီး သဘောကျလက်ခံလိုက်ပြီ ဖြစ်သည်။

ကျန်းလန်၏ကိုယ်ပိုင်တာအိုလမ်းစဉ်တွင် ဘဝတစ်ခု၏ အစနှင့်အဆုံး ပါဝင်သည်။ နေ့နှင့်ည သံသရာလည်ပြီး ရာသီလေးလီ အပြောင်းအလဲများ ပါဝင်သည်။

မိုးကြိုးပစ်ချလိုက်သည့်အတွက် မြေကြီးများပြိုကျလာပြီး ကေင်းကင်ထက်တွင် တာအိုအလင်းတန်းများက (၂)နာရီတိုင်တိုင် ထွန်းလင်းတောက်ပနေခဲ့သည်။

နောက်ဆုံးတော့ အရာအားလုံးလေထုထဲတွင် ပျောက်ကွယ်သွားတော့သည်။

ကျောက်တုံးများကို နေရာရွှေ့နေကြသည့် ကျောက်တုံးမိစ္ဆာများသည် ဖြစ်ပေါ်သွားသည့် အပြောင်းအလဲများကို အာရုံခံလိုက်နိုင်သော်လည်း အနည်းငယ်အလှမ်းဝေးသဖြင့် ရှင်းရှင်းလင်းလင်း မတွေ့မြင်နိုင်ခဲ့ကြပေ။

"နည်းနည်းတော့ ကြောက်စရာကောင်းတယ် ၊ ဘာဖြစ်တာလဲ မသိဘူး ၊ ပြီးတော့ အရှေ့မှာ မြူခိုးတွေလည်း ထွက်လာတယ်"

တန်ခိုးစွမ်းအား နိမ့်ပါးသည့် ကျောက်တုံးမိစ္ဆာအနည်းငယ်က စကားစတင် ပြောဆိုကြတော့သည်။

"မသိဘူးလေ ၊  ဒါပေမဲ့ မြူခိုးတွေ ပေါ်လာရင်တော့ အန္တရယ်ရှိတယ်လို့ ကြားဖူးတာပဲ ၊ ကျုပ်တို့ သတိထားရမယ် ၊ အဲဒီနေရာအနား သိပ်မကပ်သင့်ဘူး"

သူက အနည်းငယ် သူရဲဘောကြောင်သည်ဖြစ်ရာ ထိုနေရာသို့ မသွားသင့်ဟု တွေးမိသည်။

"အေးလေကွာ ၊ နှစ်တွေလည်းကြာနေပြီ ၊ ခုထိ ဒီကျောက်တုံးတစ်သုတ်က သယ်လို့ မပြီးနိုင်သေးဘူး"

"နောက်ထပ် နှစ်နည်းနည်းလောက် ထပ်စောင့်ကြတာပေါ့ကွာ ၊ အဲဒါဆို ပြီးလောက်ပါပြီ"

"အဲဒီ မြူခိုးတွေထဲ သွားလို့ဖြစ်ပါ့မလား"

"မြူခိုးတွေရှိလည်း အခုလောလောဆယ်တော့ အားလုံး အဆင်ပြေနေတာပဲ မဟုတ်လား"

ထိုအချိန်…

ရှေ့ဆုံးမှ ကျောက်တုံးများကို သယ်ဆောင်သွားသည့် ကျောက်တုံးမိစ္ဆာ (၂)ယောက်၏ ခန္ဓာကိုယ်များ ရုတ်တရက် တောင့်တင်းသွားပြီး အော်ဟစ်သံများ ထွက်ပေါ်လာသည်။

"ရပ်ကြ ရပ်ကြ… မလှုပ်နဲ့"

ကျောက်တုံးမိစ္ဆာတစ်ယောက်က သတိပေးလိုက်သည်။

သို့သော် ရှေ့ဆုံးမှ ကျောက်တုံးမိစ္ဆာ (၂)ယောက်၏ အော်ဟစ်သံမှာ တဖြည်းဖြည်း တိုးလျသွားပြီး နောက်ဆုံး ပျောက်ကွယ်သွားသည်။

စစ်ယန်မှာ ရှေ့သို့ တစ်ချက်လှမ်းကြည့်လိုက်ပြီး တစ်ချက်လေးပင် မလှုပ်ရှားရဲတော့ပေ။ ကျောက်တုံးမိစ္ဆာ (၂)ယောက်ကို မြူခိုးများက ဝါးမျိုသွားသည်ကို သူ ကြည့်နေရုံသာ တတ်နိုင်ခဲ့သည်။

ရှေ့ဆက်သွားမည်ဆိုလျှင် သူလည်း မြူခိုးများ၏ ဝါးမျိုခံရမည်ကို အလွန်စိုးရိမ်နေမိသည်။

မြူခိုးများထဲတွင် တစ်စုံတစ်ရာ ရှိနိုင်သလို အန္တရယ်လည်း ရှိနိုင်သည်။ အချိန်အတန်ကြာပြီးနောက် မြူခိုးများ ပျောက်ကွယ်သွားသည်။

မျှော်လင့်ထားသည့်အတိုင်းပင် မြူခိုးများ ဝါးမျိုခံလိုက်ရသည့် ကျောက်တုံးမိစ္ဆာ (၂)ယောက်မှာ အစအနပင် မတွေ့ရတော့ပေ။

စစ်ယန်က..

"ဆက်သွားကြစို့…"

အခြားသူများကလည်း မည်သည့်စကားမှ မဆိုတော့ဘဲ ရှေ့ဆက်သွားရန်သာ ဟန်ပြင်လိုက်ကြသည်။ ဤသည်က သူတို့၏ အလုပ်တာဝန် မဟုတ်ပါလား။

***

အလယ်ပိုင်းလွင်ပြင်ဒေသ ၊ ဝူထုန်တောင်။

ကောင်ငယ်လေးက အပြင်ဘက်ရှိ ဟုန်ဟုန်းထနေသော တန်ခိုးစွမ်းအားများကို ကြည့်လိုက်သည်။ ဒီနေရာတွင် အန္တရယ်ရှိသည်ဟု ခံစားရသည်။

ဇာမဏီမျိုးနွယ်များနှင့် နတ်လူသားမျိုးနွယ်များ အပြင်းအထန် တိုက်ခိုက်ခဲ့ကြပြီးနောက် ဤနေရာက စစ်တလင်းပမာ ဖြစ်နေခဲ့သည်။

ကောင်ငယ်လေးက တောင်အောက်တွင်ထိုင်ရင်း ဟုန်ယာကို စောင့်နေသည်။ ယနေ့ ဟုန်ယာ တောင်ပေါ်မှ ဆင်းလာမည်ဖြစ်ပြီး သူက ဟုန်ယာကို သေရည်ဆိုင်သို့ ပြန်ခေါ်သွားချင်မိသည်။

သို့သော် ဟုန်ယာက လောလောဆယ် သူနှင့် ပြန်လိုက်နိုင်မည်မဟုတ်သလို သူလည်း စောင့်ဆိုင်းရဦးမည် ဖြစ်သည်။ အဘိုးဖြစ်သူကတော့ လုပ်စရာအလုပ်များ ရှိသဖြင့် သူ့ကို အဖော်ပြုမပေးနိုင်ခဲ့ပေ။

တွေးရင်းဖြင့်ပင် ကောင်ငယ်လေးသည် တင်ပျဉ်ခွေထိုင်ရင်း စတင်ကျင့်ကြံလိုက်သည်။

သူက အဘိုးဖြစ်သူကို အနိုင်ယူရန် ၊ သို့မဟုတ် အစ်ကိုကြီး၏ စိတ်အာရုံထဲသို့ ဝင်ရောက်နိုင်ရန် တတ်နိုင်သမျှ ကြိုးစားရမည် ဖြစ်သည်။

ထိုသို့ ပြုလုပ်နိုင်လျှင် သူ လုပ်ချင်ရာကို လုပ်ခွင့်ရမည် ဖြစ်ပြီး ဟုန်ယာသည်လည်း သူ့ကို သဘောကျကောင်း ကျလာနိုင်သည်။

ရက်အနည်းငယ် ကျင့်ကြံပြီးနောက်...

ကောင်ငယ်လေး မျက်လုံးဖွင့်ကြည့်လိုက်သည်။

အဝေးဆီသို့ လှမ်းကြည့်လိုက်သည့်အခါ တရွေ့ရွှေ့သွားနေသည့် လူအချို့ကို တွေ့လိုက်ရသည်။

သို့သော် မကြာခင်ပင် ထိုလူအုပ် ပျောက်ကွယ်သွားသည်။

"ထူးဆန်းတယ် ၊ တစ်ခုခု လွဲနေသလိုပဲ ၊ သူတို့က တောင်ပေါ်က ဆင်းသွားကြတာလား"

ကောင်ငယ်လေး မျက်မှောင်ကြုတ်လိုက်သည်။

ပုံမှန်မဟုတ်သည့် ကိစ္စရပ်များနောက်ကွယ်တွင် သေချာပေါက် အကြောင်းရင်းတစ်ခုခု ရှိရမည်ဟု အစ်ကိုကြီးနှင့် အဋ္ဌမမင်းသားက အမြဲတမ်း သူ့ကို သင်ပြပေးသည်။

သံသယဖြစ်စရာမှန်သမျှကို သတိထားပြီး အရေကြီးကိစ္စများကို ဆုံးဖြတ်ရာတွင် အခြေအနေအရပ်ရပ်ကို သုံးသပ်ရမည် ဖြစ်သည်။

တွေးရင်းဖြင့် ကောင်ငယ်လေး တောင်ပေါ်သို့ တက်သွားသည်။

ဟုန်ယာ အဆင်ပြေရဲ့လားဟု မေးမြန်းစုံစမ်းရန် သူက စီစဉ်ထားသည်။

သို့သော် တောင်ပေါ်ရောက်သည့်အခါ ကောင်ငယ်လေး အံ့အားသင့်သွားရတော့သည်။

ကောင်ငယ်လေးက...

"ဟုန်ယာ တောင်ပေါ်ကဆင်းသွားပြီ ဟုတ်လား ၊ မင်း တကယ်ပြောနေတာလား"

တောင်တံခါးစောင့်သည့် မိန်းမပျိုက...

"အင်းလေ ၊ ဟုန်ယာ တကယ်ပဲတောင်ပေါ်က ဆင်းသွားတာ ၊ မင်း သူ့ကို မတွေ့လိုက်ဘူးလား"

"မဟုတ်သေးဘူး ၊ ဘယ်တုန်းက တောင်ပေါ်က ဆင်းသွားတာလဲ"

"တကယ်တော့ မင်း မသိတာ ပုံမှန်ပါပဲ ၊ ကျွန်မ တောင်ပေါ်တက်လာတော့ မင်းက တောင်ခြေမှာ ကျင့်ကြံနေတာလေ ၊ ဟုန်ယာက မင်းကို အနှောက်အယှက်မပေးချင်လို့ နှုတ်ဆက်မသွားတာ နေမှာပေါ့"

"ဟင့်အင်း ၊ မဖြစ်နိုင်ဘူး ၊ မဟုတ်ဘူး ငါ ပြောချင်တာက  ဟုန်ယာ ငါ့ဘေးနားကဖြတ်သွားရင် ငါ သေချာပေါက် အာရုံခံမိမှာပဲ ၊ သူ ဘယ်တုန်းက တောင်ပေါ်က ဆင်းသွားတာလဲ"

"သိပ်မကြာသေးဘူး"

တောင်တံခါးစောင့်သည့် မိန်းမပျိုက ကောင်းငယ်လေးကို စိတ်ဝင်တစားဖြင့် ကြည့်လိုက်သည်။

ကောင်ငယ်လေး ချက်ချင်းပင် သဘောပေါက်သွား၏။

စောစောက သူ တွေ့လိုက်ရသည့် လူအုပ်ထဲတွင် ဟုန်ယာ ပါသွားခဲ့သည်လား။

All Chapters